"ကဗျာ...ဒီနေ့ ဆရာဝန်လာမှာ
နော် ကဗျာနေကောင်းအောင်...
လုပ်ရမယ်..."
ဒေါ်ကဗျာမေ ခေါင်းအုံးဆင့်ထတာ
ကို မှီရင်း သူနာပြုမလေး ရပတ်တိုက်
ပေးနေတာကို ငြိမ်နေစဥ် ခင်ပွန်း
ဖြစ်သူ အခန်းထဲ ဝင်လာကာပြောတော့
သူမ ခေါင်းငြိမ့်ပြကာ..
"ကို သမီး သတင်းကြားသေးလားဟင်.."
မျှော်လင့်တကြီးမေးနေသော ဇနီး
သည်ကြောင့် ဦးကျော်သူ သက်ပြင်း
ချ၍..ခေါင်းခါပြကာ..
"မကြားသေးဘူးကဗျာ..ဒါပင်မဲ့
ကိုယ်ရှားခိုင်းထားတဲ့ လူတွေ
သတင်းထူးတာနဲ့ ဖုန်းဆက်ကြမှာပါ..."
ဒေါ်ကဗျာမေ မျက်နှာလေးညိုးသွား၍..
"သမီးလေး အခု အချိန် ဘယ်မှာ
များရှိနေမလည်း မသိဘူးနော်..."
"ဟိုလေ..အန်တီရဲ့ သမီးက
ဓာတ်ပုံထဲက ချောချော ညီမလေးလား.."
သူနာပြုမလေးက ဒေါ်ကဗျာမေ
ကုတင်ဘေးက သမီး ဓာတ်ပုံကို
ကြည့်၍ မေးတော့ ဒေါ်ကဗျာမေ
ခေါင်းငြိမ့်လိုက်ကာ..
"ဟုတ်ပါတယ်ကွယ်..အဲဒါ အန်တီ
သမီး သူမတဲ့..."
"မိန်းကလေးက အန်တီနဲ့ တူလို့
ထင်တယ် အရမ်းလှတာပဲ...
အပြင်မှာဆို အတော်လှမယ်..."
ဒေါ်ကဗျာမေ ပြုံး၍...
"ဟုတ်တာပေါ့ အန်တီသမီးလေးက
အပြင်မှာ အရမ်းလှပြီး မိဘအပေါ်
ရိုသေတက်တဲ့ သမီးလေး..."
ဒေါ်ကဗျာမေ မျက်ရည်တွေကျလာတော့
သူနာပြုဆရာမလေး စိတ်မကောင်းစွာ...
"မိဘအပေါ်သိတက်တဲ့ သားသမီး
တိုင် ဒုက္ခမရောက်ပါဘူးအန်တီ..
မိန်းကလေး ကောင်းကောင်းမွန်မွန်
ရှိနေမှာပါ..."
"သူဌေး ဖုန်းလာပါတယ်ရှင်..."
ဦးကျော်သူ ဇနီသည်ကို ကြည့်နေတုံး
အိမ်အကူ ကောင်မလေးလာပြောတာ
ကြောင့် သူ ဖုန်းအနားသွားကာ
ကိုင်လိုက်၍...
"hello...."
"........"
"ဗျာ..တကယ်လားဗျာ...ဟုတ်ကဲ့
ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်း
လာခဲ့ပါ့မယ်..."
တစ်ဖက်က စကားကြောင့် ဦးကျော်
သူ မျက်နှာမှ ဝမ်းသာပျော်ရွှင်မှု
တွေနဲ့ ပြုံးနေကာ ဖုန်းချလိုက်၍
ဇနီးသည်ရဲ့ အခန်းဆီ ပြေးသွားကာ..
"ကဗျာ..ကိုယ်တို့ သမီးလေး
ပြန်တွေ့ပြီတဲ့...."
"ဟင်..."
ခင်ပွန်းသည်ရဲ့ ဝမ်းသာသော အသံ
တုန်တုန်ကြောင့် ဒေါ်ကဗျာမေ ဝမ်း
သာလွန်းလို့ မျက်ရည်တွေ ကျလာကာ..
"ကျွန်မသမီးလေး ပြန်တွေ့ပြီပေါ့..
ကျွန်မ သမီးလေး..."
ဦးကျော်သူ ဇနီးသည်ကို ကြည့်၍
ပြုံးကာ ခေါင်းငြိမ့်လိုက်၍..
"အဲဒါဆို ကိုယ်သမီး အနောက်လိုက်
သွားအုံးမယ်...."
"ဟင်.ကျွန်မလည်း လိုက်မယ်လေ..."
ဒေါ်ကဗျာမေရဲ့ အပြောကြောင့်
ဦးကျော်သူ ခေါင်းခါလိုက်ကာ..
"ကဗျာ..ခဏနေ ဆရာဝန်လာမယ်လေ
သမီးပြန်လာရင် ကဗျာကို အခုလိုပူံစံ
နဲ့ တွေ့ရင်သမီး စိတ်ကောင်းမှာ မဟုတ်ဘူး
အဲဒါကြောင့် အစားများများစား
ပြီးနေကောင်းအောင် အရင်လုပ်နော်
သမီးက အခု အဖျားကြောင့် ဆေးရုံမှာ
အသက်အန္တာရာယ် တော့ဘာမှမရှိတော့
ဘူးတဲ့...."
ဒေါ်ကဗျာမေ ပြုံး၍ ခေါင်းငြမ့်လိုက်ကာ..
"သမီးကို အမြန်ပြန်ခေါ်လာနော်..."
"ဟုတ်ပါပြီ..."
ဝမ်းသာစွာထွက်သွားသောခင်ပွန်း
ဖြစ်သူကို ကြည့်၍ သူမလည်း
ပျော်ရွှင်စွာပြုံးလိုက်မိသည်။
သမီးကို ပြန်တွေ့တာကြောင့် ဒေါ်ကဗျာ
မေ ရင်ထဲက ပျော်ရွှင်မှုတွေကတော့
ပြောပြမတက်လောက်အောင် ဖြစ်နေတာ
တော့ ဘေးက လူတိုင်း ကြည့်ယုံနဲ့ သ်််ိနိုင်ပါ
သည်။
---------------------&&-&---------------^^^^^🍓🍓🍓🍓🍓🍓🍓🍓
"အား...ကျစ်....သူမ..."
"ဟင်...."
ဘတ် အကိုလေးဘေးမှာထိုင်ိုက်နေ
တုံး အက်ိုလေးရဲ့ အသံကြောင့်
သူ လန့်နိုးသွား၍ ဝမ်းသာစွာ..
"အကိုလေး..အကိုလေး န်ိုးလာ
ပြီနော်...ဟီး..."
"ကျစ်..ဖယ်စမ်းပါကွာ..."
ဓိ သူ့ကို ဖက်ကာ ငိုနေသော ဘက်ကို
တွန့်ထုတ်ကာ ပြောသော်လည်း ဘတ်တစ်
ယောက် မလွှတ်န်ိုင်ဘဲ..ငိုနေသေးတာ
ကြောင့် ဓိ အသာ ငြိမ်နေလိုက်ပြီး...
"မင်းငါ့ကို အခုမလွတ်ရင် မင်းကို
ဝင်ကာပူရုံးခွဲ ပိုပစ်မယ်..''
အဲဒီတော့မှ ဘတ် လွတ်လိုက်၍..
"အကိုလေးကလည်းဗျာ..ဝမ်းနည်းလို့
ငိုတာပါဗျ...ကျွန်တော်အကိုလေးကို
ဘယ်လောက် လွမ်းနေလည်း သိရဲ့လား..."
စကားများနေသော ဘတ်ကို ဓီ
မျက်မှောင်ကြီးကုတ်ကာကြည့်၍..
သူ ဆေးရုံခန်းကြီးထဲကို ဝေ့ကြည့်၍...
"သူမ သူမရော.. ငါ့မိန်းမ..."
"ဗျာ..."
ဘတ် ကြောင်အစွာမေးတော့.ဓိ
သူ့ကို ကြည့်ကာ...
"ဘာဗျာလည်း ငါ...ချီလာတဲ့ သူမလေ..."
အဲတော့မှ ဘတ်သဘောပေါက်ကာ..
"သြော် အဲဒီ အမလေး အခြားအခန်းမှာ
အကိုလေး...အခု စိတ်ချသွားရပါပြီ
အဖျားမိတာပါ..."
ဓိ သူ့ကို ခြုံထားသော စောင်ကို
ဆွဲဖယ်ပစ်လိုက်၍...
"ငါ..သွားမယ်..."
"ဟာ..အကိုလေး မဖြစ်ဘူးလေဗျာ..ဆရာ
ဝန်က အခု အကိုလေးကို လှုပ်လှုပ် ရှား
ရှား မလုပ်ခိုင်ဘူး...."
ဓိ အတင်းထားနေသော ဘတ်ကို
မျက်ဝန်းခပ်စူးစူးကြည့်လိုက်တော့
ဘက် သွားဖီး၍ ရယ်ပြကာ..
"ဟဲဟဲ..ကျွန်တော်လိုက်ပို့ ပေးပါမယ်...."
ကျီ...ဂျောက်....
"သား...ဓိ..."
"ကိုကို...."
ထိုအချိန် တံခါးဖွင့်၍ စိုးရိမ်တကြီးနဲ့
ဝင်လာသော အန်တီတင်မမနဲ့ ခကြောင့်
ဓိ သက်ပြင်းအသာချ၍ ပြန်ပြုံးပြကာ...
ကုတင်ပေါ် ပြန်ထိုင်လိုက်ရသည်။
ဓိ မအိမသာထိုင်လိုက်တော့ ဘတ်မျာနှာ
ကတော့ ပြုံးစိစိဖြစ်နေတော့သည်။
"သား ဓိ ရယ် မသေကောင်း မပျောက်
ကောင်းကွယ်..အန်တီတို့ အခုမှ သိရတာ
သိသိချင်းအန်တီ သွေးတောင် တိုးတယ်ကွယ်..."
အန်တီ တင်မမပြောတော့ ဓိ ပြုံး၍..
"အန်တီ..အဲဒီလောက်လည်း မစ်ိုးရိမ်
ပါနဲ့ အခု ကျွန်တော် ဘာမှ မဖြစ်တော့ပါ
ဘူး..''
"အို..ဒါက မဖြစ်လို့လေ တစ်ခုခုသာ
ဖြစ်သွားကြည့် အန်တီ ဖြေသိမ့်နိုင်
မှာ မဟုတ်ဘူး..ပြီးတော့ နောက်တစ်ခါ
သား အဲဒီလို ခရီးတွေ မသွားပါနဲ့တော့ကွယ်..."
ဓိ ခေါင်းငြိမ့်၍ သူမ မျက်နှာလေး
ကို မြင်ယောင်ကာ ပြုံး၍..
"ဟုတ်ကဲ အန်တီ..ကျွန်တော်လည်း
မသွားဖြစ်တော့ပါဘူး....''
"ကောင်းတယ် သားရယ်..ပြီးတော့
ဒီမှာ မင်းညီမလေ မပြောမဆို မင်းအနောက်
ကို လိုက်သွားတယ်တဲ့ကွယ်..အန်တီ
မှာ ဘယ်ကို စုံစမ်းရမှန်းကို မသိဘူး
မိခ မွှေချက်က တော်သေးတာ နှစ်ယောက်
လုံး ကောင်းကောင်းမွန်မွန် ပြန်ရောက်လာ
လို့..."
အန်တီပြောတော့ ဓိ မျက်နှာမကောင်း
တဲ့ ခကို ကြည့်၍ သူပြုံးလိုက်ကာ..
"ဘာလို့ လိုက်လာတာလည်း ခ..."
ကိုကို အမေးကြောင့် ခခေါင်းလေး
ငုံ့၍..
"ကိုကို ကို့စိတ်မချလို့ပါ..."
ခ ကိုကို့ကိုစတွေ့တဲ့နေ့က သူမ
ကိုကို အခြားမိန်းမကို စိုးရိမ်းတ
ကြီး ပွေ့ချီလာတဲ့ မြင်ကွင်းက အခုထိ
မျက်လုံးထဲက မထွက်...
အကိုကို အခြားသူကို အခုလို စိုးရိမ်
တကြီးဖြစ်တာ ဒါပထမဆုံး ခမြင်ဖူး
ချင်းပင်....
ပြီးတော့ ထိုမိန်းကလေးကလည်း
ကိုကို လည်းပင်းကို ဖက်ထားတဲ့
ပုံက အားကိုးတကြီး ပင်...သူမက
ကိုကိုရဲ မ်ိန်းမဆိုတာလား..ပြီးတော့
ကိုဇော်ရဲ့ ချစ်သူဆိုတာ ခ အဲနေ့က
မှ သိလိုက်ရတော့သည်။
ခ ရင်ထဲ ထိုပုံရိပ်ကိုမြင်ပြီး အက်စစ်နဲ့
အပတ်ခံလိုက်ရသလို နှလုံးသား
တွေလည်း တစက်စက် နာကျင်ရပါသည်။
ဓိ ငိုင်ငိုင်လေး ဖြစ်သွားသော ခကို
ကြည့်၍...
"ခ....ညီမလေး....နောက်ဆို
အဲဒီလိုတွေ မလုပ်ပါနဲ့.."
ဘေးက ဒေါ်တင်မမနဲ့ ဘတ်
အလိုက်သိစွာ နှစ်ယောက်သား
အခန်းအပြင်ကို ထွက်သွားတော့
ဓိ သက်ပြင်းချ၍...ခကို ကြည့်ကာ..
"ကိုယ် အကြောင်း ခကြားပြီးပြီပေါ့..."
ခ ခေါင်းလေးမော့လာကာ ကိုကိုအနား
တိုးသွား၍..
"ကိုကို မဟုတ်ဘူး မဟုတ်လားဟင်..
အဲဒီမိန်းကလေးက ကိုဇော်ရဲ့ ချစ်သူလေ
ကိုကိုနဲ့မှ ဘာမှ မဆ်ိုင်တာ ဟုတ်တယ်
မဟုတ်လား..."
မျှော်လင့်တကြီး မေးလာသော ခကြောင့်
ဓိ သက်ပြင်းချ၍...
"သူမက ကိုကို မိန်းမ ဖြစ်နေပြီခ..."
ခ ကိုကို စကားကြောင့် ပါးပြင်
ပေါ်မှ မျက်ရည်တွေစီးကျလာ၍...
တောင့်တောင့်လေး ဖြစ်သွားတော့
ဓိ ခကို ငဲ့ကြည့်၍..
"ကိုကို ခအပေါ် အရင်ထဲက ညီမလေး
တစ်ယောက်လိုပဲ သံယောဇဉ် ရှိတာခ..
ပြီးတော့ ကိုကို...သူမကို ချစ်တယ်...
ကိုကို နဲ့သူမက ဇနီးမောင်နှံ တွေ ဖြစ်နေကြ
ပြီ..ခ..."
ခ ကျလာသော မျက်ရည်တွေကို သုတ်၍
ခေါင်းလေးမော့လိုက်ကာ မငိုမိအောင်
ထိန်းလိုက်ကာ...ကိုကို ကိုပြန်ကြည့်၍
စကားကို မနည်းအားတင်းပြီး....
"ကိုကို ပျော်ရွှင်ပါစေ..ကိုကို..."
ပြောပြီး ပြေးထွက်သွားသော ခကို
ဓိ ကြည့်နေလိုက်ပြီး သူ သက်ပြင်းချကာ
ထိုင်နေမိသည်။
အရင်ထဲက ခ သူ့အပေါ် ဘယ်လိုသဘော
ထားလည်းဆိုတာ သူရိပ်မိပါသည်။
သူ သူမနဲ့ မတွေ့ခဲ့ရင်လည်း ခရီးက
ပြန်ရောက်တာနဲ့ ခကို ညီမလေး
တစ်ယောက်လို သဘောထားတယ်
ဆိုတာ သူပြောကြမလို့ပါပဲ..အခုတော့..
အရာရာက ဖြစ်ပျက်လာကာ သူ
သူမနဲ တွေ့ခဲ့ပြီး သူမက သူ့နှလုံးသား
ရဲ့ ဘုရင်မ ဖြစ်လာခဲ့ပါပြီ...
"အကိုလေး...တကယ်ပဲ...
မိန်းကလေးက အကိုလေး
ရဲ့ ဇနီးလား..."
ထိုအချိန် ဘတ်ဝင်လာပြီး မေးလာတာ
ကြောင့်ဓိ ခေါင်းငြိမ့်လိုက်ကာ...
"ဟုတ်တယ်..မင်္ဂလာပွဲ အတွက်
ငါပိုင်တဲ့ ကျွန်းမှာ ပြင်ဆင်ရမယ်
ဘတ် အကောင်းဆူံး ပြင်ဆင်သူတွေ
ကိုခေါ် ငါသူမကို ကောင်းဆူံးတွေပဲ
ပေးချင်တယ်...တစ်ပတ်အတွင်း
ပြင်ဆင်ထားပါ..."
ဘတ် မမလေးခအတွက် စိတ်မကောင်း
မိသော်လည်း အကိုလေး သူချစ်တဲ့
မိန်းကလေးကို ပိုင်ဆိုင်ရတော့မှာကြောင့်
ပျော်ရွှင် နေပုံက သူ့ကိုပါ အပျော်တွေကူး
စက်စေပါသည်။
ဘတ် ခေါင်းငြိမ့်၍..
"စိတ်ချပါ အကိုလေး အကောင်း
ဆူံး ဖြစ်စေရပါမယ်.. ''
-----------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓
တိတ်ဆိတ်ပြီး သီးသန့်ခန်းကြီး
ထဲတွင် ကုတင်ပေါ့မှာ လဲလျောင်းနေသော
မိန်းကလေးတစ်ယောက်ဘေးတွင်
ကောင်လေးတစ်ယောက် တစ်ခုခုက်ို အသည်း
အသန်တွေးကာ ရှိနေတော့သည်။
ဇော် သူမ ရဲ့ အနည်းငယ် ပုံမှန် ပြန်
ဖြစ်လာသော မျက်နှာလေးကို သူ
ကြည့်၍ မနေ့က အဖြစ်အပျက်
တွေကို စဥ်းစားနေမိသည်။
သူမနဲ့ အတူ ရှိနေတာ ကိုအဓိပတိဆိုတာ
ဇော် မထင်ထားပေ။
သူမနဲ့ ကို အဓိပတိက သူတို့ပြောသလို
တကယ်ပဲ ဇနီးမောင်နှံတွေလား...
ဒါဆိုရင်တော့ မဖြစ်နိုင် သူမသူ့အပေါ်
အခုလို ကိစ္စမျိုး လုပ်မှာမဟုတ်... အထင်မှား
နေကြတာပဲ ဖြစ်နိုင်သည်။
ကိုအဓိပတိဇနီးက အခြားတစ်ယောက်
ဖြစ်လောက်မည်။
ဇော် မဖြစ်နိုင် တာကို တွေးတော့နေမိကာ
သူရင်ထဲမှာ ဆုတောင်းနေတာက
သူနဲ ကိုအဓိပတိ ဘာမှ မပတ်သတ်ဖို့ပင်။
"ကျီ....ဂျလောင်...''
"ဟင်..အန်ကယ်..."
ဦးကျော်သူ စိုးရိမ်တကြီး ဝင်လာတော့
ဇော်ထိုင်နေရာမှ ထရပ်လိုက်တော့
ဦးကျော်သူ ခေါင်းငြိမ့်ပြကာ..
"ထိုင်ပါ..ဇော်ဇော်..အန်ကယ်သမီး
လေး အခြေအနေက...''
"မစိရိမ်ရတော့ပါဘူး အန်ကယ်
ပင်ပန်းသွားတာကြောင့် အဖျား
ဝင်သွားတာပါ..."
ဦးကျော်သူ အခုထိ သတိမရ
သေးသော သမီး မျက်နှာလေး
ကို ကိုင်ကြည့်၍...
"အန်ကယ်...သမီးနဲ့ ပတ်သတ်ပြီး
အကုန်ကြားပြီ ပါပြီ..ဒါပင်မဲ့..
အန်ကယ်..ထိုကောင်လေးကို
တွေ့ချင်တယ် သမီးအခုလို ပြန်ရောက်
လာတာလည်း သူ့ကြောင့်လေ....သူက
တကယ်ပဲ KTK Groupရဲ့ ပိုင်ရှင်
မောင်ထးကထိကလား..."
"ဟုတ်ပါတယ် အန်ကယ်..."
ဇော် ခေါင်းငြိမ့် အဖြေပေးတော့
ဦးကျော်သူ ခေါင်းငြိမ့်လိုက်ကာ..
"မောင်ဇော်ဇော်ကိုလည်း အန်ကယ်
ကျေးဇူးတင်ပါတယ် အန္တရာယ်ရှိ
မှန်း သိရဲ့ နဲ့ သမီးအနောက်ကို
လိုက်သွားတာ အန်ကယ် ကျေးဇူး
အများကြီး တင်ပါတယ်..."
ဇော်ဇော် ခေါင်းငြိမ့်၍ အန်ကယ်ကို
ကြည့်၍ သူ ပြုံးလိုက်ကာ..
"ကျွန်တော်အန်ကယ်ကို တစ်ခုလောက်
တောင်းဆိုချင်ပါတယ်..."
"ဘာများလည်း ပြောလေကွာ..."
ဇော်သက်ပြင်းလေးချကာ..
"သူမ ကျန်းမာရေး ကောင်းလာတာ
နဲ့ ကျွန်တော့်ကို လက်ထပ်ခွင့်ပေးပါ..."
ဦးကျော်သူ ခေါင်းငြိမ်ပြ၍...
"အန်ကယ်က ဘာမှ ပြောစရာ
မရှိပါဘူး ပြီးတော့မင်းရဲ့အမေ..."
"ကျွန်တော် အမေကို ပြောပြီးပါပြီ
အဲဒီအတွက် စိတ်ချပါအန်ကယ်...''
ဦးကျော်သူ ခေါင်းငြိမ်ပြ၍...
"ကောင်းပါပြီး အန်ကယ် သဘောတူ
ပါတယ် ပြီးတော့ သမီးလေး သဘော
ကျရင် အန်ကယ် ဘာမှ ပြောစရာအကြောင်း
မရှိပါဘူး..."
ဇော်ဝမ်းသာစွာပြုံး၍...အန်ကယ်ကို
ကြည့်ကာ..
"ကျွန်တော်ကတိပေးပါတယ် အန်ကယ်
ကျွန်တော် သူမ ကို စိတ်ချမ်းသာပြီး
ပျော်ရွှင် အောင် ထားပါ့မယ်..."
ဦးကျော်သူ ခေါင်းငြိမ့်၍..
"မောင်ဇော်ဇော် ဒီမှာ ခဏနေ
ပေးအုံး အန်ကယ် ဆေးရုအုပ်ကြီး
နဲ့ သမီးအတွက် ဘာတွေလိုအပ်လည်း
ပြောလိုက်အုံးမယ်..."
"ဟုတ်ကဲ့ အန်ကယ်..."
ဇော် အန်ကယ် အခန်းအပြင်ဘက်
ပြန်ထွက်သွားတော့ သူမလက်ကလေး
ကို ကိုင်၍..
"သူမ မင်းသတိရလာရင်
ကိုယ်တို့ လက်ထပ်ကြမယ်နော်..."
ထိုအချိန် သူမလက်ကလေးလှုပ်လာ
တော့ ဇော် ဝမ်းသာသွားကာ..
"သူမ သူမ..မင်း..မင်း..သတိရ
လာပြီနော်..."
သူမ သူ့အသံမဟုတ်သော သူမအရင်
ရင်းနှီးသော အသံတစ်ခုကြောင့်
မျက်ဝန်းများကို ဖွင့်လိုက်တော့..ဇော်..
သူမကို ပြုံးပြီး ကြည့်နေသော ဇော်..
ဒါဆို သူ..သူရော..ဘယ်မှာလည်း..
သူမ မျက်ဝန်းလေး ရွေ့သွားပြီး အခန်း
ကြီးထဲကို ဝေ့ကြည့်သော်လည်း သူ့ကို
မတွေ့..သူမ ဇော်ကို ကြည့်၍...
"ဇော် သူမ ထိုင်ချင်တယ်..."
ဇော် ခေါင်းငြိမ့်ပြကာ သူမကို
ထူလိုက်ကာ သူမကိုယ်လေး
ကို ကျစ်နေအောင် ဖက်ထာကာ..
"ဝမ်းသာလိုက်တာသူမရယ်..ကိုယ်
အရမ်းဝမ်းသာတာပဲ..."
ထိုအချိန် အနည်းငယ်ဟနေသော
တံခါး အဝကနေ ထိုမြင်ကွင်းကို
လက်သီးဆုပ်၍ ကြည့်နေသော
ဓိ သူ မျက်နှာမှာ ခက်ထန်သွားကာ
ပြန်လှည့် လိုက်ပြီး အနောက်က
သူ့ကို ကြည့်နေသော ဘက်ကို
ပြန်ကြည့်၍..
"မင်္ဂလာပွဲ စီစဥ်ခိုင်းထားတာ
ဖျတ်လိုက်တော့..."
"ဗျာ..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း