book

Index 14

အပိုင်း (14)🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action


ဓိ သူမကိုယ်လေးကို ဖက်၍

မြေပြင်ပေါ်လှဲချလိုက်ကာ

သူမလေးကို လက်ထောက်ကာ

စီးမိုးကြည့်၍...


"ကိုယ်ပြောတာ...အဲဒါတွေကြောင့်

ကို အနားမကပ်နဲ့ လို့ပြောတာ...

မင်းဘာလို့ နားမထောင်တာလည်း

သူမ..."


သူမ သူ့ကို ပြူးပြူးလေးကြည့်၍..


"ဟင်....ရှင်...သူမအပေါ်က

ဖယ်...."


"မရတော့ဘူး သူမ မင်းကိုယ့်စိတ်

ကို န်ိုးလိုက်ပြီ..."


"အို....ရှင်နော် သူမ ကြောက်လို့

ဖြစ်သွားတာ ..ဖယ်ပါ..."


သူမ သူ့ကို အတင်းတွန်း၍ 

ဖယ်ချသော်လည်း မရ...


သူမ ရှက်တက်သည့် မျက်ရည်တွေက

စီးကျလာကာ... သူ့ကို မကျေမနပ်

ကြည့်၍..


"ရှင်က အခွင့်အရေးသမား...''


ဓိ မျက်ရည်တွေ ရွဲကာ သူ့ကို

မကျေမနပ်ကြည့်ကာပြောလာ

သော သူမကို သူသေချာစူးစိုက်

ကြည့်၍..


"မင်းအဲဒီလိုထင်လည်း ကိုယ် အဖြစ်ခံ

လိုက်မယ်သူမ မင်းကို ကိုယ်သတိပေး

သားပဲကိုယ့်အနား မလာနဲ့ဆိုတာကို..."


ပြောကာ မျက်နှာကြီး ငုံ့ကျလာတဲသူ့ကြောင့်

သူမ လန့်သွား၍...အားရှိသလောက်လေး

အတင်းတွန်းဖယ်သော်လည်း ထိုလူကြမ်း

ကတော့...မမူပါ...


"ဟင့်အင်း..."


သူမ သူ့အနမ်းတွေကို ဒီတစ်ခါမှာတော့

အသိရှိသူပမာ ခေါင်းလေးခါကာငြင်းဆန်နေသော်လည်း အင်အား မမျှတာကြောင့်

သူမ မျက်ရည်တွေသာ စီးကျလာကာ

သူ့ရဲ့ အနမ်းကြမ်းတွေအောက်မှာ

နောက်တစ်ခါ ကျရှုံးနေရတော့သည်။


ဓိ သူမရဲ့ နူးညံ့လွန်းတဲ့ နှုတ်ခမ်းသား

အိအိလေးကို ဆုပ်ယူနမ်းရှိုက်နေမိကာ

သူမ မျက်ရည်တွေကို အနမ်းတွေဖြင့်

ခြောက်သွေ့စေကာ..သူမ လက်ဖဝါး

လေးကို သူလက်နဲ့ ထွေးယူ ဆုပ်ကိုင်ကာ

သူမရဲ့ ပြောင်းရှင်းနေတဲ မျက်နှာ 

ဝင်းဝင်းလေးကို တစ်ချက် ကြည့်၍...


"ကိုယ် မင်းကို တာဝန်ယူမှာပါ

သူမ..."


ဗြုတ်.....


"အို....ဟင့်အင်း...."


သူ သူမရင်စေ့ အင်္ကျီလေးကို

အားနဲ့ ဆွဲလိုက်တာကြောင့်

အကုန် ပြုတ်ထွက်ကုန်ကာ

သူမ ကိုယ်လေ လစ်ဟင်းသွား

တာကြောင့် သူမ နှုတ်ခမ်းလေးကို

ဖိကိုက်၍ သူ့ကို နားကျင်သလို

ကြည့်ကာ..


"ရှင်က အခွင့်အရေးသမား..

ရှင့်ကို မုန်း..အင့်..."


ဓိ သူ့ကို အမုန်းစကားတွေ ပြောလာ

တော့မှာက်ို မကြားန်ိုင်တာကြောင့်

သူ သူမရဲ့ နှုတ်ခမလးဖူးဖူးလေး

ကို တစ်ဖန် ပြန်လည်သိမ်းပိုက်လိုက်ကာ

အောက်နှုတ်ခမ်းသားလေးကိူ ဖိကိုက်လိုက်

တော့ သူမကိုယ်လေး တုန်တက်သွကာ

သူ့ကိုယ်ကြီးကို လက်သည်းလေးတွေ

ဖြင့် ကုတ်ခြစ်နေတော့သည်။


ကောင်းကင်ပေါ်မှ လာရောင်လေးဟာလည်း

တဖြည်းဖြည်း အရောင် မှိန်လာကာ..

အမှောင်ယံကို တဖြည်းဖြည်း အားပေးကါ

ပတ်ဝန်ကျင်တစ်ခုလုံးမှောင်မိုက်နေကာ

ကြောက်စရာကောင်းနေတာတော့ အမှန်ပင်။


----------------=================^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"ဟယ်လို....အန်ကယ်...''


"..........''


"ဗျာ....မေမေက အဲဒီလို လာပြောတယ်

ဟုတ်လား အန်ကယ်.."


".............."


"ကျစ်..မေမေကတော့ကွာ...

အန်ကယ်ရယ်..ကျွန်တော်မေမေအစား

တောင်းပန်ပါတယ်ဗျာ...ကျွန်တော်

တကယ့်ကို အဲဒီလို လာပြောတာ မသိလို့ပါ....

ကျွန်တော် သူမကို ရှာပြီး ပြန်လာခဲ့ပါ့မယ်..."


"............''


ဇော် တစ်ဖက်က သူမရဲ့ ဖခင် ဦးကျော်သူ

ရဲ့ အပြောကြောင့် မျက်နှာမှာ ချက်ချင်း

ပျက်သွားကာ..


"ဘယ်လို..အန်ကယ်..သူမက ပြန်ပေး

ဆွဲခံရတယ်..ဟုတ်လား..."


သူ့အလန့်တကြားမေးကာ...

စိုးရိမ်မှုကြောင့် မောကြောကြီး

တွေ ထောင်ထလာကာ...သူ 

ကားကိုပါ ရပ်လိုက်ရတဲ့ အထိ

ရင်ထဲ ထူပူလာတော့သည်။


ထိုအချိန် ဘေးက ခတစ်ယောက်လည်း

သူ့ကို မျက်ဝန်းလေးပြူးကာ ကြည့်နေ

တာကိုလည်း သူဂရုမပြုမိတော့။


တစ်ဖက်က ပြန်ပြောလာသော

အပြောကြောင့် ဇော်...အသက်ကို

သအောင်ရူကာ..


"အန်ကယ်.စိတ်အေးအေးထားပါ

ကျွန်တော်လိုက်သွားမယ်..

အဲဒီတောထဲကို.. ကျွန်တော်သူမကို

ပြန်ခေါ်လာခဲ့မယ်အန်ကယ်..."


ဇော်​ပြောပြီး ဖုန်းချကာ ရင်ထဲမှာ

သူမအတွက် ဗလောင်ဆူနေကာ

ဘေးက သူ့ကို ကြည့်နေသော

မိန်းကလေးကို ကြည့်၍..


"ဒီမှာ ငါ...မွန်ပြည်နယ်မရောက်

တော့ဘူး မင်း...အဲဒီကနေ...

ကားကြုံလိုက်မှ ရတော့မယ်..."


ခ သူ့ရဲ့ အရမ်းစိုးရိမ်နေတဲ့ ပုံစံကို

ကြည့်ကာ..ခေါင်းလေးငြိမ့်ပြ၍..


"ရ..ရပါတယ်..ခ အဲနေရာကြမှ ကား

ကြုံလိုက်လိုက်ပါမယ်..."


ဇော် မိန်းကလေးတစ်ယောက်ကို အခုလို

ကားကြုံလိုက်ဖို့ ပြောတာ မကောင်း

မှန်းသိသော်လည်း မတက်နိုင်။


သူအခု အရေးကြီးတာက သူမကို

ပြန်ပေးဆွဲသွားကြတဲ့ တောထဲကို

လိုက်သွားဖို့ပင်။


ဇော်ကားကို အရှိန်တင်၍..မောင်းကာ

ထွက်လာလိုက်သည်။


ရင်ထဲတွင်တော့ သူမအတွက်စိုးရိမ်

ပူပန်နေတာက မီးတောက်တစ်ခု ပမာ....


