ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် ( အပိုင်း...၁)
************************************
" ချာတိတ် မင်းငိုချင်တယ်ဆို ကိုယ့်ရှေ့မှာငိုချလို့ရတယ် ကိုယ်ရှိနေမယ် "
မင်းတိမ်လွှာ ဆိုတဲ့ ယောက်ျားဟာ ထိုကဲ့သို့သောလူမျိူးပါ...
နာမည်က မိန်းမ ဆန်သလို...လူပုံစံကလဲ နူးညံသယောင်ထင်ရပေမဲ့
ထင်မထားလောက်အောင် အေးတိအေးစက်နိုင်ပြီး..ခက်ထန်မာကြောသူ..ရက်စက်တက်သူ...ထူးဆန်းတဲ့သူ...ပြီးတော့ သူ့စိတ်ရင်းကို ဘယ်သူမှ မခန့်မှန်းနိုင်အောင်..... ဖုံးကွယ်နိုင်သူ...
ဒီနေ့လို ငိုစရာ ကိစ္စတွေဟာ သူပဲ ဖန်တီးခဲ့တာလေ...
မိုးသားဖြူငိုမယ်ဆိုရင်တောင်...ငိုအောင်လုပ်တာ သူပဲမဟုတ်ပါလား...
မင်္ဂလာပွဲ....မှာ သူဟာ သူတိုးသား မိုးသားဖြူဟာ သူတိုးသမီး...
ဟုတ်ပါတယ် ဒီနေ့ဟာ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲ ကျင်းပတဲ့နေ့ပေါ့..
သေချာတာတော့ သူတို့နှစ်ယောက်စလုံးမှာ အချစ်မရှိနေပါဘူး မိုးသားဖြူကို လူတွေကြားက ဆွဲချခေါ်ထုတ်သွားပြီး..
ခိုးပြေးသွားခဲ့တာ...
ဘာကြောင့် ဒီလို လုပ်ခဲ့လဲ သူကိုယ်တိုင်သာ သိလိမ့်မယ်......
မင်းတိမ်လွှာ...
မျိူးရိုးစဥ်ဆက် ချမ်းသာခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံထားသူ....
အသားဖြူဖြူ အရပ်ရှည်ရှည်ကိုမှ ခန္ဓာကိုယ်အချိူးစားက အားကစားသမားတယောက်လို တောင့်တောင့်တင်းတင်းရှိလှသလို...
အတိုက်အခိုက်ကျွမ်းကျင်သူဖြစ်ပြီး....
ကြည်ကြည်လင်လင်ရှိလှတဲ့မျက်လုံး...
နက်မှောင်တဲ့မျက်ခုံးအပြင်...
ရှည်လျှားတဲ့မျက်တောင်တွေပိုင်ဆိုင်ထားတဲ့ ချောမောတဲ့မျက်နှာပိုင်ရှင်..
နှာတံစင်းစင်း...နှုတ်ခမ်းထူထူနဲ့....
ဒီအမျိူးသားဟာ ...ရုပ်ရည်နဲ့မလိုက်အောင် ခက်ထန်တယ် အပြုံးအရယ်ကင်းတယ်...
သူ့ Profile ကို လျှိူ့ဝှက်ထားတက်သူမို့...
သူ့ဘယ်လောက်ထိချမ်းသာနေသလဲ...
ဘယ်လို လုပ်ငန်းတွေ ပိုင်ဆိုင်သလဲ...
ဘယ်လောက်အထိ ပိုင်ဆိုင်သလဲ...
ဘယ်သူမှ မသိ....
ပေါ်ချင်တဲ့နေရာမှာ ပေါ်လာတက်ပြီး...
သူပေါ်လာတဲ့ ပတ်ဝန်းကျင်ဟာ....သူပိုင်ဆိုင်နေတက်တာမျိူး...
သူ့အတွေးတွေကို ဘယ်သူမှမမြင်နိုင်သလိုပဲ.
သူ့ပိုင်ဆိုင်မှု့ကိုလဲ..... ဘယ်သူမှ မမှန်းနိုင်...
မိုးသားဖြူ ကိုယ်တိုင်..သူနဲ့ စတွေ့ခဲ့တုန်းက
King Co.ltd
မှာ....ဝန်ထမ်းအဖြစ် အတူ လုပ်ကိုင်ရင်း သိခဲ့ကြတာ
သူက အစ်မရဲ့ ကိုယ်ရံ့တော်လဲ ဖြစ်သလို အစ်မရဲ့ချစ်သူအဖြစ်နဲ့ သူမ သိထားခဲ့တာ..
အစ်မ က လှတယ် ထက်မြက်တဲ့ အမျိူးသမီး မာနလဲ ကြီးသလို King ရဲ့ CEO. ..
နွေဦးနွယ် ဆိုတဲ့ အစ်မ လို့ သူမခေါ်တဲ့ အမျိူးသမီးဟာ..သူမ အတွက်တော့ လေးစားရတဲ့ Idol ပေါ့...
ခပ်ထန်နေတဲ့မျက်နှာထားနဲ့ အစ်မရယ်..
အေးစက်စက် ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံနဲ့ မင်းတိမ်လွှာရယ်...
သူတို့ စုံတွဲဟာ ဘယ်လိုမှ တွဲကြည့်ပေးလို့မရအောင်အထိ မလိုက်ဖက်လွန်းကြတဲ့ စုံတွဲ...
မိုးသားဖြူ.....
သူမ ကတော့ အစ်မရဲ့ အတွင်းရေးမှူးပေါ့.
အသားဖြူဖြူ အရပ်ပုပုကလေးနဲ့ အမြဲနွေးနွေးထွေးထွေးရှိတက်တယ်..
သူမရဲ့ဆွဲဆောင်မှု့က မျက်လုံးဝိုင်းဝိုင်းလေးတွေဖြစ်ပြီး...
နှုတ်ခမ်းဆိုးဆေးမလိုအောင် အမြဲနီထွေးနေတက်တဲ့ နှုတ်ခမ်းရဲရဲကလေးနဲ့..
ကလေးတစ်ယောက်လို ဖြူစင်တဲ့မျက်နှာမျိူးလေးပိုင်ဆိုင်ထားသူပေါ့...
သူကတော့ သူမကို ချာတိတ်မလို့ အေးစက်စက်လေသံနဲ့ခေါ်လေ့ရှိတယ်...
အစ်မ ရဲ့ ပထမဆုံး သဘောကျခြင်းခံရတဲ့ အတွင်းရေးမှူးဖြစ်သလို..
မင်းတိမ်လွှာရဲ့ အခေါ်အပြောလုပ်တဲ့တစ်ဦးတည်းသော ဝန်ထမ်း...
ဘယ်ဝန်ထမ်းနဲ့မှ စကားမပြောတဲ့သူဟာ...
သူမကိုကျမှ....သူ့ထက် ၈ နှစ်ငယ်လို့ ချာတိတ်မတဲ့...
သူမ အသက်က ၂၅....
အစ်မဆီမှာ အသက် ၂၀ တည်းက အလုပ်ဝင်ခဲ့တာ......
" ဟိတ် ကိုယ်ပြောတာ မင်းကြားရဲ့လား "
ခပ်သြသြ သူ့အသံကြားမှ...လက်ရှိ ကာလ ဆီ အသိပြန်ဝင်လာခဲ့တယ်...
အရမ်းချမ်းသာလွန်းတဲ့သူဋ္ဌေးနဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ မိုးသားဖြူဘဝကို သူမ မမက်မော..
အတွင်းရေးမှူးမလေး မိုးသားဖြူဘဝကိုသာ သူမ နှစ်သက်တယ်...
"အဲ့လိုကြီး လုပ်မနေနဲ့ မင်းအကြောင်း ကိုယ်သိတာပေါ့ မွန်းကြပ်ရင် မင်းကိုမကောင်းပြောရင် အမြဲ ငို..ပဲနေပြီး ဘာမှ ပြန်မတုန့်ပြန်တက်တာလေ...
အခု မင်းငိုချင်နေတာ မှတ်လား အရင်လို ငိုချလိုက် ကိုယ်ရှိနေတယ် "
'' အကိုတိမ်လွှာ..ညီမ ပင်ပန်းနေပြီ ပွဲ က မပြီးသေးဘူးလား.."
'' မင်းနဲ့ ကိုယ်က ဒီပွဲရဲ့ အဓိက လူတွေနော်.....ပွဲက ပြီးဖို့လိုသေးတယ်....မင်းဒီပွဲနား ဆက်မနေချင်တော့ဘူးလား "
'' အင်း ညီမ အရမ်း ပင်ပန်းလှပြီ အပြုံးတုတွေကြောင့်ပေါ့ "
'' ok လိုက်ခဲ့ "
သူမ လက်ကို ဆွဲကာ...မြေညီထပ် ကားပါကင်ဆီ ဦးဆောင်ခေါ်လာခဲ့တယ်...
သူ့ကားပေါ် ရောက်တော့...
" ဟဲလို...သူရိန် ကိုယ့်ဇနီး နေမကောင်းလို့...ကိုယ်တို့ ထွက်ခဲ့ပြီ...Dinner ပြီးဖို့ နောက်တစ်နာရီလောက်ပဲ လို တော့တာမို့ ပွဲကို မင်းကြည့်ထိန်းလိုက်တော့ "
သူ့ဘက်ကပဲ ပြောချင်ရာပြောပြီး ဖုန်းချပစ်လိုက်သည်....
" အကိုတိမ်လွှာ...ညီမတို့ ဒီလိုပြန်သွားလို့ အဆင်ပြေပါတယ်နော် "
'' မပြေရင် ပြန်သွားချင်လို့လား "
''ဟင့်အင်း.."
'' မင်း မလုပ်ချင်တာကို အတင်းလုပ်ဖို့ မလိုအပ်ဘူး ကိုယ်ဖန်တီးပေးမယ် "
'' ဒါဆို ညီမက မလုပ်ချင်ပါပဲနဲ့ ဘာလို့ အကိုနဲ့ မင်္ဂလာဆောင်နေရတာလဲ ''
'' ကိုယ် ဆန္ဒရှိတာမို့လို့ "
သူ ကားမောင်းထွက်လာခဲ့ပြီး..သူတို့စကားဝိုင်းဟာ တိတ်ဆိတ်သွားခဲ့တယ်
သူရော သူမ ရော မိဘတွေ မရှိကြတော့....
သူ့ကို သူမ တစ်ခါမှ မဖြားယောင်းဖူးသလို အတင်းတွယ်ကပ်ခဲ့တာမျိူးလဲ မရှိခဲ့ဖူးပါ...သူချမ်းသာတယ်ဆိုတာကိုတောင် သူမ မသိခဲ့ဖူးမဟုတ်လား...
* အပိုင်ကြံတာနော် နုံသလို အ သလိုနဲ့ Sky Castle ရဲ့ပိုင်ရှင်ကိုမှ တက် ဖမ်းသွားတာ *
*တွဲနေကြတာကြာပြီတဲ့လေ...ဆင်းရဲသူမတွေက မိန်းမလည်တွေနော် ခုခေတ်မိန်းမတွေ တော်တော်မလွယ်တာ *
ပွဲထဲမှာ တီးတိုးပြောဆိုနေသံတွေ သူမ ကြားခဲ့ရပေမဲ့..... သူမ တိတ်ဆိတ်နေခဲ့ရတယ် စော်ကားကြစမ်းပါ ဒါလဲ ဝဋ်ကြွေးပဲပေါ့..
အပိုင်ဖမ်းတာမဟုတ်ပါဘူး..... သူ့ဘက်ကသာ အတင်းလုပ်ယူခဲ့တဲ့ပွဲ ဆိုတာ ဘယ်လိုရှင်းပြမလဲ
King Co.ltd မှာတုန်းက အစ်မက သူနဲ့တွဲနေတာပေမဲ့....
သတင်းထွက်လို့မဖြစ်တာကြောင့်....အစ်မနွယ်နဲ့ သူ သတင်းသဲ့သဲ့ ထွက်လာတော့
ဘာမှမတက်တဲ့ သူမ ကို အလုပ်ခန့်ပေးပြီး လုပ်ငန်ခွင်အတွင်းမှ လိုအပ်တဲ့ သင်တန်းတွေ တက်ခိုင်းပြီး လုပ်ငန်းကျွမ်းကျင်မှု့တွေ တက်မြောက်ခဲ့ပြီးမှ အစ်မရဲ့ဘေး အတွင်းရေးမှူးနေရာ လစာကောင်းကောင်းနဲ့ အစ်မကိုယ်တိုင်ခန့်ပေးခဲ့တဲ့ ကျေးဇူးရှင် အစ်မဟာ...
ပထမဆုံးအကြိမ် အကူညီတောင်းလာတာမို့ သူမ ကူညီပေးခဲ့တာ...
သူနဲ့ သူမ သာလျှင် ရည်းစားတွေပါဆိုတဲ့ ဟန်ဆောင်မှု့အကြောင်းပေါ့....
ထိုင်ခုံကိုမှီ.....မျက်လုံးတွေ မှိတ်ထားရင်း ဝမ်းနည်းစရာအတွေးတွေ ဟိုတစ်စ ဒီတစ် ဝင်ရောက်လာတော့..
မျက်ရည်တွေက ကျဆင်းလာတယ်...
မျက်ရည်တွေကျနေတဲ့ သူမ ကို ကြည့်ရင်း စိတ်မကောင်း..
သူတို့ရဲ့ဇာတ်ရှူပ်တွေကြား သူမကို ဆွဲထည့်ခဲ့မိပြီမဟုတ်လား....သို့ပေမဲ့လည်း မတက်နိုင် သူ အဆင်ပြေပြေစကားပြောနိုင်သူ စကားပြောချင်သူဟာ သူမ ပဲရှိတာကိုး...
သူ့ဘဝမှာ သူနဲ့တွဲတဲ့ မိန်းကလေးတွေကလွဲရင်...တခြားမိန်းကလေးတွေနဲ့သိပ်အရောမဝင် စကားမပြောခဲ့ဖူး
မိန်းကလေး မိတ်ဆွေ မထားခဲ့ဖူး...
မိုးသားဖြူ ဆိုတဲ့ ဒီကောင်မလေးနဲ့ကျမှ ပထမဆုံး တွဲချင်စိတ်လဲမရှိ မရိုးမသားပတ်သတ်ခြင်သိတ်မဖြစ်လာပဲ...
မိတ်ဆွေအနေနဲ့ ညီမလေးတစ်ယောက်အနေနဲ့ သက်တောင့်သက်သာ စကားပြောနိုင်တဲ့ ကောင်မလေး...
ဒါကြောင့်မို့လဲ ဒီဇာတ်လမ်းထဲ သူမ ပါလာခဲ့တာပေါ့...တစ်စုံတစ်ယောက်ကို မဖြစ်မနေယူဖို့ ဖြစ်လာတဲ့အခါ သူ့နားက မိန်းကလေးတွေထဲ သူမ သာ အသင့်တော်ဆုံးလို့ သူထင်တယ်....
Sorry ချာတိတ်ရာ မင်း ဒီထပ်ဆိုးဝါးတာတွေ ကြုံလာဖို့ရှိသေးတာမို့ ခံနိုင်ရည်ရှိဖို့ ကိုယ်ဆုတောင်းတယ်....
''မင်းမျက်ရည်တွေကို သုတ်ပစ်မလား ကိုယ်တွေ့ကရာအကုန် ဝင်တိုက်ပစ်လိုက်ရမလား "
'' ဟင်..."
သူ့ရဲ့ ခြိမ်းခြောက်သံကြောင့် သူမ ပြူးပြူးပြာပြာဖြစ်သွားခဲ့တယ်...
သူအကျင့်အတိုင်းဆို ပြောတဲ့အတိုင် လုပ်ပစ်တက်တာ သူမ အသိဆုံး...
သူမတောင်မသိလိုက်ပဲ ကျနေတဲ့ မျက်ရည်တွေကို ဆွဲသုတ်ပစ်လိုက်ပြီး
" ဘာလို့အမြဲညီမလဲ...အကိုတိမ်လွှာ က ဘာလို့အမြဲ ညီမကိုပဲ အနိုင်ကျင့်နေရတာလဲ "
ဘာလဲ ဆိုတဲ့ သဘောနဲ့ အေးတိအေးစက် မျက်ဝန်းတွေက သူမကိုစိုက်ကြည့်နေတယ်..
" ဟုတ်တယ်လေ ခုနကပဲ ငိုဆို အခုပဲ ငိုလို့ခြိမ်းခြောက်တယ် "
'' ငိုလို့ပြောတုန်း ငိုမှပေါ့ "
ခပ်ကြမ်းကြမ်း မောင်းလာတဲ့ကားကို...
ခြံတစ်ခြံရှေ့ထိုးရပ်ကာ...
" တီ....တီ "
ဟွန်းတီးလိုက်တော့.....တံခါးက ပွင့်လာတယ်...
" ဒါ အကို အိမ်လား "
ခေါင်းငြိမ့်ပြကာ ခြံထဲကားမောင်း ဝင်နေတဲ့သူ..
အမြဲ အက်လိုပါပဲ..သူ ဆိုတာ သူမ ဆယ်ခွန်းပြောလို့ တခွန်းပြောချင်မှ ပြန်ပြောတက်သူ...
ကားပေါ်က ဆင်းတာနဲ့ သူမ လက်ကို ဆွဲကာ အိမ်ထဲဝင်လာခဲ့တယ်...
ခြံတံခါးကနေ အိမ်ဆီကို ခပ်လှမ်းလှမ်းဝင်ရပြီး
ကျယ်ဝန်းတဲ့ ခြံအနေထားရယ်....
ခပ်အုပ်အုပ် ခပ်မှောင်မှောင် အနေထားကြောင့် အတွင်းက အိမ်ကို တော်ယုံ မမြင်နိုင်...
ဘယ်သူကမှ မှောင်တောင်တောင် ခြံရှေ့က ဖြတ်သွားတိုင်း အထဲမှာ ...
နန်းတော်သမျှ ခန်းနားတဲ့ ရဲတိုက်သဖွယ် အိမ်တစ်လုံး ရှိနေမယ်လို့ ထင်လိမ့်မလဲ...
အိမ်ပုံစံက ရှေးဟောင်း ရဲတိုက်ပုံစံမျိူး.....
ရှေးခေတ် အငွေ့အသက်တွေ ခံစားရပေမဲ့...
ပုံစံမပျက် ပြန်ပြင်ဆောက်ထားပုံရကာ အရာရာ သစ်လွင်နေတယ်...
သူအိမ်က သူ့အတိုင်းပဲ အေးစက်စက် အငွေ့အသက်အပြည့် နဲ့ရယ်...
နွေးထွေးမှု့ တစုံတရာမှ မခံစားမိ....
အိမ်ဆိုတာ ကြွယ်ဝ မှု့တွေထက် နွေးထွေးမှု့တွေ ရှိနေသင့်တာမဟုတ်လား...
ကြွယ်ဝမှု့အပြည့်နဲ့ အေးစက်စက်အငွေ့သက်တွေသာရှိသော အထီးကျန်ဆန်နေတဲ့ အိမ်....
ဝင်ဝင်ခြင်းမှာပဲ...ကြီးမားကျယ်ဝန်းတဲ့ ဧည့်ခန်း...
တန်ဖိုးကြီးမှန်းသိသာစေတဲ့ ဆိုဖာခုံတွေ...
သူနဲ့ အသွင်ပြင်ကွာခြားလွန်းလှတဲ့ရုပ်ရှည်ရှိတဲ့ အမျိူးသားကြီး တစ်ဦး သူတို့ဝင်လာတဲ့ဘက်မျက်နှာမူကာ ထိုင်နေလျှက်...
မာထန်ထန် မျက်နှာထားကြောင့်.. သူမ အနည်းငယ်ကြောက်ရွံမိတယ်.
" ဒါ ကိုယ့်ဦးလေး "
သူမ ပြုံးကာ နှုတ်ဆက်ဖို့ ပြင်လိုက်ပေမဲ့..
'' မင်းတိမ်လွှာ....ကိုယ်စတဲ့ ဇာတ်ရှုပ် ကိုယ်နိုင်အောင် က ဖို့ပြင် "
ပြောလိုရာသာပြောပြီးနေရာမှ ထ ထွက်သွားတဲ့ သူ့ဦးလေး..
သူမကိုဂရုမစိုက်သလို....ကြိုဆိုပုံလဲမရှိ
ဘယ်သူက သူ့ဦးလေးမဟုတ်ဘူး ထင်မှာစိုးလို့လဲ.. ရုပ်သာမတူတာ စာရိုက်ကတော့ သူ့အတိုင်းပဲ...
ကြောင်လိမ်လှေကားတွေအတိုင်း...သူခေါ်ဆောင်ရာ အနောက် လိုက်သွားတော့...
" ဒါ ကိုယ့်အခန်းပဲ..."
အခန်းတံခါးဖွင့်ဖွင့်ချင်း...ဧည့်ခန်းပုံစံ ဆိုဖာ နဲ့ ကြီးမားလွန်းတဲ့ TV....
ခပ်ကျယ်ကျယ်ကျွန်းကုတင်ကြီးပေါ်မှာ အိစက် နူးညံ့လွန်းလှတဲ့ အိပ်ယာ...
Slide door ခပ်ဟဟ ထဲ ဖွင့်ဝင်လိုက်တော့....
အကျီ ဖိနပ် ခါးပတ် နက်ခ်တိုင်..
သူ့အကန့်နဲ့သူ...စီရီပြီး ထားထားတဲ့ အဝတ်အစားတွေ ထားတဲ့ အခန်း....
ယောက်ျားလေးဝတ်တင်မဟုတ်...
မိန်းကလေး အဝတ်အစားအသုံးဆောင်တွေပါ အပြည့် ဖြည့်ထားပေးတယ်...
" အင်း...မင်းအဝတ်အစားတွေ ရောက်နေပြီပဲ "
'' ညီမ အဝတ်အစား "
'' အင်း မင်းအတွက်အဝတ်အစားအသစ်တွေ ထည့်ခိုင်းထားတာ...ဒီအခန်းထဲက အမျိူးသမီးအသုံးအဆောင်ပစ္စည်းတွေ အကုန် မင်းအပိုင်နော်..မင်းအတွက်ကြ်ိီးပဲ "
အိမ်သာရေချိူးခန်းအပြင်.....
မီးဖိုချောင်နဲ့ ထမင်းစား စားပွဲ နှစ်ယောက်စာ အပြင်အဆင်...
ဝရံတာကို...မှန်အပြည့်ကာထားပြီး...
mini garden ပုံစံပြင်ဆင်ထားကာ..
အနားယူ အပန်းဖြေဖို့ ပြုလုပ်ထားပုံရတဲ့...ခုံတန်းရှည်ရှည်လေး...လူတစ်ယောက်အေးဆေးအိပ်လို့ရတယ်..
ဘေးမှာ နံရံကပ်စာအုပ်စင်လေးပါထည့်သွင်းထားပုံအရ Mini garden လေးထဲမှာ စာအုပ်ဖတ်ရင်း အနားယူဖို့ စိတ်ကူးကောင်းကောင်းနဲ့ ပြင်ဆင်ထားပုံရသလို...
သူ့အခန်းတစ်ခန်းရဲ့ အကျယ်အဝန်းတင် အိမ်တစ်လုံးစာ ရှိနေပါရော......