book

Index 27

အပိုင်း (27)🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action

"အကိုလေး အပြင်ဘက်မှာ မမလေး

ရဲ့ အဖေနဲ့ အမေ ရောက်နေတယ်..."


"ဘာ..."


ဓိ သူမထွက်သွားရာ CCTVကို ကြည့်နေတုံး

သူမရဲ့ မဖေနဲ အမေဆိုသောကြောင့် သူ

ကိုယ်ကြီး မတ်သွား၍ ခဏအကြာ

ရပ်နေပြီးမှ သူခေါင်းငြိမ့်လိုက်ကာ..


"ငါ လာခဲ့မယ်..."


သူပြောပြီး CCTV ဝန်ထမ်းတွေနဲ့

လုံခြုံရေးအပါအဝင် အားလုံးကို

နေရာအနှံ့ သူမကို မတွေ့တွေ့အောင်

ပိုက်စိတ်တိုက်ရှာခိုင်းထားတာ ဖြစ်သည်။


"ဟာ..အကိုလေး ဒီမှာ မမလေး တက်

သွားတဲ့ကား.."


ဓိ CCTV ကိုပြန်ကြည့်နေသော ကောင်

လေးဆီက စကားကြောင့် သူလှုပ်လှုပ်

ရှားရှားဖြစ်သွားကာ...အနီးကပ်တိုး

ကြည့်တော့ လှုပ်ရှားနေသော သူမရဲ့

ပုံရိပ်လေးများ...ကို ဓိ သေချာ

ကြည့်နေပြီး ခဏအကြာ ကားတစ်စီး

သူမနဲ တိုက်မိမလိုဖြစ်ချိန် ဓိကြည့်နေ

ရင်း သူမအစား ရင်တွေစို့တက်လာ၍

အသက်ရူသံတွေမြန်လာကာ အနည်းငယ်သီသီလေးလွတ်သွားပြီး

သူမ ကားနားကိုသွားပြီး ကားပေါ်က

တစ်ယောက်နဲ့ စကားပြောနေကာ ခဏအကြာ ထိုကားပေါ်တက်လိုက်

သွားသောကြောင့် သူ ကားနံပါတ်ကို

သေချာကြည့်၍ မှတ်သားလိုက်ပြီး...

အနောက်မှာရပ်နေသော ဘတ်ကိုကြည့်၍..


"အဲဒီကား နံပါတ် ပိုင်ရှင်ကို

ငါအမြန်ဆူံးတွေ့ချင်တယ်ဘတ်..."


"ဟုတ်ကဲ့ပါ အကိုလေး...."


ဓိ ခေါင်းတစ်ချက်ဆက်ပြကာ

သူမရဲ့ မိဘတွေရှိရာ ဧည့်ခန်ကြီး

ထဲကို ထွက်လာလိုက်သည်။


ဓိ အခန်းထဲဝင်သွားတော့ သူ့ကို

ကြည့်နေသော သူမရဲ့ မဘတွေကို

သူတစ်ချက် ဦးညွှတ်၍..


"မင်္ဂလာပါ အန်ကယ်နဲ့ အန်တီ..."


ဦးကျော်သူ ထိုလူငယ်ရဲ့ 

ကောင်းသတင်း တော်သတင်း

တွေ အများကြီး ကြားသော်လည်း

အခုမှ လူရင်းတွေ့ဖူးသော်ကြောင့်

သူ တည်ကြည်လှသော ထိုလူငယ်

ကိုကြည့်၍ ခေါင်းငြိမ့် ကာ...


"အန်ကယ်တို့ လာတာ ဘာကြောင့်

လည်းဆိုတာ မင်းသိပြီးပြီလို့

အန်ကယ်ထင်ပါတယ်..."


ဓိခေါင်းငြမ့်လိုက်၍...


"ကျွန်တော် သိပါတယ်..."


ဦးကျော်သူ ထိုလူငယ်ရဲ ပတ်တီး

စီးထားသော လက်ကို အကြည့်တစ်

ချက်ရောက်သွားပြီး...


"အန်ကယ်သမီး မောင်အဓိပတိဆီကို

လာလား..."


ဓိ ခေါင်းငြိမ့်ပြ၍...


"လာပါတယ် အန်ကယ် ဒါပင်မဲ့

ကျွန်တော့်ကိုတွေ့ပြီး အထင်လွဲ

သွားတယ် အခု ကျွန်တော်သူမအနောက်ကို လိုက်မလို့ပါ..."


"ဟင်...သမီးလေး..ကို ကျွန်မ

သမီးလေး...သားရယ် သမီး

လေးကို တွေ့အောင်ရှာပေးပါ

ကွယ် သမီးလေးမှာ မပေါ့မပါး

ကြီးနဲ့ပါကွယ်..."


သူမ အမေ ငိုကာပြောလာတော့

ဓိတစ်ယောက် ခေါင်းငြိမ့်လိုက်ကာ..


"စိတ်ချပါ အန်တီ ကျွန်တော်

သူမနဲ့ ရင်သွေးလေးကို

တွေ့အောင်ရှာပြီး ပြန်ခေါ်

လာပါ့မယ်..."


ဒေါ်ကဗျာမေ ကျလာသော

မျက်ရည်တွေကို သုတ်၍ ခေါင်း

ငြိမ့်ပြကာ..


"မင်း ဘာဖြစ်လို့ သမီးလေးဆီ

စောစောမလာရတာလည်းကွယ်

မင်းမှာ လက်ထပ်မဲ့သူ ရှိတယ်ဆို

ဟုတ်လား..."


ဓိ ခေါင်းခါလိုက်၍..


"မရှိပါဘူး အန်တီ ကျွန်တော်

အမှားပါ သူမ ကို အထင်တွေလွဲ

ပြီး ကျွန်တော် မာနတွေ ထားခဲ့မိလို့

အခုလိုမျိုး ဖြစ်ရတာပါ အရာအား

လုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်..."


"အန်ကယ်အမှားလည်းပါပါတယ်

သမီးလေးကို မောင်ရင် ဘယ်သူဆို

တာ အန်ကယ် ဖုန်းကွယ်ခဲ့မိတယ်

ကွယ်..."


ဒေါ်ကဗျာမေ ခေါင်းငြိမ့်ပြကာ..


"အန်တီ..သမီးလေးကလေ မင်းကို

နေ့တိုင် မျှော်နေရှာတာ တစ်နေ့

မင်းလာနိုးနိုးနဲ့ မျက်ရည်တွေကို

အဖော်ပြုပြီး စောင့်နေရှာ​တာပါကွယ်

သမီးလေး တည်ငြိမ်စပြုလာတော့

လည်း ရင်သွေးလေး ရှိလာတော့

သူ့မှာ ဘယ်လောက် ခံစားခဲ့ရလည်း

မင်းသိရဲ့လား...."


ဒေါ်ကဗျာမေ ကျလာသော မျက်ရည်

တွေကို သုတ်၍...


"သမီးလေးက မင်းကို ဘယ်လောက်

စိတ်ထဲရှိလည်းဆို သူ အဲဒီကလေး

ကို ရအောင်မွေးမယ်လို့ ဆုံးဖြတ်

ထားတာ တစ်ခုပဲ သူမတစ်ခုပဲ

ကြောက်ရှာတာ သူမရဲ့ကလေးမှာ

ခေါ်ဖို့ အဖေ မရှိမှာကိုပဲ..."


ဒေါ်ကဗျာမေ ပြောပြီး ထရပ်လိုက်ကာ..


"အခုအချိန်မှာ ဘယ်သူ့ကိုမှလည်း

အန်တီ အပြစ်မတင်ချင်တော့ဘူး

မင်းကို အခွင့်အရေးတစ်ခုပေးမယ်

သမီးလေးကို ရအောင် ပြန်ရှာပြီး

ခေါ်လာခဲ့ပေးပါ ဒါ မင်းကို အန်တီ

နောက်ဆုံး အခွင့်အရေး ပေးတါပဲ..."


ပြောပြီး ထွက်သွားကြသော 

သူမရဲ့ မိဘများကြောင့် 

ဓိတစ်ယောက် ဆိုဖာပေါ်တွင်

ငူငူကြီးထိုင်နေကာ သူသက်ပြင်း

အသာချ၍ အံကို ကြိတ်ထားမိသည်။


သူမ အဲဒီအချိန်တွေမှာ တစ်ယောက်

ထည်း ဘယ်လောက်တောင် အား

ငယ်နေမလည်း သူ့ကို ဘယ်လောက်တောင်များ မျှော့်လင့်နေရှာမလည်း

ဓိတွေးပြီး အသက်ရူသံတွေပြင်လာကာ

တလွဲမာနတွေထားနေသော သူ့ကိုယ်

သူ လုံးဝ ခွင့်လွတ်လို့မရ.. ဓိ တွေး၍

မျက်ဝန်းတွေ မှိတ်ထားလိုက်ကာ..


"ကိုယ်မင်းရအောင် ပြန်ရှာမယ်

ကလေးရယ်..ကိုယ့်ကို မမုန်း

လိုက်ပါနဲ့...."


"အကိုလေး ကျွန်တော်တို့

အဲဒီကားနံပါတ်ကို ရှာတွေ့ပြီး..."


ဓိ အပြေးလာပြောသော ဘတ်ကြောင့်

သူကိုယ်ကြီး ကြွတက်သွားကာ...


"သွားမယ် အခု..."


သူပြောပြီး ခြေလှမ်းကျဲကြီး

များဖြင့် Company အဝ

ကားအဆင်သင့်ရပ်ထားသော

နေရာကို လျှောက်လာခဲ့လိုက်သညိ။


----------------------------------------=--^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


"ဒါဘယ်ကပြန်လာတာလည်းသား...."


ဇော်တစ်ယောက် အပြင်က

နေ သူမရဲ့ ပြောလိုက်သော

စကားများကို ကြားယောင်၍

စိတ်ဓာတ်ကျကာ ပြန်လာတော့

မေးလာသော မေမေ ရဲ့အမေး

ကြောင့် သူ မဖြေချင်သဖြင့် 

ဘာမှ ပြန်မပြောဘဲ အပေါ်တက်

ကို တက်ဖို့ အလုပ်...


"သား မေမေ မေးနေတယ်လေ

ဘယ်ကပြန်လာတာလည်း ဟိုမိန်း

မဆီက မဟုတ်လား မေမေပြောထား

တယ်နော်..လုံးဝမပတ်သတ်ရဘူး

လို့..."


ဇော် မိခင်ကိက ပြန်ကြည့်၍

မဲ့လိုက်ကာ...


"မေမေက အရမ်းအက်တကြီးတယ်

ပြော..ကျွန်တော့်ကို ဘာဖြစ်စေချင်

နေတာလည်း..မေမေ ပြော...

မေမေသဘောအတိုင်း ကျွန်တော်

အရမ်းချစ်ရတဲ့သူမကို လက်လွတ်

လိုက်ရပြီ ဒါတောင် မလုံလောက်သေး

ဘူးလား ဘယ်လောက်အထိ ကျွန်တော်

လိုက်လုပ်ပေးရအုံးမှာလည်း ကျွန်တော်.ကလေးမဟုတ်ဘူး မေမေ

နေရာတကာ လိုက်ကြည့်မနေပါနဲ့ဗျာ..."


ဇော် အံကြိတ်ကာ မိခင်ဖြစ်သူကို

သူ့ရင်ထဲ မွန်ကြပ်လာသောကြောင့်

ချုပ်တီးထားသော စကားတွေ 

ပြောချလိုက်ကာ မျက်ရည်တွေလည်း

ကျနေမိသညိ။


ဒေါ်မာလာ...သားဖြစ်သူကို ကြည့်၍.မျက်နှာကို တင်ထားကာ..


"ငါ နင့်အမေ ဇော် နင်ကောင်းဖို့ပဲ

ငါလုပ်နေတာ နင်အတွက်ငါလုပ်.ပေးနေတာ အဲဒီမိန်းကလေး သူမ ကိုယ်

တိုင်ဝန်ခံထားတာလေ ဘယ်ကမှန်း

မသိတဲ့ ကလေကချေရဲ့ ကလေး

တောင် လွယ်ထားရသေးတာ ဒါကို

နင် နွားလုပ်ချင်သေးလို့လားဇော်...

ငါက နင့်အမေ ငါ့စကားကို အတွန့်

မတက်နဲ့ နင်အဲဒီမိန်းမကို မမေ့

သေးရင်သွား ငါ့ကို ဘယ်တော့မှ

အမေ လို့ မသတ်မှတ်နဲ့တော့..."


ဇော် မိခင်ဖြစ်သူကို ကြည့်၍

မဲ့လိုက်ကာ...


"မေမေက သူမကို အရမ်းအထင်

သေးတာပဲ...သူမကို ဘာပဲ ဖြစ်နေ

ဖြစ်နေ လက်ထပ်ပါမယ်လို့ ပြောတာတောင် အဲဒီ မေမေအထင်သေးနေတဲ့

အမျိုးသမီးက ဒီကောင်ကြီးကို

ငြင်းခဲ့တာပါ...မေမေ မိခင်တစ်ယောက်

သူမက ကျွန်တော်အတွက်ရော..."


ဇော်စကားကို ခရရပ်လိုက်ကာ..


"အခြားသူတစ်ယောက်အတွက်

ရော တန်ဖိုးဖြတ်မရတဲ ရတနာ

တစ်ခုပဲမေမေ..."


ဇော်ပြောပြီး အပေါ်ထပ်ကို

တက်လာလိုက်သည်။


ဒေါ်မာလာ မဲ့လိုက်၍..


"အဲဒါ ​ကြောင့် ဗိုက်တစ်လုံးနဲ့

ကျန်ခဲ့တာလား..."


ဇော်အပေါ်တက်နေသော

ခြေလှမ်းတွေ ရပ်သွား၍

မိခင်ဖြစ်သူကို ပြန်လှည့်ကြည့်ကာ..


"မေမေက မိခင်စိတ်မရှိတဲ့ မိခင်ပဲ.. "


ဒေါ်မာလာ သားအဖြစ်သူအပြော

​ကြောင့် အနောက်တွင် ဒေါသထွက်၍ 

စွေ့စွေ့ခုန်နေမိတော့သညိ။


-----------------------------=============^^^^^🍓🍓🍓🍓🍓


"မမ...ဧည့်သည်လာပါတယ်...."


မိုင်း ထိုင်နေချိန် အိမ်အကူကောင်

မလေး လာပြောသောကြောင့်

ခေါင်းငြိမ့်ပြ၍...


"ဘယ်သူလည်း... "


"ဟို ကျွန်မလည်းမသိဘူး မမ

သူတို့က ကားအကောင်းစား

ကြီးတွေနဲ့..."


မိုင်း တစ်ခုခုကို စဥ်းစားမိသွား.၍

ခေါင်းငြိမ့်ကာ..


"တံခါးဖွင့်ပေးလိုက်..."


"ဟုတ်ကဲ့ မမ..."


ဝေါ....ဝေါ.....ကျီ...


ခဏအကြာ ကားမောင်းဝင်လာ

တဲ့အသံနဲ့အတူ ရပ်လိုက်သော

အသံတွေ ထွက်ပေါ်လာပြီး

တိတ်စိတ်သွားကာ....လူတစ်

ယောက် လျှောက်ဝင်လာသော

ခြေသံ သဲ့သဲ့ကို ကြားတော့

မိုင်း ဧည့်ခန်းအဝကို လှည့်ကြည့်

လိုက်ချိန်...


"ဟင်...ဓိ...."


ဓိရင်းနှီးလှသော အသံကြောင့်

သူ သေချာကြည့်လိုက်မိကာ

သူ ထိုအမျိုးသမီးကို အေးစက်

သူကြည့်၍ ...


"ခင်ဗျား ကားပေါ်လိုက်သွားတဲ့

ကျွန်တော်မိန်းမ ဘယ်မှာလည်း

မိုင်းသော်တာ..."


မိုင်း သူ့ရဲ့ အေးစက်တည်ငြိမ်ပြီး

ပြတ်သားစွာထွက်ပေါ်လာသော

အသံကြောင့် မိုင်းရင်ထဲအနည်း

ငယ်ဝမ်းနည်းသွားမိသည်။


သူဆိုတာ အရင်ထဲက သူမအပေါ်

နွေးထွေးစွာဆက်ဆံဖူးသော 

သူမဟုတ်...


မိုင်းပြုံးလိုက်၍ ခေါင်းလေး

ငြိမ့်ပြကာ...မိန်းမတစ်ဦး

ကို စိုးရိမ်နေသော သူ့ရဲ့ပုံစံ

ကို ကြည့်ကာ..ပြုံးလိုက်၍..


"မင်းအရင်ကနဲ့ လုံးဝမတူဘူး

နော်ဓိ..."


"ကျစ်..."


ဓိ စိတ်မရှည်စွာကျစ်သက်လိုက်၍...


"ကျွန်တော် ခင်ဗျားနဲ့ အလပသလာပ 

ပြောဖို့လာတာ မဟုတ်ဘူး CCTVမှာယကျွန်တော်မိန်းမ ခင်ဗျားကားနဲ့

ပါသွားလို့ အခုလိုက်လာတာ..သူမ

ဘယ်မှာလည်း... "


မိုင်းခေါင်းငြိမ့်၍ ပြုံးလိုက်ကာ...


"မသိဘူး လမ်းမှာ ပြန်ဆင်း

သွားတာ ငါက အိမ်ကိုပြန်လာ

တာလေ...မင်း အဲဒီမိန်းကလေးကို.အရမ်းချစ်မဲ့ ပုံပဲနော်..."


"အဲဒါ ခင်ဗျားနဲ့ မဆိုင်ဘူးထင်တယ်

ကျုပ်မိန်းမ ဘယ်မှာဆင်းသွားတာ

လည်း..."


မိုင်းတစ်ခုခုကို စဥ်းစားသလို

လုပ်ပြီးမှ သူ့ကို ကြည့်လိုက်ကာ...


"မင်းတို့ Company ကျော်နားမှာပဲ

ငါကပြောပါတယ် လိုက်ပို့ပေးမယ်

လို့ လက်မခံဘဲ ဆင်းသွားတာ..."


ထိုစကားကြားရပြန်တော့လည်း

ဓိရင်ထဲ သူမအတွက် ပူစင်းသွား

မိတော့သည်။


အခုအချိန်ဆို သူမတစ်ယောက်ထည်း

ဘယ်ကို သွားနေမလည်း...


ဓိ သူမအတွက်တွေးပြီး စိုးရိမ်

စွာ ထရပ်လိုက်ကာ..ပြန်ထွက်.ရန်အလုပ်...


"ကျေးဇူးတင်ပါတယ် လို့ပြောသွား

သင့်တယ်နော်ဓိ..."


ဓိသွားနေသော ​ခြေလှမ်းတွေရပ်

သွား၍...


"ကျေးဇူးတင်တယ်..."


ပြောပြီး ထွက်သွားသော သူ့ရဲ့

ကျောပြင်ကို မိုင်းတအံ့တသြလေး

လိုက်ကြည့်နေကာ တဖြည်းဖြညိး

ပြုံးယောင်သမ်းသွား၍...


"အဟွန်း မင်းပြောင်းလဲသွား

ပြီပဲဓိ..."


ဓိဆိုသော လူငယ်လေးဟာ အရင်က

တစ်ဖက်သားကို ကျေးဇူးတင်စကား

ဆိုဖို့ ဝန်လေးသော ကောင်လေးမဟုတ်လား..တစ်ဖက်သားရဲ့ ခံစားချက်တွေကိုလည်း ဂရုမစိုက်စွာ အလွန်နေတက်

သော ရေခဲတုံး မင်းသားလေးဟာ အခုတော့ မိန်းကလေးတစ်ယောက်ကြောင့်

ပြာယာကို ခပ်နေတာ သူမ အခြားသူတွေကို ပြောပြရင် ယုံကြမှာမဟုတ်

အလားတူ သူမလည်း အခုလိုဓိရဲ့

ပြောင်းလဲသွားသော ပုံစံကို အခြားသူ

လာပြောရင် ယုံမှာ မဟုတ် အခုတော့

သူမ ကိုယ်တွေ မြင်လိုက်ရပြီ မဟုတ်လား...


မိုင်း ဖြူစင်စွာပြုူံလိုက်၍..


"မင်းကံကောင်းပါတယ် မိန်းကလေး..."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: