book

Index 38

အပိုင်း(38)🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action


"ဟာ...သူဌေး..."


ထိုအချိန် ဘေးက အလုပ်သမားတွေ

သာမက ချက်ပြုတ်သော စားဖိုမှူး

တွေပါ မျက်နှာလေးတွေ ငယ်၍ 

အလန့်တကြား ခေါင်းလေးငုံ့သွား

ကြတာကို သူမ ဘာမှနားမလည်နိုင်သေး

ဘဲ မျက်ဝန်းလေးသာ ဝိုင်း၍ ကြည့်နေမိသည်။


အပေါ်ထပ်က သူကတော့ သူ့ဗလကြီး

နဲ့ ဝကစ်ကစ် ဓိဓိနဲ ပါယ်လေးကို

တစ်ဖက်ဆီချီလာ၍ မျက်နှာကြီးတင်း

စွာ သူမအနားကို လျှောက်လာ၍

နဖူးလေးမှာ ချွေးစတို့ စို့နေသော မိန်းမ

ဖြစ်သူကို ကြည့်၍ မျက်နှာကြီးမှာ တင်း

သွားပြီး အခုမှ ခေါင်းငုံ့နေကြသော သူတွေအား ဝေ့ကြည့်၍..လက်ထဲက သား​ဖြစ်

သူနဲ့ သမီး ဖြစ်သူအား ဘေးမှာရပ်နေသော

အထိန်းတွေအား ပေး၍ ဧည့်ခန်းဘက်ကို

သွားစေလိုက်ပြီး သူ သူမအနား ထပ်တိုး

သွားကာ...


"အခုမှ နိုးကြလို့ ကျုပ်မိန်းမ အလုပ်တွေ

လုပ်နေတာကို ရပ်ကြည့်နေကြတာလား..."


သူ့ရဲ့ အေးစက်စက် အသံကြောင့် သူမရော

အခြားသူတွေပါ ခေါင်းတွေ ငုံ့သထက်

ငုံကျသွားကာ သူမ အေးစက်စက်လက်ကလေးတွေအား ဖိဆုပ်ကိုင်ထားမိတော့သည်။


ဓိ သူမရဲ့ လက်ကလေးကို ​ဆုပ်ကိုင်၍

သွယ်၍ လှပနေသော လက်ကလေးများ

ရဲနေတာကို  ကြည့်၍...သူ မျက်နှာကြီး

မှာ မှုံကုတ်ကာ..


"ကြည့်စမ်း သူမ မင်းကိုယ့်ကို 

သတ်နေတာလားကွာ...နောက်တစ်ခါ

လုံးဝ မချက်ရဘူး ကိုယ်မကြိုက်ဘူး

ကလေး..မင်းပင်ပန်းတာကို ကိုယ်မြင်

ရတာ စိတ်မသက်သာဘူးကလေးရယ်

ဒါ့ကြောင့် ကိုယ်အနားနေတာကလွဲ

ပြီး ဘာမှမလုပ်နဲ့နော်..."


လူတွေအများကြီးအရှေ့မှာ အကဲပိုလွန်း

စွာပြောနေသော သူ့ကြောင့် သူမ မျက်နှာ

လေးမှာ ရဲလာ၍ သူ့အပေါ် စေတနာ ပိုမိတာ

ကိုတောင် နောင်တရမိသည်။


သူမလက်ကလေးကို ကိုင်၍ 

လေးဖြင့်မှုတ်ပေးနေသော

သူ့အား သူမ မော့ကြည့်၍.


"ဟို..ရပါတယ် သူမ ဘာမှ

မဖြစ်ပါဘူး...''


"ဘာရတာလည်းကွာ...ဒီမှာတွေ့လား

ကလေယလက်ကလေးတွေ ရဲကုန်ပြီ

လေ..ကလေးကိုယ်မှာ ခြစ်ရာလေးဖြစ်တာနဲ့ ကိုယ်ရင်ထဲလည်း နာတယ် သူမ...."


"အို...ဓိ ရှင်ဘယ်လိုဖြစ်..."


သူပြောပြီး သူ့ကိုယ်လေးကို သူ့ရင်ခွင်

ထဲ ဆွဲသွင်းကာ ဖက်ထားသောကြောင့်

သူမ တစ်​ယောက် ရှက်လွန်းသောကြောင့်

တစ်လုံး အငွေ့ပျံချင်သွားကာ..သူ့ရင်ဘက်

ကြီးကို တွန်းထုတ်၍..


"ဟို..ဓိ...ရှင်..ရှင် မနက်စာ စားမလားဟင်...

ပြီးတော့ သူမက ရှင့်ဇနီးလေ ကိုယ့်ယောကျာ်း

ကိုစားစေချင်လို့ အစောကြီး ထချက်မိတာပါ

ပြီးတော့ သူမရှင့်အတွက် မုန့်ဟင်းခါး ချက်ထားတယ်သိလား...''


ဓိတစ်ယောက်တင်းမားပြီး မှုန်ကုတ်နေသော

မျက်နှာမှာ သူမရဲ့ စကားများကြောင့် ပြန်၍

ကြည်လင်လာကာ..


"သူမ မင်းစောစောက ဘာပြောလိုက်တယ်..."


သူ့ရဲ့ ပြန်မေးသော စကားလုံးများကြောင့်

သူမ မျက်ဝန်းလေးပြူးကာ သူ့ကို မော့ကြည့်၍..


"ဟို...ရှင့်အတွက် မနက်စာ..."


"မဟုတ်ဘူး မင်းကိုယ့်ကို နမ်စား

သုံးပြီး ခေါ်လိုက်တာလေ..''


"ဟိူ..သူမရဲ့ ယောကျာ်းလေ..."


ထိုမခါ ဓိ မျက်နှာကြီးပြုံးဖီးသွား၍..


"အဟွန်း..ဟုတ်တယ် ကိုယ်က

မင်းရဲ့ ယောကျာ်းပဲ...ထည့်လေ

စားတော့မယ်..."


သူ့ရဲ့ ရယ်မောကာ​ပြောလာမှ သူမ

သက်ပြင်းလေးချကာ ခေါင်းလေး

ငြိမ့်ပြ၍ သူ့အတွက်ပြင်ဆင်ဖို့

လုပ်နေမိသည်။


"ဘာလည်း ကျုပ်မိန်းမက 

ထပ်လုပ်ရအုံးမှာလား..."


သူ့ရဲ့ အေးစက်စက်ထပ်မံ၍ 

ပြောလိုက်သော အသံကြောင့်

ဘေးက တအံ့တသြ ရပ်ကြည့်နေ

ကြသော အားလူံး လှုပ်လှုပ်ရှားရှား

ဖြစ်သွားကြ၍ သူဌေးကတော်အနား

အမြန်ပြေးသွားကြကာ လက်တုန်

ခြေတုန်ဖြစ်နေကြကာ ကိုယ်စီ

ဝိုင်းလုပ်ကြကာ မျက်နှာပေါ်မှာတော့

အခုထိ အံ့သြမှုတို့က မပျောက်...


သူမ အားလုံးရဲ့ မျက်နှာတွေကို 

ဝေ့ကြည့်၍ ထမင်းစားပွဲပေါ်

မှာ ထိုင်ပြီး သူမကို စူးစိုက်ကြည့်နေသော

သူ့ကို မျက်စောင်းလေးထိူးလိုက်မိတော့သည်။


ဟွန့်..တော်တော်ဆိုးတဲ့လူ...


ဓိ ချစ်ဇနီးလေးရဲ့ အပြင်အဆင်

ကင်းမဲ့တာတောင် ဝင်းဝင်းစက်စက်

လေးလှပနေမှုကြောင့် ပြုံးလိုက်ကာ..

ခဏအကြာ အငွေ့တထောင်းထောင်း

ဖြစ် မွှေးပြီး စားချင်စဖွယ်ကောင်း

သော မုန့်ဟင်းရည်ပန်ကန် စားချင်စဖွယ်

ပြင်ဆင်ထားသော အကြော် ဘဲဥ သံပုရာ

သီး တို့ကိုကြည့်၍..


"ကလေး ဒါ ကလေးကိုယ်တိူင် ချက်ထား

တာလား..."


သူမ သူ့ဘေးမှာထိုင်၍ ခေါင်းလေး

ငြိမ့်ပြ၍ ပြုံးကာ..


"အဟွန်း ဟုတ်တယ်လေ..."


ထိုအပြောကြောင့် ဓိမျက်နှာကြီး

ပျက်သွားမိသည်။


ဒီမုန့်ဟင်းခါးကို ရဖို့ ချက်ပြုတ်ရတာ

ဘယ်လောက်အလုပ်ရူပ်လက်ဝင်တယ်

ဆိုတာ ဓိ သိသောကြောင့် သူ့ကို မုန့်ဟင်း

ခါးပြင်ပေးနေသော သူမအားကြည့်၍..


"ကလေး နောက်ဆို လုံးဝ မချက်

ရဘူးနော်...ကိုယ်ကလေး ပင်ပန်း

တာ မကြည့်ရက်ဘူး..."


သူမ သူ့အရှေ့ကို မုန့်ပန်ကန်ချပေး

၍ ခေါင်းလေးငြိမ့်ပြ၍ ပြုံးကာ..


"အင်းပါ သူမ မချက်တော့ပါဘူး...

အခုက သူမက ရှင့်ကို စားစေချင်

လို့လေ..."


"ဟုတ်ပါပြီ..."


ဓိ ပြုံးပြီး သူမထည့်ပေးထါး

သော မုန့်ပန်ကန်အားယူ၍

အနည်းငယ် ခပ်၍ စားလိုက်ကာ..

အရသာ ကောင်းလွန်းနေသောကြောင့်

ပြုံးလိုက်ကာ...


"ဝါး..ကောင်းလိုက်တာ ကိုယ့်မိန်းမက

အချက်အပြုတ်လည်း တော်တာပဲနော်..."


သူမ သူ့အပြောကြောင့် ပြုံး၍..


"အဟွန်း အဲဒီလောက်လည်းမဟုတ်ပါဘူး

ဟင်းရည်က ချိုတဲ့ ငါးရံအသားနဲ့ ချက်

ထားလို့လေ..ပြီးတော့...ငံပြာရည်လည်း

ကောင်းသွားလို့...."


သူမပြောပြီး အရှေ့က ညှပ်ထား

သော ငါးဖယ်လေးကို ခပ်၍ သူ့ပန်

ကန်ထဲ ထည့်ပေးပြီး အရည်ညှစ်ထား

သော သံပုရာရာလေးအား အနည်းငယ်

ထည့်ပေးကါ..


"ရော့..ဒါလေးနဲ့ပါ ထည့်စားကြည့်

ကောင်းတယ်..."


ဓိ ခေါင်းငြိမ့်ပြကာ သူမအား

ကြည့်၍...


"ကလေးရော မစားဘူးလား.."


"ဟင့်အင်း သူမ မစားချင်သေးဘူး...

ဒါနဲ့ မနေ့က မမမိုင်း လာသွားတယ်

ရှင့်ကိုတောင် မေးနေသေးတယ်

တွေ့ဖို့ပြောထားတာ အခုထိ မတွေ့ရသေး

လို့တဲ့.  "


"အင်း ဟုတ်တယ် ကိုယ်အလုပ်ရူပ်

နေလို့..."


သူမ မုန့်ကို သေသပ်စွာ စားနေသော

သူ့အားကြည့်၍ သူ့ရဲ့ ချောမောသော

မျက်နှာကို ခပ်ငေးငေးလေးကြည့်မိကာ.


"ဒါနဲ့..ရှင်နဲ့ မမမိုင်းက အရင်ထဲက

အသိတွေလားဟင်..."


"အင်း ဟုတ်တယ်...အရမ်း

မရင်းနှီးပါဘူး...ဘာလို့လည်း..."


သူမကို ကြည့်၍ မေးလာသော

သူကြောင့် သူမခေါင်းလေး ခါပြကာ..


"ဟင့်အင်း မဟုတ်ပါဘူး မမမိုင်းက

သူမတို့အပေါ် အရမ်းကောင်းလို့လေ

ပြီးတော့ ရှင် သူ့ကို မကျေမနပ်ဖြစ်နေ

ရင်လည်း ကျေအေးပေးဖို့ပြောချင်လို့ပါ

မမမိုင်းက ရှင်သူ့ကို ပြောမှာဆိုးလို့

စိုးရိမ်နေတာ ပြီးတော့ သူမပြောလို့

ရှင့်ကို သူ အမှန်တိုင်း မပြောခဲ့တာပါ.."


ဓိ စားသောက်လို့ ပြီးသွားတာကြောင့်

အရှေ့က တီရူးအားယူ၍ ပါးစပ်အား

သုတ်ကာ...သူမကို မျက်နှာလေး ငယ်စွာ

ပြောနေသော သူမအား ပြုံးပြုံးကြီး

ကြည့်၍...


"အဟွန်း... ကိုယ် သူ့ကို တွေ့ချင်တာ

အပစ်ပြောဖို့လို့ ဘာလို့ ထင်ရ​တာလည်း...."


သူ့အပြောကြောင့် သူမ ခေါင်းလေး

မော့ကြည့်မိတော့ သူ သူမ မျက်ဝန်း

လေးများအား စိုက်ကြည့်၍...


"ကိုယ့်ရဲ့ အဖိုးတန်လေးများကို

အခုလို လှပစွာ ဆောင့်ရှောက်ပေး

ထားလို့ပေါ့..."


သူ့အပြောကြောင့် သူမ မျက်နှာ

လေးငုံ့ကျသွားတာကို ဓိကြည့်၍..


"ကိုယ့်ရဲ့ အသက်က မင်းပဲ သူမ

မင်းသာ ကိုယ့်အနားက ထပ်ထွက်သွား

ရင် ကိုယ်သေလိမ့်မယ်..."


သူ့အပြောကြောင့် သူမ ပါးပြင်လေး

တွေရဲသွား၍ ထရပ်လိုက်ကာ..


"ဟို...ဟို..သားနဲ့သမီးဆီသွားလိုက်

အူံးမယ်...."


ပြောပြီး မျက်နှာလေးရဲကာ ပြေးထွက်

သွားသော သူမကြောင့် ဓိ ပြုံးလိုက်မိကာ..


"အဟွန်း ချစ်စရာလေး..."


-----------------=----==============^^^^^🍓🍓🍓🍓🍓🍓🍓


"ဟယ်..မိုင်း....မိုင်းဟုတ်ပါတယ်နော်..."


မိုင်း ဓိဓိလေးနဲ့ ပါယ်လေးအတွက်

 အရုပ်လာဝယ်တုံး ဘေးက ရုတ်တရပ်

ခေါ်လ်ိုက်သောကြောင့် သူမ ကြည့်လိုက်

တော့ မိုင်းရဲ့ ငယ်သူငယ်ချင်း စုမြတ်

ဖြစ်နေသောကြောင့် မိုင်းဝမ်းသာသွား

ကာ..


"ဟင်..စုမြတ်. နင်စုမြတ်နော်..ငါ

မိုင်းပါဟ..."


"အမလေး သူငယ်ချင်းရယ် ငါနင့်

ကိုတွေ့ရတာ ဝမ်းသာလိုက်တာ...

ဒါနဲ့ နင်လက်ထပ်ပြီးလို့လား...''


လက်ထဲက အရုပ်လေးတွေ

နဲ့ ကလေး ဘောင်းဘီလေး

တွေကို ကြည့်၍ မေးလာသော

ဆုမြတ်ကြောင့် မိုင်းပြုံး၍ ခေါင်ခါလိုက်ကာ..


"အဟွန်း...မဟုတ်ပါဘူးဟ..ငါက

အပျိုကြီး ဒါ ညီမလေးလို ခင်ရတဲ့

မိန်းကလေးရဲ့ ကလေးတွေအတွက်ပါ...."


"သြော်...ငါတို့ အေးဆေးစကား

ပြောရအောင် ဟိုအရှေ့က ဆိုင်မှာ

သွားထိုင်ရအောင်..."


မိုင်း စုမြတ်ညွှန်ပြသော ဆိုင်လေးအာကြည့်၍ ခေါင်းငြိမ့်ပြကာ..


"အင်း သွားရအောင်လေ..."


နှစ်ဦးသားထိုဆိုင်လေးကို

စကားပြောပြီး လျှောက်သွား

ကြကာ မှာစရာရှိတာမှာပြီး

ထိုင်ခုံမှာ ထိုင်လိုက်ချိန်...


"မိုင်း ပြောစမ်းပါအုံး ယူ

အရင်က သဘောကျခဲ့တဲ့

မောင်လေး အဓိပတိအကြောင်း

တို့ကတော့ကြားတယ် အဓိပတိ 

စီးပွားရေးမှာဆို အရမ်းအောင်မြင်

နေတာဆို...နင်နဲ့ရော ဘယ်အခြေအနေ

ရောက်ပြီလည်း...."


မိုင်း စုမြတ်အားကြည့်၍..


"စုမြတ် နင်တီဗီ မကြည့်ဘူးလား

ဖုန်းရောမသုံးဘူးလား..."


"မသုံးဘူး မကြည့်ဘူး ငါ့မှာကလေး

နဲ့ အဲဒါတွေအာရံာမစိုက်နိုင်တာကြာပေါ့...

ငါမေးတာ အဲဒါတွေနဲ့ ဘာဆိုင်လို့တုန်း..."


မိုင်း သက်ပြင်းလေးချ၍ 

သူမ ဘေးမှာချထားသော

အရုပ်လေးနှစ်ရုပ်နဲ့ ကလေး

ဘောင်းဘီအိတ်ကာ မေးငေါ့ပြကာ..


"အဲဒါ နင်ပြောတော့ အဓိပတိရဲ့

ကလေးအတွက်ပဲ..."


"ဘယ်လို..."


စုမြတ် မျက်လုံးကြီးပြူးပြီး မေးလာ

တော့ မိုင်းခေါင်းလေးငြိမ့်ပြကာ..


"ဟုတ်တယ် စုမြတ် ငါတို့က စီး

ပွားရေးအရသိပြီး သူ့ကို ငါသဘော

ကျခဲ့ပင်မဲ့ ဓိဆိုတဲ့ကောင်လေးက

ငါ့ကိုမှ သဘောမကျခဲ့တာ အဲဒီတော

က ငါ့ကိုမှမဟုတ်ဘူး သူ ဘယ်မိန်းကလေး

ကိုမှ စိတ်မဝင်စားခဲ့တာ...ဒါပင်မဲ့ အခု

အချ်ိန်မှာတော့ သူ့ရဲ့ ရင်ထဲမှာ နေရာယူ

နိုင်ခဲ့တယ်မိန်းကလေး ရှိနေပြီလေ..ငါလည်း

မေ့ဖျောက်ခဲ့တာ အဲဒီမိန်းကလေး ငါ့ဆီ

ရောက်လာထည်းကပေါ့...".


သူမရှင်းပြတာကို နားမလည်စွာကြည့်

နေသော စုမြတ်အား မိုင်းကြည့်၍ 

ပြုံးလိုက်ကာ..


"ဒီလိုဟ..................

........................

........................

....................."


"အို...အဲဒီလိုတွေတောင်

ကိစ္စတွေက ဖြစ်သွားတာလား..."


မိုင်းရှင်းပြလိုက်တော့ နားလည်သွား

သော စုမြတ် အံ့သြနေကာ..မိုင်းအား

ကြည့်၍...


"မိုင်းရယ် နင့်စိတ်ဓာတ်ကို ငါလေး

စားတယ်သိလား...ကိုယ်တစ်ဖက်သက်

ချစ်ရတဲ့လူရဲ့ မိန်းကလေးကို ကယ်တင်

ထားတာ ငါအရမ်းလေးစားတယ်..."


ထ်ိုအခါ မိုင်း ဖြူစင်စွာပြုံး၍...


"အဟွန်း...ငါ...စိတ်ထဲမှာ အခု

ဘာမှ မရှိတော့ပါဘူး ငါ့ဘဝ

ကို ငါဖြူဖြူစင်စင် နဲ့ အကောင်းဆုံး

ဖြတ်သန်းမှာပါ..."


"ဟုတ်ပါပြီ..ဒါနဲ..."


"ဟဲ့ စုမြတ် ဘာဖြစ်တာလည်း...."


ပြောနေရင်း စကားရပ်သွားသောကြောင့်

စုမြတ်ကြောင့် မိုင်း မေး၍ သူမကြည့်ရာ

လိုက်ကြည့်တော့....ဘယ်ကိုမှ မကြည့်ဘဲ

မိုင်းတို့ရှိရာကို တည့်တည့်မက်မက် လျှောက်လာသော ဓိရဲ့ဘေး အမြဲတွေ့နေရသော

ကိုယ်ရန်တော်..ဘက်ဆိုသော ကောင်လေး

နီလာပြီ ဖြစ်သော ထိုကောင်လေးအား

မိုင်း မျက်မှောင်ကုတ်ကာကြည့်နေလိုက်သည်။


ဘတ်  သူ့ကို လှမ်းကြည့်နေသော 

အဒေါ်ကြီးအနား လျှောက်သွားကာ..


"ဒေါ်မိုင်းသော်တာ အဒေါ်ကြီး

ခင်ဗျားကို ညနေ အကိုလေး

ကအိမ်လာဖို့ ပြောခိုင်းလိုက်လို့ပါ...."


ပြောပြီး ပြန်ထွက်သွားသော ထိုကောင်

လေးကြောင့် မိုင်း ပါးစပ်အဟောင်း

သားနဲ့ ဒေါသ ထွက်သွားမိကာ...


"ဘာ...အဒေါ်ကြီး...အမလေး

မူးလိုက်တာ..."


"အို...မိုင်း....သူက...ဘယ်သူလည်

အဆင်လေး...နင်အရွယ်မဟိုင်းခင်

ဆွဲဖမ်းလ်ိုက်တော့.. "


စုမြတ်အား မိုင်း မျက်စောင်းထိူးကာ..


"တော်စမ်းပါ ကျောက်ရုပ်လိုလူ..."


ထိုအပြောတွေရဲ့ နောက်ကွယ်တွင်တော့...


------------------------------=-====-----^^^^^🍓🍓🍓🍓🍓🍓🍓🍓


ဒုတ်....


လှေကားပေါ်ကနေ လက်ဂေ့စ်ကြီး

ဆွဲချ၍ ဆင်းလာသော မှူး

သူမကို ကြည့်နေသော ဆောင်းအား

ရယ်ပြ၍...


"ငါ  ..ခရီးထွက်မလို့ ဆောင်း..."


ဆောင်း ပန်းသီးလေးကိုက်၍

အံ့သြစွာကြည့်နေရင်းမှ

မှူးပြောလာသော စကားကြောင့်

သူမ မျက်ဝန်းတွေ ပြူးသွားကာ..


"အို..ရုတ်တရပ်ကြီး မှူးရယ်

ဆောင်းလည်း ဘာမှ မသိရပါလား.. "


မှူး ခပ်ရဲ့ရဲ့လေးပြုံး၍...


"အင်း ငါ တစ်နှစ်ကျော်ထည်းက

တွေ့ပြီး ချစ်ခဲ့ စိတ်ကူယဥ်ခဲ့ရတဲ့

သူ့ကို ငါ မေ့ပစ်ဖို့ အတွက် ငါ့အတွက်

အချ်ိန်တစ်ခုလိုတယ် ဆောင်း.. ဒါ့ကြောင့်

ငါမကြာခင်ပြန်လာခဲ့မှာပါ..."


"ငါပါ လိုက်မယ်လေ...."


မှူးခေါင်းလေးခါပြ၍...


"ဟင့်အင်း...ငါတစ်ယောက်ထည်း

နေချင်လိူ့ပါ....''


ဆောင်း မှူးအနားကပ်သွား၍

ဖက်ထားလိုက်ကာ...


"ငါ့သူငယ်ချင်း စိတ်သစ်လူသစ်

နဲ့ ပြန်အလာကို ငါစောင့်နေပါ့မယ်..."


"အင်းပါ ဆောင်းရယ်..."


ပြောပြီး နှစ်ယောက်သားပွေ့ဖက်

ထားမိကြကာ မျက်ဝန်းမှာတော့

မျက်ရည်တွေက ဝဲလျှက်...


-----------------------=----===========^^^^^🍓🍓🍓🍓🍓🍓🍓


"ဘက် မိုင်းသော်တာကို ညနေ

လာဖို့ ဖုန်းဆက်ပြီပြီလား..."


"ဟုတ်ကဲအကိုလေး ဆက်ပြီး

ပါပြီ..."


နေ့လည်က အကိုလေးဖုန်းဆက်

ခိုင်းပင်မဲ့လည်း ဘက် ထိုအဒေါ်

ကြီးကိုတွေ့ချင်တာကြောင့် 

လူကိုယ်တိုင် သွားလိုက်တာကို

တော့ အကိုလေးအား မပြောပြတော့ပါ...


"အင်း...ဒါနဲ့ နေ့လည်က ဘယ်သွားတာ

လည်း...''


"အာ..ဟို..ဟိုဝယ်စရာလေး

ရှိလို့ပါ အကိုလေး..."


ဘတ်အကိုလေးကို မတက်သာ

လို့ညာရပင်မဲ့လည်း စိတ်ထဲတော့

သိပ်မလူံ..အခုအချိန်မှာ သူရဲ့စိတ်

ကိုပြောပြဖို့ကိူလည်း ရှက်နေသော

ကြောင့် မပြောပြဝံ့ပေ။


ဓိ စာကြည့်စာပွဲခုံကိုမှီ၍ ဘက်ကို

မျက်မှောင်ကုတ်ကာကြည့်ပြီး...


"အဟွန်း...ဟုတ်လား.. ထားပါ

တော့...ဒါနဲ့..."


ဒေါက်...ဒေါက်....


ထိုအချိန် တံခါးခေါက်သံကြောင့်အကို

လေးမျက်နှာတင်းသွားတာကို ကြည့်၍

ဘတ် ထိုလူအစား ရင်လေးနေမိသည်။


အကိုလေးက သူအလုပ်ကိစ္စပြောမယ်ဆ်ို

ဘယ်သူမှ တံခါးလာခေါက်တာ ကြိုက်တာ

မဟုတ်...


ဘတ်အကိုလေးအားတစ်ချက်ကြည့်လိုက်တော့ ဖွင့်ပေးဖိူ့ ခေါင်းငြိမ့်ပြသောကြောင့်

သူ တံခါးနာသွား၍ ဖွင့်ပေးချ်ိန်...


"ဟင် မမလေး..."


တံခါး အရှေ့က မမလေး သူ့ကို

ပြုံးပြ၍ အနောက်က အကိုလေအား

မဝံ့မရဲလေး ကြည့်နေတာကို ဘတ်

မြင်ရသောကြောင့် အကိုလေူအား

ကြည့်လိုက်မိတော့..ပါးစပ်အဟောင်း

သားဖြစ်သွားမိ၍ ဘေးကို ရှောင်ရပ်ပေး

လိုက်ရတော့သည်။


စောစောက တင်းမာနေသော မျက်နှာ

က အခုတော့ အကိုလေးမဟုတ်တော့

တဲ့အတိုင်းပင်။


ဓိ သူမအနားခြေလှမ်းကျဲကြီးများ

ဖြင့် လျှောက်လာ၍...


"မိန်းမ..ကလေး..လာလေ..အထဲကို

မျက်နှာလည်း မကောင်းပါလား..

ဘာလို့လည်း ကိုယ့်ကိုပြော..."


သူ စိုးရိမ်တကြီး သူမမေးလေးကို

ကိုင်ကာပြောလာသောကြောင့်

ပြန်ပြုံးပြ၍ ခေါင်းလေးခါလိုက်ကာ..


"ဟင့်အင်း သူမ ဘာမှ မဖြစ်ပါဘူး

ဟို...အောက်ထပ်မှာ ခဆိုတဲ့ မိန်းက

လေးရောက်နေတယ်..."


"ဘာ..."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: