"ဖတ်....ဟာ...."
မနက် မိုးလင်းတာနဲ့ သူ့ရင်ဘတ်ကို
လာရိုက်၍ မကျေမနပ်ကြည့်နေသော
သူမကြောင့် ဓီ လန့်နိုးသွားပြီး သူမကို
ကြည့်၍..
"သူမ မင်းဘာဖြစ်လို့လည်း...."
သူမ သူ့ကို ကြည့်၍ မျက်နှာလေး
လွဲလိုက်ကာ..နှုတ်ခမ်းလေးမှာ
ညက မိုးရေမိထားသော အရှိန်
ကြောင့် ဖြူဖတ်ဖြူရော ဖြစ်နေကာ
သူမ နေလို့လည်း အဆင်မပြေ။
သူမ သူ့ကို ပြန်ကြည့်၍...
"သူမ သူမတို့ ဘယ်တော့မှ ဒီတောထဲ
ကြီးထဲ က ထွက်လို့ရမှာလည်းဟင်..."
ဒူးလေးစုလိုက်၍ မျက်ရည်တွေ
စီးကျစွာ ပြောလာသော သူမကြောင့်
ဓိ အိပ်ရေးမဝသေးသော မျက်ဝန်း
တွေပါ ပြူးသွား၍ သူမ လေးကို
ဖက်ထားလိုက်တော့..
"ဟာ..သူမ မင်း..မင်း ကိုယ်တွေပူ
နေပါလား..."
ပြောကာ ဓိ သူမနဖူး လေးကို နမ်းလိုက်
ဆံပင်လေးကို သပ်ပေးလိုက်နဲ့ တစ်ယောက်
ထည်း ပြာယာတွေခပ်စွာ စိုးရိမ်ပူပန်
မှုတွေဖြင့် သူ မျက်ဝန်းလေးတွေ မှေးစင်း
သွားသော သူမကို ဓိ ဆိုးရိမ်သွားကာ
ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတော့သည်။
"သူမ..ကလေး..ကိုယ့်ကို
မနောက်နဲ့ကွာ...ထနော်...ကိုယ်
မင်းကို ရန်ကုန်ကို ပြန်ရောက်အောင်
ခေါ်သွားပေးမယ်နော်....အခုတော့
ထပြီး အားတင်းထားပါအုံးကွာနော်..."
ဓိ သူမ လေးကို ရင်ခွင်ထဲ ပွေ့ချီ
ထားပြီး သူ သူမ နဖူးလေးကို
စမ်းလိုက် ဆံပင်လေးကို သပ်လိုက်
နဲ့ တစ်ယောက်ထည်း အလုပ်ရူပ်နေတော့သည်။
သူမ သူပြောတာတွေ ကြားပင်မဲ့လည်း
သူမ အရမ်းပင်ပန်းလွန်လို့ လူက
အိပ်ချင်လာကာ ဘာစကားမှ ပြန်မပြော
နိုင်တော့ပေ။
သူမ တကယ်လို့သာ တော်ထဲမှာတင်
တစ်ခုခု သာဖြစ်သွားရင် မေမေနဲ့ ဖေဖေ
သူမကြောင့် ငိုနေရတော့မည်။
ဇော် သူမ သူ့အပေါ် သစ္စာဖောက်
မိနေပြီ ဖြစ်သည်။
သူမ ဇော်ကိုလည်း တောင်းပန်ချင်သေး
သည်။
ပြီးတော့..သူ..သူလမ်းတစ်လျှောက်လုံး
သူမကို စောင့်ရှောက်လာတာ သူမတို့
တစ်ယောက်ကို တစ်ယောက်မသိပင်မဲ့လည်း
အတူနေရတဲ့ ရက်တွေမှာ သူမ သူ့ကို
သံယောဇဉ် ဖြစ်မိနေပါပြီ...
ပြီးတော့...သူ့ကို သူမကြောင့်လည်း
မျက်ရည်တွေ မကျစေချင်တော့ပေ။
သူမ လက်ကလေးမြှောက်တက်၍..
သူ့ကို စိုးရိမ်စွာ သူမနဖူးလေးနမ်း
လိုက် တင်းကြပ်စွာဖက်ထားလိုက်
ဆံပင်လေး သပ်ပေသလိုက်နဲ့ အနွေး
ဓာတ်ရအောင် လုပ်ပေးနေသော
သူ့ပါးပြင်ကို သူမ လက်ကလေးနဲ့.အသာ
ကိုင်၍....စိတ်ကို တင်းကာ...
"သူမ..သူမလေ အရမ်းချမ်းတယ်..."
ဓိ သူတောင် တဖြည်းဖြည်း နဲ့ အားအင်
တွေကုန်လာကာ...လူက လဲချင်သလို
ဖြစ်နေတာ အခု သူမလို လှပတဲ့ မိန်းကလေး
က ဒီဒဏ်တွေကို ဘယ်ခံနိုင်တော့မလည်း..
အရေးထည်း သူ သူမအပေါ်
ဆိုးခဲ့မိတာတွေအတွက်လည်း
ဓိ ကိုယ့်ကိုကိုယ် ဒေါသဖြစ်နေမိသည်။
သူသာ သူမအပေါ် အခွင့်အရေးတွေ
မယူခဲ့ရင် သူမလည်း အခုလို ဖြစ်မည်
မဟုတ်သေးပေ။
"ကိုယ့်ကြောင့် မင်း အားအင်တွေ
ကုန်လာတာ..ကိုယ့်ကြောင့်ပါ သူမရယ်..."
သူ စိုးရိမ်တကြီးပြောနေတော့သူမ
ရှိသမျှအားလေးနဲ့ ပြုံးလိုက်၍ ခေါင်း
လေးကို အသာ ခါ၍...
"မဟုတ်ဘူး သူမ သူမ.... ရာသီဥ
တုဒဏ်ကို မခံနိုင်တော့လို့ပါ..."
ဓိ ခေါင်းလေးငြိမ့်ကာ သူမ ကိုယ်
လေးကို လွတ်ထွက်သွားမည့် အလား
တင်းကြပ်အောင် ဖက်ထား၍...
"သူမ မင်းအခု အိပ်ရေးဝအောင်
အိပ်လိုက်နော်..ကိုယ်မင်းကို
စောင့်နေပေးမယ်သိလား..."
သူမ ခေါင်းလေး ခါရမ်း၍..
"သူ..သူမကို တားခဲ့ပြီး ရှင်သွား
လိုက်ပါ..."
ဓိ ခေါင်းကို ခါရမ်း၍ သူမ နဖူးလေး
ကိုနမ်းရှိုက်ကာ..
"ကိုယ်မသွားဘူး သူမ
ကိုယ်..မင်းကို ဘယ်တော့မှ
မထားခဲ့နိုင်သလို ခွဲလည်း မခွဲနိုင်
ဘူးသူမ...နော်..သူမ ကိုယ် မင်းကို
ချစ်တယ်..."
သူပြောနေသော်လည်း သူမတစ်ယောက်
တော့ အဖျားအရှိန်နဲ့ အိပ်ပျော်သွားခဲ့
ပြီ ဖြစ်သည်။
ဓီ သူမကိုယ်လေးကို ပွေ့၍..အနီးက
ရေစပ်လေးအနား သွားကာ..ရေအနည်း
ငယ်ယူ၍ မျက်နှာလေးအရင် သစ်ပေး
ပြီး သူ အရမ်းပူနေသော သူမ ကိုယ်လေး
ကြောင့် သူ ရေပတ်တိုက်ပေးရန်..ဆုံးဖြတ်
လိုက်၍..သူ သူမလေးကိူ ကျောက်တုံး
ကြီးအနား မှီစေလိုက်ကာ...ဓိ သူ့ရဲ့အင်္ကျီကို
ချွတ်၍ ဘေးက ရေနဲ့ စွပ်လိုက်ကာ
သူမ လက်ဖျား.လက်မောင်း လည်းပင်း
လေးတွေကို တဖြည်းဖြည်းရေပတ်တိုက်ပေးကါ သူ သူမရဲ့ မျက်နှာ ဖြူဖတ်ဖတ်လေးကို
ကြည့်၍..
"မင်း..ဘာမှ မဖြစ်ရဘူး သူမ..."
--------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
"တီ..တီ...တီ...."
"ဟာ..အကိုလေး ဘက်တို့နဲ့
လိုင်းမိပြီ...."
IT သမားလေး သီဟ အပြောကြောင့်
ဇော်နဲ့ ငိုနေသော ခတို့ နှစ်ယောက်သား
ပြူးပြာကာ အနားလျှောက်သွားလိုက်၍..
"သီဟ..ကုဘတ်ဘာပြောသေလည်း.. "
သီဟ ခဏနေအုံးဆိုသည့်သဘော
ဖြင့် လက်ကာပြ၍ သူ Computer
ဆော့ဝဲလ် ကို အသည်းအသန်ရေး
မေချ်ိန်..
"ဟယ်လို..ဟယ်လို သီဟ..ကြားလား..."
ဘေးက ဖုန်းထဲကနေ ကိုဘက်အသံ
ကြောင့် သီဟ အမြန်ယူ၍...
"ဟယ်လို ကိုဘက် ကျွန်တော်ကြား
ပြီ.. "
"မင်းလိုင်း ဘယ်နှစ်မိနစ်ခံလည်း..."
သီဟ computer ပေါ်က စာကို
တစ်ချက် ကြည့်၍..
"၃မိနစ်ပဲ ရမယ်ကိုဘက်..."
"အဲဒါဆို ငါပြောတာ သေချာနား
ထောင် အခု ကယ်ဆယ်ရေးတွေ
လာပြီလား.."
"လေယာဥ်တွေက ဒီလမ်းကြောင်း
မုန်တိုင်းဖြစ်လို့ ညနေမှ ရောက်လောက်
မယ် ကုန်း ကယ်ဆယ်ရေးတော့ ငါးဖွဲ့
ထပ်ရောက်လာပြီ...ကျွန်တော် ဘယ်လို
လုပ်ရမလည်း.. "
"အဲဒါဆို အကုန်လွတ်လိုက်..တောအနက်
ကိုဝင်ခါနီ လမ်းသွယ်တွေ တွေ့လိမ့်မယ်..
အစွန်းဆုံး လမ်းသွယ်ကို သုံးဖွဲ့သွားခိုင်း အကိုလေးတို့
အဲဒီဘက်မှာ ဖြစ်ဖို့ မျာတယ် ငါတို့လည်း
အဲဒီဘက်ကို သွားနေပြီ လေယာဥ်ရောက်
ရင်လည်း အဲဒီဘက်ခြမ်းကို ရှာခိုင်.."
"ဟုတ်ကဲ့..ကိုဘက်..."
"ပြီးတော့ မင်းဆီကို တောထဲက
ဒဏ်ရာ ရတဲ့တစ်ယောက် ရောက်
လာပြီလား.."
"ရောက်ပြီ အကိုလေး ခြေထောက်
ထိထားတော့သူ့ကို အရေးပေါ်အခြေအနေ
နဲ့ ရန်ကုန်ဆေးရုံ ပို့လိုက်ပြီ..."
"အေးကောင်းတယ် ဘယ်မှတော့
မသွားစေနဲ့အူံး..."
"ဒီမှာ..အဲဒီမှာ ကျွန်တော်ကောင်မလေး
သူမကိုရော တွေ့မိလား..."
ဇော် သူမအတွက် စ်ိုးရိမ်လာ၍...
အသနအသည်မေးတော့..တစ်ဖက်က
အသံ ခဏတိတ်သွားပြီးမှ..
"အဲဒါတော့မသိဘူးဗျ..အကိုလေးနဲ့
သူ့ဇနီးလို့ပဲ ပြောတယ်..."
"ဘယ်လိူ..."
တီ..တီ..တီ....
ထိုအချိန် လိုင်းကျသွားသော ဖုန်း
ကြောင့် သီဟ အသည်းအသန်
ဆော့ဝဲလ် အသစ်ပြန်ကြိုးစားရေး
နေသော်လည်း မရတော့ပေ။
ဇော် သူမအကြောင်း မကြားတာကြောင့်
သူတွေတွေကြီး ဖြစ်သွားသလောက် ဘေးက
ခတစ်ယောက်လည်း ကိုဘက်ပြောတဲ့
ကိုကိုရဲ ဇနီးဆိုတာကြောင့် သူမ မင်သက်နေရာ... မျက်ရည်တွေ ပါးပြင်ပေါ်စီးကျလာ၍..
"ကိုကိုက... ဇနီးရှိနေတယ်တဲ့လား..."
သူမ အသိမရှိသူ တစ်ယောက်လို
တိုးတိုးလေး ရေရွတ်လိုက်တော့..
ဇော်သတိပြန်ဝင်လာကာ ခကို ကြည့်၍
သူလည်း သူမအတွက် စိတ်ထဲမကောင်းပေ။
ကိုအဓိပတိ နဲ့ ခက လက်ထပ်မဲ့သူတွေ
ဆိုတာ လူတွေသိပင်မဲ့လည်း အခုတော့
ကို အဓိပတိဆီမှာ ဇနီးရှိနေပြီဆိုတာကြောင့်
ခ တစ်ယောက် ဘယ်လို ခံစားရမလည်း
ဆိုတာလည်း သူနားလည်ပါသည်။
ဒါကြောင့် တွေတွေလေးရှိနေသော
သူမအနားကို ဇော်တိုးသွားလိုက်၍..
"ခ..မင်း..မင်းအဆင်ပြေရဲ့လား..."
ခ မျက်ရည်တွေ စီးကျလာပြီး
အသိမဲ့သူတစ်ယောက်လို ဖြစ်နေကာ
ခကို လာခေါ်ပြီး မေးနေသော သူ့ကိုလည်း
ခ ဖြေဖို့ အင်းအားပင် မရှိတော့ပေ။
တကယ်ပဲ ကိုကိုက မိန်းမရှိနေခဲ့တာလည်း
မသွားခင်ကတောင် ခက်ို ပြုံးရွှင်
စွာနှုတ်ဆက်သွားတဲ့ ကိုကိုက လက်ထပ်
ထားတာလား..
ခတွေး၍ သူမ ပါးပြင်ပေါ်က
မျက်ရည်တွေကို သုတ်ပစ်၍..
ခေါင်းလေးခါလိုက်ကာ..
"ဟင့်အင်း..ကိုကို မှာမိန်းမ မရှိပါ
ဘူး ကိုကိုက ခနဲ့ပဲ လက်ထပ်မှာ
ကိူဘက် အထင်မှားတာနေမှာ
ကိုက််ို မိန်းမရှိတယ်လို့ ပြောရအောင်
လည်း အခု အချိန်ထိ ကိုဘက်နဲ့ ကိုကိုက
အဆက်သွယ်မှ မဏသေးတယ်..
ဟုတ်တယ် မဟုတ်လား..ဟင်..."
မျက်ရည်တွေ စီးကျလာကာ
ပြောလာသော ခကြောင့်
သီဟရော ဇော်ပါ သက်ပြင်းချ၍
နှစ်ယောက်လို ဘယ်လို နှစ်သိမ့်
ရမလည်းဆိုတယ မသိ။
ထိုအတူ ဇော်ရင်ထဲမှာလည်း
သူမ မပါလာမှာ သေမတက်ကြောက်
နေမိသည်။
အကယ်၍ သူမသာ ဒီတောထဲမှာ
မရှိခဲ့ရင်.. သူ..ဘာဆက်လုပ်ရမလည်း
တောထဲကိုပဲ ပြေးဝင်ရှာရမလား..
ဒါမှ မဟုတ်..သူမ ဘယ်ကိုများ
ရောက်နေမလည်း ကျေးဇူးပြုပြီး
အန္တရာယ် ကင်းစွာ ရှိနေပေးပါ သူမရယ်....
-----------------------------------==-^^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"မေမေ..သူမ မေမေကို လွမ်းတယ်
နော်..သူမ မေမေကို အရမ်းချစ်တယ်
ဖေဖေကိုလည်း စောင့်ရှောက်ပေးပါ
မေမေ..."
ဒေါ်ကဗျာ ခေါင်းလေးကို ခါရမ်း၍
မျက်ရည်တွေကျကာ ပြောနေသော
သမီးကို ကြည့်၍ သူမ အားရအောင်
ငိုချလိုက်ပြီး...
"အဟင့်..ဟင့်အင်း..မေမေသမီးလေး
မေမေ အနားက မသွားရဘူး..မေမေ..
သမီးလေးကို မခွဲန်ိုင်ဘူး သမီးလေး
မေမေဆီ ပြန်လာနော်.. "
သူမ မျက်ရည်တွေကျ၍ လက်ကလေး
ကမ်းပေးကါ ခေါ်နေသော်လည်း သမီး
လေးက သူမကို မျက်ရည် တွေဖြင့်ကြည့်၍
ခေါင်းလေး ခါရမ်းကာ..
"ဟင့်အင်း မေမေ..သူမ သူ့ကို သူ့ကို
ထားခဲ့လိူ့မရဘူး သူ သူကလေ
သူမ မရှိရင် သူ အရမ်းငိုနေလိမ့်မယိ..
ပြီးတော့သူမ သူမ မေမေအနားလာချင်
ပါတယိ..သူမ လာလို့ မရဘူးမေမေ..
သူမ သူမ မေမေနဲ့ ဖေဖေကိူ အရမ်းချစ်တယ်..."
ပြောပြီး တောနက်ကြီးထဲကို ပြေးဝင်
သွားသော သမီး ဖြစ်သူကြောင့်
ဒေါ်ကဗျာမေ ခေါင်းကို အသည်းအသန်
ခါရမ်းလိုက်၍..
"မဟုတ်ဘူး သမီးမသွားနဲ့...မသွားရဘူး
မေမေနဲ့ နေပါသမီးရယ်..သမီးလေး...
မသွားရဘူးနော်..သမီး..သမီ...ဟီး...အဟင့်..
ဟင့်..သမီးလေး..."
"ဟာ..ကဗျာ..ဘာဖြစ်တာလည်းကွာ..."
ဦးကျော်သူ ဇနီးသည်အိပ်နေတုံး
သမီးအကြောင်းစုံစမ်းခိုင်းထားသော
လူတွေနဲ့ ဆက်သွားပြီး အခန်းပြန်ဝင်လာတော့..ထအော်ပြီး ငိုနေသော ဇနီးဖြစ်သူ
ကြောင့် သူ အခန်းထဲ ပြေးဝင်လာကာ
ချွေးတွေရွဲကာ ငိုနေသော ဇနီးသည်
ကို သူ ဖက်ထား၍..
"ကဗျာရယ်...ကိုယ့်က်ို သနားရင်
အခုလို ကြီး မနေပါနဲ့ကွာ..."
ဒေါ်ကဗျာ ခင်ပွန်းသည်ရဲ့ ရင်ခွင်ထဲ
မှာ အားရအောင် ရိုက်ငို၍..
"ဟင့်..ဟင်..ကို..သ..သမီးလေးကလေ
ကဗျာကို အရမ်းသတိရတယ်တဲ့..ရှင့်ကိုလည်း အရမ်းချစ်တယ်တဲ့ ပြီးတော့ ကဗျာ
ခေါ်နေတာကို တောထဲကို ပြန်ပြေးဝင်
သွားတယ်ရှင်...ကျွန်မ သမီးလေး ဒက္ခတော့
ရောက်နေပြီ ထင်ပါတယ်..."
ဇနီးသည် အိမ်မက်ကြောင့် ဦးကျော်သူ
လည်း စိတ်ထဲ မကောင်း ဖြစ်သွားကာ..
"ကဗျာရယ်..အဲလောက်ကြီးလည်း
စီတ်ထဲ မနှစ်ထားနဲ့လေ..အဲဒါကြောင့်
အိမ်မက် မက်နေတာ ဖြစ်မှာပါ
အခု နေ့လည် ဘက်ဆိုတော့ မကောင်း
တဲ့ အိမ်မက်တွေ များတယ် ကဗျာရဲ့..."
ဒေါ်ကဗျာ ခေါင်းလေးကို ခါရမ်း၍
မျက်ရည်တွေ စီးကျလာကာ..
"ဟင့်အင်း မဟုတ်ဘူး ကျွန်မ
ကျွန်မ သိတယ်..ကျွန်မသမီးလေး
ဒုက္ခရောက်နေပြီ.. အဟင့်..ဟီး...
ကျွန်မ သမီးလေးကို ကယ်ပေးပါ
ရှင်..."
ပြောကာ ငိုချလိုက်သော သမီးဖြစ်သူ
ကြောင့် ဦးကျော်သူလည်း ရင်ထဲ
မကောင်းတော့..သူလည်း ဇနီးသည်ကို
ဖက်ထာ၍ မျက်ရည် တွေကျလာက..
"စိတ်ချပါ..ကိုယ်ရအောင် ရှာပေးမယ်..
ကိုယ်တို့ သမီးလေးကို ကိုယ်ရအောင်
ရှာပေးမယ်နော်...."
သူပြောနေသော်လည်း နှစ်ဦးလူံး ရင်တွင်
တော့ မုန်တိုင်းတွေ ထန်နေဆဲပင်။
------------------------------==-==-===^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
ဓိ သူမကို ရေပတ်တိုက်ပြီး အရိပ်
ရသော အပင်အောက်မှာ ခဏထား
ကာ သူအင်္ကျီကို နေပူမှာ လှမ်းထား၍
သူ သူ့အနားပြန်လျှောက်လာကာ..
ရင်ခွင်ထဲကို သူမလေးကို ပြန်ထည့်
ဖက်ထားပြီး သူ သူန နဖူးလေးကို
နမြး၍..
"သူမ မင်း သတိရလာပါတော့..
ကိုယ့်ကို ထပြီး ရန်တွေ့အုံးလေးကွာ..."
ဓိ အပူကျအောင် သူမကို လုပ်ပေး
ထားပင်မဲ့ အခု ထိ သူမက သတိမရသေးပေ။
ဓိ မျက်ရည်ခိုင်သူ ဖြစ်သော်လည် အခုတော့
သူမနဲ့ ပတ်သတ်ပြီး ရင်ထဲမှာ မုန်တိုင်း
တွေဝင်နေကာ မျက်ရည်တွေပါ စီးကျလာ
၍ သူ သူ့ပါးပြင်ကြီးနဲ့ သူမ ပါးပြင် နွေးနွေး
လေးကိူ ကပ်ထား၍...
"သူမ မင်းသတိရလာပါတော့ကွာ..
ကိုယ့်ကို ရန်ထတွေ့အုံးလေ..."
သူပြောနေသော်လည်း သူမကတော့
လှုပ်မလာပေ။
ဓိ သူ့ရဲ့ လှမ်းထားသော အင်္ကျီ
ခြောက်လာပြီ ဖြစ်တာကြောင့်
သူ သူမကို အပင်ကို မှီစေ၍
အင်္ကျီသွားယူကာ ဝတ်လိုက်ပြီး
သူမ ကိုယ်လေးကို ပွေ့ချီလိုက်ကာ..
"စိတ်ချ သူမ မင်းဘာမှ မဖြစ်စေ
ရဘူး ကိုယ်မင်းကို လမ်းမကြီး
ပေါ်ကို ပြန်ခေါ်သွားပေးမယ်..."
ဓိယောကျာ်းလေး ဖြစ်တာကြောင့်
ခံနိုင်ရည် ရှိပင်မဲ့လည်း သူလည်း
သူမကြောင့် မနည်းအားတင်းထား
ရတာ သူ့ကိုယ်သူပဲ သိသည်။
သူ သူမကိုပွေ့ချီ၍ လျှောက်လာပြီး
သူမမျက်နှာလေးကို ကြည့်လိုက်
အရှေ့ကို လျှောက်လိုက်နဲ့ အလုပ်
ရူပ်နေမိသည်။
သူမ တဖြည်းဖြည်း မျက်လုံးလေး
ပွင့်လာကာ သူမကို ချီ၍ လမ်းလျှောက်
နေသော သူ့ကို ကြည့်၍..
"ရှင်. .မလေးဘူးလား...သူမကို
အရှေ့မှာ ခဏချပေးပါ..သူမ
လမ်းလျှောက်ပါ့မယ်..."
နှုတ်ခမ်းလေး လှုပ်ရုံမျှသာပြောလာ
သော သူမရဲ့ အသံသဲ့သဲ့လေးကြောင့်
ဓိ ဝမ်းသာသွား၍..
"သူမ မင်းသတိရလာပြီနော်..ကိုယ်
ဝမ်းသာလိုက်တာ..ရတယ်...ကိုယ်
မင်းကို လမ်းမကြီးအပေါ်ရောက်
အောင် ခေါ်သွားမယ်..."
သူ့အပြောကြောင့် သူမ အားအင်
မျက်ဝန်းလေးတွေ မှေးစင်း၍
နှုတ်ခမ်းလေးတွန့်ကာ ပြုံးပြီး...
"သူမ... သူမ.. ရှင့်ကို ကျေးဇူးတင်ပါတယ်..."
ဓိ သူမကိုယ်လေးကို ချီ၍ လမ်းလျှောက်
နေရင်း ပြုံးကာ ခေါင်းခါလိုက်ပြီး...
"ကိုယ်....မင်းကို ချစ်တယ် သူမ...
မင်းက ကိုယ့်မိန်းမပဲဆိုတာ မင်းမှတ်
ထားပေးပါ...ဒါ့ကြောင့် ကျေးဇူးတင်
ဖို့ မလိုဘူး...အကယ်၍ မင်းကိုယ့်ကို
ကျေးဇူးတင်တယ်ဆို ကိုယ့်ကိုပဲ ချစ်ပေး
ပြီး မင်းချစ်သူကို မေ့ပစ်ပေးပါ...."
သူမ မျက်နှာလေး ပြုံးယောင်သန်းသွားတော့
ဓိလည်း မျက်နှာမှာ ပြုးသွား၍...
"ကျေးဇူးပါ သူမရယ်..ကိုမင်းကို
အရမ်းချစ်တယ်..."
ပြောကာ နဖူးလေးကို ငုံ့ကာ နမ်းလိုက်
တော့...သူမ မျက်နှာလေး ထပ်မံ၍
ပြုံးသွားတော့သည်။
"ဟား.. ရပ်စမ်း...ဟေ့ကောင်...'ဟား
နောက်ဆုံးတော့ မင်းတို့ကို ငါမိပြီ
ဟား...."
ဓိ သူမကို ချီထားပြီး သူ့ကို သေနပ်
ဖြင့် ချိန်ထားသော တာတီးဆိုတဲ့
လူကို သူကြည့်၍...တောက်ခပ်
လိုက်ကာ...
"ခင်ဗျားကို ကျုပ်က ကြောက်မယ်
ထင်နေလား..."
ဓိ ပြောလိုက်တော့ ထိုလူမျက်နှာမှာ
ဒေါသတွေ ထွက်လာကာ..သူ့လက်
ထဲက နေမကောင်းနေသော သူမကို
ရမက်ခိုးတွေ ဖြင့်ကြည့်နေတော့
ဓိ သူမကိုယ်လေးကို သူ့ကိုယ်ကြီး
နဲ ကာပစ်လိုက်၍ ထိုလူကို လူသတ်တော့
မဲ့ မျက်လူံးများဖြင့် ကြည့်ကာနေတော့..
ထိုလူ သေနပ်ဖြင့်ချိန်၍..
"မင်းမသေချင်ရင် မင်းလက်ထဲက
မိန်းကလေး ငါ့ကိုပေး..."
ဓိ ခပ်မဲ့မဲ့ ပြုံးလိုက်ကာ..
"အဟွန်း လွယ်လှချီလား ကျုပ်မိန်းမကို
အခုလို တောင်းတာ ခင်ဗျားနဲ့ တန်လို့လား.. "
ထိုအခု ထိုလူရဲ့ ရုပ်ဆိုးဆိုး မျက်နှာကြီး
မှာ ရဲကာ ဒေါသတွေ ထွက်လာပြီး..
"အဲဒါ မင်းစောက်ကြောင်းမပါဘူး..
ငါ့ကို ပေးစမ်း မပေးရင် ပစ်လိုက်မှာ..''
ဓိ မတုန်လှုပ်စွာ ထိုလူရဲ့ မျက်နှာကို
ဒေါသတွေ ပြင်းထန်၍ စိုက်ကြည့်ကာ..
"ပစ်လိုက်လေ...."
ထိုအချ်ိန် ထိုလူမှာလည်း ဒေါသတွေ
ထိန်းမရတော့ကာ..
"ဟာကွာ..."
"ဒိုင်း...ဒိုင်း...ဒိုင်း..."
"ဒိုင်း.."
"ဟာ...အကိုလေး...."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း