book

Index 37

အပိုင်း (37)🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action


သူမက်ိုယ်လေး လေပေါ်မြှောက်တက်သွား၍

မို့ယာကြီးဆီကို ဦးတည်နေသော သူ့ကြောင့်

သူ့အကြံကို သူမ သဘောပေါက်လိုက်ကာ..


"ဦးအဓိပတိ..ရှင်...ရှင်..ဘာလုပ်မှာလည်း...''


မင်္ဂလာဦးညမှာ ဘာလုပ်မှာလည်းမေးနေသော

သူမကြောင့် ဓိပြုံးလိုက်မိသည်။


"အဟွန်း...ကိုယ်က မင်္ဂလာဦးညမှာ

ဘာလုပ်ရမှာလည်းဆိုတာ မိန်းမကို

သေချာရှင်းပြရအုံးမှာလား..."


"အို ရှင်နဲ့ ရှင့်အကြည့်ကြီးက ဘာကြီလည်း

ကျွန်မကို လာမကြည့်နဲ့... "


သူမ ကိုယ်လေးကို ဝေ့ကြည့်လာသော

သူ့အကြည့်များကြောင့် သူမ မျက်နှာ

လေးရဲသွား၍သူ့မျက်နှာကြီးကို မမှီတမှီ

လက်ကလေးနဲ့ အသာတွန်းကာပြောတော့

ဓိတစ်​ယောက် မျက်နှာမှာ ပြုံးစေ့စေ့

ဖြစ်နေပြီး သူမပုံစံလေးကို အသည်းတွေ

ယားနေမိကာ..


"အဟက်..ဟုတ်ပါပြီ ဒါဆို ကိုယ်မကြည့်

တော့ဘူး ကလေးပဲ ကြည့်တော့..."


"ဘာ..."


"အဟက် မျက်နှာကိုပြောတာပါ..."


ဘုတ်...


သူမ ရှက်ရမ်းရမ်း၍သူ့ရင်ဘတ်ကြီးကို

ထုကာ..


"ရှင် သူမကို ချပေးပါ..."


"အွန်း အိပ်ယာပေါ်ကျမှ..."


"အို..ရှင်ဘာတွေပြောနေတာလည်း...

ဦးအဓိပတိ..."


မျက်နှာလေး ရဲချိတ်ကာ သူ့ကို

မျက်ဝန်းလေးပြူးကာပြောလာသော

သူမကြောင့် ဓိ ပြုံးလိုက်ကာ..


"အဟက် မျက်နှာကိုပြော​တာပါကွာ..."


ထိုတော့မှ သူမ ရှက်ရမ်းရမ်းကာ

မျက်စောင်းတွေကြီးပဲထိုး၍ 

အိပ်ယာပေါ် ပက်လက်ကလေး

 တင်လိုက်သောကြောင့်

လက်ရှိအဖြစ်ကို သတိပြန်ဝင်သွားကာ

ရင်တွေပြုတ်ထွက်မတက်ခုန်နေပြီး

သူမကို ကိုညို့မျက်ဝန်းတို့ဖြင့် အပေါ်

စီးကနေ လက်ထှောက်၍ ငုံ့မိုးကြည့်နေသော

သူ့မျက်ဝန်းများကြောင့် မျက်နှာလေး

ရဲသွားကာ မျက်ဝန်းတွေ မစုံရဲစွာ မျက်နှာ

လေးလွဲ၍ လည်ပင်းလေးလိမ်းထားလိုက်တော့သည်။


ဓိ သူမရဲ ရှက်နေသော မျက်နှာသွယ်

သွယ်လေးအား ကြည့်၍ အသည်းတွေ

ယားလာကာ လည်တိုင်ဖြူဖြူလေးအား

ငုံ့ခဲကာ ဖိစုပ်ကာ နမ်းရှိုက်လိုက်ချိန်

သူမ ကိုယ်လေးတုန်တက်သွားတာကို

ဓိ ပြုံးလိုက်ကာ မျက်ဝန်းလေးများ

မှတ်ထားပြီး လည်ပင်းလေးအခုထိ လိမ်

ထားသော သူမမျက်နှာလေးကို ဓိ ဆွဲလှည့်ယူ၍ သူမ မျက်ဝန်းလေးများကို စူးစိုက်စွာ

ကြည့်တော့ ရှက်၍ ထင်သည်သူမ သူနဲ့

မျက်ဝန်းလေးတွေ အစုံမခံဘဲ လွဲသွား

သောကြောင့်ဓိ ပြုံးလိုက်ကာ..သူမရဲ့

ဖူးအာအာ နှုတ်ခမ်းလေးအား အကြည့်

ရောက်သွားပြီး ခေါင်းကိုငုံ့ချလိုက်ကာ...


"အရမ်းချစ်တယ်...ကလေးရယ်..."


"အို..."


သူမနှုတ်ခမ်းလေးတွေကို ချ်ိုချဥ်လုံး

သဖွယ် စုပ်ယူသိမ်းပိုက်သွားသော

သူ့ကြောင့်သူမ ကိုယ်လေး တောင့်တင်း

သွကာ လန့်ဖျန့်၍ သူ့ကိုယ်ကြီးကို

ပြန်ဖက်ထားမိချိန် သူ့အနမ်းတွေကလည်း

နှုတ်ခမ်းလေးမှ တစ်ဆင့် တဖြည်းဖြည်း

လည်ပင်းလေးမှ ရင်ညွှန်လေးဆီ ဆင်းသက်

သွားချိန် အခန်းထဲက မီးအလင်းအရောင်

အစား ညအိပ်မီး မဝင်းတဝင်းလေးဟာ

အစားထိုးနေရာယူသွားချ်ိန် သူမကိုယ်လေးပေါ်က တစ်ခုထည်းသော သဘတ်အဖြူရောင်လေးဟာလေး ကုတင်ဘေးသို့

ကျသွားကာ.. သူမ သူ့ရဲ့

အထိအတွေ အနမ်းအရှိုက်တွေကြား

ကျရှုံးသွားတော့သည်။


ဤသို့ဖြင့် သူနဲ့သူမတို့၏ မင်္ဂလာဦးညလေး

ဟာ အသက်ဝင် စိတ်လှုပ်ရှားဖွယ်

ကောင်းနေတော့မှာတော့ ထိုမင်္ဂလာအခန်း

လေးထဲက လူနှစ်ဦးရဲ့ အသက်ရူသံပြင်းပြင်းတို့က ဖော်ပြလျှက်..


----===================^^^^^🍓🍓🍓🍓🍓🍓🍓


ကျလိ..ကျလိ..ကျလိ...


မနက်ခင်းနေရောင်းခြည်နဲ့အတူ

ကျေးငှက်ကလေးတို့ အော်မြူနေသောတေးသံလေးများက ကြည်နူးပျော်ဖွယ်ဖြစ်ပြီး

အသံလေးများက ကြားရသူတိုင်း ရင်ထဲတွင်

သာယာပျော်ရွှင်သော လှိုင်းလေးများကူးစက်

စေတာ အမှန်ပင်။


"ပါး....ပါး..."


"အား..မိန်းမရယ် ဘာလို့

ကိုယ့်ဆံပင်ကိုဆွဲနေတာလည်း

ကွာ...ဟင်..."


ဓိ မိုးလင်းခါနီးမှ အိပ်ပျော်တာကြောင့်

မျက်လုံးတွေ မဖွင့်ပဲ သူ့ဆံပင်ကို ဆွဲ

နေသောကြောင့် ပြောပြီး တစ်ဆက်ထည်း

ပါးလို့ ခေါ်သံလေးကြောင့်ပါ မျက်ဝန်းတွေ

ကအော်တို ပွင့်သွား၍ ဘေးကို ကြည့်လိုက်

တော့ ဝက်ကလေးနှစ်ကောင်...


အနေအေးသော သမီးလေးကတော့

သူ့ဘေးမှာ ငုတ်တုတ်လေးထိုင်၍

သူ့ကို သွားမပေါက်သေးသော

သွားဖုံးလေးတွေဖြင့် ချစ်စဖွယ်ရယ်ပြနေကာ

ကိုငကဲ ဓိဓိတစ်ယောက်ကတော့ သူ့ခေါင်း

ကို ခြေထောက်ဖြင့် ကုတ်ထားပြီး မိခင်ဖြစ်သူ

အုံးသော ခေါင်းအုံးကို ပက်လက်မှီ၍ ပါးစပ်က နို့ဗူးကို သောက်နေပြီး သူ့ကို ဂျစ်ကန်ကန်

လေးကြည့်နေသော ပုံလေးကြောင့် ဓိ မျက်ခုံး

တွေ ပင့်တက်သွား၍ ထထိုင်လိုက်ကာ ဘေးကသမီးဖြစ်သူ ကိုချီ၍ နမ်းရှိုက်လိုက်ပြီး

သားဖြစ်သူကို မျက်နှာချိုသွေးကာ..


"သား ဖေဖေကိုချစ်လား..."


"ဟွန်..."


သူမေးတာကို မဖြေပဲ အသံလေး

ထွက်ကာ မျက်နှာလေး တစ်ခြားဘက်

ကိုလှည့်သွားသော အမူအရာလေးကြောင့်

ဓိ အသည်းတွေယားနေကာပြုံးလိုက်မိသည်။


ဓိ နှုတ်ခမ်းတို့မှာ ခပ်တွန့်တွန့်ပြုံး၍..

သူချီထားသော သမီးလေးကို

ရင်ဘက်ပေါ်တင်ကာသူလှဲချလိုက်ပြီး..


"သမီးလေး..ပါပါးကိူ ချစ်လား.."


"ချစ်..ချစ်..."


"အဟား...ပါးပါးကလည်း သမီးလေး

အသဲတုံးလေးကို ချစ်တာ..အား..."


ဓိ သမီးဖြစ်သူရဲ့ ချစ်စဖွယ်အဖြေလေး

ကြောင့် အသည်းယားကာ ပြောချိန်

သူ့ခေါင်းက ဆံပင်ကို အခုထိ ခြေဖြင့်

ကုတ်ကာဆွဲ လ်ိုက်သော သားတော်

မောင်ကြောင့် ဓိမျက်နှာကြီး ရှုံ့မဲ့သွား

၍ အော်လိုက်ပြီးသူ့ကိုဘုကြည့်ကြည့်

နေပြီး ငိုမဲ့မဲ့ဖြစ်နေသော သားလေးအား

ထထိုင်လိုက်၍ လက်တစ်ဖက်က

ကောင်ချီလိုက်ကာ..


"အဟက် ပါးပါးရဲ့သားက ပါးပါးကို

စိတ်ဆိုးနေတာလား သားရယ်ပါးပါး

နောက်ဆို သားကို ဘွားဘွားတို့အိမ်

မပို့တော့ဘူးနော်..သားလေ..ပါးပါးကို

စိတ်ဆိုးပြေနော်...''


သူပြောသော်လည်း အခုထိ မျက်နှာလေး

ဆူကာနေသောသားဖြစ်သူရဲ့ အမူအရာ

လေးအား ဓိကြည့်၍ ရယ်ချင်နေသော

စိတ်ကို မြိုသိပ်ထားမိပြီး သားဖြစ်သူ

ကို မျက်နှာချ်ိုသွေး၍ ကြည့်နေမိသည်။


"ဓိဓိ ပါး..ပါးကို ချစ်...''


ထိုစဥ်သမီးလေးက မောင်ဖြစ်သူ

အားသူ့ကိုစိတ်ဆိုးပြေရန်ပြောလာ

တော့ ဓိတစ်ယောက် ငလည်လေး

နှစ်ယောက်ကို ကြည့်၍ အသည်း

ယားသော စိတ်တွေက အူတွေကလိ

ကလိ ဖြစ်လာသည့်အထိ သူ့ရဲ့ အသုံးတုံး

လေးနှစ်ယောက်က ချစ်ဖို့ကောင်းလွန်း

လှပါသည်။


ထိုတော့မှ ကိုယ်တော်က ဆူနေသော

မျက်နှာလေးပြေကျလာပြီ...သူ့လည်ပင်း

ကို ဖက်လိုက်တော့ ဓိ မျက်နှာကြီး

ပြုံးလိုက်မိကာ..


"အဟက်..ပါးပါးကို ခွင့်လွတ်ပြီပေါ့..

ဒါဆို သားသားနဲ့ သမီး ပါးပါးကိုနမ်း.. "


"မှ.."


"မှ.."


သူပြောပြီ နှစ်ယောက်ကြား မျက်နှာ

ထိုးပေးတော့ နှုတ်ခမ်းသေးသေး

လေးတွေဖြင့် နမ်းလိုက်ကြကာ..


"ပါးပါး ချစ်..ချစ်.."


"ပါးပါး..ချစ်"


"ဟား...ပါးပါးလည်း ချစ်တယ်...

ဒီက အသဲလေးတွေကို..."


"ခစ်..ခစ်..."


"ဟား..လာထား...ဝက်ကလေး

နှစ်ကောင်..."


"ခစ်..ခစ်..."


"ဟီး..ခစ်..ခစ်..."


သူ အသည်းတွေယားကာ နှစ်ယောက်

လုံးရဲ့ ဝကစ်ကစ်ကိုယ်လေးတွေကို

ပက်လက်လေးတွေကနေ ကလိထိုး

လိုက်တော့ နှစ်ယောက်သား ကိုယ်လေး

တွေတွန့်လိန်နေကာ ချစ်စဖွယ်ရယ်နေကာ

ထိုမြင်ကွင်းလေးကို မြင်ရသူအဖို့

အားကျဖွယ် ကြည်နူးဖွယ်အတိပင်။


-------==-=-----------=========^^^^^🍓🍓🍓🍓🍓🍓🍓🍓


ငိုထားသောကြောင့် မျက်နှာမို့အစ်အစ်

လေးဖြင့် ဆင်းလာသော မှူးအား 

ကြည့်၍..


"မှူး သူငယ်ချင်း အဆင်ပြေရဲ့လား

ဟင်..."


ပခုံးလေးအား ကိုင်ကာ မေးလာသော

ဆောင်း...


မှူး ခေါင်းလေးခါပြ၍...


"ငါ...ငါ အဆင်မပြေဘူး ဆောင်းရယ်

ငါနှလုံးသား တစ်ခုလုံး ဆွဲထုတ်

ခံလိုက်ရသလိူပဲဟာ..."


ပြောပြီး မျက်ရည်တွေကျလာသော

မှူးအား ဆောင်း ဖက်ထားလ်ိုက်ကာ..


" နင့်အတွက် လူတော်လူကောင်းတွေက

အများကြီးပါ မှူးရယ်..ငါ့သူငယ်ချင်း

သူ့ထက်ပိုတော်တဲ့သူနဲ့ တွေ့မှာပါ..."


မှူး တစ်သွင်သွင်စီးကျလာသော မျက်ရည်

တို့အား ဖိသုတ်၍...ဆောင်းရင်ခွင်ထဲ

တိုးဝင်ကာ..


"ငါ..ငါ...သူ့ကို လက်မလွှတ်နိုင်သေး

ဘူးဆောင်းရယ် ငါအခုလိုအောင်မြင်

အောင်ကြိုးစားတာ သူနဲ့နီးစပ်ဖို့ဆိုတာ

လည်း နင်သိတယ်မဟုတ်လား အခုတော့

ငါ...ငါ့နှလူံးသားတွေ ပြုတ်ထွက်မတက်

ခံစားရတယ်ဟာ...အဟင့်..ဟင့်..ဟီး..."


ပြောပြီး ရှိုက်ငိုနေသော မှူးအား 

ဆောင်းတစ်ယောက် ဘယ်လိုနှစ်

သိမ့်ရမလည်းဆိုတာ မသိတော့

ဆောင်းသက်ပြင်းလေးချ၍..


"ဒါပင်မဲ့ မှူးရယ်..သူက အခုဆို

သက်ဆိုင်သူရှိနေပြီ လေ

ဒါကို ငါတို့ မြန်မာအမျိုးသမီး

တွေက ပိုင်ရှင်ရှိသောသူကို

လက်လွတ်ပေးရမှာတာဝန်းပဲ

သူများ မိသားစုကို ဖြတ်ပြီး နင်ရအောင်ယူတော့ရော ပျော်ရွှင်ရမယ်ထင်လား

နင့်တစ်ဘဝလုံးနောင်တတွေနဲ့ ပြည့်နက်နေ

မှာ ဒါ့ကြောင့်ရအောင်မေ့ပစ်ပြီး ဘဝကို

ပျော်ရွှင်အောင်နေဖို့ ငါပြောချင်တယ်

မှူးရယ်..."


ဆောင်းအပြောကို မှူး ခေါင်းလေး

ငြိမ့်ပြတော့ ဆောင်း ဝမ်းသာစွာ

ပြုံးလိုက်၍..


"စိတ်ထဖြူစင်တဲ့ ငါ့သူငယ်ချင်းလေး

မကြာခင် အမျ်ိုးသားကောင်းလေးနဲ့

တွေ့မှာပါ..."


ပြောပြီး နှစ်ယောက်သား တစ်ယောက်ကို

တစ်ယောက် ဖက်ထားလိုက်ကြတော့သည်။


-----=-===================^^^^^🍓🍓🍓🍓🍓🍓🍓


သူမ အောက်ထပ်တွင် သူ့အတွက်

မျက်စာကိုယ်တိုင် ဝင်ချက်ပေးနေမိသည်။


သူ့ကို သူမ သိပ်မကျေနပ်သော်လည်း

အခူအချိန်မှာ သူဟာ သူမရဲ့ ခင်ပွန်း

သည် ဖြစ်နေသည့်အတွက်ကြောင့်

မယားဝတ္တယား ကျေပွန်အောင်တော့

သူမဘက်က နေပေးရမည် ဖြစ်သည်။


သူမ တွေးပြီး မျက်နှာလေးမှာ ပြုံးသွား

၍ မနက်စာချက်ပြုတ်ချင်းကို သူဆင်း

မလာခင် အမြန်ချက်ပြုတ်နေမိသညိ။


"ဟင်..အမလေး..ဘာ..ဘာလုပ်နေတာလည်း..."


ထိုစဥ် မီးဖိုထဲ ဝင်လာသော ဦးလေးကြီး

နဲ့အတူ အိမ်အကူကောင်မလေးတွေ

သူမကို အထိန့်တလန့်ကြည့်၍ 

မျက်နှာပေါ်တွင် စိုးရိမ်ကြီး ကြောက်ရွံ့မှု

တို့က ကြီးဆိုးနေပုံရကာ သူမကို

မျက်နှာငယ်လေးတွေဖြင့် ကြည့်နေတာကို

သူမ နားမလည်စွာမျက်ဝန်းပြူးပြူး

လေးဖြင့်ပြန်ကြည့်နေမိချိန်..


"အခုချက်ချင်း အားလုံး ခြံထဲက

ပန်းပင်တွေပေါင်းသင်ပြီး အမှိုက်

တစ်စက်မှ မရှိတာ မြင်ချင်တယ်..."


ထိုအချ်ိန် လှေကားအပေါ်ထပ်က အေးစက်စက်ထွက်လာသော

အသံကြောင့် အားလုံး အလန့်တကြား

ကြည့်မိလိုက်ကြတော့သည်။


"ဟင်...."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: