book

Index 30

အပိုင်း (30)🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action

"သူမ ညီမလေး သူမ..."


မိုင်း အဓိပ္ပါယ်လေးကို ချီ၍

အခုထိ သတိပြန်မလည်လာသေး

သော သူမကို ခေါ်နေမိတော့သညိ။


"မေ့...မေ့.....ဗြဲ.. ''


မိခင်ဖြစ်သူကိုခေါ်မရတော့

အဓိပ္ပါယ်လေးမှာလည်း မျက်ဝန်း

ဝိုင်းဝိုင်းကြညိကြည်လေးမှ

မျက်ရည် တွေစိုစွတ်လာတော့.မိုင်း

တစ်ယောက် ပြာယာခက်သွားကာ..


"အို..မီးလေး မငိုရဘူးနော်...

မေမေ သတိပြနိရလာမှာပါ..."


"တူမကြီး ဒီမှာရေဘူး မိန်းကလေး

ကို တိုက်ကြည့်ပါအုံး...


ထိာအချိန် လုံခြုံရေးဦးလေးကြီးက

ရေဘူးလာပေး​ကာ ကူညီပေးသော.ကြောင့်

မိုင်းကျေးဇူးတငိစွာကြည့်၍.


"ကျေးဇူပါ ဦးလေး  ."


"ရပါတယ်ကွဲ့...ဒါနဲ့ ကလေးပျောက်တာ

ဆိုတော့ မိန်းကလေးလည်းအရမ်းလန့်

သွားတာနေမယ်..ဦးလေး CCTV ကြည့်

ချင်ရင် ပြောပေးမယ်လေ..."


ခိုအခါ မိုင်းတစ်ယောက် ခေါင်းငြိမ့်ပြကာ.


"ဟုတ်ကဲ့..ဦးလေး မိုင်းကျေးဇူး.တင်ပါတယ်.."


"ရပါတယ်ကွဲ့...ကလေးမကို... ဟိုအရိပ်

ထဲ ရွေ့ရအောင်..."


မိုင်းလည်း လမ်းလယ်ကြီးမှာ ဖြစ်တာ

ကြောင့် ခေါင်းငြိမ့်ပြကာ...ထိုဦး

လေးအကူအညီကြောင့် သူမကို

နားနေထိုင်ခုံတွေအနားရွေ့သွာကာ

ခဏ ထိုင်ခုံကိုမှီထားစေပြီး... အဓိပ္ပါယ် လေး

ကလည်း သူမ မိခင်ဘေးမှာ အကုန်လုံး

ကိုနားလည်နေသလို မျက်နှာလေးမှာ

ငိုမဲ့မဲ့လေးဖြစ်၍ ပုံပုံ့လေးထိုင်နေကာ..


"မေ့....မေ့..ဟင့်..."


ပြောပြီး မျက်ရည်တွေ ကျလာတော့

မိုင်း ပါယ်လေးကို ကောက်ချီလိုက်၍...


"အို..မီးလေး မငိုရဘူးနော်...''


"မေ့..ဟင့်....ဓိဓိ...အဟင့်..ဟင့်..."


"အော် မောင်လေးကလည်း ဘယ်မှ 

မသွားပါဘူး မီးလေးရဲ့ မကြာခင်ပြန်

တွေ့မှာ မငိုနဲ့နော်..တိတ်..တိတ်.."


မိုင်းပြောကာ ပါယ်လေးရဲ့ ဝကစ်ကစ်

ကိုယ်လေးကို ချီကာ ဘေးက သတိမလည်

သေးသော သူမရဲ့ မျက်နှာလေးကိုလည်း

သူစိုးရိမ်တကြီး ကြည့်ပြီး စို့နေသော နဖူ

မှချွေးစလေးများကို တစ်ရူးလေးဖြင့် 

သုတ်ကာပေးမေချိန်...


"ဟင့်အင်း..သူမသားလေ...

သား..."


"ဟင် သူမ ညီမလေး....သတိရ

လာပြီလား...''


မိုင်းထအော်လိုက်သော သူမကြောင့်

ထိန့်လန့်သွားသော်လည်း သူမ သတိ

ပြန်ရလာသော ကြောင့် မိုင်းဝမ်းသာ

သွားကာ...ပါယ်လေးကို ပေါင်ပေါ်

တင်ပြီး မျက်ဝန်းတွေ တဖြည်းဖြည်း

ပွင့်လာသော သူမရဲ့ လှပသော မျက်နှာ

လေးကို စိုးရိမ် တကြီးကြည့်နေမိတော့သည်။


သူမ တဖြည်းဖြည်းမျက်ဝန်းတွေ တဖြည်း

ဖြည်းပွင့်လာကာ...သူမတစ်ယောက် မမမိုင်း

ပေါင်ပေါ်က သူမကို မျက်ဝန်းလေးမှာ

မျက်ရည်လေးတွေဝိုင်းကာကြည့်နေသော

ကြောင့် သူမ ထထိုင်လိုက်ကာ...သမီးလေး

ကို ချီ၍ မျက်ရည် တွေကျလာကာ...


"မမမိုင်း..သူမ သားလေး..သူမ

သားလေးကို ပြန်တွေ့ပြီလားဟင်...''


မိုင်းစိတ်မသက်မသာစွာ သက်ပြင်း

အသာချ၍...ခေါင်းခါလိုက်ကာ..


"မတွေ့သေးဘူးသူမ..ဒါပင်မဲ့ မမတို့

CCTV ကြည့်ရင် တွေ့မှာပါသူမ သတိ

မေ့နေလိူ့...မမတို့ အခုသွားကြည့်ကြမယ်လာ.."


သူမ ချက်ချင်းခေါင်းငြိမ့်လိုက်၍ 

ရှည်လွန်းသော ဆံနွယ်များကို

ကျစ်စာမိ တစ်ချောင်းထည်းကျစ်ထား

ကာ... သမီးဖြစ်သူကို ချီ၍ ထရပ်လိုက်

တော့ လှုပ်ရှားသွားပုံက ကဗျာဆန်လှပေသည်။


ကလေးနှစ်ယောက်အမေဆိုပင်မဲ့လည်း

သူမရဲ့ အလှတရားများဟာ နုပျိုနေပြီး..

အခြားသူများ ယုံလောက်မယ်မထင်အောင်

တစ်နေ့တစ်ခြား လှလွန်းလာပါသော.... သူမပင် ဖြစ်သည်။


သူမတို့ မမအနောက်လိုက်လာ၍

 လုံခြုံရေး ဦးလေးကြီးသူမတို့

ကို ရပ်စောင့်နေသောအနားကို 

လျှောက်လာလိုက်သည်။


"လာတူမကြီးတို့.. ဟိုတူမကြီး သတိ

ရလာလို့ တော်သေးတယ်..."


သူမ သားစိတ်ကြောင့် ငိုချင်နေသော

ခေါင်းလေးငြိမ့် ပြ၍...


"ဟုတ်ကဲ့ ဦးလေး သူမတို့ကို 

CCTV လေးပြပေးလို့ရမလား

ရှင့်..."


"အေးအေး လာတူမကြီးတို့..."


ထိုအခါ ထိုလုံခြုံရေးဦးလေးကြီး

ခေါ်သွားသော CCTV အခန်းကို

သူမတို့ လိုက်လာလိုက်သည်။


ခဏနေတော့ ထိုဦးလေးကြီး CCTV 

ထောင်ထားသော အနားသွား၍

သူခလုတ်တွေကို နှိပ်ပြီး 

ပြန်ကြည့်ပေးပင်မဲ့လည်း ကံမကောင်း

စွာ သားသားအရိပ်အယောင်ပင်မတွေ့ရ..


"တူမကြီးတို့ ရပ်နေတဲနေရာက CCTV 

မရှိဘူးကွဲ့...ဒါ့ကြောင့် ဒီမှာ မပါတာ..."


ထိုဦးလေးကြီးစကားအဆုံး သူမ

ထိန်းချုပ်ထားသော မျက်ဝန်း

မှ မျက်ရည်တို့က ကျလာ၍..


"မမ မိုင်း သူမ သားလေးတော့ ဒုက္ခ

ရောက်ပြီ ထင်ပါတယ်..ဟင့်...အဟင့်..."


မိုင်းလည်း သားဓိလေးကို စိတ်ပူစွာ

မျက်စီ မျက်နှာပျက်၍..


"သူမရယ်..ဒါတွေက မမကြောင့်ပါ

မမသာ စောလာရင် အခုလို ဖြစ်စရာ

မရှိပါဘူးကွယ်..."


သူမ ခေါင်းလေးခါလိုက်၍ မျက်နှာ

လေး မဲ့မဲ့လေး ဖြစ်နေသော သမီး 

ဖြစ်သူကို ရင်ခွင်ထဲ ထည့်ဖက်၍..


"သူမ ကြောင့်ပါ အရမ်းကဲတဲ့ သားသား

ကို သူမ ပေါ့ဆပြီး မကြည့်မိတာ..

အဟင့်..အခု သူမ သူမသားလေး

ဘယ်ကိုရောက်နေလည်း မသိဘူး...''


"သူမရယ်လာ..မမတို့ရဲစခန်းမှာ တိူင်

ချက်သွားဖွင့်ရအောင်....ဒါမှ

အမြန်တွေ့မှာ..ပြီးရင် သားသား

ပုံနဲ့ လူပျောက်ကြော်ငြာမယ်..."


"ဟုတ်ကဲ့ မမမိုင်း..သူမကို ကူညီ

ပါအုံးနော် သူမသားလေး သူမသားလေးသာ

တစ်ခုခု ဖြစ်လိူ့ကတော့ သူမသေလိမ့်မယ်..."


မိုင်းလည်း စိတ်မသက်မသာစွာ..


"သူမရယ်..စိတ်ထိန်းပါ ဟိုမှာ

ပါယ်လေးလည်း သူမငိုတော့

ငိုတော့မယ်..လာ..ပါယ်လေး

တီလေးဆီ..."


မိုင်း အဓိပ္ပါယ် လေးကို ခေါ်သွားတော့

သူမ တစ်ယောက် ကျလာသော မျက်ရည်

တွေကို သုတ်ပင်မဲ့လည်း အတောမသတ်

နိုင်သော မျက်ရည်တွေကတော့ အတက်မပြတ်စွာစီးဆင်းနေပြီး သူမ မမမိုင်းအနောက်ကို လိုက်လာခဲ့တော့သည်။


=--------------------------==========^^^^&🍓🍓🍓🍓🍓🍓🍓🍓


"ဗြဲ......အဟင့်..ဟင့်..."


"ဟာ...သားဘာဖြစ်လို့လည်း ဦးကိုပြော.."


ညနေစောင်း ဓိတစ်ယောက် အလုပ်လုပ်

နေချိန် သူ့ဘေးမှာ တစ်နေ့လုံး မငိုပဲဆော့

နေသော ကလေးလေးမှာ ထငိုတော့...

ဓိ ပြူပြာသွားကာ လက်ထဲက computer

ကိုဘေးကို ချလိုက်၍ ချက်ချင်းပြေးဝယ်

ပေးထါးသော တွန်းလှည်းလေးပေါ်ကနေ

ဝက်ရုပ်အင်္ကျီလေးဖြင့် ချစ်စရာအလွန်း

ကောင်းနေသော ဝက်ကလေးကို သူ

ပေါ်ပေါ်ချီတင်၍...


"သား ဘာဖြစ်တာလည်း..."


သူချီလိုက်တော့ အချွဲတော်လေးက

သူ့ရက်ခွင်ထဲ ဝင်တိုးပြီး သူ့ကို

မျက်ဝန်းကြည်လေးများဖြင့်

သနားစဖွယ်မော့ကြည့်နေတော့

ဓိရင်ထဲ ဖော်မပြန်ိုင်သော ဝေဒနါ

တစ်ရပ် ဖြစ်ပေါ်လာကာ သူမျက်ဝန်း

ထဲ ပေါ်လာသော သူမရဲ့ လှပလွန်းသော

မျက်နှာလေး...ဓိသက်ပြင်းချ၍

 ခေါင်းကိုအသာခါရမ်းလိုက်ကာ..

သူ့ကို မျက်နှာငယ်လေးနဲ့ မော့ကြည့်နေစဲ

ကလေးလေးကို သူကြည့်၍..


"သားဘာဖြစ်လိူ့လည်းကွ..."


"နို့..နို့..."


"ဟမ်း..."


"ခွီး...."


ထိုအချ်ိန် ဘယ်အချိန်က ဧည့်ခန်းထဲ

ဝင်လာမှန်းမသိသော ဘတ်တစ်ရဲ့

ရယ်သံကြောင့် ဓိ မျက်နှာသေနဲ့ လှည့်

ကြည့်လိုက်တော့..ဘတ်တစ်ယောက်

ပြုံးချင်နေသော မျက်နှာကြီးကို အစွမ်း

ကုန်တည်တင်းထားပုံက ခက်ခက်ခဲခဲပင်....


"နို့နို့..."


သူ့ရင်ခွင်ထဲကနေ မျက်နှာလေးငယ်

စွာထွက်ပေါ်လာသော အသံသေးသေး

လေးကြောင့် ကလေးလေးကိုချီ၍ ဓိ ထရပ်လိုက်ကာ...


"သားက နို့စာလို့လား..."


သူပြောပြီး အခုထိ ခေါင်းကြီးငုံ့ကာ

ကြိတ်ရယ်နေသော ဘတ်ကို လှည့်

ကြည့်၍..


"ဘတ် နောက်ဖွေးမှာ ဝယ်ထားတဲ့

နို့ဘူးသွားဖျောိ..."


"ဗျာ..."


ဘတ်တစ်ယောက်ခေါင်းကုတ်၍

အကိုလေးကို မျက်နှာငယ်ဖြင့်

ကြည့်၍..


"အကိုလေး ကျွန်တော် မဖျော်တက်

ဘူးလေဗျာ..."


ဓိ မျက်မှောက်ကုတ် ကာ..


"သွားရေနွေးသွားတည်..ငါ့ဘာသာ

ဖျော်မယ်...ပြီးတော့ဒီနေ့ ငါနဲ့တွေ့မဲ့

ဧည့်သည်တွေ မလာဖို့ပြောလိုက်တော့...''


"ဟာ..အကိုလေး လာနေကြပြီလေ..."


ဓိ မျက်နှာမှာ စိတ်ရူပ်ခြင်းတို့က

ပြည့်နက်သွားကာ..


"ပြီးရော....ဒါနဲ့ ကလေးမိဘတွေသိအောင်

သတင်းစာထဲ ထည့်ပြီးပြီလား..."


"ဟုတ်ကဲ့..အကုန်ထည့်ပြီးပါပြီ..."


ဘတ်စကားအဆူံး သူ့ရင့်ဘတ်

ကို ကိုက်နေသော ကလေးလေးကို

သူငုံ့ကြည့်၍ မျက်နှာမှာ ပြုံးယောင်

သမ်းသွားမိသည်။


ထူးတော့ ထူးဆန်းသည် သူဒီကလေးလေး

ကို အခုမှတွေ့ဖူးသော်လည်း ကလေးလေး

အပေါ် သံယောဇဉ် တော့တွယ်သွားမိသည်။


ဒါဟာ ချစ်စရာကောင်း လွန်းလိူ့တွယ်

တာတော့မဟုတ် သူကလေးကို မြင်တာ

နဲ သူ့ရင်ထဲ မဖော်ပြတက်လောက်သော

သံယောဇဉ် တွေက ရှိနေတာဖြစ်သညိ။


ဘတ်အကိုလေး ပြုံးသွားသော

ကြောင့် သူလည်းပြုံးလိုက်ကာ..


ဒီကလေးလေးကြောင့် အကိုလေး

ပြုံးနေတာ ဘယ်နှစ်ခါတောင်

ရှိနေပြီလည်းမသိ...


"ဘတ် မင်းကိုငါ ရေနွေးကြိုခိုင်းထား

တယ်နော်..."


ဘတ်အဲဒီတော့မှ အတွေးစတို့

ဖြတ်ကာ... ခေါင်းငြိမ့်လိုက်၍...


"ဟုတ်ကဲ့အကိုလေး ကျွန်တော်

သွားလိုက်ပါ့မယ်..."


ဓိ အခုမှ မီးဖိုဆောင်ဘက်ပြေးဝင်

သွားသော ဘတ်ကို ကြည့်၍ ခေါင်းခါ

လိုက်ကာ..သူ့နည်းတူ ဘတ်ကို မျက်မှောင်

ကုတ်ကာကြည့်နေသော သားသားကြောင့်

ဓိ ပြုံးလိုက်ကာ..


"သား သးက အရူးသိလား.. "


"ရူး ..ရူး..."


"အဟက်...ဟုတ်တယ် အရူး..."


"ရူး...ပါး..."


"ဟာ...ဦးဦးက အရူးမဟုတ်ဘူးလေ.

ဦးဘတ်က အရူးလိူ့ပြောတာကွ..."


"ခစ်..ခစ်..ပါး.."


"အဟက်..."


ဓိတစ်ယောက် သူ့ကို ပါးလို့ခေါ်ပြီး

မပေါက်သေးသော သွားဖုံးလေးတွေ

ပေါ်အောင် ရယ်ပြနေသော ကလေး

လေးကြောင့် သူ့မှာ အသည်းတွေယား

နေကာ...ပါးဖောင်းဖောင်းအိအိလေးအား

သူစိတ်မထိန်းန်ိုင်၍ နစ်ဝင်အောင် ဖိကပ်နမ်း

ရှိုက်လိုက်တော့သည်။


နောက်ဖွေးမီးဖိုခန်းထဲတွင်တော့

ဘတ်တစ်ယောက် ရေနွေးအိုးထည်ကာ

တစ်​ယောက်ထည်း အလုပ်ရူပ်နေကာ..


"တော်သေးတယ် အကိုလေး သူ့ကလေး

မဟုတ်လိူ့.. သူ့ကလေးသာဆို

ဘယ်လိုနေမလည်း မသိဘူး..."


---------=-=-================^^^^🍓🍓🍓🍓🍓🍓🍓


"မေမေ...."


"ဟင်...."


ခွမ်း.....


ဒေါ်ကဗျာမေ ပန်းအိုထိုးနေချိန် 

သူမ ရင်းနှီလှသော အသံလေး

ကြောင့် သူမ လှည့်ကြည့်လိုက်ချိန်

မြင်လိုက်ရသော မြင်ကွင်းကြောင့်

လက်ထဲက ပန်းအိုး ကြမ်းပြင်ပေါ်

ကျသွားကာ သူမ မျက်ရည်တွေ ကျလာ

၍ ကလေးလေးတစ်ယောက်ကို ချီထားသော

သမီးဖြစ်သူအနား ပြေးသွားလိုက်၍...


"သ..သမီးလေး...အမလေး သမီးရယ်မေမေ

ကို ထားသွားရက်တယ်နော်...ဘာလိူ့

အဲဒီလို လုပ်ရတာလည်းကွယ်...ဟီး..."


သူမလက်ကိုကိုင်၍ ငိုနေသောမေမေ

ကြောင့် သူမလည်း မျက်ရည်တွေကျလာကာ..မေမေကို လက်တစ်ဖက် နဲ့ ပြန်ဖက်ထား

ပြီး သားအမိနှစ်ယောက် ငိုချလိုက်တော့သည်။


"မေ့...မေ့...ဓိဓိ..."


မောင်ဖြစ်သူ ပျောက်ထည်းက 

သူ့မောင်လေးကို အမြဲမေးနေသော

ပါယ်လေး သူမနဲ့ ဒေါ်ကဗျာမေ 

ငိုနေရင်း အသံသဲ့သဲ့လေးကြောင့်

သူမ သမီးဖြစ်သူကို သတိရသွား

သလို ဒေါ်ကဗျာမေ တစ်ယောက်လည်း

သမီးဖြစ်သူ ချီထားသော အလွန်ချစ်စရာ

ကောင်းသော ကလေးလေးနဲ့ သမီးဖြစ်သူ

ကို တစ်လှည့်ဆီ ကြည့်၍...


"သမီး..သမီး...သူလေးက..."


သူမ မျက်ရည်တွေကြားက ခေါင်းလေး

ငြိမ့်ပြကာ...


"သူမရဲ သမီးလေးပါမေမေ..."


ထိုအခါ ဒေါ်ကဗျာမေ မျက်နှာမှာ

ဝမ်းသာလွန်းသဖြင့် ပြုံးယောင်သမ်း

သွားပြီး..


"အမလေး ငါ့မြေးလေးက အရမ်း

ချစ်ဖို့ကောင်းလိုက်တာ..ကြည့်ပါအူံး

ကလေးလေးဖြစ်ပြီး မျက်ခုံး မျကိတောင်

မဲနက်ပြီး ရှည်ကာ လှလိုက်တာ..."


ဒေါ်ကဗျာမေ ပြောပြီး မြေးဖြစ်သူကို

ချီတော့ ပါယ်လေး သွေးစကားပြောစွာ

အသာတကြည်လိုက်၍..


"မေ့..ဓိဓိ..."'


"ဟင်..သမီး မြေးလေး ဘာပြောတာလည်း..."


မိခင်ဖြစ်သူအမေးကြောင့် သူမ မျက်ရည်

တွေကြလာ၍...


"သမီးလေးက သူ့မောင်လေးကို မေး

နေတာပါ မေမေ...''


"ဘယ်လို..."


ဒေါ်ကဗျာမေတစ်ယောက် အံ့သြလွန်း

သောကြောင့် သူမ ပါးစပ်လေးပင်

ဟသှား၍..


"မြေးလေးရဲ မောင်ဆိူတော့..."


"သူမ အမွှာလေး မွေးတာပါမေမေ..

သမီး အဓိပ္ပါယ်လေးနဲ သားအဓိက

လေးပါ..ငါးမနှစ်ခြားမောင်နှမတွေပါ..."


"အို...ဒါဆို မြေးငယ်လေးက ဘယ်မှာလည်း..."


ဒေါ်ကဗျာမေ တစ်ယောက် ဝမ်းသာ

အားရမေးတော့ သူမ မျက်ဝန်းမှ

မျက်ရည် တွေစီးကျလာ၍..


"သားလေ..သားလေးက လေယာဥ်

ကွင်းမှာ ပျောက်သွားလိူ့ပါ မေမေ...''


"အို...."


သမီး ဖြစ်သူအပြောကြောင့် ဒေါ်ကဗျာ

မေတစ်ယောက်လည်း လန့်ဖြန့်သွားကာ

မျက်နှာပြင်ပေါ်တွင် ချက်ချင်းစိုးရိမ်မှုတို့က

ကြီးဆိုးလာကာ..


"ဘယ်လိူတွေ ဖြစ်တာလည်းသမီးရယ်

မေမေကို ပြောပါအူံး..."


"ဟင့်..အဟင့်..."


သူမ မျက်ရည် တွေသုတ်၍...


"ဒီလိုပါ မေမေ........."


"အို..မဖြစ်ဘူး သမီး ဖေဖေကို

ဖုန်းဆက် ရမယ်..ဒါကိုဘာ

ကြောင့် အေးနေရတာလည်းသမီး

ရယ် မြေး​လေး တစ်ခုခုဖြစ်နေရင်

ဘယ်လိူ လုပ်မလည်း...မဖြစ်ဘူး

မေမေ သမီး ဖေဖေကို ဖုန်းဆက်အုံး

မယ်...''


"ကိုယ်အကုန်ကြားပြီးပြီ... ကဗျာ..."


"ဟင် ဖေဖေ..."


သူမ ဖေဖေရဲ့အသံကြောင့် ခေါင်းလေး

လည်ထွက်သွားအောင် ဖခင်ဖြစ်သူ

ကို လှည့်ကြည့်လိုက်တော့ သူမကို

မျက်ရည်တွေကျကာ ကြည့်နေသော

ဖေဖေ​ကြောင့် သူမ ဖေဖေဆီကိုပြေး

သွားကာ လမ်းကမ်းကြိုဆိုနေသော

ဖခင်ရင်ခွင်ထဲ တိူးဝင်၍ သူမ ဖက်ထား​ကာ

မျက်ရည်တွေကို စီးကျခွင့်ပေး လိုက်တော့သည်။


"ဟင့်..အဟင့်..ဖေဖေ..သူမရဲ သားလေး

ကိူ ကယ်ပါအုံး..."


ဦးကျော်သူ သမီးဖြစ်သူရဲ့ ခေါင်းလေး

ကို ပုတ်၍..


"စိတ်ချသမီး ဖေဖေ..မြေးလေးကို

တွေ့အောင် ပြန်ရှာပေးမှာပါ...

ဘာမှ စိတ်မပူနဲ..."


Ring Ring Ring Ring

Ring Ring Ring Ring

Ring Ring Ring Ring....


ထိုအချိန် သူမဘေးအိတ်ထဲက

မြည်လာသော ဖုန်းသံကြောင့် သူမ

ဖခင်ရင်ခွင်ထဲက ထွက်လိုက်၍

မျက်ရည်တွေသုတ်ကာ..


"ဖေဖေ သူမ ဖုန်းပြောလိုက်အုံး

မယ်နော်..."


ဦးကျော်သူ အရင်ကထက်ပိုလှလာ၍

ရင့်ကျက်လာသော သမီးဖြစ်သူက်ို

ခေါင်းငြိမ့် ပြကာ..


"ပြောလိုက်..သမီး..."


ထိုအခါ သူမ အိတ်ထဲက ဖုန်းကို

ထုတ်လိုက်တော့...မမမိုင်း ဖြစ်နေသော

ကြောင့် သူမ အမြန်ကိုင်လိုက်ကာ..


"ဟယ်လို မမမိုင်း သူမ သားလေး

ကိူတွေ့ပြီလားဟင်..."


"........."


တစ်ဖက်က ထွက်လာသော အသံ

ကြောင့် သူမ မျက်နှာမှာ ဝမ်းသာ

သွား၍... ကျနေသော မျက်ရည်တွေ

ကို သုတ်လိုက်ကာ...


"ဒါဆို သူမ သွားလိုက်မယ်နော် လိပ်စာ

ပို့ထားပေးနော် မမမိုင်း..."


သူမ ဖုန်းပြောပြီး သူမကို ကြည့်နေသော

ဖေဖေနဲ မေမေကို သူမ ဝမ်းသာစွာကြည့်၍..


"ဖေဖေ..မေမေ သူမသားလေး ပြန်တွေ့

ပြီတဲ လူတစ်ဦးက တွေ့လို့ သူ့အိမ်

ခေါ်သွားတယ်တဲ့ အဲဒါ သတင်းစာ

ထဲထည့်ထားတယ်တဲ့ လာပြန်ခေါ်ဖ်ို့...."


သူမပြောပြီး မေမေချီထားသော သမီး

လေးကို ချီလိုက်ကာ..


"သူမ သားလေးကိူ ခေါ်ပြီး ပြန်လာခဲ့

မယ်နော်..ဖေဖေနဲ့ မေမေ..."


"သမီး မေမေတို့ လိုက်ခဲ့မယ်လေ..."


သူမ ခေါင်းလေးခါ၍..


"ရတယ် မေမေ မမမိူင်းလည်း

အနောက်က လိုက်ခဲ့မယ်တဲ့သူမ 

ဘာသာပဲ ကားမောင်းပြီး

သွားလိုက်မယ်..''


"ဟုတ်ပါပြီ သမီး ဂရုစိုက်မောင်း

နော် မေမေ သမီးအကြိုက် 

ဟင်းတွေချက်ထားမယ်...''


"ဟုတ်ကဲ့မေမေ..ဖေဖေ..သူမ

ခဏသွားအုံးမယ်နော်..."


"ကောင်းပြီသမီး..."


သူမ ဖေဖေနဲ့မေမေကို ပြောပြီး

သမီးဖြစ်သူကို ချီ၍ ကားပေါ်တင်ကာ

သားလေးရှိရာကို မောင်းထွက်လာခဲ့

တော့သည်။


---=====================^^^^^🍓🍓🍓🍓🍓🍓🍓🍓


ကြီးမားလှသော ခြံဝန်းကြီးထဲ 

ဝင်လာသော အရောင်အသွေး

စုံလင်လှသော ကားများ...

ခြံဝန်းကြီးထဲ ရောက်တော့

ရပ်လ်ိုက်ကာ..ကားပေါ်က

အသီးသီးဆင်းလာကြသော

လူအချို့...


ဓိ ရေကူးကန်ကြီးဘေးမှာ ၆ယောက်

စာအတွက်ပြင်ဆင်ထားသော

အစားအသောက် အခင်းအကျင်းများနဲ့

နိုင်ငံခြားအရက် အကောင်းအစားဝိုင်

ပုလင်များနှင့်အတူ ဓိ ကလေးလေး

ကိူချီ၍ ထိပ်ဆုံးရဲ ထိုင်ခုံမှာ ထိုင်နေပုံက

သြဇာ အာဏာအပြည့်ပင်....


"ဟာ..ကိုဓိ ဘယ်တောက ကလေး

ရသွားတာလည်း..."


ဓိရဲ့ ရင်နှီးလှသော စီးပွားဘတ် ဝေယံ

ဓိ ချီထားသော ကလေးလေးကို သူကြည့်၍

အံ့သြကာ မေးတော့ ဓိ ဘာမှ ပြန်မ​ဖြေပဲ

ပြုံးယုံသာ ပြုံးနေလိုက်သည်။


ဘေးမှာ ရပ်နေသော ဘတ် အကိုလေး

အနားသွားကာ သူကလေးကို ခေါ်မယ်

လုပ်တော့ လက်ကာပြသော အကိုလေး

ကြောင့် ဘတ်အနောက်ပြန်ဆုပ်၍ ရပ်နေ

လိုက်သည်။


"ဟာ..မောင်ဓိ ကလေးက..."


တအံ့တသြမေးနေကြသော်လည်းဓိ

ဘာမှ ပြန်ဖြေပဲ ပြုံးနေဆဲ ပြုံးပြ

လိုက်သည်။


သူ မရှင်းပြချင်တော့ သူ့ကို သူတို့ရဲ့

သမီးတွေနဲ အတင်းမိတ်ဆက်ပေးချင်

နေသော လူတွေပါတာကြောင့် ဓိ ညိမ်နေ

ချင်းဖြစ်သည်။


"ပါး...ချစ်...."


ဓိ ရင်ခွင်ထဲကနေ သူ့ကို ချစ်ဖွယ်ရယ်

ပြ၍ ကပ်ချွဲပြီး ပြောလာသော ကလေး

လေးကြောင့် သူအသည်းတွေယားလာကာ

ပါးလေးကို ငုံ့ကာနမ်းပြီး...


"အဟွန်း ချစ်ဖို့ကောင်းလိုက်တာ

ပါးပါးရဲ့ သားက..."


သူပြောလိုက်တော့ ထိုင်နေသော 

လူတစ်ချို့ သူ့ကို နှမျောသော

မျက်လူံးများဖြင့် မျက်နှာပျက်သွားကာ

ကြည့်နေကြတာကို ဓိ မြင်တော့ ကျေနပ်

စွာ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်တော့သည်။


ပွန်...ပွန်...တီး...


ထိုအချိန် ခြံရှေ့ကားဟွန်းသံကြောင့် 

တံခါးစောင့်က ဖွင့်ပေးတော့ ဝင်လာ

သော ကားကြောင့် ဓိ သားလေး

ကို ချီထားရင်း ကြည့်နေလိုက်မိသည်။


သူမတစ်ယောက် ကားပေါ်ကနေ သား

ဖြစ်သူကို လှမ်းမြင်နေရသောကြောင့်

ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှူတို့က ဘာ

နဲ့မှနှိုင်းမရ...သူမ ဘယ်ကိုမှ သတိမထား

မိတော့ဘဲ ကားရပ်လိုက်ကာ ဘေးက

သမီးဖြစ်သူကို ချီ၍...ကားပေါ်က

ဆင်း၍ သားဖြစ်သူအနားအပြေးလေး

လှမ်းသွား၍...


"သား...."


သူမ သားဖြစ်သူကို လက်တစ်ဖက်ကနေ

မနိုင်မနင်းထပ်ချီလိုက်ကာ..မျက်ဝန်းမှ.မျက်

ရည်တွေကျလာကာ သူမကို အတင်း

ဖက်တွယ်လာသော သားလေးကြောင့်

သူမ မျက်ရည်တွေ ကျလာပြီး သားကို

ခေါ်ထားသော လူကို အခုမှ သတိရကာ

ကျေးဇူးတင်စကားပြောဖို့အကြည့်..


"သူမ.. ကျေး....ဟင်....ရှင်...ရှင်....''


"ဟုတ်ပါတယ်...ကိုယ်ပါသူမရယ်...

မင်းရဲ့ယောကျာ်းပါ...."


ဝမ်းသာပြီး ဆွေးမြေ့စွာပြောလာသော

အသံနဲအတူ သူမ ထိန့်လန့်သွားကာ

မျက်ဝန်း လေးများမှာ ဝိုင်းစက်၍

တအံ့တသြ ကြည့်နေမိတော့သည်။


ထိုအချိန် သူမ မနိုင်မနင်းချီထားသော

အဓိပ္ပါယ် လေးနဲ အဓိက လေးကတော့

မျက်ဝန်းလေးပြူးကာ မိဘနှစ်ပါးကို

ကြည့်နေသော ပုံလေးက အသည်း

ယားစရာအတိပင်....


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: