book

Index 20

အပိုင်း (20) 🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action

ငိုနေသော သူမကို တံခါးအဝ

လေးကနေ ကြည့်၍ ဇော်  ခေါင်းကိုမော့

ကာ သက်ပြင်းချ၍ မျက်ဝန်းများကို မှတ်လိုက်တော့ သူမနည်းတူ ပါးပြင်ပေါ်

မျက်ရည်တွေကျလာ၍..သူနံရံက််ိုမှီကာ

ထိုင်ချလိုက်ပြီး..


"တောင်းပန်ပါတယ်...သူမရယ်..

ကိုယ် သူမက်ို လုံးဝ လက်မလွတ်နိုင်

လို့ပါကွာ..."


ထိုအချိန် အခန်းဘက်ကို လျှောက်လာ

သော ဆရာဝန်တွေကြောင့် ဇော်ပြန်ထရပ်၍

မျက်ရည်တွေသုတ်၍... အခန်းထဲကို

အမြန်ဝင်လာကာ..


"သူမ မင်းကို စစ်ဆေးဖို့ ဆရာ

ဝန်တွေ လာနေတယ်..."


သူမ ခေါင်းလေးငြိမ့်လိုက်၍ 

မျက်ရည်တွေ သုတ်ကာ..

သူမကို မျက်နှာမကောင်းစွာကြည့်နေသော

ဇော်ကို မော့ကြည့်၍..


"ဖေဖေရော ဇော်.."


"အန်ကယ်...နင့်အတွက်...

ဆေးသွားထုတ်တယ်လေ..."


ဂြီ......ဂျလောက်....


ထိုအချိန် ဆရာဝန်တွေ ခြံရံ၍ 

ဆေးရုံအုပ်ကြီး လို့ပြောသော

ဆရာဝန်ကြီးက အခန်းထဲကို 

ဝင်လာကာ..သူမကို ပြုံးပြ၍...


"သမီး...နေသာရဲ့လား...''


သူမ ခေါင်းလေးငြိမ့်ပြ၍..


"သက်သာပါတယ်ရှင်..."


ထိုအခါ ထိုဆရာကြီးက သူမကို

စစ်ဆေးမှုတွေ ပြုလုပ်၍..


"အားလုံး ကောင်းပါတယ်...နုသေး

တော့ ဂရုစိုက်ပါ ပြီးတော့...

အရမ်းအားနည်းတာကြောင့်လည်း

ပိုဂရုစိုက်ရမယ်...''


သူမ ခေါင်းလေးငြိမ့်ပြ၍..


"ဟုတ်ကဲ့ပါ..ဆရာ....''


"ဆေးရုံက မနက်ဖြန်လောက်ဆို

ဆင်းလို့ရပါပြီ...အဲဒီမတိုင်ခင်

လိုအပ်တာတွေ ဆရာ အကုန်

လုပ်ပေးလိုက်ပါမယ်.."


"ဟုတ်ကဲ့ ဆရာ..ကျေးဇူးပါ..."


သူမပြောတော့...ထိုဆရာဝန်ကြီး

က ပြုံးကာ...


"ရပါတယ်ဗျာ..ဒါ အန်ကယ်တို့

တာဝန်ပဲလေ..ပြီးတော့ ဆေးရုံစရိတ်

တွေ လူတစ်ဦးက ပေးပေးသွားပါတယ်..."


"ဟင်..."


သူမ ထိုစကားကြောင့် သူ့မျက်နှာ

က်ို မြင်ယောင်သွား၍ မျက်နှာလေးမှာ

ငယ်သွားကာ...


"ဆရာ..ကျွန်မ ဆေးရုံစရိတ် ကိုယ့်ဘာသာ

ကိုယ်ရှင်းချင်ပါတယ်...အခြားလူရှင်းပေးတါ

ကို လက်မခံနိုင်ပါဘူး..."


သူမပြောတော့ ဆရာဝန်က ခေါင်းငြိမ့်

ကား....


"ရပါတယ်..လူနာသဘောပါ...''


သူမ ခေါင်းလေးငြိမ့်ပြ၍...ဘေးမှာ

ရပ်နေသော ဇော်ကို ကြည့်ကာ...


"ဇော်...ဖေဖေအနောက် နင်လိုက်သွား

လိုက်နော်..."


ဇော်နားလည်းစွာ ခေါင်းငြိမ့်၍...


"ကောင်းပါပြီ...သူမ... ''


ဇော် ဆရာဝန်တွေကို နှုတ်ဆက်၍

ထွက်လာပြီး အခန်းအပြင်ရောက်မှာ

တော့ သူစိတ်ထဲ အပစ်ရှိသလို ခံစား

လာရကာ...


"ငါ..တောင်းပန်ပါတယ် သူမရယ်...."


----------------------------------=-=======^^^^🍓🍓🍓🍓🍓🍓🍓


"ဘယ်လို သူဌေး ရုံးပြန်တက်ပြီ

ဟုတ်လား..."


"အေး..ဟုတ်တယ်..သူဌေးက ဓားမြတွေလက်က လွတ်လာတာတဲ့..."


"တော်သေးတာပေါ့နော်..ဘာမှ

မဖြစ်လိူ့.."


"အေးဟုတ်တယ် ပြီးတော့လေ..."


ထိုမိန်းကလေးက ဘေးပတ်ဝန်း

ကျင်ကို ကြည့်၍ နားထောင်နေသော

မိန်းကလေးအနားကို တိုးကပ်၍ 

ခပ်တိုးတိုးလေသံလေးဖြင့်...


"သူဌေးက မိန်းကလေးတစ်ယောက်နဲ့

အတူ အဲဒီအချိန်တွေမှာ ရှိနေတာတဲ့...''


"ဟင်..ဟုတ်ရဲ့လားဟယ်...အဲဒါဆို

မိန်းကလေးက ဘယ်မှာလည်း

ပြီးတော့ သူဌေးနဲ့ မိန်းကလေး

ခတို့က လက်ထပ်မှာ မဟုတ်ဘူးလား..."


"အေး အဲဒါပဲ ပြောချင်တာ

သူဌေးက အဲဒီမိန်းကလေးအကြောင်း

လုံးဝ မပြောဘူးဟ...အခုတောင်

မိန်းကလေးခက သူဌေးနားအရမ်းကပ်နေတာ

ငါထင်တာပေါ့ မိန်းကလေးခနဲ့ပဲ လက်ထပ်

မယ်ထင်ပါတယ်...."


"ဟင်..ဟုတ်ရဲ့လားဟယ်..နင်ပြောတာ

တွေ သေချာရဲ့လား ဘယ်ကကြားတာလည်း..."


"ဟာ..နင်ကလည်း တောထဲကို လိုက်သွား

ရတဲ့ လုံခြုံရေးထဲမှာ ငါ့အကိုရဲ့ သူငယ်

ချင်းပါတယ် သူပြောတာတဲ့..အဲဒါတောင်

မနည်းမေးယူရတယ်..ကျန်တာတော့ ဘာမှ

မပြောတော့ဘူးတဲ့...''


"အင်းနော် နင်ပြောတာ တကယ်သာ

ဟုတ်ရင် ဟိုမိန်းကလေး သနားပါတယ်

သူဌေးက မချစ်လို့ ပစ်ထားခဲ့တာလား

အခုလည်း မိန်းကလေးခက သူဌေးကို

ဆေးရုံဆင်းလာထည်းက အရမ်းဂရုစိုက်

ပြနေတာ ဒါပင်မဲ့ သူဌေးက တည်တည်

ကြီးပဲနော်..မပြုံးတက်ဘူးထင်တယ်..."


"ဘယ်တောက ပြုံးလို့လည်း

ရေခဲ့မင်းသားကြီးကို.."


သူတို့နှစ်ယောက်ပြောနေတာကို

ခ Company ဧည့်ခန်းကြီးနားက

နားထောင်နေရင် မျက်နှာလေးတင်း

နေကာ..ထိုမိန်းကလေးတွေအနား

သွားလိုက်ပြီး..


"အခုလို ကြီးကျယ်ခန်းနားတဲ့ Company

ကြီးမှာ အခုလို ကိုယ့်သူဌေးအကြောင်း

ကို ပြောတဲ့ဝန်ထမ်းတွေရှိတာအံ့သြစရာ

ပဲ...''


သူမ အသံကြောင့် ထိုမိန်းကလေးနှစ်ယောက်

လှုပ်လှုပ်ရှားရှား ဖြစ်သွား၍ ခကို အလန့်တကြားကြည့်ကာ..


"မိန်းကလေးခ... ကျွန်မတို့ အတင်းပြောတာ

မဟုတ်ပါဘူးရှင် တောင်းပန်ပါတယ်နော်..."


"ဟူတ်ပါတယ်ရှင်..နောက်မပြောတော့ပါ

ဘူးရှင့် သူဌေးကို ပြန်မပြောပါနဲ့နော်..."


အခုမှ ကြောက်တက်စွာလက်အုပ်ချီ

မတက်တောင်းပန်နေသော ထိုမိန်းကလေး

တွေကို ခ စိတ်ပျက်စွာကြည့်၍..


"အဟွန်း..အခုမှ ကြောက်တက်ပြမနေနဲ့

လူဆိုရင် စည်းဆိုတာ ရှိတယ်...နောက်

ကို ဒါမျိုးမမြင်ချင်ဘူး သွားမလုပ်လုပ်တော့.. "


"ဟုတ်..ဟုတ်ကဲ့ပါ..."


နှစ်ယောက်သား ခပ်ကုတ်ကုတ်ထွက်

သွားတော့မှ ခ သက်ပြင်းချ၍ ကိုကို

ရုံးခန်းကို ဓာတ်လှေကားဖြင့် တက်လာ

လိုက်သည်။


ခ ဓာတ်လှေကားထဲ ဝင်ပြီး

ကိုကိုရဲ့ ချောမောခန့်ညာပြီး

တည်တင်းနေသော မျက်နှာ

ကို မြင်ယောင်ကာ..ပြုံးလိုက်မိသည်။


ကိုကိုရဲ့ တည်တင်းနေသောမျက်နှာက

ဆွဲဆောင်မှူ ရှိနေတာတော့အမှန်ပင်။


ဆေးရုံးကဆင်းလာထည်းက ကိုကို

အရင်ကထက်ပိုပြီး အေးစက်တည်ငြိမ်

သွားကာ...ပြီးပြီး လူကြီးဆန်လာစေသည်။


ပြီးတော့ ဟိုမိန်းကလေးအကြောင်းလည်း

တစ်လုံးမှ မဟတော့..ခကိုတောင် ခပ်တည်တည်ဆက်ဆံလာသောကိုကိုကြောင့်ရင်ထဲတွင် ဝမ်းနည်းမိတာတော့အမှန်ပင်။


ခ တစ်ခါတစ်ခါ သူမဆိုသော အမကို

မနာလိုမိပါသည်။


ကိုကိုရဲ့ နှလုံးသားကို သူမ သိမ်းပိုက်

သွားတယ်ဆိုတာ ခကိုကိုကို မြင်လိုက်ရသော

နေ့ထည်းက သိလိုက်တာ ဖြစ်သည်။


အခုအတိုင်းလေးအတိုင်းကို ခကျေနပ်နေ

မိသည်။မကောင်းမှန်း သိပင်မဲ့လည်း

ခကိုကိုရဲ အနီးမှာ အခုလို မျိုးလေး

နေရတာကိုက ခအတွက် အရမ်းကို

ကံကောင်းလှပါသည်။


------------------=============^^^^🍓🍓🍓🍓🍓🍓


 " ဒါဆို အန်ကယ်တို့ project အခု

စတော့မှာပေါ့နော်..မောင်ဓိ..."


ဓီ အသစ်စမဲ့ လုပ်ငန်းသဘောတရား

ကို ပါတနာတွေကို ရှင်းပြပြီး မေးလာ

သောကြောင့်သူ Meeting ခန်းထဲက

ထိုင်ခုံစားပွဲရှည်ကြီးရဲ့ ထိပ်ဆုံး ခုံမှာ

စမက်ကျကျ ဝင်ထိုင်၍ Computer

ရဲ့ ခလုတ်တစ်ခုကို ဖွင့်၍ projector

စလိုက်မီးမှာ ပေါ်လာသော ကြီးကျယ်

ခမ်းနားသော အဆောက်အဦးကြီး

ရဲ့ ပုံကို ကြည့်၍..


"အခုပုံက အချောသတ်ပြီးပြီဆိုတော့

နောက်တစ်ပတ်မှာစတော့မှာပါ..."


"မောင်ဓိရဲ ထက်မြတ်ပြီးတော်လွန်းတဲ့

ညဏ်ရည်ကို အန်ကယ်တို့လိုက်မမှီပါ

ဘူးဗျာ...မောင်ဓိနဲ့ လက်တွဲခွင့်ရတာ

အန်ကယ်တို့အတွက် ကံကောင်းမှု

ကြီးပါပဲ..."


ထိုအန်ကယ်အပြောကြောင့် ဓိ ပြုံး

လိုက်ကာ...


"အဲဒီလောက်လည်း မဟုတ်ပါဘူး

အန်ကယ်..."


ထိုအချိန် ဓိ စားပွဲတစ်နေရာက လူတစ်

ယောက်ကို သတိထားမိသွား၍ မျက်နှာ

တင်းသွားကာ ဘေးက ဘတ်ကို ကြည့်

လိုက်တော့..အကင်းပါးသော ဘတ် သူ့အနား

ကို တိုးကပ်လာကာ...


"အဲဒါ အကိုလေး ခရီးမသွားခင် ရှယ်ယာဝင် လက်ခံထားတဲ့ တစ်ယောက်ပါ..."


ဓိ ဘက်အပြောကြောင့် ထိုလူကို ပြန်ကြည့်၍

ခေါင်းငြိမ့်ပြကာ...


"ပြန်အမ်းလိုက်..."


"ဗျာ..."


ဘတ် မထင်ထားသော အဖြေကြောင့်

တအံ့တသြ ရှိနေစဥ်..


"ကျစ်ထားလိုက်တော့.."


သူပြောပြီး ထရပ်လိုက်ကာ...


"အစည်းအဝေးက ဒီလောက်နဲ့ပဲ ရပ်ထား

ကြတာပေါ့...နောက်တစ် ပြန်စုံမဲ့အချိန်

ကျွန်တော်တိူ့ ပြန်ပြောပေးပါမယ်..."


ဓိ ​ပြောပြီးတာနဲ့ meeting ခန်းမကြီး

ထဲကနေ ထွက်လာခဲ့လိုက်သည်။


သူ့အနောက်က ဘတ်နဲ့ အတွင်းရေး

မှူးမလေးကတော့ တိတ်စိတ်စွာ

လိုက်ပါလာတော့သည်။


ဓိ သူမကြောင့် နဲ့ ကလေးဆန်သော

လုပ်ရက်တွေကို လုပ်မိတော့မလို့ပင်။


သူမနဲ့ ပတ်သတ်လာရင် နည်းနည်း

လေးမှ သည်းမခံတက်သော စိတ်ကို

သူ မနည်းဖြေဖျောက်နေရသည်။


သူ့ကို ကတိမတည်သော သူမကို

သူ မုန်းချင်သည် မေ့ပစ်ချင်သည်။


ဓိ ရုံးခန်းကြီးထဲ ပြန်ရောက်တာနဲ့ ဆိုဖာ

ပေါ်ထိုင်လိုက်ကာ နက်တိုင်ကို အနည်း

ငယ်ဖြေလျော့၍ လေပူမှုတ်ထုတ်ကာ

လက်နှစ်ဖက်ကို ယှက်၍ ခေါင်းငုံ့လိုက်ကာ

သူမရဲ့ ပုံရိပ်ပေါ်လာသောကြောင့် သူ

ကျစ်သတ်လိုက်ကာ..


"ကျစ်...မင်းငါ့အပေါ် အရမ်း စိုးမိုး

လွန်းတယ် သူမ..."


ဒေါက်..ဒေါက်...ဒေါက်..


"ကိုကိုရေ ခဝင်လာမယ်နော်..."


ဓိခအသံကြောင့် စိတ်တွေပိုနောက်

သွားမိသည်။


အခုတလော ခ သူ့ဆီကို နေ့တိုင်း

လာနေတာ ဖြစ်သည်။


မလာနဲ့ဆိုတာလည်း ပြောမရ...


ဓိ သက်ပြင်းချ၍ ပြန်ပြင်ထိုင်လိုက်ကာ

သူ့ဆီကို ပြုံး၍ လျှောက်လာသော

ခကို ကြည့်၍...


"ခ မင်းနောက်ကို ဒီကို မလာပါနဲ့..."


ခ ကိုကိုအနားမှာ ထိုင်မယ်ရှိသေး

ကိုက်ိုရဲ့စကားကြောင့် ခပြုံးနေသော

မျက်နှာလေး ပျက်သွား၍...


"ကိုကိုကလည်း ခက ကိုကို့ကို..."


"ခ ကိုယ့်စကား နားထောင်ပေးပါ

အခုကိုယ်တစ်ယောက်ထည်း နေချင်

တယ်..."


ခ ကိုကိုအပြောကြောင့်ရင်ထဲ ဝမ်းနည်း

သွားကာမျက်ရည်တွေဝဲလာ၍ ထရပ်လိုက်

ပြီး အားယူပြုံးလိုက်ကာ...


"ခ...အဲဲဒါဆို ပြန်တော့မယ်နော်..."


ပြောပြီး ပြေးထွက်သွားသော်ခကို

သနားပင်မဲ့လည်း သူ မသိချင်ယောင်

ဆောင်လိုက်တော့သည်။


အခုလို သူမ လာနေတာ သူအတွက်

ဘာမှ မဟုတ်သော်လည်း ခအတွက်

ပတ်ဝန်းကျင်က ရှိသေးသည်။


ခ သူ့အပေါ် မရိုးသားတာတွေ သူပိုပြီး

မြင်လာကထည်းက သူခပ်ကင်းကင်း

နေဖို့ ဆုံးဖြတ်ထားတာ ဖြစ်သည်။


သူ့ရဲ့ နှလုံးသားထဲမှာ တော့ တစ်ယောက်

သောသူက ရှိပြီးသားမို့..သူမကလွဲ၍

ဘယ်သူမှ အဝင်မခံနိုင်တော့ပေ။


ထိုအတူ နှလုံးသားက ရင်နှင့်အောင်

ချစ်ခဲ့သလောက် အမုန်းတို့သည်လည်း....


--========---------------=^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


ဆေးရုံက ဆင်းလာပြီးထည်းက တစ်ယောက်

ထည်းအေးဆေးနေတက်သော သမီးဖြစ်သူ

အနားကို ဒေါ်ကဗျာမေ..သက်ပြင်းလေး

ချ၍ သွားကာ..ခြံထဲက ပန်းပင်တွေကို

ငေးကြည့်နေသော သမီးဖြစ်သူအနား

သူမတိုးကပ်သွား၍..


"သမီးလေး ထမင်းစားမယ်လေ..."


သူမ ငိုင်ငိုင်လေးထိုင်နေချိန် သူမအနား

မေမေ လာပြီး ထမင်းစားရန် လာ​ပြော

တာကြောင့် သူမ ပါးပြင်းပေါ်က မျက်ရည်

လေးတွေကို အမြန်သုတ်၍ ပြုံးလိုက်ကာ..


"သူမ မစားချင်သေးဘူး မေမေ..."


"ဘယ်ဖြစ်မလည်း သမီးရယ် 

သမီး ပြန်လာကထည်းက ထမင်း

လည်း ကောင်းကောင်းမစားဘူး

ပိန်လည်ပိန်သွားတယ်ကွယ်..."


ဒေါ်ကဗျာမေ စိုးရိမ်စွာပြောတော့သူမ

ပြုံးလိုက်ကာ ခေါင်းလေးငြိမ့်ပြ၍..


"ဟုတ်ကဲ့မေမေ..သူမ..စား

မယ်နော်..ခဏနေ ဝင်ခဲမယ်နော်

မေမေ..."


ဒေါ်ကဗျာမေ သမီး ဖြစ်ခဲ့တာတွေကို

အကုန်မသိပင်မဲ့လည်း အခုလို ဘာကြောင်​့

ဖြစ်နေလည်းဆိုတာ ခင်ပွန်းဖြစ်သူပြောထားလို့ သူမ အနည်းငယ်တော့

ရိပ်မိပါသည်။


သမီးလေး ဘာပဲ ဖြစ်ဖြစ် အခုလို သူမတို့ဆီ

အခုလို ကောင်းကောင်းမွန်မွန် ပြန်ရောက်လာ

တာကိုပဲ သူမ ကံတရားကြီးကို ကျေးဇူး

တင်လိူ့ မဆုံးပေ။


သူမ သက်ပြင်းလေးချ၍ အိမ်ထဲ

ကို ပြန်ဝင်လာလိုက်သည်။


သူမ မေမေ အိမ်ထဲဝင်သွားမှ မနည်း

ထိန်းထားရသော မျက်ရည်တွေကိုစီး

ကျခွင့်ပေးလိုက်ကာ..


"ဟီး...ဟင့်..ဟင့်..အဟင့်...

သူမ ရှင့်ကို မုန်းချင်တယ် သိလား...

ဟီး..ရှင်အရမ်းရက်စက်တယ်..."


ဒေါ်ကဗျာမေ အိမ်အပေါ်ဝအကွယ်က

နေ သမီးဖြစ်သူ ငိုနေပြီး ခံစားနေရတာကို လှမ်းကြည့်၍ သူမလည်း မျက်ရည်တွေဝဲလာ

ကာ..သမီးလေး အခုလို ခံစားနေရတာကို

မိခင်တစ်ယောက်ဖြစ်တဲ့ သူမလည်း ရင်ထဲတွင်  မချိပေ။


ဒါပင်မဲ့ ကံတရားက အခုတော့ သူမတို့

ဘက်မှာ မရှိတော့ သမီးလေးကို သူမတို့

ဖြေသိပ်ရုံကလွဲ၍....


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: