"သမီးလေး ထည့်စားရော့..များများ
စားရမယ်နော်...''
စားပွဲခုံပေါ်တွင် သမီးဖြစ်သူအကြိုက်နဲ့
ခံတွင်းတွေ့စေရန် ဒေါ်ကဗျာမေ ဟင်းတွေကို
သူမကိုယ်တိုင် ချက်ထားပြီး သမီး ဖြစ်သူ
များများစားလာစေရန် အမျိုးမျိုးပြောကာ
ကျွေးနေမိသည်။
သူမ ထမင်းစားချင်စိတ်လုံးဝမရှိပေ။ဘါပဲ
လုပ်လုပ် သူမစိတ်က သူ့ဆီကိုပဲ ရောက်
နေကာ သူမ စားလို့လည်း မဝင်တော့..
သူပေးခဲ့သော ကတိတွေဟာ အခုတော့
ဘာမှ မဟုတ်တော့ပေ။
သူဘာကြောင့် သူမအပေါ် အခုလိုပြောင်း
လဲသွားရတာလည်း သူမက အရမ်းလွယ်
ခဲ့တဲ့ မိန်းကလေးဆိုပြီး သူ အထင်သေး
သွားတာလား..
"သမီးလေး စားလေ..."
သူမ ဝမ်းနည်း စွာတွေးနေတုံး မေမေရဲ့
အသံကြောင့် သူမ သတိပြန်ဝင်လာကာ
မေမေ စိတ်မကောင်း ဖြစ်မည်ဆ်ိုးတာ
ကြောင့် ငိုချင်သော စိတ်ကို ထိန်းချုပ်၍
ဝဲလာသော မျက်ရည်တွေကို မျက်တောင်
ရှည်ကြီးများဖြင့် ပုတ်ခပ်ကာ ဟန်ဆောင်
အပြုံးတို့ကို ဖန်တီးပြုံး၍..
"ဟုတ်ကဲ့ မေမေ..သူမစားပါ့မယ်..."
သူမပြောပြီး မေမေထည့်လာပေးသော
ဟင်းကို ကြည့်တော့ မေမေက သဘော
ပေါက်ကာ ပြုံး၍..
"ဒါ မရမ်းသီးငပိချက်ကို အချိုချက်လေး
လေ သမီးရဲ သမီးခံတွင်းတွေ့အောင်လို့
သမီးက အစပ်မစားတော့ အချိုလေး ချက်ထားတာ စားကြည့်... သမီးလေ..."
သူမ ပြုံး၍ ခေါင်းလေးငြိမ့်ပြကာ..
စားကြည့်လိုက်တော့ ချဥ်သော အရ
သာက သူမကိုခံတွင်းတွေ့စေတာကြောင့်
မေမေကို ပြုံးပြလိုက်တော့ မေမေက
မျှော်လင့်တကြီးပြုံး၍..
"ဘယ်လိုလည်း သမီး စားကောင်း
လား...''
သူမ ပြုံးပြီး ခေါင်းလေးငြိမ့်ပြ၍..
"အရမ်း စားကောင်းတယ်မေမေ...
သူမစားမယ်နော်..."
ဒေါ်ကဗျာမေ သမီးဆီက ထိုစကား
ကြားသောကြောင့် သူမ မျက်နှာမှာ
ဝမ်းသာသွား၍...ဟင်းတွေ ထပ်ခပ်ပေး
ကာ..
"စား သမီးလေးစား...များများ
စားနော်..."
သူမ စိတ်ထဲ အရမ်းချဥ်တာတွေကို
အခုရက်ပိုင်း တောင်းတနေမိတာ
ထူးဆန်းလှသည်။
သူမ အရင်က ထမင်းစားချင်စိတ်
မရှိသော်လည်း အခု အချဥ်လေးနဲ့
စားရတော့ အနည်းငယ်တော့
ဝင်သွားမိသည်။
ဒေါ်ကဗျာမေ သမီးဖြစ်သူ စား
နေတာကို ဝမ်းသာစွာကြည့်၍...
"သမီး အချဥ်လေးတွေကြိုက်ရင်
နောက်နေ့ မေမေ အခြားတစ်ခု ချက်ပေး
မယ်နော်..ဝတ်သား အချိုချက်လေး
လည်းစားကြည့်ပါလား...ဒီမှာ ပုစွန်
ထုပ်ဆီပြန်လေးရော ငါးရံအူဟင်းလေးရော..."
မေမေ ပြောပြီး ခပ်ထည့်ပေးမယ်
ပြင်တော့ သူမ လက်ကလေးကာ
ပြ၍..
"နေပါ..မေမေ..သူမ အဲဒါတွေမစား
ချင်ဘူး အခု အချဥ်းလေးပဲ
စားချင်တာ...."
ဒေါ်ကဗျာမေ ခေါင်းငြိမ့်၍..
"ဟုတ်ပါပြီ ဒါဆို ကန်စွန်းရွက်
ချဥ်ဟင်းလေးပါ သောက်ကြည့်
မေမေ ပေါ့ပေါ့ ချဥ်ချဥ်လေး
ချက်ပေးထါးတယ်... သမီးလေး
အစားပျက်ခဲ့တော့ အချဥ်လေးနဲ့
ခဲတွင်းတွေ့နေတာ ဖြစ်မယ်..."
သူမ မေမေအပြောက်ို ခေါင်ငြိမ့်ကာ..
"ဟုတ်လောက်မယ် မေမေ သူမ
အခုလို တစ်ခါမှ စားမကောင်းခဲ့
ဖူးဘူး.."
သူမပြောပြီး ခေါင်းလေးငုံ့ကာစား
တော့ ဒေါ်ကဗျာမေ သမီးဖြစ်သူ အစား
အနည်းငယ်ပြန်စားလာတာကြောင့်
ဝမ်းသာသွားမိကာ သူမ သမီးလေး
အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာမည်
နေ့ကို စိတ်ရှည်စွာ စောင့်မျှော်နေမိသည်။
သူမ စားနေရင်း မေမေသူမကို ပြုံး၍
ကြည့်နေတာကြောင့် သူမ မေမေကို
ပြုံးပြကာ..
"မေမေ..မေမေလည်းစားလေ...''
ဒေါ်ကဗျာမေ ခေါင်းလေးခါပြ၍..
"မေမေက သမီးစားတာကြည့်တာနဲ့တင်
ဗိုက်ပြည့်နေပါပြီကွယ်..သမီးဖေဖေသာ
သမီး အခုလို ထမင်းပြန်စားတာ သိရင်
သိပ်ဝမ်းသာမှာကွဲ့..."
မေမေအပြောကြောင့် သူမ အတွက်နဲ့
ဖေဖေရော မေမေပါ စိတ်ဆင်းရဲနေတာ
ကို တွေးမိ၍ သူမ ဝမ်းနည်းသွားမိကာ...
"သူမ အတွက်နဲ့ ဖေဖေနဲ့ မေမေ
စိတ်ဆင်းရဲနေတာကို သူမ
တောင်းပန်ပါတယ် မေမေ..သူမကြိုး
စားပါ့မယ် အရင်လို ပြန်ဖြစ်အောင်..."
ဒေါ်ကဗျာမေ ပြုံးလိုက်၍...
"ဝမ်းသာလိုက်တာ သမီးရယ်
မေမေ အရမ်းဝမ်းသာတာပဲ...
သမီးဆီက အခုလို ပြန်ကြားရတော့
မေမေ အရမ်းဝမ်းသာတာပဲ..ဒါနဲ့
သမီးလေး...စိတ်တွေလန်းသွားအောင်
သမီးအဒေါ်ဆီ သွားလည်မလား သမီးလေး..."
သူမ မေမေအပြောကြောင့် အနည်းငယ်
တွေဝေသွါး၍...
"ဟုတ်ကဲ မေမေ သူမ စဥ်းစား
လိုက်ပါအုံးမယ်...''
"အင်းပါ အတင်းအကြပ်မပြောပါ
ဘူးကွယ် သမီးသဘောတူမှပါ..."
သူမ ခေါင်းလေးငုံ့ကာ ထမင်းကို
ဆက်စားနေလိုက်သည်။
"ဟာ..ဖေဖေသမီး ထမင်းစားနေတာလား..."
ထိုအချိန် ဦးကျော်သူ Company က
ပြန်လာကာ ထမင်းစားခန်းထဲ ဝင်လာ၍
သမီးနဲ့ ဇနီးအနား လျှောက်လာကာပြော
တော့..သူမနဲ့ မေမေ ဖေဖေကို ကြည့်၍...
"ဖေဖေ ပြန်လာပြီလား..."
"ပြန်လာပြီ သမီး..."
"ကိုရှင် စောလိုက်လား..."
ဦးရန်အောင် ထမင်းစားဝိုင်းရဲ့
သမီးဘေးက ထိုင်ခူံမှာထိုင်၍
သမီးရဲ့ အနည်းငယ်လန်းလာ
သော မျက်နှာလေးကို ကြည့်၍...
ဇနီးသည်ကို ပြန်ကြည့်ကာ...
"ဟုတ်တယ် ကဗျာ..ဒါနဲ့ သမီး
အရင်ရက်နဲ့တောင့မတူဘူး
လန်းလာပါလား..."
ဒေါ်ကဗျာမေပြုံး၍ သမီးရဲ့
မျက်နှာလေးကို ချစ်မြတ်နိုးစွာကြည့်၍..
"ဟုတ်တယ်ကိုရေ..အဲဒါ..ကဗျာ
ပြောနေတာ..."
"ဟင်းတွေကလည်း အစုံပဲ..ကိုယ်
ပါဝင်စားလိုက်တော့မယ် ကဗျာ..."
ဒေါ်ကဗျာမေ ထရပ်၍..
"ခဏစောင့်ကို...ကဗျာ ထမင်းထည်း
ပေးမယ်..."
"ကဗျာလည်း စားလေ သမီးနဲ့
လက်စူံစားကြတော့ ထမင်းပိုမိန်တာ
ပေါ့...''
ဒေါ်ကဗျာမေ ထိုအပြောကိုသဘောတူ
စွာ...
"ဟုတ်ကဲ့ကို..."
ပြောပြီး ထမင်းခူးကာ...သားအမ သားအဖ
သုံးယောက်သား ဝိုင်းစားကာ..သူမ
ဖေဖေနဲ့ မေမေက်ိုပါ ကြည့်၍ ပြုံးလိုက်ကာ
မျက်ရည် တွေဝဲလာ၍ သူမကြောင့် ဖေဖေ
နဲ့ မေမေ စိတ်မဆင်းရဲစေရန် အတက်နိုင်
ဆုံး ပျော်ရွှင်အောင်နေဖို့ ဆုံးဖြတ်ထားမိတော့သည်။
သူမကြောင့် ဖေဖေနဲ့ မေမေကို စိတ်မညစ်
စေချင်ဘူး...
---------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"ကားရပ်လိုက်ဘက်...''
ဝေါ...ကျီ...
ဘတ် ရုတ်တရပ်အက်ိုလေးအပြော
ကြောင့် သူ ကားရပ်လိုက်ကာ
အနောက်ခန်းက အကိုလေးကို
လှည့်ကြည့်၍...
"အကိုလေး ဘာဖြစ်လို့လည်း ဗျ.. "
ဘတ် သူမေးတာ မဖြေဘဲ ကားအပြင်
ဘက်တစ်နေရာကို ကြည့်နေသော
အကိုလေးကြောင့် သူလည်း အကြည့်
ရောက်သွား၍...
"အကိုလေး..အဲဒါက..."
"သွားဝယ်ပေးဘတ် ငါစားချင်တယ်..."
"ဗျာ..."
ဘတ် အချဥ်ပေါင်း မရမ်းသီးသည်
တွန်းလှည့်ကို ကြည့်၍ ပြောလိုက်
သော အကိုလေးကြောင့် သူအံ့သြ
သွား၍.
"အကိုလေး..တကယ်ဝယ်ရမှာလည်း..."
အကိုလေးက အရင်က ဒီလိုအချဥ်
စားဖို့မပြောနဲ့ လိမ္မော်သီး တောင်မစား
ခဲ့ ..အခုတော့ မရမ်းသီးအမှည့်ကြီး
တွေကို ဝယ်ခိုင်းနေတာကြောင့် ဘတ်
အကိုလေးကို ပြန်လှည့်ကြည့်လိုက်တော့
သူ့ကို စိတ်မရှည်သလို ကြည့်နေသော
ကြောင့် သူ အမြန်ခါးပတ်ဖြုတ်၍..
"ဟုတ်ကဲ့ အကိုလေး အခုသွား
ဝယ်လိုက်ပါမယ်..."
ဘတ်ကားအကောင်းစားကြီးပေါ်
ကဆင်းသွား၍ ထိုအသည်ဆီကို
သွားကာ..
"အကိုမရမ်းသီး အလုံးသန့်တာ
၁၀ လုံးလောက်...''
ဘတ်ဝယ်တော့ ထိုအသည်အကို
ဝမ်းသာသွား၍...
"ရမယ် ညီလေး..."
ပြောပြီး အိတ်ထဲ ထည့်၍ သူ့ကို
ပြန်ကြည့်ကာ..
"အစပ်ထည့်အုံးမလား ညီလေး..."
"ရတယ် အကို ဒီအတိုင်းပဲပေး..."
အကိုလေး အစပ်မစားတာ သူသိတာ
ကြောင့် ပြောပြီး ပိုက်ဆံထုပ်ကာ..
ထိုလူကို ပေးတော့..
"ညီလေး ၂၀၀၀ ပဲ ကျတာ အကြွေ
မရှိဘူးလား.. "
သူပေးလိုက်သော သောင်းတန်ကို ကြည့်
၍ပြောတာကြောင့် ဘတ်တိတ်သွားစဥ်...
"ဘတ် ပေးခဲ့လိုက် မြန်မြန်လာ..."
ကားပေါ်က အကိုလေး ဘယ်လောက်
စိတ်မရှည်နေလည်းမသိ မှန်တံခါးဖွင့်
၍ အေးစက်စက်မာမာ ပြောလာတာ
ကြောင့် ဘတ် ခေါင်းငြိမ့်ကာ..
"ဟုတ်ကဲ့အကိုလေး..."
"အကိုယူလိုက်တော့နော်..."
သူ အသည်ဘက်ကို ပြန်လှည့်ကြည့်၍
ပြောကာ ထွက်လာခဲ့သည်။
သူကားပေါ်တက်ပြီး မောင်းသူနေ
ရာဝင်ထိုင်၍ အကိုလေးဆီကို
အသီးထုပ်လှည့်ပေးတော့ အကိုလေး
ယူလိုက်ကာ...
"မင်းဘေးက ရေဘူး ငါ့ကိုပေး..."
"ဟုတ်ကဲ့အကိုလေး..."
ဘတ်ကမ်းပေးလါသော ရေဘူးက
ရေနဲ့ ဓိ မရမ်းသီးအချို့ကိုယူ၍
ကားမှန်အပြင်ဘက်ထွက်ကာ
ဆေးလိုက်သည်။
သူဘာကြောင့် အခုလို မရမ်းသီး
အရမ်းစားချင်နေလည်းဆိုတာ
တွေးလို့မရ....
ဓိ ဘာမှ တွေးမနေတော့ဘဲ
မှည့်ပြီး စားချင်းစဖွယ်မရမ်း
သီးကို ကိုက်ကာ စားနေလိုက်သည်။
ကောင်းလွန်းသော အရသာကြောင့်
သူ့ဘဝမှာ အခုလောက် ဘာမှ စားမကောင်း
ခဲ...
ကားအရှေ့ခန်းက ဘတ် အကိုလေး
ရဲ မရမ်းသီးကို တစ်လုံးပြီးတစ်လူံး
စားနေတာကို ကြည့်၍...မျက်နှာမှာ
ရှုံ့တွနေကာ...
ဒီလောက်ချဥ်နေတာကို ချိုတဲ့အသီး
စားနေသလို စားနေသော အကိုလေး
ကို အထူးအဆန်းကြည့်နေမိတော့သည်။
ဘတ်ကားမောင်းနေပင်မဲ့လည်း အနောက်
ခန်းတွင် တကျွမ်းကျွမ်း မရမ်းသီး
ကို ကိုက်ကာ စားနေသော အကိုလေး
ဆီ အကြည့်တို့က ခဏခဏရောက်နေကာ...
သူ့မှာ အထူးအဆန်းဖြစ်နေတော့သည်။
အကိုလေး ဘာတွေ ဖြစ်နေလည်း
ဆိုတာ သူမသိတော့...
ဘတ်Company ရှေ့ရောက်ပြီ
ဖြစ်တာကြောင့် ကားရပ်တော့..
အကိုလေး ဘတ်ကို ကြည့်ကာ..
"ဘတ် မင်းမဝင်နဲ့အုံး ငါ့အတွက်
Market မှာ စျေးသွားဝယ်ပေး..."
"ဟုတ်ကဲ့ အကိုလေး..ဘာတွေ
ဝယ်ပေးရမလည်းဗျ...''
ဓိ တစ်ခုခုကို အသည်းအသန်
စဥျးစာနကော..
"အချဥ်ထုတ်မှန်သမျှ အကုန်ဝယ်ခဲ့
လိမ္မော်သီး.. သပစ်သီး..အကုန်
ဝယ်ခဲ့..."
"ဗျာ..ဟုတ်..ဟုတ်ကဲ့ သခင်လေး..."
ဘတ်ပြောပြီးတာနဲ့ အကိုလေးက
ကထဲက အေးဆေးစွာထွက်သွား၍
Company ထဲဝင်သွားတာကို
ဘတ်အထူးအဆန်းကြည့်ပြီး
အနောက်ခန်းက အိတ်လေးသာ
ကျန်ခဲ့သော မရမ်းသီးထုတ်လေး
ကိုလည်းကြည့်၍...
"အကိုလေး ဘာတွေဖြစ်နေတာလည်း..."
--------------------------==***=====-^^^🍓🍓🍓🍓🍓🍓🍓🍓
ခ ကုန်တိုက်ထဲမှာ လိုအပ်တာ
လေးတွေ ဝယ်ဖို့ လျှောက်လာ
ပြီး သူမ ယောကျာ်းလေး brand
အင်္ကျီဆိုင်အရှေ့ရောက်တောသူမ
ရပ်လိုက်၍ ပြုံးကာ..
"ကိုကိုအတွက်ဝယ်ရမယ်..."
သူမပြောပြီး ဆိုင်ထဲ ဝင်လာကာ
အင်္ကျီ တွေက်ို လိုက်ကြည့်၍
ကိုကိုနဲ လိုက်မဲ့ အင်္ကျီ များကို
ရွေးနေပြီး ပိုက်ဆံရှင်းရန်
Counter ကိုသွား၍...
"ဒါလေး ရှင်းမယ်နော်..."
"ဟုတ်ကဲ့ရှင်..ကဒ်နဲ့လား
ငွေသားနဲ့လားရှင့်.."
ခထိုမိန်းကလေးကို ပြုံးပြကာ
"ကဒ်နဲ့ ရှင်းမယ်နော်..."
သူမပြောပြီ ကဒ်ကို ကမ်းပေး၍
စောင့်နေလိုက်သည်။
"ရပါပြီရှင်..အားပေးမှုအတွက်
ကျေးဇူးပါရှင်..."
ခထိုမိန်းကလေးကို ပြုံးပြ၍..
လှပစွာထုတ်ပိုး
ထားသော အင်္ကျီအိတ်နဲ့ ကဒ်ကို
ယူ၍ ကျောမော့စွာ ထွက်လာလိုက်သည်။
သူမ ပြန်ထွက်လာချိန်..market ထဲက
City make ထဲ ဝင်သွားသော ကိုဘတ်
ကို တွေ့လိုက်သောကြောင့် ခ လိုက်သွား
၍ ကိုဘတ် မုန်းထုတ်တွေ ရွေးနေတာကို
တွေ့တော့ ခ မဲ့ပြုံးလေးပြုံးကာ..
"ကိုဘတ် ဘယ်သူ့အတွက်ဝယ်နေ
တာလည်း..''
ဘတ်မမလေးခကြောင့် သူအမ်း
တမ်းတမ်းဖြစ်သွား၍..
"ဟိုမမလေး..ခ..ကျွန်တော်
ဘယ်သူ့ကိုမှ မပေးပါဘူး..."
ခ ကိုဘတ် လက်ထဲက အချဥ်ထုတ်
တွေကို ကြည့်၍ မယူံသလိုကြည့်၍..
"ခကိူ မလျှိုပါနဲ့ အဟဲ...ကိုဘတ်
ကောင်မလေး ရနေပြီလား.. ''
ဘတ်မုန့်ထုတ်တွေကို လက်နှစ်ဖက်နဲ့
မဆန့်တော့တာကြောင့် သူဘေးက
ခြင်းယူကာ ထည့်၍..
"မဟုတ်ပါဘူးဗျ..မမလေးရဲ့
ကျွန်တော်ကောင်မလေးအတွက်
မဟုတ်ပါဘူး..."
"ဟင်..ဒါဆို ကိူဘတ်စားမလို့လား..."
"ဗျာ..မစားပါဘူး..."
ခ မျက်နှာလေး ရှုံ့မဲ့သွား၍...
"ဒါဆို ဘယ်သူ့အတွက်လည်း..."
ဘတ် ခေါင်းကုတ်၍ မမလေးခကို
ကြည့်ကာ..
"ဟိူ..အကိုလေး အတွက်ပါ...''
"ဘယ်လို..."
ခ မယုံနိုင်သော ကြောင့် တအံ့တသြ
ဖြစ်ကာ...
"ကိုကိုက ဒါတွေ ဘယ်တောက
စားတက်သွားတာလည်းဟင်..."
"အဲဒါတော့ ကျွန်တော့်မသိဘူး
မနက်ထည်းက မရမ်းသီးတွေ
လည်းစားတယ် အခုလည်း
ဒါတွေ လာဝယ်ခိူင်းတာ..."
ကိူဘတ်အပြောကြောင့် ခတွေတွေ
လေးဖြစ်သွား၍..
"ကိုကို အရမ်းထူးဆန်းနေပါလား..."
"ဟုတ်တယ်ဗျာ ကျွန်တော်လည်း
အကိုလေး ဘာဖြစ်နေလည်းဆိုတာ
မသိတော့ဘူး..."
ခ ဆွဲခြင်းထဲက အချဥ်ထုတ်တွေကို
ကြည့်၍...
"ကိုကို ရောဂါများ ဖြစ်လားမသိဘူးနော်..
မဖြစ်ဘူး မနက်ဖြန် မေမေကိုခေါ်ပြီး
ခလာခဲ့မယ်နော်..."
"ဟုတ်ကဲ့ မမလေးခ..ဒါဆို
ကျွန်တော်သွားတော့မယ်ကြာလို့
အကိုလေး စိတ်တိုနေအုံးမယ်..."
ခခေါင်းလေးငြိမ့်ပြ၍...
"ကောင်းပြီ ကိုဘတ်..."
ခ ကိုဘတ် ငွေရှင်းရန်ထွက်သွား
တာကို ကြည့်၍ မျက်မှောင်လေး
ကုတ်၍..
"ကိုကိုဘာတွေ ဖြစ်နေတာလည်း..."
----======*=****------^^^^🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
"သမီးရေ....အောက်ထပ်မှာ
သားဇော်ရောက်နေတယ်..."
သူမ လူလန်းသွားစေရန် ရေချ်ိုးပြီး
သနပ်ခါးလေးလူးကာ ခေါင်းဖီးနေချိန်
မေမေ လာပြောတာကြောင့် ထရပ်၍..
"ဟုတ်ကဲ့ မေမေ..သူမ လာခဲ့ပါ့မယ်..."
"ဟုတ်ပါပြီသမီးလေး..."
သူမ မေမေ ထွက်သွားတော့မှ
ဘီးလေးပြန့်ကိုင်၍ ခေါင်းဖီး
ခြင်းကို အမြန်လုပ်ကာ..သပ်ရပ်
စွာဆံနွယ်ရှည်များကို စည်း၍
အောက်ထပ်ကို ဆင်းလာလိုက်သည်။
ဧည့်ခန်းထဲရောက်တော့ သူမကို
ပြုံးပြနေသော ဇော်ကို တွေ့တာ
ကြောင့် သူမ ပြန်ပြုံးပြ၍...
"ဇော်...sorryနော်...သူမ
ရေချ်ိုး ခေါင်းဖီးနေလို့ပါ..."
ဇော် သနပ်ခါးလေးနဲ့ အရင်က ထပ်တောင်
ပို၍ လှလာသော ချစ်ရသူကို ပြုံး၍
ကြည့်ကာ..
"ရပါတယ်..သူမရဲ ငါဘာမှ
မဖြစ်ပါဘူး..."
"ဒါဆို..ခြံထဲ ဆင်း ပြီး စကားပြောကြ
ပါလား သားနဲ့သမီး..."
ဘေးမှာထိုင်နေးေသာ မေမေက ပြောတော့ ဇော်ခေါင်းငြိမ့်ပြ၍...
"ဟုတ်ကဲ အန်တီ...သူမ
သွားကြရအောင်..."
သူမ ခေါင်းလေးငြိမ့်ပြ၍ ဇော်နဲ့
အတူ ခြံထဲဆင်းလာလိုက်သညိ။
တောင်...တောင်..တောင်..တောင်..
"အချဥ်ပေါင်း သည်လေးလာပါပြီဗျာ
လျှာလည်သွားစေမဲ့ အချဥ်ပေါင်း
သည်လေးလာပါပြီဗျာ..."
တောင်...တောင်...တောင်..တောင်..
ထိုအချ်ိန် သူမ မျက်နှာလေးဝင်းပသွား၍..
"ဇော် ငါအချဥ်ပေါင်းစားချင်တယ်..
အရမ်းချဥ်တာ အများကြီး ဝယ်ခဲ့ပေး
နော်..."
ဇော်သူမကို တအံ့တသြလှည့်ကြည့်ကာ..
"အချဥ်ပေါင်းဟုတ်လား..သူမ...."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း