book

Index 2

အပိုင်း (2)🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action

"ဘာ...မင်းတို့က လင်မယား

ဟုတ်လား..''


ထ်ိုရုပ်ဆိုးဆိုး လူကြီးအပြောကြောင့် 

သူမ သူ့လက်မောင်းကြီးကို အားကိုးတကြီး

ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲ ခေါင်းလေးတိုး

ဝင်လိုက်ပြီး သူ့ကို ကျစ်ကျစ်ပါအောင်

ဖတ်ထားလိုက်သည်။


"ဟုတ်ပါတယ်...အက်ိုတို့ရယ်...

ကျွန်တော်တို့ နယ်မှာ ကလေးပြန်

မွေးမှာကြောင့် စောစော ပြန်လာ

ကြတာပါ..."


"ဟေ့ကောင် တာတီး...သူများက

ယောကျာ်းနဲ့ သွားငန်းမနေနဲ့....

လုပ်စရာရှိတာလုပ်...."


ဓိအပြောကို ခေါင်းဆောင်လို့ထင်ရတဲ့

တစ်ယောက်က ယုံကြည်သွားပူံရကာ

သူမကို သရေတမျှားမျှားနဲ့ ငန်းနေတဲ့

တာတီဆိုတဲ့ ရုပ်ဆိုးဆိုး လူက သိပ်ယုံ

ပုံမရ...သူမကို ကြည့်နေတဲ့ပုံက သူသာ

မရှိရင် အခု ချက်ချင်းကို ဝါးစားတော့မဲ့

ပုံစံပင်။


ဓိ သူ့ရင်ခွင်ထဲမှာ အကြောက်လွန်းပြီး

တစ်ကိုယ်လုံးအေးစက်လာတဲ့သူမကြောင့်

သူ သူမလေးကို ခပ်တင်းတင်းဖက်ထားပြီး

ရပ်နေလိုက်သည်။


"အားလူံး မလှုပ်နဲ့နော်...လှုပ်တာနဲ့ ဒီမှာ

တွေ့တယ်မဟုတ်လား...မသာပေါ်ကုန်မယ်..

အာ့ဒါကြောင့် အေးဆေးနေပြီး ရှိတဲ့ ပစ္စည်း

တွေ အကုန်ထုတ်..."


သေနပ်တရမ်းရမ်းနဲ ထိုလူစကားအဆုံး

အကုန်လုံးလည်း ပါသမျှ ပိုက်ဆံ ရွှေတွေ

အကုန်ချပေးပြီး ကြောက်ရွံ့စွာ ရှိနေကြတော့သည်။


ဓိ ထိုလူတွေကို တစ်ချက်ကြည့်ပြီး...

သူမကို ဖတ်ထားပြီး သူ့ရဲ့နာရီနဲ့

ဖုန်းကို လာယူသွားတာကြောင့်

သူ အသာတကြည်ပေးလိုက်ပြီး....


"အာ့ဒါ...ကျွန်တော့်မှာပါတာ

အကုန်ဘဲ...."


ထိုအခါ တာတီးဆိုတဲ့ လူက သူမ

အနားတိုးလာတော့ ဓိ သူမကို

လူအုပ်ကြားနားကို ခါးလေးကနေ

ဖက်ပြီး ရွေ့လိုက်တော့ တာတီးဆ်ိုတဲ့လူ

ရာဇ် ကို မကျေမနပ်ကြည့်ကာ...


"ဆရာ...သူတို့ကို ကြည့်ရတာ 

နယ်နယ်ရရမဖြစ်နိုင်ဘူး သူတို့

ကိုဖမ်းပြီး ကျွန်တော်တိူ့ ငွေညစ်လို့

ရတယ်လေ..."


ထိုလူအပြောကြောင့် သူမ ကြောက်သွား

ပြီး မျက်ရည်လေးတွေ ဝဲလာကာ...သူ့ခါး

ကြီးကို ခပ်တင်းတင်းဖတ်ထားမိကာ..အသား

တွေပင်တုန်နေမိသည်။


ထိုလူအပြောကို ခေါင်းဆောင်ဆိုတဲ့လူက

လည်း သဘောကျသွားကာ မျက်နှာဝင်း

သွားပြီး...


"ဟ..ဒီတစ်ခါ တာတီး..မင်းမှန်သွားပြီး...

ဟားဟား..."


ပြောပြီး ပစွည်းတွေ အကုန်သိမ်းကာ...


"မင်းတို့နှစ်ယောက်နေခဲ့ ပြီး ကျန်တဲ့လူတွေ

ကားပေါ်အကုန်တက်....ဘယ်သူမှ မလှုပ်နဲ့

နော်..ပစ်သတ်ပလိုက်မယ်.ဘာမှတ်နေလည်..."


ထိုလူတွေ သေနပ်ချိန်ကာပြောတော့ အကုန်

လုံးကားပေါ်တက်ကြတော့ သူမ သူ့ကို အား

ကိုးတကြီး ကြည့်ကာ....


"သူမတို့ ဘယ်လိုလုပ်ကြမလည်းဟင်...

ဟင့် သူမကြောက်တယ်...."


ပြောပြီး မျက်ရည်တွေကျလာတဲ့ သူမကို

သူကြည့်ကာ....သူမအနားကပ်လိုက်ပြီး...


"မငိုနဲ မင်းအနားမှာ ငါရှိတယ်..."


သူမ တစိမ်းယောကျာ်းတစ်ယောက်က

အခုလိုပြောတာကို ပထမဆုံး သူ့အပေါ်

အားကိုးမိသည်။


သူမ သူရှိတော့ နည်းနည်း စိတ်ပြေရာ

ရသောလည်း ဟိုလူယုတ်မာက သူမကို

ကြည့်ပြီး နှုတ်ခမ်းတွေသပ်နေတာ ခဏခဏ

ပင်...ထိုရွံစရာကောင်းသောလူကို သူမ

ကြည့်လိုက်ပြီး သူခါးကြီးကို တိုးဖက်ကာ...

မျက်ရည်တွေကျလာပြီး...


"ရှင်..သူမကို တစ်ယောက်ထည်း မထားခဲ့

ပါနဲ့...ကျွန်မနာမည်..သူမပါ...."


ဓိ သူ့ကို အားကိုတကြီး ဖက်ထားကာ

နာမည်တွေပြောနေသော သူမကို ခေါင်း

ငြိမ့်ပြကာ,...


"မငိူနဲ့....."


"ဟိတ်..ဟိုနှစ်ယောက် ဘာတွေတိုင်ပင်

နေတာလည်း တက်ကားပေါ်....ထွက်ပြေး

မယ် မကြံနဲ့နော်....ဒီမှာတွေ့လား...ပစ်သတ်

လိုက်မယ်..''


သေနပ်ကိုကိုင်ပြကာ ခြိမ်းခြောက်နေသော

ထိုလူတွေကြောင့် ဓိ အေးဆေးပင် သူမလက်ကိုကိုင်ကာ သူတို့ညွှနိပြတဲ ကားပေါိတက်

လိုက်ပြီး ထိုင်လိုက်ကာ..ခဏနေတော့ထို

လူတွေပါတက်လာပြီး တောကြီးထဲကို 

မောင်းဝင်လာခဲ့သည်။


တော်ကြီးထဲက လမ်းတွေကို ဓိ မျက်လုံလျှင်

လျှင်ထားပြီး မှတ်နေကာ..သူမကိုလည်း

ကျစ်နေအောင် ဖတ်ထားမိသည်။


"ဒီမှာ ထွက်ပြေးဖိူ့ မစဥ်းစားနဲ့နော်...မင်းတိူ့

လမ်းမှတ်မိရင်တောင် ငါတို့လက်က လွတ်မှာ

မဟုတ်ဘူး...."


ခေါင်ဆောင် ဆိုတဲ့လူကပြောတော့

ဓိခေါင်းငြိမ့်ပြကာ...


"ခင်ဗျာတိူ့လိုချင်တာ ငွေမဟုတ်လား..."


"ဟုတ်တယ်..ငါတို့အတွက် အဓိက

ကငွေပဲ.."


ဓိပြုံးလိုက်ကာ...


"ခင်ဗျားတို့ကို ကျုပ်သိန်းနှစ်သောင်း

ပေးမယ်...ဒါပင်မဲ့

ကျုပ်နဲ့ ကျုပ်မိန်းမကို ထိတာနဲ့ ဘာ

ငွေမှ ရမှာတော့မဟုတ်တော့ဘူး..."


ဓိပြောတော့ ထိုလူမှာ မျက်လုံးတွေ ဝင်လက်

လာပြီး....


"ဘာ..ဘာသိန်းနှစ်သောင်းဟုတ်လား..''


ဓိခေါင်းငြိမ့်ပြတော့ ထိုလူမှာ ဓိကိုသေချာ

ကြည့်ပြီး....


"ကောင်လေး မင်း..မင်းတကယ်ပြောနေတာလား...."


"ခင်ဗျားတို့ဘက်ကသာ ကတိတည်း

ရစေရမယ်...."


သူပြောလိုက်တော့ ထိုလူမှာ ခေါင်းငြိမ့်

ပြပြီး...


"စိတ်ချ မင်းနဲ့ မင်းမိန်းမကို နှီးဖျားနဲ့.

တောင် မထိစေရဘူး...ဟွန်း....ဟွန်း...

ဟေ့ကောင် တာတီး ကြားတယ်နော်..

မင် ဒီမိန်းကလေးကို ထိဖို့ မစဥ်းစားနဲ့...."


ထိုအခါ တာတီးဆိုတဲ့လူ ဓိကိုမကျေမနပ်

ကြည့်နေပြီး ခေါင်းငြိမ့်ပြကာ...


"ဟုတ်ကဲ့ဆရာ...''


"ကောင်လေး မင်းဘက်က ကတိတည်နော်.. "


"စိတ်ချပါ...."


သူမ သူတို့ပြောနေတာတွေကို နားထောင်

ပြီး သူ့ကို ပြန်ကြည့်မိသည်။


ဟုတ်ပါတယ် သူ့ရဲ့ပုံက အခြားလူတွေနဲ့မတူ

အရှိန်အဝါရှိတဲ့ လူတစ်ယောက်လိုပင်...သာမာန်လူတော့ မဖြစ်နိုင်....


ပြီးတော့ စကားပြောပုံ အနေအထိုင်

အပြုအမူကအစ ဂုဏ်သရေရှိ လူကြီး

လူကောင်းတစ်ယောက်လိုပင်။


သူမတွေးနေပြီး အရှေ့ကို ကြည့်တော့

တာတီးဆိုတဲ့လူ သူမကို စူးစိုက်ကြည့်နေတာကြောင့် သူမ သူအနားတိုးကပ်လိုက်တော့

သးကလည်း အကင်းပါးသူ ပီပီ သူမလက်ကလေးကို ဆုပ်က်ိုင်ထားပြီး တာတီးဆိုတဲ့

လူကို တည်ပြီး ပြန်စူးစိုက်ကြည့်လိုက်တော့

သူ့အကြည့်ကို မခံနိုင်စွာ ထိုလူမကျေမနပ်လှည့်သွားတော့မှ ဓိမဲ့ကာ ပြုံးလိုက်မိသည်။


-----==-----------–-=-=====--------------=^^^^^^^&&^&^🍓🍓🍓🍓🍓🍓🍓


ကြီးမားသော အစည်းအဝေးခန်းမကြီး

တွင် လူဂုဏ်ထံ ပုဂိုလ်များ အရေးကြီး

တဲ့ လူတစ်ယောက်ကို စောင့်ဆိုင်းနေကြ

ပုံက ထိုလူ ဘယ်လောက်အရေးပါတဲ့

လူဆိုတာ ပြောစရာပင်မလို....


ဘက်....လက်ကနာရီကို ကြည့်ပြီး

နံရံမှန်သားပြင်ပေါ်မှာ ပေါ်လာမဲ့

သူဌေးကို တိတ်ဆိတ်စွာ စောင့်ဆိုင်း

နေကြသည်။


"ဘက်....သူဌေးက ဒီနေ့ အစည်းအဝေး

ဆိုတာ မေ့နေလို့လား....''


ဘက်ခေါင်းခါလိုက်ကာ....ထိူလူကို

ပြန်ကြည့်ပြီး...


"သူဌေးက ဘယ်တောက မေ့ဖူးလို့လည်း...

အခု ခရီးသွားတဲ လမ်းမှာဆိုတော့..

လိုင်မမိလို့ ဖြစ်မယ်..."


ဘက်ပြောတာကို ကျန်လူတွေက ခေါင်း

ငြိမ့်ကြကာ....


"ဟုတ်တယ်..သူဌေးက အချိန်းကို အရမ်း

လေးစားတဲ့သူ အခု ဘက်ပြောတာ ဖြစ်

လောက်တယ်...."


တစ်ခန်းလုံးပြောပြီး အသံတွေ ထွက်လာ

ကြတော့ ဘက်ခေါင်းငြိမ့်ပြကာ...


"စိတ်အရမ်းမပူကြပါနဲ့ သူဌေးက

အကုန်စီစဥ်ခဲ့ပြီးသားပါ..သူလိုင်းကြောင့်

မတက်လာနိုင်ရင် ကျွန်တော်က project

ကို ပြောပေးမှာပါ...."


သူ့အပြောကို အကုန်လုံးခေါင်းငြိမ့်ပြကြကာ

ငြိမ်သက်နေတော့သည်။


ဘက်လည်း အကိုလေး ပထမဆုံးနောက်ကျနေတာကြောင့် အံသြနေမိသည်။

ဒီနေ့ video callနဲ့ အစည်းအဝေလုပ်တာ

ဖြစ်သည်။ ဒီလိုဖြစ်မှာကြိုသိလို့လားမသိ..

အကုန်လူံးကို အစဥ်တကျ စိစဥ်ထားပေးခဲ့

တာဖြစ်သည်။


တာကြောင့်လည်း ငယ်ရွယ်ပြီးအောင်​မြင်

နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်

ဖြစ်နေတာ ဖြစ်သည်။


အကိုလေးက အရမ်းတော်ပြီး ထက်မြတိကာ

သူလုပ်တဲ့ အလုပ်မှန်သမျှ အောင်မြင်တာကြီး

ပါပဲ......


ဘတ်အကိုလေးအနားမှာနေခဲ့တဲ့ တစ်လျှောက် အကိုလေးရဲ့ လုပ်ရည်

ကိုင်ရည် တည်ကြည်ခန့်ညားမှုတို့က

ဘက်ပင်မက လူတိုင်းအားကျနေခဲ့

တာဖြစ်သည်။


အာ့ဒါသာမက သခင်လေးဘေးမှာ

မိန်းကလှလေးတွေက ဝိုင်းနေကာ

သမက်တော်ချင်ကြတဲ့သူတွေလည်း

အများသား...


ဒါပင်မဲ့ အကိုလေးက ဘယ်သူ့ကိုမှ

စိတ်မဝင်စားဘဲ အလုပ်ထပ် ဘယ်သူ

ကိုမှ မချစ်ခဲ့တဲ့ နှလုံးသား မရှိတဲ့ လူတစယောက်လို နေခဲ့တာ ဖြစ်သည်။


ဘက်အချိန်တွေ အတော်ကျော်နေပြီ

ဖြစ်တာကြောင့် အကင်းပါးသူပီပီ

အင်္ကျီက နက်တိုင်ကို ဆွဲဆန့်ကာ...


"အာ့ဒါဆိူ ကျွန်တော်တို့ အကိုလေးကို

မစောင့်တော့ဘူး...မကြာခင် လုပ်မဲ့

Project အတွက်ကို ကျွန်တော်ရှင်း

ပြပာ့မယ်..အရင်ဆုံး လူကြီးမင်းတ်ု့ကို

ပေးထါးတဲ့ ပုံတွေကို အရင်ကြည့်ပေးပါ..."


သူပြောတော့ အကုန်လုံး ကြည့်ပြီး...


"ဝါး...ဒီဇိုင်းတွေ အရမ်းလှတာပဲ..."


ဘက် ခေါင်းငြိမ့်ကာပြုံးလိုက်ပြီး....


"ဟုတ်ပါတယ်...ဒါအကိုလေးရဲ့

အခုprojectမှာသုံးမဲ့ ပုံကြမ်းတွေပါ

အကုန်လုံးသေချာကြည့်ပေးပါ...

နားမလည်တာ ရှိရင် မေးလို့ရပါတယ်...."


ဘက်ပြောလိုက်တော့ အကုန်လုံး

ငြိမ်သက်စွာ ကြည့်နေကြပြီး...


"ဒီ project ဘယ်တော့လောက်စမလည်း...."


"နောက်လ စမှာပါ ပြင်ဆင်ပြီပာပြီ..ဒီက

ရလာမဲ့ အကျိုးအမြတ်က လူကြီးမင်းတို့

သိတဲ့အတိုင်းပါပဲ...."


ဘက်ပြောပြီး အကုန်လုံးရဲ့ မျက်နှာမှာ

တော့ သဘောကျမှုကြောင့် အပြုံးတွေ

ကိုယ်စီဖြင့်......


ဘက်ပြုံးလိုက်ကာ....


"အကိုလေး.....အရမ်းတော်တာပဲ..."


-----------------------=-==-==----------^^^^^🍓🍓🍓🍓🍓🍓🍓🍓


ကားအတော်လေးမောင်းလာပြီးမှ

တဲအိမ်လေးတွေလို ၆ လုံးလောက်

ရှိသော နေရာတစ်ခုရောက်တော့ကား

ရပ်သွားကာ....


"ဟေ့ ကောင်လေးနဲ့ ကောင်မလေးဆင်း...

ဟေ့ အောင်ကောင်း...ဒီက လင်မယား

နှစ်ယောက်ကို အိမ်တစ်ခုပေးလိုက်....

ပြီးတော့ အစားအသောက်ကောင်တာ

တွေစီစဥ်...."


သူတို့ကိုပြောရင်းတစ်စက်ထည်း

တဲလေးဘက်ကို လှည့်ကာပြောတော့

ကောင်လေးတစ်ယောက်ပြေးထွက်လာကာ


"ဟုတ်ကဲ့...ဆရာ...''


ပြောပြီး ထိုကောင်လေးက ဓိတို့ဘက်

ကိုလှည့်လာကာ...


"လာ..ကျွန်တော်နဲ့ လိုက်ခဲ့...."


"နေအုံး..."


ဓိသူမ လက်ကိုဆွဲပြီး လိုက်သွားရန်

ပြင်တော့ ခေါင်ဆောင်ဆိုတဲ့ လူရဲ့

အသံကြောင့် သူနဲ့သူမ ရပ်သွားကာ....

ဓိ ထိုလူကို ပြန်လှည့်ကြည့်လိုက်တော့...


"ငါ့ကို သိန်းနှစ်သောင်းပေးမယ်ဆိုတာ..တကယ်နော်..."


ဓိခေါင်းငြိမ့်ပြကာ...


"ခင်ဗျားတိူ့လက်ထဲက ဖုန်းတိုဂ်မိတာ

နဲ့ ကျွန်တော်ဆီယူခဲ့...ဒါပင်မဲ့ အားကုန်

အောင်မလုပ်နဲ့နော်...အာ့အခါ သုံးမရ

တော့ဘူး...."


ဓိပြောပြီး ကောင်လေးအနောက်ကို

သူမလက်ကို ဆွဲပြီး လိုက်လာခဲ့လိုက်သည်။


တာတီ ခေါင်းဆောင်နားကပ်ပြီး...


"ဆရာ..သူပြောတာ ယုံရပါ့မလား.."


မိုက်ကယ် ခေါင်းငြိမ့်လိုက်ကာ...


"သူ့ပုံစံက လိမ်မဲပုံမပေါ်ပါဘူး..မဟွန်း...

ငါ့ကိုလိမ်လို့ကတော့ မိုက်ကယ်အကြောင်း

သိသွားမှာပေါ့....ဟား...."


"အကိုတို့ ဒါ အကိုတို့နေရမဲ့ နေရာပါ..."


ကွတ်ပစ်လေးပေါ်မှာ ဖျာလေးတစ်ချက်

ခင်ထားကာ ဘေးက စင်လေးပေါ်မှာ

ခေါင်းအုံးနဲ့ စောင်လေးက တင်လျှက်...


ဓိ ထိုကောင်လေးကို ကြည့်ပြီး....


"ဒါဘယ်နေရာလည်း ညီလေး...."


"နေရာကိုတော့ ကျွန်တော်လည်း မခေါ်

တက်ဘူး ဒါပင်မဲ့ တောကြီးအလယ်မှာ

ကျွန်တော်တိူ့ ရှိနေတာက..."


ဓိ ထိုကောင်လေးကို ခေါင်းငြိမ်ပြပြီး

ဘေးက သူမကိုကြည့် တော့ ထိန်လန့်

နေပုံလေးကြောင့် သူ သူမပခုံးကိုဖတ်

ထားလိုက်ပြီး အရှေ့ကကောင်လေး

ကိုကြည့်ကာ...


"ကျေးဇူးပါ.. ညီ...အကိုမိန်းမ ပင်ပန်း

လာလို့ ခဏအိပ်ခိူင်းမလိူ့...."


"ရတယ်အကို ဟိုမှာ ခေါင်အုံးနဲ့

စောင်...ယူလို့ရပါတယ်..."


ပြောပြီး ထွက်သွားတဲ ထိုကောင်လေး

ကို ဓိကြည့်လိုက်ပြီး သူမ ဆိုတဲ သူမ

ကို ကြည့်ကာ....


"မင်းအနားယူလိုက်ပါ...သူမ....."


သူမ အရမ်းပင်ပန်းနေပြီ ဖြစ်တာကြောင့်

သူမ ခေါင်းလေးငြိမ့်ပြကာ...


"သူမ ရှင့်ကို ကျေးဇူးတင်.."


"အို....."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: