ဓိ သွားမပေါက်သေးသော သွားဖုံး
လေးတွေပေါ်အောင် ရယ်ပြပြီး သူ့ကို
လက်ခုတ်လေးတီးကာ ပါးလို့ခေါ်နေသော
ချစ်စရာ ကလေးလေးကြောင့် သူ
မျက်နှာမှာ ပြုံးယောင်သမ်းသွားပြီး
သူမဆိုင်မတွ..ဝကစ်ကစ် ကိုယ်လုံး
လေးကို ကောက်ချီလိုက်ကာ..သူ
ဘေးဘီကို လှည့်ကြည့်လိုက်ပြီး..
"မင်း အမေရော...ဘယ်မှာလည်း
ကလေးကို တစ်ယောက်ထည်း ဘယ်မိခင်
က အခုလို လွတ်ပေးထါးရတာလည်း..."
ဓိ သူ့ချီလိုက်တော့ သူ့ကိုအတင်း
ဖက်တွယ်ထားသော ကလေးလေး
ကို သူငုံ့ကြည့်တော့ သူ့ကို ရင်ခွင်ထဲက
နေ မျက်လုံးကြည်ကြည်လေးတွေဖြင့်
သွားဖုံးလေးပေါ်အောင်ရယ်ပြနေသော
ချစ်စဖွယ်ကလေးလေး..
ဆံပင်တိုကပ်ကပ်လေးနှင့် အင်္ကျီ
အဖြူစွတ်စွတ်လေးဝတ်ထားကာ
အသားအရောင်လေးနဲ့ တစ်ထပ်ထည်း
ဖြစ်နေပြီး မျက်ခုံးလေးတွေက ကလေး
လေးဖြစ်ပြီး မဲမှောင်နေကာ စိတ်ထဲတွင်
ဓိ တစ်ယောက်ယောက်နဲ့ ဆင်နေသော
ကြောင့် သူသေချာကြည့်နေပြီး သူအကြည့်
တို့ အရောက်ဆုံးကတော့ ကြည့်တောက်နေသော မျက်ဝန်းလေးတွေသာ...
ဘေးက ဘတ်တို့ ကလေးလေးကို ကောက်ချီထားသော အကိုလေးကို ကြည့်၍ မျက်
ဝန်းများ ပြူးကျယ်နေကြသည်။
အကိုလေးဒီနှစ်တွေမှာ စိတ်တွေအရမ်းစပ်ကာဘယ်သူ့ကိုမှလည်း စိတ်မရှည်တက်
သူ့အနား အခြားကလေးတွေလာရင်တောင်
အော်ထုတ်တက်သော အကိုလေး သူ့ကို
ပါးလို့ လာခေါ်နေသော ကလေးကြ
ကောက်ချီလိုက်တာ စွေ့ခနဲ..
ဒါပင်မဲ့ ကလေးလေးကလည်း ချီချင်
စရာလေးပင် အသားလေးမှာဖွေးစွတ်
နေပြီး ဝကစ်ကစ်လေးနဲ့ အလွန်ချစ်ဖို့
ကောင်းပေသညိ။
ဘတ်တစ်ယောက် ထိုကလေးလေးကို
ချီထားသော အကိုလေးနဲ့ ကလေးလေး
ကို သူတစ်လှည့်စီကြည့်လိုက်ကာ...
အနည်းငယ် ဆင်နေသောကြောင့် သူ
ခေါင်းကုတ်ကာ..
"အကိုလေး ကလေးလေးက အကိုလေး
နဲ့ဆင်တယ်နော် ဟဲဟဲ..."
ဓိ ဘတ်အပြောကြောင့် သူ့ရင်ခွင်
ထဲ ကပ်ကာချွဲနေသော ဝက်ပေါက်
လေးနဲ့ တူနေသော ကလေးလေးကို
သူကြည့်ကာ..စိတ်ထဲ တစ်မျိုးတစ်
မည်ဖြစ်သွားကာ...သူ
ကြည့်နေချိန်...
"ဟာ...ကိုဓ....ဒီမှာ ဘာ
လုပ်နေတာလည်းဗျ..."
ထိုအချ်ိန် ဓိ လူတစ်ယောက်အသံ
ကြောင့် လှည့်ကြည့်လိုက်တော့
သူ့ အသိဖြစ်နေသောကြောင့် သူ
ပြုံးလိုက်ကာ.
"ဟုတ်တယ်ဗျ..အရှေ့မှာ လူတွေ
များနေလို့..."
"ဟင်..ကိုဓိ ဒါနဲ့ ကိုဓိ မိန်းမနဲ့.ပြန်တွေ့
ပြီလား ဒါကိုဓိသားလေးလား ရုပ်လေး
တွေဆင်တယ်နော် ဖြူဖွေးပြီး.ချစ်စရာ
လေး..."
ဓိ သူမကို မတွေ့တော့တဲ့ အချိန်ကစပြီး
သူ အားလုံးကို သူ့မှာ မိန်းမနဲ့ ကလေး
ရှိတယ်ဆိုတာ ကြောငြာထားတာ
ဖြစ်သည်။
သူမကို ပြန်တွေ့ရင် သူ့ကို အကြောင်း
ကြားဖို့လညိး သူသတင်းစာထဲမှာ
ထည့်ထားကာ ဒါကို သိကြတော့
အခု သူချီထားသော ကလေးကို
သူ့ကလေးလို့ ထင်တာ မစမ်းပေ. .
ဓိ ခေါင်းခါပြ၍ အရှေ့က
လူကို ပြုံးပြုကာ..
"အဟက်..မဟုတ်ပါဘူး.. ဒီကလေးက..''
"ဟာ..အကိုလေး..ကျွန်တော်တို့
သွားမှ ရမယ်...သတင်းသမား
တွေ အနောက်ကို ပြေးလာကြပြီ..."
ဘတ် သတင်းသမားတွေပြေးလာကြတာ
ကိုမြင်သော်အခါ စိုးရိမ်တကြီးပြောတော့
ဓိ စိတ်အရူပ်မခံနိုင်သောကြောင့် သူ
အရှေ့က လူကိုတောင် နှုတိမဆကိနိုင်
တော့စွာ လက်ထဲက သူ့ကို ပြူးပြူးလေးယကြည့်နေသော ကလေးလေးကို သူ ပြန်.ကြည့်၍ အသင့်ဖွင့်ပေးထါးသော ကားပေါ်
အမြန်တက်လိုက်ကာ....
"မောင်းတော့..."
ဝေါ......ဝူး.....
သူ့စကားအဆုံး ကားလေးကလည်း
ထိုနေရာကနေ မောင်းထွက်လာခဲ့
တော့သည်။
ဓိ သူ့ပေါင်ပေါ်တွင် မျက်ဝန်းလေး
ပြူးကာ ငြိမ်သက်စွာထိုင်နေသော
ဝက်ပေါက်ကလေးကို သူကြည့်၍
ပြုံးလိုက်မိသည်။
သူဒီကလေးလေးကို အခုမှ တွေ့သော်လည်း
သူ့ရဲ့ မိဘတွေမတွေ့တာကြောင်ံ့ သူ
မတားရက်နိုငိခဲ့စွာ ခေါ်လာခဲ့ချေပြီ
ပြီးမှပဲ သတင်းစာထဲနဲ့ ကြော်ငြာတွေ
မှာထည့်ပေးပြီး သူ့မိဘတွေ ပြန်တွေ့နိုင်.အောင်သူလုပ်ပေးရမည်...
ဓိ ကလေးလေးကို ကြည့်နေရင်း ရင်
ထဲ ဝမ်းနည်း မှုတို့က ဖြစ်လာကာသူ
သူမကို သတိရသွားစေ၍...သူ
နားကျင်စွာပြုံးလိုက်ကာ...
သူမ ကိုယ်တို့ရဲ့ ကလေးလေးကလည်း
အခုဆို ဒီအရွယ်လောက်ရှိနေပြီပေါ့နော်. .
"ပါး...သိပ်သိပ်...."
"ဟင်..."
ဓိ မျက်ဝန်းမှ မျက်ရည်တွေကျလာတော့
လက်သေးသေးလေးက သူ့ပါးပေါ် ရောက်.လာကာ သူ့ကို မပီကလာ ပီကလာလေးဖြင့် သူ့ရင်ခွင်ထဲကနေ ခေါင်းလေး
မော့ကာ ပြောလာသော ကလေးလေးကြောင့်
ဓိတစ်ယောက် ပါးစပ်မစေ့နိုင်တော့အောင်
ပြုံးယောင်သမ်းသွားသလောက် အရှေ့က
ဘတ်တစ်ယောက်လည်း သေးသေးလေး
ဖြင့် စကားတက်သော ကလေးလေးကြောင့်
အံ့သြခြင်းနဲ့အတူ ပြုံးနေတော့သည်။
ထိုကလေးလေးကြောင့် တစ်နှစ်ကျော်
ကျော် ပျောက်ကွယ်နေသော အကိုလေး
ရဲ့အပြုံးတွေ အခုတော့ ပြန်ပေါ်လာခဲ့ပါ
ပြီ...ထိုကလေးလေးက အခုတော့
အကိုလေးအတွက် အပြုံးတွေဖန်တီးပေး
သော အပြုံးဖန်တီးရှင်လေးပေါ့...
"ခစ်..ခစ်..ခစ်..."
ဓိတစ်ယောက် အသည်ယားစွာ
စကားတက်လှသော ကလေးလေး
ကို ကလိထိုးလိုက်တော့..ကားအနောက်
ခန်းတွင် ထိုကလေးလေးရဲ့ ရယ်သံလေး
တွေ လွင့်ပျံနေကာ ကားထဲက
အကုန်လုံးကိုယ်စီ ဓိနဲ့ ကလေးလေး
ကို ကြည့်၍ ပြုံးနေကြမှာ ဓိ မကြည့်ပဲ
နဲ့လည်း သူသိနေပါသည်။
-----------================^^^^&🍓🍓🍓🍓🍓🍓🍓
သူမတစ်ယောက် လေယာဥ်ကွင်း
ကားပါကင်ဘတ်တွင် သမီးဖြစ်သူ
ကို ချီထားလျှက် မျက်နှာလေးမှာ
မျက်ရည်တွေကြောင့် ရဲနေကာ
သူမ မျက်ဝန်းလေးတွေကလည်း
အခြားပတ်ဝန်းကျင်ကို ခေါင်းလေး
လည်ထွက်နေအောင် လှည့်ပတ်ကာ
ရှာနေတော့သည်။
"သား ဓိလေး....သားလေး..."
"မေမေ...မောင်မောင်..."
အမွှာဖြစ်သော သမီးလေး
အဓိပ္ပါယ်လေးကပါ မောင်ဖြစ်သူ
အဓိကလေးကို မတွေ့သောကြောင့်
မိခင်နည်းတူ မျက်ဝန်းမှာ မျက်ရည်
လေးတွေ စိုနေကာ ချစ်စရာ ကြက်တောင်စည်းလေးဖြင့် မျက်နှာလေးမှာ ငိုမဲ့မဲ့လေး ဖြစ်နေတော့သည်။
သူမတစ်ယောက် လေယာဥ်ပေါ်က
ဆင်းလာ၍ သားဖြစ်သူနဲ့ သမီးဖြစ်သူ တွန်းလှည်း
ထဲထည့်ကာ လာတာ ဖြစ်သည်။
ကားပါကင်နားရောက်တော့ လာကြို
သော မမမိုင်းကိုစောင့်နေရင်း သူမ
အဝတ်အစားအထုတ်တွေစစ်နေရင်း
ဘယ်အချိန်က အောက်ဆင်းသွား
မှန်းမသိသော သားကို သတိမထား
မိစွာ ရှိနေချ်ိန် ထဏအကြာပြန်ကြည့်တော့ သမီးလေးသာ သူမကို မျက်ဝန်း
ဝိုင်းလေးဖြင့် ကြည့်နေပြီး သားသားယကိုမတွေ့တော့တာကြောင့် သူမ
လန့်သွားကာ သမီးဖြစ်သူကို ချီလိုက်၍..သမီးကို မေးတော့ လက်ညိုး
လေးထိုးကာ ဒီဘက်ကို မပီတပီလေး
ပြောလာတာကြောင့် သူမ အမြန်
လိုက်ရှာသော်လည်း သားဖြစ်သူ
ရဲ့ အရိပ်အယောက်တေင်မတွေ့..
သူမ ရင်တွေပူလာ၍ သားဖြစ်သူ
ကိုစိုးရိမ်စိတ်ကြောင့် မျက်ရည်တွေ
ကျလာကာ ထူပူနေမိတော့သည်။
"သူမ...ညီမလေး မခိုင်...နောက်
ကျသွာတယ် sorryနော်...ဟင်..
သူမ ဘာဖြစ် သားရော..."
ခိုင်တစ်ယောက် မျက်ရည်တွေကျနေ
ပြီး သူမကို အားကိုးတကြီးကြည့်လာ
သော သူမကြောင့် ခိုင်တစ်ယောက်
လန့်သွားကာ မေးတော့ သူမ သမီး
ဖြစ်သူကို ချီထားလျှက် မျက်ရည်တွေ
ကျလာကာ..
"လုပ်ပါအုံး မမခိုင်ရယ်..သူမ..သူမသားလေးကို မတွေ့တော့လို့
သူမကို ဝိုင်းရှာပေးပါအုံးနော်..."
ခိုင်တစ်ယောက် ဓိလေးကို မတွေ့ဘူး
ဆိုတာကြောင့် သူမလည်း စိုးရိမ်
သွားကာ..
"ဟင် သူမရယ် ဘယ်လိုဖြစ်ရတာလည်း ဓိလေးက အရမ်းကဲတာ
ညီမလည်း သိရဲ့သားနဲ့ သတိလွတ်
ရလား.. အရမ်းစိတ်မပူနဲ့နော်...အမ
ရှာအူံးမယ်..သူမလည်း ဟိုဘက်ကို
ရှာနော်...."
"ဟုတ်ကဲ့ မမခိုင်..."
သူမ ငိုမဲ့မဲ့လေးဖြစ်နေသော သမီးဖြစ်သူကို ချီကာ...မျက်ရည်တွေကျလျှက်
သူမ သားဖြစ်သူကို ရှာရန် တစ်ဖက်
ကားပါကင်ကို ထွက်လာခဲ့တော့သည်။
သူမ လျှောက်လာရင်း လုံခြုံရေး
ဦးလေးကြီးကိုတွေ့သောကြောင့်
သူမ အမြန်လျှောက်သွားကာ..
"ဦးလေး ဒီအနီးနားမှာလေ..ကလေးလေးတစ်ယောက်တွေ့မိသေးလားရှင့်
ဒီသမီးလေးနဲ့ ရွယ်တူအမွှာ သူမရဲ့
သားလေး ပျောက်သွားလိူ့ပါ..."
ထိုဦးလေးက သူမပြောတာကိုနား
ထောင်ပြီး တစ်ချက် စဥ်းစား
နေပြီးမှ...
"မတွေ့ဘူး တူမကြီးရဲ ဒီအနားကို
တော့ ရောက်မလာဘူးကွဲ့..."
မျှော်လင့်တကြီးကြည့်နေသော သူမ
ထိုဦးလေးအပြောကြောင့် မျက်နှာ
မှာပို၍ ပျက်သွားကာ မျက်ရည်တွေ
ကျလာကာ လှပသောနှုတ်ခမ်းလေး
မှာ စိုးရိမ်စိတ်ကြောင့် တုန်ယင်လာကာ..
ခေါင်းလေးခါရမ်း၍...
"ဟင့်အင်း သူမသားလေး ဘာမှ
မဖြစ်ရဘူး...."
'"ဟာ..တူမကြီ...."
လဲကျလာသော သူမကြောင့်
လုံခြုံရေးကြီး အမြန်ထိန်းပေး၍
ကလေးကိုလည်း သူအမြန်ပွေ့
ချီလိုက်ကာ သတိမေ့နေသော မိန်းကလေး
ကိုသူစိုးရိမ်တကြီး ခေါ်နေတော့သည်။
"တူမကြီး...တူမကြီ..."
"ဟီး...မေ့....မေ့...ဟီး.....မေ့...ချစ်....... ချစ်...''
မပီတပီလေးဖြင့်ပြောကာငိုနေသော အဓိပ္ပါယ်လေး....
"အို...သူမ..."
မိုင်းတစ်ယောက် သားသားဓိလေး
ကို ပတ်ရှာပြီး အပြန်လာ သူမ
သတိမေ့လဲကျနေသောမြင်ကွင်း
ကြောင့် မိုင်းစိုးရိမ်တကြီးပြေး
သွားကာ...
"သူမ သူမ ဘာဖြစ်တာလည်းဦးလေး..."
"ကျုပ်လည်းမသိဘူး သူ့သားလေး
ကိုမေးပြီး မတွေ့ဘူးပြောလိုက်တာ
အဲဒါ မေ့လဲသွားတာ..."
"လာ သမီးလေး... "
"ဟီး..မေ့....မေ့..."
"အို..မေမေ သတိရလာမှာ
ဘာမှ မဖြစ်ဘူးနော်..."
မိုင်းငိုနေသော အဓိပ္ပါယ်လေးကို
ချီလိုက်ကာ သတိမေ့နေသော သူမကို
လည်း တစ်ဖက်က ပွေ့ထားပြီး တစ်
ယောက်ထည်း ဗျာများနေတော့သည်။
-----------==================^^^^^🍓🍓🍓🍓🍓🍓
"ခစ်...ခစ်....ခစ်...ပါး...."
"အဟက်...လာထား...
မင်းက ငါ့ကို ကိုက်တယ်ပေါ့..."
"ခစ်..ခစ်...ပါး...ခစ်..ခစ်...
ပါး...ချစ်ချစ်...."
အခန်းထဲတွင် ဓိတစ်ယောက်
ဝက်ပေါက်ကလေးကို ရေချိုး
ပေးနေတော့ သူလေးက အငြိမ်မနေ
ဘဲ ဓိကို သွားမရှိသော သဖုံးလေး
တွေဖြင့် လာကိုက်ပြီး ရင်ဘတ်
လေးကိုပုတ်ကာပြောပြီး ရယ်နေသော
ကြောင့် ဓိတစ်ယောက် သဘောကျ
ကာ...ပြုံးလိုက်၍...သူ ဝက်ပေါက်.ကလေးရဲ့ ဖြူဖွေးနေသော
ရင်ဘတ်လေးကို ငုံ့ကာနှုတ်ခမ်း
မွှေးများဖြင့် ပွတ်လိုက်တော့..
သဘောကျကာ ရယ်သွားသော
ကြောင့် ဓိ တစ်ယောက်လည်း မျက်
နှာမှာ အပြုံးတွေဝေဆါနေပြီး
သူ အလွန် ချစ်ဖို့ကောင်းသော
ကလေးလေးကို ကြည့်၍ အသည်း
တွေယားလာကာ အရမ်းနမ်းချင်
လာတာကိူ ထိန်းမရတော့သော
ကြောင့် ရေဇလုံထဲက ကလေးလေး
ကို ကောင်ချီလိုက်ကာ...သူပါးအိအိ
တွဲတွဲလေးကို နှုတ်ခေါင်းတွေဖိကပ်
နမ်းရှိုက်လိုက်တော့သည်။
"ဗြဲ....ဟီး...."
"ဟာ..."
ရုတ်တရပ် ထငိုလိုက်သောကြောင့်
ဓိ လန့်သွား၍ စိုးရိမ်သွားကာ..
"ဟား..သား..ဘာဖြစ်တာလည်း..."
ဓိတစ်ယောက် ဘယ်လောက်တောင်
စိုးရိမ်သွားလည်းမသိ..သူ သားလို့
ခေါ်လိုက်တာကိုတောင် သတိထား
မိစွာ...ကလေးကို အကောင်ကိုက်သွားတာလားဆိုပြီး စိုးရိမ်တကြီး သား
လေးရဲ ကိုယ်ပေါ်ကို လိုက်ကြည့်ကာ..
"သား..အကောင်ကိုက်သွားလို့
လားဟင်.."
"ဗြဲ....."
သူမေးသော်လည်း မျက်နှာလေး
တွေရဲတွတ်စွာ ငိုနေမြဲ
ဖြစ်သော ကလေးလေးကြောင့်
ဓိတစ်ယောက် ခေါင်းတွေကြီးလာကာ
ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတော့
သည်။
ထိုအသံကိုကြားသော အပြင်ဘက်
က ဘတ်တို့လည်း လန့်ဖြန့်နေကြ
ကာ ရင်တထိပ်ထိပ်ဖြင့်သာ အထဲက
အသံတွေကို နားစွင့်နေကြတော့သည်။
"ခစ်..ခစ်.....ခစ်..."
"ဟား..."
ခဏအကြာ ရယ်သံလေးတွေ
ပြန်ကြားတော့မှ ဘတ်တို့တွေ
သက်ပြင်းလေး ပြန်ချနိုင်ကြကာ
တစ်ယောက်ကို တစ်ယောက်
တော်သေးတယ်ဆိုသော အကြည့်
လေးတွေဖြင့် ကြည့်ပြီး...ပြုံးနိုင်
တော့သည်။
မဟုတ်ရင် အကိုလေး သူတို့
ကို ကလေးငိုလို့ ပြန်ရယ်လာအောင်
မျောက်က ကခိုင်းအုံးမှာ ကြိမ်းသေ
လောက်သည်။
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း