ခလည်း သူ့ရဲ့ ခံစားချက်ကို နားလည်

စွာ ဘေးကနေ တိတ်ဆိတ်စွာပါလာခဲ့သည်။


ဒီလူရဲ့ မိန်းကလေးက ကံကောင်းလိုက်တာ

အရမ်းချစ်တက်တဲ့ သူကို ချစ်သူတော်ထား

ရတဲ့ ထိုမိန်းကလေးက အမြဲ ပျော်ရွှင်နေရမှာ

ဒီလူလို ကိုကိုသာ ခကို နည်းနည်းလောက်လေးပြန်ကြည့်ခဲ့ပေးရင် ခလောက် ပျော်ရွှင်ရမဲ့ မ်ိန်းကလေး ကမ္ဘာမှာ ရှိမှာ

မဟုတ်...


ခရဲ့ ကိုကိုက တစ်ခါတစ်ခါ ချစ်တက်တဲ့

နှလုံးသားတောင်ပါရဲလား ဆိုတာတောင်

ခ...မသိတော့ပေ...


ကားလေးဟာလည်း လမ်းမကြီးအထက်

တရိပ်ရိပ် နဲပြေးလွှားနေကာ...ခဘေးက

သူ့မိန်းကလေးက်ို အရမ်းစ်ိုးရိမ်နေရှာတဲ့

သူ့ကိုလည်း စိတ်မကောင်းသလို ကြည့်ကာ

ပါလာတော့သည်။


ဇော် ကားသာမောင်းနေရတာ သူ့ရင်ထဲ

တွင် ပူပန်မှုတွေက ပြောမပြတက်ပေ။


သူမသာ တစ်ခုခု ဖြစ်ရင် ဇော်တစ်သက်လုံး

သူ့ကိုယ်သူ ခွင့်လွတ် န်ိုုင်မှာမဟုတ်...


ဇော်သာ သူမကို ဆွဲထားရင် ဒါမှမဟုတ်

သူမနဲ့သာ လိုက်သွားရင် သူမတစ်ယောက်ထည်း အခုလိုတွေ ဖြစ်မှာ မဟုတ်ပေ။


သူ အရှိန်ပြင်းစွာမောင်းလာပြီး နေရောက်

ခြည်တစ်ချို့တောင် ထွက်ပေါ်လာကာ

သူတို့ကားမရောက်ခင် အရှေ့ကားလမ်းမဘေးမှာ မြင်နေရသော်..လူတစ်ချို့ကြောင့်

ဇော်ကား အရှိန်ကို လျော့ကာ အနားရောက်တော့ ကားရပ်၍..သူဆင်းလ်ိုက်ကာ..ထိုလူ

တွေ အနားတိုးသွား၍..


"ဘာဖြစ်တာလည်းဗျ..."


"ဒီမှာ သူဌေး ဦးအဓိပတိ တောထဲ

ပြန်ပေးဆွဲခံရလို့...အခု ကယ်ဆယ်ရေး

တွေ လိုက်ရှာနေကြတာ..."


"ဘယ်လို..''


"မောင်ရင် ဘယ်သူ့ကိုမှ မပြောနဲ့နော်

ဒီသတင်းပျံ့သွားရင် မလွယ်ဘူး..''


ထိုရဲဝတ်စုံနဲ့လူက သူ့ကို ပြောတော့

သူ ခေါင်းငြိမ့်လိုက်၍...


"ဘယ်တောက ဖြစ်တာလည်းဗျာ..."


"....ရက်က..."


"ဗျာ..."


ဇော် ရင်ထဲ အထိန့်တလန့် ဖြစ်သွားကာ..

ဒါသူမ ခရီးသွားတဲ့ရက်နဲ့ တစ်ရက်ထည်း

ပဲ..ဒါဆို သူမ... သူမရော ပါနေမလား..


"စောစောက ဘယ်သူလို ပြောလိုက်တယ်..."


အနောက်က ခအသံလေးကြောင့် 

ဇော်အခုမှ သတိထားမိသွားကာ.


"ဟင်..ဦးအဓိပတိ..ဟုတ်လား..."


ခ မျက်ဝန်းမှ မျက်ရည်တွေ ကျလာကာ..


"တကယ်ပဲ ကိုကိုလား ကိုကို

တကယ်ပဲ ပြန်ပေးဆွဲ ခံရတာလား.."


ခ နှုတ်ခမ်းလေးတုန်ယင်စွာပြောလာ

တော့ ထိုရဲဦးလေးကြီးနဲ့ ဇော် ဘာမှ

မဖြေတက်....


"ဟာ..မမလေးခ..ဘယ်လိုရောက်...

ဟင်..ခင်ဗျားကရော ဘယ်သူလည်း..."


လူငယ်လေးတစ်ယောာက် ခကို မေးပြီး

သူ့ကို မေးလာတော့ ဇော် ခေါင်းငြိမ့်၍..


"ကျွန်တော်ချစ်သူလည်း အဲဒီ တောထဲကို

ပြန်ပေးဆွဲ ခံရလိူ့ပါ..."


"ဗျာ....အဲဒါဆို ဒီကနပဲ

မမလေးနဲ့ အကို စောင့်ပေးပါ..

မကြာခင် တောထဲက သတင်း

သိရတော့မှာပါ..."


"ကျွန်တော်လိုက်လိူ့မရဘူးလား.."


"မရဘူးဗျ..တောကအရမ်းနက်တာ..

ဘာမှ စိတ်မပူပါနဲ့ မကြာခင် ပြန်တွေ့

ရတော့မှာပါ ကျွန်တော်တို့ ကယ်ဆယ်ရေး

အများကြီး လွတ်ထားပါတယ်..."


ထိုကောင်လေး အပြောကြောင့်

ဇော် စိုးရိမ်မှုတွေ မလျော့သွားတဲ့

အပြင် ပိုပြီး ပူပန်လာမိတော့သည်။


အကယ်၍..သူမသာ ဦးအဓိပတိနဲ့

အတူ ရှိခဲရင်.....


-------======---------------=-=====^^^^^🍓🍓🍓🍓🍓🍓🍓🍓


"ကဗျာ.....ဆန်ပြုတ်လေးဝင်အောင်

သောက်ပါအုံးကွာ..."


ဦးကျော်သူ အိပ်ယာပေါ် သမီး

သောကကြောင့် လဲနေသော

ဇနီးဖြစ်သူကို အစာစားအောင်

အမျိုးမျိုးချော့မော့ကျွေးသော်လည်း

မရ...


သူ ဇနီးဖြစ်သူရဲ့ ပုံကို စိတ််မသက်မသာ

ကြည့်၍...သက်ပြင်းချကာ..


"ကိုယ်တို့ သမီးလေးကို ပြန်ရှာတွေ့မှာပါ

ကဗျာရယ်...ကိုယ်တို့ ရှာဖွေရေးတွေလည်း

လွတ်ထားတာပဲကိုကွာ...သမီးပြန်လာ

ရင် ကဗျာက အခုလို ဖြစ်နေတာမြင်ရင်

သမီးက စိတ်ကောင်းပါ့မလား.ကဗျာရယ်..."


ခင်ပွန်းဖြစ်သူ  သူမကို အမျိုး

မျိုးပြောနေသော်လည်းဒေါ်ကဗျာမေ

မျက်ရည်တွေသာ စီကျ၍..


"ဖေကြီး ညက သမီးလေးကို ကဗျာ

အိမ်မက်မက်တယ် သိလား သမီးလေး

က အိမ်မက်ထဲမှာ ကဗျာကို သတိရတယ်

လို့ပြောနေတာ သိလား..ဟင့်..အဟင်​့..

ကဗျာ သမီးလေး တောထဲမှာ ရှိနေမှာသိလား..."


ဦးကျော်သူ ဇနီးသည်ရဲ့ ပခူံးလေးကို

ဖက်၍..လက်ကလေးနဲ့ အသာပုတ်ပေးကါ..


"ကိုယ်တို့ သမီးလေး အသက်ရှင်

မှာပါကွာ...ကိုယ်ယုံတယ်..ကိုယ်တ်ို့

သမီးလေး အသက်ရှင်မှာ..."


ဦးကျော်သူလည်းပြောပြီး မျက်ဝန်း

မှ မျက်ရည်တွေ စီးကျလာကာ...

ဇနီးသည် မမြင်အောင်  မျက်ရည်တွေ

ကို လက်ခုံနဲ့ အသာသုတ်ကာ..


"ကဗျာ..ဒီဆန်ပြုတ်လေးတော့

ဝင်အောင် သောက်နော်..မင်းသမီးလေး

ကို တွေ့ချင်တယ်မဟုတ်လား..."


ဒေါ်ကဗျာမေ မျက်ရည်တွေ​ကြားက

ခေါင်းလေးငြိမ့်ပြကာ ခင်ပွန်း ဖြစ်သူ

ခွန့်ပေးနေသော ဆန်ပြုတ်ကို စားကာ

မျက်ရည်တွေကတော့ တသွင်သွင်စီး

ကျနေတော့သည်။


ဦးကျော်သူ သက်ပြင်းချ၍ သူလည်း

သမီးနဲ ဇနီးသည် ကြောင့် ဒီရက်ပိုင်း

နေရတာ မသက်သာလှပေ။


ရင်ထဲမှာ မီးဆတွေ ထိုးနေသလို

ပူပြင်းနေတာကိုတော့..ဘယ်သူသိမှာလည်း..


Ring Ring Ring Ring...

Ring Ring Ring Ring

Ring Ring Ring Ring...


ဦးကျော်သူ ဇနီးသည်ကို ဆန်ပြုတ်

တိုက်နေရင်း ဖုန်းလာတာကြောင့်..


"ကဗျာ....ခဏနော်..ကိုယ်ဖုန်း

ကိုင်လိုက်အုံးမယ်..."


ဦးကျော်သူ ပြောကာ ထရပ်၍..

ဖုန်းရှိရာကို လျှောက်လာပြီး

ကိုင်လိုက်ကာ..


"Hello..."


"ဦးကျော်သူ အိမ်ကပါလားခင်ဗျာ..."


"ဟုတ်ပါတယ်ဗျာ..."


"ကျွန်တော်မွန်ပြည်နယ်က ..ရဲစခန်းကပါ...

အဖအမည်ဦးကျော်သူ အမည်နဲ့ မသူမ

မှတ်ပုံတင်........အဝတ်အစားတွေနဲ့အတူ

ကားပေါ်ပါလာတာကြောင့် ကျွန်တော်

တ််ို့ဆီမှာ အပ်ထားပါတယ်..အဲဒါ

အကြောင်းကြားပေးတါပါ..."


"ဟုတ်ကဲ့ပါဗျ..ကျေးဇူးပါ..ကျွန်တော်လူ

လွတ်ယူခိုင်းပါ့မယ်ဗျာ..."


"ဟုတ်ကဲ့ ခင်ဗျာ..."


ဦးကျော်သူ ဖုန်းချ၍...အနောက်က

မျှော့လင့်တကြီး ကြည့်နေသော 

ဇနီးသည်က်ို ခေါင်းခါပြကာ..

သူသက်ပြင်းချလိုက်၍..ရင်ထဲမှာ

သမီးအတွက် ဆို့တက်မှုတွေက

အလုံးအရင်းပင်။


------=------================^^^^^🍓🍓🍓🍓🍓🍓🍓


"ဖယ်..လွတ်..လူယုတ်မာရဲ့..."


သူမ အင်္ကျီကို ဆွဲဖြဲခဲ့တာလည်း

သူပဲ အခုလည်း လိုက်ဖုံးပေးနေသော

သူ့လက်ကို သူမ အတင်းရိုက်ချ၍ 

သူ့ကို မကျေမနပ်ကြည့်ကာ..


"သွား..လွတ်..လူယုတ်မာ ရှင်အခုမှ

စိတ်ပူတဲ့ ပုံစံလာမလုပ်နဲ ကျွန်မ 

ဒီအတိုင်းပဲ နေမယ် ဒီပုံစံကို

အခြားလူမြင်ပြီး ယုတ်မာချင်လည်း

ယုတ်မာပါလိမ့်စေ...ကျွန်မဘဝက..."


"သူမ...!!!"


ဓိ သူမအပြောကြောင့် ဒေါသထွက်

သူအော်လိုက်တော့ သူမ သူ့ကို

မျက်ရည်တွေနဲ့ မော့ကြည့်လာကာ..


"ဘာလည်း ကျွန်မ အမှန်ပြောတော့

နာသွားတာလား...အဟွန်း..ရှင့်ကျွန်မ

ဘဝကို ဖျက်ဆီးချင်တိုင်း ဖျက်ဆီးပစ်ပြီး

မှ အခုမှ ချွေးလာမသိပ်နဲ့..."


ဓိ ပြဲနေသော အင်္ကျီလေးနဲ့ မလုံ့တလုံ

ဖြစ်နေသော သူမကို သူ့အပေါ်အင်္ကျီ

အတင်းဝတ်ပေးနေသော်လည်း သူမ

က လက်မခံ...


အခုပုံစံနဲ့တော့ သူမကို ပေးမသွားနိုင်ပါ

အခုအချိန်မှာ သူမက သူ့ရဲ့ မိန်းမဖြစ်နေပြီ

သူမရဲ့ ဆံချည်တစ်မျှင်တောင် ဘယ်ယောကျာ်းကိုမှ အထိမခံန်ိုင်။


"မင်းဘာလို့ ဒီလောက် ပြောရခက်နေတာ

လည်း သူမ...မင်းကိုကိုယ် လက်ထပ်မှာ..''


သူ့အပြောကြောင့် သူမ ခေါင်းလေး

ပြုတ်ထွက်မတက် ခါ၍..


"ဟင့်အင်း မထပ်နဲ့ သူမရှင့်ကို လုံးဝ

လက်မထပ်ဘူး... သူမမှာ ချစ်သူရှိတယ်..''


"ဘာ....!!!.."


ဓိ သူမအနား ချက်ချင်းတ်ိုးကပ်လိုက်ကာ..


"ပြန်ပြောစမ်း သူမ မင်းမှာ ချစ်သူ

ရှိတယ် ဟုတ်လား...မင်းသိရမှာက

မင်းက ငါ့မိန်းမ..မင်းဘယ်ကောင်ကို

မှ... မကြည့်ရဘူး... "


ဓိ သူမ မှေးလေးကနေ ကိုင်ကာ

စူးစိုက်စွာပြောတော့ သူမ မကျေမနပ်ကြည့်ကာ..


"ရှင့်ကို သေတာတောင် လက်မထပ်ဘူး... "


ဓိ ဘာမှ ပြန်မပြောသေးဘဲ သူ့မကို

သူ့ရဲ အင်္ကျီဝတ်ပေးနေလိုက်သည်။


"ရှင်..ကြားလား ရှင့်ကို လက်မထပ်ဘူး.."


"ကိုယ်ကတော့ ရအောင်ယူမှာ..."


သူနဲ့ သူမ မျက်ဝန်းချင်း စစ်တိုက်နေ

ကြကာ ဓိ သက်ပြင်းအသာချ၍..

သူမ ကိုယ်လေးကို ရုန်းနေတဲ့ကြား

က ခပ်တင်းတင်းဖက်ကာ..သူမ နဖူး

လေးကို နမ်းပြီး..


"မင်းက ကိုယ့်မိန်းမ..မင်းကို ကိုယ်

ရအောင်ယူမှာ.."


သူမ သူ့ရဲ့ သန်မာလှတဲဘ လက်တွေ့ကြား

မရုန်းနိုင်တော့ဘဲ သူ့ကို နားကျည်းသလို

ကြည့်၍..


"ရှင့်ကို တစ်သက်လုံး မုန်းနေမှာ...''


ဓိ သူမအပြောကို ဘာမှ မဖြစ်သလို

အေးဆေးစွာကြည့်၍..


"ကိုယ်ကတော့ မင်းကို တုန်နေအောင်

ချစ်ပြမှာ.. "


"သေလိုက်လေ.."


"မသေနိုင်သေးဘူး မင်းနဲ့

ကလေးတွေ မွေးအုံးမှာ..."


"လူယုတ်မာ...."


ဆက်ရန်..

စာရေးသူ - လွမ်းခြင်း


rate now: