ဓိ တဲလေးကနေ ထွက်လာပြီး..
အရှေ့ကိုလျှောက်သွားတော့...
"ဒါဘယ်လဲ..."
ရုပ်ဆိုးဆိုး တာတီဆိုတဲ့လူက သူ့ကို
မလိုစွာကြည့်ပြီးမေးတော့ ဓိလည်း
ခပ်တင်းတင်းပြန်ကြည့်လိုက်ကာ...
"ခင်ဗျားတို့ ခေါင်းဆောင်နဲ့ တွေ့ချင်တယ်.."
သူ့ကို မျက်ဝန်းပြူးပြူးနဲ့ ခြေဆုံးခေါင်း
ဆုံးကြည့်ပြီး...
"ဘာကိစ္စရှိလို့လည်း... "
"ကိစ္စရှိလို့ပေါ့..ခင်ဗျားခေါ်ပေးမှာ
လား မခေါ်ပေးဘူးလား..."
သူပြောတော့ ထိုလူက သူ့ကို
ပေ စောင်းစောင်းကြည့်ကာ...
"ကောင်းပြီ လိုက်ခဲ့..."
ဓိလည်း ထိုလူအနောက်ကို လိုက်လာ
ခဲ့ပြီး ကွတ်ပစ်မှာ ထိုင်နေတဲ့ ခေါင်း
ဆောင်ဆိုတဲ့လူအနားကို ရောက်တော့
ရပ်လိုက်ကာ...တာတီဆိုတဲ့လူက သူ့ကို
မကြည်စွာတစ်ချက်ပြန်ကြည့်ပြီး..
"ဆရာ....ဒီလူက ဆရာနဲ့ တွေ့ချင်လို့တဲ့..."
ထိုအခု ခေါင်းဆောင်ဆိုတဲ့လူက
ဓိရဲ့ ဖုန်းကို စိုက်ကြည့်နေရာမှ
ဓိကို မော့ကြည့်ပြီး ဝမ်းသာသွားကာ..
"မင်းလာတာနဲ့ အတော်ပဲ ဒီဖုန်းက
စောစောက အသံမြည်လာတယ်...
ငါလည်း လန့်ပြီး မကိုင်မိဘူး
နောက်တစ်လူံးလာတော့ ကိုင်လိုက်
တော့ ဘာစကားတွေပြောမှန်းမသိဘူး
ငါလည်း ချလိုက်တယ်...''
ဓိ ထိုလူပြောတာကို သဘောပေါက်ကာ
ခေါင်းငြိမ်ပြလိုက်သည်။
သူ့ကို ဒါပြည်ပက ဖုန်းခေါ်တာ
ဖြစ်မည် ဒါ့ကြောင့် ဒီလူက
နားမလည်လို့ ပြောနေတာ ဖြစ်သည်။
"ရော့...မင်းဖုန်း မင်းပြန်ယူထား
မင်းလူတွေကို မင်းဆက်ထားနော်.
ပိုက်ဆံယူလာဖို့..."
ထ်ိုလူရဲ့ အပြောကို သူခေါင်းငြိမ့်ပြ၍
ကမ်းပေးလါသော သူ့ရဲ့ဖုန်းကိုယူလိုက်ကာ...
"ကျုပ်တစ်ခုလောက် တောင်းဆိုလို့
ရမလား.."
"ဘာများလည်းပြောလေ..."
"ကျုပ်မိန်းမ ရေချိုးချင်လိူ့..
အာ့ဒါ ခင်ဗျားတို့ရေချိုးတဲ့နေရာ
ကို ရေချ်ိုးခွင့်ပြုပေးပါ..."
သူပြောလိုက်တော့ ဘေးက တာတီး
ဆိုတဲ့ လူကလည်း မျက်လူံးတွေဝင်း
လက်သွားကာ မျက်နှာက မဲပြီး အဆီ
တဝင်းဝင်းနဲ့ အလွန်ပင် စိတ်ပျက်ဖွယ်
ကောင်းလှသည်။
ဒါကို သူတို့ခေါင်းဆောင်ကလည်း
ရိပ်မိပုံရကာ...
"တာတီး မင်းအာ့ဒိ အနားကို လုံးဝ
မသွားရဘူးနော်..."
ထိုအခါ ထိုလူ မျက်နှာပျက်သွားပြီး
ဓိ သူ့ကို မကျေမနပ်လာကြည့်နေတာ
ကြောငိ့ သူ ပြန်ကြည့်ပေးလိုက်တော့
တစ်ဖက်ကို ပြန်လှည့်သွားကာ...
"ဟုတ်ကဲ့ပါ..ဆရာ..."
မကျေမနပ်ပြောကာ ထွက်သွားတာ
ကို ဓိကြည့်နေလိုက်သည်။
"ဒီမှာကောင်လေး မင်းမိန်းမကို
သေချာဆောင့်ရှောက်နော်...
သူ့ရန်က လွတ်အောင် သူက
မိန်းမဆို ဘယ်သူ့ကိုမှ အလွတ်ပေးတါ
မဟုတ်ဘူး မင်းမိန်းမက မြို့သူလည်း
ဖြစ် လှလည်းလှတော့ သတိထားနေ...ငါလည်း တက်နိုင်သလောက်သူ့ကို ပြောထား
တယ်...''
ဓိ ခေါင်းငြိမိ့လိုက်ကာ...
"ကောင်းပါပြီ.."
ထိုအခါ ခေါင်းဆောင်ဆိုတဲ့လူ ခေါင်း
ငြိမ့်ကာ....
"ဟိုဘက်မှာတွေ့လား အာ့ဒါ စမ်းချောင်း
အာ့မှာ သွားချ်ိုး... ငါ...သန့်စင်ကို
လိုအပ်တာတွေ အကုန် ပေးခိုင်းလိုက်
မယ်..."
"ကောင်းပါပြီ ကျေးဇူးပါ..."
သူ ပြောပြီ ထွက်လာတော့ ထမင်းချက်
တဲ့ ကောင်လေးက သူ့ကို ပြုံးပြကာ...
"အကို ဟိုစမ်းချောင်းမှာ ရေချိုးလို့
ရတယ်နော်..''
သူ ပြုံးပြပြီး...ခေါင်းငြိမ်ပြကာ..
"ကျေးဇူးပါ ညီ..."
သူပြောပြီး သူမရှိရာတဲကို
အမြန်ထွက်လာလိုက်သည်။
မဟုတ်ရင် သူမရှိတုန်း ဟိုလူ
သူမအနားရောက်သွားမှာလည်း
ကြောက်ရသေးသည် မဟုတ်လား....
----------------------------===-=------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓🍓
သူမ တဲလေးထဲမှာတစ်ယောက်ထည်း
လည်ပင်းလေးကုတ်လိုက် လက်ကလေး
ကုတ်လိုက်နဲ့ တစ်ယောက်ထည်း ကျန်ခဲ့
ပြီး သပ်ရပ်နေတဲ့ တဲလေးကိုလှည့်ပတ်
ကြည့်နေတော့သည်။
ခဏနေတော့ သူအထဲ ပြန်ဝင်လာပြီး...
"လာသွားမယ်..."
"ဟင်..ဘယ်ကိုလည်း... "
ဓိ သူမကို မျက်ခုံးပင့် ကြည့်ပြီး...
"မင်းရေချိုးမလို့ဆို..."
အာ့တော့မှ သူမ မျက်နှာလေး
ဝင်းပသွားကာ..သူ့ကိုခေါင်းလေး
ငြိမ့်ပြပြီး....
"တကယ် ချိုးရတော့မှာပေါ့နော်.."
သူ ခေါင်းငြိမ့်လိုက်ပြီး...
"ဒါပင်မဲ့ မင်းတစ်ယောက်ထည်းတော့
မဟုတ်ဘူး....ငါနဲ့အတူ..."
"ဘာ..ရှင့်..."
"ရူး တိုးတိုး မင်းလုပ်တာနဲ့
အကုန်ကြားကုန်အုံးမယ်..."
သူပြောတော့ သူမ သူ့ကို မျက်စောင်း
လေးထိုးကာ...
"သူမက ဘာလို့ ရှင်နဲ့အတူ ချိုးရမှာလည်း.."
"ကျစ်...''
ဓိ အကဲပိုနေ့သော သူမကို တစ်ချက်
ကြည့်ကာ...
"ငါကလည်း အတူ ချိုးချင်နေတယ်
လို့ ထင်လို့လည်း မင်းကို ငမ်းနေတဲ့
ရုပ်ဆိုးဆိုးနဲ့လူ လာချောင်းမှာဆ်ိုး
လို့ ငါက လိုက်ချိုးပေးရမှာ...မင်းတစ်
ယောက်ထည်း ချိုးရဲရင်လည်း ချိုး
ပေါ့..."
"ဟင်...."
သူမ အာ့တော့ မှ ဟင်ခနဲ ဖြစ်သွားပြီး
သူ့အနားကပ်ကာ ပြုံးလိုက်ပြီး..
"ဟိုလေ..သူမက မသိလို့နော်..."
ဓိအခုမှ သူ့ကို မျက်နှာချိုးလာသွေးနေတဲ့
သူမကြောင့် သူစိတ်ကို လျော့ချလိုက်ပြီး...
"သွားမယ်..လိုအပ်တာယူ..."
သူမ လည်းပင်းလေးကို ကုတ်လိုက်ကာ..
"ဟင်..သူမ မှာ အဝတ်အစားမှ မပါတာ.."
ဘုတ်..ဘုတ်....
ထိုအချိန် တံခါးအပြင်ဘက်က
ခေါက်လိုက်တာကြောင့် ဓိအသာ
သွားဖွင့်လိုက်တော့ စောစောက
ထမင်းချက်ကောင်လေး
သူ့ကို ပြုံးပြကာ...
"ဟို..အကိုနဲ့ အမ... ရေချိုးမယ်ဆိုလို
ကျွန်တော် လိုအပ်မယ်ထင်လိူ့ လာပေး
တာပါ...''
ထိုကောင်လေး လက်ထဲက ပုဆိုးတစ်
ထည် ယောကျာ်းဝတ် အင်္ကျီတစ်ထည်
ပြီးတော့ မိန်းကလေးဝတ် လုံချည်နဲ့ အင်္ကျီ
အပွတစ်ထည် ဆပ်ပြာလို ဘူးလေးတစ်ဘူး ကြောင့် သူကျေးဇူးတင်သော အကြည့်ဖြင့်
ထိုကောင်လေးကို ကြည့်လိုက်ပြီး...
"ကျေးဇူးပါ ငါ့ညီ...အရမ်းကျေးဇူး
တင်ပါတယ်..မဟုတ်ရင် ရေချိုးဖို့ကို အကို
တို့ အခက်တွေ့နေတာ..."
"ရတယ်အကို...ကျွန်တော်လည်း
သိလို့ လာပေးတါ...အော်ဒါရော
ယူထား မီးခြစ်နဲ့ ခြင်ဆေးခွေ
ညဘက်က အသုံးလိုတယ်လေ..."
သူ့ကိုပေးပြီး ထွက်သွားတော့ ဓိ
ပစ္စည်းတွေယူ၍ ပြန်လှည့်လာကာ
သူမကို ကြည့်တော့ ကုတ်ဖဲ့နေတာ
ကြောင့် သူ သူမအနားသွားလိုက်ကာ..
သူမလက်ကလေးကို ဆွဲပြီး...
"လာသွား..မယ်..."
ပြောကာ စောစောက ကောင်လေး
ပြတဲ့ စမ်းချောင်းလေးဆီကို သူမကို
ခေါ်လာတာ့သည်။
သူထွက်လာရင်း ဘေးဘီကိုကြည့်
တော့ အစောင့်တွေ ချထားတာကြောင့်
အခုအနေပြေးရင် လွတ်လမ်းမမြင်
သူမနဲ့လည်း အဆင်ပြေသေးမှာမဟုတ်..
ဓိသက်ပြင်းလေး ချကာ...သူ့မကို ကြည့်
လိုက်တော့ လည်ပင်နဲ့ လက်မှာ အနီစက်လေး
တွေ ထလာတာကြောင့် သူစမ်းချောင်းဘေး
ကို အမြန်ခေါ်လာပြီး လက်ထဲက ပုဆိုးအခေါက်လေးကို ဖြန့်လိုက်ကာ...
"မင်းအဝတ်အစား အမြန်ချွတ်လိုက်.."
သူမလည်း အဝတ်တွေ အမြန်ချွတ်ချင်နေ
တာကြောင့် ငြင်းမနေတော့ဘဲ သူကွယ်ပေး
ထားတဲ့ အနောက်မှာပဲ မရဲတရဲနဲ့ အမြန်ချွတ်လိုက်ကာ...
"ဒီမှာ..."
"ဘာလည်း....''
"အို..ရှင်မလှည့်လာနဲ့အုံးလေ.."
ဓိ သတိလက်လွတ် သူမကို ကြည့်လိုက်မိပြီး..
မျက်လုံးတွေပြာတက်သွားကာ သူမအော်လိုက်တာကြောင့် သူအမြန် အရှေ့ကို ပြန်လှည့်လိုက်ကာ.....
"Sorry ငါက မင်းပြီးပြီ မှတ်လို့..."
သူမ ရှက်လွန်းတာကြောင့် အသားတွေ
ပင်တုန်လာကာ မျက်ရည်လေးတွေပါ
ဝဲလာမိသည်။
သူမ စောင့်ထိန်းခဲ့သမျှ အခု ဒီလူက
အကုန်မြင်သွားပြီ မဟုတ်လား...
ဒေါသလည်း ဖြစ်လို့မရ...သူမ
ထွက်နေတဲ့ ရှက်ဒေါသတွေကို
ပြန်မြိုချကာ....
သူမ နှုတ်ခမ်း လေးဖိကိုက်ကာ
သူ့လက်ထဲက ထမိန်ကို..ငဲ့ကြည့်ပြီး...
"ကျွန်မကို အာ့ဒိထမိန်ပေးပါ.."
"အော်..အင်းရော..."
ဓိ ကြောင်နေရာမှ သူမ အသံကြောင့်
သတိပြန်ဝင်လာပြီး နောက်ပြန်ကမ်း
ပေးကါ သူ သက်ပြင်းတွေအသာ
ချနေမိသည်။
သူမ ထမိန်ဝတ်ပြီးတာနဲ့ အခုဝတ်ထား
တဲ အဝတ်ကိုပါ လျှော်ရန် ရေထဲယူသွား
လာကာ သူ့ကို စကားမပြောချင်တာ
ကြောင် တစ်ယောက်ထည်း ရေထဲ ဆင်း
လာခဲ့သည်။
ဓိ သူမ ရေထဲ ဆင်းသွားသံကြားမှ
သက်ပြင်းတွေပဲ လိမ့်ချနေမိကာ
အာရုံထဲမှာတော့ ဆွဲဆောင်မှု ရှိလွန်း
တဲ့ သူမရဲ့ လှပတဲ့ ကိုယ်လုံးလေး
ပြန်မြင်တော့ သူခေါင်းကို ခါရမ်း
လိုက်ကာ...
"ဓိ မင်းမိန်းမ မမြင်ဖူးဘူးလား..စိတ်ထိန်း
စမ်း...မင်းဘာမှ မဖြစ်ရဘူး.."
သူပြောကာ တစ်နေရာကို အကြည့်
ရောက်သွားတော့..ဟိုတနာရူးမကောင်
က ရေထဲက သူမကို လှမ်းကြည့်နေ
တာကြောင့် သူအင်္ကျီ အမြန်ချွတ်လိုက်ကာ
ရေထဲကို ဆင်းလာလိုက်သည်။
သူ တဖြည်းဖြညိး သူမအနားတိုး
သွားပြီး...သူမရဲ့ ဖြူဖွေးနေသော
ပခုံးလေးဆီ အကြည့်ရောက်သွား
တော့ သူမျက်နှာအမြနိလွဲကာ..
"မင်းအဝတ်လျှော်လို့ ပြီးရင်
မြန်မြန်ချိုး..."
သူပြောတော့ သူမက သူ့ကို
ဘာမှ ပြန်မပြောတော့ ဓိ မျက်မှောင်
ကုတ်တာ...
"ဒီမှာ..ငါပြောတာ ကြားလား.."
"ကြားတယ်..."
ပြောပြီး တစ်ဖက်ကို လှည့်သွားကာ
ရေချိုးနေတာကြောင့် ဓိလည်း..မျက်ခုံး
တွေပင့်တက်သွားကာ...
နေပေါ့....ဆိုပြီး တစ်ဖက်ကို လှည့်ကာ
ရေချိုးနေလိုက်သည်။
"အမလေး..ဘာကြီးလည်းမသိဘူး
လုပ်ပါအုံး..."
ရေချိုးနေရင်း သူမ သူ့လည်ပင်ကို
အတင်းလာဖက်ပြီး ပြောလာ
တာကြောင့် ဓိ အသက်ရူတွေ
မှားသွားကာ ရင်ခုန်သံတွေကပါ
ဗြောင်းဆန်ကုန်တော့သည်။
"ဟာ..မင်းဘာလုပ်တာလည်း..."
သူမ မျက်ရည် တွေကျလာကာ
သူ့လည်ပင်းကို သာ ကျစ်နေအောင်
ဖက်ထားပြီး...
"ဟင့်အင်း သူမကြောက်တယ်..
ဟိုဟာကြီးဖယ်ပေးပါ..."
ဓိသက်ပြင်းချကာ...သူမညွှန်ပြ
ရာကြည့်တော့ ပုတ်သင်ညိုတစ်
ကောင်း ကိုင်မျှောလာတဲ့အပေါ်
ကို ပါလာပြီး သူမ အဝတ်မနားမှာ
ရောက်နေတာကို သူမြင်တော့ ရေနဲ့
လှမ်းပတ်လိုက်ကာ ခုန်ထွက်သွား
တော့မှ.. သူ သက်ပြင်းချ၍..အခုထိ
မလွတ်သေးသော သူမကြောင့်...
"ငါတို့ အခုလိုနေချင်ရင် တဲထဲကြမှ
ဆက်ပြီးနေကြရအောင် အခုမင်းလုပ်နေတာက ဟိုမှာမြင်လား မင်းကိုလှမ်းချောင်းနေတဲ့
ဟိုတနှာရူးကို စိတ်စွနေသလိုပဲ..."
သူမလည်း သူ့အပြောကြောင့် သူ့ကို
အမြနိလွတ်လိုက်ပြီး မျက်ရည်တွေကျ
လာကာ ရေချ်ိုးနေတော့သည်။
သူမ အခုကျတဲ့ မျက်ရည်က သူ့က်ို
စိတ်ဆိုးဒေါသထွက်လို့ ကျတဲ့မျက်ရည်
တော့ မဟုတ်...သူမ ရှက်လွန်းလို့ ကျတဲ့
မျက်ရည် သာဖြစ်သည်။
------------------------------------------^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
"ကိုဘက်...ကိုကိုက ဘယ်ကို
သွားတာလည်း...''
"မွန်ပြည်နက်ဘက်ကိုပါ မမလေးခ..''
ခ ပြုံးလိုက်ကာ...သူမဘေးမှာ
ရပ်နေသော ဘက်ကို ကြည့်ကာ
နှုတ်ခမ်းလေးဆူလိုက်ပြီး...
"အာ့ဒိ ကိုကိုကလေ ခကိုမပြောသွားဘူး
ပြန်လာမှ တွေ့မယ်ဟွန်း..."
သူမလေးရဲ့ ကလေးဆန်စွာပြောပုံလေး
က တကယ့်ကို ကလေးတစ်ယောက်ပမာ
ချစ်ဖို့ကောင်းလှသည်။
သူမလေးကို တွေ့တဲ့သူတိုင်းကလည်း
မချစ်ဘဲနဲ့ မနေန်ိုင် ခဆိုတာ အရုပ်မလေး
လို ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပါ....
အကိုလေးကလည်း သူမကိုဆို အလိုလိုက်
အရေးပေးတါကြောင့် ခက နည်းနည်းတော့
ဆိုးချင်သည်။
အခုလိုပဲ အကိုလေးမရှိလည်း Company ကို
လာကာ ဆိုဖာမှာထိူင်ပြီး ပြင်းရင် ပြန်သွား
နေကြဖြစ်သည်။
အခုလည်း ရုံးက ချကျွေးတဲ့ မုန့်တွေကို
စားနေပြီး အကိုလေးကို ထိုင်အပစ်တင်
နေပုံလေးက တကယ့်ဖြူစင်တဲ့ ကလေး
တစ်ယောက်ပမာ....
ဘက် ပြုံးကာ ကြည့်လိုက်ပြီး...
လက်က နာရီကို ကြည့်ကာ...
"မမလေး ပြန်ဖို့ အချိန်သင့်ပါပြီ..."
ထိုအခါ သူမလေး နှုတ်ခမ်းလေး
ထော်သွားပြီး...
"ဟွန့်..ကိုဘက်ကလည်းခမှ မပြန်
ချင်သေးတာ တော်ကြာ ကိုကို
ဖုန်းလာရင် ခ လွတ်သွားမှာပေါ့..."
"မလာပါဘူး မမလေး အကိုလေးက
အခုအချိန် အကိုလေး အလုပ်ရူပ်နေတာ
ဟုတ်လို့ ကျွန်တော့်ကိုတောင် မဆက်ပါ
ဘူး အကယ်၍ လာခဲ့ရင်လည်း
ကျွန်တော်ပြောလိုက်ပါ့မယ်... "
သူအပြောကို သူမလေးကျေနပ်သွား
ပုံရကာ...
"ဟင်..တကယ်နော်....ခ ကိုဘက် ကိုကို
ကိုမပြောရင် ခကိုကိုနဲ့ ပြန်လာရင်
တိုင်ပြောမှာ...''
"ဟုတ်ကဲ့ပါ မမလေးရဲ့ ကျွန်တော်ပြော
လိုက်ပါ့မယ်.."
ခ ကျေနပ်စွာ ထရပ်လိုက်ပြီး..
"အာ့ဒါဆို ခပြန်တော့မယ်နော်...."
ခပြောပြီး ရုံးခန်းကြီးထဲက လှပစွာ
ထွက်လာလိုက်သည်။
"ဟဲ့..ဟိုမှာကြည့်..."
"ဘာလည်း...."
"ကြည့်ပါဆို..."
သင်ဇာ....ပုလဲ မေးငေါ့ပြတာ
ကြောင့် ကြည့်လိုက်တော့
ချစ်စရာကောင်းပြီး လှပတဲ့
မိန်းကလေးတစ်ယောက်
သူဌေးရုံးခန်းဘက်က လျှောက်လာ
တော့ သူမ နားမလည်သလို ပုလဲကို
ကြည့်ကာ...
"ဘာဖြစ်လို့လည်း..."
"ဟာ..အာ့ဒါ သူဌေးနဲ့ လက်ထပ်မဲ့
မိန်းကလေးလေ..."
"ဟင်..ဟုတ်လား..."
"ဟုတ်တာပေါ့...သူဌေးပြန်လာရင်
စေ့စပ်တော့မှာတဲ့...မိန်းကလေးက
ကံကောင်း လိုက်တာ ချစ်ဖို့လည်း
ကောင်းလိုက်တာ..."
"အေးနော်..ချစ်ဖို့ကောင်းတာတော့
တကယ်ဟ..ဒါပင်မဲ့ မငယ်လွန်းဘူးလား.."
"မငယ်ပါဘူးဟယ် ကောင်မလေးက
အရမ်းနုနေလို့ပါ..."
ဇော် ဒီနေ့ project အသစ်တစ်ခုအတွက်ယသူ ဒီနာမည်ကြီး ATPT Company ကြီး
မှာ ရှယ်ယာဝင်ချင်တာကြောင့် သူ လက်မှတ်
ထိုးရန် ရောက်လာတော့ ဘေးက မိန်းကလေး
တွေ အပြောကြောင့် အရှေ့က ဂေါင်ဝန်ကားကားလေးနဲ့ လှမ်းလျှောက်လာတဲ့ မိန်းကလေး
ကို သူ ကြည့်လိုက်တော့ မနေ့က သူနဲ့
ဝင်တိုင်မိတဲ့ အူတူတူမိန်းကလေးဖြစ်နေတာ
ကြောင့် သူပြုံးလိုက်ကာ...
"သူဌေး ဦးအဓိပတိရဲ့ ဇနီးလောင်းက
ဒီမိန်းကလေးကို...."
တစ်ဆက်ထည်းမှာပဲ သူ့ရဲ့ မဟာဆန်ပြီး
လှပတဲ့ ချစ်သူလေးရဲ့ မျက်နှာလေးပါ
ပေါ်လာကာ..သူပြုံးမိသွားပြီး...
"အဟွန်း..ငါ့အချစ်လေးကိုတော့ မမှီဘူး..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း