book

Index 19

အပိုင်း (19)

  • Author : Lwanchin
  • Genres : Romance, Action

"ဇော် ဖယ်အုံး..ငါအသက်ရူကြပ်တယ်.."


ဇော်ဝမ်းသာလွန် တာကြောင့် သူမကို

ဖက်ထားလိုက်တော့ပြီး သူမ အသံကြား

မှ သတိပြန်ဝင်လာ၍ သူ သူမကို

လွတ်ပေးလိုက်ကာ..


"Sorry... သူမ ကိုယ်အရမ်း

ဝမ်းသာသွားလို့ပါ..."


သူပြောတော့ သူမ ခေါင်းလေးငြိမ့်၍..

မခန်းအပြင့ဘက်ကို မျက်ဝန်းလေး

ရွေ့သွားပြီးမှ သူမကို ပြုံးကြည့်နေသော

ဇော်ကို ကြည့်၍..


"ဇော်..နင်ဘယ်လို ငါ့အနားရောက်နေတာ

လည်း ပြီးတော့ ငါကရော ဘယ်ကို

ရောက်နေတာလည်းဟင်..."


"နင်ရန်ကုန်ဆေးရုံကို ရောက်နေတာ

ပြီးတော့ငါ နင့်ကို ရှာရင်း

တော်အစပ်မှာ ရှာဖွေရေးတွေနဲ့

ရောက်နေတာ..."


သူမ မျက်ဝန်းလေးဝိုင်းသွား၍..


"ရှာဖွေရေးတွေ ဟုတ်လား..."


"အေးလေ နင်တို့ကို ရှာနေတဲ့

ရှာဖွေရေးတွေလေ..."


သူမ ဇော်အပြောကြောင့် အားတက်သွားကာ


"ဒါဆို ငါနဲ့ အတူပါလာတဲ့ တစ်ယောက်

ရောဟင်..."


ဇော် ခေါင်းခါပြ၍..


"မပါပါဘူးဟ နင်တစ်ယောက်ထည်း

ကယ်ဆယ်ရေးတွေနဲ့ ပါလာတာ...''


သူမ ဇော့်အပြောကို မယုံနိုင်သလို

ခေါင်းလေးခါပြ၍...


"ဟင့်အင်း....မဟုတ်ဘူးဇော်သူငါ့ကို

သယ်လာတာ သူနဲ့ငါ အတူ လမ်းမပေါ်

ရောက်တာ မဟုတ့ဘူးလား..."


ဇော်သူမရဲ့ မျက်ရည်ဝဲလာကာ

စိုးရိမ်နေသော ပုံစံလေးကို ကြည့်၍

သက်ပြင်းလေးချကာ..


"နင်အထင်မှားနေတာပါ သူမရဲ့

နင်တစ်ယောက်ထည်းပါဆို.. ပြီးတော့

လူတစ်ယောက်တော့ပါတယ်..သူက

နင်ပြောတဲ့လူဖြစ်နိုင်တယ် မွန်ပြည်နယ်

ကို ပြန်သွားတယ်ထင်တယ်..."


သူမ မျှော်လင့်ချင်း အလင်းရောင်လေး

တန်းနေသော်လည်း ဇော်နောက်ဆက်တွဲ

ပြောလိုက်သော စကားကြောင့်

သူမ မျက်နှာလေး ညိုးကျသွားကာ..


"သူ..သူ ငါ့က်ို ဘာမှာ ခဲ့သေးလည်းဟင်..."


ဇော် သူမကို ကြည့်၍ ခေါင်းခါလိုက်ကာ..


"ဘာမှတော့ မပြောခဲ့ဘူး အော် 

သူ့ကောင်မလေး နဲ့ ပြန်သွားတာပဲ

သူ့ကို ကိုကိုလို့လည်းခေါ်တော့..

ပြီးတော့ ကြည့်ရတာ သူနဲ့လည်း

အရမ်းရင်းနှီးတဲ့ပုံပဲ..ကောင်မလေး

ဖြစ်ဖို့ များတယ်...."


"ဟင်..."


သူမ ဇော်စကားကြားပြီး ရင်ထဲတွင်

ဝေဒနါ တစ်ရပ်ကို ခံစားလိုက်ရကာ..

သူပြောသော စကားတွေကို ပြန်ကြား

ယောင်နေမိသည်။


"ကိုယ်မင်းကို လက်ထပ်မှာ..သူမ..

ကိုယ်မင်းကို ချစ်တယ်..."


သူမ ချက်ချငဝဲတက်လာသော

မျက်ရည်တွေကို  မျက်တောင်

ရှည်ကြီးများဖြင် ပုတ်ထုပ်၍..


"ဇော် ငါတစ်ယောက်ထည်း ခဏလောက်

နေလို့ရမလား..."


ဇော်ခေါင်းငြိမ့်လိုက်၍..

ပြုံးကာ...


"ရတယ် သူမ ငါ အပြင်မှာ

နင်စားဖို့ မုန့်သွားဝယ်အုံး

မယ်..''


ဇော် ငိုင်ငိုင်လေး ဖြစ်နေသော သူမကို

တစ်ချက်ကြည့်၍ သူထွက်လာလိုက်

ပြီး တံခါးကို ပြန်ပိတ်၍ မှီကာ ထိုင်ချ

သွားပြီး ပါးပြင်ပေါ်သို့ ကျလာသော

မျက်ရည်တွေကို သူ သုတ်၍...


ငါ..တောင်းပန်ပါတယ်.. သူမရယ်

ငါနင့်ကို လက်မလွတ်နိုင်လို့ပါ..

နင်မကျေနပ်လည်း နောက်မှ နင်ပေး

တဲ့ အပစ်ကို ခံယူပါ့မယ်...


သူပြောပြီး  ခပ်သဲ့သဲ့

ငိုသံလေးထွက်လာသော အခန်းလေး

​ကို တစ်ချက်ကြည့်ကာ...သူ လှည့်ထွက်

လာလိုက်သည်။


သူမ ကုတင်ပေါ်တွင် ထိုင်၍ 

ဒူးလေးပေါ် မျက်နှာအပ်ကာ...

ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။


အခုတော့ သူ ပေးခဲ့သော ကတိတွေ

မေ့သွားပြီလား သူမကို လွယ်လွယ်ရခဲ့

လို့ သူ မေ့သွားခဲ့တာလား...


"ဟီး...အဟင့်...ဟင့်.....ဟီး..."


သူမ အားရအောင် ငိုပြီး ပါးပြင်မှ

မျက်ရည်လေးများသုတ်ကာ...

ရင်ထဲမှာ နာကျင်လွန်းတာကြောင့်

ရင်ဘက်လေးကို လက်ကလေးနဲ့

အသာ ဖိ၍ နှုတ်ခမ်းလေး ဖိကိုက်ထား၍..


"ရှင် အရမ်းရက်စက်တယ်..."


-------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


ပြန်လာထည်းက အခန်းထဲက ကုတင်ပေါ်

တွင် ငူငူကြီးထိုင်နေသော အကိုလေးကို

ဘတ်ကြည့်၍ သူလည်း မျက်နှာမကောင်း...


အကိုလေးကို သူတစ်ခါမှ အခုလိုပုံစံ

မျိုး မမြင်ဖူးပေ။


အကိုလေး မိန်းကလေးကို သွားကြည့်

မယ်ဆိုပြီး သူတက်ကျွသော ခြေလှမ်း

များဖြင့် သွားပြီး မိန်းကလေးရဲ့ ဆေးရုံ

ခန်းဝရောက်တော့....ဘာကို မြင်ပြီး 

အခုလို ဖြစ်သွားလည်း မသိ...


ဘာမှ မပြောတော့ဘူး အခုလို တိတ်စိတ်

ဆိုင်ထိုင်နေတာ ၃နာရီ ပြည့်တော့မည်..


ဘတ် အနားတိုးသွား၍..


"အကိုလေး...ဟို...''


"ဘတ် အိမ်ပြန်ဖို့ ပြင်လိုက်တော့..."


"ဗျာ..အကိုလေး ဆရာဝန်ကြီးက..."


ဘတ် အကိုလေး အကြည့်စူးစူးတွေ

ကြောင့် သူ စကာရပ်သွားကာ..


"ဟုတ်..ဟုတ်ကဲ့ အကိုလေး..ကျွန်တော်

စီစဥ်လိုက်ပါမယ်..."


ဘတ်ထွက်သွားတော့မှ ဓိ ထရပ်လိုက်ကာ

ပြတင်းပေါက်အနားတိုးသွား၍ ရပ်လိုက်ကာ..


"မင်း ကတိမတည်ဘူး သူမ ကိုယ်ပြောခဲ့

တယ်မဟုတ်လား..မင်းသူနဲ့ မပတ်သတ်

ပါနဲ့လို​့ မင်းကိုယ့်ကို လွယ်လွာ်ကတိပေး

ခဲ့ပြီး လွယ်လွယ် အဲဒီ ကတိကို မေ့ပစ်လိုက်

တာလား...'''


သူ ပြောပြီး ပါးပြင်ပေါ်ကျလာသော

မျက်ရည်တွေကို လက်နဲ့ အသာသုတ်၍..

စိုနေသော လက်ကို ကြည့်ကာ..


"အဟက်...ကိုယ်မင်းကြောင့် ဘဝမှပထမ

ဦးဆုံး မျက်ရည်ကျတာပဲ...သူမ....မင်း

အရမ်းရက်စက်တယ်... ''


ဒေါက်..ဒေါက်...


"အကိုလေး ဆေးရုံအုပ်ကြီး ရောက်ပါ

ပြီ..."


သူဘတ်ရဲ့ အသံကြောင့် သူ မျက်ရည်တွေ

ကို သုတ်လိုက်၍ မျက်နှာကို တည်လိုက်ကာ..


"ဝင်ခဲ့..."


ထိုအခါ ဘတ်နဲ့ သူ့အနောက်က ဆေးရုံ

အုပ်ကြီး ဘတ်အနားကိုတိုးလာ၍..

ဦးညွှန့်ကာ...


"မောင်ကထိက.. ဆေးရုံမှာနေရတာ စိတ်မသက်သာလို့ဗျာ..အန်ကယ်တို့ဘက်က

လိုအပ်တာတွေ ရှိခဲ့ရင် တောင်းပန်ပါတယ်

.."


ဓိ ခေါင်းငြိမ်ပြ၍...


"ရတယ်..ကျွန်တော်စိတ်ထဲ မွန်းကြပ်

လို့ အိမ်ကို ပြန်တော့မယ်...ပြီးတော့..

အခန်းနံပါတ်....က လူနာကို သေချာဂရု

စိုက်ကုပေးပါ...ပြီးတော့ ဆေးဖိုး လုံးဝ

မယူထားလိုက်ပါနဲ့...."


"ဟုတ်ကဲ့ပါ မောင်ကထိက ပြောတဲ့

အတိုင်း အန်ကယ်လုပ်လိုက်ပါ့မယ်.."


သူခေါင်းငြိမ့်လိုက်တော့ ထိုဆရာ

ဝန် သူအနာကို သေချာ ပြန်စစ်ကာ

ဆေးထည့်ပေးဖ်ို့ ပြင်ဆင်နေတော့

ဓိ ကုတင်ပေါ်ထိုင်လိုက်ကာ

ဆေးစထည့်ပေးတါကို သူငြိမ်

နေလိုက်၍..


"အခန့်နံပါတ်...က လူနာ သက်သာ

ရဲ့လား...''


ထိုဆရာဝန်ခေါင်းငြိမ့်၍..


"သက်သာပါတယ်...မောင်ကထိက

မိန်းကလေးက အားအင်နည်းပြီး

အဖျားဝင်သွားတာ.. ပြီးတော့

လမ်းခရီးမှာ အပြုအစု ထား

လို့ သူမ အများကြီး မခံစားရ​တာ

ပြီးတော့ မိန်းကလေးမှာ...''


"ကိုကို..."


ထိုအချိန် အခန်းထဲ ဝင်လာသော ခကြောင့်

သူတို့ စကားပြောတာ ရပ်သွား၍...ဓိ 

မနေ့က မျက်နှာနဲ့ ခြားနားစွာပြုံးရွှင်စွာ

ဝင်လာသော ခကို ကြည့်၍..


"ခ..မင်းဘာလာလုပ်တာလည်း... "


ခ ကိုကိုကို မျက်စောင်းလေးထိုး၍..


"ကြည့်..ကိုကိုကလေ ခက ကိုကို့ဆီ

မလာရတော့ဘူးလားပြော...''


ဓိ ဆေးထည့်ပြီးလို့ ပတ်တီးစီးထားသော

လက်မောင်းကို သူ ကြည့်၍ ထရပ်လိုက်

တော့...ခ မျက်ခုံးလေးပင့်သွားကာ..


"ကိုကို ဒါ..ဘယ်ကိုလည်း... "


"အကိုလေး ဆေးရုံဆင်းတော့မှာ မမလေးခ..."


ခ ကိုကို မျက်နှာတည်ကြီးကို ကြည့်၍

ပြုံးလိုက်ကာ...သူမ လက်ခုပ်လေးတီး၍..


"ဟယ်..မြန်တာ ကိုကိုကလည်း...

လာလေ..အဲဒါဆို သွားကြမယ်..."


ဓိ လည်း ဘာမှ ပြန်မပြောချင်တော့တာ

ကြောင့် သူမ နဲ့ လျှောက်လာချိန်

သူ အခန်းတစ်ခန်းဘက်ကို အကြည့်တို့

ရောက်သွားခိုက်..ရင်ထဲတွင် နာကျလာကာ

သူ မျက်နှာကို တင်း၍ လွဲလိုက်၍

ကရှိရာကို လျှောက်သွားလိုက်တော့သည်။


ခ က်ိုကိုကြည့်လိုက်သော အခန်းကို

ကြည့်၍ သူမသဘောပေါက်သွားကာ

ပျက်သွားသော မျက်နှာလေးကို ပြင်၍

ပြုံးလိုက်ကာ ကိုကို အနောက်ကို ပြေးလိုက်သွား

ပြီး ကိုကိုရဲ့လက်ကို ပြေးချိတ်၍....သူမပြုံးကာ

လျှောက်လာတော့သည်။


ခ ကိုကိုရဲ့ ချောမောလှသော မျက်နှာကို

ဘေးတစောင်းငဲ့ကြည့်၍


ကျေးဇူးပြုပြီး အခြေအနေလေးကို ဒီအတ်ိုင်း

လေးပဲ ရှိနေပေးပါ....


--------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


"ဟင်...မောင်ဇော်ဇော်...ဘာလုပ်နေတာ

လည်း သမီးရော သတိရပြီလား..."


ဇော် မုန့်ထုပ်တွေကိုင်ပြီး ပြန်လာချိန်

သူမရဲ့ အဖေနဲ့ တွေ့တော့ ပြုံးပြ၍

ခေါင်းငြိမ့်ပြကာ..


"ဟုတ်ကဲ့ အန်ကယ်...သူမ သတိရ

ပါပြီး ပြီးတော့ သူမစားဖိူ့ ကျွန်တော်

မုန့်လာဝယ်တာ ကျွန်တောိအန်ကယ်ကို

တစ်ခုလောက်ထပ်ပြီး တောင်းဆိုလို့ရမလား

အန်ကယ်..."


ဦးကျော်သူ ခေါင်းငြိမ့်၍..


"ရတယ် ပြောလေကွာ..."


"ဒီလိုပါ အန်ကယ် သူမကို 

ကယ်လာတဲ လူရဲ့ အကြောင်းကို

အန်ကယ့်ကို မေးရင် မဖြေပေးဖို့ပါ..."


"ဘယ်လို..မောင်ဇော်ဇော်  အန်ကယ်နား

မလည်ဘူး..."


ဇော် ခေါင်းငြိမ့်၍ သက်ပြင်းချကာ..


" သူမ အဲဒီလူအပေါ် ခံစားချက်

ရှိနေပြီ အန်ကယ် ပြီးတော့ သူ့မှာ

လက်ထပ်ရမဲ့ မိန်းကလေးလည့်း

ရှိနေတယ်ဆိုတာ အန်ကယ်လည်း

ကြားမိမှာပါ...ကျွန်တော်တို့ သူမကို

ပြောပြလိုက်ရင် ဒဏ်ရာတွေ ထပ်ပေးသလို

ဖြစ်မနေဘူးလား အန်ကယ်..."


ဦးကျော်သူ ထိုစကားကြောင့်

နားလည်စွာ ခေါင်းငြိမ့်၍..


"အန်ကယ်လည်း သမီးလေး ခံစား

ရမဲ့ ကိစ္စကို မဖြစ်စေချင်ဘူး

စိတ်ချပါ အန်ကယ်..မပြောပါဘူး...''


ထ်ိုအခါ ဇော် ပြုံးလိုက်၍..


"ကျေးဇူးပါ အန်ကယ်..."


"မဟုတ်တာကွာ အန်ကယ်က

ကျေးဇူးတင်ရမှာပါ..ပြီးတော့

သမီးလေးကို မောင်ဇော်ဇော် မေတ္တာ

မပျက်ပဲ ချစ်ပေးလို့ အန်ကယ်

ကျေးဇူးတင်ပါတယ်..."


ဇော်ဇော် ခေါင်းခါလိုက်ကာ..


"မဟုတ်တာ အန်ကယ်..ကျွန်တော်က

သူမကို အရင်ထည်းက တစ်ဖက်သက်

ချစ်နေရတဲ့သူပါ သူမကိုရဖို့ အန်ကယ်တို့

ဆီခွင့်တောင်းတော့ သဘောတူပေးခဲ့တည်းက ကျွန်တော် အန်ကယ်နဲ့ အန်တီအပေါ်

ကျေးဇူး တင်နေတာပါ.. စိတ်ချပါ အန်ကယ်

ကျွန်တော် သူမကို စိတ်ချမ်းသာအောင်

ထားသွားမှာပါ.."


ဦးကျော်သူ ဇော်ရဲ့ ပခုံးကို ပုတ်လိုက်ကာ..


"အန်ကယ်ယုံပါတယ်ကွယ်...

လာ သမီးဆီကို သွားကြရအောင်..."


"ဟုတ်ကဲ့ အန်ကယ်..."


နှစ်ယောက်သား ပြောပြီး သူမ

ရှိရာ အခန်းကို ထွက်လာခဲ့ကြတော့သည်။


သူတ်ိူ့ အခန်းထဲ ရောက်သွားတော့...

အခန်းထဲတွင် မရှိသော သူမကြောင့်

သူတို့ နှစ်​ယောက်လုံး မျက်လုံးပြူးသွားကာ..

ဘေးပတ်လည်ကို ကြည့်တော့လည်း

သူမကို မတွေ့...နှစ်​ယောက်သား အခန်း

ထဲတွင်လှည့်ပတ်ရှာ၍...


"မောင်ဇော်ဇော် သမီးက ဘယ်က်ို

သွားတာလည်းကွယ်..."


"ကျွန်တော် ထွက်လာတုံးက 

ရှိတယ် အန်ကယ်.."


"လာ အန်ကယ်တ်ို့ အပြင် ထွက်

ရှညရအောင်.."


"ဟုတ်ကဲ့..."


နှစ်ယောက်သား သူမအတွက်

စိုးရိမ်စွာ အခန်းထဲက ပြေးထွက်လာ

ခဲ့ကြသည်။


သူတို့ ဆေးရုံကြီးထဲ အနှံ့လျှောက်ရှာပင်

မဲ့လည်း သူမရဲ အရိပ်အယောင်ပင်

မတွေ့...


ဦးရန်အောင် ဆေးရုံ တံခါးအပြင်ဘက်

ပန်းအိုးတွေနားတွင် ထ်ိုင်ငိုနေသော

သမီး ဖြစ်သူကို သူတွေ့သွားကာ အနား

ကို တဖြည်းဖြည်းလျှောက်သွား၍...

ကျေကွဲစို့နစ်နေသော အသံဖြင့် သူခေါ်လိုက်ကာ...


"သမီး...."

 

သူမ ဝမ်းနည်းပြီး ထိုင်ငိုနေစဥ် 

ဖေဖေရဲ့ အသံကြားတာကြောင့် သူမ

မျက်ရည်တွေကျကြားကနေ မော့ကြည့်၍

ထရပ်လိုက် ကာ..


"ဖေဖေ.."


သူမ ဖေဖေဆီ ပြေးသွားပြီး ဖေဖေ

ရဲ နွေးထွေးလှသော ရင်ခွင်ထဲ ဝင်ကာ

အားရအောင် ငိုချလိုက်တော့သည်။


ဦးကျော်သူ သမီးရဲ ခံစားချက်တွေကို

နားလည်သူ ပီပီ...သမီးရဲ ပခုံးလေးကို

ဖက်ထား၍ လက်ကလေးနဲ့ အသာပုတ်ကာ..


"ငိုချလိုက် သမီး..စိတ်ကို တင်းမထနဲ့..."


"အဟင့်..ဟင့်..ဖေဖေ..သူ..သူလေ

သူမကို ကထိပေးထါးပြီး ကတိမတည်ဘူး

ဖေဖေ..ဟီး.....အဟင့်..ဟင့်..."


ဇော် ထိုမြင်ကွင်းကို သူရပ်ကြည့်၍

သူလည်း ရင်ထဲတွင်နာကျင်လာကာ

ပါးပြင်ပေါ် မျက်ရည်တွေ ကျလာ၍..


"မင်းရင်ထဲမှာ ကိုယ့်အတွက် နေရာ

ရှိတော့ဘူးလား သူမရယ်..."


----------------------============^^^^🍓🍓🍓🍓🍓🍓🍓


သူမ ဆေးရုံအခန်းထဲ ပြန်ရောက်တော့

စောစောက မြင်ကွင်းက သူမကို နှိပ်စက်နေသလို ပြန်မြင်ယောင်လာတော့သည်။


သူမ လေကောင်းလေသန့်ရူးရန်အတွက်

အခန်းထဲက တဖြည်းဖြည်း လျှောက်လာချိန်

သူ မှ သူအစစ်ပါ..မိန်းကလေးတစ်​ယောက်က

သူ့လက်ကို ချိတ်ပြီး ဘေးမှာ အစောင့်များစွာနဲ့ အေးဆေးစွာ ဆေးရုံထဲက ထွက်သွားကာ

ဘေးက မိန်းကလေးက သူ့ကို ကြည်သော

အကြည့်များဟာ သူမရဲ့ ရင်ထဲကို သံရေပူ

လောင်ချနေတဲ့ အတိုင်း သူမ ကြည့်ပြီး

ပူလောင်လှပါသည်ဖ။


သူမ တွေးပြီး မျက်ရည်တွေ ပါးပြင်

ပေါ် အဆက်မပြတ်စီးကျလာကာ..


ရှင့်ရင်ထဲမှာ သူမဟာ အရမ်းအပေါစား

ဆန်နေခဲ့သလား ရှင်ရယ်...


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: