သူမ ခေါင်းလေးငုံ့ကာ အပြင်က
ထိုကောင်လေးအပြောကြောင့်
ရှက်လွန်း၍ သူ့ကိုလည်း မကြည့်ရဲပေ။
သူမ မှာ ချစ်သူရှိသော်လည်း အခုလို
သူလောက်တောင် နီးနီးကပ်ကပ်မနေဖူး
ပေ။
အခုတော့ သူမ ဘယ်ကမှန်းမသိသော
တစိမ်းယောကျာ်းတစ်ယောက်နဲ
တဲလေးထည်းမှာ အတူနေရကာ..
အခြားလူတွေက တစ်မျိုးထင်နေကြ
တော့ သူမ ရှက်ပြီး ငိုချင်နေမိသည်။
သူ့ကိုလည်း အပစ်မပြောရဲ သူလည်း
အခုလိုနေရတာ သူမကြောင့် မဟုတ်လား...
ဓိ ကောက်ညင်းပေါင်း ပန်ကန်လေး
ကိုင်ကာ ခေါင်းလေးငုံ့နေသော သူမ
အနားကို လျှောက်သွားပြီး ခေါင်းက
ဆံပင်ကို ဖွလိုက် လည်ပင်းကို ကုတ်လိုက်
နဲ့ သူလည်း မျက်နှာကြီးနီနေပြီး...
"ဟို..Sorry....ငါ.အဲဒီလိုမဟုတ်..."
"ရပါတယ်....သူမ ရှင့်ကို မထင်ပါဘူး..."
ဓိ သူမပြန်ပြောလာတာကြောင့် သူ
သက်ပြင်းချလိုက်ပြီး..ခေါင်းငြိမ့်ပြကာ...
"ဟုတ်ပါပြီ....မျက်နှာသစ်ပြီး ဒါလေး
စားလိုက်အုံး..."
သူ ချပေးပြီး သူမအနားက ပြန်လှည့်ကာ
တဲလေးအပြင်ဘက်ကို ထွက်ဖို့ပြင်တော့
သူတ်ို့တဲလေးအနားကို ဟိုကြည့်ဒီကြည့်နဲ့.လျှောက်လာတဲ့ တာတီဆိုတဲ့လူကြောင့်
သူ ကျစ်သတ်လိုက်ကာ ပြန်လှည့်လာ၍
သူမ ရပ်နေတဲ့ အနားကို ပြန်လှည့်လာလိုက်ကာ ခါးလေးနေ သိမ်းပြီး ဆွဲဖက်ပစ်
လိုက်တော့သည်။
"အို..."
သူမ မျက်နှာသစ်ဖို့ ထရပ်လိုက်တော့
သူ လှည့်လာပြီး သူမကို သိမ်းဖက်လိုက်တာ
ကြောင့် သူမ လန့်ဖျန့်သွားကာ သူမခါးလေး
ကို ဖက်ထားတဲ့သူ့လက်ကို ဖယ်ချသော် လည်းသူက မလွတ်ပေးတါကြောင့် သူမ
သူ့ကို ခပ်စူးစူးလေးမော့ကြည့်ကာ..
"ဒီမှာ..ရှင်..."
"ရူး.."
"ဟင်..."
"အပြင်မှာ တာတီးဆိုတဲ့သူ ရောက်နေတယ်..."
သူ့အပြောကြောင့် သူမ ကြက်သိမ်း
တွေထသွားကာ သူ့ခါးကို ခပ်တင်းတင်း
ပြန်ဖက်ထားလိုက်ပြီး သူ့ရင်ခွင်ထဲခေါင်းလေး
အတင်းတိုးဝင်လိုက်တော့သည်။
ဓိ စောစောကတော့ အတင်းရုန်းနေပြီး
အခု တာတီဆိုတဲ့လူ လာတယ်ရောပြောရော
သူ့ကို တောက်တဲ့ လေးလိုအတင်းကပ်တွယ်
နေသော သူမကြောင့် သူပြုံးလိုက်မိသည်။
အဟွန်း..တော်တော်ကြောက်နေတာပဲ...
ဓိ နှုတိခမ်းလေးတွန့်ကာပြုံးပြီး စီတ်ထဲ
တွင်ပြောလိုက်သည်။
အပြင်မှာပြောရင်လည်း အမတော်က
ပါးရိုက်မှာလည်း ပူရသေး....
ဓိ သက်ပြင်းလေးချကာ အပြင်ဘက်က
သူတို့ကို ချောင်းနေသော တာတီဆိုတဲ့
လူကြောင့် သူ သူမနဖူးလေးကို ငုံ့ကာ
နမ်းပြီး...
"မိန်းမ ကိုယ်ဝန်ကို ဂရုစိုက်နော်..
မောင် အထိအခိုက် မခံနိုင်ဘူး...''
သူမ သူ့အပြောကြောင့် နားရွကအလေး
ပင်ထူပြီးရဲသွားပြီး ရှက်သွားသော်လည်း
အခြေအနေတစ်ခုကြောင့်...
"အင်းပါ..မောင်ရဲ့..."
ဓိ သူမရဲ့ မောင်ဆိုတဲ့ အသံချိုချိူလေးကြောင့် ပြုံးလိုက်ကာ သူမလေးကို ပိုတိုးဖက်လိုက်
တော့သည်။
"တောက်.."
အပြင်က တာတိတစ်ယောက် အထဲက
မြင်ကွင်းကြောင့် တောက်ခပ်လ်ိုက်ကာ
ပြန်ထွက်သွားတော့သည်။
ထိုတော့မှ ဓိလည်း သက်ပြင်းချလိုက်ကာ
သူမကိုယ်လေးကို လွတ်ပေးပြီး...
"Sorry.... "
သူမလည်း အာ့တော့မှ ခေါင်းလေး
ငုံ့ကာ...
"ရပါတယ်...."
"မင်း...မျက်နှာသစ်တော့လေ..."
သူမ မျက်နှာလေးကိုင်ကာ ခေါင်း
လေးငြိမ့်ပြပြီး...
"ဟုတ်ကဲ..."
ဓိလည်း သက်ပြင်းလေးအသာချကာ..
တစ်ဖက်ကို လှည့်နေလိုက်ပြီး...
ဓိ မင်းတော့ ကြာရင် မလွယ်တော့ဘူး...
------------------------------------======^^^^🍓🍓🍓🍓🍓🍓🍓
"ကို ဘက် အကုန်လုံး အဆင်သင့်ဖြစ်
ပါပြီ..."
ဘက် ခေါင်းငြိမ့်လိုက်ပြီး လိုအပ်တာ
တွေထည့်ကာ....
"လူတွေရော...အကုန်လုံး Okရဲ့လား..''
"အကုန်လုံး ကျွမ်းကျင်တဲ့သူတွေ
ပဲ ရွေးထားတယ် ကိုဘက်...z''
ဘက်ခေါင်းငြိမ့်ပြကာ...အိတ်ထဲကို
ဖုန်း လိုအပ်တာတွေ ထည့်နေရင်း..
"တောကြီးထဲကို ရှာရမှာဆိုတော့
ရက်အနည်းငယ်တော့ကြာနိုင်တယ်
ဒါ့ကြောင့် ငါ့ဖုန်းလည်း တောထဲရောက်
ရင် မမိလောက်ဘူး...မင်း..အရမ်းအရေး
ကြီးတဲ့ အလုပ်တွေ ငါ့ကို MaiI
ပို့ထားပေ..''
"ဟုတ်ကဲ့ ကိုဘက်...''
ဘက် ခေါင်းငြိမ့်လိုက်ကာ...
"သြော်ပြီးတော့ အကိုလေး အခုလို
ပျောက်နေတာ လူတွေသိလို့ မဖြစ်ဘူး
နော်..."
"စိတ်ချပါ..ကိုဘက်..."
"ကိုဘက်...ကိုကို..ဖုန်းဆက်လား...
ခကို....ဟင်..."
ခ ရုံးခန်းထဲ ဝင်လာပြီး အသံလေး
ရပ်သွားကာ...ကိုဘက် ခရီးသွားမဲ့
ပုံစံလိူ ပြင်ထားတာကြောင့် ခ မျက်ခုံး
လေးပင့်တက်သွားကာ...
"ကိုဘက်..ဘယ်သွားမလို့လည်း... "
ဘက် မမလေးခကို အရ်ိုအသေ
ပေးလိုက်ကာ...
"ကျွန်တော် အကိုလေးခိုင်းထား
တဲ့ အလုပ်ကိစ္စ လေးအတွက်
သွားမလို့ပါ..."
"ဟင်...ဘယ်ကိုလည်းဟင်..ကိုကိုဆီကိုလား..."
"မဟုတ်ပါဘူး အခြားနေရာကိုပါ..."
ခ ဝမ်းသာအားရ ဖြစ်သွားပြီးမေး
တော့ ကိုကိုဆီကို မဟုတ်ဘူးဆ်ိုတာ
ကြောင့် သူမမျက်နှာလေး မဲ့သွားကာ...
"ကိုကိုက ခဖုန်းဆက်တာ ဖုန်းပဲ
ပိတ်ထားတယ် အာ့ဒိနေရာက
လိုင်း မမိလို့လားဟင်...."
ဘက် မမလေးအမေးကြောင့် ခေါင်း
ကုတ်လိုက်ကာ...
"ဟုတ်ပါတယ် မမလေး အကိုလေး
ရောက်နေတဲ့ နေရာက လိုင်း
မိပါဘူး....''
"အာ့ဒါဆို ကိုကိုက ဘယ်ရက်လောက်
ပြန်လာမလည်း ဟင်..."
"အာ့ဒါတော့ ကျွန်တော် မပြောတက်
သေးပါဘူး မမလေး..."
ခ ခေါင်းလေးငြိမ့် လိုက်ကာ
ကိုဘက်ပုံစံကို ကြည့်ပြီး..
"ကိုဘက် ပုံစံကလည်း ခရီးသွား
မှက တောထဲ ထွက်မှာကြနေတာ
ပဲ တောတ်ိုးဖိနပ်တွေရော ကျော
ပိုးအိတ်တွေရော..."
ဘက် ပြုံးလိုက်ကာ...
"အခု အလုပ်ကိစ္စက အာ့ဒိဘက်ကို
ဆက်နေတယ် မမလေး..''
"ဟုတ်လား..."
ခ မျက်လုံးလေး ဝိုင်းကာ
ပြုံးပြပြီး...
"အာ့ဒါဆို သွားလေ...ကိုဘက်
နောက်ကျနေအုံးမယ်..."
"ဟုတ်ကဲ့ မမလေး အာ့ဒါဆို
သွားပြီနော်..."
ကိုဘက်ထွက်သွားတော့မှ
ခ ဆိုဖာပေါ်လေးထိုင်ကာ
မှေးလေးကို လက်လေးထှောက်ကာ
ကလေးလေးတစ်ယောက်လို စဥ်းစား
နေမိသည်။
"ကိုကိုက ဘာလို့များ ဖုန်းကို စက်ပိတ်
ထားရတာလည်း...ငါနဲ့များ မပြောချင်
လို့လား..."
ခ ပြောပြီ မျက်နှာလေး ငြိုးသွား
ကာ ရုံးခန်းထဲကနေ ထွက်လာ
ခဲ့တော့သည်။
---------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"ဒုန်း....."
ဇော်...ကားပါကင်မှာ ကားရပ်လိုက်ပြီး...
အောက်ကို ဆင်းပြီး Company ထဲ
ဝင်ဖို့လုပ်တော့ အနောက်က တစ်ခုခုကို
တိုက်လိုက်တဲ့အသံကြောင့် သူ ခြေလှမ်း
ရပ်သွားကာ...ကြည့်လိုက်တော့ သူ့ကား
ခေါင်းပိုင်းကို ဝင်တိုင်လိုက်တဲ့ ကားတစ်
စီးကြောင့် သူဒေါသထွက်သွားမိသည်။
သူ ကားအနားပြေးသွားလိုက်၍...
သူ့ရဲ့ကားခေါင်းပိုင်းကို ကြည့်လိုက်
ပြီး အရှေ့က အခုထိ ဆင်းမလာသေး
သော ကားကို ဒေါသတကြီး ကြည့်ပြီး
ကားအနားသွားလိုက်ကာ...မှန်ကို ခေါက်
လိုက်ကာ...
"ကားပေါ်ကလူ အခုချက်ချင်းဆင်းခဲ့စမ်း..."
ခ တစ်ယောက် တစ်ခါမှ အခုလို
မဖြစ်ဖူးတာကြောင့် အသား
တွေတုန်လာပြီး ကြောက်နေမိသည်။
"ဟင့်..ငါ..ငါ..ကားမောင်းပြေးရင်
ကောင်းမလား..."
သူမပြောပြီး ခေါင်းလေးခါရမ်းလိုက်ကာ..
"ဟင့်အင်း မဖြစ်သေးပါဘူး ကား
မောင်းပြေးရင်လိုက် ပြဿနာတွေ
ပိုရူပ်ကုန်မယ်...မဖြစ်ဘူး..."
သူမပြောပြီး ကားတံခါးကို
ဖွင့်ဆင်းလိုက်ကာ...ခေါင်းလေး
ငုံ့ပြီး...
"ဟို...ခ..ခတောင်းပန်ပါတယ်ရှင်
ဟိုခ အလျော်လည်း ပေးပါ့မယ်နော်..."
"ဘာ..."
ဇော် သူမကို ကြည့်ပြီး ဒေါသတကြီး
အော်လိုက်ပြီး ခါးထောက်ကာ
ကြည့်နေလိုက်သည်။
ကားတစ်စီးပျက်စီးသွားတာလောက်က
သူ့အတွက် ဘာမှ မဟုတ်ပင်မဲ့ သူ့ရဲ့
ချစ်သူ သူမ ကိုယ်တိုင်ရွေးပေးထါး
တဲ့ကားလေးဖြစ်တာကြောင့် သူတယုတယ
ထားနေရင်း အခုလို ဖြစ်တာကြောင့်
သူဒေါသအလွန် ထွက်နေတာဖြစ်သည်။
သူ ခေါင်းငုံ့ကာပြောနေသော ထိုမိန်းက
လေးကို သေချာကြည့်လိုက်ပြီး...
"အော်..မင်းကို မင်းကို မြင်လိုက်ရင်
ပြာယာကို ခပ်နေတာပဲ..အခုကိစ္စက
လျော်ပေးလိုက်တာနဲ့ ငါက ကျေနပ်
ရမှာလား..."
ခ သူမကို ပြောလာသော ထိုလူအပြော
ကြောင့် ဒေါသလေးထွက်
သွားကာ သူ့ကိုမော့ကြည့်လိုက်တောြ..
"ဟင်..ရှင်..."
ခကို အမြင်မကြည်စွာ မျက်မှောင်ကြီး
ကြုတ်ကာကြည့်နေသော သူ့ကြောင့်
ခ မျက်နှာလေးတည်လိုက်ကာ...
"ရှင့်ကားကို တာဝန်ယူပေးမယ်ပြော
နေတာပဲ..ရှင်က အာ့လောက်ဖြစ်ပြ
ဖို့မလိုပါဘူး..."
"ဟ...လ်ိုတယ်ကွ... ငါတန်ဖိူးထားတဲ
ငါ့ကားလေး မင်းကြောင့် ပြင်ဆိုင်
ကို ပို့ရတော့မယ်..မင်းဘယ်လိုမိန်း
ကလေးလည်း မှားလည်းမှားသေး
တယ် ရန်က ပြန်တွေ့နေသေး..."
"အို..ခ တောင်းပန်နေတာပဲ ဒါကို
ရှင်က လာပြီး အော်နေတာကို..."
"မင်း နမော်နမဲ့နိုင်တာ ထည့်ပြောလေ..."
ခ သူမကို ရန်ပြန်တွေ့နေသော သူ့ကို
အမြင်ကပ်စွာကြည့်၍...
"ဘာလည်း အာ့လောက်ဖြစ်နေရ
အောင် ဒါ ရှင့်ချစ်သူ ဝယ်ပေးထါး
လို့လား..."
ဇော် သူမ သူ့ကို ပြန့လာအော်နေတာ
ကြောင့် မျက်နှာကြီးတည်တင်းလာ
ကာ..
"အာ့ဒါ မင်းအကြောင်းမပါဘူး.
မင်းမေးစရာမလိုဘူး..တောက်..."
"အို..ကျွန်မကို တောက်မခပ်ပါနဲ့..."
"ဘာဖြစ်လည်း ခပ်တာ.."
ဇော် ထိုမိန်းကလေးကို လုံးဝကြည့်
မရတော့ပေ။
သူ့ကိုယ်သူ ဦးအဓိကရဲ ဇနီးလောင်း
ဆို ပြီး မာန်တက်ပြနေတာလား...
ပြီးတော့ မိန်းကလေးဖြစ်ပြီး သိမ်သိမ်
မွေ့မွေ့လည်း မရှိ...ယောကျာ်းလေး
ရှိတဲ့နေရာကို ခဏခဏလာနေတာကို
မိဘတွေက မပြောဘူးလား...
ခ သူမကို အထင်သေးစွာကြည့်
နေသော သူ့ကြောင့် ခ မျက်နှာလေး
တင်းပစ်ကာ...
"ရှင် ခကို အခုလို မကြည့်နဲ့..."
"ဟွန်..."
ဇော် မဲ့လိုက်ပြီး အထင်သေးသော
မျက်ဝန်းများနဲ့ ကြည့်ကာ...
"နောက်တစ်ခါ ဆင်ခြင်...z''
သူပြောပြီး ကားပေါ်တက်ကာ
ဒေါသတကြီး မောင်းထွက်လာခဲ့တော့သည်။
ခ ထိုလူပြောသွားသော မပြောများ
အကြည့်များကြောင့် ရှက်စိတ်လေး
ဝင်လာကာ...မျက်ရည်လေးဝဲလာပြီး...
"ငါ..ငါ..သူ့မျက်လုံးထဲမှာ အာ့လောက်
တောင် အထင်သေးစရာ ကောင်းနေတာလား..ဟင့်...လူယုတ်မာကြီး သူများကို
များ ပြောသွားလိုက်တာ..."
ခ ပြောပြီး ကားပေါ်ပြန်တက်ကာ
မောင်းထွက်လာခဲ့တော့သည်။
"အာ့ဒါ..ကိုကိုကြောင့်...."
ခ မဆီမဆိုင် ကိုကို ကိုယ် အပစ်တင်မိသေး
သည်။
ကိုကိုသာ သူမ ဖုန်းဆက်တာ ကိုင်ရင်
ဒီကို လာစရာလည်း မလိုသလို အခုလို
လည်း ဖြစ်မှာမဟုတ်....
အခုတော့ သူမဖုန်းဆက်တာမကိုင်တဲ့
ကိုကိုက ကိုဘက် နဲ့တော့ ပြောလောက်
မှာပဲ ဆိုပြီး ခ အမြဲလာနေရတာ ဖြစ်သည်။
---------=-=====--------------------^^^^^🍓🍓🍓🍓🍓🍓🍓🍓
"အကိုနဲ့ အမ ခေါင်းဆောင် ခေါ်နေတယ်.."
ဓိနဲ့ သူမ ထိုင်နေတုံး အပြင်က
ပြောလိုက်တဲ့ကောင်လေးအသံ
ကြောင့် သူ လှည့်ကာ အသံပေးလိုက်သည်။
"ကောင်းပြီး ညီလေး..."
ဓိ ထရပ်လိုက်ကာ..သူမကို ငဲ့ကြည့်
ပြီး..
"မင်း ဟိုရောက်ရင် မကြောက်နဲ့.ငါရှိတယ်.."
ပြောပြီး သူမ လက်ကလေးကို ဆုပ်ကိုင်
လိုက်တဲ့ သူကြောင့် သူမ ခေါင်းလေးငြိမ့်ပြ
ပြီး...သူခေါ်ရာအနောက်ကို လိုက်လာခဲ့သည်။
သူတို့ ထိုကောင်လေး ခေါ်ရာအနောကိ
ကို လိုက်လာတော့ တာတီဆိုတဲ့သူက
သူမကို ပြူးကြည့်နေတာကြောင့်
သူ ထိုလူကို ခပ်တည်တည်ကြည့်လိုတော့
မျက်နှာပြန်လွဲသွားတာကြောင့် ဓိသူမ
လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။
"ဒီမှာ မောင်ရင်း မင်း ငါတို့ကို ညာ
နေတာလား..''
ခေါင်းဆောင် ဖြစ်တဲ့သူက သူ့အရှေ့လာ
ပြီး ဒေါသတကြီးမေးတော့ ဓိ သေချာ
ကြည့်ကာ...
"ခင်ဗျားကို ကျုပ်က ဘာလို့ ညာရမှာ
လည်း..."
"ဒါဆို ဘာလို့ အခုထိ မလာသေးတာ
လည်း..."
ဓိ ထိုလူမျက်နှာကို သေချာကြည့်ကာ...
"ခင်ဗျားကို ဖုန်းမိအောင် လုပ်ပေး
လို့ပြောသားပဲ..."
အရှေ့မှ ချထားတဲ့ ဖုန်းကို ငဲ့ကြည့်ကာ
ပြောတော့ ထိုလူက ဖုန်းဆီကို ရောက်
သွားပြီး ကြည့်နေချိန်...
Ring...Ring... Ring...Ring...
Ring...Ring... Ring...Ring...
Ring...Ring... Ring...Ring........
ဖုန်းဝင်လာတဲ့အသံကြောင့် အကုန်
ဖုန်းဆီကို အာရုံစိုက်သွားပြီး ထိုလူ
ရဲ့ မျက်နှာ ဝင်းပသွားကာ...
"ဟေ့..မြန်မြန်ကိုင်လေ..."
ဓိ ဝင်းပနေကြတဲ့ သူတို့ရဲ့ မျက်နှာ
တွေကို တစ်ချက်ကြည့်လိုက်ကာ...
ကိုင်လိုက်တော့...
"Hello... အကိုလေး ဘယ်မှာလည်း
ကျွန်တော် အရမ်းစိတ်ပူနေတာ
သိလား..."
တစ်ဖက်က တရပ်စပ် ပြောလာတဲ့
ဘက်ကြောင့် သူအားလုံးကို ငဲ့
ကြည့်ကာ..
"ဘက်....ငါပြောမယ်သေချာနားထောင်..."
တစ်ဖက်က ဘက်လည်း
အကိုလေးရဲ့ ထူးဆန်းတဲ့
စကားကြောင့် ငြိမ်ကြသွားကာ..
နားထောင်နေမိသည်။
"ဟုတ်ကဲ့..အကိုလေ..."
"အခုမင်းဖုန်းမှာ ပေါ်နေတဲ့ တည်နေရာ
မှာ ငါနဲ့ ငါ့မိန်းမကို ပြန်ပေးဆွဲထား
ကြတယ် အာ့ဒါ သိန်း နှစ်သောင်းယူ
ပြီး လာခေါ် ကြားတယ်နော်...သေချာ
လာ..."
ပြောကာ ကျသွားတဲ ဖုန်းကြောင့်
ဘက် ပြန်ခေါ်သော်လည်း စက်ပိတ်
ထားတယ်ဆိုတာကြောင့် ဘက်
ထူးဆန်းစွာအကိုလေး ပြောတာ
တွေကို စဥ်းစားနေမိသည်။
"နေပါအုံး..ငါ့မိန်းမနဲ့ငါ ဆိုတော့
အကိုလေး ဘယ်တောက မိန်းမ
ရသွားတာလည်း...."
ဘက် စဥ်းစားနေရင်း ခေါင်းတွေရူပ်
နေကာ အကိုလေးစကားတွေကို ပြန်စဥ်းစား
ပြီး အကိုလေးအနားမှာ နေသူ ပီပီ ညဏ်
ကောင်းလွန်းတာကြောင့် သူတစ်ခုခုကို
သိသွားကာပြုံးလိုက်မိသည်။
ပြီးတော့သူ ထပ်ပြုံးကာ..
"တကယ်ပဲ အကိုလေး မိန်းမယူသွား
တာလား..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း