book

Index 34

အပိုင်း (34)

  • Author : Lwanchin
  • Genres : Romance, Action

သူမ အခန်းထဲတွင် သဘက်အဖြူလေး

ကိုရင်ရှာ၍ မျက်နှာလေးနီနေကာ ဒေါသ

ထွက်နေမိသည်။


သူမကို ရေချိုးဆိုးပြီး ရေချိုးခန်းထဲ

ထည့်ထားခဲ့ပြီး အပြင်က သူမ

အင်္ကျီတွေကို ဖွက်ခဲ့ရုံသာမက

သူ့အဝတ်အစားတွေကိုပါ သော့ခပ်သွား

ခဲ့သေးသည်။


သူမ နှုတ်ခမ်းလေးကိုဖိကိုက်ထား၍

မျက်နှာလေးမှာနီမြန်းနေပြီး ဒေါသတို့က

အစိုးမရတော့ပေ။


သူမ အခန်းအကျယ်ကြီးကို မျက်လုံး

ဝေ့ကြည့်လိုက်တော့လည်း အဝတ်နဲ့တူ

တာဆိုလို့ ဘာမှမရှိပေ။


"အား...လူယုတ်မာ..."


သူမ သည်းမခံနိုင်တော့စွာထအော်လိုက်

၍ အဝတ်ဗီဒိုတွေဆီ ဦးတည်သွားပြီး

ထပ်ဖွင့်ကြည့်တော့လည်းမရ....အခုအခြေအနေမှာ အပြင်ထွက်ရလောက်

အထိလည်း သူမ မရဲပေ။


သူ့အိမ်မှာက အလုပ်သမားပေါင်းက

သူမတွေ့တာ နည်းတာမဟုတ်...


မိန်းကလေးနည်းပြီးယောကျာ်းလေး

များပြီး  သူမ အပြင်ကိ​ြ မထွက်ရဲ

ဘူးဆိုတာ သူသိလို့ ဒါတမင်လုပ်သွား

တာ ဖြစ်သည်။


သူမ နှုတိခမ်းလေးဖိကိုက်ထားပြီး

အရွဲ့တိုက်ချင်စိတ်တို့က အရှက်အကြောက်ကိုအနိုင်ယူသွားကာ...သူမ မျက်နှာလေးကို

မဲ့လိုက်၍ ကိုယ်မှာ တစ်ပတ်အဖြူကြီး

တစ်ထည်ထည်းကို သာ ပတ်၍ အခန်း

အပြင်ဘက်ကို ထွက်လာခဲ့လိုက်သည်။


"ဟွန့်...ကျွန်မ အရင်က သူမ မဟုတ်တော့

ဘူး ဦးအဓိပတိ..."


---------------=======-------

"ပါး..ချစ်..."


"ပါး..ချစ်.."


ဓိ သားနဲ့သမီးကို ချီကာ သူတို့ရဲ့

မပီတပီလေး သူ့ကို ချစ်တယ်လို့ပြော

လာသောကြောင့် သူ့မျက်နှာကြီးမှာ

အခုထိ မစေ့နိုင်တော့..


"မှ...မှ...''


"ခစ်...ခစ်..."


"ခစ်..ခစ်..."


သူ သမီးနဲ့သားဖြစ်သူရဲ့ ပါးပြင်

အိအိလေးကို သူ့နှာခေါင်းချွန်ချွန်ကြီး

ဖြင့် နစ်ဝင်သွားအောက်နမ်းရ်ှိုက်လိုက်

တော့ နှစ်ယောက်သား သဘောကျသွား

ကာ သူ့ရင်ဘတ်ထဲ အပြိုင်တိုးဝင်နေတာ

ကို သူသာမက ဘေးက ဘတ်တို့လည်း

ပြုံးရွှင်စွာကြည့်နေကြတော့သည်။


"ဟာ...အ..အကိုလေး..."


ဓိ ရုတ်တရပ်ဘတ်ခေါ်သံကြောင့်

သူ ဘတ်ကိုကြည့်တော့ ဘတ်သာ

မက ဘေးက ကိုယ်ရံတော်အစောင့်

တွေပါ ခေါင်းတွေ ငုံ့ကျသွားတာ

ကြောင့် သူ ဘေးကို မျက်ဝန်းတို့ရွေ့

လျားသွားချ်ိန်..


"ဟာ..ကလေး..မင်း...မင်း..."


ဓိတစ်ယောက် လက်ထဲက မျက်ဝန်း

လေးပြူးနေသော သားနဲ့သမီးကို

ဘေးက အထိန်းတွေဆီ ပေးလိုက်ပြီး

သူ့မှာ ခြေလှမ်းကျဲကြီးများဖြင့် 

သူ့ကို မကျေမချမ်းကြည့်နေသော

သူမရှိရာဆီ လျှောက်သွား၍..သူ့အင်္ကျီ

ကိုချွတ်ကာ သူမကိုအပေါ်ကနေ လွှာပေး

လိုက်ပြီး...အရုပ်ကလေးတစ်ရုပ်ကိုပေါ့ပါး

စွာကောက်ချီလိုက်သလို ပွေ့ချီ၍ သူ 

ခေါင်းငုံ့ကာ ရပ်နေကြသော ဘတ်တို့

ဘက်ကိုငဲ့ကြည့်ကာ..


"ဒီက ယောကျာ်းမှန်သမျှ အကုန်လုံး

အခုမြင်ကွင်းကို အခုကစပြီး မေ့

ဖျောက်ထား...ဒီနေ့တစ်ရက်လုံး

ဘာမှ မစားရဘူး..."


ပြောကာ ထွက်သွားသော အကိုလေးကြောင့်

ဘတ်တို့ မျက်နှာကြီးတွေ အီလည်လည် ဖြစ်သွားကြကာ....ရှုံ့တွတွ ဖြစ်ကုန်ကြတော့

သည်။


ကြောက်တက်တာကတော့ အခုထိ ခေါင်းမမော့ရဲကြသေး..


သူမကိုချီသွားသော သူ့မျာက်နှာကြီး

တင်းမာခက်ထန်နေသောကြောင့်

ပြီးတော့ ဘတ်တို့ကိုပါ ပြောသော

အေးစက်စက်အသံကြီးကြောင့်ရော

သူမစိတ်ထဲ အနည်းငယ်သူ့ကို လန့်သွား

မိသည်။


သူမ မျက်ဝန်းလေးပြူးကာသူ့ကို

အသာ မော့ကြည့်လိုက်တော့လည်း

တင်းမာနေသော မျက်နှာကြီး မလျော့

သေးသောကြောင့် သူမ လုပ်တာ

နောင်တတောင်ရသွားမိသည့်အထိ...


ဟင်..ငါ..ငါကဘာလို့ သူ့ကိုကြောက်

ရမှာလည်း ငါ့ကို ဒေါသထွက်အောင်

သူလုပ်သွားတာလေ...


သူမစိတ်ထဲကနေ တွေးပြီး ကိုယ့်ကိုကိုယ်ဖြေ

သိမ့်ကာ...မျက်နှာလေးကိုတင်းပစ်၍..


"ဒီမှာရှင်..ဘယ်ကို သွားနေတာလည်း..."


ဓိ သူမကို ငဲ့ကြည့်တော့ မျက်နှာက

ပို၍ တင်းသွားကာ သူ့လက်ပေါ်က

သူ့မရဲ့ အလှတရားတွေကို ဝေ့ကြည့်ပြီး

ခပ်ညစ်ညစ်ပြုံးလိုက်ကာ..


"ကလေးက...အခုပုံစံအတိုင်းပဲ

နေချင်တာ မဟုတ်လား...

အခန်းထဲက ကိုယ့်အရှေ့မှာနေလေ..

ကိုယ်တစ်နေကုန် ထိုင်ကြည့်ပေးမယ်..

အခုတော့ ရေချိုးရအောင်...''


"ဘာ...."


---------==================🍓🍓🍓🍓🍓🍓🍓🍓🍓


"ဟိတ်မှူး...ဘာတွေကြည့်ပြီး

သဘောကျနေတာလည်း..."


ဆောင်း မှူးတစ်ယောက်ဖုန်းထဲက

တစ်ခုခုကို ကြည့်ပြီး ပြုံးနေသော

ကြောင့် သူမ အနားသွားပြီး 

မေးလိုက်သည်။


မှူး ပြုံးနေရင်း ဆောင်းကို ဖုန်းလေး

ထိုးပြကာ..


"အဟွန်း..သူလေ..."


"Wow...ချောလိုက်တာ ဒါယူရဲ့

ချစ်သူလားမှူး ယူလျှိုတယ်နော်

ယူလျှိုတယ်နော် ဒီလောက်ချောတဲ့ ချစ်သူ

ရှိတာတောင် မ​ပြောဘူး မြန်မာနိုင်ငံ

ပြန်ခါနီးမှ ပြောတယ်နော်.."


ဆောင်းမျက်စောင်းလေးထိုးကာပြော

တော့ ဆံပင်ဂုတ်ဝဲလေးနဲ့လှပနေသော

မှူး ပြုံးလိုက်ကာ...


"မဟုတ်ဘူး ဆောင်းရဲ့ ဒါမှူး

ချစ်သူမဟုတ်သေးဘူး ဒါပင်မဲ့

နောက်တော့ ဖြစ်လာမှာပေါ့...အဟွန်း..."


မှူးနဲ့ဆောင်း Paris မှာ ဒီဇိုင်းသင်တန်း

လာတက်ကြတာဖြစ်ပြီး နောက်တစ်ပတ်ဆို

နှစ်ယောက်လုံး မြန်မာနိုင်ငံကိုပြန်ကာ

ဆိုင်ကြီးတစ်ခု ဖွင့်ကြမှာဖြစ်သညိ။


ဆောင်း တစ်ယောက်မှူးကို နားမလည်သလို

လေးကြည့်၍..


"ဒါဆို အခုက နင့်crush ကြီးပေါ့..."


မှူး လှပစွာပြုံးလိုက်၍ ခေါင်းငြိမ့်ပြကာ..


"အွန်း..ဒါပင်မဲ့ အခုက မကြာခင်

ငါတရားဝင်ပိုင်ဆိုင်ရတော့မဲ့

ငါ့ရဲ့ ပိုင်ရှင်ပဲ..ဆောင်း..."


"အို..ပိုင်လိုက်ချီလား...မှူး..."


"ဒါပေါ့ နင့်သူငယ်ချင်းပဲ ငါက

ငါလိုချင်တဲ့အရာမှန်သမျှကို

အပိုင်ဖြစ်မှ ကျေနပ်တာလေ...''


"ဟုတ်ပါပြီ..ငါ့သူငယ်ချင်းကြီး

အမြန်ဆုံး ကိုလူချောကြီးကို

ပိုင်ဆိုင်နိုင်ပါစေရှင်...''


"အဟွန်း..ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင်.."


"အဟွန်း...ဟင်း..."


နှစ်ယောက်သား ပြောပြီး ရယ်မောလိုက်ကြ

ကာ..မကြာခင် အမိမြန်မာပြည်ကြီးကို

ပြန်ပြီး မှူး သူ့ကို တွေ့ရတော့မှာကြောင့်

ရန်ခုန်သံတွေကလည်း မြန်ဆန်လျှက်ပင်။


-----========-------------------====^^^^^🍓🍓🍓🍓🍓🍓


မိုင်းတစ်ယောက်အခန်းထဲတွင်ပြာယာ

ခပ်စွာ ခေါက်တုန့်ခေါက်ပြန်လျှောက်

နေတာ အချိန်မနည်းတော့...


သူမကို ဓိဆိုတဲ့ သူတော်ကောင်းက

မနက်ဖြန် တွေ့ရအောင်ဆိုပြီး

သူတို့အိမ်ကို ခေါ်ထားသောကြောင့်

ရင်ထိပ်နေရသည်။


သူမကို မတွေ့တောက ဓိတစ်ယောက်

မိုင်းကို ခဏခဏ အကြိမ်ကြိမ် လာမေး

သော်လည်း မိုင်းတစ်ယောက် မသိဘူးဟုဆိုကာ ဘူးတစ်လုံးသာဆောင်၍ ညင်းခဲ့သော

ကြောင့် အခုတွေ့ရတော့မည်ဆ်ိုတော့..

ဘယ်လို မျက်နှာနဲ့ တွေ့ရမမှန်းမသိတော့..


"မိမိုင်း..မိမိုင်း အသက်ရလာမှ 

အေးဆေးမနေချင်အုံး..."


မိုင်းတစ်ယောက်စိတ်ညစ်စွာညီးငြူ

သံတိုးတိုးသဲ့သဲ့လေးပြောကာ

ဘေးကဆိုဖာကြီးပေါ် စိတ်မောစွာ

ထိုင်ချလိုက်တော့သည်။


တင်း.....တီ....


"ဟင်..."


မိုင်းထိုင်နေတုံး တံခါးဘလ်မည်သံ

ကြောင့် ကိုယ်လေးတုန်တက်သွား

ပြီး သူမ ခေါင်းလေးထောင်သွားကာ

ကိုယ်လေးမတ်၍ တံခါးအဝကနေ ခြံ

ထဲ လှမ်းကြည့်တော့..လူတစ်ယောက်

ရပ်နေသောကြောင့် မိုင်း ခြံအဝကို

လျှောက်သွားကာ...


"မင်း..မင်း..ဘတ် မဟုတ်လား..

ဘာဖြစ်လို့လည်း..."


ဘတ် အရှေ့က သူ့ကိုအထိန့်တလန့်

ကြည့်နေသော မမမိုင်းကို သူခေါင်းငြိမ့်ပြ၍...


"ကျွန်တော်..စောစောက အင်္ကျီ

အပေါ်ထပ်ကျန်ခဲ့လို့ လာပြန်ယူတာပါ.."


မိုင်းတစ်ယောက် အမြဲတမ်းရုပ်တည်နဲ့

ထိုတစ်ယောက်ကို သူကြည့်၍..


"ခဏစောင့်..."


ဘတ် သူ့ကိုပြောကာ အိမ်ထဲဝင်သွားသော

မမမိုင်းကြောင့် သူထိုတော့မှ တည်နေသော

ရုပ်မှာ ပြုံးယောင်သန်းလာပြီး..


"အဟွန်း အသက်သာကြီးလာတာ 

ကလေးစိတ်မကုန်သေးဘူးပဲ..."


မိုင်းအိမ်ထဲဝင်လာတော့ ဆိုဖာပေါ်မှာ

အင်္ကျီအမဲရောင်အပေါ်ထပ် တစ်ထည်

ကို သူမယူ၍ မျက်စောင်းထိုး လိုက်ကာ..


"မေ့လညိး မေ့တက်ပါ့..."


သူမပြောပြီး ခြံအဝကို ပြလျှောက်လာ၍..


"ရော့ ဒီမှာမင်း..အင်္ကျီ..."


မိုင်းပေးသော အင်္ကျီကို ယူပြီး

ဘာမှ ပြန်မပြောဘဲ ထွက်သွား

သော ထိုကောင်လေးကြောင့် 

မိုငိးတစ်ယောက် တအံ့တသြ

ကြည့်ကာ ကားမောင်း ထွက်သွား

သောသူ့ကို မျက်စောင်းလေးထိုးကာ..


"အွန်း..ဓိအနားနေတော့လည်း 

ဒီလောက်တော့ ဖြစ်မှာပေါ့..

ဓာတ်တွေကူးကုန်ကြတာလားမသိဘူး...''


မိုင်း မဲ့မဲ့လေးပြောပြီး အိမ်ထဲဝင်လာ

ခဲ့တော့သည်။ 


------------=------============^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


ဒုန်း...


"ဟာ.."


"ဖယ်...နှာဘူးရဲ့..."


မနက်ထည်းကအခုနေ့လည်အထိ

အခန်းအပြင်လုံးဝပေးမထွက်ပဲ

နမ်းချင်သလို လိုက်လိုက်နမ်းနေသော

သူ့ကို သူမ ရှိသမျှအားလေးနဲ့ အတင်း

တွန်းဖယ်၍ မကျေမနပ်ကြည့်ကာ

ပြောတော့ ဓိတစ်ယောက် မျက်နှာမှာ

ပြုံးတုံးတုံးဖြစ်နေပြီး..သူမကိုယ်လေးအနား

အတင်းတိုးကပ်ကာ..ဘေးက စောင်ကြီး

ကို နှစ်ယောက်အပေါ်ကို ဆွဲခြုံလို​က်၍..


"အခုမှ အတိုးချ ချစ်ရတာပါ..ကလေးရာ..."


"အို...ရှင် အရမ်းနှာဘူးကျတာပဲ..

ရှင့်ကို အသေသတ်မယ်.."


သူမတစ်ယောက် အခုထိ ဘာအဝတ်အစား

မှ မဝတ်ရသေးဘဲ သဘတ်လေးတစ်ထည်

နဲ့သာ ရှိနေသောကြောင့် ဒေါသတို့က

အစိုးမရပေ။


ဓိတစ်ယောက် သူမမမြင်နိုင်သော

အပြုံးကို ပြုံးလိုက်၍...


"အဟွန်း..ပြီးရင် အသတ်ခံမယ်

အခုတော့ မပြီးပြတ်သေးတာလေး

ဆက်လိုက် ရအောင်..."


"အို..ဟင့်အင်း...ဦးအဓိ...

အမလေး...."


ဆက်ရန်....

စာရေးသူ- လွမ်းခြင်း


rate now: