book

Index 5

အပိုင်း (5)🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action

ဓိ အဝတ်တွေကို တဲလေးဘေးမှာ

လှမ်းလ်ိုက်ပြီး တဲထဲဝင်ခဲ့တော့ 

သူမက ကွပ်ပစ်လေးပေါ့မှာ 

အင်ကျီးအပွကြီးနဲ့ အောက်က

ထမိန်းကို ဝတ်ဆင်ထားပြီး

ခေါင်းလေးငုံ့ကာ ထိုင်နေတဲ့

ပုံလေးက တကယ့်ကို... ဘာပုံလေး

ပေါက်နေမှန်းမသိပေ။


"အဟမ်း..."


ဓိ ချောင်းသံပေးလိုက်ပြီး သူမအနား

သွားကာ ထမင်းချက်ကောင်လေး

ပေးထါးသော ခြင်ဆေးခွေလေးကို

ထွန်းကာ သူမအနီမှာ ချပေးထါးပြီး...


"မင်း အဆင်ပြေရဲ့လား သူမ..."


သူမ သူ့အသံကြားတော့ မျက်နှာလေး

မှာ ရဲကာ မော့လာပြီး...


"ပြေပာတယ်..."


ဓိ အရင်ကနဲ့ မတူတော့တဲ့ သူမ မျက်နှာ

တည်တည်လေးကြောင့် သူကြည့်လိုက်ပြီး

သူမအနားတ်ိုးသွားကာ...


"မင်းဘာဖြစ်နေတာလည်း သူမ..."


သူမ ခေါင်းလေးခါပြကာ...


"ဟင့်အင်း ဘာမှ မဖြစ်ပါဘူး သူမ...

တစ်​ယောက်ထည်း နေချင်လို့ပါ..."


ပြောကာ တစ်ဖက်က်ို လှည့်သွားတာကြောင့်

ဓိ မျက်မှောင်ကြီး ကြုတ်မိသွားပြီး သူမ

လှည့်လိုက်တဲ့ အရှေ့ဘက်ကို သွားရပ်

လိုက်ပြီး...


"ဒီမှာ..သူမ မင်းစောစောက အဖြစ်အပျက်

ကြောင့် ငါ့ကို စိတ်ဆိုးနေတာလား.."


"ဟင့်အင်း..မဟုတ်ပါဘူး..."


သူမ ခေါင်းလေးခါရမ်းကာငြင်းတော့

ဓိ သက်ပြင်းချလိုက်ပြီး...


"ကျွန်​တော် တောင်းပန်ပါတယ်..သူမ..

ကျွန်တော်လည်း...မထင်လိုက်လို့..

ကြည့်မိ.."


"အို..အာ့ဒိအကြောင်းကို မပြောပါနဲ့တော့..

သူမ သူမ ရှင့်ကို စိတ်မဆိုးပါဘူး..."


ဓိ ခေါင်းကြီးငုံ့ကာပြောနေသော

သူမကို ငုံ့ကြည့်နေပြီး...


"အာ့ဒါဆို ကျွန်တော့်ကို ကြည့်..."


သူပြောတော့ သူမ မျက်ရည်

လေးတွေကျလာပြီး သူ့ကို

မော့ကြည့်ပြီး..


"ဟင့်....အဟင်​့..."


"ဟာ..."


အခုမှ တကယ်ကြီး ငိုနေသော 

သူမကြောင့် ဓိ တအံ့တသြကြီး

ကြည့်နေမိသည်။


"ကျစ်..ပြောတော့ ခင်ဗျား မငိုဘူး

ဆို.."


သူ့အပြောကြောင့် သူမ သူ့ကို 

မျက်စောင်းလေးထိုးပြီး....


"ဟင့်....သူမ မငိုပါဘူး...ဟင့်..."


"ဟာ...."


ဓိ မငိုဘူးလည်းပြောသေး အခုမှ

ငိုနေတဲ့ သူမကြောင့် သူ ခေါင်းကို

ထိုးဖွကာ...


"ပြောလေ..ဘာဖြစ်လို့ငိုတာလည်း...''


"ဟင့်..သူမက မိန်းကလေးလေ..အခုလို

နေရာရောက်နေတာကို မငိုလို့ ပျော်နေရ

မှာလား.."


"ဟာ..."


ဓိ သူ့ကို ချက်ချင်းကြီး ရန်စီး

တွေ့နေတဲ့ သူမကြောင့် သူ

မျက်မှောင်ကြီးကြုတ်သွားကာ...


"ခင်ဗျား...အခုလိုဖြစ်အောင် 

ငါက  ဒီကိုခေါ်လာလို့လား...

မင်းကြောင့် ငါလည်း ဒီကိုပါ

လာတာလေ..."


သူမ မျက်ရည်လေးသုတ်ပြီး...

သူ့ကို မျက်စောင်းလေးထိုးလိုက်ကာ...


"ရှင်သူမကို လာမအော်ပါနဲ့ ဟုတ်ပါတယ်

သူမကြောင့် ဆိုတာ သူမသိပါတယ်..

ဟင်​့..."


သူမတွေကြီး ထပ်ကာပြောပြီး

သူ့ကို ရန်တွေ့ကာ တစ်ဖက်ကို

ပြန်လည့်သွားတာကြောင့် ဓိလည်း

ဘာမှ မပြောတော့ဘဲ ကွပ်ပစ်လေး

တစ်ဖက်တွင် ဝင်ထိုင်ကာ နှစ်ယောက်သား

ကျောချင်းကပ်အနေအထားနဲ့ ရှိနေကြပြီး

ဓိ သူမ ဘက်ကို အနည်းငယ်စောင်းကြည့်ကာ


နေပေါ့...သူလည်း ဘာမှ မလုပ်ရပဲနဲ့

စိတ်တွေဆိုးနေတာ အာ့ဒါကြောင့် သူ

မိန်းမတွေကို စိတ်ကုန်တာဖြစ်သည်။


သူမ တစ်ဖက်ကို လှည့်ထိုင်နေပြီး

နှုတ်ခမ်းလေးဖိကိုက်ကာ

မျက်နှာလေးမှာ ဆူပုတ်နေတော့သည်။


သူမ ရှက်ပြီး ဝမ်းနည်းနေတာကို

အားပေးမယ်မရှိဘူး ဘာဖြစ်တာလည်း

ကြီးပဲ မေးတတော့သူမက ဟိုကိစ္စကြောင့်

ရှက်တာပါလို့ ဘယ်လို မျက်နှာနဲ့ သူ့ကို

ပြောပြရမှာလည်း.....ဒါကို အလိုက်မသိစွာ

သူကပါ မိန်းမကြီးလို သူမကို ရန်ပြန်တွေ့

လိုက်သေးသည်။


ရုပ်ကလေးနဲ့မှ မလိုက်..တွေ့မယ် 

သူမအသားကို လာထိကြည့် ပါးကျ်ိုး

အောင် ရိုက်ပစ်လိုက်မယ်...


သူမ အနောက်ကို အနည်းငယ်

စောင်းကြည့်လိုက်တော့သူက

သူ့လက်ပေါ် သူခေါင်းအုံးပြီး

အိပ်နေပြီ ဖြစ်သည်။ 


တဲထဲတွင်စောင်တွေ ခေါင်းအူံးတွေပေး

ထားသော်လည်း သူနဲ့ သူမ နှစ်ယောက်စလုံး

အနံ့အသက်တွေကြောင့် ထိတောင်မထိခဲ့....


အူး......အူး.....ဝူး....ဝူး...


ထိုအချိန် ကြောက်စရာကောင်းသော

အသံဖြင့် ဘယ်က ပေါ်လာမှန်းမသိသော

ခွေးတွေက အူနေတာ​ကြောင့် သူမ ကြက်သိမ်းအဖုလေးတွေ ထောင်ထလာပြီး...

ကြောက်လွန်းတာကြောင့် ချွေးလေးတွေပင်

စို့လာကာ သူမ အိပ်နေပြီ ဖြစ်သော သူ့အနား

တိုးသွားပြီး သူ့ကို လက်နဲ့ ထိလိုက်သော်

လည်း သူက လှုပ်မလာ...


သူမ အချိန်ခဏလေးနဲ့ အိပ်ပျော်သွား

သောသူ့ကို မကျေမနပ်လေးကြည့်နေ

မိသည်။


အူး....ဝူး........ဝူး....အူး.....


နောက်တစ်ကြိမ်နီးကပ်လာတဲ့ 

ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေအူ

သံကြီးကြောင့် သူမ မျက်ရည်

လေးတွေပင် ဝလာကာ ထရပ်လိုက်ပြီး

သူလှည့်အိပ်နေတဲ့ဘက်က သူ့အနား

ဝင်ထိုင်ပြီး သူ့ရင်ခွင်ထဲ သူမ တိုးဝင်လိုက်ပြီး

သူ့ခါးကြီးကို ကျစ်နေအောင် ဖက်ထားလိုက်

ပြီး သူမ မျက်ဝန်းတွေ အတင်းမှိတ်ထား

လိုက်တော့သည်။


"ဟာ..ဘာလည်း.."


ဓိ မှေးမှေးနဲ့ အိပ်ပျော်နေတုံး ရင်ခွင်ထဲ

ရောက်လာတဲ့သူမကြောင့် သူ လန့်

ဖြန့်ပြီး အတင်း တွန်းထုပ်သော်လည်း

သူမက သူ့ကို အတင်းဖက်တွယ်ထား

တာကြောင့် ဓိ လည်ချောင်းတွေပင် 

​ပူလားကာ မျက်ဝန်းတွေ ပြူးကျယ်သွား

မိတော့သည်။


"ဟေ့..သူမ..မင်းငါ့ကို နည်းနည်း လွတ်အုံး..."


"ဟင့်အင်း သူမကြောက်လို့ပါ..ဟင့်..."


"ဟာ..."


ပြောပြီး သူ့ရင်ခွင်ထဲမှာ မျက်နှာအပ်ကာ

သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ သူမ

ကြောင့် ဓိ မေး​ကြောကြီးတွေပင်ထောင်.ထလာကာ....အံကို ကြိတ်ထားမိသည်။


ဝူး.....အူး..........အူး.....


အပြင်က ခွေးအူသံကို သူမကြောက်တယ်

သူ့ကိုတော့ ကြောက်ရကောင်းမှန်းမသိတဲ့

သူမကြောင့် သူ သက်ပြင်းချကာ...


"သူမ မင်းငါ့ကို နည်းနည်းလွတ်ပါအုံး..."


"ဟင့်အင်း ဟင့်အင်း သူမကြောက်လို့ပါ

နော်...ဟင့်..အဟင့်...''


ပြောလိုက်မှ သူမ သူရင်ခွင်ထဲမှာ

သူ့ကို ပိုဖက်ထားပြီး ရှိုက်နေတာ

ကြောင့် သူလည်း သူမ ဖက်ထားတဲ့

အတိုင်း လက်ကာယားကြီးဖြစ် နေနေ

ရတော့သည်။


ဓိ ရိုင်ချင်နေသော စိတ်တို့ကို မနည်း

ပြန်ထိန်းပြီး မျက်နှာကြီးမှာ တည်တင်း

ထားကာ...


တော်တော်ဒုက္ခပေးတဲ့ မိန်းမ..သူ့ကို

ယောကျာ်းလို့ ထင်ရဲ့လားတောင်မသိ....


သူအမြန်ပြောပြီး အမြန် မိုးလင်းဖို့ကိုသာ

ဆုတောင်းနေတော့သည်။


------------------=======-------------^^^^^🍓🍓🍓🍓🍓🍓🍓


---------------------------------------=--^^^^^🍓🍓🍓🍓🍓🍓🍓🍓


ကြီးမားပြီး ခန်းနားတဲ့ Company ကြီး

တစ်ခုရဲ့ အစည်းအဝေးခန်းထဲတွင်

လူလေး​ယောက် စာချုပ် ချုပ်ဆိုနေ

ကြသည်။


"Congratulations ပါ ကိုဇော်ဇော်မိုးမြင့်...

ခင်ဗျားနဲ့ စာချုပ်ချုပ်တာ အကိုလေးက

ပြောထားခဲ့တာ..."


ဘက် ပြောတော့ ဇော်ပြန်ပြုံးပြကာ...


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ..အခုလို

ကမ္ဘာနဲ့တောင် ယှဥ်နေတဲ့ စီးပွားရေးလုပ်ငန်း

ကြီးနဲ့ ကျွန်တော်က လက်တွဲခွင့်ရတာ

ဂုဏ်ယူနေရတာပါ..."


"ဟုတ်ကဲ့ ကျွန်တော်တို့ဘက်ကလည်း

အားလုံးထဲက ခင်ဗျားနဲ့ အခြားသူံး

​ယောက်ကို ရွေးချယ်တော့ နောက်ဆုံး

ကိုဇော်ဇော်.."


"ဇော်ဇော်လို့ ခေါ်လည်း ရပါတယ်ဗျာ..."


ထိုအခါ ဘက်ပြုံးလိုက်ကာ..


"ဟုတ်ကဲ့..ကိုဇော်ဇော်..အတွက်ဂုဏ်ယူ

ပါတယ် အကိုလေးနဲ့ကတော့ အခုမတွေ့

ရတာက ခရီးသွားနေလိုပါ..."


"ရပါတယ်..ကျွန်တော်နားလည်ပါ

တယ်ဗျ..."


"မမလေး...ခ အစည်းအဝေအခန်းဝင်လို့မရပါဘူး..."


"ဘာလို့လည်းဟင်... "


မျက်ဝန်း အဝိုင်းသားနဲ့ ပြန်ကြည့်ကာ

မေးနေသော မမလေးကြောင့်

သန္တာ ခင်ဗျား လည်ပင်းလေးကုတ်လိုက်ကာ..


"ကိုဘက်က စာချုပ် ချုပ်နေလို့ပါ

ဧည့်သည်တွေနဲ့.. "


"ဟင်..တကယ်..ဒါဆို ကိုကိုနဲ့

အဆက်သွယ်ရတာပေါ့..."


ပြောကာ အစည်းအဝေးအခန်းဘက်ကို

ပြေးသွားသော မမလေးခကြောင့် သန္တာ

မျက်ဝန်းလေးပြူးကာ အပြေးလိုက်လာ

ခဲ့တော့သည်။


ခတစ်ယောက် ကိုဘက်က စာချုပ်ချုပ်

တယ်ဆိုတော့ ကိုကိုရဲ့ ခွင့်ပြုချက်ရ

လို့ လုပ်ရတာ ဒါဆို ကိုကိုနဲ့ အဆက်သွယ်

ပြန်ရပြီပေါ့....


"ကို ဘက် ကိုကို ဖုန်းဆက်သေးလားဟင်..."


"ဟာ...မမလေး.....ဘာဖြစ်လို့လည်း..."


ဘက် ဝမ်းသာအားရပြေးဝင်လာသော

မမလေးကြောင့် အလန့်တကြားမေလိုက်တော့ ခ ချစ်စဖွယ် လေးပြုံးပြကာ...


"ကိုဘက် ရှင် စာချုပ်ချုပ်တယ်ဆို.."


"ဟုတ်ပါတယ် မမလေး...."


ခ မျက်နှာလေး ဝင်းပသွားပြီး...


"ဒါဆို ကိုကိုနဲ့ အဆက်သွယ် ရှိတာပေါ့

ခကို ဘာပြောသေးလည်းဟင်..."


ခ ဘေးပတ်ဝန်းကျင်ကိုလည်း သတိ

မထားမိဘဲ ဘက်ကို သာ အသည်းအသန်

မေးနေတော့ ဘက် အိလည်လည် မျက်နှာ

နဲ့ မမလေးကို ကြည့်ကာ ခေါင်းကုတ်

လိုက်ပြီး...


"မမလေး ရုံးခန်းထဲ အရင်သွားပါလား

ကျွန်တော်ပြီးရင် လိုက်ခဲ့မယ်နော်

အခုက ဧည့်သည်တွေနဲ့ဟုတ်လို့..."


ခ ဘက်ပြောမှ ဘေးက လူတွေကို

သတိရသွားကာ ဝေ့ကြည့်ကာ

ပြုံးပြလိုက်ပြီး တစ်နေရာအရောက်

အပြုံးတို့က အိလည်လည်ဖြစ်သွားကာ

သူမကို အထင်သေးသလို ကြည့်နေသော

ထိုလူကို ပြူးကြည့်နေမိသည်။


ထိုလူက သူမနဲ့ ဝင်တိုက်မိတဲ့ကိုလူ

ချောပါလား...ပြီးတော့ သူက ကိုကို

Company နဲ့ စာချုပ်ချုပ်တယ်ဆိုတော့

သူက ရှယ်ယာဝင်တာပေါ့..ဘာပဲ ဖြစ်ဖြစ်

ကိုကိုလောက်မချောမတော်ပင်မဲ့ သူလည်း

အခြားသူနဲ့ ရှင်ရင် ချောပါပေတယ်...


ခ ခေါင်းလေးခါရမ်းလိုက်ပြီး...


ဟင်..မိခ နင်ဘာတွေလျှောက်တွေးနေတာလည်း...


"မမလေးခ..မမလေး.."


"ဟင်..."


ခအတွေးလွန်နေကာ ဘက်ခေါ်မှ

သတိရပြီး ထူးတော့...


"မမလေး ရုံးခန်းထဲမှာ သွားနေနော်..."


"အင်းအင်း..."


ခ ခေါင်းလေးငြိမ့်ပြီး အူလည်လည်လေး

ထွက်လာခဲ့မိသည်။


ဘက်လည်း အားလုံးကို ဝေ့ကြည့်

ပြီး အားနာစွာပြုံးပြကာ...


"အားလုံးပဲ Sorry ပါဗျာ..မမလေးက

နည်းနည်းဆိုးလို့ပါ..."


"ရပါတယ်ဗျာ..အာဒိမိန်းကလေးက

သူဌေး အဓိပတိရဲ့ ဇနီးလောင်းမဟုတ်

လား..."


ဘတ် ခေါင်းငြိမ့်ပြကာ...


"ဟုတ်ပါတယ် ကျွန်တော်တို့ အလုပ်

အကြောင်းပြန်စကြရအောင်..."


အားလုံး အလုပ်အကြောင်း

ဘက်ကို အာရုံပြန်ရသွားတော့

ဇော် စောစောက ကလေးလိုလိဘာလ်ိုလို

ကောင်မလေးကို တမင်ကို ကြည့်မ

ဖြစ်နေတော့သည်။


ခ ကိုကိုရုံးခန်းကြီးထဲ ရောက်လာ

ပြီး ဆိုဖာပေါ်ထိုင်ချလိုက်ကာ..


"အမလေး ရှက်လိုက်တာ..အာ့ဒါ

မစဥ်မချင် ဝင်အုံး..."


သူမကိုယ်သူမပြောကာ..ခေါင်းလေး

ကို ထုလိုက်နဲ့ အလုပ်ရှုပ်နေတော့သည်။


--------------======-==------------=-^^^^🍓🍓🍓🍓🍓🍓🍓🍓


ဘက် အစည်းအဝေးခန်းကနေ

ပြန်လာပြီး ဖိုင်တွေကို ဘေးက

အတွင်းရေးမှူးမလေးကို ပေး

ကာ...


"ဒါတွေကို သေချာ သိမ်းပေးပါ

အကိုလေးပြန်လာရင် ပြရမှာ

အရမ်းအရေးကြီးတယ်နော်..."


"ဟုတ်ကဲ့ ကိုဘက်..."


သူခေါင်းငြိမ့်ပြကာ...အကိုလေး

ရုံးခန်းထဲမှာ မမလေးရှိနေတာကို

သတိရသွားပြီး သွားဖို့လုပ်တော့...


"ကိုဘက်...ကျွန်တော်တို့ သူဌေး

ရဲ့ တည်နေရာကို ရှာလို့ရပြီ..."


အကိုလေးကို အဆက်သွယ်မရတာ

ကြောင့် ဘက် ဘယ်သူမှ မသိအောင်

လျှိုဝှက်ပြီး စုံစမ်းခိုင်းထားတာဖြစ်

သည်။


ဘက် ထ်ိုကောင်လေးစကားကြောင့်

ဝမ်းသာသွားသွားကာ...


"တကယ်လား..ဘယ်နေရာလောက်လည်း..".


"လာအကိုလေး ကျွန်တော်နဲ့ ထိန်းချုပ်

ခန်းကိုလိုက်ခဲ့.."


ဘက်လည်း ထိုကောင်လေးအနောက်

က ခပ်သုတ်သုတ်လေးလိုက်လာကာ

Computer ကိုကြည့်လိုက်တော့

အကိုလေးရဲ့ ဖုန်းမြေပုံက မွန်းပြည်နယ်

မရောက်ခင်တောကြီးထည်းမှာတွေ့တာ

ကြောင့် သူ မျက်မှောင်ကုတ်သွားကာ..


"နေပါအုံး..အကိုလေးက အာ့ဒိကို

ဘာသွားလုပ်တာလည်း..."


သူစဥ်းစားနေပြီး တစ်ခုခုကို တွေး

မိသွားကာ..


"နိုင်နိုင် မင်း လုံခြုံရေး လိုအပ်သလောက်

ခေါ် လိုအပ်တာသူံး အကိုလေးကို ရှာရမယ်.."


"ဗျာ...သူဌေးက အာ့ဒိကို ဘာသွား

လုပ်တာလည်း..."


ဘက် ခေါင်းခါလိုက်ပြီး..


"အကိုလေးသွားတာ မဟုတ်ဘူး ပြန်ပေး

ဆွဲတာ ဖြစ်နိုင်တယ် ဒါကြောင့် လိုအပ်တာ

မှန်သမျှ အသင့်ပြင်ထား ငါတို့အကိုလေး

ကို တွေ့အောင်ရှာရမယ်.."


"ဗျာ..ဟုတ်..ဟုတ်ကဲ့ ကိုဘက်..."


ဘက်လည်းပြောကာ အခန်း

အပြင်ဘက်ထွက်လာပြီး 

အကိုလေးဖုန်းကို ဆက်ကြည်​​့

တော့ စက်ပိတ်ထားတယ် ဆိုတာ

ကြောင့် သူ ထင်တာ ပိုပြီး သေချာ

သွားခဲ့သည်။


အကိုလေးက သူ့ဖုန်းကို ဘယ်တောက

မှ စက်ပိတ်ထားတက်တဲ့ သူမဟုတ်...


---------------------======----------^^^^^^^🍓🍓🍓🍓🍓🍓🍓


သူမနဲ့ ဓိ နှစ်ယောက်သား တစ်ယောက်

မျက်နှာ တစ်ယောက် မကြည့်ရဲကြပေ။


ညက ဓိ သူမကို ဖက်ထားပြီး အိပ်မပျော်

အောင်ကြိုးစားသော်လည်း သူ လည်း

ပင်ပန်းနေပြီ ဖြစ်တာကြောင့် မှေးခနဲ

အိပ်ပျော်သွားခဲ့တာဖြစ်သည်။


မနက်မိုးလင်းတော့ သူမက နဲ့သူ

ပူးကပ်နေပြီး တစ်ယောက်ကို

တစ်​ယောက်တင်းကြပ်စွာ

ဖတ်ထားမိကြပြီး နိုးလာတော့နှစ်ယောက်

သား လန့်ဖြန့်ကာ ထိုင်နေမိကြတော့သည်။


"sorry..."


ဓိ သူမကို လှည့်မကြည့်ဘဲ မျက်နှာပူ

စွာပြောတော့ သူမ ခေါင်းလေးငုံ့ကာ

လက်ကလေးကို ဆုပ်ကိုင်ထားပြီး..


"ရ..ရပါတယ်..."


ဒေါက်....ဒေါက်...ဒေါက်..


ထိုအချိန် တံခါးခေါက်သံကြောင့်

ဓိနဲ့သူမ နှစ်​​ယောက်သား

အသက်ရူချောင်သွားကာ ဓိထရပ်လိုက်ပြီး..

တံခါးသွားဖွင့်တော့...ထမင်းချက်ကောင်

လေးသူ့ကို ပြုံးပြီးကြည့်နေတာကြောင့်

သူပြုံးပြကာ...


"ဟဲ..ဟဲ..အကို ဒီမှာ မနက်စာ ကောက်ညင်း

ပေါင်းနဲ့ ဆတ်သားကြော်လာပို့တာ

မျက်နှာသစ်ပြီး စားကြနော်.."


"ကျေးဇူးပါညီ..."


"ရပါတယ်ဗျာ..ဒါနဲ့ ညက အိပ်လို့

ပျော်ကြရဲ့လား ဟဲဟဲ..အကိုကလေး

မိန်းမကို အချစ်ကြမ်းလိုက်တာ..."


"ဘယ်လို..."


သူနားမလည်နိုင်သလိုမေးတော့ ထိုကောင်

လေးက သူ့ကို ပြုံးကြည့်ကာ...


"အကိုကလည်း ညက အကိုတို့တဲက

အသံတွေကြားတယ်လေ ဟဲဟဲ..''


ထိုကောင်လေးပြောတော့သူ သဘောပေါက်

သွားကာ...


"ဟာ..မဟုတ်ဘူးညီ..ညက...

ခေအူလို အကို တဲလေးရဲ့တိုင်ကို

လှုပ်လိုက်တာ.."


"ဟာဗျာ..အကိုကလည်း ရှက်မနေပါနဲ့..

ကျွန်တော်နားလည်ပါတယ် ဘယ်သူ့ကို

မှမပြောဘူး စိတ်ချ..."


သူပြောတာကို မယုံဘဲ တစ်မျိုး

ထင်သွားတဲ့ ထ်ိုကောင်လေးကြောင့်

သူ ​ကောက်ညှင်းပေါင်း ပန်ကန်

လေးကိုင်ကာ ဓိ မျက်နှာကြီး နီနေ

မိတော့သည်။


ညက ခွေးက သူတို့တဲအနားရောက်

လာတာ​ကြောင့် သူမက သူ့လက်ကို

အုံးပြီး သူ့က်ို ဖက်ထားပြီးအိပ်

နေတာကြောင့် သူ ထလို့မရလို့

ခွေးတွေ အဝေးကို ထွက်သွားရန်

တိုင်လေးကို ကိုင်ကာ လှုပ်လိုက်တာ

ဖြစ်သည်။


ဒါကို ထိုကောင်လေးကဘတစ်မျိုးထင်သွား

ပုံရသည်။


သူ မျက်နှာကြီးနီကာ တဲလေးထဲကို

ပန်ကန်လေးကိုင်ကာ ပြန်ဝင်လာတော့

အထဲမှာ ထိုင်နေတဲ့ သူမ မျက်နှာလေးက

နီရဲနေပြီး ငိုမဲ့မဲ့လေး ဖြစ်နေရှာတော့သည်။


ဓိ သက်ပြင်ူအသာချပြီး...


"ကဲ ဓိရေ မင်း ရအောင် ဖြေရှင်း ပေ တော့..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: