ဒေါက်..ဒေါက်...
ဓိတစ်ယောက် သူမကိုယ်လေးကို
ပွေ့၍ လူယုတ်မာဆန်မဲ့အချ်ိန်..
တံခါးကို လာခေါက်နေသော
အသံကြောင့် သူ လှုပ်ရှားနေသမျှ
ရပ်တန့်သွားပြီး မျက်နှာမှာရှုံ့မဲ့သွားကာ
ရပ်တန့်သွားတာကို သူမ အခွင့်ကောင်ယူ၍
သူမကိုယ်လေးကို ချီထားသော သူ့ကို
အတင်းတွန်းချ၍ သူမကို လွတ်ပေးရန်
ထုရျိုကျကာ..
ဘုတ်..
"ရှင်..ဖယ်..."
သူမပြောတော့ သူအသာတကြည်
အောက်ချပေးသောကြောင့် သူမ
အခန်းတံခါး ဘတ်ကို အမြန်ပြေး
သွား၍ ဖွင့်လိုက်တော့ အခန်းအပြင်
ဘက် ငုတ်တုတ်လေးတွေ ထိုင်နေသော
ဓီဓီလေးနဲ့ ပါယ်လေးကြောင့် သူမ
မျက်နှာ တင်းမာမှုတွေပျောက်ကွယ်
သွား၍ သူမ သားနဲ့ သမီးအနား
ထိုင်ချလိုက်ပြီး..
"သားသားနဲ့ သမီးထ..မေမေတို့
သွားမယ်..."
ဓိတစ်ယောက် သူမ အခန်းဘက်ခြေဦး
လှည့်သွားတော့အနောက်တွင် မျက်မှောင်
ကြီးကုတ်၍ သူရပ်ကာ ကျန်နေပြီး
အပြင်မှာ ဘတ်သာ ဟုတ်လို့ကတော့
အသေပဲဆိုပြီး စိတ်ထဲ ကြိမ်းထားသမျှ
မျက်ဝန်း လေးပြူးကာ..သူ့ကိုပါ
ခေါင်းလေးမော်၍ သူ့တို့ရဲ့ အမေကို
ကျော်ပြီး လှမ်းကြည့်နေကြတာကြောင့်
ဘတ်ကို ထွက်သမျှ ဒေါသတွေပြေသွား
၍ သူအနားလျှောက်သွားကာ သူမအနား
က သားနဲ့ သမီးကို လက်တစ်ဖက်ထည်း
နဲ့ သူကောက်ချီလိုက်ပြီး ခပ်တည်တည်ဖြင့်
အခန်းထဲ ခေါ်သွင်းလိုက်တော့သည်။
သူမ ဘာမှ မပြောမဆို သားနဲ့သမီးကို အခန်းထဲ ခေါ်သွားသော သူ့ကို မကျေမနပ်လှည့်ကြည့်၍..
"ရှင်..ဘာလုပ်တာလည်း ဦးအဓိပတိ..."
"မေ့..ပါးပါးလေ..."
ဓိသူမရဲ့ ခေါ်သော အမည်ကြောင့်
မျက်မှောင်ကြီးကုတ်၍ သွားသော်လည်း
သူ့လက်ထဲက ဂျလည် သားတော်ဓိဓိရဲ့
အပြောကြောင့် ဓိတစ်ယောက် မျက်နှာကြီး
မှာ ပြုံးရွှင်သွား၍ အရမ်းချစ်ဖို့ကောင်းသော သားဖြစ်သူနဲ့ သမီးဖြစ်သူရဲ့ ပါးပြင်နုနုလေး
တွေပေါ် နှာခေါင်းချွန်ကြီးနစ်ဝင်အောင်
နမ်းရှိုက်လိုက်ကာ..
မှ..မှ...
"ဟား..ပါးပါးရဲ့ သားနဲ့သမီးက
အရမ်းချစ်ဖို့ကောင်းတာပဲကွာ..."
ခစ်..ခစ်...
သူပြောတော့ သွေးက စကားပြောကာ
နှစ်ယောက်စလုံး သူ့ရင်ခွင်ထဲ တိုးဝင်၍
သူ့လည်ပင်းကို ဖက်ထားကြတာ
သူ့ကို မတွေ့ရတော့မှာ ကြောက်သည့်နှယ်...
ဓိ သူနဲ့ရော သူမနဲ့ပါ တူသော သားနဲ့ သမီး
ဖြစ်သူကို ကြည်နူးစွာကြည့်၍ အခန်းအဝ
မှာ မြန်မာဝတ်ဆုံလေးကို ချပ်ရပ်စွာ အမိုအမောက် အဖိုအရှိုက်တို့က လှပစွာရှိနေပြီး
ပန်းပုရုပ်လေးသဖွယ် နုပျိုမူတို့က ကလေး
အမေလို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်...
သူမ သားနဲ့သမီးအရှေ့မှာတောင်သူမကို
ကြည့်နေသော သူ့အကြည့်စူးစူးတွေကြောင့်
တစ်ကိုယ်လုံးထူပူသွား၍ မျက်နှာလေးတွေ
ရဲလာတဲ့အထိ ဒေါသလေးတွေ ထွက်လာကာ..
"ရှင်က အခုထိ နှာဘူးကျတာ မလျော့
သေးဘူးနော်..."
ဓိ သူ့ရဲ့ တောင့်တင်းနေသော ကြွက်သား
ကြီးများနဲ့ ကလေးနှစ်ယောက်ကို ချီထားတာ
ပေါ့ပေါ့ပါးပါးပင်...
ဓိ သူမအပြောကြောင့် ပြုံးလိုက်၍..
"အဟွန်း..မင်းမို့လို့..ကိုနှာဘူးကျတာပါ..
ကိုယ်နှာဘူးကျလို့လည်း အခုလို ချစ်ဖို့
ကောင်းတဲ့ သားနဲ့သမီးကို ရလာတာပေါ့
သူမရယ်..."
သူမ ပိုဆိုးလာသော သူ့အပြောတွေကြောင့်
လှပသော နှုတ်ခမ်းလေးကို မဲ့လိုက်၍..
"ဟွန်း...ယုတ်မာတာ ဂုဏ်ယူနေ
သေးတယ်..."
"မေ့....နို့..နို့..."
ထိုအချိန် အချိန်ကိုက် နို့တောင်းနေသော
သားတော်မောင်ကြောင့် သူမ မျက်နှာမှာ
ရဲချိတ်သွားပြီး သူ့ကို ကြည့်တော့လည်း
သူမ ရှက်မှာဆိုးလိူ့ထင်သည် မျက်နှာမှာ
အနည်းငယ်တည်တင်းနေသောကြောင့်
သူမ ကုတင်ပေါ်မှာ သူ့အပေါ် ထိုင်နေသော
သားကို ချီရန် အနားသွားပြီး..
"လာ..သားမေမေဆီ..."
သူမခေါ်လိုက်တော့ သားကလည်း
အသာတကြည်လိုက်လာ၍ သူကလည်း
ဘာမှ အတွန့်မတက်ဘဲ လွတ်ပေးတါ
ကြောင့် သူမ အခန်းအပြင်ဘက်ဦးတည်
တော့..
"သူမ...ဒါ ဘယ်လည်း..."
ခပ်တိတိပြောလိုက်သော သူ့အသံ
ကြောင့် သူမ သမီးကို ချီထားသော
သူ့ကို လှည့်ကြည့်ကာ..
"ရှင်မကြားဘူးလား သားန်ို့စာ
နေတယ်လိူ့ပြောနေတာ..."
ဓိ သူမရဲ့ တင်းနေသော မျက်နှာ လှလှ
လေးကို ကြည့်၍..
"ဒီမှာ တိုက်လေ..."
"ဘာ..."
သူမ သူ့ကို မကျေမနပ်လှည့်အော်တော့
ဓိ လက်ထဲက သမီးကိုယ်လေးကို
ချီ၍ ထရပ်လိုက်ကာ..
"ဟုတ်တယ်လေ နို့တိုက်တာပဲ
ဒီမှာ တိုက်လည်းရတာကို
ဘာကိုရှက်နေတာလည်း
ကိုယ်က မင်းယောကျာ်းလေ..."
ဘာမှ မဖြစ်သလိုပြောနေသော
သူ့ကို သူမ သားနဲ့ သမီး ရှိနေသော
ကြောင့် ဒေါသတွေကို မြိုသိပ်၍
အံတကြိတ်ကြိတ်ဖြင့်သာ ကြည့်လိုက်ကာ..
"သွားသေလိုက်ပါလား...''
ပြောကာ သားကို ချီ၍ ဆူဆောင့်ကာ
ထွက်သွားသော သူမကို ကြည့်၍
ဓိ မျက်ခုံးတွေပင့်တက်သွားကာ
သူ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးဖြင့်
ကြည့်နေသော သမီးဖြစ်သူကို ပြန်
ကြည့်၍..
"ပါးပါးပြောတာ ဘာမှားသွားလို့
သမီး မေမေ ပါးပါးကို မျက်စောင်း
ထိူးသွားရတာလည်း...''
"ခစ်..ခစ်..ပါး..."
သမီးက သူပြောတာကို နားလည်
သလို သူ့ကို ရယ်ပြ၍ သူ့ရင်ဘတ်
ကို လာကိုက်လာသောကြောင့် ဓိ
ယားကျိကျိဖြစ်သွား၍..
"ဟား....သမီးက ပါးပါးကို မချစ်လာ
စမ်းနေတာပေါ့..လာထား..''
"ခစ်..ခစ်..."
-----====----=-================^^^^^🍓🍓🍓🍓🍓🍓🍓
"ကိုဘတ်...သူဌေးခေါ်လာတာ ဘယ်သူလည်းဟင်..."
အိမ်ထဲမှာ သန့်ရှင်းရေးလုပ်သော ဖြူဥ
တံမျက်စီးကိုင်ကာ သူမဝါသနာအရ
စပ်စုစွာမေးလာတော့...ဘတ် အပေါ်တက်
ဖို့ ခြေလှမ်းရပ်လိုက်၍..
"အကိုလေး ဇနီးနဲ့ သားနဲ့သမီးလေ..."
"ဟမ်း..အကိုလေး အိမ်ထောင်ကျတယ်
လို့လည်း မကြားမိပါဘူး..."
ဘတ် ဖြူဥ မျက်လုံးပြူးမျက်စံ
ပြူးပုံစံကြောင့် သူပြုံးလိုက်၍..
"နင်ကို ပြောပြစရာလား လွန်ခဲ့တဲ့.တစ်နှစ်ကျော်လောက်ထည်းက အကိုလေး
အိမ်ထောင်ကျနေတာ...ဒါပဲ
ငါအလုပ်ကိစ္စ သွားပြောမလို့..."
ဘတ်ပြောပြီး အပေါ်ကို တက်လာတော့
သားဖြစ်သူကို ချီ၍ လျှောက်လာသော
မမလေးကြောင့် ဘတ် ထူးဆန်းစွာ
ကြည့်၍..
"မမလေး ဘယ်လည်း...''
"အမေ့..."
သူမ အခန်းအလွတ်ရှာနေသော်လည်း
အကုန်သော့ခပ်ထားတာကြောင့်
လူလွတ်သော နေရာကို ရှာနေချိန်
အသံတစ်ခုကြောင့် လှည့်ကြည့်လိုက်
တော့..သူ့ဘေးမှာ အမြဲမြင်နေရေသော
ကောင်းလေး...
သူမ အားနာစွာပြုံးပြ၍..
"ဟို သူမကို တစ်ခုလောက်ကူညီပါလား..."
ဘတ်ခေါင်းငြိမ့်ပြကာ..
"ဟုတ်ကဲ့ ပြောပါ...မမလေး..ဘာများလည်းဗျ..."
သူမ နို့စာလို့ ငိုမဲ့မဲ့ ဖြစ်နေသော
သားဖြစ်သူကိုငုံ့ကြည့်၍..
"သူမကိူ အခန်းလွတ် တစ်ခန်းလောက်
ဖွင့်ပေးပါလား ခဏပါပဲ..."
"ရပါတယ် မမလေးရဲ့... ''
ဘတ်ချက်ချင်း ခေါင်းငြိမ့်၍
ပြောလည်းပြော..ဘေးက အခန်း
ကို သူ သွားဖွင့်ပေးကါ..
"ဝင်လိူ့ ရပြီနော် မမလေး...''
သူမ ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်၍
ပြုံးပြကာ သားဖြစ်သူကို ချီ၍ အခန်းထဲ ဝင်လာ၍ တံခါးပိတ်လိုက်တော့သည်။
ဘတ်တစ်ယောက် နားမလည်စွာ အခန်း
ရှေ့ခဏရပ်နေ၍ သူအကိုလေးရှိမဲ့
အခန်းကို သူလျှောက်လာလိုက်သည်။
ခစ်..ခစ်...ခစ်...
ဘတ်ခလေးရယ်သံလေးကြားတာကြောင့် အနည်းငယ်
ပွင့်ဟနေသောအခန်းထဲကို သူ ခေါင်လေး
လျှိုကာ ကြည့်လိုက်တော့ အကိုလေး
သမီး ဖြစ်သူနဲ့ ကလိထိုးကာ ရယ်မော
နေသောကြောင့် ဘတ်လည်းပြုံးလိုက်ကာ..
အဟွန်း အကိူလေးလည်း အခုမှ
ပြုံးနိုင်တော့တယ်...
"ခွေချောင်းချောင်းမနေနဲ့ အထဲဝင်ခဲ့..."
ဘတ် တွေးနေတုံး အကိုလေးရဲ့
ပြောသံကြောင့် သူစပ်ဖြဲဖြဲ ဖြစ်သွား၍
ရှက်အန်းအန်းဝင်လာကာ..
"ဟဲဟဲ..အကိုလေး...''
သူခေါ်လိုက်တော့ သူ့ကို ကြည့်လာသော
အကိုလေးကြောင့် ဘတ် စကားတွေ
ရပ်သွားကာ အပြစ်ရှိသူပမာ ခေါင်းငုံ့၍..
"ဟို...အကိုလေး သားနဲ့သမီးက
ပါးပါးဆီပဲ ပြောနေလို့ ကျွန်တော်
လာချပေးထါးတာပါ..."
ဘတ် အကိုလေးသားနဲ့သမီးကို
ထိန်းခိူင်းထားလို့ ထိန်းပေးနေတုံး
အရွယ်နဲ့ မလိုက်စွာလည်သော
ကလေးလေးတွေကြောင့် ဘတ်
မျက်လုံးတွေပြူးနေမိသည်။
တစ်ချိန်လုံးလည်း အပေါ်ထပ်ကို
လက်ညိုးထိုးပြပြီး ပါးပါးဆီလို့ပဲ
အော်နေသောကြောင့် သူအထဲက
အကိုလေးကို မတွေ့ရဲစွာ ကလေး
နှစ်ယောက်ကိင အခန်းရှေ့ချပေးပြီး
သူ အောက်ထပ်ကို ပြေးဆင်းလာခဲ့
တာ ဖြစ်သည်။
အခုလည်း အကိုလေးမကျေနပ်တာ
ကို အကင်းပါးသူပီပီ သူရှင်းပြတော့မှ
အကိုလေး တင်းနေသော မျက်နှာ
လျော့သွားတော့မှ သက်ပြင်းချ၍..
"သြော်..အကိုလေး မမလေးစောစောက
အခန်းထဲ..."
"ဘာ..မင်းဘာတွေ့သွားလည်း
မင်းတွေ့လို့ကတော့ မျက်လုံး
ဖောက်ထုတ်ပစ်မယ်..."
ဘတ်တစ်ယောက် စကားပင်မဆုံး
သေး အကိုလေး အလောတကြီး
ပြောလာသောကြောင့် သူ့မှာ
ပါးစပ်အဟောင်းသားဖြစ်သာ
သူဘာအပြစ်လုပ်လိုက်မိလည်း
ဆိုတာ စဥ်းစားနေမိတော့သည်။
ဓိတစ်ယောက်ကတော့ မျက်နှာလေး
ငယ်စွာရပ်နေသော ဘတ်ကို
ကြည့်နေသောအကြည့်တို့က
အဖြေမှားတာနဲ့ မင်းသေပြီဆိုသော
အကြည့်ပင်...
---=====================^^^^🍓🍓🍓🍓🍓🍓🍓🍓
"မေမေ....."
"သမီးလေး..."
လေယာဥ်ကွင်းထဲတွင် လှပသော
မိန်းကလေးတစ်ဦး မိခင်ဖြစ်သူကို
အခုမှ ပြန်တွေ့ရသဖြင့် မျက်ဝန်း
မှာ ဝမ်းသာသော မျက်ရည်တွေက
ပြည့်လျှံစွာ...မိခင်ကို လွမ်းမောဖွယ်
ပွေ့ဖက်ထားတော့သည်။
ဒေါ်တင်မမ..တစ်နှစ်ကျော်မှ ပြန်
တွေ့ရသော သမီးဖြစ်သူကို
ဝမ်းသာစွာပွေ့ဖက်ထား၍..
"အမလေး ငါ့သမီးလေး လှလာလိုက်တာ..
ကြည့်ပါအုံး အပျိုကြီးကို ဖြစ်နေပြီ..."
ခ မေမေအပြောကြောင့် ပြုံးလိုက်ကာ.
"ခ ရင့်ကျက်နေပါပြီ မေမေ...''
"ဟုတ်ပါပြီ သမီးရယ်..လာ
အိမ်မှာ သမီး ဖေဖေလည်း စောင့်
နေတယ်..သမီးကြိုက်တဲ့ ဟင်းတွေလည်း
မေမေ ချက်ထားတယ်... "
"ဝါး..ခ တော့ ဗိုက်ပူအုံးမယ်ထင်ပါတယ်
မေမေ လက်ယာ မစားရတာ အရမ်းကြာ
ပြီလေ.."
ထိုအပြောကြောင့် ဒေါ်တင်မမ သမီးဖြစ်
သူကို စိတ်မကောင်းစွာကြည့်၍..
"သမီးရယ်..အခု စားရတော့မှာပဲ..
ငါ့သမီးလေးအခုကစပြီး စိတ်သစ်နဲ့
ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပါ.."
ခ မေမေကို ဖတ်၍ ခေါင်းငြိမ့်ပြကာ..
"ခ...ခ..ကိုကို့ကိုတွေ့ပြီးတောင်းပန်
ချင်တယ် မေမေ..."
ဒေါ်တင်မမ ခေါင်းခါ၍..
"သမီး အခု သားဓိက သမီးကို
အရမ်းစိတ်နာနေတာ သမီးရဲ့..
တဖြည်းဖြည်း သမီးကို ခွင့်လွတ်ပေး
မှာပါ..သမီးရယ်..စိတ်ဓာတ် မကျနဲ့နော်...
လာမေမေတို့ သွားကြမယ်..."
ခ မျက်နှာမကောင်း စွာခေါင်းငြိမ့်ပြ၍..
"ဟုတ်ကဲ့ပါမေမေ..."
ခပြောပြီး မေမေ ခေါ်ရာ ကားရှိရာ
ဆီကို လျှောက်လာလိုက်သည်။
ခဘဝရှေ့ဆက်ရမှာက ကိုကို ခကို ခွင့်လွတ်
တယ်လို့ ပြောမှပဲ ခ ဘဝကို လိပ်ပြာလုံလုံနဲ့
ရှေ့ဆက်လို့ ရမှာမို့ပါ မေမေ....
ခတစ်ယောက် စိတ်ထဲကနေ တိုးညှင်
စွာပြောပြီး..သူမ ကားပေါ်ကနေ
တရိပ်ရိပ်ကျန်နေခဲ့သော အရိပ်များကို
ကြည့်၍...
ခလည်း ထိုအရိပ်လေးတွေလိုပဲ အနောက်မှာ
ကျန်နေခဲ့ပေးတော့မှာပါ ကိုကိုရယ်...
--======================^^^^^🍓🍓🍓🍓🍓🍓🍓
သူမ မှောင်လာပြီ ဖြစ်တာကြောင့် သားနဲ့
သမီးကို ရေချိုးပေးပြီး အဝတ်အစား
လှဲပေးနေချိန် သူရောက်လာ၍ အခန်း.အပြင်
ဘတ်ကို ခေါ်ထွက်သွားတာကြောင့် ရေချို
ခန်းထဲ ဝင်လာခဲ့သည်။
သူမ ဒီနေ့ ရောက်ထည်းက မနားရသေး
သောကြောင့် သူမ လန်းသွားရန် ရေချိုး
မည်စိတ်ကူးကာ အဝတ်အစားတွေ ချွတ်၍
ရေဗန်းအောက် ဝင်လိုက်ချိန်...အေးမြသော
ရေရဲ့ အထိအတွေကြောင့် သူမစိတ်တို့
လန့်ဆန်းသွားကာ မျက်နှာလေးမှာ ပြုံးလိုက်
မိသည့်အထိ...
ဖြောက်...
"ဟင်...မီးပြတ်သွားပါလား..."
သူမ မှောင်သွားသော ရေချိုးခန်းကြောင့်
နှုတ်မှ စိတ်ညစ်သွားကာ ခပ်တိုးတိုးလေး
ပြောပြီး မကျလာတော့သော ရေဗန်းအောက်
မှ အသာ စမ်း၍ တဘတ်တင်ထားသော
စင်လေးအောက်..စမ်းတဝါးဝါး လျှောက်လာ
မိတော့သည်။
ထိုအချိန် သူမ ကိုယ်လုံးလေးကို
ထွေးပွေ့ကာ ဖက်ထားလိုက်သော
ခပ်နွေးနွေး ကိုယ်လုံးကြီးနဲ့
လက်နွေးနွေးကြီးများကြောင့် သူမ
လန့်ဖျန့်သွား၍...မျက်ဝန်းများပြူးကျယ်
သွားကာ..
"အမေ့....အို..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း