သူမတစ်ယောက် မျက်ဝန်းကြည်ကြည်လေးတွေက ပြူကျယ်သွားကာ ခဏအကြာ
ဝင်းစက်ပြီး လှပသော မျက်နှာလေးမှာ
တင်းမာသွားပြီး သားနဲ့ သမီးကို သူမ
မနိုင်မနင်း မချီ၍ သွားမယ်အလုပ်...
"သူမ ခဏနေပါအုံး..."
သူမ လက်ကို လာကိုင်ပြီး သူမလက်ထဲက
သားသားကို စွေ့ခနဲ့ ပွေ့ယူသွားသော
သူ့ကြောင့် သူမ ဒေါသထွက်သွား၍..
သူ့ကို မကျေမနပ်ကြည့်ကာ..
"ရှင် ဒါဘာလုပ်တာလည်း ဦးအဓိပတိ..."
ဓိ သူ့နာမည် သူမခေါ်လိုက်သော
ကြောင့် သူပြုံးလိုက်ကာ..သူမ လက်ထဲက
သားသားနဲ့ ရွယ်တူ ရုပ်ချင်းတူသော ဝကစ်ကစ်
ကြက်တောင်စီးလေးနဲ့ ကလေး ကို
ဓိ ကြည့်၍..
"သူမ... ကလေးလေးတွေက...''
သူမေးလာတော့ သူမသမီးလေးကို
ချီထားရင်း မျက်နှာပျက်သွားကာ
သူ့လက်ထဲက သူ့ကို ဖက်တွယ်ထားသော
သားဖြစ်သူအား ကြည့်၍..
"ရှင်..ကျွန်မသားကို ပြန်ပေးပါ..."
ဓိ သူမရဲ့ သားဆိုသောကြောင့် သူ
သဘောပေါက်လိုက်ကာ မျက်နှာမှာ
လည်း ကျေနပ်ပျော်ရွှင်မှုတို့က ပြောပြ
မတက်အောင်ဖြစ်နေကာ..သူ သူမရဲ့
ပ်ို၍ လှပလာသော မြန်မာဆန်ဆန်ပုံစံ
လေးကို သူကြည့်နေမိသည်။
ဒါကို ဘေးက ဘတ်နဲ့ ဧည့်သည်တွေလည်း
ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိကာ...
တအံ့တသြ ဖြစ်နေကြသည်။
ဓိလေးနဲ့ ပါယ်လေးကတော့ ဓိနဲ့
သူမရဲ့ လက်ပေါ်ကနေ မျက်ဝန်း
လေးတွေပြူးကာ ကြည့်နေကြတော့သည်။
"သူမ..ဒါ..ဒါ ကိုယ်ရဲ့ သားနဲ့ သမီးလေး
လားဟင်.."
အခုမှ လာမေးနေသော သူ့ကို သူမ
မကျေမနပ်ကြည့်၍..
"မဟုတ်ဘူး...ဒါ ကျွန်မရဲ့ သားနဲ့
သမီးပါ..."
ဓိ ငြင်းနေသော သူမကြောင့် သူပြုံး
လိုက်ကာ..
"အဟွန်း..ဒါဆို မင်းတစ်ယောက်ထည်း
လေဥ ဥထားတာလား သူမ...''
သူမ သူ့အပြောကြောင့် မျက်နှာလေးမှာ
ရဲတက်သွား၍ ဘေးက လူတွေကို အခုမှ
သတိထားမိသွားကာ...ရှက်လွန်းသော
ကြောင့် မျက်နှာလေးမှာနီမြန်းနေ၍..သူ့ကို
မျက်နှာလေးတင်းကာ ကြည့်ပြီး.
"ဟုတ်တယ်..အဲဒီတော့ ဘာပြောချင်းလည်း.."
"မေ့...ပါး....မေ့..ပါးပါး..."
ထိုအချ်ိန် သူနဲ့တူလို့လား မသိ..သူမရဲ့
သားနဲ့ သမီးက အသက်ငယ်ငယ်
လေးတွေနဲ့ ညဏ်အရမ်းကောင်းကြသည်။
အခုလည်း သွေးကစကားပြောတယ်
ထင်ပါသည် သူ့ချီထားသော သားက
သူ့ရင်ဘတ်ကို ပြ၍ သူမကို သူ့ရဲ့ပါး
ဖြစ်တယ်ဆိုတာ မပီကလာပီကလာလေး
နဲ့ ပြနေသောကြောင့် သူမ ထိန့်လန့်သွား
၍ ခေါင်းလေးခါပြကာ...
"ဟင်...အို..မဟုတ်ဘူး.. သား..
အဲဒါ သားပါးပါး မဟုတ်ဘူး..."
"တိတ်စမ်း..သူမ..မင်းနဲ့ဖြစ်ခဲ့တာကိုလေ
ဒါ ကိုယ့်သားသမီးတွေမဟုတ်လို့
ဘယ်သူတွေ ဖြစ်ရမှာလည်း....ကိုနဲ့
သားနဲ့သမီးကို ထပ်ပြီး မခွဲသွားပါနဲ့
သူမရယ်နော်..ကိုယ်အရာအားလုံးကို
တောင်းပန်ပါတယ်ကွာနောိ..."
"မေ့..မေ့...ပါး...ပါး...ဓိဓိ..."
သူမလက်ထဲက သမီးလေးကပါ
သူ့ဆီကို ပြောပြီး လက်လှမ်းနေသော
ကြောင့် သူမ ရင်ထဲ ဝမ်းနည်းမူတွေက
အလုံးအရင်းလိုက်ဝင်လာကာ...သူမ
မျက်ဝန်းမှ မျက်ရည်တွေကျလာ၍...
"ဟင့်အင်း...သမီး..မသွားနဲ့...
ဖယ်..ရှင် လာမထိနဲ့..."
လက်လှမ်းနေသော သမီးဖြစ်သူကို
သူခေါ်ဖို့ ပြင်နေတာကို သူမ သူ့လက်
ကို ပုတ်ချကာပြောတော့ ဓိ သူမကို
လွမ်းဆွေးစွာကြည့်၍...
"သူမရယ်..ကိုယ့်ကို ထပ်ပြီး မရက်စက်
ပါနဲ့တော့နော်..ကို တကယ်မခံစားနိုင်
တော့လို့ပါ...နော်..."
သူမ သူ့ကို နာကျင်စွာကြည့်၍
ခေါင်းခါလိုက်ကာ.
"ဟင့်အင်း...သူမတို့သားအမိတွေကို
ရှင် လွတ်လပ်ခွင့်ပေးပါနော်...သူမတို့
ဒီအတိုင်းလေးပဲ နေပါရစေ...သူမ..သူမ
တကယ့်ကို ဒီအတိုင်းလေးပဲ နေပါရစေ.
ဟင့်...အဟင့်..."
ဓိ သားကို ချီ၍ ငိုနေသော သူမအနား
တိုးသွားကာ...
"ကိုယ်မနေနိုင်လို့ပေါ့ သူမရယ်..
ကိုယ်အခုမတွေ့ရတဲ့တစ်နှစ်ကျော်
အတွင်း ဖြတ်သန်း ခဲ့ရတာ ငရဲပမာပဲ...
သူမ ကိုယ့်အနားကို ပြန်ခဲ့ပါကွာနော်..."
သူမ မျက်ရည် တွေကျ၍ ခေါင်းကို
ချက်ချင်းခါလိုက်ကာ...
"ဟင့်အင်း..ဟင့်အင်း....သူမ
ရှင့်အနား ဘယ်တော့မှ ပြနိမလာဘူး
ပေး သားကို သူမတို့ပြန်တော့မယ်..."
သူမတစ်ယောက် သားဖြစ်သူကို
ပြန်ပေးဖို့ခေါ်နေသော်လည်း
သားဖြစ်သူကတော့ ဖခင်ရင်ခွင်ထဲမှာ
ထွက်ရမှာဆိုးလို့ သူ့ကိုယ်လူံးလေးဖြင့်
ကပ်ထားတာ ဖျားပျံလေးပမာ...သမီး
ဖြစ်သူကလည်း ဖခင်ဆီ သွားချင်သဖြင့်
ဖခင် ဖြစ်သူကို မျက်ဝန်းကြည်ကြည်ဝိုင်း
ဝိုင်းလေးတွေဖြင့် ကြည့်နေတာ အသည်း
ယားစရာအတိပင် ။
ဘတ်တို့လည်း ဘေးက ရင်တစ်ထိပ်ထိပ်
နဲ့ ကြည့်နေပြီး အကိုလေးရဲ့ သားနဲ့သမီး
ရဲ့ ပုံစံလေးတွေကြောင့် ပြုံးစိစိဖြစ်နေကာ
ချစ်လွန်းသဖြင့် အသည်းတွေယားနေမိ
တော့သည်။
ဘယ်အချိန်က ထပြန်သွားကြမှန်းမသိ
သော ဧည့်သည်တွေကို တစ်ချကိဝေ့ကြည့်၍
ဓိ ဘေးမှာ ရပ်နေသောဘတ်ကိုငဲ့ကြည့်ကာ...
"ဘတ် တံခါးတွေ အကုနိပိတ်လိုက်...
အခု အချိန်ကစပြီး သူမကို လုံးဝ
အပြင် ပေးမထွက်နဲ့..."
"ဟုတ်ကဲ့ ပါအကိုလေး..."
သူမတစ်ယောက် သူ့စကားတွေကြောင့်
ဒေါသတွေ ထွက်လာကာ သမီးဖြစ်သူ
ကို ချီ၍ သူ့အနားတိုးလိုက်ကာ..
"ဦးအဓိပတိ ရှင်ရူးနေလား..."
ဓိ သားဖြစ်သူရဲ့ ပါးပြင်လေးကို နမ်းပြီး
သူမအနားတိုးသွားကာ သူမချီထားသော
သမီးလေးပါးကို ထပ်နမ်းလိုက်၍...
"ကိုယ့်မိန်းမနဲ့ သားသမီးတွေကို ကိုယ့်အနား
ပြန်ခေါ်ထားတာလေ...ကိုယိမရူးဘူး
ထင်တာပဲ..."
"တောက်..."
သူမ နှုတ်ခမ်းလေးဖိကိုကိ၍
တောက်ခပ်ကာ သူ့ကို မုန်းတီးစွာ
ကြည့်နေလိုက်မိသည်။
သူမမှားတာပါ..သူမပေါ့ဆလို့ ဒီလူ
နဲ့ တည့်တည့်တိုးတာ....
----===========-------^^^^^^^&🍓🍓🍓🍓🍓🍓🍓🍓
"ကို..သမီးနဲ့ မြေးလေးတွေအခုထိ ပြန်မလာ
သေးပါလား..."
ဒေါ်ကဗျာမေတစ်ယောက် ဗျာများ
စွာ အေးဆေးစွာထိုင်နေသော ခင်ပွန်း
ဖြစ်သူကို အားကိုးတကြီးပြောနေတော့သည်။
ဦးကျော်သူ ဘောလုံးပွဲ ကြည့်နေရင်း
ဇနီးသည် အပြောကြောင့် နာရီကြည့်
လိုက်တော့...ည ၇နာရီ ရှိနေပြီ ဖြစ်တာ
ကြောင့် သူလည်းအခုမှ သတိထားမိသွားကာ..
"အေး..ဟုတ်သားပဲ..သမီးဘာလို့
ပြန်မလာသေးတာလည်း သမီးဆီ
ဖုန်းခေါ်လိုက်ပါလား..."
"အို..ရှင်ကလည်း ကဗျာမှ မသိတာ
ဒီနေ့မှ ပြန်လာတာ သမီးဖုန်းနံပါတ်
ကို ဘယ်လို သိမှာလည်း..."
"ဟုတ်ပါပြီကွာ..ကိုယ်လည်း မေ့သွား
လိူ့ပါ....အဲဒါမှ... ခက်တာ သမီး
သွားတဲ့နေရာကိုလည်း ပြောမသွားတော့
ကိုယ်တို့က အိမ်ကထိူင်စောင့်ယုံကလွဲ
ပြီး ဘာမှ လုပ်မရဘူး အရမ်းလည်း
စိတ်မပူပါနဲ့ ကိုယ်တို့သမီးက အရင်လို
ကလေးမှ မဟုတ်တော့တာ..အခုသူ့မမှာ
သားနဲ့ သမီးနဲ့ ဖြစ်နေပြီလေ..."
ထိုအခါ ဒေါ်ကဗျာမေ သက်ပြင်းအသာ
ချ၍...ဆိုဖာပေါ်ဝင်ထိုင်ကာ.
"ဒါလည်း ဒါပေါ့..ဒါနဲ့ မြေးလေးက
သူ့အဖေနဲ့ ဆင်သားပဲနော် ချစ်စရာ
လေးတွေ ယောကျာ်းလေးဆိုတဲ့.မြေးလေး
လည်း အရမ်းချစ်ဖို့ ကောင်းမှာပဲ..."
"အမယ် မြေးလေးတွေက ကျုပ်သမီး
နဲ့တူတာပါ ဒါ့ကြောင့် ချောပြီး ချစ်ဖို့
ကောင်းနေတာ..."
အခုမှ စကားနိုင်လာလုနေသော ယောကျာ်း
ဖြစ်သူကို ဒေါ်ကဗျာမေ မျက်စောင်းထိုး၍
တစ်ခုခုကို သတိရသွားကာ..
"ဒါနဲ့ ကျွန်မတို့ မောင်အဓိပတိကို
ပြောရင် ကောင်းမလား သူလည်း
အခုထိ သမီးလေးကို ဇွဲမလျော့ဘဲ
ရှာဖွေနေတာလေ ပြီးတော့ မြေးလေး
တွေကို အဖေအမေရှိရက်နဲ့ တစ်ကွဲ
တစ်ပြားစီ မနေစေချင်ဘူး..."
ဇနီးဖြစ်သူအပြောကို ဦးကျော်သူ
ခေါင်သငြိမ့်ပြီး...
"အင်း ကိုယ်လည်းစဥ်းစားမိပါတယ်..."
Ring Ring Ring Ring
Ring Ring Ring Ring
Ring Ring Ring Ring.....
ထိုအချိန် ဘေးမှ ချထားသော ဖုန်း
ဝင်လာသောကြောင့် ကြည့်လိုက်တော့
ဖုန်းစိမ်းကြီးဖြစ်နေသောကြောင့် သူ
ဇနီးဖြစ်သူကိုပါ တစ်ချက်ကြည့်၍ ကိုင်လိုက်ကာ.
"ဟယ်လို...."
"........."
"ဘယ်လို...မောင်ရင်ဆီမှာပေါ့...."
"...........''
"ကောင်းပါပြီ...အန်ကယ် စိတ်ချပါတယ်
ကွယ်..."
ဦးကျော်သူ ကျသွားသော ဖုန်းကို
ကြည့်ပြီး ဇနီးဖြစ်သူကို ကြည့်ကာ..
"ကဗျာ မင်းနဲ့ကိုယ်ပြောတာတောင်
နောက်ကျနေပြီ..သမီးနဲ့ မြေးလေး
တွေက မောင်အဓိပတိဆီ ရောက်နေပြီတဲ့..
"အို...."
ဒေါ်ကဗျာမေ အံ့သြသွားကာ...
ဘာစကားမှ ဆက်မပြောနိုင်တော့..
ဦးကျော်သူတစ်ယောက်လည်း
အံ့သြပင်မဲ့ ပြုံးလိုက်ကာ..
"တော်တော် လက်သွက်တဲ့ကောင်..."
-------------================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
ပွန်...ပွန်...ပွမ်....
မိုင်း သူမ သားဓိဓိလေးကို သွား
ခေါ်နေပြီ ဖြစ်တာကြောင့် သူမ လိုက်လာ
တော့ ခြံဝန်းကြီးက ပိတ်ထားကာ ...သူမ
ဟွန်းတီးနေသော်လည်း ပွင့်မလာ...
မိုင်းကားထဲကဆင်းကာ ခြံဝန်းကြီးထဲ
ကြည့်လိုက်တော့ အရာအားလုံး တိတ်ဆိတ်
နေပြီး သူမ အခုမှ ခြံအမှတ်ကို ပြူးပြဲ
ကြည့်မိကာ...လန့်ဖြန့်သွားမိသည်။
မိုင်းအခုမှ ယခုခြံပိုင်ရှင်ဟာ..ဓိဖြစ်မှန်း
သိလိုက်ရပြီ ဖြစ်သည်။ သူမသာ
ခြံထဲ သူ့အရှေ့ရောက်သွားလို့ကတော့
ဓိဆိုတဲ့ လူဆိုးက လွတ်ပေးတော့မှာ
မဟုတ်..ကလေးတွေပါ တွေ့ရင်ပိုဆိုး
မှာ...ပြီးရင် မိုင်းဘက်ကို သူ့မိန်းမနဲ့
ကလေးတွေ ဖွက်ထားတဲ့အတွက်ပြဿ
နာက လာရှာအုံးမှာ ကြိမ်းသေသည်။
မိုင်း ဖုန်းထုတ်လိုက်၍ သူမဖုန်းကို
ခေါ်လိုက်တော့သည်။
"ဘုရား..ဘုရား...သူမ ဟိုလူဆိုး
အရှေ့ မရောက်ပါစေနဲ့အူံး..."
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်
ထားပါတယ်ရှင်...
"ဟာ..."
ထိုအခါ မိုင်းသိလိုက်ပါပြီ သူမဒီအိမ်ထဲ
မှာ ရှိနေပြီဆိုတာ...
မိုင်းတစ်ယောက် ကားပေါ်အမြန်ပြန်တက်ကာ
ကားကို ကွေ့ဝိုက်မောင်းထွက်လိုက်ပြီး..
ပြုံးလိုက်ကာ ..
"သူမရေ မမမိုင်း တာဝန်ကျေပြီဖြစ်တဲ့အတွက် သူမဘာသာ ကြည့်ပြီး
ကြည့်ရှောင်တော့..."
---------------======----=--=------------^^^^^^🍓🍓🍓🍓🍓🍓🍓
"ရှင့်ကို ဖယ်လို့ပြောနေတယ်နော်..
ဦးအဓိပတိ..."
ဓိတစ်ယောက် သူမဆီက ခေါ်သံကြောင့်
ချောမောခန့်ညားနေသော မျက်နှာကြီး
မှာ မဲ့တဲ့တဲ့ ဖြစ်သွား၍..
"ဟာ..ကလေးကလည်းကွာ..ဘာဦးအဓိပတိလည်း ကိုယ့်ယောကျာ်းကို အဲဒီလို ခေါ်စရာ
လား...''
သူမရယ် သားရယ်သမီးရယ်ကို
အိမ်ထဲ အတင်းခေါ်သွင်းလာပြီး
သားနဲ့သမီးကို သူ့ဘေးက အမြဲ
မြင်နေရသော လူနဲ့ ထားခဲ့ကာ
သူမကို သူ့အခန်းလို့ ထင်ရသော
အခန်းကြီးဆီကို အရှက်မရှိစွာ
ပွေ့ပြီးခေါ်လာသောကြောင့် သူမ
ရှက်လည်းရှက် ဒေါသလည်းထွက်ကာ
သူ့ကို အတင်းထုနက်ရိုက်ပြီး နာအောင်
ပြောနေသော်လည်း သူ့ကို ပြောတယ်
ရိုက်တယ်လို့မထင်ရအောင်မနာတက်
ဘဲ ငြိမ်ပြီး အရိုက်ခံနေသော သူ့ကို
သူမ စိတ်ပျက်စွာကြည့်နေမိတော့သည်။
အခုလို သူ့ရဲ့ စကားကြောင့် ငြိမ်နေသော
ဒေါသတွေ ပြန်ထွက်လာကာ...သူမအနား
ကပ်လာသော သူ့လက်မောင်းကြီးတွေကို
အတင်းတွန်းကာ ရိုက်ချ၍.
ဗြန်း....ဘုတ်...
"သွား..ရှင် သူမကို လာမထိနဲ့ ရှင့်ကို
ရဲတိုင်မှာသိလား လူကို မတရား ပြန်ပေး
ဆွဲမှုနဲ့...သွား..ဖယ်..."
သူမ ဘာပြောပြော ဓိတစ်ယောက်
ပြုံးနေကာ သူမကို ခွဲခွာရသော
ရက်တွေအစား အတိုးချ၍ ပွေ့ဖက်ထား
ချင်သော စိတ်တို့ကို မနည်းထိန်းချုပ်နေရ
သည်။
ဓိ သူမ အကိုင်မခံ အဖက်မခံသောကြောင့်
သူ့လက်ကြီး လေထဲတွင် တကားကားဖြစ်နေ
ကာ..သူ သူမရဲ့ သူ့ကို ရိုက်လို့ ရဲသွားသော
လက်ဖဝါးလေးတွေကို ကြည့်ပြီး မျက်နှာ
ပျက်သွားကာ..
"သူမ.. ကလေး..ကြည့်ပါအုံး ကလေးလက်တွေ နာကုန်ပြီကွ...စိတ်လျော့ကွာနော်...
ကိုယ် သူမကျေနပ်တဲ့အထိ တောင်းပန်တယ်
ကွာနော်..သူမ ကိုယ့်အနားက ထွက်သွားတာ
ကလွဲပြီး ကြိုက်တာလုပ်ကွာနော်..ကိုယ်
မင်းကို မခွဲနိုင်ဘူး သူမ ကိုယ်မင်းကို
အရမ်းချစ်တယ်..."
"အို..ဦးအဓိပတိ ရှင်...လူယုတ်မာ..."
"အဟက်..ချစ်လို့..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း