book

Index 7

အပိုင်း (7)🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action

"ရပြီလား..."


ဓိ ခေါင်းဆောင်ဆိုတဲ့လူကို သေချာကြည့်ကာ

မေးတော့ ပိုက်ဆံရတော့မယ်ဆိုတော့ ထိုလူရဲ့

မျက်နှာမှာ ပြုံးပျော်နေပြီး သူ့ကို ပြုံး၍ ကြည့်ကာ...


"ရပြီး ရပြီး အေးဆေးနားလို့ရပြီ...."


ပြောပြီး ဓိ သူမ လက်ကလေးကို 

ကိုင်ပြီး ပြန်လှည့်လိုက်၍ ပြီးမှ

ထိုလူကြီးဘက်ကို ပြန်လှည့်ကာ 


"ဒီမှာ ဟိုလူ တာတီဆိုတဲ့လူ

ကျုပ်တို့တဲနားကို မလာပါစေနဲ့..."


ဓိ လက်ညိုးထိုးကာပြောတော့

ထိုလူမှာ မျက်နှာကြီး ပျက်သွား

ပြီး သူ့ကို မကျေမနပ်ကြည့်လာ

တော့ ဓိလည်း မကျေလည်သော

အကြည့်ဖြင့် ပြန်ကြည့်ပေးလိုက်

တော့...ထိုလူ တစ်ဖက်ကို ပြန်လှည့်

သွားတော့သည်။


ထိုအခါ ခေါင်းဆောင် ဖြစ်တဲ့လူက

ရိပ်မိသွားပြီး..


"ဟေ့ကောင် တာတီး မင်ကိုငါ

ပြောထားတယ်လေ...ဘာကိစ္စ

ငါ့စကားနားမထောင်ရတာလည်း

မင်း သေချင်ပြီလား နောက်တစ်ခါ

မင်းနှထတဲ့ ကိစ္စ ငါသိရကြည့် 

မင်းနဲ့ငါနဲ့ အတွေ့ပဲ..."


"တောက်..."


ခေါင်းဆောင်ဆိုတဲ့လူပြောတော့

ထိုလူက တောက်ခပ်ပြီး မကျေမနပ်ကြည့်

ကာ ထွက်သွားတော့မှ ခေါင်ဆောင်ဆိုတဲ့

လူက ဓိကို ပြုံးပြကာ...


"စိတ်ချ...ငါသူ့ကို သေချာကြည့်ထား

မယ် မင်းတို့အနား မလာစေရဘူး....''


ဓိလည်း ခေါင်းငြိမ့်လ်ိုက်ပြီး ဘေးက

သူမလက်ကလေးကို ဆွဲကာ ထွက်လာ

လိုက်သည်။


သူမ သူ့ရဲ့ တင်းမာနေတဲ့ မျက်နှာကို

ကြည့်ပြီး သတွေးမျိုချလိုက်ကာ

မရဲတရဲလေး သူ့ အင်္ကျီစကို ကိုင်လိုက်

တော့ သူက သူမကို ပြန်ကြည့်လာတာ

ကြောင့် သူမ သူ့ကိုပြုံးပြကာ...


"ဟို..သူမ ရှင့်ကို တစ်ခုလောက် မေးလို့

ရလားဟင်..."


ဓိ တဲလေးထဲကို ရောက်တော့ ကွပ်ပစ်လေး

ပေါ်ထိုင်လိုက်ကာ...


"မေးလေ..."


သူ မလည်း ကွပ်ပစ်လေးရဲ့ တစ်ဖက်အစပ်

တွင်ဝင်ထိုင်လိုက်ပြီး...


"ဟို...ရှင်...တကယ်ကြီးသူတို့ကို

ပိုက်ဆံပေးမလို့လားဟင်...."


သူ့ကို မျက်ဝန်းဝိုင်းကာ မေးလာတဲ့

သူမကို သူငဲ့ကြည့်ပြီး..


"မင်း ဘယ်လိုထင်လို့လည်း... "


သူမ သူ့ကို မျက်စောင်းလေးထိုး

ပြီး  ..


"အို..ရှင်ကလည်း သူမက မသိ

လို့မေးတာပေါ့..သိရင် မေးမလား.."


ဓိ သူ့ကို ရန်စီးတွေးနေသော

သူမကြောင့် သူပြုံးလိုက်ကာ...


"နံရံတိုင်းမှာ နားတွေရှိတယ်..နောက်တစ်

ခါ စကားပြောရင် ဆင်ခြင်ပြော..."


သူ့စကားကြောင့် သူမ မျက်စောင်း

ထိုးလိုက်ကာ..တစ်ဖက်ကိုလှည့်လိုက်ပြီး

မဲ့နေလိုက်သည်။


ဓိ သူမကို တစ်ချက် ငဲ့ကြည့်လိုက်ပြီး

ခေါင်းခါရမ်းလိုက်ကာ...ပြုံးလိုက်ပြီး..


"မင်း ညကြရင် ငါ့ရင်ခွင်ထဲ ဝင်မအိပ်တော့

တာ ကောင်းမယ် သူမ..."


သူမ သူ့ဘက်ကို ပြန်လှည့်လာပြီး..

သူ့ကို ပြန်ငဲ့ကြည့်ကာ..


"ဘယ်သူက ရှင်ရင်ခွင်ထဲမှာ အိပ်လို့လည်း

ကျွန်မ ညက ခွေးတွေ ကြောက်လို့..."


ပြောပြီး မျက်စောင်းထိုးသွားတာကြောင့်

သူ မင်သေသေကြည့်လိုက်ပြီး ခေါင်းငြိမ့်

လိုက်ကာ...


"ကောင်းပြီလေ..ဒီည လာကြည့်

မင်းကို ကိုင်ပေါက်ပစ်ပြီး "


သူ့အပြောကြောင့် သူမ မျက်စောင်း

တွေကြီးပဲ ထိုင်ထိုးနေတော့သည်။


ဓိ သူ့ကို အမြင်မကြည်စွာကြည့်နေတဲသူမ

ကြောင့် သူ တစ်ဖက်ကို လှည့်လိုက်ကာ

တည်နေသော မျက်နှာက နှုတ်ခမ်းတို့မှာ

အပြုံးတွေက ခိုတွဲနေတော့သညိ။


နှုတိခမ်းတို့ကလည်း လေးသံလေး

ဖြင့်...


"အဟွန်း..ဘာလေးမှန်း မသိဘူး..."


---------------===--===============^^^^🍓🍓🍓🍓🍓🍓


"တည်နေရာ...ပြန်ပျောက်နေတယ်

ကိုဘက်..."


"ဘာ..."


ဘက်တို့ တောစပ်တစ်နေရာတွင်ရောက်

နေပြီး စခန်းထိုးထားကြကာ ထိုနေရာကနေ

တောတွင်းဝင်ရောက်မဲ့ လက်နက်ကိုင်

အဖွဲ့ ကို ၄ ဖွဲ့ခွဲပြီး တောနက်ကြီးထဲကို

လွတ်ရမှာဖြစ်သည်။


ကံမကောင်းစွာပဲ တည်နေရာမြေပုံ

က အခု ပျော်သွားတယ်ဆိုတာ

ကြောင့် သူတို့ အခက်တွေ့နေမိသည်။


Computer IT သမားလေးက ဘက်ကို

ကြည့်ကာ...


"ဖုန်း ပိတ်သွားလို့ location ပိတ်သွား

တာ ဖြစ်မယ် ကိုဘက်..."


ဘက် ခေါင်းငြိမ့်လိုက်၍...


"အခြား နည်းမရှိတော့ဘူးလား..."


"ဟင့်အင်း မရှိတော့ဘူး ကိုဘက်..

ခဏ ကျွန်တော်အရင်က တည်နေရာ

Saveထားမိလိုက်တာ..ကြည့်လိုက်အုံး

မယ်..."


ထိုကောင်လေးက ပြောပြီး Computer

ကို ကျွမ်းကျင် စွာနှိပ်နေပြီး....မျက်နှာ

မှာ ပြုံးရွှင်စွာ....


"ဟာ..အကိုလေး ဒီမှာ တစ်ခုတော့ရှိတယ်

အရင်လို ကြည့်မရပင်မဲ့ သူဌေးရှိတဲ့နေရာက

တောနက်တဲ့ပုံ လမ်းလျှောက်သွားရင်

နှစ်ရက်လောက်သွားရမယ်..."


"ကားနဲ့သွားရင်ရော..."


"ကားနဲ့ အဆင်မပြေလောက်ဘူး

ကိုဘက် မိုးတွင်းဆိုတော့ လမ်လျှောက်တာ

အဆင်ပြေဆုံးပဲ..."


ဘက် ခေါင်းငြိမ့်လိုက်ပြီး...


"ဒါဆို လေယာဥ်သမားတွေကရော...''


"ပိုဆိုးတယ် ကိုဘက် လေယာဥ် မသုံး

ဖို့ အကြံပေးချင်တယ် မိုးလေဝသက အခု

ရက် အခြေအနေ အဆင်မပြေဘူး ကျွန်

တော်တို့ လမ်းလျှောက်ပြီး သွားမှ အဆင်ပြေ

မယ်..."


ထိုကောင်လေးက နည်းပညာမှာရော

ရာသီဥတုခန့်မှန်းတာရော တော်တာ

ကြောင့် ဘက်ခေါင်းငြိမ်ပြီး နားက

earphoneကို နှိပ်ကာ...


"နေလ...မင်း လေယာဥ် နောက်ပြန်

လဲ့ခိုင်းလိုက်တော့ ဒီဘက်က

ရာသီဥတု သိပ်မကောင်းဘူး..."


သူ ပြောပြီး ဖုန်းချလိုက်ကာ...


ပထမအဖွဲ့ကို လှမ်းကြည့်ပြီး...


"အဖွဲ့1 အနားကို လာခဲ့ပါ..."


အဖွဲ့၁ရဲ့ လူငယ် ဆယ်ယောက်

သေနပ် ကျောပိုးအိတ်ကိုယ်စီနဲ့

သူ့အနားကို ကပ်လာတော့ ဘက် 

Computer ကို ထောင်ပြကာ...


"ငါတို့သွားရမှာ ဒီနေရာကို...တောနက်

မှာကြောင့်် သတိနဲ့ သွားပါ အကိုလေး

ကို ပါအောင် ပြန်ခေါ်ရမယ်...ပြီးတော့

အကိုလေး ဇနီးရော....ပြီးရင် အဖွဲ့

တွေ ပြန်စုံဖို့.. ဒီမှာ...."


သူ ကမ်းပေးသော မီးရူးတွေကို

အကုန်လုံးယူလိုက်ပြီး အာ့ဒါတွေ

နဲ့ မချက်ပြ ပါ...


"ဟုတ်ကဲ့...ကိုဘက်..."


သူခေါင်းငြိမ့်ပြပြီး...


"အာ့ဒါဆို အဖွဲ့ ၁ ဝင်လို့ရပြီ..."


သူပြောလိုက်တာနဲ့ အသီးသီး တောထဲ

ကို ဝင်ရောက် ပျောကိကွယ်သွားတော့သည်။


ဘက် အဖွဲ့ ၂ ဘက်ကို ကြည့်ပြီး...


"အဖွဲ့ ၂ မိုးလင်းတာနဲ့ ထွက်ဖို့

အဆင်သင့်ပြင်ထားပါ.."


"ဟုတ်ကဲ့..."


သူ ပြောပြီး အကိုလေးဖုန်းကို ရနိုင်မလား

ဆိုသည့် မျှော်လင့် ချက်ဖြင့်ခေါ်လိုက်တော့...


"လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထား

ပါတယ်ရှင်... "


ဘက် သင်ပြင်း ချလိုက်ကာ...

အကိုလေးစကားကိုပဲ ကြား

ယောင်နေတော့သည်ဇ။


"ငါ့နဲ့ ငါ့မိန်းမနဲ့..."


ဘက် ထိုစကားကို တွေးမိတော့ မမလေး

ခကို မြင်ယောင်မိသွားကာ...


"ဒါဆို မမလေး ခကရော...ဘာလည်း''


ဘက် ခေါင်းကုတ်လိုက်ကာ...


"ဟူး....ရူပ်အုံးမှာပဲ ဇာတ်လမ်း တွေက

တော့..."


သူပြောပြီး သက်ပြင်းသာ ချနေ

လိုက်သည်။


တောစပ်က မိုးတွင်းပိုင်းဆိုတော့ 

အချမ်းဓာတ်က စိမ့်လာကာ...

တော်သေးသည် သူအနွေးထည်

တွေ ယူလာမိလို့...မဟုတ်ရင် ခဲ

သွားနိုင်လောက်သည်။


အကိုလေးတို့ရောအဆင်ပြေရဲ့လား

မသိ...ပြေမှာပါ မိန်းမရှိတော့ မိန်းမကို

ဖက်ထားမှာတော့ မြင်ယောင်နေမိပြီး

ဘက် မျက်နှာမှာ ပြုံးစိစိ ဖြစ်နေတော့သည်။


ဘေးက သုတတစ်ယောက် အကိုဘက်

မျက်နှာ ပြုံးစိစိဖြစ်နေတာကြောင့် သူပါ

မျက်နှာမှာ ပြုံးသွားကာ...


"အကိုဘက်..ဘာတွေ ပြုံးနေတာလညိး.."


ဘက် စပ်စုလွန်းတဲ့ သုတကို ကြည့်ပြီး..


"ကိုယ့်အလုပ်ကိုယ်လုပ် တည်နေရာမတွေ့

ရင် မင်းကို တောထဲမှာ ကျားစာကျွေးပစ်မဲ့..."


သူ့အပြောကြောင့် သုတ မျက်နှာ မဲ့သွား

ပြီး အလုပ်သာ ဆက်လုပ်နေတော့သည်။


-----======================^^^^🍓🍓🍓🍓🍓🍓🍓


"မေကြီး သမီးရော အခုတလော

အပြင်ကို သိပ်ထွက်တာမတွေ့

တော့ပါလား..."


ခင်ပွန်းဖြစ်သူ အမေးကြောင့် ဒေါ်တင်မမ

နွားနို့ ပန်ကန် ထည့်ပေးနေရင်း

ပြုံးကာ...


"မနက်က သာဓိရဲ့ Company သွားမယ်

ဆို ပြီးသွားတာ အာ့က ပြန်လာထည်းက

အခန်းထဲက ထွက်မလာတော့ဘူး..."


"သြော် သားဓိ ဆိုမှ မောင် အဓိပတိ 

ဒီတစိခါ ခရီးက ကြာမယ်ထင်တယ်

အဆက်အသွယ်တောင် မလုပ်ဘူး..."


"ဟုတ်တယ် သမီးနဲ့လည်း အဆက်သွယ်

မရဘူးလို့ပြောတယ်..."


ဦးထွန်းငွေ နွားနို့ ပန်ကန်

ကို ယူပြီးသောက်ကာ ပြီးမှ 

ပြန်ချ၍ ခေါင်းငြိမ့်လိုက်ပြီး...


"ဟုတ်တယ်...ဒီကောင်လေး ဘာလုပ်လုပ်

အောင်မြင်တယ် အခုလည်း ဘာအလုပ်ကိစ္စ

သွားတာလည်း မသိဘူး အရမ်းအလုပ်ရူပ်

နေလို့ ထင်တယ်...."


"သြော် ဖေကြီးကို ပြောပြရအူံးမယ်..

အင်ကြင်းမြိုင်လမ်းမှာနေတဲ့ ချိုမာကို

သိတယ်မဟုတ်လား...သူ့အမျိုးသား 

စားသောက်ဆိုင် ပိုင်ရှင်လေ...."


"အင်းသိတယ်လေ...ဘာဖြစ်လို့လည်း..."


"အဲဒိမိန်းမပေါ့....သူ့သမီးက နိုင်ငံ

ခြားမှာ ပညာသင်နေတာလေ..ပြန်လာရင်

သားဓိနဲ့ မိတ်ဆက်ပေးချင်လို့တဲ့ အာ့ဒါ

တင့်ကိုပြောနေတာ.  .တင်က ပြောလိုက်တယ်

အာ့ဒါ ငါ့သမက် မကြာခင် ဖြစ်တော့မှာလို့..."


ဇနီး ဖြစ်သူ မဲ့ကာပြောနေတော့ ဦးထွန်းငွေ

ပြုံးလိုက်ကာ..


"အာ့ဒါနဲ့ ရန် ဖြစ်လာလိုက်တယ်ပေါ့...''


"အာ့အချိန် မဖြစ်သေးပါဘူး

သမီးကို သူ့သားနဲ့ သဘောတူပါလား

တဲ့ သူ့မို့ပြောရက်တယ် တင့်သမီး

အချောအလှလေးကို သူ့သားဘိန်းစား

နဲ့များ သဘောတူရအုံးမယ် သားဓိ ခြေဖျား

တောင် မမိတဲ့ဟာကို..."


"တင်က သူ့သားကို မြင်ဖူးလို့လား.. "


ဒေါ်တင်မမ ခေါင်းခါလိုက်ပြီး...


"မမြင်ဖူးပါဘူး မှန်းကြည့်တာလေ..."


ထိုအခါ ဦးထွန်းငွေ ခေါင်းခါလိုက်ပြီး...


"တင်ရယ် သူများသားသမီးကို..."


"အို..မဟုတ်လိူ့လား..."


"ကဲ..ထပါတော့...သမီးကိုလည်း

ဂရုစိုက်အုံး ပစ်မထားနဲ့ တင် ကိုယ်တို့

မွေးထားတာ သမီးမိန်းကလေး သားဓိ

ပြန်မရောက်မချင်း Company ကို မလွတ်

နဲ့အုံး...."


"ဟုတ်ကဲ့ပါ...ပြီးရင် သမီးကို တငိ

သွားကြည့်လိုက်ပါ့မယ်...."


သူခေါင်းငြမ့်လိုက်ပြီး...


"အာ့ဒါဆို ကိုသွားနား

တော့မယ်တင်..."


"ဟုတ်ကဲ့..."


ဒေါ်တင်မမလည်း ခင်ပွန်းဖြစ်သူ

အပေါ်တက်သွားတော့ အိမ်ဖော်

ကောင်မလေးတွေကို ကြည့်ပြီး..


"သိမ်းစရာရှိတာသိမ်းပြီး အိပ်ကြတော့

နော်.."


"ဟုတ်ကဲ့ မေမေကြီး..."


သူ မခေါင်းငြိမ့်ပြီး အပေါ်ထပ်ကို

တက်လာခဲ့ပြီး သမီးအခန်းကို

သွားပြီး တံခါးကို အသာဖွင့်ကြည့်

တော့ သမီးက အိပ်ရာပေါ်မှာ မရှိ

တာကြောင့် သူမခေါင်းပြူကြည်​့

လိုက်တော့ ဝရံတာ မှာ ထွက်၍ မတ်တပ်

ရပ်နေတဲ့သမီးကို သူမ ပြုံးကြည့်ကာ

အခန်းထဲဝင်လိုက်၍...သမီးအနား

သွားလိုက်ကာ...


"သမီးလေး..."


ခ ကောင်ကင်ကြီးကို ကြည့်နေတူံး

မေမေအသံကြောင့် လှည့်ကြည့်ပြီး

ပြုံးပြကာ...


"မေမေ..လာလေ..."


ခ အနားရောက်လာတဲ့ မေမေကို

ခဖတ်ထားလိုက်ပြီး ခလေးလေး

တစ်ယောက်လို ချွဲနေတော့ ဒေါ်တင်မမ

ပြုံးကာ..


"သမီး မအိပ်ဘဲ ဘာထွက်လုပ်နေတာ

လည်း...''


ခ မေမေကို ပြုံးပြပြီး....


"ခ ကိုကို ကိုယ် သတိရလို့ပါမေမေ..."


ဒေါ်တင်မမ ကျေနပ်စွာပြုံးလိုက်ပြီး...


"မကြာခင် ပြန်လာမှာပေါ့ သမီးရယ်..."


ခ ခေါင်းလေးငြိမ့်ပြီး...


"ခ သိပါတယ် မေမေ..ဒါပင်မဲ့ 

ခ အရမ်းသတိရနေတာလေ..."


ကလေးလေးတစ်ယောက်လို နှုတ်ခမ်း

လေးဆူကာပြောနေတာကြောင့် 

ဒေါ်တင်မမ သမီးပုံစံလေးကို ချစ်စန်ိုး

ကြည့်ကာ..


"အဟွန်း ဟုတ်ပါပြီ နောက်ဆို နေ့တိုင်း

တွေ့ရတော့မှာကို..."


ခမေမေ အပြောကို သဘောပေါက်စွာ

မျက်နှာလေးမှာ ရှက်သွားပြီး ပြုံးလိုက်ကာ..


"မေမေကလည်း..."


"အဟင်း..ဟင်း..."


ဒေါ်တင်မမ သမီးရဲ့ ရှက်နေတဲ့ အမူအရာ

အရာလေးကို ကြည့်ကာ ပြုံးနေမိတော့သည်။


-------------------========-----------^^^^^🍓🍓🍓🍓🍓🍓


ဖျောက်...ဖျောက်...ဖျောက်.....ဝေါ....


ပတ်ဝန်းကျင်မှာ မိုးရာသီးဖြစ်တာ

ကြောင့် မှောင်မိုက်နေပြီး မိုးတွေကလည်း

ရွာနေကာ ကြောက်စရာကောင်းလှသည်။


အချမ်းဓာတ်ကလည်း မှောင်လာလေလေ

ပိုပြီး အေးလာလေလေ ဖြစ်တာကြောင့်

အသဲခိုက်အောင် အေးနေမှာတော့ အမှန်ပင်။


မိုးစက်တွေကလည်း နေ့လည်က ပူးပြင်းလှတဲ့ နေမင်းကို အငြိုးထားနေလား မပြောတက်

အခုအချိန်ထိမစဲဘဲ တဖြည်းဖြည်း ပိုသဲလာ

ခဲ့သည်။


အခုချိန် လူတွေကလည်း အိပ်မောကျနေကြမှာအမှန်ပင်ါ


ထိုအချိန် တဲလေးရဲ့ ကွပ်ပစ်လေးပေါ်မှာ

အခုထိ မအိပ်နိုင်သေးသော ဓိနဲ့ သူမ

နှစ်ယောက်သား ကျောချင်းကပ်စွာ

ထိုင်နေကြသည်။


ဓိကတော့ တည်ငြိမ်အေးစက်တဲ့ 

ပုပေါက်ပင်မဲ့ သူမကတော့ မျက်လူံး

လေးက ဟိုကြည့် ဒီကြည့်နဲ့ မိန်းမသား

ပီပီ ကြောက်ရွံ့ နေပုံရသည်။


ခြင်တွေကလည်း ခြင်းဆေးခွေ ကုန်

သွားတာကြောင့် အနားတွင် ပျံဝဲနေကြ

ကာ....သူမ လက်ကလေးနဲ့ ခါလိုက်ပြီး

အလှုပ်မရူပ်ထိုင်နေတဲ့ သူ့ကို ငဲ့ကြည့်ကာ..


"ဒီမှာ ရှင် ခြင်ထောင်ထောင်ဖို့ စိတ်ကူး

မရှိဘူးလား ခြင်ကိုက် သေခံရတော့မှာ

လား.."


သူမအပြောကြောင့် သူတစ်ချက်ငဲ့ကြည့်

လာပြီး ထရပ်ကာ ဘေးမှာ ထမင်းချက်

ကောင်လေးလာပေးသွားတဲ့ ခြင်ထောင်

အသစ်တစ်ထည်ကို ယူပြီး အဆင်ပြေ

သလိုထောင်ပြီး သူ သူမကို ငဲ့ကြည့်ကာ...


"မင်း ဝင်လို့ရပြီ...."


သူမကို ပြောပြီး သူ တစ်ဖက်ကိုလှည့်

သွားတော့ သူမ သူ့ကို မျက်ဝန်းလေး

ပြူးကာ..ကြည့်ပြီး...


"ရှင်ကရော..."


"ရတယ်..ငါက အပြင်မှာနေမယ်...

နှစ်ယောက်ဆို ခြင်ထောင်က ကြပ်နေမယ်..."


သူမ အဲဒီလို ဆိုတော့လည်း တစ်ကိုယ်

ကောင်းမဆန်ချင်ပေ..ဒါကြောင့် သူမ

သူ့ကို ကြည့်ပြီး...


"ဒီမှာ ရှင် တစ်ဖက်က လာအိပ်ပါ

သူမ မကြပ်ပါဘူး..."


ဓိ သူ့ကိုခေါ်နေသော သူမကြောင့်

သူ တစ်ချက်ကြည့် ပြီး ခေါင်းငြိမ့်လိုက်ကာ

ခြင်ထောင် ထဲဝင်ပြီး တစ်ဖက်ကို လှည့်ပြီး

လှဲလိုက်ကာ...ချမ်းလာသောကြောင့်

သူ လက်ပိုက်ပြီး မျက်ဝန်းများကို မှေး

စက်လိုက်တော့သည်။


သူမ သူ့ကို တစ်ချက်ကြည့်ပြီး လှဲလိုက်ချိန်...


အူ...ဝူး...အူ.......အူး......


ညကထပ် အလွန်ကြောက်စရာကောင်းတဲ့

ခွေးအူသံကြောင့် သူမ ချက်ချင်း ထထိုင်လိုက်ကာ သူအနား ထိုးကပ်သွား

ပြီး သူ့ခါးကြီးကို ကြစ်နေအောင် ဖက်

ပစ်လိုက်တော့သည်။


"ဟ... "


ဓိ လန့်သွားပြီး သူမ ဘက်ကို လှည့်လိုက်

တော့ သူမက သူ့ရင်ခွင်ထဲ ပိုပြီးဝင်တိုး

လိုက်တာကြောင့် ဓိ ရင်ခုန်သံတွေမြန်လာ

ပြီး အသက်ရူတွေ မှားသွားကာ...


"ဒီမှာ မင်း ဘယ်လို..."


"ဟင့်အင်း..ဟင့်အင်း..သူမ

ကြောက်လို့ပါနော်..."


ဓိ သူမရဲ့ နူးညံ့တဲ့ အထိအတွေ့ကြောင့်

စိတ်တွေက မထိန်းနိုင်တော့စွာ...သူမ

ကိုယ်လေးကို ဆွဲလိမ့်လိုက်တော့

သူမ သူ့ရင်ခွင်အောက်ရောက်သွား

ပြီး သူ့ကို ပြူးပြူးလေးကြည့်နေတော့

ဓိ သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးကို

အ​ကြည့်ရောက်သွားပြီး...


"sorry မင်းကို ကိုယ်ရင်ခွင်ထဲ 

လာမအိပ်နဲ့လို့ပြောသားပဲ..."


"အို..."


ပြောပြီး သူ့ခေါင်း ငုံ့ကြလာတာကြောင့်

သူမ ကြောက်လန့်ပြီး မျက်ဝန်းတွေကို

မှိတ်ချလိုက်တာနဲ့ မိုးချိမ်းသံတို့ကလည်း

အပြိုင်ပင်။


အနွေးဓာတ် အနမ်းဓာတ်များကြောင့်

ဒီညတော့ နှစ်ဦးလုံးနွေးထွေးနေကြမှာ

အမှန်ပင်။


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: