လိုချင်တာ ရသွားတော့ ဓိတစ်ယောက်
မျက်နှာကြီးမှာ ပြုံးရွှင်နေပြီး မောပန်း၍
အိပ်ပျော်သွားသော သူမမျက်နှာလေး
ကို သူစိုက်ကြည့်နေမိကာ...ပါးဖောင်းဖောင်း
အိအိလေးကို နမ်းရှိုက်လိုက်တော့သည်။
သူထရပ်လိုက်၍ ဘေးက ရေလဲဝတ်ရုံကို
ဝတ်ကာ ခါးစည်းကြိုးကို ချည်လိုက်ပြီး
သူမကို ငဲ့ကြည့်တော့ ပခုံးဖွေးဖွေးလေးတွေ
ပေါ်နေသောကြောင့် သူ ငုံကာ စောင်
ဖြူဖြူကြီးကို သူမကို ပခုံးလေးလုံအောင်
ဆွဲတင်ပေးပြီး နဖူးလေးကို တစ်ချက်နမ်းကာ
ရေချ်ိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။
ဂျိမ်း...
သူမ ရေချိုးခန်းတံခါးပိတ်သွားမှ မှိတ်ထား
သော မျက်ဝန်းလေးတွေ အသာဖွင့်လာ၍
အိပ်ယာပေါ်မှ အမြန်ထကာ ဘာအဝတ်မှ
မရှိသော ကိုယ်လေးအား နီးရာသဘက်လေး
ပတ်ပြီး ဖွင့်ထားပြီ ဖြစ်သော ဗီဒိုအနား
ပြေးသွားကာ သူမအဝတ်ရှာပင်မဲ့လည်း
မတွေ့...
သူမ နဖူးလေးတွေမှာ ထိန့်လန့်လွန်းတာ
ကြောင့် ချွေးလေးတွေပင်စို့လာမိသညိ။
သူရေချ်ိုးနေတုံး သူမ သားနဲ့သမီးကို
ခေါ်၍ ထွက်ပြေးရမည်...
သူမ အဝတ်ရှာနေတာ မတွေတဲ့အဆုံး
သူ့အင်္ကျီကို ယူဝတ်ရန်ဆုံးဖြတ်လိုက်ပြီး
ချ်ိတ်တွေနဲ့ အစီအရိချိတ်ထားသော များပြား
လှသော အင်္ကျီတွေထဲက တစ်ထည်ကို
သူမ အမြန်ဆွဲယူ၍ ကုတင်ဘက်ကို အလှည့်.
"အမလေး.."
ဒေါက်...
ဘယ်အချိန်က သူမအနောက်မှာ ရောက်
နေမှန်းမသိသောသူက ကုတင်ပေါ်ထိုင်ကာ
သူမကို လက်နောက်ပြန်ထှောက်ပြီး မျက်ဝန်း
များမှေးစင်းကာကြည့်နေသောကြောင့်
သူမလန့်ဖြန့်သွား၍ လက်ထဲက ကိုင်ထား
သော သူ့အင်္ကျီ ချိတ်လေး ကြမ်းပြင်ပေါ်
ပြုတ်ကျသွားကာ သူ့ကို မျက်ဝန်းလေး
ပြူးကာ ကြည့်နေမိတော့သည်။
ဓိ သူမကို အတော်ကြာအောင် သေချာစူးစိုက်
စွာကြည့်နေပြီး ခေါင်းလေးတစ်ဖက်ကို လှည့်ထားပြီး သဘက်ကလေးတစ်ထည်သာ ရင်ရှာ
ထားသော သူမကြောင့် သူအနားလျှောက်
သွားကာ..
"ဘယ်ကိုလည်း သူမ..."
သူမေးသော်လည်း သူမမျက်နှာတည်တည်
လေးဖြင့် တစ်ဖက်ကို လှည့်နေသော
ကြောင့် သူ သူမကိုမေးလေးကနေ
ဆွဲလည့်၍ သူမရဲ့ မျက်ဝန်းလေးများကို
စူးစိုက်ကြည့်ကာ..
"ကိုယ်မေးနေတယ်လေ..ကလေး..ဘယ်လည်းလို့..."
