book

Index 33

အပိုင်း (33)

  • Author : Lwanchin
  • Genres : Romance, Action

သူမ တစ်ကိုယ်လုံးကြက်သိမ်းတွေထသွားကာ ရှက်လွန်းလို့ အငွေပျံချင်သွားမိအထိပင်။


အခုလို သူမကိုလာဖက်ရဲတာ သူတစ်ယောက်

ထည်းရှိပြီး သူ့တစ်ယောက်ထည်း လက်ရဲဇက်ရဲ ဖြစ်တာကြောင့် သူမ နှုတ်ခမ်းဖူးဖူးလေးရဲ့ အောက်နှုတ်ခမ်းသားလေးကို

သွားချွန်ချွန်လေးဖြင့် ဖိကိုက်ထားမိကာ..

သူမကိုယ်လေးကို ရင်ခွင်ထဲထည့်ဖက်ထား

သော သူ့ရင်ခွင်အောက်က လွတ်မြှောက်အောင် ရှိသမျှ အားနဲ့ ရုန်းသော်လည်း

မလွှတ်...


ဘာမှမဝတ်ထားဘဲ နှစ်ယောက်သား

ပူးကပ်လွန်းနေသောကြောင့် ရှက်လွန်းသဖြင့် သူမ

မျက်ရည်တွေက အလိုလိုဝဲလာကာ..


"ဦးအဓိပတိ..ရှင်..လွှတ်နော်..တနှာမရူး

နဲ့...''


သူမအပြောကြောင့် အမှောင်ထဲက 

ဓိမျက်နှာကြီး ပြုံးစိစိ ဖြစ်သွားတာတော့

သူမ မမြင်.....


ဓိ သူမ လည်တိုင်ကျော့လေးကို ပွတ်တိုက်

နမ်းရှိုက်လာပြီး သူမရဲ့ အဝတ်မပါသော

ကိုယ်လုံး နွေးနွေးလေးကို တိုးဖက်ထားကာ..


"ကလေးက ကိုယ့်ရဲ့မိန်းမလေကွာ..

တနှာမရူးရတာလည်း နှစ်ချီနေပြီ

ဒီညတော့ ရူးခွင့်ပြု ကလေးရာ..."


"ဘာ......"


သူ့စကားကြောင့် သူမ သူ့ကိုအမှောင်

ထဲမှာ မမြင်ရပင်မဲ့လည်း သူ့ကို မျက်

ဝန်းတွေပြူးကာ မကျေမနပ်ကြည့်လိုက်

မိသည်။


"ရှင်...ရှင်..အရမ်း အရှက်မရှိတာပဲ..

လွှတ်နော် ကျွန်မကို ရှင့်ကို လွယ်လွယ်

ခွင့်လွတ် မယ်လို့ ထင်လို့လား...''


သူမပြောပြီး သူ သူမနောက်ကျေလေး

ကနေ သိုင်းချုပ်ဖက်ထားပြီး အနမ်း

တွေ ဓားမြတိုက်သလို ပွတ်တိုက်နမ်း

နေသောကြောင့် သူမတစ်ယောက်

ကိုယ်လေး ရွံ့နေကာ အေးသော ရေချိုး

ခန်းထဲတွင် ချွေးစလေးတွေ ပျံနေသည့်

အထိပင်...


ဓိ သူမကိုယ်လုံးတုန်သွားတာကို သဘော

ကျသွားကာ..သူမ ဂုတ်သားလေးကို

အသည်းယားစွာ ဖိကပ်နမ်းပြီး သူမရဲ့

ချိုချဥ်ရနံလို ကိုယ်သင်းနံ့လေးကို လွမ်းမော

စွာ ရူရှိုက်နေကာ သူမကိုယ်လေးကို သူ့ဘက်

ဆွဲလှည့်ပစ်လိုက်တော့သည်။


"အို..ရှင်နော်..."


"ကိုနော်..လုပ်ပါ.."


သူ့အပြော သူ့အပြူအမူ ကြောင့် သူမတစ်ယောက် ဒေါသလေးတွေ ပိုထွက်လာသလို

ဆူညံလှသော ရင်ခုန်သံတွေကလည်း ထိန်း

မရတော့...ထိုရင်ခုန်သံတွေက ပျော်လို့ ရင်ခုန်တာတော့ မဟုတ် သူဘယ်လို ယုတ်မာ မလည်း

ဆိုတာ သူမ ကြိုသိနေသောကြောင့်ပင်....


"ဟင့်အင်း...ရှင်နော်...လွှတ်လို့ပြောနေတယ်.."


သူ့လက်တွေ သူမခါးလေးကနေ ခပ်တင်း

တင်းဖက်ထားပြီး သူမကိုယ်လေးအနံ့

ရောက်ရှိလာချိန် သူမ မျက်လုံးတွေပြူပြာ၍

ခေါင်းလေး ခါကာ ငြင်းဆန်သော်လည်း

သူကတော့ သူမငြင်းဆန်မှုကို အရေးမစိုက်...


ဓိ သူမရဲ့ ကိုယ်လေးကို ပွတ်သပ်ပြီး

လည်တိုင်း ကျော့ကျောလေးအထက် အနမ်း

တွေပြေးလွှားပြီးနော်...သူအားမရတော့စွာ

သူခါးကို သူမကို ခွရက်သားလေး ပင့်ချီ

လိုက်တော့သည်။


သူမတစ်ယောက် သူ့အနမ်းတွေကြား

ရုန်းသော်လည်း သူ့ရဲ့ သန်မာလှသော

လက်တွေကြားက မလွတိမြှောက်နိုင်ပေ။


သူမ သူ့အနမ်းတွေကြား ငြီးသံလေးမထွက်

မိအောင် လှပသော နှုတ်ခမ်းလေးကို ဖိကိုက်

ထားမိပြီး သူ့သူမကိုယ်လေးကို ပင့်ချီလိုက်

သောကြောင့် သူမ လန့်ဖျန်သွားကာ သူ့လည်ပင်းကို သိုင်းဖက်ထားမိသလို စုပြီး

ချည်နှောင်ထားသော ဆံနွယ်ရှည်တွေကလည်း ပြေကျလာကာ...သူမရဲ့ အလှက

အမှောင်ထဲမှာတောင် ကဗျာဆန်လှသည်။


သူမ ရွေ့လျားသွားသော သူ့ကြောင့်

သူ့ရင်ဘတ်ကြီးကို မမြင်မစမ်း ထုလိုက်ကာ..


ဘုတ်..


"ရှင်..ရှင်...ဘယ်သွားနေတာလည်း..

ဦးအဓိပတိ..ရှင် သူမဘဝကို တစ်ခါပဲ

ဖျက်စီးလို့ ရမယ်...ဒီတစ်ခါ သူမ 

ရှင့်ကို သတ်မှာ..."


ဓိ အိမ်ယာဘက်ကို ​ခြေလှမ်းတွေ ဦးတည်

နေချိန် သူမစကားလေးတွေကြောင့် သူ

မျက်နှာမှာ အပြုံးတွေ ဖြစ်ပေါ်နေကာ...


"အဟွန်း..သူမသာ သတ်ရင် ကိုယ်

အသေခံလိုက်မယ်..ကိုယ်ကတော့

နောက်မဆုတ် တော့ဘူးသူမ..အခုလို

မှမဟုတ်ရင် ကိုယ်မင်းကို ပိုင်ဆိုင်ဖို့က

ကြာနေအုံးမှာ..ကို မင်းကို ချစ်တဲ့ စိတ်တွေက

အဲဒီအချိန် ထိ မစောင့်နိုင်တော့ဘူး သူမ...''


"ဟင့်အင်း...မဟုတ်ဘူး သူမ သူမဘဝအခု

ပျော်ရွှင် နေရတာ သူမနဲ့ သားနဲ့သမီးကို

ရှင်လွတ်လပ်ခွင့်ပေးပါနော်..."


အမှောင်ထဲမှာ မမြင်နိုင်ပင်မဲ့ သူမ

မျက်နှာလေး ငယ်နေမယ်ဆိုတာ

ဓိ သိပါသည်။


သူမ သဘောကို သူသာ လိုက်လျော

ပေးလိုက်ရင် သူမနဲ့သူ နီးဖို့ အချိန်တွေ

ကြာအူံးမှာ ဖြစ်သည်။


သူ အဲဒီလောက်အထိလည်း စိတ်မရှည်သလို

သူနဲ့ သားရယ်သမီးရယ်ကိုလည်း မခွဲနိုင်တော့...အမြန်ဆူံးပိုင်ဆိုင်နိုင်ဖို့ဆို...အခုနည်း

ပဲ ရှိတော့သည်။


ဓိ နှုတ်ခမ်းမှာ အပြုံးတို့ ဖြစ်ပေါ်လာကာ...


"ကိုယ်..မင်းကို မခွဲနိုင်တော့လို့ပါ..သူမ

ကိုယ်တို့ မနက်ဖြန် လက်မှတ်ထိုး

ကြမယ်..ပြီးရင် မင်းကို ကို တန်ဖိုး

ထား ချစ်သွားမှာပါ....''


"အို...ရှင်နော်..မရဘူး..သွား...''


သူစကားသံနဲ့အတူ အိဖက်နေသော

မွေ့ယာကြီးအထက် သူ သူမ

ကိုယ်လေးကိုပါ အပါ ခေါ်သွားချိန်

သူမတစ်ယောက် လန့်ဖျန့်သွားကာ

အတင်းရုန်း၍ ထပင်မဲ့လည်း နောက်ကျသွားပေပြီ..သူ့ရဲ့ ခပ်တင်းတင် ဖက်တွယ်မှုနှင့်

အနမ်းတွေအောက် သူမ မရုန်းသာ မလွန်းသာ

ဖြစ်နေပြီး သူ့အထိအတွေ့တွေကြောင့် သူမ

မျက်လုံးတွေ မဖွင့်ရဲတော့စွာ မျက်ဝန်းများ

မှိတ်ချထားလိုက်တော့သည်။


ဓိ တစ်နှစ်ကျော်ကျော် လွမ်းစွတ်မှုတွေ

အခုမှ အတိုးချယူနေသလို အနမ်းတွေဟာလည်း အတောမသတ်နိုင်ပဲ သူမရဲ့ ဘဝကို

ဒုတိယအကြိမ် တဖြည်းဖြည်းသိမ်းပိုက်နေတော့သည်။


"အင့်...ဟင့်..''


သူမ သူ့ရဲ့ အထိအတွေ့များကြောင့် 

တစ်ချက်ချက် ငြီးသံသဲ့သဲ့လေးများ

ထွက်ပေါ်လာကာ...သူ့ရဲ့ ကြမ်းတစ်ခါ

နုတစ်လည့် သူ့ရဲ့ အချစ်မွှန်နေသော အနမ်း

တွေကြောင့် ခြေထောက်လေးတွေ ကော့တက်

သွားသလို နှုတ်ခမ်းလေးမှာလည်း သွေးခြေဥမတက် ဖိကိုက်ထားမိတော့သည်။


သူတကယ်..ဆိုးပါသည်။


---------------------============^^^^^🍓🍓🍓🍓🍓🍓🍓


------================^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"အန်တီ....သူမက်ို ပြန်တွေ့ပြီဆို အန်တီ..."


ဒေါ်ကဗျာမေ....ဧည့်ခန်းမှာထိုင်နေချ်ိန်

ဇော်တစ်ယောက် ဝမ်းသာအားရ ဝင်လာ

ပြီး သမီးဖြစ်သူကို မေးသောကြောင့် သူမ

ပြုံးပြ၍...


"ဟုတ်တယ် သားဇော်....မနက်က 

သမီး ပြန်လာတယ်..."


"ဟာ..ဟုတ်လား ဝမ်းသာလိုက်တာ

ဒါနဲ့ သူမရော...အန်တီ..."


ဇော် အိမ်ထဲကို ဝေ့ကြည့်ပြီး မတွေ့သော

ကြောင့် မေးလာတော့ ဒေါ်ကဗျာမေ ခေါင်း

ငြိမ့်ကာပြုံးပြ၍...


"မောင်အဓိပတိ အိမ်မှာလေကွယ်..."


"ဗျာ..."


"ဟုတ်တယ် မောင်ဇော်ဇော် ရေ သမီး

ရောက်တာနဲ့ ဓိဆိုတဲ့ လူလည်က

အပါခေါ်သွားတယ်ကွာ..."


ဦးကျော်သူ အပေါ်ထပ်က ဆင်းလာ

၍ ပြောတော့ ဇော် မျက်နှာမှာလည်း

ဖြူစင်သော အပြုံးတို့က ထွက်ပေါ်

လာကာ...


"အဟွန်း...အခုလို ကြားရတော့

ကျွန်တော် အရမ်းဝမ်းသာတာပဲ ဗျာ..."


"ဟုတ်တယ် သားဇော်ရယ် အန်တီလည်း

အခုမှ ရင်အေးရတော့တယ် သူ့အဖေ သူ့သားသမီး တွေနဲ့ ဆိုတော့ အန်တီတို့လည်း

စိတ်မပူရတော့ဘူးပေါ့ကွယ်...''


"ဟင်..သားသမီး ဟုတ်လားအန်တီ..."


ထိုအခါ ဒေါ်ကဗျာမေ ပြုံး၍ ခေါင်းငြိမ့်

ပွကာ...


"ဟုတ်တယ်...သားဇော် သမီးက

အမွှာလေးနှစ်ယောက် မွေးထားတယ်

သားလေးနဲ့ သမီးလေးလေ....ဒါနဲ့

သားဇော်ရော အဆင်ပြေရဲ့လား..."


ဇော်က လွန်ခဲ့သော ၉လ လောက်က

သူ့အမေရဲ့ စနက်ကြောင့် ပေးစါးတဲ့

မိန်းမကို လက်ထပ်ခဲ့ရတာ ဖြစ်သည်။


သူ ကိုအဓိပတိကို သူမနဲ့ ပတ်သတ်

ခဲ့သမျှကို အမြင်ရှင်းသွားအောင်

အဲဒီကထည်းက သွားရှင်းပြ

ထားပြီ ဖြစ်သည်။


သူ့အပြစ်အတွက်လည်း သူ ကိုဓိ

Company က ထွက်လာခဲ့သည်။


အခုထိတော့ ကိုဓိဆီက ခွင့်လွတ်

မှုတို့ကိုတော့ မရသေပင်မဲ့..

အခုတော့လည်း အရာရာဟာ နေသား

ကြလျှက်ပင်။


ဇော် ပြုံးကာ ခေါင်းငြိမ့်ပြ၍..


"ပြေပာတယ် အန်တီ...ကျွန်တော့်

ကို အရာရာနားလည်ပေးတော့..

ဘာပြဿနာမှ ကြီးကြီးမားမား

မဖြစ်ပါဘူး..."


"အေးပေါ့ကွယ်...ကိုယ့်က ယောကျာ်းသား

တစ်ခုခုကို အရမ်းမတင်းနဲ့ပေါ့ကွယ်...

အန်တီလည်း သမီးကို စိတ်ချချင်နေပြီ..."


"သူမက အရမ်းကံကောင်းတဲ့ မိန်းကလေးပါ

သူမအပေါ် ကိုဓိ အခုအချိန်ထိ စောင့်နေတာ

ကိုပဲ ကြည့်ပေါ့..ကျွန်တော်ကတော့

အရမ်းဝမ်းသာတယ် အန်တီနဲ့ အန်ကယ်..

သူမ ဘဝလေး အခုကစပြီး ပျော်ရွှင်ရတော့

မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်..."


ထိုအခါ ဦးကျော်သူနဲ့ ဒေါ်ကဗျာမေ

ခေါင်းငြိမ့်ကာပြုံး၍...


"အန်တီတို့လည်း... အဲဒီလို မျှော်လင့်

ပါတယ်..."


"ဟုတ်ကဲ့ ကျွန်တော် အဲဒါဆို 

ပြန်အုံးမယ်နော် သူမ ရောက်ပြီ

ဆိုလို့ ဝမ်းသာအားရ လာတာ..."


"ကောင်းပါပြီကွယ်.."


ဇော်အန်တီနဲ့ အန်ကယ်ကို နှုတ်ဆက်

ပြီး ထွက်လာကာ မျက်နှာပေါ်တွင်တော့

သူမအတွက် ဝမ်းသာသော အပြုံးတို့က

ဖြူစင်စွာ ဖြစ်ပေါ်လာကာ..


"ငါနင့်အတွက် ဝမ်းသာပါတယ်...

သူမ....နင်တို့ မိသားစု ပျော်ရွှင်စရာ

တွေ ပြည့်နက်ပြီး သာယာတဲ့ မိသားစု

ပြီးပြည့်စုံတဲ့ မိသားစုလေး ဖြစ်မှာ

ငါယူံကြည်ပါတယ်...သူမရယ်..."


သူပြောပြီး ပါးပြင်ပေါ် ပေါက်ခနဲ

ကျလာသော မျက်ရည် တွေနဲ့အတူ

ရင်ထဲတွင် တစ်သက်လုံး သိမ်းထား

ရတော့မဲ့ ခံစားချက်တွေဟာ...တနင့်တနဲ့ပင်။


-------------------------=-===--------=-=^^^^^^🍓🍓🍓🍓🍓🍓🍓🍓


ဂျက်...ဂျက်..ဂျက်...


"ဟင့်....အဟင့်..ဟင့်..."


နာရီလက်တံရွေ့လျားသံနဲ့အတူ

သူမရဲ့ ရှိုက်သံသဲ့သဲ့လေးဟာလည်း

အခန်းလေးထဲ လွင့်ပျံလျှက်...


ဖြောက်....


ထိုအချိန် ဓိလက်ကရွေ့လျားလိုက်တော့

လင်းထိန်လာသော မီးနဲ့အတူ...


အဝတ်မရှိသော ကိုယ်လုံးလေး

ကို စောင်လေးပတ်ပြီး သူ့ကိုကျောပေး

ကာ ငိုနေသော သူမကြောင့် သူ့မျက်နှာ

မှာ အိလည်လည်ကြီ ဖြစ်နေပြီး တစ်ည

လုံးလည်း သူမကို ချော့နေရတာနဲ့ မအိပ်ရ

သေးပင်။


ငိုအောင် လုပ်တာ သူဖြစ်နေသော

ကြောင့် ဓိ ဘယ်သူ့ကို အပစ်ဖို့လို့

ဖို့ရမှန်းမသိတော့..


ဓိ အခုထိ သူ့ကိုအနားအကပ်မခံသေး

သော သူမကို ကြည့်၍ သူ အနား

အသာကပ်လိုက်ကာ..


"သူမ ကလေး...ကိုယ်ကွာ..ဟို...

ကိုယ်တို့က လင်မယားတွေပဲကွာ...

ဒီလောက်တော့ ရှိမှာပေါ့ ကလေးရာ...

အဲဒီလောက်ကြီး မငိုပါနဲ့ကွာ..."


သူ့အပြောကြောင့် သူမ သူ့ကို 

ခပ်စိမ်းစိမ်းစိုက်ကြည့်၍...


"ရှင် အရှက်မရှိတိုင်း ပြောမနေနဲ့..

ရှင်နဲ ကျွန်မ ဘာဆိုင်လို့လည်း

ရှင်အခု နောက်တစ်ခါ..ကျွန်မ..ကျွန်မကို..."


သူမ မျက်ဝန်း စိုစွတ်နေဆဲ မျက်ရည်

များဖြင့် ပတ်ထားသော စောင်လေးကို

ဆွဲဆုတ်ကာ၍ လက်ညိုလေးထိူးကာ

အသံလေးတိန်သွားတော့ ဓိ ပြူပြာသွားကာ

သူမ အနားတိုးသွား၍ သူမကိုယ်လေး

ကို သူ့ရဲ့ အဝတ်မကပ်နိုင်သေးသော

ရင်ခွင်ကျယ်ကြီးထဲ ထည့်၍ ဖက်ထားကာ..


"ကိုယ် အရာရာအားလုံးအတွက်

ကိုယ်တောင်းပန်ပါတယ် ကလေး ရယ်..

ကိုယ်လေ မင်းထွက်သွားတဲ့ အချိန်ကစပြီး

ပျော်ရွှင်နေတယ် ထင်လို့လား 

ကိုယ် မင်းဘဝမှာ မင်းမရှိတဲ့ အချိန်ကစပြီး

လမ်းပျောက်ခဲ့တာပါ..ကိုယ့်ဘဝမှာ မင်းမရှိ

လို့ မဖြစ်ဘူး သူမရယ်...''


သူပြောပြီး သူမဂုတ်ဖွေးဖွေးလေးနမ်း၍

သူမရဲ့ ဝင်းစက်နေသော ပါးပြင်လေးအထက်

အနမ်းတွေ ရွေ့လျားလာတော့သူမ ခေါင်း

လေးငဲ့​ကာ ရှောင်လိုက်သောကြောင့် အနမ်း

တို့က လည်တိုင်ကျော့ကျော့လေးအထက်

ပြန်လည်ရောက်ရှိလာကာ သူမ လည်ပင်း

လေးလိမ်၍ သူ့ရင်ဘတ်အုံကြီးကို လက်သွယ်

သွယ်လေးဖြင့် တွန်းထုပ်သော်လည်း မရ...

သူမ သူ့ကို မကျေမနပ်ကြည့်၍..


"ရှင် ထပ်ပြီးအသားမယူနဲ့နော်..လွှတ်..."


သူမရဲ့ ခပ်စပ်စပ်အပြောလေးကြောင့်

ဓိ သူမကို မရမက နမ်းနေရင်း ပြုံးလိုက်ကာ..


"အဟက်...ကိုယ်က ချစ်လို့ပါကွာ..

ချစ်မဝလေးကို.."


သူ့ရဲ့ ကလေးဆန်ဆန်အပြောကြောင့်

သူမ ပါးပြင်လေး ပန်းရောင်သန်းသွားကာ

သူမ သူ့ကို မျက်စောင်းထိုးလိုက်၍...


"ရှင် ညာတာပါတေး လာမလုပ်နဲ

မနက်ဖြန် ကျွန်မတို့ ပြန်မှာ..."


အဲဒီတော့လည်း ဓိတစ်ယောက်

မျက်မှောင်ကြီး ကုတ်သွား၍

ဖြူဝင်းအိစက်ပြီး သူမရဲ့ အကုန်

မဖုံးနိုင်သော အလှတရားများကို

ဝေ့ကြည့်၍..


"သွားရဲ ရင်သွားလိုက်လေ....ကလေး

မှာ နောက်တစ်ပိုဒ်တောင် ရှိနေ

လောက်ပြီ..."


"သေ..သေ..သွား..."


သူ့အပြောကြောင့် သူမ ဒေါသတွေ

ထွက်လာ၍ ရှက်ရမ်းရမ်းကာ သူမကို

ဖက်ထားသော သူ့လက်ကို အတင်းဖယ်ချ၍

သူ့ကို ဒေါသတကြီး ထုနေလိုက်တော့သညိ။


ဓိတစ်ယောက် ရှက်သွားသော သူအကို

မင်သေသေ ကြည့်၍ သူ့ကိူ ထုနက်နေသော

သူမ လက်ကလေးကို ကိုင်ကာ..


"တော်တော့ကလေး ကလေးလက်တွေ

ရဲကုန်ပြီ...ကြည့်စမ်း..ကိုယ်က ဘာမှ

မဖြစ်ဘူး ကိုယ်မင်းကို ချစ်တဲ့ အချစ်က

အပွန်းအပဲ့လေးတောင် မခံနိုင်တော့..

ကိုယ့်ကိုရိုက်ချင်ရင် လက်နဲ့ မရိုက်နဲ့ကွာ..."


သူအပြောကြောင့် သူမ မျက်နှာတင်း

တင်းလေးဖြင့် သူ့ကို ကြည့်၍..


"ပြီးရောလေ..ရှင့်ကို ရိုက်ဖို့ သွားယူ

အူံးမယ်.. "


သူမပတ်ထားသော စောင်လေးကို

လက်ကလေးဖြင့် ဆုပ်ကိုင်၍ ထတော့

ဓိ မျက်နှာ ပြုံးစိစီဖြင့် ပြန်ဆွဲချတော့

သူမ မျက်ဝန်းလေးပြူးကာ

ပြန်ကြည့်၍..


"ရှင်..ဘာလုပ်တာလည်း....''


ဓိသူမကို ကြည့်၍ ပြုံးလိုက်ကာ..


"ကလေးက ဘယ်သွားမလို့လည်း... "


သူမကို ကလေးလို့ ခေါ်နေသော သူ့ကို

သူမတစ်ယောက် အမြင်ကပ်စွာကြည့်နေမိသည်။


သူနဲ့သူမက အဲလောက်အထိလည်း အသက်

ကွာတာ မဟုတ် အရမ်းပိုလွန်းတဲ့သူ့ကို

သူမ မကျေမနပ် ကြည့်၍..


"ရှင်ပဲ လက်နဲ့ မရိုက်နဲ့ဆို....

အဲဒါ တုတ်သွားယူမလိူ့..."


ထိုအပြော​ကြောင့် ဓိ မျက်နှာ

ပြုံးသွား၍..


"အဟွန်း ကိုယ်ပြောတာ... တုတ်နဲ့

မဟုတ်ဘူး...."


သူပြောပြီး သူမ မျက်နှာလေးကို

ပြန်ကြည့်၍..


"ကလေးရဲ့ နှုတ်ခမ်းလေးနဲ့..."


"အို...ရှင်..ဘာလုပ်ပြန်တာလည်း

ဖယ်...''


ပြောပြီး သူမကိုယ်လေးကို အိပ်ယာ

ပေါ် အပါပြန်ဆွဲခေါ်သွားသော သူ့ကြောင့်

သူမ အလန့်တကြားမေးတော့ ဓိ ညစ်တစ်တစ်ပြုံးလ်ိုက်ကာ..


"အဟက်..မိုးမလင်းသေးဘူးကွ..

အချ်ိန်ရှိသေးတယ်..."


"အို..ရှင်နော်..."


"အဟွန်း..မိန်းမနော်..."


"သွား..လူယုတ်မာ..."


"အဟက်...ချစ်လို့...''


ပြောပြီး အဲကွန်းကြောင့် အေးစိမ့်နေသော

အခန်းကြီးထဲ စောင်ဖြူဖြူကြီးအောက်

သူမကိုယ်လေး ထပ်မံ၍ နစ်မြှုပ်သွားသော

အခါ......


---=====================^^^^^🍓🍓🍓🍓🍓🍓🍓


"ပါး....."


"ဗျာ...."


"ခစ်...ခစ်..."


"ပါယ်ပါယ်..."


ဓိ သားလေးကို ခြံထဲမှာ ဆင်း၍

ထိန်းနေတုံး အိမ်အကူကောင်မလေး

က သားဓိဓိနဲ့ ဆင်တူ ကာတွန့်အရုပ် အင်္ကျီဝမ်းဆက်လေးဝတ်ထားသော  သမီး​လေးကို

သူတို့ဘက်ကို တွန်းလှည်းလေး တွန်းလာတာမြင်တဲ့ သားအလည်လေးက မပီတပီနဲ့ အမဖြစ်သူကို ခေါ်တော့

ဓိ သဘောတွေကျသွားကာ သွားဖြူဖြူ

တွေပေါ်အောင် ရယ်လျှက်..


"အဟက်..ပါးပါးရဲ့သားက အလည်

လေးပဲ မမကို ခေါ်တက်နေပြီပဲ...."


"ပါယ်..ပါယ်..."


သူပြောတော့ ထပ်မံ၍ ခေါ်လိုက်သော

ကြောင့် ဓိ အူတွေအသည်းတွေယား

လာကာ သူ့မှာ သားဖြစ်သူ ဖြူဖြူ

တုတ်တုတ်ကိုယ်လုံးလေးကို မြှောက်လိုက်

၍..ပြန်ချကာ ပါးပြင်အိအိလေးကို နှာခေါင်း

ချွန်ချွန်ကြီး နစ်ဝင်သွားအောင် နမ်းရှိုက်လိုက်၍..


"ဟာ..ချစ်တာကွာ..."


"ခစ်..ခစ်..ချစ်..ချစ်..."


"ဟား..."


"ပါး..ဓိဓိ..."


ထိုအချိန် သမီးလေး အသံသဲ့သဲ့လေး

ကပါ ထွက်လာ၍သူနဲ့ သားကို

ခေါ်လာသော ကြောင့် ဓိတစ်ယောက်

သားနဲ့ သမီးရဲ့ လယ်ဝယ်မှုတွေကြား

အသည်းတွေ အူတွေယားနေကာ သမီး

ကိုပါ လက်တစ်ဖက်က ချီမလိုက်ကာ..


"သမီး ပါးပါးကို အာဘွားပေ..."


"ဘွား..."


ပါးစပ်လေးဟ၍ ပေးလါသောသမီး

ဖြစ်သူကြောင့် ဓိ မျက်နှာကြီး ပြုံး

ချိုနေကာ...သွားပင်မစေ့နိုင်တော့...


ဓိသားနဲ့ သမီးဖြစ်သူကို ချီ၍ 

သုံးယောက်သား စနောက်နေကြတာ

ကို ဘေးက ကိုယ်ရံတော်နဲ့အတူ

ဘတ်တို့ပါ ရပ်ကြည့်ကာ အားလုံး

ကိုယ်စီ မျက်နှာမှာ ပြုံးနေကြတော့သည်။


"ဦးအဓိပတိ..လူယုတ်မာကြီး...''


ထိုအချိန် ပြတင်းပေါက် ဖွင့်ထားသော

အကိုလေးတို့ အခန်းမှ မမလေးရဲ့အော်သံ

ကြောင့် ဘတ်တို့ ထိန့်လန့်သွားသလောက်

အကိုလေးတစ်ယောက်တော့..သားနဲ့

သမီး ဖြစ်သူကို ချီထား၍ မျက်နှာမှာ

ပြုံးစိစိ ဖြစ်နေတော့သည်။


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: