"အကိုလေး လေဆိပ်ဘက်ကို ကျွန်တော်
တို့ အနှံ့ရှာပြီးပါပြီ မတွေ့ပါဘူး...."
ဘတ် မျက်နှာလေးငုံ့ကာပြောလာတော့
ဓိ မျက်နှာမှာ တင်းမာမှုတို့က ပို၍
တင်းမာလာကာ..ဓိ နှုတ်ခမ်းတို့က
တင်းတင်းစေ့၍..
"လူ ထပ်တိုးရှာ ငါ့မိန်းမကို မတွေ့
မချင်း လူထပ်တိုးရှာ ပြီးတော့
သတင်းစာထဲကို ထည့်လိုက် လက်ခံ
ပြီး ဖွက်ထားတဲ့လူမှန်သမျှကို
တရားစွဲပစ်မယ်လိူ့..."
"ဟုတ်ကဲ့အကိုလေး...အဒါဆို
ကျွန်တော့်ကို ခွင့်ပြုပာအုံး...''
ဘတ်ထွက်သွားတော့ ဓိ မသောက်တော့
ဘူးလို့ဆုံးဖြတ်ထားသော ဆေးလိပ်ကို
မီးညှိ့လိုက်ကာ တင်းတင်းစေ့ပိတ်ထား
သော နှုတ်ခမ်း တို့ဖြင့် ဖွားလိုက်ပြီး
အငွေ့တွေကို မှုတ်ထုပ်ပင်မဲ့လည်း
သူ့ရင်ထဲက ပူဆွေးမှုတွေနဲ့အတူ သူမ
သူ့ကို မုန်းသွားပြီဆ်ိုသော ခံစားချက်
တို့က မပျောက်ပျက်သွားပါ...
ဓိ ထိုင်မရတော့စွာ သူ ထရပ်လိုက်၍
ဘေးက ဝိုင်ပုလင်းအချို့ကို ယူကာ
အခန်းတောင့်ကို ပစ်ခွဲလိုက်မိတော့သည်။
ခွမ်း.....
စိတ်သက်သာရမလားလို့ပေါ့..မရတဲ့
အပြင် သူမကို သူပို၍ သတိရလာ
သောကြောင့် ဓိ လက်ထဲက ဆေးလိပ်ကို
ခွက်ထဲထည့်လိုက်၍ သူ ဆံပင်တွေကို
စိတ်တွေမွန်းကြပ်လွန်းသောကြောင့်
သူဖိလှန်ပစ်လိုက်ပြီး ဘေးက ဆိုဖာပေါ်
စိတ်ပျက်စွာထိုင်ချ၍ သူ မျက်ဝန်းမှ
မျက်ရည်တွေ ကျလာကာ..
"သူမရယ် မင်းဘယ်တွေသွားနေတာလည်း
ကိုယ့်ကို အပြစ်ပေးချင်လည်း အခြားနည်း
နဲ့ပေးပါကွာ..ကိုယ့်ကို အခုလို ပုံစံမျိုးနဲ့
အပြစ်မပေးပါနဲ ကိုမခံစားနိုင်တော့လို့ပါ..
သူမရယ်..ကိုယ့်ဆီပြန်လာခဲ့ပါ..."
ဓိ တိုးတိတ်စွာ ပြောပြီး မျက်ဝန်းတောင့်မှ
မျက်ရည်တို့က တာဝန်အရ စီးကျလာတော့
သည်။
ဓိ လက်သီးကို တင်းနေအောင် ဆုပ်
လျှက်မေးကြောကြီးတွေ ထောင်ထလာကာ...
"ဟာကွာ..."
ဒုန်း..
ဓိ စိတ်တွေက အစိုးမရတော့
စွာ သူ မခံစားနိုင်တော့...
သူမကို အရင်က အထင်လွဲမှုများ
ဖြင့် သူနေနိုင်ခဲ့သော်လည်း သူမ
သူ့အရှေ့ကို အားကိုးတကြီး ပြန်
ရောက်လာချိန် သူမကို အထင်လွဲ
မှုကြီးက နားကျင်သွားစေကာ
သူ့ကို မုန်းသွားပြီ ဖြစ်သော သူမကြောင့်
တွေးရင် ဓိရင်ထဲ ပူလောင်လာတော့
သည်။
ဓိ ဆိုဖာပေါ်ထိုင်၍ ခေါင်းငိုက်စိုက်
ကျကာ..
"သူမရယ်..ကိုယ့်ဆီပြန်လာပေးပါ..."
ဒေါက်...ဒေါက်....
"သူဌေး ဧည့်သည် လာပါတယ်...
ဒေါ်တင်မမပါတဲ့..."
ဓိ အပြင်က မိန်းကလေးအသံကြောင့်
သူမျက်နှာ တည်သွား၍...
"မတွေ့ချင်ဘူး ပြောလိုက်..."
သူ့ရဲ့ အေးစက်လှသော အသံကြောင့်
မိန်းကလေး ခဏတိတ်သွားကာ..
"ဟုတ်ကဲ့ပါ သူဌေး ပြောလိုက်ပါ့မယ်..."
ဓိ ထိုမိန်းကလေး ထွက်သွားမှ
သူမဲ့ကာ ပြုံး၍..
"မင်းကို ငါလုံးဝ ခွင့်မလွတ်ဘူး
ခ..."
ဒေါ်တင်မမ အတွင်းရေးမှူးမလေး
သူ့မကို အားနာသလို ပြုံးပြတော့
သူမ သဘောပေါက်လိုက်ကာ..
"သားဓိက မတွေ့ချင်ဘူး ပြောလို့လား
မိန်းကလေး.."
ထိုအခါ ထိုမိန်းကလေး အားနာ
စွာခေါင်းငြိမ့်ပြတော့ ဒေါ်တင်မမ
သက်ပြင်းအသာချကာ..
"ရပါတယ်ကွယ်..အန်တီ နောက်မှ
တစ်ခါ ထပ်လာခဲ့ပါမယ်..."
"ဟုတ်ကဲ့ပါ အန်တီ..."
ဒေါ်တင်မမ စိတ်မကောင်းစွာ
သားဓိရုံးခန်းဘက်ကို ကြည့်၍
အသာ ထွက်လာလိုက်တော့သည်။
------------=================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"သူမ..သူမ ထပ်ပျောက်သွားလို့
ဟုတ်လား အန်ကယ်..."
ထိုအချိန် ထိုမာလာတစ်ယောက်
အပေါ်ထပ်က ဆင်းလာ၍...
မျက်နှာကိုမဲ့လိုက်ကာ...သား
အနားကို လျှောက်လာလိုက်သည်။
ဇော် ဖုန်းထဲက အန်ကယ်အပြောကြောင့်
သူ သူမအတွက် စိုးရိမ်သွားကာ..
"သူမ သူမမှာ ကိုယ်ဝန်ကြီးနဲ့လေ
အန်ကယ်..ဘယ်လို လုပ်ပြီး
ပျောက်သွားရတာလည်း..."
"..............."
ဖုန်းထဲက ထွက်လာသော စကား
ကြောင့် ဇော်အံ့သြသွားကာ..
"ဗျာ....သူမက ကိုအဓိပတိဆီ သွားတာ
ဟုတ်လား အန်ကယ်..."
"............."
"ဗျာ...ဟုတ်.ဟုတ်ကဲ့ ကျွန်တော်လည်း
သူမ ရှိနိုင်မဲ့နေရာကို စုံစမ်းပါအုံး.မယ်
အန်ကယ်..."
ဇော် ဖုန်းချလိုက်ကာ သူမအတွက်
ရင်ထဲတွင် ပူပန်နေမိတော့သည်။
ဒေါ်မာလာ သားဖြစ်သူအနားတိုး
သွား၍...
"သား သားစောစောကပြောတဲ့ ဦးအဓိ
ပတိက ATPT Groupရဲ့ CEO လား...
သား ရှယ်ရာ ဝင်ခွင့်ရထားတာတဲ့
Company လား...ပြီးတော့ သူမနဲ့က
ဘာပတ်သတ်လိူ့လည်း..."
ဇော်မိခင် ဖြစ်သူ တအံ့တသြ မေးနေတော့
သူ ခေါင်းငြိမ့်ပြကာ..
"ဟုတ်တယ် မေမေ ATPT groupရဲ့
CEO ဦးအဓိပတိပါ...ပြီးတော့
သူက သူမရဲ့ ရင်သွေးလေးရဲ့ ဖခင်ပဲ..."
"ဘယ်လို..."
ဒေါ်မာလာတစ်ယောက် အံ့သြလွန်း
သဖြင့် မျက်ဝန်းတွေ ပြူးသွားကာ..
"သား အဲဒါဆို သွားလေ သူမကို တွေ့
အောင်ရှာ...အဲဒါမှ သားနေရာကောင်း
ရမှာပေါ့...ပြီးတော့ သားသာ သူမကို
တွေရင် အဲဒီသူဌေးက သားကို
အခွင့်အရေးတွေပေးမှာသေချာတယ်...''
ဇော် မိခင်ဖြစ်သူကို စိတ်ပျက်စွာ
ကြည့်၍ သူခေါင်းငြိမ့် လိုက်ကာ..
"မေမေက အခုထိ အမြင်မှန် မရသေး
ဘူးပဲ မေမေ..."
"အို..မေမေက ဘာလုပ်လို့လည်း
မင်းကို မရှာခိုင်းနေလိူ့လား သူမကို
အခုရှာဖို့ မေမေမင်းကို ခွင့်ပြုပေးနေတာ
ပဲ...''
ဇော်မိခင်ဖြစ်သူရဲ့ စိတ်ထား
ကြောင့် သူ မဲ့ကာပြုံးလိုက်ကာ..
"မေမေ သားကို ချစ်ရင် လူတစ်ဖက်
သားအပေါ် စိတ်ထား ဖြူစင်စွာ
ထားတက်အောင် ကြိုးစားပေးပါ
မေမေ..သားဒီနေ့ကစပြီး တိုက်ခန်း
မှာ သွားနေတော့မယ် ဒီအိမ်မှာ မနေတော့
ဘူး မေမေအမြင်မှန် ရတော့မှ သား
ပြန်လာမယ် မေမေ.."
"သား...သား..."
ပြောကာ ထွက်သွားသော သားဖြစ်သူ
ကြောင့် ဒေါ်မာလာ အော်ခေါ်သော်လည်း
မရ...သူမ သားရဲ့ ထွက်သွားသော
ကျောပြင်ကို ကြည့်၍ မျက်ရည်တွေ
ကျလာကာ..
"သား မေမေစေတနာကိုဘာလို့ နားမလည်
ရတာလည်းကွယ်..."
ဒေါ်မာလာ ပြောပြီး သူမ မျက်ရည်
တွေသုတ်လိုက်ကာ..
"မေမေကတော့ သားအတွက် အမြဲ
အက်တကြီး နေရအူံးမှာပဲသား..."
--------------------==-============^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
ဂျပန်မြို့တော်ကြီး ရဲ့ လှပသော ခြံဝန်း
ကြီးထဲ မိန်းကလေးတစ်ယောက်
ထိုင်ခုံပေါ်တွင် ဗိုက်ဖုံးအင်္ကျီ အဖြူရောင်လေးဖြင့် ငူငူလေး ထိုင်နေတာ
ကို ဒေါ်မာရှာ ကြည့်၍ အနားသွားလိုက်ကာ...
"မိန်းကလေး နေရတာ သက်သာရဲ့လား...
ဒီမှာရော နေနိုင်သွားပြီလား.."
သူမ အနောက်က အဖွားအသံကြောင့်
ထရပ်လိုက်တော့ အဖွားက ထိုင်ရန်
လက်ကာပြတာကြောင့် သူမပြန်ထိုင်
တော့ အဘွားကပါ သူမအနား အနားဝင်
ထိုင်လိုက်တော့ သူမ အဖွားကို ကြည့်၍...
"သူမ နေနိုင်ပါတယ် အဘွား သူမ
စိုးရိမ်တာ မေမေတို့ကိုပဲ...သူမကြောင့်
မေမေ အိပ်ယာထဲ ထပ်ပြီး လဲသွား
မှာကို သူမကြောက်တယ်..သူမသာ
ပြန်သွားရင် သူ... သူနဲ့ ထပ်တွေ့ရလိမ့်
မယ် သူမ သူ့ကို မတွေ့ချင်ဘူး အဘွား..."
ဒေါ်ရှာမာက မိုင်းသော်တာရဲ့ အဒေါ်
ဂျပန်နိုင်ငံသား ခံယူထားသော
သူတစ်ဦးဖြစ်သည်။
သူမကို အဲဒီနေ့ ညနေကပဲ မမိုင်းက
လေယှဥ်မောင်း အသိတစ်ယောက်ကိုအား
ချင်းအကူအညီတောင်း၍ ယုံကြည်ရသော
အဖော် အမကြီးနဲ့အတူ ဒီကို ပို့ခဲ့တာ
ဖြစ်သညိ။
သူမ သူ့ကိုမုန်းတဲ့စိတ်ကြောင့်
ထွက်လာသော်လည်း အခုအချိန်
မှာ မေမေတို့ သူမကို ဘယ်လောက်
တောင် စိတ်ပူရှာနေမလည်း...
သူမ ဒီကိုရောက်တာ အခုဆို သုံးလ
ပြည့်တော့မည် ဖြစ်သည်။
မမိုင်းပြောတာကတော့ မေမေတို့
အဆင်ပြေတယ်ဆိုတာကလွဲပြီး
သူမ ဘာမှ မသိရ...သူမလည်း
ဘာမှ မသိချင်တော့ပါ...
ဒါပင်မဲ့ သူမကို သိပ်ချစ်တဲ့ မိခင်ကို
တော့ သူမ လွမ်းလာမိသည်။
သူမ ရင်သွေးလေးရှိလာတဲ့ အချိန် ထည်းက
မိခင်တို့ရဲ့ စိတ်ကို သူမနားလည်
ခဲ့ပါသည်။
မေမေ သူမကို ဘယ်လောက်တောင်
စိတ်ပူရှာနေမလည်း...
ဒေါ်ရှာမှာ သူမကို ကြည့်၍ ပြုံးကာ..
"သမီးရဲ့ အကြောင်းတွေကို အဘွား
သိသင့်သလောက်လည်း သိပြီးပါပြီ.
ဒါပင်မဲ့ သမီးတစ်ခုမှားတယ်လို့ အဖွား
မြင်တယ်..."
"ရှင်..."
ဒေါ်ရှာမာ ခေါင်းငြိမ့်ပြကာ...
"ဟုတ်တယ်သမီး ကလေးရဲ့ ဖခင်ကို
သမီး အထင်လွဲလာတဲ့ ကိစ္စက သမီး
ထင်သလို မဟုတ်ခဲ့ရင် ဘယ်လို လုပ်မလညိး..."
သူမခေါင်းလေးခါရမ်း၍ ထိုနေ့က
မိန်းကလေးတစ်ယောက် အင်္ကျီ
တွေဖရိုဖရဲနဲ့ လဲကျနေကာ သူ့ကို
မျက်ရည်တွေဖြင့် ကြည့်နေသော
မြင်ကွင်းက ရုတ်တရပ်ပေါ်လာကာ
သူမ ခေါင်းကို ခါရမ်းလိုက်ပြီး...
"ဟင့်အင်း အဖွား သူမ ထင်တာ မမှား
ဘူး သူ..သူကလေ ကတိလည်း မတည်ဘူး
အဖွားရယ် သူမကို..သူမကိုလေ...
ဟင့်..."
သူမပြောပြီး မျက်ရည်တွေ ကျလာတော့
ဒေါ်ရှာမာ သက်ပြင်းလေးချကာ..
"ဟုတ်ပါပြီကွယ်..ဒါတွေ မတွေးနဲ့
တော့ အဖွားလည်း မပြောတော့ဘူး
မနက် ဆေးရုံသွားရမယ် သမီး
ပြင်ဆင်ထားနော်....သမီးရဲ့ မြန်မာ
နိုင်ငံက အဖေနဲ့ အမေလည်း ကျန်းမာ
ရေး ကောင်းပါတယ်တဲ့ မိုင်း မနက်က
ဖုန်းဆက်တယ် သမီးရဲ့..."
သူမ ကျလာသော မျက်ရည်တွေကို
သုတ်လိုက်၍...
"ဟုတ်ကဲ့ အဖွား သူမ အဖွားနဲ့ မမိုင်း
ကို ကျေးဇူးတင်ပါတယ်..."
ဒေါ်ရှာမာ ချစ်စရာ ကောင်းပြီး စိတ်သဘော
ထား ဖြူစင်လှသော သူမကိုကြည့်၍
ပြုံးကာ..
"အဖွားကလည်း မိုင်းကို ကျေးဇူး
တင်ရမယ်...အခုလို ချစ်စရာကောင်း
တဲ့ မိန်းကလေးကို အဖွားဆီ ပို့ပေး
လိုက်လို့..."
အဘွားအပြောကြောင့် သူမ
လည်း ပြုံးလိုက်မိသည်။
သူမ အခု ဒီကိုရောက်နေတာ
နောင်တမရပါဘူး သူမ
ရင်သွေးလေးတွေကို ရအောင်
မွေးမည်..သူမ သူတို့လေးတွေကို
သူမတက်တဲ့ ပညာနဲ့ ရအောင်
ပြုစုပျိုးတောင်ပေးရမည်....
သူမ အခုအခြေအနေမှာ ဘယ်သူ့ကိုမှ
မတွေ့ချင်တော့ပါ...
------=-----=------------==========--^^^^🍓🍓🍓🍓🍓🍓🍓🍓
"တောက်..."
ဒုန်း...ခွမ်း...
"ဟာ..."
ဘတ်တစ်ယောက် ဧည့်ခန်းထဲကနေ
ထမင်းစားခန်းထဲ ပြေးဝင်လာတော့
ထမင်းစားပွဲအပေါ်နဲ့ အောက်တွေမှာ
ကျကွဲ၍ ပြန့်ကျဲနေသော ပန်ကန်နဲ့
ထမင်း ဟင်းများ အကိုလေး မျက်နှာ
ကလေး တင်းမာနေကာ ရှည်ပြီး
မရိပ်မသင်ထားသော မှုတ်ဆိတ်မွှေး
များ ရှိပင်မဲ့လည်း မျက်နှာမှာ
စိတ်ပင်ပန်းမှုကြောင့် အနည်းငယ်
ချောင်ကျသွားပင်မဲ့လည်း ချောမောမှု
တို့က မပျောက်သွားပေ။
ပိုဆိုးလာတာက ဒေါသကြီးလာချင်းပင်..
အရင်ကထက် ပိုပြီး တည်ကြည်အေးစက်
သွားသော အကိုလေး.. ဘာကိုမှ စိတ်မရှည်
တက်တော့..
ဒါဟာ လွန်ခဲ့သော် သုံးလကစပြီး ပြောင်း
လဲခဲ့သော အကိုလေးရဲ့ ပုံစံတွေဖြစ်သညိ။
"ဘတ် သူတို့ကို ငါမမြင်ချင်ဘူး
အခုချက်ချင်း ထုတ်လိုက်..."
ဘတ်သိလိုက်ပါပြီ...သူတို့
အကိုလေးမကြိုက်တာ တစ်ခုခု
လုပ်ထားပြီဆိုတာ...
ဘတ် အခုမှ ဘေးမှာ ကြောက်ရွံ့နေကြ
သော မိန်းကလေးတွေကို ကြည့်၍
ခေါင်းငြိမ့် လိုက်ကာ..
"ဟုတ်ကဲ့ပါ အကိုလေး...ကျွန်တော်
ထုတ်လိုက်ပါ့မယ်..."
"နောက်တစ်ခါခေါ်ရင် ယောကျာ်း
လေးပဲ ခေါ်တော့ အသက်ကြီးပါစေ
ငါ ဘယ်မိန်းမ မှ မမြင်ချင်ဘူး..."
ပြောပြီး ထထွက်သွားသော အကိုလေး
ကို ကြည့်၍ ဘတ် ငြိမ်သက်သွားမိကာ...
အခုထိ မမလေးကို ရှာဖွေတာ လက်မလျော့
သေးတာ အကိုလေး မမလေးအပေါ်
အရမ်းချစ်တာကို သိသာစေပါသည်။
ဘတ်လည်း အကိုလေးကို မကြည့်
ရက်နိုင်တော့သောကြောင့် အကိုလေး
နဲ့ မမလေး အမြန်တွေ့ဖို့သာ ဆုတောင်း
နေမိတော့သည်။
ဓိ အပေါ်ထပ် အခန်းထဲကို ပြန်တက်လာ
၍ သူ သူမ မိခင်အိမ်ကတောင်းလာသော
သူမရဲ့ ဓာတ်ပုံလေးကို ငေးကါကြည့်နေမိသည်။
ဓိ အနားသွားလိုက်၍ ဓာတ်ပုံထဲက
သူမ မျက်နှာလေးကို အသာလက်ကလေး
နဲ့ထိ၍..
"သူမရယ် ကိုယ် မင်းကို နိုင်ငံတကာ
သတင်းတွေမှာတောင် ကြော်ငြာထား
တာ မင်းတွေ့နိုင်မယ်ဆိုရင် ကိုယ့်ဆီ
ပြန်ခဲ့ပါကွာ..."
သူပြောပြီး ပေါက်ခနဲကျလာသော
မျက်ရည်စတွေက ထိုဓာတ်ပုံလေး
အထက်သို့...
----------------------------===========^^^^^^
🍓🍓🍓🍓🍓🍓🍓
တစ်နှစ်ကျော်ခန့်ကြာသောအခါ.......
"ခရီးသွား မိဘပြည်သူများရှင်
မကြာခင် အချိန်တွင်း ဂျပန်မှ
ဆလယာဥ်ဆိုက်ရောက်ပါတော့မယ်
ရှင်..."
အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
ဆိုက်ရောက်တော့မယ် လေယာဥ်
ကို ကြော်ငြာချင်းနဲ့အတူ သတင်း
ထောက်များ ဓာတ်ပုံဆရာများကလည်း
လေယာဥ်ကွင်းကြီးထဲ စည်ကားနေလေ
သည်။
အကြောင်းကတော့ ဂျပန်က
ပြန်လာမည့် စီးပွားရေး ကမ္ဘာ ကျော်
ပုဂ္ဂိုလ် ဦးအဓိပတိကို လာစောင့်
နေကြတာ ဖြစ်သညိ။
သူ့ရဲ့သတင်းဟာ မြန်မာမှာသာ မက
ကမ္ဘာကပါ စိတ်ဝင်စားဆုံးသော သတင်း
တစ်ခု ဖြစ်သညိ။
သူက အင်တာဗျူး ဖြေလေ့မရှိတာကလည်း
လူအများရဲ့ စိတ်ဝင်စားမှုတစ်ခု ဖြစ်သညိ။
အခုလည်း ဂျပန်မှာ လုပ်ငန်း အသစ်
တိုးချဲ့ပြီးတာကြောင့် မြန်မာနိုင်ငံကို
ပြန်လာတာကို ကြိုဆ်ိုသော သူများ
နဲ့ သတင်းထောက်များကြိတ်ကြိတ်တိုး
နေတော့သည်။
"အကိုလေး....ကျွန်တော်တို့ အနောက်ဘက်
ကထွက်မှ ရမယ် လေယာဥ်ကွင်းတစ်ခုလုံး
သတင်းထောက်တွေ ပြည့်နက်နေပြီ..."
"ကျစ်..."
အသားအရည်တွေ ပို၍ ဖြူဝင်းလာကာ
ခန္ဓာကိုယ် တောင့်ဖြောင့်ပြီး ပို၍ နုပျို
ချောလာသော ဓိ သူ ဖုန်ထဲက တစ်ခုခု
ကို မဲနက်သော မျက်ခုံးကြီး ကုတ်ကာ
အာရုံစိုက်နေချ်ိန် ဓိ ပြောလာတာကြောင့်
သူ ကျစ်သတ်ကာ...မျက်နှာပေါ်တွင် အလို
မကျမှုတွေ ဖြစ်ပေါ်လာပြီး...
"အဆင်ပြေသလို စီစဥ်လိုက်..."
သူပြောပြီး ထရပ်ကာကိုယ်ပိုင် လေယာဥ်ပေါ်
က ဆင်းသက်လာတော့သည်။
သူ့အနောက်က ဘတ်နဲ့ ကိုယ်ရံတော်
တွင်လည်း ထပ်ချပ်မခွာ လိုက်လာ
ခဲ့ကြသည်။
ဓိတို့ လေယာဥ်ကွင်း အနောက်ဘက်က
နေ ကွေ့ဝင်လာတော့...လေးဘတ်ထောက်
သွားနေသော ကလေးလေးတစ်ယောက်
ဓိဆီကို တည့်တည့် လေးဖက်လေးထောက်
၍ ပြေးလာတာကို ဓိနဲ့အတူ ပါလာသော
ဘတ်တို့လည်း ကြောင်ကြည့်နေမိသည်။
ဓိရပ်နေသော အရှေ့ရောက်
တော့ ထိုကလေးလေးက ထိုင်ရက်ကလေး
နဲ့ ဓိကို မပေါက်သေးသော သွားဖုံး
လေးတွေဖြင့် ချစ်စဖွယ်ကောင်းစွာ
ရယ်ပြလျှက်...လက်ခုတ်လေးတီးကာ...
"ပါး...."
"ဟာ..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း