"အကိုလေး..."
ဘတ်တို့ လျှောက်လာရင်း မထင်မှတ်ဘဲ
အကိုလေးကို သေနပ်ဖြင့်ချိန်ထားသော
လူကြောင့် သူတို့အနောက်ကနေ တဖြည်း
ဖြည်းလျှောက်လာ၍ သေနပ်များဖြင့် ထိုလူ
ရဲ့ကျောပြင်ကို ချိန်ထားပြီး.... အနောက်တွင်
ရပ်နေချ်ိန် ထိုလူက အကိုလေးကို ပစ်ဖိုလုပ်နေတော့ သူတို့ ထိူလူကို အနောက်ကနေ
ပစ်လိုက်ပင်မဲ့လည်း ထိူလူကလည်း အကိုလေးဆီကိုပစ်လိုက်ချိန် လဲကျသွားသော
အကိုလေးကြောင့် ဘက် အထိန့်တလန့်
ပြေးသွားကာ အကိုလေးအနား ဒူးထောက်
ထိုင်ချလိုက်သည်။
အကိုလေး လက်မောင်း
ကို ထိသွားသောကြောင့် သူ
အကိုလေးဆီအကြည့်ရောက်
သွားပြီး သူဖက်ထားသော
မိန်းကလေး ကိုတစ်ချက်ကြည့်လိုက်
တော့ ထိုမိန်းကလေးမှာ နှုတ်ခမ်းလေး
တွေ ဖြူဖျော့ကာ...သတိလစ်နေတာကြောင့်
စိုးရိမ်တကြီး သူ အကိုလေးကို ကြည့်လိုက်ကာ..
"အကိုလေး...မိန်းကလေးက...."
ဓိ လက်က သေနပ်မှန်သွားတာ
ကြောင့် သူ နာကျင်နေသော်လည်း
သူမကိုသာ စိုးရိမ်တကြီး ကြည့်၍..
"ဘက်..ကယ်ဆယ်ရေး အမြန်ခေါ်
ငါတို့..သူမကို ဆေးရုံအမြန်ပို့ရမယ်..."
ဒဏ်ရာရနေသော အကိုလေး သူ့ဒဏ်
ရာကိုတောင် ဂရုမစိုက်အားပဲ သူ့ရင်ခွင်
ထဲက သူမကိုသာ စိုးရိမ်တကြီးပြောနေတာ
ကြောင့် ဘက် ပြုံးချင်ချင် ဖြစ်သွားသော်လည်း မပြုံးရဲတာကြောင့်သူ
မျက်နှာကို ပြန်တည်ကာ...
"အကိုလေး...မကြာခင် ရောက်လာ
တော့မှာပါ..."
ထိုအချိန် သူတို့အနောက်ဘက်ကနေ
ထွက်လာသော ဆေးဆရာအဖွဲ့နဲ့
ကယ်ဆယ်ရေး နောက်တစ်ဖွဲ့အကူ
အညီနဲ့ သူတို့ တောထဲကနေ...
လမ်းမကြီးအပြင်ဘက်ကို ထွက်ဖို့
ပြင်ဆင်ကြတော့သည်။
လမ်းတစ်လျှောက် သူမကို ဓိ ဘယ်သူ့
ကိုမှ မချီခိုင်းပဲ သူကိုယ်တိုင်ပွေ့ထား၍
သူမ သက်သာအောင်
အဖျားပျောက်ဆေး ထိူးစေလိုက်ပြီး
ထိုလူတွေယူလာပေးသော ဝတ်စုံကို
သူ လဲပေးဖို့..သူလည့်ကြည့်လိုက်တော့
အကုန်လုံး မျက်လုံးပြူးကာကြည့်နေသော
ကြောင့် သူ မျက်မှောင်ကြုတ်သွားကာ...
"ဘာကြည့်ကြတာလည်း..တစ်ဖက်ကို
လှည့်နေကြ..."
ခပ်ပြတ်ပြတ်အေးစက်စက် ထွက်လာသော
အသံကြောင့် ဘက်အပါအဝင် အခြားသူ
အားလုံး ကျောချမ်းသွားကာ တစ်ဖက်ကို
လှည့်နေကြတော့သည်။
ဓိ သူမ ကိုယ်ပေါ်က အင်္ကျီတွေကို
တစ်ဖြည်းဖြည်းချွတ်လိုက်၍...
ပါလာသော အင်္ကျီနဲ့ ဘောင်းဘီကို
လဲဝတ်ပေးကါ..သူ...သူမကိုယ်လေး
ကို ပွေ့၍..
"သွားကြမယ်..."
"ဟာ..အကိုလေး လက်ကို ဆေးထည့်
ပေးအုံးမယ်လေ..."
ဘက်အပြေးအလွှားလာပြီး ဆိုးရိမ်
တကြီးပြောတော့ သူ ခေါင်းခါလိုက်ကာ..
"ရတယ် အချိန်တွေကြာသွားမယ်..
သူမကို လမ်းမကြီးကို ပြန်ခေါ်ပြီး
ရန်ကုန်ဆေးရုံကြီးကို အရောက်ခေါ်
သွားရမယ်..."
ပြောကာ အရှေ့က လျှောက်သွားသော
အကိုလေးကြောင့် ဘက်လည်း သက်ပြင်း
ချကာ လိုက်လာခဲ့သည်။
--------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
"ကိုဇော်....ရှင့် မိန်းကလေးက
ဒီတောထဲမှာ ရှိတာ သေချာရဲ့လား..."
ခ ငြိမ်နေသော ကိုဇော်ဇော်မိုးမြင့်ကို
မေးတော့ ဇော် ခေါင်းငြိမ့်၍..
"ဟုတ်တယ်...သူမ ဒီတောထဲမှာ
သေချာတယ် ပြီးတော့ သူမပျောက်တဲ့
ရက်ပဲ ဒီတောထဲကို ပြန်ပေးဆွဲခံရတဲ့.ရက်နဲ့
တစ်ရက်ထည်းပဲ..."
ခ ခေါင်းလေးငြိမ့်ပြ၍..
"ကိုဇော် ချစ်သူနာမည်က သူမလာဟင်..."
ဇော်ခေါင်းလေးငြိမ့်ပြ၍..
"ဟုတ်ပါတယ်..သူမနာမည်က
သူမတဲ့...ပြီးတော့ သူမက
ရိုးရိုးလေးနဲ့ အရမ်းလှပြီး ချစ်ဖို့
ကောင်းတယ်..လူကြီးဆန်ပြီး
ကျွန်တော်အပေါ်မှာလည်း သစ္စာရှိတယ်..."
သူ သူမအကြောင်းပြောတော့
မျက်နှာမှာ အပြုံးတို့က ဖြစ်ပေါ်လာ
ကာ သူ့ကို ကြည့်နေသော ခကို
ကြည့်၍..
"မင်းရော ဘာဆက်လုပ်မလည်း..."
ခလည်း အခုမှ သူမ အဖြစ်ကို
သတိရသွား၍..
"ဟင့်အင်း ခကတော့..ကိုကို
ကိုယ်လုံးဝ လက်မလွတ်နိုင်ဘူး...
ပြီးတော့..အဲဒီမိန်းမက နောက်မှ
ရောက်လာတာလေ..ခ..ကိုကို ကို
ပြန်ယူမှာ..."
တယူသန်တွေးနေသော ခကို
ဇော်ကြည့်၍..
"မဟုတ်ဘူးခ မင်းမှားနေပြီ..."
ခ မျက်ရည်တွေကျလာကာ
ရင်ထဲတွင် လောလောလက်လက်
ဖြစ်ထားသော အနာက ပြန်၍
နားလာပြီး သူမနှုတ်ခမ်းလေးကို
ဖိကိုက်၍..
"ဘာလည်း ကိုဇော်က ခကို လွန်တယ်
လို့ပြောချင်တာလား..."
ဇော် အစဖော်လိုက်မိတဲ့ သူ့ကိုယ်သူ
အပစ်တင်မိသွားကာ ခေါင်းခါလိုက်၍..
"မဟုတ်ဘူးခ မင်းခံစားချက်ကို
ကိုယ်နားလည်ပါတယ်...ပြီးတော့
ကိုကထိက ကလည်း အဲဒီ မိန်းကလေး
ကို သူတကယ်ချစ်လို့ ယူထားတယ်
ဆိုရင်ရော..."
ခ မျက်ရည်တွေကျ၍ ခေါင်းလေးခါရမ်း
လိုက်ကာ..
"ဟင့်အင်း..ခ. ခ..ကိုကို့ကိုယ်ယုံတယ်
ပြီးတော့ ကိုကိုလိုလူမျိုးက အဲဒီမိန်းက
လေးကို အချိန်ခဏလေးအတွင်းမှာ
ချစ်သွားမလား ပြီးတော့ အရင်က ကြိုက်က
အောင်လည်း ကိုကို အဲဒီလို ဘယ်မိန်းမနဲ့
မှ မပတ်သတ်ဖူးဘူး..."
သူမပြောတော့...ဇော် သက်ပြင်ချလိုက်ကာ.
"လူတစ်ယောက်က ချစ်မိပြီဆို
အချိန်တွေ အများကြီး မလိုအပ်ဘူး
ခ..ပြီးတော့ ကိုအဓိပတိလို လူမျိုးကလည်း
နုံအတဲ့ သူမှ မဟုတ်တာ မိန်းမတစ်ယောက်
လွယ်လွယ်လှည့်စားတာ ခံရတဲ့ သူမျိုးလည်း မဟုတ်ဘူးလေ....မင်းစဥ်းစားကြည့်ပေါ့.."
"အို..ဟင့်အင်း ဟင့်အင်း..ခ..ခ
ဘယ်လိုမှ သဘောထားမကြီး
ပေးနိုင်ဘူး...ပြီးတော့...
ခ ကိုကိုကိုယ်ပြန်ရအောင် ယူမှာ..."
ဇော် ခေါင်းမာလွန်းသော ခကို ကြည့်၍
သက်ပြင်းချလိုက်ကာ..ဘယ်သူ့ကို အပစ်
တင်ရမလည်း မသိတော့...
ကိုအဓိပတိကလည်း လက်ထပ်မဲ့ မိန်း
ကလေးရှိတာတောင် နောက်တစ်ယောက်
ကို အားချင်း ဘာလို့ လက်ထပ်ယူလိုက်တာ
လည်း.. ခကိုများ မချစ်လို့လည်း..ဒါဆိုလည်း
အကျိုးအကြောင်းတော့ မိန်းကလေးဘက်ကို
မပြောသင့်ဘူးလား ပြီးတော့...ခ သူနဲ့သာ
မတွေ့ဘဲ အခြားလူနဲ့သာတွေရင် မတွေးရဲတဲ့.အန္တရာယ်ကြားကို မကြောက်မရွံ့
လိုက်လာသော ခကို သူမတွေးပေးတော့ဘူး လား..သူ ငိုနေသော ခကို ကြည့်၍..သက်ပြင်း
ချရုံနေရုံမှ တစ်ပါး မတက်နိုင်တော့ပေ။
ဟိုမိန်းကလေးအစားလည်း ဇော်ရင်
မောမိိပါသည်။
---------------------------=======^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
"ဆရာ..ကျွန်တော်ဇနီး အခြေအနေက..."
ဦးကျော်သူ ဇနီးသည်ကို စမ်းသက်ပေး
သော ဆရာကို မျှော်လင့်တကြီးမေးတော့
ဒေါက်တာ ခေါင်းငြိမ့်၍..
" ခင်ဗျားဇနီးက တစ်ခုခုကြောင့်
စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတာ
ပြီးတော့..သူမ ကြာရင်နှလုံးရောဂါ
ရနိုင်တယ်..သူမ အရမ်းလန့်မဲ့စကား
တွေ သူမ ကို ခံစားရမဲ့ စကားတွေ
မပြောစေချင်ဘူးဗျာ...''
ဦးကျော်သူ ခေါင်းငြိမ့်၍..
"ဟုတ်ကဲဆရာ..ကျွန်တော်...
သူမ စိတ်ဆင်းရဲ မဲ့စကားတွေ
မပြောတော့ပါဘူး..."
"ဟုတ်ကဲ့..ဒါဆို ကျွန်တော်ကို
ခွင့်ပြု ပါအုံး..."
"ကျွန်တော် လိုက်ပို့ပေးမယ်လေ..."
ဦးကျော်သူ ပြောတော့ ဒေါက်တာ
လက်ကာပြ၍..
"နေပါဗျာ..အခုချိန် ဇနီးသည်အနား
မှာပဲ နေပြီး အားပေးပါဗျာ..."
ဦးကျော်သူ ခေါင်းငြိမ့်၍ ဒေါက်တာကို ကျေးဇူးတင်စွာကြည့်၍...
"ဟုတ်ကဲ့ပါဗျာ...ကျေးဇူးပါပဲ..."
ဦးကျော်သူ ဒေါက်တာကား ထွက်
သွားတာကို ကြည့်၍ သူ သက်ပြင်း
ချကာ ဇနီးသည် အခန်းထဲ ပြန်ဝင်
လာခဲ့သည်။
"မိန်းမ..သက်သာရဲ့လား."
ဦးကျော်သူ ဇနီးဖြစ်ကို အိပ်ယာ
ပေါ်က ထူပေး၍ မေးတော့ ဒေါ်ကဗျာမေ
နွမ်းလျှစွာ ခေါင်းကို အသာငြိမ့်၍..
"အင်း....သက်သာပါတယ်..
ရှင် Company မသွားဘူးလား..."
ဦးကျော်သူ အခုလို ဇနီးဖြစ်သူက
ဖြစ်နေတာ ဘယ်လိုပုံစံနဲ့ သူ အလုပ်
သွားနိုင်မှာလည်း..
သူခေါင်းခါပြ၍..
"ကိုယ် မသွားဘူး... မင်းကို
စိတ်မချလို့..."
ဒေါ်ကဗျာမေ ခေါင်းကို ခါရမ်း၍..
"မဟုတ်တာ ကဗျာ အဲဒီလောက်လည်း
မဆိုးပါဘူး...ကဗျာ...ရပါတယ်..."
ရက်အနည်းငယ်အတွင်းမှာ
သမီးစိတ်ကြောင့် အရမ်းပိန်ကျ
သွားသော ဇနီးသည်ကို သူ မသက်မသာ
ကြည့်၍..
"ကိုယ်က ရပါတယ် မင်းသာ
ကျန်မာရေးပြန်ကောင်းလာ
အောင်ဂရုစိုက်ပေးပါ..."
ဦးကျော်သူ ဇနီသည်ရဲ့ လက်ကလေး
ကိုကိုင်ကာပြောတော့ ဒေါ်ကဗျာမေ
ခေါင်းလေးငြိမ့်၍..
"ကို..ကျွန်မ သမီးလေး သတင်း
ကြားရပြီလားဟင်..."
မျှော့လင့်တကြီး ထပ်မေးလာသော
သူမကြောင့် ဦးကျော်သူ သက်ပြင်း
ကိုသာ ချ၍..
"မရသေးဘူး...ကဗျာ.. ဒါပင်မဲ့.မကြာ
ခင် တွေ့ရတော့မှာပါ ကိုယ်တို့သမီးလေး
ကို မကြာခင် တွေ့တော့မှာပါ..."
သူပြောသော်လည်း ဒေါ်ကဗျာမေ
မျက်ရည်တွေ စီးကျလာကာ..
"ကျွန်မ..ကျွန်မ သမီးလေးကို လွမ်းလိုက်
တာ...ကိုရယ်..."
ဦးကျော်သူ သူ့ရဲ့ ပခုံးပေါ်မှီလာသော
ဇနီးသည်ကို ဖတ်၍ သူပြုံးလိုက်ကာ..
"" စိတ်ချပါ ကဗျာရယ်...ကို...
သမီးကို တွေ့အောင် ရှာပေးမှာပါ..."
----------=================^^^^^^🍓🍓🍓🍓🍓🍓🍓
တောထဲကနေ တစ်လမ်းလုံး ဘက်
အကိုလေး အနောက်ကနေ လက်တစ်ကား
ကား ဖြစ်နေမိသည်။
"အကိုလေး မိန်းကလေးကို ကျွန်တော့်
ကိုပေးပါ အကိုလေး လက်မှာသွေးတွေ
ပိုထွက်လာပြီဗျ..."
ငိုသံကြီးနဲ့ ပြောလာသော ဘက်ကို
ဓိ လှည့်မကြည့်ဘဲ...
"ရတယ်..ရောက်တော့မှာပဲ ငါဘာမှ
မဖြစ်ဘူး သူမကို ဆေးရုံ အမြန်ပို့
ဖို့ပဲ အရေးကြီးတယ်..."
အဖွဲ့သားတွေ မိန်းကလေးကို
သယ်ပေးဖို့ ပြောသော်လည်း
မပေးသည့် အကိုလေးကြောင့်
ဘက် အကိုလေးအတွက် စိုးရိမ်.နေမိသည်။
လက်က ဒဏ်ရာကို ဆေးထည့်မယ်ဆိုတော့လည်း အထည့်မခံ...သူ ချီထားသော မိန်းကလေးကို ပေးဆိုတော့လည်း မပေးဘဲ
ဒဏ်ရာကြီးနဲ့ အနာခံကာ ပွေ့ချီလာသော
အကိုလေးကြောင့် ဘက်တို့ တစ်ဖွဲ့လူံး
စိုးရိမ်ပြီး မျက်နှာမကောင်းကြပေ။
ဓိ ဖြူဖက်ဖြူရော ဖြစ်နေသော
သူမ မျက်နှာလေးကိုသာကြည့်၍
စိုးရိမ်စိတ်တို့က ကြီးဆိုးလာကာ
ကျလာသော ချွေးတွေကိုလည်း သူ.မသုတ်အား..ဒဏ်ရာက သူမကိုယ်လေးကို ပွေ့
ချီထားသော ဒဏ်ကြောင့် အနည်းငယ်
ကိုက်ပြီး နာလာသော်လည်း သူ သူမ
ဆေးရူံ အမြန်ရောက်ဖို့ အရေးသာ အာရုံထား
လိုက်ပြီး ခြေထောက်တွေကို မြန်သထက်
မြန်အောင် လျှောက်လာလိုက်သည်။
တစ်ဖြည်းဖြည်း သူ မျက်လုံးတွေပါပြာ
နှမ်းလာတာကြောင့် သူ ခေါင်းကို ခါ
ရမ်းလိုက်၍ သူမ မျက်နှာလေးဆီ အကြည့်
ရောက်သွားကာ..
ကိုယ်..မင်းကို ဆေးရုံ အမြန်ပို့ပေး
မယ်..သူမ...
ဓိ မူးပြီး ပြာလာသော ခေါင်းကို ခါရမ်းလိုက်ပြီး လမ်းမပေါ်က ဆေးရုံကားတွေနဲ့
ကယ်ဆယ်ရေးကားတွေကို မြင်လိုက်တော့..
သူပြုံးလိုက်ကာ..
"သူမ ကိုယ်တို့ ရောက်ပြီ...သိလား..."
"ဟာ..အကိုလေး..."
ဘက်တို့ အုပ်စု မိန်းကလေးကို ပွေ့ချီ
ထားရက်နဲ့ တအိအိ လဲကျလာသော
အကိုလေးကို ထိန်းသူက ထိန်း မိန်းကလေး
ကို ပွေ့သာက ပွေ့ခေါ်ကာ အလုပ်ရုပ်သွား
တော့သည်။
"အကိုလေး..အကိုလေး..."
ဓိ ဘက်ခေါ်နေတာကြားသော်လည်း
မျက်ဝန်းတွေ မဖွင့် နိုင်တော့စွာ..
"သူမ.. သူမကို ဆေးရုံ အမြန်ပို့.ပေး..."
ပြောပြီး မလှုပ်တော့တဲ့ အကိုလေး
ကြောင့် ဘက် ပြူပြာသွားကာ..
"အကိုလေး...အကိုလေး...''
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း