ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၁၀)
************************************
'' ချာတိတ် "
''ဟင်....''
သူမ အိပ်ဖို့ပြင်နေတုန်း အိပ်ပျော်နေတဲ့ သူ့ဆီက အသံထွက်လာတာမို့ ထူးလိုက်တာမဟုတ် လန့်သွားလို့ထွက်သွားတာမျိူး..
'' Sorry ကွာ ကိုယ်ဖျားချင်ပြီထင်တယ် ကိုယ့်ကို ဆေးယူပေးလို့ရမလား "
'' ဟုတ်အကို ''
သူမ ဆေးတိုက်ဖို့ ပြင်ရကာ....
ဒဏ်ရာနဲ့မို့ လှဲနေတဲ့ သူ့ကို မနည်းထူပေးရသည်..
သူ့ပုံစံက မထူးဆန်းတော့သလို အမူအယာမျိူး...
ဒီလိုအခြေနေမျိူး..
သူဘယ်နှစ်ခါလောက်များ ကြုံပြီးပြီလဲ....
ဆေးသောက်ပြီး ပြန်အိပ်နေတဲ့ သူ့ကိုကြည့်ကာ
ပထမဆုံးအကြိမ် သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်...
ငွေပုံပေါ်မှ စံ နေရပေမဲ့....
သူ့ဘဝကလဲ လွယ်ကူမနေပါလား..
မျက်နှာခပ်ချောချောကို ဖုံးကွယ်စေတဲ့အထိ အေးစက်မာကြောတဲ့ အကြည့်တွေ အပြုအမူတွေဟာ...ရင်ထဲကဒဏ်ရာတွေကြောင့် ဖြစ်လိမ့်မယ်
ဒီနေ့လို အတွေ့အကြုံမျိူးတွေ..
မကြာခန ကြုံတွေ့စေတာကြောင့် ဖြစ်လိမ့်မယ်..
နားလည်ရခက်တဲ့ သူ့အပေါ်...
သူမ နားလည်လာသလို ရှိလာတယ်...
သူ့နဖူးကို အသာစမ်းကြည့်တော့..
' အို ပူကျစ်နေပါလား '
သူမ ခပ်တိုးတိုးရေရွတ်ရင်း...
ရေရယ်....သပတ် ခပ်သေးသေးတခုရယ် ဆွဲယူလာရင်း
ရေပတ်ဝတ် နဖူးပေါ် တင်ပေးလိုက်တယ်..
သူ့နံဘေး အသာလှဲရင်း...
သူ့မျက်နှာကို ငေးကြည့်ရင်း...
ဒီညတော့ သူမ အိပ်ပျော်ပါ့မလား...
'' ကျစ်...မင်းမအိပ်သေးဘူးလား မိုးသားဖြူ "
ပုံမှန်ထက် လေသံကပျော့နေပေမဲ့...စိတ်တိုနေပုံမှန်းတော့ သိသာနေသေးသည်..
'' အကို...သက်သာရဲ့လားဟင်.. အနာက နာနေလား "
'' ဘာလို့ခုထိမအိပ်သေးတာလဲ "
'' အကို့ ကို စိတ်ပူလို့ပါ ''
'' စိတ်ပူမနေနဲ့ ကိုယ့်အတွက်က ကျင့်သားရနေပြီ အိပ်တော့ "
သူ့စိတ်ကို သူမ သိနေတာမို့ ဘေးနားအသာဝင်လှဲရင်း
'' အကို တခုခုဆို ညီမကိုနှိုးလိုက် အားမနာနဲ့နော် "
'' ကိုယ် ပုံမှန်လို ကြိုးစားနေနေပေမဲ့ နေလို့သိပ်မကောင်းဘူးကွာ ပြောစကားနားထောင်ပါ ပြီးတော့ မင်းကို တကယ်ကျေးဇူးတင်တယ် အိပ်တော့ ''
သူမ တခုခုပြောဖို့ပြင်လိုက်ပေမဲ့..
သူ့မျက်လုံးတွေ မှိတ်ပစ်လိုက်တာမို့..စကားများနေရင် ထပ်အဆူခံရဖို့သာ ရှိနိုင်သည်..
သူမ ကို အိပ်ရေးပျက်မှာစိုးလို့သာ အတင်းအိပ်ခိုင်းရတာ..
ဖျားနေတဲ့ သူ့အနားမှာ အဖျားကူးမှာလဲ စိုးရသေးတယ် ဒီကောင်မလေး နုက နုနဲ့...ပြောရတာမဟုတ်
သူ တက်နိုင်သလောက် ထောင့်ကပ်အိပ်ရကာ..
ခုန အတင်းအိပ်ခိုင်းရတာ သူမ မဟုတ်တဲ့အတိုင်း အိပ်ပျော်နေလေပြီ..
ချမ်းစိမ့်စိမ့် ခန္ဓာကိုယ်ဟာ နွေးထွေးတဲ့ သူမရဲ့ အထိတွေ့မှာ ရုန်းမထွက်နိုင်..
ခါးကို ခပ်တင်းတင်း ဖက်ကာ သူ့ပုခုံးတွေပေါ် ခေါင်းတင် လာတဲ့ သူမ ကို အဖျားကူးမှာ စိုးရိမ်သော်ငြား..
ဒီနွေးထွေးမှု့လေးကိုသာ မက်မောနေမိတယ်
'မသိတော့ဘူးကွာ...'
ဒဏ်ရာမရှိတဲ့ လက်တဖက်က ပြန်ဖက်တွယ်ထားမိရင်း...
အမြဲလိုလို ရင်ခွင်ထဲ ဝင်အိပ်တက်တဲ့ ဒီကောင်မလေးကြောင့်.
ညအိပ်လို့ ရင်ခွင်ထဲဝင်မလာရင် ဟာတာတာနဲ့ မအိပ်တက်တော့. အောင်အကျင့်ပါနေခဲ့ပြီ
ေဆးအရှိန်နဲ့ မှေးနေရင်းတောင် ဒီအထိအတွေ့လေးရဲ့ လစ်ဟာမှု့ကို သိနေခဲ့ကာ သူနိုးလာခဲ့တာမဟုတ်လား.....
..
သူနိုးလာတော့ ညကဖျားထားတဲ့ အရှိန်ကြောင့် လူက အနည်းငယ်နုံးချင်နေသေးပေမဲ့..
ပျောက်သလောက် ဖြစ်နေပြီ မို့ နေရထိုင်ရ အဆင်ပြေသလိုရှိသည်။
မဖြစ်စလောက် ဒဏ်ရာလောက်ကတော့ သူ့အတွက် ဒီအတိုင်းတာလောက်ဆို လုံလောက်ပြီ..
သို့သော်...
အမြဲလိုလို ငြိမ်မနေတက်တဲ့ သူမ..
ဒီနေ့ အိပ်နေတာ လှုပ်တောင်မလှုပ်..ကွေးကွေးလေးရယ်
သူမ နဖူးလေးကို စမ်းကြည့်လိုက်ပြီး..
'' ဟာကွာ ထင်တဲ့ အတိုင်းပဲ ကိုယ်နွေးနေပြီ "
သူ့လက်ကလဲ အရှင်းပျောက်သေးတာမဟုတ်..
သူမ ကို ဘယ်လိုပြုစုမလဲ...ခက်ပြီ
''အကို ''
'' အင်း နိုးလာပြီလား မင်းဖျားတော့မယ်ချာတိတ် "
'' မဖျားပါဘူး အကို သက်သာပြီလား "
'' ကိုယ်က သက်သာပြီ မင်းကတော့ သေချာပေါက်ဖျားတော့မယ် "
သူပြောနေတာတွေ နားမှထောင်နေရဲ့လားမသိ..
ထ ထွက်သွားဖို့ပြင်နေတာမို့
'' ဒါက ဘယ်လဲ "
'' အကို့အတွက် စားစရာတခုခုပြင်ပေးမလို့လေ အကို ဆေးသောက်ရမယ်မလား "
'' ငြိမ်ငြိမ်နေစမ်းပါကွာ....app ကနေ ပဲ မှာစားကြတာပေါ့ ဒီရက်ပိုင်း မင်းလူံးဝ မီးဖိုချောင်မဝင်ရဘူး "
မကြာခင် သူရိန်ရောက်လာတော့...
သူမအတွက်ပါ ဆေးတွေ ထပ်ပေးခဲ့တယ်..
မနေ့ကဓားထိုးသူအကြောင်း
သူကပဲ အကုန် စုံစမ်းပေးဖို့ သူရိန်ကို အကူညီတောင်း လိုက်သည်မို့
သူရိန် ပြန်ထွက်သွားသည်..
သူရိန်ဆိုတာ....သူ့ငယ်သူချင်း
ကျောင်းလာတိုင်း...ဒဏ်ရာတွေ ပါလာတက်တဲ့သူရိန်...
ပထွေးက အရက်မူးလာတိုင်း ရိုက်တက်တာမို့..
အရိုက်ခံနေရတဲ့ သူရိန်ကို ထိုအိမ်က ဆွဲထုတ်လာခဲ့တာ...
အတူကျောင်းတက် အတူနေရင်းမှ...
ဆရာဝန့်ဖြစ်လာတော့...သူတို့အတွက် သီးသန့် Family doctor ဖြစ်လာသလို
သူဘယ်ရောက်ရောက် အဆက်သွယ်လုပ်တက်တဲ့ တဦးတည်သောသူဟာ သူရိန်...
သူ့အတွက် ညီလေးလို သူငယ်ချင်းလို မိသားစုလိုလူ..
အဖွားရှိစဥ်က... ဒီအိမ်ကြီးမှာ အတူနေခဲ့ ကြပေမဲ့
သူထွက်သွားပြီးထဲက..
သူရိန်လဲ အပြင်က ကွန်ဒို ပြောင်းနေတော့တာ အခုထိဖြစ်သည်..
ပြောမနာဆိုမနာသူငယ်ချင်း ညီအကိုလိုမိသားစု.
ဘယ်တော့မဆို သူ့နောက်ကနေ အမြဲရှိနေပေးတဲ့သူရိန်..
Ren private hospital ရဲ့ ပိုင်ရှင်....
သူပြောပြတာတွေ နားထောင်ရင်း...
ပြန်အိပ်ပျော်နေတဲ့ သူမ
မနက်စာစား ဆေးသောက်ထားတာမို့ ဆေးအရှိန်နဲ့ အိပ်ပြီထင်ပါရဲ့..
နေရာက အသာထပြီး ကျန်နေသေးတဲ့ အလုပ်ကြွေးတွေ လုပ်နေလိုက်တော့..အချိန်တွေ ကုန်လို့ကုန်မှန်းမသိ..
အရင်ကလိုဆို သူ.. အလုပ်ရှိနေရင် အပြင်ရောက်နေလောက်ပြီ..
ခုတော့ သူမကို ထားခဲ့ဖို့ စိတ်မချတာမို့...
အိမ်ကနေသာ ရသလောက်လုပ်ရတော့တယ်..
ဒဏ်ရာရတာ သူလား သူမလားတောင် မကွဲတော့..
.........................................................................
ဒီရက်တွေမှာ သူ အလုပ်တွေရှုပ်နေတာမို့ အိမ်သိပ်မကပ်ဖြစ်..
သူမ နှိူးလာတော့ ထုံးစံအတိုင်း သူရှိမနေတော့..
မီးဖိုးချောင် မဝင်ခိုင်းသေးတာရယ်..
သူမ ကိုယ်တိုင်ကလဲ ချက်ပြုတ်မစားချင်သေးတာရယ်ကြောင့် အမြဲလိုလို အပြင်ကသာမှာစားဖြစ်နေရဲ့..
တနေ့တနေ့ စာဖတ်လိုက်...Vedio ကြည့်လိုက်နဲ့သာ အချိန်ကုန်နေစေကာ အပြင်ထွက်ခွင့်လဲ ပိတ်ထားတာမို့...
သူမ တော်တော် ပျင်းရသည်...
အလုပ်ပြန်ဝင်ဖို့ သူ့ ကို ပူဆာရအုန်းမည်..
လရောင်ခြယ် မုန့်ဘူးတွေ ကိုင်ဝင်လာသော လဲ့လဲ့အား
'' လဲ့လဲ့ ဘာတွေလဲ "
တကယ်ဆို လရောင်ခြယ်သိသည်...၅နာရီထိုးခါနီးတိုင်း...ဟိုကောင်မလေး စားစရာတခုမဟုတ်တခုမှာတက်တာ..
ခုတလော မင်းတိမ်လွှာ အိမ်သိပ်မကပ်သည်မို့ သူမအကြံအစည်အကောင်ထည်ဖော်ရမည်ဖြစ်၏
'' ဟို...သခင်မလေး မှာထားတဲ့ စားစရာတွေပါ ''
'' ကြီးကြီးကျယ်ကျယ်... ဘာသခင်မလေးလဲ ငါခိုင်းစရာရှိလို့ နင့်ကိုစောင့်နေတာ အဲ့အရေးမပါတာတွေ ခန ချထား ဖေဖေက ကော်ဖီ ယူလာခိုင်းလို့ အမြန်သွားဖျော်ပေး "
'' ဟို..မုန့် တွေက ''
'' ကော်ဖီဖျော်တာ ဘာကြာလဲဟယ် သွားမြန်မြန် ''
'' ဟုတ်... မမ ''
သူမ ရှေ့က မုန့်ထုတ်ကို ကြည့်ရင်း...
မဲ့ပြုံးပြုံးလိုက်မိသည်..
ဒီတခါ ရှင်ကာကွယ်ပေးလို့မရနိုင်တဲ့အပြင် စိတ်နာသွားစေရမယ် ကိုကို ရှင်က ကျမအပိုင်ပဲ ဖြစ်လာလိမ့်မယ်...
.