"ဟေ့ကောင်တွေ မြန်မြန်လျှောက်
တော်ကြာ လမ်းမကြီးပေါ် ရောက်
သွားအုံးမယ်..."
တာတီး အနောက်လှုပ်တုပ်လှုပ်တုပ်
လိုက်လာတဲ့ ဟိုနှစ်ကောင်ကို အော်
ပြော၍..ဒေါသတွေကလည်း အလွန်
ထွက်နေမိသည်။
သူတို့ မအိပ်မနား ရှာနေတာတောင်
အခုထိ မတွေ့ သူတို့ အနောက်က
လူသွားထားတဲ့ ပုံစံကို ခြေရာခံ
လိုက်တာ အခုလောက်ဆို တွေ့ရဖို့
သင့်နေပြီ အခုတော့....လူမပြောနဲ့
အရိပ်အယောင်ပင် မတွေ့ရ...
တာတီး အဆီပြန်နေသော မျက်နှာ
မဲမဲကြီးကို ပွတ်သက်၍...
ဒေါသထွက်နေကာ..
"တောက်ငါတို့ကို လှည့်စားသွားပြီး
ဟိုကောင် တွေ့တာနဲ့ သတ်ပစ်
မယ်..အဲဒီကောင်ကို တောက်...
ခွေးမသား...$$$$''
နှုတ်ကြမ်းအာကြမ်း နဲ့ ကျိန်ဆဲ
၍..သူတို့ဘက်ကို လှည့်လာသော
တာတီးကြောင့် ကျားကြီး
သက်ပြင်းချ၍..
"ဒါဆ်ို ကျုပ်တို့ကို လမ်းမှားအောင်
လုပ်ခဲ့တာပေါ့..."
"ဟုတ်တယ် ဒီကောင် စတွေ့ထဲက
အရမ်းလည်တဲ့ကောင် ရုပ်ကြတော့
ဖြူဖတ်ပြီး အခြောက်ရုပ်နဲ့ တောက်..."
ဟိုက လူက ချောတာကို သူ့ကြမှ
သူများကို အခြောက်ရုပ်လို့ပြောနေတာ
ကြောင့် ကျားကြီးနဲ့ ထွန်းထွန်း
နှစ်ယောက် မျက်နှာကြီးတွေ ရှုံ့မဲ့
သွား၍...မဲ့ကာသွားကြတော့သည်။
"ဒါဆို ကျုပ်တို့ ဘယ်ကို သွားရမှာလည်း..."
တာတီ...တစ်ခုခုကို စဥ်းစားနေပြီးမှ
"ငါတို့ အခု ဖြတ်လမ်းက လိုက်မယ်..
အခု အချိန်ဆို သူတို့ လမ်းတစ်ဝက်
တော့ ရောက်နေလောက်ပြီ..."
"ကောင်းပြီ ကိုတာတီ..."
"ငါတို့ သွားကြမယ်..."
"ဒုတ်..."
"အား....."
"ဟာ..ထွန်းထွန်း..ရလား..
ဘာဖြစ်တာလည်း..."
ဘယ်ကမှန်းမသိသော သေနပ် ပစ်
လိုက်တာကြောင့် ထွန်းထွန်းဆိုတဲ့
လူ လဲသွားတော့ ကျားကြီးနဲ့ တာတီး
နှစ်ယောက်သာ ပြာသွားကာ
သစ်ပင်အနောက်ကို ဝင်ပုန်း၍...
မခြေအနေကို အကဲခပ်နေကြစဥ်...
"ဒိုင်း..."
"ဟာ..ကျားကြီး ဝပ်နေ..."
တာတီး..လက်ထပ်ထဲ သေနပ်နဲ့
ပြန်ပစ်နေသော်လည်း တစ်ဖက်က
လူအင်အားများပြီး လက်နက် အင်အား
များနေတာကြောင့် သူမန်ိုင်တော့.
သူအခြေအနေကို တစ်ချက်ကြည့်တော့
ကျားကြီးလည်း လက်နက်ထိမှန်သွား
၍ လဲနေတာမြင်တော့...
"တောက်..$$$$$"
သူကြိမ်ဆဲ၍..လျှင်မြန်စွာ ထိုနေရာမှ
ပြေးထွက်လာခဲ့သည်။
"ဟာ..ဟိုမှာ တစ်ကောင်ပြေးပြီး..."
"ထားလိုက်...နောက်တစ်ဖွဲ့နဲ့ တွေ့မှာပဲ...
သူတိူ့ကို ကြည့်လိုက် အသက်ရှင်သေးလားလို့......ပြီးရင် ငါတို့
သူဌေးတို့ကို ထပ်ရှာမယ်..."
"အသက်မရှိတော့ဘူး ဆရာ..."
"ဒါဆို မီးရှို့လိုက်... "
"ဟုတ်ကဲ့..."
သူတို့ပြောပြီး အသက်မရှိတော့သော
လူနှစ်ယောက်ရဲ့ အလောင်းကို မီးရှို့ကာ
ထွက်လာခဲ့ကြသည်။
အသက်သေသွားတာ စိတ်မကောင်း
သော်လည်း ဒီလိုလူတွေ ထပ်ရှိနေသေး
ရင် ခရီးသွားတဲ့သူတွေ အလွန် ဒုက္ခရောက်
လှသည်။
-----------------=============^^^^^^🍓🍓🍓🍓🍓🍓🍓
"လာလေ..မင်းမျက်နှာမသစ်ဘူးလား..."
"မသစ်ဘူး..."
"မင်း အရမ်းညစ်ပတ်တာပဲ သူမ..."
သူမက်ို တစ်မနက်လုံး မထိတစ်ထိ
စနေသော သူ့ကြောင့် သူမ မျက်နှာ
လေးတင်းမာနေ၍..ထိုနေရာက အခု
ထိ မထဘဲ ပေကပ်နေတာကို
သူကလည်း သူမအနား လာကပ်ကာ
ဆံပင်ကိုင်လိုက် ပါးကိုင်လိုက်နဲ့
လူကို ဒုက္ခပေးနေတာကြောင့် သူမ
ဒေါသဖြစ်ကာ နေတော့သည်။
"ရှင့် အပူပါလား..."
"အဟက်..ပါတာပေါ့..အခုဆို
သူမ ဗိုက်လေးထဲမှာ ပူပေးမဲ့
ကောင်လေး ရှိနေလောက်ပြီ..."
"အို...ရှင်း..ဘုတ်.."
"ဟာ...ဘာဖြစ်တာလည်းကွာ
ကိုယ်ပြောတာ မဟုတ်လို့လား...
လက်နာသွားအုံးမယ်..."
သူအရှက်မရှိ ပါးစပ်အရသာခံစွာ
ပြောနေသော စကားတွေကို သူမ
ရှက်လွန်းတာကြောင့် နားမထောင်
နိုင်တော့စွာ သူ့ကို ထုရိုက်ရိုက် နေပင်
မဲ့လည်း သူက ပန်းနဲ့ပေါက်သည်အလား
ဘာမှမဖြစ်သည့်အပြင် သူမလက်ကလေး
ကို ဆွဲယူ၍ ပြောနေတာကြောင့် သူမ
အံလေးကြိတ်ကာ...
"ရှင် သူမအနားက သွားပါ.."
"ဘယ်သွားရမှာလည်း ကိုယ်က
မင်းအနားမှာပဲ နေချင်တာ...".
အရင်က ရုပ်တည်ပြီး သူမလေးစား
ရသလောက် အခု ဒီလူရဲ မျက်နှာပြောင်
လွန်းတာကြောင့် သူမ ဒေါသတွေ တလိပ်
လိပ် ထွက်နေတော့သည်။
ဒီပုံစံ အတ်ိုင်းဆို သူမ သူ့ကို စိတ်တို
ရလွန်းလို့ အသက်ထွက်သွားနိုင်လောက်သည်။
သူမ ထရပ်လိုက်တော့ ဓိပြူပြာ
သွားကာ..
"ဟာ..သူမ မင်း ဘာလို့ အင်္ကျီး
ချွတ်လိုက်တာလည်းကွာ..."
အသည်းအသန်း ပြန်ဝတ်ပေးကါ
ပြောနေသော သူ့ကို သူမ အလို
မကျစွာကြည့်၍..ပြန်ချွန်မယ်ပြင်တော့..
"ရတယ်နော်..ချွတ်ရဲရင် ချွတ်လိုက်
ညက အဖြစ် ပြန်ရောက်သွားမယ်..."
ဓိ မျက်နှာကြီးတည်ကာ ပြောတော့မှ
သူမ ငြိမ်ကျသွား ကာခြေလေးစောင့်၍
ရေရှိရာ စမ်းချောင်းလေးဘက်ကို
လျှောက်သွားတာကို ဓိ သက်ပြင်ချ၍..
သူမ အနောက်က လိုက်သွာကာ..
မျက်နှာသစ်နေသော သူမကို သူ
ဝေ့ကြည့်၍..
"သူမ မင်းမှာ ချစ်သူ ရှိလား..."
"ရှိတယ်...ဆို "
"မေ့လိုက်တော့..."
"ဘာပြောတယ်..."
သူမ သူ့ကို ဒေါသဖြင့်ကာ
ခပ်စပ်စပ်လေးပြန်ကြည့်ကာ
မေးတော့ ဓိ မျက်ခုံးထူးကြီးကို
ပင့်၍ သူမကို ပြန်ကြည့်ကာ..
"အခု အချိန်မှာ မင်းက ငါ့မိန်းမ..."
"ရှင် ရူးနေလား.."
"ဟ..မင်းရူးနေတာ သူမ ငါနဲ့မင်း
ဘယ်လို ပတ်သတ်လည်းဆ်ိုတာ
မင်းသိနေတာပဲ..မင်းအကောင်
ကို နွားလုပ်ခိုင်းမလိူ့လား..."
ဖြန်း.....
"မင်း..."
သူမ သူ့ပါးကို ရိုက်ချလိုက်ပြီး
မျက်ရည် တွေနဲ့ သူ့ကို ကြည့်ကာ..
"ရှင်က လူယုတ်မာ..ကျွန်မဘဝ
ကို ဖျက်ဆီးပြီး စကားကို အလွယ်
ပြောတဲ့လူ..."
ဓိ ဒေါသတွေ ပြန်လျော့ချလိုက်၍..
"ငါက ဘာကို ယုတ်မာနေလို့လည်း
မင်းကို တာဝန်ယူပါမယ်လိူ့ပြောနေတာ
မင်း ဘာကိစ္စ မင်းအကောင်ကိုပဲ
ခေါင်းထဲထည့်နေရတာလည်း
မင်းအကောင်ကို အဲဒီလောက်တောင်
ချစ်နေရတာလည်း..ပြော..."
"ဟုတ်တယ် သူက ရှင့်လိူ မယုတ််မာ
ဘူး အခွင့်အရေးသမား မဟုတ်ဘူး
အခုက အခုက..ရှင့်ကြောင့်ကျွန်မဘဝ
က အရင်တိုင်း ပြန်ဖြစ်မလာဘူး
လူယုတ်မာရဲ့...ဟင့်...လူယုတ်မာကြီး..."
သူမပြောပြီး သူ့ကိူ ထုရိုက်နေတော့
ဓိ သူမလက်ကလေးကို ဆွဲဖမ်း၍..
"မင်းမျက်လုံးထဲမှာ ကိုယ့်ကို အမြဲ
ယုတ်မာနေတာပဲလို့ မြင်နေတာလား
မင်းမျက်လုံးထဲမှာကို တွေ့ရာမိန်းမကို
တနှာရူးလောက်တဲ့ အထိ ဖြစ်နေတယ်
လို့ မင်းထင်နေတာလား သူမ..."
သူမ ဘာမှ ပြန်မပြောဘဲ မျက်ရည်တွေ
ကျကာ မျက်နှာလေးလွဲထားတော့..
ဓိ သူမ မေးလေးက ကိုင်၍ သူနဲ့
မျက်လုံးချင်းစုံစေကာ..
"မဟုတ်ဘူး သူမ ကိုယ်...မင်း မို့လို့
ကိုယ် စိတ်ထိန်းမရတာ..အဲဒါလည်း
ဘာကြောင့်လည်း သိလား..."
သူမ သူ့ရဲ့ မူမမှန်သော အကြည့်တွေ
ကြောင့် သူ့လက်ကို အတင်းဖယ်၍
"ဟင့်အင်း မသိချင်ဘူး..."
ဓိ သူမ လက်ကလေးကို ပြန်ဆွဲထား၍..
"မသိလို့ မရဘူး သူမ..ကိုယ်
မင်းကို ချစ်နေတာရော မင်းမသိဘူးလား..''
"ဟင့်အင်း..ဟင့်အင်း..မချစ်နဲ့..."
"မရဘူး ချစ်မှာပဲ ကိုယ်နှလုံးသား
ကို ပြင်လို့မရတော့ဘူး သူမ...''
"မသိဘူး သူမကို လာမချစ်နဲ့..
သူမ..သူမ မှာ ချစ်သူ ရှိတယ်..."
ဓိ ပြောနေရင်းနဲ့ အဲဒီကောင် နာမည်
ပါလာတာကြောင့် သူ မျက်နှာတင်း
သွားကာ..
"မင်းပြောပြန်ပြီလား..ငါက
မင်းယောကျာ်း...တောက်..."
ဓိ ဒေါသထွက်စွာပြော၍...
ထွက်လာတော့ သူမ မျက်ရည်လေး
တွေကျလာကာ ထိုနေရာလေးမှာ
ထိုင်ချ၍..ငိုချလိုက်တော့သည်။
"ဟီး...အဟင့်..ဟင့်..ဟီး..."
ဓိ ဒေါသထွက်တာကြောင့် လျှောက်လာ
တုန်း သူမငိုသံကြောင့် သူပြန်လှည့်လာ
ကာ..
"ကျစ်..သူမရာ မင်းက ငါ့ကို ရူး
အောင်လုပ်နေတာပဲ..."
သူပြောပြီး သူမအရှေ့ကို ပြန်သွား
လိုက်ရာ..
"ထသွားမယ်.."
"ဟင်.."
သူမ တစ်ယောက်ထည်းအားငယ်
စွာ သူထားခဲ့ပြီးဆိုတဲ့ အသိကြောင့့်
ဝမ်းနည်းစွာငိုနေရာမှ သူ့အသံကြောင့်
သူမ ဝမ်းသာသွား၍ မျက်ရည်တေသုတ်ကာ
ထရပ်၍..
"ရှင်..ရှင်..သူမကို မထားခဲ့ဘူးနော်...
အဟင့်...ဟင့်.."
သူ့ခါးကြီးက်ို လာဖက်၍ ငိုလိုက်တဲ့
သူမကြောင့် ဓိ တင်းနေသောမျက်နှာ
ကြီးမှာ ပျော့ပြောင်းကာ နှုတ်ခမ်းတွေ
ကလည်း အပြုံးယောင်သန်းသွားကာ
သူမကျောပြင်လေးကို ပြန်ဖက်ထား
လိုက်တော့သည်။
--------------------------========^^^^^🍓🍓🍓🍓🍓🍓🍓🍓
ဖြောက်...
"ဟင်..."
"ရူး...."
ဘက်တို့ တစ်နေကုန် တောထဲ လျှောက်လာ
သော်လည်း အကိုလေးတို့ကို အရိပ်အယောင်
ပင် မတွေ့ရသေးပေ။
အခုလည်း မှောင်တော့မှာ ဖြစ်တာ
ကြောင့် သူတို့ သတိနဲ့ လာရာ...
အရှေ့က လျှောက်လာသော လူ
တစ်စုကြောင့် သူတို့ သစ်ပင်အကွယ်မှာ
အမြန်ကပ်လ်ိုက်ကာ..သေနက်ဖြင့်
ချ်ိန်၍...ကြည့်နေလိုက်သည်။
သူ နီးကပ်လာသော လူတစ်စုကြောင့်
သူတို့ သေနပ်ဖြင့် ပစ်ခက်လိုက်ကြ
ရာ တောထဲတွင် သေနပ်သံများဖြင့်
ဆူညံသွားတော့သည်။
"ဒ်ိုင်း..ဒိုင်း...ဒိုင်..."
"ဒိူင်း..ဒိုင်း..ဒိုင်း..."
ဟိုဘက်ကလည်း ပြန်ပစ်နေတာကြောင့်
ဘက်တို့ သတိနဲ့ ပစ်ခေတ်ပြီး ခဏအကြာ
ငြိမ်ကျသွားတော့မှ ဘက်တို့ နေရာအသီး
သီးမှ ထွက်လာကာ...လဲကျနေသော လူတွေ
ကို တစ်ချက်ကြည့်၍..
"သေကုန်ပြီ ထင်တယ်..."
"ဟုတ်တယ် ကိုဘက်...ကျွန်တော်တို့
ဘာလုပ်မလည်း သူတို့ကို...''
"မီးရှို့ပစ်ရမှာပဲ ငါတို့မသယ်နိုင်ဘူး..
ပြီးတော့ အကိုလေးတို့ကိုလည်း
ရှာဖို့ ရှိသေးတယ်..စည်သူ..."
"ဗျာ..ကိူဘက်.''
ဘက် အနောက်ကို လှည့်၍...
ခေါ်တော့ စည်သူဆိုသော
ကောင်လေး သူ့အရှေ့ကို
ရောက်လာတော့..ဘက်
အသက်မရှိတော်တဲ့ လူတွေကို
တစ်ချက် ကြည့်၍..
"ငါတို့ အတော်သွားရအူံးမှာလား.."
စည်သူ သူ့မှာပါလာသော ကရိယာကို
ထုပ်၍ ကြည့်ကာ ကျွန်တော်တိူ့
တွေ့ထားတဲ တည်နေရာကို ရောက်
ဖို့ တစ်ရက်လောက် ခန့်မှန်းခြေ ရှိတယ်..
ကိုဘက်..."
ဘက် သက်ပြင်းချ၍ ခေါင်းငြိမ့်လိုက်ကာ.
"ကောင်းပြီး ဒါဆို ငါတို့ ဒါတွေရှင်း
ပြီးတာနဲ့ ခဏသွားပြီး နားတဲ့နေရှာကြမယ်..."
"ကောင်းပါပြီ ကိုဘက်..."
ဘက်တို့လည်း အသက်မဲ့နေသော
ရုပ်ဆိုးလှတဲ့ ဓားမြတွေကို
စုပုံ၍ ပါလာသော ဓာတ်ဆီ
များလောင်း၍..မီးရ်ှို့ကာ သူတို့လည်း
အရှေ့ကိူ ခရီးဆက်လာတော့သည်။
အကိုလေးတို့ အခုအချိန် ဘယ်ကို
ရောက်နေနိုင်မလည်း...သူစဥ်းစား
နေရင်း ရပ်လိုက်ကာ..
"ငါတို့ အဲဒီနေရာကို မသွားတော့ဘူး
အကိုလေးတို့လည်း အခုလောက်ဆို
လမ်းတစ်ဝက်လောက် ရောက်လောက်ပြီး.."
သူပြောရင် နောက်ထပ် လမ်းလေးခွကို တွေ့
တော့...သူခြေရာတွေ ကို သေချာကြည့်၍...
"ငါတို့ ဒီလမ်းကို ပြန်လှည့်ကြမယ်..."
"ကောင်းပြီဘတ် ငါလည်း ပြော
မလို့.. ဟိုကောင်လေးလည်း ပြောသွား
တာပဲ ကိုအဓိပတိတို့က ထွက်ပြေး
လာပြီဆိုတာကို..."
ဘက်လည်း ခေါင်းငြိမ့်၍..ထိုလမ်း
ကို ရွေးချယ်၍..သူတို့ ထွက်လာ
လိုက်သည်။
---===================^^^^^🍓🍓🍓🍓🍓🍓🍓
"ဒီမှာ ကျွန်မတို့ ဒီက ဘယ်တော့မှ
ထွက်ရတော့မှာလည်း..."
မှောင်လာသော ပတ်ဝန်းကျင်ကို
သူမကြည့်၍..အားငယ် စိတ်ပျက်
စွာမေးလာတော့ ဓိ ငှက်ပျောသီး
ကင်နေရင်း ပြုံးလိုက်ကာ..
"စိတ်မပူပါနဲ့ မင်းမကြာခင် လမ်းမကြီး
ကို မြင်ရတော့မှာပါ..."
သူမ သူ့ကို ကြည့်၍...
"ကျွန်မ ဗိုက်စာနေပြီ...''
"ခဏလေးစောင့်.."
ဓိ သူမအတွက် ငှက်ပျောသီးကင်ပေး
နေရင်း ကျက်နေပြီဖြစ်သော တစ်လုံး
ကိုယူ၍ ငှက်ပျောဖက်ထဲ ထည့်ကာ
မှုတ်၍ ပေးကါ..
