ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် ( အပိုင်း..၁၂)
************************************
အိမ်ကြီးထဲမှာ သူမ လွတ်လပ်စွာ သွားလာခွင့်ရသွားတာကလွဲရင်..
သူကတော့ သူမ အပေါ် အရင်လို အေးတိအေးစက်နဲ့ပါပဲ....
ဒီအိမ်ကြီးထဲမှာ အခြွေအရံအပြည့်အစုံနဲ့ အကျယ်ချူပ်ကျနေသလို ခံစားနေရတယ်..
အထီးကျန်ဆန်လွန်းလှတယ်.....
အေးစက်လွန်းလှတယ်...
သူမ နေရတာမပျော်တော့ဘူး....
" မအိပ်သေးဘူးလား ချာတိတ် "
'' အကို "
'' မျက်နှာလဲမကောင်းပါလား ကိုယ်ဝင်လာတာတောင် မသိရအောင် ဘာတွေ တွေးနေတာလဲ "
'' ဘာမှ မတွေးပါဘူး အကို ထမင်းစားခဲ့ပြီးပြီလား''
'' နေမကောင်းဘူးလား "
အနားကပ်လာပြီး သူမ နဖူးလေးကို စမ်းလိုက်ပြီး..
'' အဖျားလဲမရှိပါဘူး "
အနီးကပ်မြင်ရတဲ့ မျက်နှာ ခပ်ချောချောမှာ....
စိုးရိမ်မှု့အပြည့် ရှိမနေပဲ..
အေးစက်မှု့တွေသာ အပြည့်နဲ့ပါပဲ....
သူမ...နောက်ကို ဆုပ်လိုက်မိတာမို့
'' ဘာလဲကွာ....ကိုယ်မင်းရဲ့ခင်ပွန်းပါ သူစိမ်းလဲမဟုတ်ပဲ ဘယ်လိုဖြစ်နေတာလဲ မင်းမဟုတ်သလိုပဲ "
''အကို...... ညီမကို ချစ်လား "
'' ကိုယ်မညာတက်တာ မင်းလဲသိသားနဲ့ကွာ သိပြီးသားမေးခွန်းတွေ ထပ်ခါထပ်ခါမမေးပါနဲ့လား..မင်းနာကျင်ရမှာစိုးလို့ပါ "
'' ချစ်ဖို့ရော ကြိုးစားကြည့်ဖူးလား "
'' ချာတိတ်... မင်းပဲနာကျင်ရလိမ့်မယ်လို့ဆိုနေ "
'' ညီမက ဘာလို့နာကျင်ရမယ်လို့ထင်နေရတာလဲအကို "
'' မင်း..ကိုယ့်ကို ချစ်နေပြီလေ ''
'' မဟုတ်တာ "
'' မင်းမျက်ဝန်းတွေက ကိုယ့်ကိုချစ်နေပြီ မင်းသိရဲ့လား မင်းတခြားလူကို ညာလို့ရမယ် ကိုယ့်ကို ညာလို့မရဘူး "
'' အကိုက အမြဲ ညီမကိုနားလည်ချင်ယောင်ဆောင်တယ် ဝဋ်ကျေတန်းကျေ ဆက်ဆံရေးကို တည်ဆောက်တယ် ညီမ ငြီးငွေ့လှပြီ ဒီ... အွတ် "
သူမ စကားမဆုံးခင် နှုတ်ခမ်းကို ဆွဲနမ်းပစ်လိုက်ကာ သူထင်ချင်ရာထင် သူလုပ်ချင်ရာလုပ်တက်သူ...
သူမ ဘက်ကို ဘယ်တုန်းကမှ ကြည့်ပေးခဲ့တာမဟုတ်....
သူမ ...သူ့ကို ရှိသမျှ အားနဲ့ တွန်းထုတ်ပစ်လိုက်ပြီး
'' အကိုက အက်လိုပဲ အမြဲ အေးတိအေးစက် နဲ့ တကိုယ်ကောင်းဆန်တယ် ''
သူ့ရှေ့က လှည့်ထွက်သွားတဲ့ သူမကို ငေးကြည့်ရင်း..
ထွက်မသွားဖို့ဆွဲမထားမိပေမဲ့.....သူမထွက်သွားမှ ရင်ထဲဟာတာတာဖြစ်ကျန်ခဲ့သည်...
နားလည်ရခက်လိုက်တာကွာ.......
သူ...မကြည်လင်တဲ့စိတ်တွေနဲ့ အိပ်ယာပေါ်ပြစ်လှဲချလိုက်ကာ..
ပင်ပန်းထားတာမို့......ဘယ်လို အိပ်ပျော်သွားတယ်မသိ.
ရင်ခွင်ထဲ နွေးထွေးတဲ့အရာလေးရှိမနေ လစ်ဟာနေတာကြောင့်.သူနိုးလာတော့
သူမ မရှိ...
အချိန်ကား....ည နှစ်နာရီ
သူမ နေရာလေးက ဝင်အိပ်စက်ထားပုံမရှိကာ..
သူ့ရင်ထဲထိပ်ကနဲ ဖြစ်သွားတာမို့ ရေချိူးခန်း အိမ်သာ အခန်းအနှံ့ရှာဖွေမိသော်လည်း..
ထင်သည့်အတိုင်း ဘယ်မှာမှမရှိ....
စိုးရိမ်စိတ်က ကြီးစိုးလာကာ
မင်းဘယ်များသွားလိုက်တာလဲ မိုးသားဖြူရာ..
ရင်တွေ ပူလာကာ...နေထိထိုင်မသာဖြစ်လာခဲ့ပြီး
''''' မိုးသားဖြူ !!!!!!! '''''
သူမ နာမည်ကို ခပ်ကျယ်ကျယ် အော်ခေါ်မိနေရင်း...
ရှာဖွေနေမိကာ..
'' အကို "
CCTV ခန်းထဲက ထွက်လာတဲ့ သူမ...
သူဘယ်လို အမြန်နှုန်းနဲ့ သူမအနားရောက်သွားတယ်မသိ...
ငိုထားသလား...
မငိုထားသလား..
မသဲကွဲတဲ့ မျက်နှာထားနဲ့ သူမ ...
သူအသိစိတ်တွေပြန်ဝင်လာတော့ ရင်ခွင်ထဲ တင်းကျယ်စွာ သူမ ခန္ဓာကိုယ်ခပ်သေးသေးကို ဖတ်ထားမိလျှက်
'' ဘယ်တွေများရောက်နေသလဲလို့ ခလေးရာ...
သိရဲ့လား မင်းထွက်သွားပြီထင်ပြီး ကိုယ်ဘယ်လောက်ရင်ပူသွားသလဲ ဆိုတာ ''
'' ညီမ အိပ်မရလို့ပါ အကို "
'' ချာတိတ်ရာ...ကိုယ် ဘာမှားမှန်းမသိပေမဲ့ တောင်းပန်ပါတယ်နော် ခုလိုရင်ပူရအောင်မလုပ်ပါနဲ့ ကလေးရယ် "
ကြုံဖူးခဲ့ပြီ......
တောင်းပန်စကားကို ခံစားချက်မဲ့စွာ ဝဋ်ကြေတန်းကြေ ပြောနေတဲ့ အေးစက်စက် လူသားကို....
ဒီယောက်ျားဟာ လိုအပ်လာလျှင် ချစ်တယ်လို့ပြောဖို့လဲ ဝန်လေးမည့်ပုံမပေါ်....
ခက်တာ ခံစားချက်တွေတော့ပါမလားပါလားအကိုတိမ်လွှာရယ်
'' ဆောရ်ိးပါအကို ညီမ ခုတလော အိမ်ထဲအနေကြာလို့ Emotions အရမ်းများနေပုံပဲ အကို့ကို အလုပ်ရှုပ်စေမိပြီ..."
သူမ မျက်နှာကို ခပ်ရေးရေးအပြုံးနဲ့ ကြည့်ကာ...
သူမ နဖူးလေးဆီ ခပ်ဖွဖွ အနမ်းတွေ ချွေရင်း
'' ကိုယ် မင်းကို ချစ်တယ် "
သူပြုံးနေပါသော်လည်.....အသက်မဲ့လွန်း..ခံစားချက်မဲ့လွန်းတယ်
သူ.ဆီက ဒီစကား ကြားချင်နေတဲ့ သူမ အတွက်
ပထမဆုံး လိမ်ညာစကားပြောမှဖြစ်မည်မဟုတ်ပါလား....
နီထွေးနေတဲ့ သူစွဲလန်းမိနေတဲ့ နှုတ်ခမ်းလေးဆီ အနမ်းတွေကျူးကျော်ရင်း..
သူမ ခန္ဓာကိုယ်လေးကို အိပ်ယာပေါ်အသာလှဲချလိုက်ကာ...ဆက်တိုက်ဆိုသလို ကျရောက်လာတဲ့ နမ်းရှိုက်ခြင်းတွေရယ်...
နူးညံလွန်းတဲ့ အထိအတွေ့လေးတွေကိုလဲ..
သူစွဲလန်းလာမိတယ်ဆိုတာဝန်ခံပါတယ်...
ရမ္မက်အငွေ့အသက်အနမ်းတွေနဲ့ စတင်လိုက်တဲ့ ညလယ်မှာ...
အဆုံးမသတ်နိုင်တဲ့ တက်မက်ခြင်းတွေကို ရှေ့ဆက်ရင်း
ချစ်ခြင်းတွေ မပါဝင်နိုင်ခဲ့ပေမဲ့
ဒုတိယအကြိမ်စားသုံးမိတဲ့.....ဒီရမ္မက်နွံဟာ နစ်သထက်နစ်လာလို့ပါပဲ
Sorry ပါ ချာတိတ်ရာ ကိုယ်မင်းအပေါ်တော့ မညာချင်ခဲ့ပေမဲ့.......လိုအပ်လို့