"အဟင့်....ဟင့်....ဟီး...ဟင့်..."
ဓိ သူထပ်နမ်းလိုက်လို့ အခုအချိန်ထိ
အငို မတိတ်တော့တဲ့ သူမကြောင့်
သူ စိတ်ညစ်နေမိသည်။
မိန်းကလေးတွေနဲ့ မရောတဲ့သူ
အခု သူမနဲ့ ကျမှ သူဒုက္ခတွေ့နေရ
တော့သည်။
သူ့အနား မလာနဲ့လို့လည်း ပြောမရ...
သူမ ရောက်လာတော့ သူစိတ်မထိန်း
နိုင်လို့ နမ်းမိရင်လည်း သူမက ငိုပြန်သည်။
ဓိ တွေးနေရင်း မျက်ခုံးထူထူကြီးကို
လက်မနဲ့ အသာခြစ်နေမိပြီး သူမကို
ငဲ့ကြည့်၍....
"ဒီမှာ မင်း...တိတ်တော့ နောက်မနမ်း
တော့ဘူး...''
"ဘာ..ရှင် သူမကို ဒီတစ်ခါလာနမ်းရင်
ပါးရိုက်ပစ်မယ်..အဟင့်...ဟင့်...."
ဓိ သူ့ကို မကျေမနပ်ကြည့်ကာ
ကျိန်းနေတဲ့ သူမလေးကြောင့်
သူ ရယ်ချင်သွားပင်မဲ့လည်း
သူ မျက်နှာကို တည်ထားတာ...
"ဒါဆိုလည်း ငါ့ရင်ခွင်ထဲ လာမအိပ်နဲဲ့လေ..."
သူမ သူ့ကို ရန်ပြန်တွေ့နေတဲ့ သူ့ကြောင့်
မကျေမနပ် ကြည့်ကာ...
"ကျွန်မကရော အိပ်ချင်လို့ အိပ်နေတယ်
ထင်နေလား...ခွေးအူသံကြောက်လို့
ရှင့်အနား လာအိပ်တာသိလား....''
"အာ့ဒါတော့ မသိဘူး ငါကတော့
ငါ့အနားလာရင် နမ်းမှာပဲ..."
"ရှင်က တနှာရူး..."
"အဟက်...ငါလည်း ယောကျာ်းပဲ
တနှာတော့ ရူးရမှာပဲ မင်းတောင်
ဂန်ဒူးကို ကြိုက်လို့လား..."
"တောက်.."
သူမ သူ့က်ို အရမ်းအမြင်ကပ်လာတာ
ကြောင့် စကားမပြောတော့ဘဲ ဒီဘက်ကို
ပြန်လှည့်ကာ မျက်ရည်တွေ သုတ်နေတော့သသည်။
အရင်က သူ့ကို လူကောင်းထင်မိသော်လည်း
အခုသူလည်း တနှာရူးပဲ....
သူမ တွေးပြီး အားငယ် ဝမ်းနည်း
လာကာ ဇော် သူမအပေါ် ကောင်း
ခဲ့တာတွေက်ို သတိရပြီးမျက်ရည်
တွေသုတ်နေတော့သည်။
ဓိ အနောက်ကနေ သူမ ကျောပြင်လှလှ
လေး တစ်ချက်တစ်ချက် သိမ့်သွားတာ
မြင်တော့ သူမ ထပ်ငိုနေပြီဆိုတာ သိတာ
ကြောင့် သူ သက်ပြင်းချကာ...
"ငါက စတာပါ..မနမ်းဘူးစိတ်ချ..
မင်းကို ငါ ရန်ကုန်ပြန်ရောက်အောင်
ကာကွယ်ပေးမှာပါ...."
သူမ သူ့စီကထိုစကားကို ပြန်ကြားရတော့
လည်း စောစောက သူ့ကို စိတ်ဆိုးနေတဲ့
စိတ်တွေ ပျောက်သွားပြန်ကာ...သူ့ကို
ပြန်ကြည့်လိုက်ပြီး...
"ဒီမှာ ရှင်တကယ်ပြောနေတာလား..."
သူမ ပါးပြင်ပေါ်က မျက်ရည်တွေ
သုတ်ကာမေးတော့ ဓိ စောစောက
သူ့ကို စိတ်ဆိုးနေပုံနဲ့ မတူတော့တဲ့
သူမကို မျက်ခုံးတွေ ပင့်တက်စွာ
ကြည့်လိုက်မိသည်။
စိတ်ဆိုးတာလည်း ခဏခဏ...မချော့
ရသေးပဲ ပြေတာလည်း သူမပင်။
ဓိ ခေါင်းငြိမ်ပြ၍...
"ဟုတ်တယ်..."
ဓိပြောပြီး ဘေးဘီကို တစ်ချက်
ဝေ့ကြည့်၍ သူမအနားတိုးကပ်လိုက်ကာ
"ဒီည မင်းအဝတ်တွေ ပြန်လဲထား
ငါတို့ ညရောက်တာနဲ့ ထွက်ပြေး
ကြမယ်..."
"ဟင်..."
သူမအနား ကပ်ပြောလိုက်တဲ့သူ့ကို
မျက်ဝန်းလေးပြူးကာကြည့်ပြီး...
"ရှင်ပြောတော့ သိန်းနှစ်သောင်း
ပေးမလို့ဆို...."
ဓိပြုံး၍ သူ့မကို မမှိတ်မသုန်ကြည့်
လိုက်ကာ....
"သူတို့ကို ဘာလို့ အလကာ ပေး
ရမှာလည်း တစ်ပြားတစ်ချက်မှ
မပေးနိုင်ဘူး..."
"ဟင်...ဒါပင်မဲ့ ရှင်မရှိရင်လည်း
သူမ ရန်ကုန်ရောက်ရင် ပြန်ပေးပါ့မယ်.."
ဓိ အရမ်းပေးချင်နေတဲ့ သူအကို
သေချာကြည့်ကာ..
"ငါကတော့ မပေးနိုင်ဘူး မင်းပေးချင်
ရင် ရန်ကုန်ပြန်ရောက်မှ မင်းငါ့က်ိုပေး...''
သူ့အပြောကြောင့် သူမ ချက်ချင်း
မျက်စောင်းလေးထိုးပြီး တစ်ဖက်ကို
ပြန်လှည့်သွားတော့ ဓိ ဆံပင်တွေကို
ဖွလိုက်ကာ မျက်နှာမဲ့ မဲ့တဲ့တဲ့ ဖြစ်သွား
ပြီး...
ဆိုးပြန်ပြီး စိတ်က မစိတ်တိုပဲ...
သူစိတ်ထဲကနေ ပြောပြီး
ခေါင်းခါလိုက်ကာ သူမ
တစ်ဖက်လှည့်နေတာကို ကြည့်၍...
"နေ့လည် အိပ်ရေး အဝအိပ်ထား...
လာပေးတဲ့ စားစရာကိုလည်း အဝစား
ထား မကုန်ရင် အိတ်ထဲ ထည့်ထား..."
သူပြောနေသော်လည်း သူမက သူ့ကို
ပြန်လှည့်ကြည့်ပြီး မဖြေတာကြောင့်
ဓိ မျက်မှောင်ကြီးကုန်ကာ...
"သူမ ငါပြောတာ ကြားလား..."
"ကြားတယ်..."
ခပ်ပြတ်ပြတ်လေး ပြန်ပြောလာတဲ့
သူမကြောင့် ဓိစိတ်တွေ လျော့လ်ိုက်ပြီး
မျက်နှာသစ်ရန်ထွက်လာလိုက်တော့သည်။
မဟုတ်ရင် ဒီနေ့ ရန်ဖြစ်လို့ ပြီးမှာမဟုတ်ပေ...
ဘယ်သူ့အပေါ်မှာ မှ စိတ်မရှည်တက်တဲ့ ဓိ
အခုတော့ စိတ်တွေကို လျော့နေရတော့သည်Z။
ဓိ မင်းစိတ်လျှော့...
သူမ အပြင်ကို ထွက်သွားတဲ့သူ့ကို
မျက်စောင်းလေးထိုး၍..
"ဟွန့်..သူ့ကိုယ်သူ အရမ်းထင်ကြီး
တဲ့လူ...နှာဘူး တနှာရူး..."
"မင်းငါ့ကို ပြောပြန်ပြီ..."
"အမလေး..."
တံခါး အပြင်ဘက်က ထွက်လာတဲ့
အသံကြောင့် သူမ ကိုယ်လေးတုန်
တက်သွားကာ မျက်ဝန်းလေးပြူး
ပြီး ကြည့်လိုက်ကာ...
"ရှင် ရှင် မသွားသေးဘူးလား..."
ဓိ အပြင်ဘက်ကနေ အထဲက သူမရဲ့
ဖြစ်နေတဲ ပုံလေးကို ခန့်မှန်းမိတော့
မျက်နှာမှာ ရယ်ချင်သလို ဖြစ်နေကာ
မနည်းပြန်တည်ထားပြီး...
"မင်း ဘာအတင်းပြောမလည်းလို့
နားထောင်နေတာ..."
သူမ သူအပြောကြောင့် နှုတ်ခမ်းဖူးဖူး
လေးက မဲ့လ်ိုက်ကာ မျက်စောင်းလေး
တွေပဲ ထိုးနေမိတော့သည်။
------====----------------------------^^^^^🍅🍓🍓🍓🍓🍓🍓🍓
"ဆရာ..သူတို့ကို ဒီအတိုင်းပဲထား
တော့မှာလား.."
တာတီ မကျေမနပ်ပြောလာတာ
ကြောင့် ခေါင်းဆောင်ဖြစ်တဲ့လူ
က တည်ငြိမ်စွာ ပြန်မေးတော့
တာတီ မျက်လုံးကြီးပြူးကာ...
"ဟာ..ဆရာ ဘာဖြစ်ရမှာလည်း အခုဆို
၃ ရက်ရှိပြီး ဟို မှန်ထဲက စကားထွက်လာ
တာတစ်ခါပဲ ရှိသေးတယ်..ဆရာက
အဲဒါနဲ့ပဲ ငြိမ်နေပြီး သူတို့ကို အစားအကောင်း
တွေ ကြွေးနေတာ...."
တာတီမကျေမနပ်ပြောတော့ ခေါင်းဆောင်
ဆိုတဲလူ ဒေါသထွက်သွားကာ....
"ဟ..သူတို့က ငါတို့ရဲ ငွေတွေလေ..ဒါကြောင့်
ငါ့လက်ထဲ ပိုက်ဆံမရောက်မချင်း မင်းသူတို့ကို လက်ဖျားနဲ့တောင် သွားမထိပါစေနဲ့... မင်းကိုငါသတိပေးထါးရက်နဲ့ မင်းတနှာရူးပြီး
သွားထိလို့ကတော့... "
ဂျောက်....
ခေါင်းဆောင်ဖြစ်တဲ့လူက သေနပ်ကို
မောင်းတင်လိုက်၍ တာတီးဆိုတဲ့
လူရဲ့ ခေါင်းကို ချိန်လိုက်ကာ...
"ဒီ ထဲက ကျည်ဆံက မင်းအတွက်
ဖြစ်သွားလိမ့်မယ် တာတီ..."
ထိုအခါ တာတီးဆိုတဲ့လူရဲ့ မျက်နှာ
ကြောင်ရွံ့သွားကာ ခေါင်းငြိမ့်လိုက်ပြီး...
"ဟုတ်ကဲ့ပါ ဆရာ...ဒါပင်မဲ့...
ဆရာလက်ထဲ ငွေတွေရောက်တဲ့.အချိန်ဆို
ကျွန်တော် ကောင်မလေးကို ခေါ်ထားလို့
ရပြီလား..."
တာတီး ဝမ်းသာအားရမေးတော့
ဓားမြ ခေါင်းဆောင်က မှုတ်ဆိတ်
အမွှေးအရှည်ကြီးကို ပွတ်လိုက်ကာ
မဲပြီး ကြမ်းထော်နေသော မျက်နှာကြီး
က ပြုံး၍...
"အဲဒီအခါ မင်းသဘောပဲ...တာတီ..."
ထိုအပြောကြောင့် တာတီးဆိုတဲ့လူ
မျက်နှာကြီးမှာ ပြုံးချိုသွားပြီး တစ်ဖက်က
တဲအတွင်းကို ဝင်ရောက်သွားတော့သည်။
ထိုအခါ သူတို့နှစ်ယောက်အပြောကို
ထမင်းချက် ကောင်လေးကြားသွားတာ
ကို တော့ သူတို့သတိမထားမိချေ။
အောင်သောင်း ခြေသံက်ို တဖြည်းဖြည်း
နင်းကာ သူချက်ပြုတ်ရာနေရာကို ရောက်
လာတော့ တွေဝေနေမိသည်။
သူမြို့က အကိုနဲ့ အမကို ကယ်ထုတ်ရမည်။
မဟုတ်ရင် နှစ်ယောက်လုံး ဒုက္ခရောက်
ကုန်တော့မည်။
ဟိုအမ ဖြူဖြူချောချောလေးက တာတီး
ဆိုတဲ့ ရုပ်ဆိုးဆိုး အသားမည်းမည်းအကောင်
တနှာရူးနဲ့ လုံးဝမတန်..ပြီးတော့ ထို အမမှာ
ကိုယ်ဝန်ရှိနေတယ်လို့လည်း သူကြား
သည်။
ဟိုအကိုကလည်း ချောချော..အမကလည်း.ချောချော သူတိူ့နှစ်ယောက်ပဲ
သဘောတူတယ်...ကလေးလေးကိုလည်း
ဖခင်မရှိတာ မမြင်ချင်..သူဆုံးဖြတ်ချက်
ချလိုက်ပြီး....ထိုအကိုနဲ့ အမအတွက်
ထမင်း ဟင်း စားစရာ အသီး အချို့ကို
သူ ဗန်းထဲ ထည့်ကာ...ယူပြီး ထွက်လာ
လ်််ိုက်သည်။
--------------------------=-==========^^^^🍓🍓🍓🍓🍓🍓🍓
တီ..တီ..ပွန်......
"ဟင်.."
ဒေါ်ကဗျာမေ သမီးလေးကို စိတ်ပူနေတာ
ကြောင့် လူက ဘာမှလည်း စားမဝင်တော့ပေ။
သူမ ဆိုဖာမှာ ပင်ပနနွယ်နယ်စွာထိုင်နေတုံး
ကားသံကြားတာကြောင့် သူမ ခေါင်းလေး
ထောင်ကာ အိမ်ထဲ ဝင်လာမဲ့ သူ့ကို
ကြည့်နေလိုက်သည်။
ခဏနေတော့ အိမ်ထဲ ဝင်လာတဲ့
ဇော်ကြောင့် သူမ ဝမ်းသာသွားကာ
"သားရယ် သမီးလေးကို အဆက်အသွယ်
ရပြီလားဟင်..."
အရမ်းစိုးရိမ်နေတဲ့ အန်တီကို ဇော်
ခေါင်း ခါပြပြီး...
"မရဘူး အန်တီး အဲဒါ ကျွန်တော် မွန်ပြည်
နယ်ဘက်ကို လိုက်သွားမလို့....အန်တီကို
လာပြောတာ အရမ်းလည်း မစ်ိုးရိမ်နဲ့နော်
အန်တီ...ကျွန်တော်ပန်းကို မတွေ့တွေ့
အောင် ရှာပေးမှာပါ...အန်ကယ်ရော..."
ဒေါ်ကဗျာ မေခေါင်းငြိမ့်လိုက်၍...
"သားအန်ကယ်က သမီးကို စုံစမ်း
ဖို့ အသိတွေဆီသွားတယ်ကွယ်..
အန်တီကြောင့် ပါ သမီးလေးကို
အန်တီ မသွားခိုင်းရင်အခုလို မျိုး
ဖြစ်မှာ မဟုတ်ဘူး အဟင့်...ပြီးတော့
သမီးအဖေ စုံစမ်းတာ အဲဒီဘက်မှာ
ဓားမြတွေ ပေါတယ်တဲ့ သမီးလေး
ဒုက္ခရောက်ပြီလား မသိပါဘူးကွယ်.. ''
ဇော် အန်တီကို သူလည်း စိတ်မကောင်း
စွာကြည့်ပြီး...
"အန်တီ...အရမ်းစိတ်မပူပါနဲ့...ကျွန်တော်
သူမကို တွေ့တာနဲဘ အန်တီဆီ ဖုန်းဆက်မယ်ပါ့မယ်...အဲဒါဆို ကျွန်တော် အချိန်ရှိတုံးလေး
သွားလိုက် မယ်အန်တီ...ပြီးတော့ သူမ
သူ့မကိုယ်သူမ ကာကွယ်နိုင်မှာဆိုတာ
ကျွန်တော်ယုံတယ်.... "
"သား ဂရုစိုက်သွားနော်..."
"ဟုတ်ကဲ့..အန်တီ..."
ဇော်ပြောပြီး ထရပ်လိုက်ကာ ကားရှိရာ
ကို လျှောက်လာ၍ ကားပေါ်တက်လိုက်ပြီး
သူမကို ရှာဖွေရန် မွန်ပြည်နက်ဘက်ဆင်းတဲလမ်းကို မောင်းလာခဲ့လိုက်သည်။
ဇော်လည်း အန်တီကို မဆိုးရိမ်နဲ့လို့သာ
ပြောတာ သူ့ရင်ထဲမှာလည်း သူမကို စ်ိုးရိမ်
လွန်းလို့ ရင်ဘက်ကြီးလည်း ပေါက်ထွက်မတက်ပေ။
သူ ကားမောင်းနေရင်း သက်ပြင်းအသာ
ချ၍...
"သူမ မင်းဘယ်ရောက်နေပြီလည်း
ကိုယ် မင်းကို အရမ်းလွမ်းတယ်..."
သူမောင်းလာရင်း အရှေ့မှာ မိန်းကလေး
တစ်ယောက် ကားတားနေတာကြောင့်
သူ ကားကိုရပ်လိုက်တော့ မြင်လိုက်ရတဲ့
ဟိုမိနကလေးကြောင့် သူ မျက်မှောင်ကြီး
ကုတ်၍...
"ဘာကိစ္စ ရှိလို့လည်း..."
ခ ဟိုလူဖြစ်နေတာကြောင့် စိတ်ထဲ
အနည်းငယ် အမြင်ကပ်သွားသော်လည်း
ဒီနေရာမှာ သူ့ရဲ့ကားတစ်စီးသား လာသော.ကြောင့် မျက်နှာလေးကို ငယ်ထား
မိသည်။
ကိုက်ို မွန်ပြည်နက်ဘက်မှာလို့
သူမ ဖေဖေနဲ့ မေမေ စကားပြောနေတာ
ကို ကြားခဲ့ရတာ ဖြစ်သည်။
ကိုကို ကိုယ်အရမ်းလွမ်းနေပြီ ဖြစ်တာ
ကြောင့် ဘယ်သူမှ မသိအောင် အိမ်က
ထွက်လာပြီး မွန်ပြည် နယ်ဘက်သွားမဲ့
ကားနဲ့ လိုက်မည် ဆုံးဖြတ်ကာ ဒီလမ်းမှာ
စောင့်နေတာ ကြာပြီ ဖြစ်သည်။
ခ အကြာကြီး စောင့်နေသော်လည်း
နေသာ မြင့်လာသည် ကားက တစ်စီး
မှ မတွေ့ရပေ။
အခုတော့ လာတော့လည်း ဒီလူဖြစ်နေတာ့
ခ ခခယယတောင်းပန်ရအုံးမှာပေါ့...
ခကို မျက်မှောင်ကြီးကုတ်ကာ ကြည့်နေ
သော သူ့ကို ခ မျက်နှာချ်ိုသွေးကာ
ကြည့်လိုက်ပြီး..
"ဟို ရှင် မွန်ပြည်နယ်ဘက် သွား
မလို့လားဟင်..."
အိတ်တစ်လုံးလွယ်ကာ သူ့ကို
မေးနေသော ထိုမိန်းကလေးကို
သူခေါင်းငြိမ့်ပြ၍...
"ဟုတ်တယ်.."
ခ ဝမ်းသာသွားကာ..
"ခကိုလည်း ခေါ်ပါလားဟင်..."
"ဘာ..."
သူအော်လိုက်တာကြောင့် ခထိပ်ထိပ်ပြာပြာ
လေးဖြစ်သွား၍..လက်ကလေးခါပြကာ..
"ဟို တစ်မျိုး မထင်ပါနဲ့ ကိုကိုက မွန်ပြည်
နယ်ရောက်နေတယ် အာ့ဒါကြောင့်ခ လိုက်သွားမလိူ့ပါ...ကားကလည်း စောင့်ရမှာ
ကြာအုံးလေ ခတစ်ယောက်ထည်း အဆင်
မပြေလို့ ပါ..."
ဇော် သူမပြောတာကို ခေါင်းငြိမ့်၍...
"တက်..လိုက်ခဲ့...''
ခ ဝမ်းသာသွား၍ ခေါင်းလေး.ငြိမ်လိုက်ကာ
ကားတစ်ဖက်ခန်းမှာ ဝင်ထိုင်လိုက်တာနဲ့.ကား
လေးကလည်း မောင်းထွက်လာတော့သည်။
----=-==----------------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓
ဒုတ်...ဒုတ်..ဒုတ်....
ဓိ ထမင်းချက်ကောင်လေးပေးထါး
သော ဓားလေးနဲ့ ဝါးလေးတွေကို
အချွန်လေးတွေ ဖြစ်အောင် ချွန်နေ
မိသည်။
သူမနဲ့ သူထွက်ပြေးရမှာ ဆိုတော့
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လက်နက်
လိုတယ် မဟုတ်လား...
သူ လုပ်နေရင်း တစ်ဖက်တွင် ထိုင်နေသော
သူမကို သူကြည့်လိုက်မိသည်။
သူမ ငိုင်ငိုင်လေး ဖြစ်နေကာ ဘာတွေ
တွေးနေလည်း မသိ။
ဓိလည်း မသိချင်ယောင်ဆောင်ကာ
လုပ်စရာရှိတာ လုပ်နေလိုက်သည်။
ဒေါက်...ဒေါက်...
"အကိုတို့ ကျွန်တော်ပါ စားစရာ
တွေ လာပို့တာ..."
အဲဒီတော့မှ ဓိနဲ့သူမ တစ်ယောက်
ကို တစ်ယောက် ကြည့်ပြီး ဓိ ဝါးချွန်တွေ
ကို ကွပ်ပြစ်လေးရဲ့ အနောက်ဘက်တွင်
ထားလိုက်ပြီး...တံခါး သွားဖွင့်ပေးတော့
ထိုကောင်လေးက စားစရာတွေ ဗန်းအပြည့်
နဲ့သယ်ကာ သူတို့ကို ရယ်ပြနေတာကြောင့်
သူလည့်း ပြန်ပြုံးပြပြီ...
"အထဲ ဝင်လေ ညီ..."
"ဟုတ်ကဲ့ အကို..."
သူတံခါး ဖွင့်ပေးတော့ ထိုကောင်လေး
ဝင်လာပြီး ထိုင်နေသော သူမကိုပါ
ရယ်ပြတော့ သူမ မျက်စောင်းလေး
ထိုးလိုက်မိသည်။
ဓိ သူမ အပြုအမူကြောင့် အားနာသွားကာ....
"sorry ညီ ကိုယ့်မိန်းမက အဲဒီလိုပဲ
လူမှုဆက်ဆံရေးညံ့တယ်..."
"ရတယ် အကိုရဲ့...ဟဲဟဲ..
ကျွန်တော် နားလည်ပါတယ်.."
သူမ သူ့ရဲ့ မိန်းမဆိုတာကြောင့်
နှုတ်ခမ်းလေးကိုက်ထားပြီး
တစ်ဖက်ကို လှည့်နေလိုက်တော့သည်။
ဓိလည်း သူမပုံစံလေးကို ကြည့်ပြီး
သက်ပြင်းလေးချကာ..
"ညီလေးအစစ အရာရာအတွက်
ကျေးဇူး တင်ပါတယ်..."
ထိုကောင်လေးက လက်ထဲကစား
စရာတွေကို ချပေးကါ..
"ရတယ်အကို ပြီးတော့ ဒီမှာရော့..."
ဓိ သူ့ကို စာရွက်အခေါက်လေးနဲ့ မီးခြစ်
အိတ်လေးတစ်လုံးပါ လာပေးတါကြောင့်
ထိုကောင်လေးကို နားမလည်သလို ကြည့်ကာ.
"ဒါက.."
"ရူး အကို..ကျွန်တော်ပြန်သွားရင်.ဖတ်ကြည့်
အကို နားလည်သွားလိမ့်မယ်..ညနေကြ
ရင် ဓာတ်မီး ယူလာပေးမယ်..."
ပြောပြီး ထွက်သွားတဲ့ ထိုကောင်လေး
ကို ဓိကြည့်ပြီး နားမလည်နိုင်စွာ ကျန်နေ
ခဲ့တော့သည်။
ဓိ လက်ထဲက စာရွက်လေးကို ကြည့်လိုက်
တော့ သူ အံကိုကြိတ်လိုက်၍..ဘာမှ မသိ
စွာ တစ်ဖက်ကို လှည့်ထိုင်နေသော သူမအနား
သွားကား စားစရာ ဗန်းကို ယူလိုက်၍...
"သူမ ဒီဘက်လှည့် ထမင်းစားမယ်.. "
"ကျွန်မ မစားချင်ဘူး..."
မလှည့်လာဘဲ ပြောနေတဲ့ သူမကြောင့်
ဓိ လက်တွေ ရပ်တန့်သွားပြီး..
"မင်း ဒီမှာ နေခဲ့ချင်လို့လား....''
"ဟင့် ရှင်ဘဲ ထားခဲ့ ချင်နေတာ
မဟုတ်ဘူးလား.."
"ဟာ..ဘယ်မှာ ပြောလို့လည်း.. "
ဓိ ရုတ်တရပ်ကြီး ထငိုကာ
ပြောလာတဲ့ သူမကြောင့်
နားမလည် သလို ဖြစ်သွားကာ..
"ငါ ဘယ်မှာ ပြောလို့လည်း.."
"ရှင် အဲဒီလိုကြီးမပြောပင်မဲ့လည်း
သူမကို အော်နေတာလေ...''
"ဟာ..."
ဓိ အပြောင်းအလဲ မြန်လွန်းတဲ့ မိန်းမတွေ
ရဲ စိတ်ကြောင့် သူ ရှင်းပြမတက် ဖြစ်
သွားကာ..စားစရာဗန်းက်ို တစ်ဖက်ကို
ချလိုက်ပြီး...သူမအနောက်မှာ ထိုင်လိုက်၍...
"သူမ ကိုယ့်ဘက်ကို လှည့်..."
ဓိ သူပြောသော်လည်း လှည့်မလာတဲ့
သူမကြောင့် စိတ်မရှည်တော့စွာ ခါးလေး
ကနေ ကောက်ပွေ့လိုက်ပြီး ပေါင်ပေါ်တင်လိုက်တော့..
"အို..အမလေး ရှင်ဘယ်လို လုပ်လိုက်တာလည်း...."
သူ့ပေါင်ပေါ်ကနေ လန့်ဖျန့်ပြီး အတင်း
ရုန်းလိုက်တဲ့ သူအကြောင့် သူ သူမခါး
လေးကို တင်းနေအောင် ဖက်ထားလိုက်ပြီး..
သူမရဲ့ ဆူပုတ်နေသော မျက်နှာလေးကို
ပြုံးပြီး စူးစိုက်ကြည့်ကာ..
"ပြော ကိုယ့်ကို ဘာတွေ စိတ်ဆိုးနေတာလည်း.. z''
သူမ သူ့ရဲ့ နူးညံ့တဲ့အကြည့် အပြော
တွေကြောင့် မျက်နှာလေးမှာ ရှက်လွန်းသဖြင့်
ရဲလာကာ..
"ဖယ်ပါ မဆိုးဘူး...."
အခုမှ အတင်းရုန်းနေတဲ့ သူအကြောင့်
ဓိ ခပ်ညစ်ညစ်ပြုံး၍...သူမ မျက်နှာ
လေးအနားတိုးကာ...သူမ မျက်ဝန်း
တွေကို စိုက်ကြည့်ပြီး ထွက်သက်ဝင်သက်တို့
က တစ်ယောက်မျက်နှာကို တစ်ယောက်
ရိုက်ခပ်နေကာ....
"နောက် ကျသွားပြီး ကိုယ်က မင်း
စိတ်ဆိုးပြေအောင် ချော့တော့မလို့..."
သူမ သူ့စကားတွေကြောင့် သတွေးလေး
မျိုချကာ သူ့ကို မျက်ဝန်းပြူးပြူး လေးနဲ့
ကြည့်နေမိတော့သည်။
ထိုအချိန် အပြင်ဘက် ပတ်ဝန်းကျင်တွင် လှပသော နေရောင်
လေးက သဘာဝတရားကြီးကို ပိုလှပအောင်
ဖန်တီးပေးထါးတော့သည်။
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း