"ရော..စားကြည့်.."
သူမ ဗိုက်စာနေပြီ ဖြစ်တာကြောင့်
ဝမ်းသာအားရယူလိုက်ကာ
အနည်းငယ်စားကြည့်တော့ စား
ကောင်းလွန်းတာကြောင့် မျက်နှာလေး
ပြုံးသွား၍..
"အရမ်းကောင်းတယ် သိလား.."
ဓိ သူမအပြောကြောင့် ပြုံး၍..
သူမ မျက်နှာလေးကို စူးစိုက်စွာ
ကြည့်နေလိုက်သည်။
အဲဒီလိုပါပဲ သူနဲ့သူမ တစ်ယောက်နဲ့
တစ်ယောက် အမြဲ ရန်ဖြစ်နေတက်
ပြီး အစာစားတဲ့ အချိန်ဆိုရင်တော့
နှစ်ယောက်သား ဘာမှ မဖြစ်ထားသလို..
"မင်း ငါ့ကိူ လက်ထပ်မှာလား
သူမ.."
"အဟွတ်..ဟွတ်.."
ရုတ်တရပ်ထမေးလာတဲ့ သူ့ကြောင့်
သူမ အစာသီးသွားကာ သူ့ကို
မကျေမနပ်ကြည့်၍..
"ရှင် ဘယ်လို ဖြစ်နေတာလည်း.."
"ကိုယ်မေးတာ ဖြေစမ်းပါ..."
သူမ အကြောကြီနဲ လာမေးတဲ့
သူ့ကြောင့် နှုတ်ခမ်းလေးမဲ့လိုက်ကာ..
"မထပ်ဘူးရှင်..."
"မရဘူး ထပ်ရမယ်.."
"သေလိုက်...."
ဝေါ.....ဝေါ...ဖြောက်...ဖြောာက်..
"ဟာ..မိုးရွာပြီး လာ သွားကြမယ်..."
သူမ မိုးရွာလာတာကြောင့် ကြောင်ကြောင်
လေးဖြစ်နေချိန် သူ သူမ လက်ကို ဆွဲလိုက်.တာကြောင့် ငှက်ပျောသီးလေး
လည်း အောက်ကိုကျသွားကာ. သူမ
သူ့ကို မိုးရွာချသောကြောင့် မီးလည်းသေသွားကာ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်သွားတာကြောင့် သူမ ကြောက်ရွံ့သွားကာ ..
"ဘယ်ကို သွားမှာလည်း..."
နှစ်ယောက်လူံး ရွဲ့နေပြီ ဖြစ်ကာ
ဓိ မိုးရေတွေ ရွဲနေသော
သူမရဲ့ မျက်နှာလေး ကို အမှောင်ထဲမှာ အား
စိုက်၍ ကြည့်ကာ..
"ကိုယ့်ရင်ခွင်ထဲကို.."
"အို..ရှင်..."
ဓိပြော၍ သူမကိုယ်လူံးလေးကို
ရင်ခွင်ထဲ ထည့်ကာ ဖတ်ထားလိုက်
တော့သည်။
သူမလည်း မိုးအရှိန်ကြောင့်ရော
တစ်ကိုယ်လုံး ရွဲ့နေပြီ ဖြစ်တာ
ကြောင့် လူက ချမ်းတက်လာကာ
သူ့ရင်ခွင်ထဲက မရုန်းထွက်နိုင်တော့ဘဲ
သူမ သူခါးကြီးကို ပြန်လည် ဖက်တွယ်ထား
ကာ..မျက်ဝန်တွေကို မိတ်ထားလိုက်တော့သည်။
မိုးကတော့ အငြိုးကြီးကြီးနဲ့ ရွာချနေသလား
တောင် အောက်မေ့ရသည်။
သူမ နွေးထွေးနေသော သူ့ရင်ခွင်ကြီး
ထဲ မျက်နှာလေးအပ်ကာ သူ့အနမ်းတွေ
ဆင့်ကဲလာတာကိုလည်း တားနိုင်စွမ်း
မရှိတော့ချေ။
ကျေးဇူးပြု၍..မိုးအမြန်လင်းပေးပါ...
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း