ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၁၁)
*************************************
လူက ပူရှိန်းရှိန်းနဲ့ နေရတာ တမျိူးဖြစ်လာကာ...
ညနေစာ စားပြီးသော်လည်း ဆေးမသောက်နိုင်သေး...တအားပူလာတာ နေမထိထိုင်မသာ...သူကလဲ ပြန်မရောက်လာသေး..
သူမ ခြံထဲဆင်းလမ်းလျှောက်ရကောင်းမလား...
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ...
'' အဟင်း နေလို့မှကောင်းရဲ့လား မိုးသားဖြူ "
'' ဟင် လရောင်ခြယ် ရှင်ဘယ်လို... ကျမ အခန်းထဲရောက်လာတာလဲ ထွက်လား "
လရောင်ခြယ် ခပ်မဲ့မဲ့ပြုံးရင်း..သူမလက်ကိုစောင့်ဆွဲခေါ်ချလာကာ...အခန်းတခန်းရှေ့အထိ ဆွဲခေါ်ချလာသည်..
သူမ ရုန်းသော်လဲ လူက အားမရှိ...
ချွေးတွေ ပြန်ကာ...
'' ကိုကို ဦးလေးရဲ့ ဇနီးအဖြစ် တာဝန်ကျေပေးလိုက်အုန်း hkhk ''
သူမ ကို ထိုအခန်းထဲ ဆွဲခေါ်သွားကာ...
'' လရောင်... သမီးကြီး ဘာတွေ...လုပ်နေတာ..လဲ ''
'' ဖေဖေအတွက် မယားငယ်ငယ်လေး ရှာပေးတာလေဖေဖေရဲ့ မရှက်ပါနဲ့ မကြာခင် နှစ်ယောက်စလုံး ဆေးအရှိန်ပြပြီး အရှက်တရားတွေ ရှိနိုင်အုန်းမလားလို့ ဟဟားးးး ''
'' မဟုတ်.....မှ လွဲ ''
'' ဟုတ်တယ်ဖေဖေ Hkhk ''
လရောင် သူမ အနား ကပ်လာကာ...
'' မင်း အားမရှိဘူးထင်တယ် တို့ ကူညီရမှာပေါ့ "
သူမ ဝတ်ထားတဲ့ Night dress ကို အတင်းဆွဲချွတ်နေကာ ဆွဲဖြဲပစ်လိုက်သည်
'' ဟင့်အင်းး ရှင်..ာဖယ်...ဖယ်နော်..ကျမကိုလွှတ်ပါ..အကို..အကို ရေ ''
ရှိသမျှ အားနဲ့ အတင်းရုန်းကန်ကာ...
ဒီနေရာက လွတ်မြောက်နိုင်ပါ့မလား...
သူမတို့ရုန်းရင်းကန်ရင်း...သူမ အသံကုန် အော်ဟစ်နေသော်လဲ ကူကယ်ရာမဲ့......
'' ဒုန်း.. ဖြောင်း "
လှုပ်ရှားမှု့တွေက မြန်ဆန်လွန်းသည်....
သူ...သူများလား..
'' လရောင်ခြယ် ...မင်း မင်း...နောက်မှတွေ့မယ် "
သူမ ကို လွှတ်ချလိုက်တော့...ကြမ်းပြင်မှာ ပုံရက်ကလေး လဲကျကာ..
သတိလွတ်မသွားဖို့ စိတ်ကိုတင်းထားရင်း...
'' ချာတိတ်... ကိုယ်ရှိတယ်နော် "
နွေးထွေးတဲ့ ဒီအသံ....
အားကိုးစရာ လုံခြုံမှု့ပေးနိုင်သူ အနားရောက်လာပြီမှန်း သူမ သိလိုက်မှ တင်းထားတဲ့ စိတ်ကို လွှတ်ချလိုက်ကာ..
သူမ ကိုယ်ပေါ် သူ့အကျီ လွှမ်းခြုံပေးလာတာကို ခပ်ရေးရေး သိလိုက်ပြီး.....နောက်ပိုင်း.
လူက အသိစိတ်မကပ်တော့....
သူ့အော်သံကြားတော့...ဖြစ်နေတဲ့အခြေနေတွေ မသိလိုက်ကြပေမဲ့ နေရောင်ခြယ်နဲ့ အန်တီမြိုင် အိမ်ထဲအပြေးဝင်လာကြ၏.
ဘယ်သူ့မျက်နှာမှ မကြည့်ချင်..
သူမ လေးကို ပွေ့ချီရင်း...ဒီနေရာက အမြန်ထွက်ခဲ့မိရဲ့..
မဟုတ်ရင် လူသတ်မှူ့အထိ ဖြစ်သွားနိုင်သည်..
သူ့စိတ် သူ သာအသိဆုံး..
အခန်းထဲရောက်တော့ လူးလွန့်နေတဲ့ သူမ ကို ကြည့်ရင်း...ဒေါသတွေက ဟိုမိသားစုကိုသာ သတ်ချင်နေမိတာပါပဲ..
'' ရာရာစစ ငါ့ဇနီးကိုများ စိတ်ကြွဆေး ခတ်ရဲတယ်လားး. တောက်! !! ''
ဖရိုဖရဲ အဝတ်အစားတွေ လဲပေးဖို့ အထိ..
သူ့ကို အတင်းဖက်တွယ်လာတဲ့ သူမ..
'' အကို...အကို တိမ်လွှာ "
သူ့ရင်ခွင်ထဲ တိုးဝင်လာပြီး ပေါင်ပေါ် တက်ထိုက်လာကာ လည်ပင်းကို သိုင်းဖတ်ရင်း..
နှုတ်ခမ်းတွေကို နမ်းဖို့ ကြိုးစားနေတဲ့ သူမ..
'' ချာတိတ်...ငြိမ်ငြိမ်နေကွာ ''
သူအတင်းရှောင်ရင်း...သူမလက်တွေ ဖြုတ်ချဖို့ကြိုးစားသော်လည်..
ရီဝေဝေ မျက်လုံးအကြည့်နဲ့
'' ဟင့်အင်းးး...''
'' သတိထားအုန်း ကိုယ်နော် မင်းသိသေးရဲ့လား မင်းမချစ်ဘူး မလိုချင်ဘူးလို့ အမြဲပြောခဲ့တဲ့ မင်းတိမ်လွှာနော် ''
'' အင်းးးးး ''
'' မင်း ရှေ့ဆက်ချင်တာ သေချာလား......မင်း..ကိုယ့်ကို တကယ်လိုချင်တာ သေချာလား ''
''. ....''
'' မင်း အသိဝင်လာမှ နောင်တမရနဲ့ ချာတိတ်မ...''
သူမ နှုတ်ခမ်း ဖူးဖူးရဲရဲလေးကို ထိတွေ့ နမ်းရှိုက်ရင်း..
ပြဲနေပြီဖြစ်တဲ့ ဂါဝန်လေးကို ဇစ်ဆွဲချလိုက်ကာ..
သူရှေ့ဆက် ခေါ်ဆောင်ရာကို အလိုက်သင့်မျောပါလာတဲ့ ဒီကောင်မလေး..
ပုံမှန် အသိစိတ်နဲ့ဆို ဘယ်လိုနေမလဲ.....
နူးညံအိထွေးနေတဲ့ အထိအတွေ့မှာ...
သူနောက်ဆုတ်ဖို့ အင်အားမရှိတော့
သူနမ်းလိုက်တဲ့နေရာတိုင်း...နီရဲကျန်နေခဲ့တဲ့အထိ
'' Sorry ကိုယ်က မင်းရဲ့ယောက်ျားပဲဟာ အခွင့်ရေးယူခွင့်ကိုယ့်မှာရှိတယ်မဟုတ်လား...''
.........................................................................
လေးလံနေတဲ့ မျက်လုံးတွေကို အားယူဖွင့်ရင်း..
လူက အားအင်ကုန်ခမ်းသလို တစ်ကိုယ်လုံး နာကျင် နုံးနေသည်...
သူမ...... သူ့ရင်ခွင်ထဲရောက်နေပြန်တာလား...
သူမ မှီတွယ်ထားတဲ့ အထိအတွေ့ဟာ ခါတိုင်းထပ် နီးကပ်နေသယောင်ယောင်..
သူမရောက်နေတဲ့ရင်ခွင်ဟာ အဝတ်အစားဗလာကျင်း...မျက်နှာကိုမော့ကြည့်တော့ သူ.....
တော်ပါသေးရဲ့...သူ့ဦးလေးဟုတ်မနေတာပဲ စိတ်အေးရသည်..
ပြန်ကျဲနေတဲ့ အဝတ်အစားတွေရယ်...
အရင်လို သူမကပဲ ဖက်တွယ်ထားတာမျိူးမဟုတ်ပဲ..
သူမဘက်ကို စောင်းပြီး သူမ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ မြှပ်နေအောင်ထွေးဖက်ထားရဲ့..
ရှက်လိုက်တာ....
'' ချာတိတ်မ အခုမှ ရှက်နေပြီပေါ့ "
သူ့အသံကြားတော့ သူ့မျက်နှာကိုပင် မရဲတရဲမော့ကြည့်လိုက်မိတယ်..
သူမ နဖူးလေးကို ခပ်ဖွဖွနမ်းရင်း...
'' ရှက်မနေပါနဲ့ မင်းက ကိုယ့်ဇနီးပဲဟာ "
'' အကိုနော် ''
''နိုးလာရင် ငိုယိုနေမယ်ထင်တာ ကိုယ်ဘယ်လိုချော့ရမလဲလို့ စဥ်းစားနေရတာ တော်ပါသေးရဲ့ကွာ "
သူမ သူ့ရင်ခွင်ထဲသာ ခေါင်းတိုးဖွက်ထားမိပြီး..
သူ့ခါးကို ဖက်ထားမိတယ်..
ရင်တွေခုန်နေတာလား..သူမသေချာမသိ
သို့သော်...ဒီအခိုက်တန့်လေးကိုတော့ ကြည်နူးမိသည်..
ဘဝပျက်ပါပြီလို့တွေးထားပြီးမှ ဒီအမျိူးသား ရင်ခွင်ထဲ နိုးထလာလို့ ဖြစ်မည်...
'' ကိုယ့်ဇနီးကို စိတ်ကြွဆေး ခပ်လို့ စိတ်ပဲဆက်တ်ိုနေရမလား..
ကိုယ်တို့ကို ဒီလိုအခြေနေ တွန်းပို့လို့ ပြန်ကျေးဇူးတင်ရမလား "
'' ညီမဆီကို အချိန်မနှောင်းခင်ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်အကို ''
လရောင်ခြယ်ရဲ့ အကြံစည်တွေသာ အောင်မြင်သွားလျှင်..
သူဆက်ပင်မတွေးရဲ
သူ့ဦးလေးနဲ့ သူ့ဇနီး
ကုန်းကောက်စရာ မရှိအောင်ကျဆင်းသွားမဲ့ သူ့သိက္ခာ..
သူမ အဆုံးစွန်ထိ ရှိသမျှအားလေးနဲ့ ရုန်းကန် အော်ဟစ် တောင့်ခံပေးခဲ့တာကိုလဲ သူကျေးဇူးတင်မဆုံး..
ရင်ခွင်ထဲတိုးဝင်နေတဲ့ မျက်နှာလေးကို ဆွဲမော့ရင်း..သူမနှုတ်ခမ်းလေးကို နမ်းလိုက်ရင်းမှ အသည်းယားကာ သတိလက်လွတ် ကိုက်ပစ်လိုက်ပြီးမှ..
'' အာ ''
'' sorry ချာတိတ် မင်းက အသည်းယားအောင်လုပ်လို့ "
သူမကို သူဘယ်လိုမှ ချစ်ကြည့်လို့မရသော်လည်း
နှုတ်ခမ်းဆိုးဆေးမလိုပဲ ရဲနေတက်တဲ့ နှုတ်ခမ်းလေးကိုတော့ သူစွဲလန်းသည်..
.....
လရောင်ခြယ်ရဲ့အကြံစည် အောင်မြင်ခဲ့ရင် သူ့ဘဝလဲ အကြီးကြီးပြောင်းလဲနိုင်သလို...
သူကံကောင်းသည်..
လရောင်ခြယ်ရဲ့အကြံစည် ကျရှုံးသည်မို့...
အရှုပ်ထုပ်တွေကို အလွယ်တူ ရှင်းထုတ်နိုင်ခဲ့ပြီ..
Sky Castle ဟာ သူ့လက်ထဲ အပြီးအပိုင် ရောက်ခဲ့ပေမဲ့..
သူချစ်ခဲ့ဖူးတဲ့ လေးငယ်ကိုတော့ ထာဝရ ဆုံးရှုံးရပြီ သူ့ဒေါသနဲ့ဆို..လရောင်ခြယ်ကို ထောင်ချပစ်ချင်သလို
KHA group ကို အေးဆေးဖျက်စီးပစ်နိုင်ပါသော်လည်း လေးငယ်အပေါ်လက်ကျန်သံယောဇဥ်ထောက်ကာ စိတ်ထိန်းလိုက်ရသည်..
လေးငယ်တို့မိသားစု ချက်ချင်း ဒီအိမ်က ထွက်ခွာသွားကြပြီမို့....
သူမ ဒီအိမ်ကြီးမှာ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီပေါ့...
'' လဲ့လဲ့...ချက်ဖို့ပြုတ်ဖို့နဲ့ အိမ်ကိစ္စတွေ လုပ်ဖို့ လူ နဲနဲလောက် ကြည့်ခေါ်လိုက်ပါ..
အထူးသဖြင့် နင့် သခင်မလေး ဝေယျာဝစ္စ ပေါ့..
ပြီးတော့ သူ အိမ်ကြီးမှာ ခြောက်ကပ်ကပ်နဲ့ အထီးကျန်မနေအောင် အဖော်လဲရတာပေါ့ "
သူ လူရှုပ်တာ မကြိုက်ပေမဲ့......
ဒီအိမ်ခြောက်ကပ်ကပ်မှာ သူမရှိတဲ့အချိန် သူမ အဖော်ရအောင်ရယ်...
အခန်းထဲက မီးဖိုချောင်မှာ သူမ ပင်ပင်ပန်းပန်း ချက်ပြုတ်နေတာတွေ တားမြစ်လိုက်ပြီမို့..
Sky Castle ရဲ့ သခင်မ ဟာ ...
ပင်ပန်းနေရတာ မဖြစ်သင့်ဘူးမဟုတ်လား.
ဒါ... သူ တာဝန်ပဲမို့
သူမကို ဓားနဲ့ထိုးတဲ့ တရားခံကလဲ မပေါ်သေးတာမို့...သူမနောက်မှာ စောင့်ကြည့်ဖို့ လူလွှတ်ထားရသေးသည်..
ဟူး...မိန်းမ ယူရတာ မလွယ်ပါလားနော်