သူ့အသံက တဖြည်းဖြည်းတင်းမာလာသော
ကြောင့် မနည်းစိတ်တင်းထားရသော သူမ
မျက်ရည်လေးတွေဝေ့လါကာ...မျက်နှာလေး
ကို အားယူကာ မော်လိုက်ပြီး သူ့ကို ကြည့်ကာ..
"ကျွန်မနဲ့ ကျွန်မကလေးတွေကို ပြန်ခွင့်
ပေးပါ..ရှင်လိုချင်တာလည်း ရသွား
ပြီ မဟုတ်လား.. ''
ဓိ ပြုံးယောင်းသန်းနေသော မျက်နှာမှာ
တည်သွား၍ သူမ ခါးလေးကို ပင့်၍
ဖက်ထားလိုက်ကာ..
"မင်း ဘာကြောင့် အခုလို ထင်ရတာလည်း
သူမ...''
သူမ သူ့ကို ခပ်စူးစူးမော့ကြည့်၍ ခါးမှ
သူ့လက်များကို ဆွဲ ဖြုတ်ပင်မဲ့လည်း
မလွတ်ပေးပဲ ပို၍ တင်းဖက်လိုက်သော
သူ့ကြောင့် သူမ မျက်နှာလေး မဲ့မဲ့လေး
ဖြစ်သွားကာ..
"ရှင်ဖယ်နော်..သူမ သားနဲ့သမီးကို
တစ်နှစ်ကျော်လုံး တစ်ယောက်ထည်း
စောင့်ရှောက်ခဲ့တာ အခု သူမအနားမှာ
ဘယ်သူမှ မလိုအပ်ဘူး ဒါ့ကြောင့်
သူမတို့ကို လွတ်လပ်ခွင့်ပေးပါ..."
ဓိ သူမကို ဘာမှမပြောသေးဘဲ
မျက်နှာတည်တည်ဖြင့်သာ
ကြည့်နေလိုက်ပြီး သူ သူမကို
ကျောခိုင်းလိုက်ကာ..
"ကိုယ့်အနား က ထွက်သွားဖို့ ဘယ်တော့
မှ မစဥ်းစားနဲ့သူမ..."
သူ့အပြောကြောင့် သူမ မျက်နှာလေး
ပျက်သွား၍ ခေါင်းလေးခါလိုက်ကာ.
"ဟင့်အင်း ရှင်သေချာပြန်စဥ်းစား
ပါ..သူမကို...''
"ကိုယ် မင်းကို ချစ်တယ် သူမ..."
ပြောသံနဲ့အတူ သူ ပြန်လှည့်၍ သူမကိုယ်
လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ထွေး
ဖက်ထားပြီး သူမရဲ့ ဆံနွယ်ရှည်လေး
များကို သူ နမ်းရှိုက်လိုက်ကာ..
"ကိုယ်မင်းကို အရင်ထဲက ချစ်ခဲ့တာပါ..."
သူ့အပြောကြောင့် သူမ သူ့ရင်ဘတ်ကြီး
မှာ မျက်နှာလေးကပ်နေကာမယုံနိုင်
သလို သူ့ကို မော့ကြည့်တော့
သူ့ သူမကို ပြန်ငုံ့ကြည့်နေတာနှင့်စုံတော့
သူမ ရင်မဆိုင်ရဲစွာ ခေါင်းလေးပြန်ငုံကာ
သွား၍...
"သူမ..သူမ..."
"ကိုယ်တောင်းပန်ပါတယ်....''
သူမစကားပင်မဆုံးသော သူထပ်မံ၍
ပြောလာသော စကားကြောင့် သူမ
အသံလေးတိတ်သွားကာ သူ့ရင်ခွင်ထဲ
ငြိမ်သက်စွာ မိနစ်အနည်းငယ် ကြာအောင်
ရှိနေပြီး....
သူ့ရဲ့ လက်တွေ သူ့မရင်လေးရှားထား
သော သဘက်လေးကို လာထိတွေ့သော
ကြောင့် သူမ စိုးရိမ်သွား၍ သူ့ကို အထိန့်တလန့်မော့ကြည့်တော့ သူ သူမကို ပြုံးပြကာ..
"ရေချိုးကြရအောင်..."
"ဟင်..ဟင့်အင်း...မချိုးဘူး...အို..."
သူမပြောပြီး သူ့ကို တွန်းထုတ်လိုက်ပင်မဲ့
လည်း အရာမရောက်ခဲ့..သူမ သူ့စကား
တွေကြား မင်သက်နေတာကို အခွင့်ကောင်း
ယူသွားသော သူကတော့ သူမကိုယ်လေး
ကိုပွေ့ချီ၍ ရေချိုးခန်းထဲ ခေါ်ဆောင်သွား
တော့သည်။
-------------------------===========^^^^^^🍓🍓🍓🍓🍓🍓🍓
"ခ...သမီး ဘယ်လည်း..."
အိတ်လေးလွယ်ကာ ထွက်လာသော
သမီးဖြစ်သူကို ဒေါ်တင်မမကြည့်ကာ
မေးတော့ ခ မေမေ အနားလျှောက်သွားကာ
အနား ဝင်ထိုင်လိုက်၍..
"ခ သူငယ်ချင်းတွေနဲ့ အလုပ်ကိစ္စချိန်းထား
လို့ သွားမလို့ပါမေမေ..."
ဒေါ်တင်မမ သဖြစ်သူရဲ့ တည်ငြိမ်သော
ပုံလေးကို သူမ ကျေနပ်စွာကြည့်၍..
"ဟုတ်ပါပြီ အရမ်းနောက်မကျစေနေအုံး
နော် မေမေ...သမီးအကြိုက်ဟင်းတွေ
ချက်ထားမယ်..."
"ဟုတ်ကဲ့ မေမေ..ဒါဆို ခသွားတော်မယ်နော်..
မှ..."
ခ မိခင်ဖြစ်သူရဲ့ ပါးပြင်းလေးကို နမ်းပြီး
နှုတ်ဆက်ကာ အပြင်ဘက်က ရပ်ထား
သော ကားပေါ်တပ်ကာ မောင်းထွက်လာ
ခဲ့တော့သည်။
ဝေါ.....ဝူး.......
ခဏအကြာ ခတို့သူငယ်ချင်းတွေချိန်းထား
သော စားသောက်ဆိုင်ကြီးအရှေ့မှာ ကား
ရပ်လိုက်၍ ဆိုင်ခန်းထဲ ဝင်လာခဲ့လိုက်သည်။
"ဟေ့...ခ ငါတို့ဒီမှာ...."
ခဆိုင်ထဲဝင်လိုက်တော့ လက်ပြ
နေသော သူငယ်ချင်းတွေကြောင့်
သူမ မျက်နှာလေးပြုံးသွားကာ..အနား
လျှောက်သွားလိုက်၍...
"ကြာပြီလား ရောက်ကြတာ..."
"အခုလေးတင်ပဲဟ...ဘာစားကြမလည်း
မှာကြမယ်..."
"အင်း ငါက အခုလောလောဆယ်...သုံပုရာရည်ပဲ သောက်အုံးမယ်..."
"ok..မိဇူး နင်ရော..."
"အွန်း..ငါက ကော်ဖီအေး..."
သူမတို့ပြောပြီး စားပွဲခုံပေါ်က
ခလုတ်လေးကို နှိပ်ကာ
ဝိတ်တာကောင်လေးကို
ခေါ်ပြီး မှာလိုက်ကြကာ..
စကားဝိုင်းကို စကြတော့သည်။
"ခ ငါတို့က အခု ဆိုင်ခန်းလည်း
ရှိပြီဆိုတော့ ဝန်ထမ်းကိစ္စပဲဟ...."
ဝိုင်းဝိုင်းအပြောကို ဇူးဇူးကပါထောက်ခံ
၍ ခေါင်းငြိမ်ပြကာ..
"ဟုတ်တယ် ခ ငါတို့ ဝန်ထမ်းက အများ
ကြီးတော့ စစချင်း မခေါ်သေးဘူး...ဟင်..
ခ ဟိုဟာ...ကိုအဓိပတိမဟုတ်လား...."
ခ ကိုကိုဆိုတာကြောင့် သူမ ခေါင်းလေး
လှည်ထွက်အောင် ဇူးဇူးကြည့်နေသော
နေရာကို ရင်တွေထိပ်စွာကြည့်လိုက်တော့..
ဟုတ်ပါတယ်..ကိုကိုမှ ကိုကိုပါ
ကိုကိုဘေးက မိန်းကလေးက
သူမပါလား...
အသားရောင် မြန်မာဝတ်စုံလေးဖြင့်
လှပနေသော အမျိုးသမီးကို ကိုကိုမှာ
အရိပ်တကြည့်ကြည့်ပင်။
ကိုကိုမျက်နှာကအခုတော့
လည်း ပြုံးရွှင်နေတာ ခ တစ်ခါမှ မမြင်ဖူး
သော အပြုံးတို့က ကိုကိုရဲ့ နှုတ်ခမ်းတွေမှာ
အခုတော့ ဆက်မြန်းထားလျှက်...ဘေးမှာ
အရုပ်လေးတွေလို မျက်လုံးတွေလိုဝိုင်းကာ
ချစ်ဖို့ကောင်းသော ရွယ်တူကလေးလေး
နှစ်ယောက်ကိုလည်း ကိုကိုက ဂရုတစိုက်
ရှိနေကာ ဘေးက မိန်းမဖြစ်သူကိုလည်း
ဂရုစိုက်မပျက်အား....
ဖန်သားပြင် TVကြီးထဲက မြင်ကွင်းကို
ခ မင်သက်စွာငေးကြည့်လိုက်ရင် ရင်ထဲ
ဝေဒနါတစ်ရပ်ခံစားလိုက်ရပင်မဲ့ သူမ
နှုတ်ခမ်းတို့မှာ ဖြူစင်စွာပြုံး၍...
"ကိုကိုက မသူ့အမျိုးသမီးနဲ့ ပျော်ရွှင်နေပြီပဲ ..."
ခတို့အကြောင်းကို သိသော ဇူးဇူးနဲ့
ဝိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခကို စိတ်မကောင်းစွာကြည့်နေကြတော့သည်။
တစ်ဖက်သတ် အချစ်ဟာ ဘယ်လောက်နာကျင်ရလည်းဆိုတာ သူတ်ို့လည်း
ကိုယ်ချင်းစာတက်ပါသည်။
------------===============^^^^^🍓🍓🍓🍓🍓🍓🍓🍓
သူမ သားဖြစ်သူကို ချီထားပြီး လာသမျှ
ဧည့်သည်တွေကို မသိသော်လည်း ပြုံးပြ
နေရသည်။
မနက်အစောကြီး သူမကို အတင်းနိုး၍
အလှပြင်သမားတွေဖြင့် အလှပြင်စေကာ
ဘယ်အချိန်က သူမအတွက် အဝတ်အစား
ချုပ်လိုက်လည်း မသိသော ယခု အသားရောင်ဝတ်စုံလေးက သူမကိုယ်ပေါ်မှာ ချပ်ရပိနေကာ သားနဲ့သမီးလေးလည်းပါမက သူကပါ အသားရောင် မြန်မာဝတ်စုံကို ဝတ်ထား
ပြီး ဘုန်းကြီးကျောင်းမှာ သူနဲ့သူမရဲ့မင်္ဂလာ
ဆွမ်းကပ်တာကို သူမကို တစ်ခွန်းမှ မပြောဘဲ
သူ့သဘောအတိုင်းလုပ်သောကြောင့် သူမ မျက်နှာလေးမှာ အမ်းတန်းတန်းလေး ဖြစ်နေတော့သည်။
"ဖေဖေနဲ့ မေမေကိုလည်း ဘယ်အချိန်
ကဖိတ်ပြီး သူတို့ ဘယ်အချိန်က အသိ
တွေ ဖြစ်သွားတာလည်းမသိ ဖေဖေနဲ့
မေမေရဲ့ ပါးစပ်ဖျားက သူ့ကို သားဆိုတာ
မချတော့...."
သူမ အရမ်းကဲလွန်းသော သားဖြစ်ကို
ကြည့်၍..
"မင်း ပါးပါးကို မချစ်နဲ့သိလား
သားသား..."
"ပါးပါး..ချစ်ချစ်..."
"မချစ်နဲ့လို့ မေမေပြောတာလေ...
ပါးပါးကို မချစ်ရဘူး..."
"ချစ်မှာ..."
"အဲဒါဆို သားသားကို မေမေ မခေါ်တော့
ဘူး...''
သူမပြောတော့ လည်လွန်းသော
သားဖြစ်သူ မျက်နှာလေးမှာ ငယ်သွား၍
သူမကို မျက်ဝန်းလေးဝိုင်းကာကြောင်
ပေါက်လေးလို ကြည့်လာတာကို သူမ
မသိချင်ယောင်ဆောင်၍..
"ကြားလား မေမေပြောတာ..ပါးပါး
ကိုမချစ်ရဘူး သူက အကျင့်မကောင်းဘူး.. "
"ဟင့်..."
သူမပြောတော့ သားဖြစ်သူသူမကို
ငိုမဲ့မဲ့လေးကြည့်၍..
"ဂျစ်မှာ..."
"မချစ်ရဘူး ဆို..."
"ကလေး..သား ဘာဖြစ်လို့လည်း..."
ထိုအချိန် သူအနားရောက်လာပြီး သား
ဖြစ်သူကို သူမဆီက ချီပွေ့လိုက်ကာမေးတော့
သူမ သူ့ကို မျက်စောင်းလေးထိုးကာ မျက်နှာ
လေး တစ်ဖက်လှည့်လိုက်တော့ ဓိ မျက်နှာ
မှာ ပြုံးစိစိဖြစ်သွား၍ သူ့ကို အတင်းဖက်တွယ်ထားသော သားဖြစ်သူကို ဖက်ထားကာ
ငုံ့ကြည့်၍..သူ့ရင်ဘတ်မျက်နှာအပ်ထားသော
သားသားကို ..
"သားသား ဘာဖြစ်တာလည်း
ဖေဖေကို ကြည့်..."
သူပြောတော့ သားက နားလည်စွာ
သူ့ကို မျက်နှာလေးငယ်ပြီး မျက်ဝန်း
လေးဝိုင်းကာမော့ကြည့်ပြီး ဘေးက မိခင်
ဖြစ်သူကိုပါ ငဲ့ကြည့်လိုက်ကာ..
"ပါး...ဂျစ်နဲ့...မေ့..."
"ဟင်..."
သူမ ပြောသလို ဖခင်ဖြစ်သူကို မပီတပီပြန်ပြောသော သားဖြစ်သူကြောင့် သူမ
မျက်ဝန်းတွေပြူး သွားကာ...မျက်နှာလေး
ပျက်သွား၍ သူမကို စိုက်ကြည့်နေသော
သူ့အကြည့်တွေကို သူမမြင်ချင်ယောင်ဆောင်ကာ..
"ဟို..သမီး..သမီးက မေမေတို့ဆီမှာ
မဟုတ်လား ကျွန်မသွားအူံးမယ်..."
ပြောကာ ခပ်သုတ်သုတ် ထွက်သွားသော
သူမကို ဓိသားဖြစ်သူကို ချီထားရင်း သူမရဲ့
လှပသော ကျောပြင် လှလှလေးကို ကြည့်၍...
ပြုံးလိုက်ကာ
"အဟွန်း..ကလေးစိတ်မကုန်သေးဘူး
ပဲ..သူမရယ်...ချစ်ဖို့ကောင်းလိုက်တာ...''
သူ့အပြောကို နားလည်လို့လားမသိသော
သားဖြစ်သူကတော့ သူ့ကို မျက်ဝန်းလေး
ဝိုင်းကာ မော့ကြည့်နေတာကို ဓိ အသည်းယား
သွားကာ..ပါးပြင်အိအိလေးကို ဖိကပ်နမ်းလိုက်၍..
"အဟွန်း ဖေဖေရဲ့ အသည်းနှစ်လေး.."
-----------------=------=============^^^^
🍓🍓🍓🍓🍓🍓🍓
အပြည်ပြည်ဆိုင်ရာလေယာဥ်ကြီးပေါ်က
မျက်မှန်အမည်းရောင်ကို စတိုင်ကျစွာတပ်၍
ပေါင်လောက်ဖုံးသော ဘောင်းဘီအတိုက
အပေါ်က ကုတ်အဖြူရောင်လေးဖြင့်
ဝတ်ဆင်ထားပြီး လှပသော အပြုံးတို့ဖြင့်
စမက်ကျကျဆင်းလာသော ....မှူး..
လက်ကေ့စ်ကို ဆွဲကာ မှူး လေယာဥ်
ကွင်းကြီးရဲ့ လူအများကို ဝေ့ ကြည့်၍
..
"ကျွန်မ ရှင်နဲ့ နီးစပ်ဖို့ ပြန်လာပြီ...
ကိုဓိ.....''
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း