မနက်ပိုင်း မင်္ဂလာဆွမ်းကျွေးကို
သူ့သဘောနဲ့သူ စီစဥ်ပြီး သူ့အိမ်
ကိုပြန်ရောက်တော့လည်း ခြံကြီး
ထဲ အဖြူရောင် ပန်းတွေဖြင့်
အလှဆင်ထားသော မင်္ဂလာ
အခန်းအနားကြီးကို တွေ့တော့
လည်း သူမ သူ့ရဲ့ ပြုံးစိစိဖြစ်နေသော
မျက်နှာကို မကျေမနပ်ကြည့်နေပင်
မဲ့လည်း လည်လွန်းသောသူ သားနဲ့သမီး
ကို ချီ၍ အိမ်ထဲကို ဝင်သွားတော့..သူမ
နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ကာ
အနောက်ကနေ မကျေမနပ် အိမ်ထဲ လှမ်း
ဝင်လာခဲ့လိုက်သည်။
ဓိ ငိုက်နေကြသော သားနဲ့သမီးကို
သူငုံ့ကြည့်၍ ပြုံးလိုက်ကာ...ပါးခက်
ကြီထဲကို တစ်ယောက်တစ်နေရာဆီ
ထည့်ပေးကါ နဖူးလေးကိုယ်စီကို နမ်း၍
ဘေးက ကလေးအထိန်းအမျိုးသမီးကို
ကြည့်ကာ..
"အခုတော့ အိပ်ကြပါစေအုံး..၄နာရီ
ထိုးရင် ရေချိုးပေးပြီး ပြင်ဆင်ပေး
ထားတဲ့ ဝတ်စုံကို ဝတ်ပေးပါ.."
"ဟုတ်ကဲ့ပါသူဌေး..."
ဓိ အိပ်ပျော်နေတာတောင် ချစ်စရာ
ကောင်းနေကြသော ဓိလေးနဲ့ ပါယ်လေး
ကို သူကြည့်၍ ပြုံးလိုက်ကာ...သူမ
ရှိရာ အပေါ်ထပ်ကို တက်လာလိုက်သည်။
ဂျောက်.......
တံခါးဖွင့်သံနဲ့မတူ ပွင့်သွားသော
အခန်းကြီးထဲ ဓိလှမ်းဝင်လာလိုက်သည်။
ဒုတ်....
"အား...."
အော်သံနဲ့အတူ ဓိတစ်ယောက် နာသွား
သော ခေါင်းကို လက်ဖြင့်အသာအုပ်၍
သူ့ကို မကျေမနပ်ကြည့်နေသော သူမကို
ဝေ့ကြည့်၍..
"သူမ...ဘာဖြစ်တာလည်းကွာ..."
သူမ ခေါင်းကွဲအောင်ပေါက်သော်လည်း
ဘာမှ မဖြစ်သောကြောင့် စိတ်ထဲ မချင့်မရဲ
ဖြစ်သွား၍ နှုတ်ခမ်းလေးကို ဖိကိုက်ကာ..
"အခုမှ လာမေးမနေနဲ့....ရှင်...အခုဘာ
တွေလုပ်နေတာလည်း ဦးအဓိပတိ..."
သူမရဲ့ ရှည်လျားစွာခေါ်လိုက်သောနာမည်
ကြောင့် ဓိ ခေါင်းနားနေရင်းကြားမှ မျက်နှာ
ကြီး မဲ့သွားကာ..
"သူမကလည်းကွာ..ကိုယ့်ယောကျာ်းကို
ခေါ်တဲ့နာမည်ကလည်း....မမောဘူးလား..."
သူမ သူ့အပြောကို မကြားဟန် မျက်နှာလေး
တင်းပစ်၍ သူ့ကို ဒေါသဖြစ်လွန်းသော
ကြောင့် လွဲထားကာ..
"ရှင် အရူးကွက်လာမနင်းနေနဲ့...
ကျွန်မမေးတာဖြေ..."
"ဘာကိုလည်း..."
ဓိ မသိချင်ယောင်ဆောင်၍ ထပ်မေး
လိုက်တော့ သူမရဲ့ ဒေါကြောင့် အရောင်
ရင့်သွားသော မျက်နှာလေးကို ဓိကြည့်၍
ပြုံးချင်သွားသော်လည်း သူမျက်နှာကို
အနည်းငယ် တည်ထားလိုက်မိသည်။
သူမ သူ့ကို မကျေမနပ်ကြည့်၍..
"ရှင်...ကျွန်မသဘောမပါပဲ..ဘာလို့
မင်္ဂလာပွဲတွေ လုပ်ရတာလည်းပြော..."
"အဟက်...ဒါများ ဘာများလည်းလို့..."
"ဘာ....!!!"
ဘာမှ မဖြစ်သလိုပြောလာသော
သူ့ကြောင့် သူမ ဒေါသတကြီး
ထအော်လိုက်မိသည်။
"အဟက်... ဖြေးဖြေးအော်ပါကွ...
အခုမဆောင်ရလည်း နောက်ဆောင်
ရမှာလေ ပြီးတော့ သူမကို ကိုယ်ပြော
ရင်လည်း သူမက ကန့်ကွက်အုံးမှာ
မဟုတ်လား..."
"ဟုတ်တယ်.."
သူမတစ်ယောက် ခေါင်းလေးကိုမော့ကာ
ပြောလာတာကြောင့် ဓိ ပြုံးလိုက်ကာ..
သူမအနားကပ်သွား၍...
"အဟွန်း အဲဒါကြောင့် မပြောတာလေ..."
သူမအနားကပ်လာသော သူ့ကြောင့်
သူမ မျက်ဝန်းလေးဝိုင်းသွားကာ
သူ့ကို ကြည့်နေပြီး ခါးကိုင်းကာ သူမ
မျက်နှာလေးကို စူးစိုက်ကြည့်နေသော သူ့ကို
သူမ မဝံ့မရဲ ကြည့်၍..
"ရှင်..ရှင်..အွန်း...''
သူမစကားပင်မဆုံးသေး စုပ်ယူနမ်း
ရှိုက်ခံလိုက်ရသော ကြောင့် သူမ
ကိုယ်လေး တုန်တက်သွားကာ သူ့ရင်ဘက်
ကို အတင်းတွန်းထုတ်သော်လည်း လည်လွန်း
လှသော သူက သူမခါးလေးကို တင်းကြပ်
စွာဖက်တွယ်လာပြီး နှုတ်ခမ်းဖူးဖူး
လေးကို အလွတ်မပေးပဲ နမ်းရှိုက်နေသော
ကြောင့် သူမ အသက်ရူသံတွေ မြန်ဆန်လာကာ အနမ်းတစ်မျိုးကို ထပ်၍ တိုးကာ
နမ်းရှိုက်လာသောကြောင့် သူမ မျက်ဝန်း
တွေပြူးကျယ်သွား၍ လူပင်တုန်တက်သွားကာ သူ့အင်္ကျီ ကော်လံအစကို သူမ လက်ကလေး တင်း၍ ဆုပ်ကိုင်ထားမိလျှက်...
အသက်ရူကြပ်လာသောကြောင့် အားယူ၍
သူ့ကိုယ်ကြီးကို တွန်းတုတ်လိုက်၍
ရေချိုးခန်းထဲ ပြေးဝင်လာခဲ့တော့သည်။
ဓိ ပြေးဝင်သွားသော သူမရဲ့နောက်ကျော
လှလှလေးကို ကြည့်၍ ပြုံးလိုက်ကာ.
"အဟက်...ညကြမှ တွေ့ကြတာပေါ့..."
--------------------------------==------^^^^^🍓🍓🍓🍓🍓🍓
"မင်္ဂလာပါရှင် ..အခုတင်ဆက်ပေး
မှာကတော့ အားလုံးစိတ်ဝင်စားနေသော နိုင်ငံတကာက အထင်ကြီး
လေးစားရတဲ့ စီးပွားရေး လုပ်ငန်းရှင်
ဦးအဓိပတိရဲ့ မင်္ဂလာအခမ်းအနားပဲ
ဖြစ်ပါတယ်ရှင်..."
ခွမ်း....
"ဟင်..မှူး ဘာဖြစ်တာလည်း... "
ဆောင်း အသီးလှီးနေချိန် အပြင်က
ကျကွဲသံကြောင့် သူမစိုးရိမ်ပြီး
အခန်းအပြင်ဘက်ကိုပြေးထွက်လာ
တော့ မှူးတစ်ယောက် ဧည့်ခန်းထဲက
တီဗီမှန်သားပြင်ပေါ်မှာ လာနေသော သတင်း
နဲ့ ပုံရိပ်အချို့ကို မင်သေသေလေးကြည့်၍
မျက်ဝန်းမှ မျက်ရည်တွေ စီးကျနေသော
ကြောင့် ဆောင် ထိန့်လန့်သွားကာ အနား
သွားလိုက်ပြီး...
"မှူးဘာဖြစ်တာလည်းလိူ့ ဆောင်းမေး
နေတယ်လေ..."
သူမ ပခုံးလေးကို ကိုင်ကာလှုပ်မေး
သော်လည်း မှူး မဖြေပဲ သူမပခုံးကို
ကိုင်ထားသော ဆောင်းလက်ကို ဆွဲ
ဖြုတ်၍ သူမအခန်းရှိရာကို မင်သေသေ
လေး ထွက်သွားတာကို ဆောင်းတစ်ယောက်
ကြည့်၍ နားမလည် နိုင်စွာ သူမ မှူး
ကျောပြင်လေးကို ကြည့်ပြီး Tv ဖန်းသား
ပြင်ပေါ်က မင်္ဂလာစုံတွဲကို ကြည့်၍...
"ဟင်..ချောလိုက်ကြတာ...ဟင်..
သူ...သူက..."
ဆောင်း အံ့သြစွာလက်ညိုးလေးထိုးကာ
ပြောပြီး မှူးအခန်းဘက်ကို လှည့်ကြည့်
လိုက်ကာ မှူးဘာဖြစ်သွားတယ်ဆိုတာ
သူမ သဘောပေါက်လိုက်မိတော့သည်။
မှူး အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်သို့
အသက်မရှိသူမပမာ ထိုင်ချလိုက်၍
သူမ...ပါးပြင်ပေါ်သို့စီးကျလာသော မျက်ရည်
တွေနဲ့အတူ ရင်ထဲမှာလည်း တဆစ်ဆစ်နာ
ကျင်လာသော ဝေဒနါကြောင့် နှုတ်ခမ်းလေး
ကို ဖိကိုက်ပစ်လိုက်မိသည်။
သူမသိတာ ခ ဆိုသော မိန်းကလေးနဲ့
သူက လက်ထပ်ပွဲ အရင်နှစ်ထည်းက
ပျက်သွားခဲ့ပြီ မဟုတ်လား.. အခုအမျိုး
သမီးက ဘယ်ကပေါ်လာတာလည်း...
"ဟင့်အင်း ငါအိမ်မက်မက်နေတာ
ဟုတ်တယ် ငါအိမ်မက်မက်နေတာ..
ဟီး....အဟင့်..ဟင့်...."
မှူးခေါင်းလေးခါကာ ပြော၍
ငိုချလိုက်ခြင်းနဲ့အတူ ရင်ဘက်လေး
ကို ဖိ၍..
"မှူး...မှူး ပြန်လာတာ ရှင်နဲ့ နီးစပ်
ချင်လို့လေ..အခုတော့ ရှင်က
မှူး ကို အဝေးကို တွန့်ပို့ပစ်လိုက်ပြီလား..
ကိုဓိရယ်...."
ဟီး....အဟင့်..ဟင့်..ဟင့်...
ပြောကာ အားရပါးရငိုနေသော မှူး
သူမရင်ထဲရှိ ကလိစာများကို
ဆွဲထုတ်လိုက်သလို တဆစ်ဆစ်နဲ့
နာကျင်လွန်းလှကာ..သူမ အခုတော့
မလှမ်းရသေးဘဲ နောက်ဆုပ်ရတော့မှာလား..
---===---------=-=============^^^^🍓🍓🍓🍓🍓🍓🍓
"ကဲ သူမ ပြောတော့လည်း မချစ်ဘူး
ဘာလေး အခုတော့လည်း ချက်ချင်းကြီး
မင်္ဂလာပွဲက ထလုပ်ပါရောလား..."
အလှပြင်ခန်းကြီးထဲမှာ သူမ အလှပြင်
ခံနေရင်း ဘေးမှာ လာထိုင်က ပြောနေသော
မမမှိုင်းကြောင့် သူမ မျက်နှာလေး မဲ့မဲ့လေး
ဖြစ်သွား၍..
"မမမိုင်းရယ် ဒါတွေသူမလည်း မသိဘူး
သူ အကုန်စီစဥ်တာ သူမလည်း ဒီနေ့မှ
သိရတာ..."
"ဘယ်လို...ဓိ ကတော့ သူလုပ်ချင်ရင်
အကျင့်တွေက မပျောက်ဘူး..."
မှိုင်း မျက်နှာလေးမှာ အနည်းငယ်လေး
ကာလာတင်လိုက်ရုံဖြင့် ဖူးကြွလှပနေသော
သူမကို ကြည့်၍...စကားရပ်သွားကာ..
"သူမက ကလေးအမေသာပြောတာ အရမ်း
လှတာပဲနော် နုဖက်ပြီး အပျိုလေးကျနေတာပဲ
ဓိကြီးလည်း ဒါ့ကြောင့် မခွဲနိုင်မခွာနိုင်ဖြစ်နေတာ ဖြစ်မယ်..."
မမမှိုင်းအပြောကြောင့် မျက်နှာလေး
ရဲသွားသော သူမ အမ်းတန်းတန်းလေး
ပြုံးလိုက်ကာ...
"အဲဒီလောက်လည်း မဟုတ်ပါဘူး..."
"အို..ဘာလို့မဟုတ်ရမှာလည်း.. လှပတဲ့ခန္ဓာကိုယ် ကြွေရုပ်လေးလို့ လှပသော
မျက်နှာလေး အို..သူမက ဘာမှ အပြစ်
ပြောစရာမရှိအောင်လှတာပါ...ကိုယ့်ကို
ကိုယ်မှန်ထဲ ပြန်ကြည့်ပါအုံး ညီမလေးရယ်.."
မမမှိုင်းအပြောကြောင့် သူမခေါင်းလေး
ငုံ့ကာ...ရှက်ပြုံးလေးပြုံးလိုက်ကာ..
"ဒါနဲ့ သူမ ဓိရော..."
"သားနဲ့သမီးကို ခေါ်ပြီး အခန်းထဲ
ဝင်သွားတာပဲ မမ..''
"အဟွန်း ဓိလည်း အခုမှပဲ နေသား
ကြသွားတော့တယ်ထင်တယ် သူမ
မရှိခင်တုန်းကဓိ မြန်မာနိုင်ငံမှာ
မနေဘူးသိလား..နိုင်ငံခြားမှာပဲ
နေတာ များတယ် ဒါလည်း သူ့မိန်းမ
နဲ့ ကလေးပျောက်နေတော့လည်း
စိတ်ညစ်ပြီး သွားနေတာ ထင်ပါရဲ့...
အဲဒီတောက မမကိုလည်း လူလွှတ်ပြီး
မျက်လုံးဒေါက်ထှောက်ကြည့်နေတာ
သိလား...ဘာလိုမှ မလူပ်ရဲဘူးသိလား...."
သူမ မမ မိုင်းပြောပြတာကို ဒီဇိုင်နာအမ
ဝတ်ဆုံလဲပေးနေရင်း နားထောင်နေမိ
သည်။
အဒီအချိန်တောကလည်း သူမ မှားခဲ့တာ
ပါပဲ...သူမ သူရှင်းပြတာကို သေချာ
နားထောင်ခဲသင့်တာ ပြီးတော့ သူမထင်
သလို မဟုတ်ဘူးဆိုတာလည်း ဂျပန်ရောက်မှသိခဲ့ရတော့ ရှေ့ကိုလှမ်းနေသောသူမရဲ့ခြေ
လှမ်းတွေကို အနောက်ကို မဆုပ်ချင်တော့
သောကြောင့် မပြန်ဖြစ်တော့တာ ဖြစ်သည်။
"အဟွန်း...အခုတော့လည်း ဖူးစာကမနေတော့
ပြန်ဆုံပြီး ပေါင်းသင်းရတော့တာပဲ... "
ထပ်မံ၍ ထွက်ပေါ်လာသော မမမှိုင်း
အပြောကြောင့် သူမ မျက်နှာလေး ပြုံး
ယောင်သမ်းသွားမိသည်။
ထိုအချိန် ညနေခင်းမင်္ဂလာပွဲအတွက် ပြင်ဆင်
ထားသော မင်္ဂလာဝတ်စုံ ဂေါင်ဝန် ဗေဒါရောင် လေးဟာ သူမကိုယ်လေးပေါ် ချပ်ရပ်၍
နေပြီး လှပနေကာ..
"အို..သူမရယ် လှလိုက်တာ အခုမှ ပိုပြီး
နုသထက်နုသွားတယ်သိလား သူများတွေ
ဆို ဒီလိုအရောင် မဝတ်ရဲဘူး...သူမနဲ့ကြတော့လည်း လှလိုက်တာ..."
ရောက်ကထည်းက သူမကို လှတယ်ဆိုတာ
ပါးစပ်ဖျားကမချတဲ မမမိုင်းကြောင့်သူမ
ပြုံးလိုက်ကာ..
"သူမ ဘယ်နေရာများ မလှတာရှိသေးလည်း
မမမိုင်း..."
"မရှိဘူး အကုန်ကို လှနေတာ..အဟွန်း..
ဟွန်း..."
သူမတို့ပြောပြီး ရယ်လိုက်မိကြတော့သည်။
မိုင်း သူမရဲ့ လှပနေသော ပုံစံလေးကို
အားကျသော အကြည့်များ ဝမ်းသာသော
အကြည့်များဖြင့်ကြည့်ကာ..
"အခုအချိန်ကစပြီး ညီမလေး ပျော်ရွှင်ရ
တော့မှာပါ..."
ဒေါက်...ဒေါက်....ဒေါက်..
ဂျလောက်...
ထိုအချိန် ဖိနပ်အသံနဲ့ အတူ တံခါးပွင့်သွား
၍ အဖြူရောက် အနောက်တိုင်းဝတ်စုံနဲ
ချောမောခန့်ညားနေသော သူ...
အခန်းထဲ ဝင်လာထည်းက သတိုးစမီး
ဖြစ်သော သူမရဲ့ မျက်နှာလေးပေါ်သို့
အကြည့်တို့ကရောက်ရှိနေပြီး အမြဲတည်
တင်းထားသော မျက်နှာပေါ်မှာ အပြုံးတ်ို့က
အစားထိုးနေရာယူထား၍ အခန်းထဲက မိုင်း
အပြင် အခြားသူတွေပါ အလိုက်သိစွာ
ရှောင်ထွက်သွားတော့ ဓိ ခေါင်းလေးငုံ့ကာ
နေသော ဗေဒါရောင် သတိုးသမီးလေးအနား
တိုးသွား၍...ခါးကိုင်း၍ သူမ ရဲ့ရှက်နေသော
မျက်နှာလှလှလေးကိုကြည့်ကာ..
"ကလေးရယ်..အရမ်းလှတာပဲ..."
"အို....ရှင်နော် ..."
သူပြောပြီး နမ်းလိုက်သော ပါးပြင်
လေးကို သူမ အုပ်ကိုင်၍ သူမ
သူ့ကို ရှက်ဝဲဝဲလေးကြည့်ကာပြောတာ့
ဓိ သွားဖြူဖြူတွေပေါ်အောင်ပြုံး၍
သူမ နားရွက်လေးအနားကပ်ကာ..
"ချစ်တယ်...."
သူ့အပြော သူ့အကြည့်တွေကြောင့်
သူမ ရင်ခုန်သံတွေ မြန်ဆန်လာကာ
သူ့အကြည့်တွေကို ရင်မဆိုင်ရဲတော့ပေ။
အခုတော့လည်း သူမဆိုသော အမျိုးသမီး
လေးဟာ ကံဆိုး စိတ်ဆင်းရဲမှုတွေ ကင်းဝေ
ပြီး ဤခင်ပွန်း ဤသားသမီးတွေနဲ့အတူ
ပျော်ရွှင်ရတော့မယ်ဆိုတာ မလွဲဧကံပင်။
---============-----=-----^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
ဒိတ်ဒိတ်ကြဲ စီးပွားရေးသမားရဲ့ မင်္ဂလာ
ပွဲ ဖြစ်တာကြောင့် တက်ရောက်ကြသော
ဧည့်သည်တော်တွေကလည်း လူကုံထံ
တွေ ဖြစ်ကာ စည်ကားသိုက်မြိုက်နေတော့
သည်။
ထိုပွဲမှာ ဖခင်နည်းတူ အဖြူရောင် အနောက်တိုင်းဝတ်စုံဝတ်ထားသော
ဓိဓိလေးနဲ့ မိခင်နှင့်ရောင်တူ ဗေဒါရောင်
လေး ဝတ်ဆင်ထားသော ပါယ်ပါယ်တို့
မောင်နှမနှစ်ယောက်ကတော့ မခင်နှင့် မိခင်
လက်ထဲတွင် သွားလေးတွေပေါ်အောင်
သဘောကျ စွာပြုံးရယ်နေကြပြီ ပျော်ရွှင်နေ
ပုံရသည်။
ဓိ သားနဲ့သမီးဖြစ်သူကို ငုံ့ကြည့်၍ပြုံးလိုက်
ဘေးက နုဖက်၍ အပျိုရူံးအောင်လှပနေသော
ဇနီးသည်ကို ကြည့်လိုက်နဲ့ မအားလပ်ဖြစ်နေကာ သူ့မျက်နှာပေါ်တွင်လည်း အပြုံးတို့က
ဝေဆါနေမိသည်။
အခုတော့ သူ သူမဆိုသော အမျိုးသမီးလေး
ကို ပိုင်ဆိုင်နေရပြီ မဟုတ်လား...
သူမကို တစ်ချိန်လုံးစူးစိုက်စွာကြည့်နေသော
သူ့ကြောင့် သူမ ဧည့်သည်တွေကို ရယ်ပြ
နေရသော်လည်း ရင်တွေတုန်ကာ ရှက်နေ
မိတော့သည်။
သူနဲ့ ဘယ်လောက်ပင် ရင်နှီးနေပါစေ
သူမအဖို့ သူ့အကြည့် သူ့အထိအတွေက
အမြဲတမ်း ရင်တွေခုန်စေနေမိသည်။
"သားနဲ့ သမီး မကြာခင် ပွဲလည်း
သိမ်းတော့မှာ မေမေတို့ မြေးလေး
တွေကို ခေါ်သွားမယ်... ပေးမေမေကို..."
ဒေါ်ကဗျာမေ အနားရောက်လာပြီး
သူမလက်ထဲက သမီးကို ချီယူ၍
သူ့လက်ထဲက သားဖြစ်သူကို
ဖေဖေက ချီလိုက်သောကြောင့် သူမ
မျက်ဝန်းလေးဝိုင်းသွား၍..
"ဖေဖေ..ဖြစ်ပါ့မလား ဓိဓိက အရမ်း
ဂျစ်တာ ဖေဖေတို့ အိပ်ရေးပျက်နေ
ပါအုံးမယ်..."
"ရပါတယ်သမီးရယ် ဖေဖေတို့က
သမီးကိူလည်း ထိန်းလာရတာပဲ
မြေးလေးတွေက လိမ္မာကြပါတယ်..."
"ဟုတ်တယ်သမီးရယ် ဘာမှစိတ်မပူနဲ့
မနက်ဖြန် ပြန်ပို့ပေးမယ် မေမေတို့
ပြန်တော့မယ် ဧည့်သည် တွေလည်း
ရှင်းပြီဆိုတော့...သား မေမေသမီး
လေးကို ဒီနေ့ကစပြီး စိတ်ချပါပြီကွယ်..."
သူမရဲ့ မိခင်အပြောကြောင့် ဓိ ခေါင်း
ငြိမ့်၍ ပြုံးလိုက်ကာ သူမကို ကြည့်၍..
"ဟုတ်ကဲ့ အမေ ကျွန်တော် သူမနဲ့
သားရယ်သမီးရယ်ကို စိတ်ချမ်းသာ
အောင် ထားမှာပါ..."
"မေ့..ချီ...."
ထိုအချိန် ဦးကျော်သူလက်ထဲက
ဓိဓိ မိခင်ဖြစ်သူကို လက်ကလေး
ကမ်းရဲ့ ချီခိုင်းသောကြောင့် သူမ
ပြုံး၍ ချီဖို့အလုပ် ဓိ သားဖြစ်သူ့ရဲ့
ကမ်းနေသော လက်ကလေးကို အဖိုး
ဖြစ်သူဘက် ပြန်လှည့်ပေးကါ..
"သား ဒီည တစ်ညတော့ ဘိုးဘိုး
နဲ့အိပ်နော်သား...''
သူ့ရဲ့ အပြောကြောင့် ဘေးနားကလူ
တွေ ပြုံးတုံးတုံး ဖြစ်သွားကြကာ သူ
မ မျက်နှာလေးမှာတော့ရဲသွား၍
သားဖြစ်သူ ဓိဓိကတော့ ဖခက်ဖြစ်သူ
ကို ဂျစ်တစ်တစ်လေးကြည့်နေတာကို
ဓိ မမြင်ဟန်ဆောက်ကာ သမီးဖြစ်သူ
ကိုပဲပြုံးပြနေတော့သည်။
---=-=====================^^^🍓🍓🍓🍓🍓🍓🍓
ဗျော.....
ရေးစီးကျသံနဲ့အတူ ရေချိုး
ခန်းကြီးရဲ့ ရေဗန်းကြီးအောက်
သူမ တစ်နေ့တာ ပင်ပန်း
သမျှကို လန့်ဆန်းသွားအောင်
ရေချ်ိုးနေတော့သည်။
သူမ ရေချိုးနေရင်း စောစောက
မေမေတို့နဲ့ပါသွားသော ဓိဓိနဲ့
ပါယ်လေး များနှာလေးတွေငယ်နေတာ
ကိုသတိရသွား၍ စိတ်မကောင်းဖြစ်မိကာ
အတင်းထည့်နေသော သူ့ကိုလည်း စိတ်ဆိုး
မိသည်။
အနေအေးသော သမီးပါယ်ပါယ်လေး
ဘာမှ မဖြစ်ပင်မဲ့ အကင်းပါးကာ
စိတ်ဆက်၍ သူနဲ့ပိုတူသော သားဖြစ်သူ
ဓိဓိကတော့ မျက်နှာလေးဆူပုတ်ကာ
လိုက်သွားပြီး မေမေနဲ့ ဖေဖေကို ဘာ်လောက်တောင် ဂျစ်တိုက်အူံးမလည်းမသိ...
သူမ သူအခန်းထဲဝင်မလာခင် ရေချိုး
ချင်းကို အပြီးသတ်လိုက်ကာ..ဘေက
သဘက်အဖြူရောင်ကြီးကို ကိုယ်မှာ
ပတ်၍ အဝတ်အစားလဲရန် ရေချိုးခန်း
ထဲက အမြန်ထွက်လာခဲ့တော့သည်။
မဟုတ်ရင် ကျားချောင်းချောင်းနေသော
သူ့ကြောင့် သူမ ဒုက္ခရောက်သွားနိုင်လောက်သည်။
"အမေ့...."
အခန်းအပြင်ထွက်လိုက်တာနဲ့ ဆိုဖာ
ပေါ်ခြေချိတ်၍ ထိုင်နေသောသူ့ကြောင့်
သူမ လန့်သွားကာ ရင်ဘတ်လေးဖိမိ၍
သူ့ကို မျက်စောင်းထိုးကာ..
"လန့်လိုက်တာ... နည်းနည်းပါးပါး အသံ
လေးပေးပါလား ဦးအဓိပတိ..."
ရေချိုးပြီးခါစ သဘက်လေးရင်ရှားကာ
မျက်နှာလေးနဲ့ မျက်တောင်ရှည်လေး
တွေပေါ်မှာ ရေသီးလေးတွေခိုတွဲကာ
လှပနေသော သူမရဲ့ မျက်နှာလေးကို
ဓိ စေ့စေ့ကြည့်၍ ထိုင်နေသော နေရာ
မှ ထရပ်လိုက်ကာ သူမအနားလျှောက်လာ
လိုက်သည်။
သူမအနားလျှောက်လာသော သူ့ကြောင့်
သူမ ကိုယ့်အဖြစ်ကို ကိုယ်သတိရ
သွား၍ လန့်သွားမိကာ ခြေထောက်လေး
အနောက်ကိုတဖြည်းဖြည်းဆုပ်လိုက်၍..
"ဦးအဓိပတိ..ရှင် ရှေ့မတိုးနဲ့တော့..
အို..အမေ့..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း