book

Index 13

အပိုင်း (13)

  • Author : Lwanchin
  • Genres : Romance, Action

သူမနဲ့ သူ တဖြည်းဖြည်းဆက်လျှောက်လာ

တော့...ရေတံခွန်ကြီးအနားကို ရောက်

လာခဲ့သည်။


"ဟယ်...ဟိုမှာ ရေတွေ..."


ရေကိုတွေ့တော့ ကလေးတစ်ယောက်လို

သူ့လက်မှောင်းကို ဆုပ်ကိုင်၍..ပျော်ရွှင်

စွာပြောလာတဲ့ သူမလေးကြောင့် ဓိ

သေချာကြည့်၍..သူ့ပါ ပြုံးလိုက်မိသည်။


ခဏနေတော့ သူမမ ရေတံခွန်အနား

ပြေးသွားကာ...


"ဒီမှာ..သူမ ရေချိုးလို့ရလားဟင်..သူမ

ရေအရမ်းချ်ိုးချင်လို့ပါ...."


ပင်ပန်းနွမ်းနယ်စွာပြောလာသော

သူမကြောင့် ဓိ ခေါင်းငြိမ့်ကာ..


"အရမ်းမကြာနဲ့ ချိုး ကိုယ့်စောင့်

ပေးမယ်..."


"ရှင်ရော..မချိုးဘူးလား..."


ဓိ မသိနားမလည်စွာ မေးလာသော

သူမရဲ့ စကားကြောင့် သူ သူမခန္ဒာကိုယ်

လှလှ လေးကို စူးစိုက်ကြည့်၍..အကြည့်

တို့ လွဲလိုက်ကာ...


"မချိုးဘူး မင်းအရင် သွားချိုး..."


သူ့အကြည့်တွေကြောင့် သူမ

ကြက်သိမ်းလေးထသွားကာ

မေးမိတဲ့ သူမ ပါးစပ်ကိုတောင်

ရိုက်ချင်စိတ်ပေါက်သွားမိတော့သည်။


သူလို လူကို မေ့ပြီး ရေချိုးဖို့

မေးရတဲ့ အဖြစ်လား...သူမရယ်...


သူမ အမြန်ရေတံခွန်လေးအနား

လမ်းလျှောက်သွားသော်လည်း

ကျောပြင်မှာ တစ်ယောက်​ယောက်

ကြည့်နေတာကို သိနေတာ​ကြောင့်

ကြက်သိမ်းလေးထကာ နှုတ်ခမ်းလေး

ဖိကိုက်ထား၍...


"တောက်..နှာဘူးကြီး..."


ဓိ သူမ ရေချိုးနေတာကို ကျောပေး

၍..သူပြုံးလိုက်မိသည်။


သူ သူမအပေါ် မှားပြီးထည်းက

သူမအနားက ထွက်သွားဖို့ စိတ်ကူး

မရှိတော့ပေ။


အခုအချ်ိန်မှာ သူမဟာ သူရဲ့ ဇနီးမယား

တစ်ယောက်ဖြစ်နေပါပြီ...


"အား......"


"ဟင်..."


သူမ အော်လိုက်တာကြောင့် ဓိ စိုးရိမ်း

သွားပြီး ရေတံခွန်ရဲ့ ရေအစပ်နားကို

ပြေးသွားလိုက်တော့သည်။


သူမ မြေကြီးတစ်ကောင် မျှောလာတာ

ကြောင့် အရမ်းထိန့်လန့်သွား၍...

သူမကိုယ်လုံးလေးကို အပေါ်အင်္ကျီလေးနဲ့

ပတ်လိုက်၍..တက်ပြေးလာရာ..သူရင်ခွင်

ထဲ ဝင်တိုးလိုက်ကာ..လက်ညိုးလေး ကတုန်

ကယငျထျိုး၍..


"ဟို..ဟိုမှာ မြွေကြီး..သူမ အရမ်း

ကြောက်တယ်..အရမ်းကြမ်းတာပဲ...

အဟင့်..ဟင့်...''


ဓိ သူ့ခါးကြီးကို အတင်းဖက်ထားပြီး

ရင်ခွင်ထဲ အတင်းတိုးဝင်နေသော

သူမကြောင့် သူ ကြည့်လိုက်တော့..

​မြွေကြီးက အခြားတစ်ဖက်ကမ်း

ကို တက်သွားပြီ ဖြစ်တာကြောင့်

သူ သက်ပြင်းချကာ...


"မရှိတော့ပါဘူး သူမရဲ....မြွေက

ဟိုဘက်ကို သွားပြီ.. "


"အဟင့်..ဟင့်အင်း ဟင့်အင်း..

သူမ ဒီမှာ မနေရဲတော့ဘူး သူမ

ကို ရန်ကုန်ပြန်ခေါ်ပေးသွား

ပါနော်...ဟင့်..."


သူ့ရင်ဘက်ကို မျက်နှာအပ်ကာ

ငိုနေသောသူမကြောင့် ဓိ ဖက်ပဲ

ဖက်ထားရမလို... လေထဲမှာ

လက်ကြီး ကားယားကြီး ဖြစ်နေတော့သည်။ 


ဓိ သူမကိုယ်ပေါ်မှာ အင်္ကျီ တစ်ထည်

တည်းရှိတာကြောင့် သူ ရင်တွေ

ပေါက်ထွက်မတက် ခုန်ပေါက်လာကာ

သူမ သူ့ရင်ခွင်ထဲက သူမကို မသက်မသာ

ငုံ့ကြည့်၍...


"သူမ မင်း အဝတ်အစား လဲလိုက်အုံး..''


"အို..."


သူပြောတော့ သူ့ကို ဖက်ထားသော

လက်တွေ အမြန်ဖယ်ချပြီး ကျောက်

တုံးတွေနားကို အသည်းအသန် ပြေး

သွားတဲ့ပုံက စောစောက ကြောက်နေတာ

သူမ မဟုတ်သလိုပင်။


ဓိပြုံးလိုက်၍...သူလည်း ရေစပ်တွင်

မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်ကာ

ခြေသံကြားလို့ အနောက်ကို လှည့်ကြည့်

တော့ အဝတ်အစားလဲပြီးသော သူမ

သူ့ကို မကြည့်ဘဲ..ခေါင်းလေးငုံ့ကာ..


"သူမ ဗိုက်စာတယ်..."


ဓိ ရေချိုးပြီးခါစ ဝင်းဝါနေသော

မျက်နှာ ဝင်းဝင်းစက်စက် လေး

ပေါ်မှာ ရေသီးလေးတွေ ခိုတွဲ

နေကာ မျက်တောင်ရှည်ကြီးတွေက

ပုတ်ခပ်ပုတ်ခပ်လှုပ်နေပုံက တကယ့်ကို

အသည်းယားစရာ..


သူ နဲ့ရင်းနှီးခဲ့ဖူးတဲ နှုတ်ခမ်းဖူးဖူးလေး

က ဘာဆေးမှ မကူထားသော်လည်း

နီရဲနေကာ သူမရဲ့ မပြင်မဆင်ပုံလေးက

တကယ့်ကို လှပပါပေတယ်....သူမလောက်

လှတဲ့သူတွေ မြင်ဖူးပင်မဲ့လည်း အခုလို 

သူမလို ဘာမှ မပြင်မဆင်ထားရင်တော့..

လှကြမှာမဟုတ်..သူ့ရဲ့ ဇနီးလေးက

တကယ့်ကို အလှနတ်သမီးလေးပါပဲ...


ဓိ ပြုံး၍..သူမ ဆူပုတ်သွားသော

မျက်နှာလှလှလေးကို ကြည့်၍...


"အင်း ကိုယ်ရှာပေးမယ်..ခဏစောင့်..''


ဓိ ပြောပြီး ဘေက ဝါးလုံးအသေး

လေးကို ပါလာတဲ့ ဓားနဲ့ သေချာခုတ်ကာ

ချွန်မြနေအောင် လုပ်ပြီး စောစောက

ရေတံခွန်လေးအနား သွားရဲ့ ရေထဲတစ်ချက်

ကြည့်၍...ချွန်ထားသော ဝါးလုံးနဲ့ စိုက်ချလိုက်သည်။


သူမ သူလုပ်နေတာကို နားမလည်စွာ

ကြည့်နေတုံး သူ ဒုတ်အချွန်မှာ ငါးတစ်

ကောင်ပါလာတာကြောင့် သူမ အံ့သြ

သွားသလို ဝမ်းသာမိသွားသည်။


သူမ အခု ဗိုက်အရမ်းစာနေပြီမဟုတ်လား..


"သူမ အဲအနီးက ထင်းခြောက်စု

ထားလျိုကျ..."


သူ လှမ်းအော်လိုက်တာကြောင့်

သူမခေါင်းလေးငြိမ့်လိုက်၍..

ထင်းခြောက်လေးတွေ ကောက်ကာ

စုပုံထားလိုက်သည်။


ဓိ ခက်ခက်ခဲခဲ အချွန်နဲ့ လိုက်ထိုးရာ

ငါးကြီးကြီး သုံးကောင် မိတာ​ကြောင့်

သူ ပြုံး၍...ကြည့်ကာ..ဒီလောက်ဆို

သူနဲ့ သူမ နေ့လည်စာ အတွက် မပူရ

တော့...


ဓိ ငါးကို ဝါးအချွန်လေးသုံခု လုပ်၍..

ကင်ရန်အတွက် ဒုတ်မှာထိုး၍..

သူမ အနားလျှောက်လာပြီး အသင့်

စုပေးထါးသော ထင်ကို မီးမွေးကာ တန်း

လေးလုပ်၍...ပစ်ထားလိုက်သည်။


သူနဲ့ သူမလည်း ထိုမီးဖို ဘေးမှာ

ထိုင်ကာ...သူမ ငါးကင်နေသော

သူ့ကို ကြည့်၍...


"ဒီမှာ ဟိုလူတွေလိုက်လာ...နိုင်လောက်

လား..."


ဓိ ငါးကင်ကို တစ်ဖက် လှည့်ပေး

နေရင်း သူမ မေးလာတာ​ကြောင့်

သူ ခေါင်းငြိမ့်လိုက်၍..


"လိုက်လာန်ိုင်တယ်...ဒါပင်မဲ့ အရမ်း

စိတ်မပူပါနဲ့ ကိုယ်သူတို့ လမ်းမှား

သွားအောင် လုပ်ခဲ့တယ်..."


သူ့အပြော​ကြောင့် သူမ ခေါင်းလေး

ငြိမ့်ကာ သူ့ရဲ့ ညယဏ်ကောင်းတဲ့

ဦးနှေယက်ကို ချီးကျူးနေမိသည်။


သူက ရုပ်ရည်ချောတာပင်မကပဲ..

အရမ်းထက်မြတ်ပြီး တော်မဲ့ လူ

တစ်ယောက်ဆိုတာ သူမ ခန့်မှန်း

မိပါသည်။


ထိုအချိန် သူမနဲ့ သူ ပတ်သတ်မှုကို

သူမ သတိရသွားကာ မျက်နှာလေး

ရဲချိတ်လာတော့သည်။


"ရော..စားလိုက်အုံး..."


သူမ တွေးနေတုံး သူ့ရဲ့ အသံ

ကြားတာကြောင့် သူမ ခေါင်းလေး

ငြိမ့်ကာ သူကမ်းပေးသော ငါးကင်ကို

ဗိုက်စာစာနဲ့ စားနေလိုက်သည်။


ဓိ ဟန်ဆောင်မှု ကင်းစွာ အားရပါးရစားနေသော သူမရဲ့ ပုံစံလေးကို ကြည့်၍...

နှုတ်ခမ်းတို့မှာ အပြုံးတို့က ခိုတွဲနေ

တော့သည်။


-------------------------------------------^^^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


"ဘာ....ငါ့သမီးက ဓားမြတွေ ဖမ်းခေါ်

တာ ပါသွားတာ ဟုတ်လား.... ''


ဦးကျော်သူ ဖုန်းပြောပြီး ဆိုဖာပေါ်

ထိုင်ကျသွားကာ ငူငူကြီး ထိုင်ကာ

နေတော့သည်။


ဒေါ်ကဗျာမေ...ဘုရားရှစ်ခိုးပြီး

အောက်ထပ်ကို ဆင်းလာတော့..

ခင်ပွန်း ဖြစ်သူရဲ ပုံစံကြောင့် သူမ

အနည်းငယ်တွေဝေသွါးကာ..

အနားကို သွား၍..


"ကို ဘာဖြစ်နေတာလည်းဟင်...

သမီးလေး အကြောင်းသိရပြီလာ..."


ဇနီး ဖြစ်သူရဲ့ ဆိုးရိမ် ပူပန်မှုကြောင့်

သူ ပြောမထွက်...စုံစမ်းခိုင်းထားတဲ့

လူပြောတာတော့ အသက်ရှင်ပြန်ထွက်

လာဖို့ သိပ်မသေချာဘူးလို့တောင်

ပြောနေသည်။


ထိုစကားကို ငါပြောလိုက်ရင်သမီးကို

သိပ်ချစ်တဲ့ ဇနီးသည် ဘယ်လောက်

ခံစားသွားရမလည်း...


ဦးကျော်သူ အပြင်ဘက်တွင် ဟန်ဆောင်

နေသော်လည်း သူ သိပ်ချစ်ရတဲ့ သမီး

လေးအတွက် ရင်ထဲတွင် နေဆယ်စင်းမက

အပူမီးတွေက အရှိန်ပြင်းနေတော့သည်။


"ကို.. ပြောလေ..ကဗျာမေးနေတာကို..."


ဘာမှ ပြန်မပြောဘဲ တွေတွေကြီး

ကြည့်နေတဲ့ ခင်ပွန်းဖြစ်သူကို သူမ

ကြည့်၍...ရင်ထဲမှာလည်း တစ်မျိုး

တစ်မည် ဖြစ်လာကာ မျက်ရည်တွေ

ဝဲလာ၍..မေးတော့ ဦးကျော်သူ လှုပ်လှုပ်

ရှားရှား ဖြစ်လာကာ..သက်ပြင်းချ၍..လေကို

မှုတ်ထုပ်ကာ..


"ကဗျာ..ကိုယ်ပြောတာ သေချာ

နားထောင်နော်..စိတ်လဲ အရမ်း မတင်း

ထားနဲ့..."


"ဟင်..."


ဒေါ်ကဗျာမေ ခင်ပွန်း ​ဖြစ်သူ အခုလို

ပြောကထည်းက ရိပ်မိနေကာ မျက်ရည်မှ

မျက်ရည်တွေ ရစ်သိုင်းဖွဲ့ကာစီးကျလာ၍..


"ကို..ကိုပြောမှာက သမီးလေး အကြောင်း

လားဟင်..."


ဦးကျော်သူ ခေါင်းလည်းမငြိမ့်သလို

ခေါင်းလည်း မခါတာကြောင့် သူမ

သိလိုက်ကာ..


"ဟင့်အင်း သမီးလေး ပြန်လာတာ

ပြောမလို့လား..သမီးလေး ဘယ်မှာလည်း

ဟင်..ကျွန်မ သမီးလေး..."


"ကဗျာ.....!!!!"


အော်လိုက်တဲ့ ခင်ပွန်း ဖြစ်သူကြောင့်

ဒေါ်ကဗျာမေ ထွေထွေကြီးပြန်ကြည့်

တော့ ဦးကျော်သူ သက်ပြင်းအသာ

ချကာ..ဇနီးဖြစ်သူကို မကြည့်ဝံ့စွာ...


"စိတ်အေးအေးထားပါ..ကဗျာ.

သမီးက ဘာဖြစ်တယ်ဆိုတာ 

ကိုယ်တို့ အတိအကျမသိသေး

ဘူး ပြီးတော့ သမီးက ဓားမြတွေ

ရဲ့ ပြန်ပေးဆွဲမှုကို ခံလိုက်ရတာ..."


"ရှင်...."


ခင်ပွန်း ဖြစ်သူအပြောကြောင့် ဒေါ်ကဗျာ

မေ ဘာမှကို ပြန်မပြောနိုင်စွာပင် စွံအနေတော့

ဦးကျော်သူ လန့်သွားကာ..


"ကဗျာ..အဲဒီလိုကြီး မတောင့်ထားနဲ့

ငိုချလိုက်ကွာ...''


ဦးကျော်သူ မျက်မှန်အောက်တွင်

မျက်ရည်တွေ ကျလာ၍...သူလည်း

ရူးမတက်ခံစားနေရပါသည်။


တစ်ဦးတည်းသော သမီးလေးကို

အဆုံးရှုံးမခံနိူင်သလို ဇနီးသည်

ကိုလည်း ဘာမှ အဖြစ်မခံနိုင်။


သူ ဘယ်လောက်ကုန်ကုန် သမီးကို

မတွေ့တွေ့အောင် ပြန်ရှာရမယ်..


သူ အခုအချိန်ထိ မင်သက်နေသော

ဇနီးသည်ကို ထွေးပွေ့ကာ..


"ငိုချလိုက်ပါ ကဗျာရယ်..ကိုယ့်ကို

ချစ်ရယ်..အခုလိုကြီး မနေပါနဲ့ဗျာ...."


ဦးရန်အောင် ပြောပြီး မျက်ရည်တွေ

ကျလာတော့သည်။


"သမီး..ကဗျာ သမီးလေးကို

ပြန်ခေါ်ပေးပါ...."


"ဟာ..ကဗျာ..."


ပြောပြီး မေ့ကာ ဆိုဖာပေါ်

လှဲကျသွားသော ဇနီးသည်ကြောင့်

သူ လန့်သွားကာ...သူမကို ထွေး

ပွေ့ထား၍...


"လာကြအုံး....ဆရာဝန်..ခေါ်စမ်း..."


"ဟုတ်ကဲ့ ဆရာ.."


သူ အလုပ်သမားတွေကို အော်ခေါ်

တော့ အကုန်ပြေးဝင်လာကြပြီး

အလုပ်ကိုယ်စီရူပ်နေတော့သည်။


ဦးကျော်သူ အတွက်ကတော့..ဒီနေ့ဟာ

သူ့အတွက်တော့ မုန်တိုင်းဝင်တဲ့ နေ့ပါပဲ...


---------------------------==========^^^^^🍓🍓🍓🍓🍓🍓🍓🍓


တောကြီးဟာ အရမ်းနက်လွန်းတာကြောင့်

တဖြည်းဖြည်းနက်လာလေလေ သူတို့အတွက်

ပိုသတိထားရလေ ဖြစ်တော့သည်။


ညနေလည်း စောင်းလာပြီ ဖြစ်တာကြောင့်

ဘက်တို့ ခဏရပ်ကာ...


"ညနေလည်း စောင်းပြီး ဖြစ်တာ

ကြောင့် ကျွန်တော်တို့ ဒီမှာ

စခန်း ချရမယ်...အခြားနေရာ

တွေထက်စာရင် အခုနေရာက

ပိုလုံခြုံတယ် ထင်တယ်...."


"ဟုတ်တယ် ကိုဘက် ဒီနေရာ

က ပိုလုံခြုံတယ်..."


ဘက် ခေါင်းငြိမ့်၍...သူတို့တောထဲ

စဝင်တောက လမ်းရွေးတဲ့ လူကို

ကြည့်၍...


"အကို ကျွန်တော်တစ်ခု မရှင်းတာ

ရှိလို့ မေးလို့ရလား..."


"မေးပါဗျ..."


"အခြားအရာမဟုတ်ပါဘူး ကျွန်တော်

တို့ စဝင်လာတောက လမ်းရွေးတာလေ..

ထားခဲ့တဲ့လမ်းက အန္တရာယ်များတယ်

ပြီးတော့ မြွေပေါတါိဆိုတာ ခင်ဗျား

ဘယ်လိုသိတာလည်း..."


သူမေးတော့ ထိုအကိုက သူ့ဘေး

မှာထိုင်ကာ..


"အဲဒီတောကလည်း ကျွန်တော်ပြောပါ

တယ်..လမ်းက ကောက်ကွေ့နေပြီး

မြေသားတွေက အကောင်လျောသွား

သလို ချောမွတ်နေတယ်..ပြီးတော့..

အခြားလမ်းတွေထပ် အဲဒီလမ်းက 

ပိုပြီး တိတ်စိတ်နေတယ်လေ..."


ထ်ိုလူရဲ့ အဖြေကြောင့် ဘက်ခေါင်း

ငြိမ့်ကာ...


"အကိုပြောတောလည်း ဟုတ်သား

ပဲ..."


"ဟုတ်သားပဲ မလုပ်နဲ့ ကိုဘက်

အဲဒီမှာ တော်တော်များများ

သားရဲကောင်တွေ ရှိလောက်တယ်.... "


ဘက် ထိူလူအပြောကြောင့်

တွေးဆဆလေး ဖြစ်သွားမိသည်။


မနက်က လမ်းမှာတွေ့ခဲ့တဲ့ ကောင်လေး

ပြောပုံအရ..အကိုလေးနဲ့ မိန်းကလေး

က လူဆိုးတွေ လက်ထဲမှာ မရှိလောက်

တော့...ထွက်ပြေးတယ်ဆိုတော့..ထိုလမ်း

ကိုတော့ မဖြစ်နိုင်လောက်ပေ။


ဖြောက်...ဖြောက်...


"ဟင်..."


ထိုအချိန် နီးကပ်လာတဲ့ ခြေသံကြောင့်

ဘက်တို့အဖွဲ့ အကွယ်မှာ အသီးသီး

လျှင်မြန်စွာနေရာယူလိုက်၍....နီးကပ်လာ.သော ခြေသံတွေကို ကြည့်နေကြသည်။


"ဆရာ....ကျွန်တော်တို့ရှာတာ ညနေ

စောင်းနေပြီ အရိပ်အယောင်တောင်

မတွေ့ရတော့ဘူး..."


ခေါင်းဆောင်ဖြစ်သူကို တပည့်ဖြစ်ပုံပေါ်တဲ့အသားခပ်မဲမဲ လူတစ်ယောက်က ပြောတော့..

ထိုလူ ပြန်လှည့်ကြည့်ကာ.


"မင်းတို့ကို ငါပြောသားပဲ..သေချာ

စောင့်ကြည့်ပါဆ်ို...အခုမှ လာပြောမနေနဲ့..

မတွေ့တွေ့အောင်ရှာ.."


ထိုလူရဲ့ ဒေါသတကြီးပြောတာကြောင့်

မေးတဲ့လူ ကြောက်ရွံ့ သွားကာ

ခေါင်းငြိမ့်၍..


"ဟုတ်...ဟုတ်ကဲ့..ဆရာ...."


"တောက်...မတွေ့မချင်း ဘယ်သူမှ.မနား

ရဘူးနော်..."


ထိုအချိန် ဘက်တို့အဖွဲ့ ထိုလူတွေ

ကို သေနပ်တွေနဲ့ ချိန်ထားကြကာ..

ဘက် ခဏနေအုံး ပုံစံဖြင့် လုပ်ပြတော့.မပစ်သေးဘဲ ခဏချ်ိန်နေကာ ထိုအချိန် ဘက်လက်

ညိုး ကွေးပြလိုက်တော့...ထ်ိုလူတွေဆီကို

သေနပ်များဖြင့် ပစ်ခက်လိုက်တော့သည်။


ဒိုင်း....ဒိုင်း....ဒိုင်း...


"ဟာ..ပစ်တယ်ဟ ပြေးဟေ့..."


ဒိုင်း..ဒိုင်း...ဒိုင်း..


ရန်ကုန်ရဲ့ အတော်ဆုံး တောတိုး

သမားအပြင် လက်ဖြောင့် သမား

တွေ ဖြစ်တာကြောင့် ဓားမြတွေ.အကုန်

အတုန်းအရုန်းလဲကျကုန်ကြတော့သည်။


ခြေထောက်တွေကြီးပဲ ပသ်ခပ်ထား

တာကြောင့် အကုန်လုံး မပြေးနိူင်ဘဲ

ခြေထောက်သေနပ်ဒဏ်ရာတွေနဲ့ 

လူကောင်တွေကိုမှ အားမနာ အော်နေကြ

တော့သည်။


ဘက်တို့ အဲဒီတော့မှ အကွယ်တွေကနေ

ထွက်လာပြီး လှဲကျနေသော ထိုလူ

တွေအနားသွားကာ..ခေါင်းဆောင်ဖြစ်ပုံ

ရတဲ့ လူအနား တိုးသွား၍..လည်ပင်က

အင်္ကျီစကို ဆွဲကာ..


"ပြော ခင်ဗျား ပြန်ပေးဆွဲသွားတဲ့ လူ

နှစ်ယောက်..ဘယ်မှာလည်း...''


ထိူလူမှာ ဘက်တို့ကို အံ့သြသလို

ကြည့်နေပြီးမှာ အကြောက်လန့်

တကြား ခေါင်းခါပြကာ..


"ဟို...ငါတ်ု့ မသိဘူး ငါတို့လည်း

သူတိူ့ပျောက်လို့ ရှာနေတာ..."


"ဘာ...."


ဘက် အခုမှ မသိဘူးဆိုတဲ့ ထိုလူ

စကားကြောင့် ဒေါသထွက်သွားကာ.


"ခင်ဗျားတိူ့ကြောင့် လူတွေ ဒုက္ခ ရောက်

နေကြတာ...တောထဲမှာနေပြီး အောက်တန်း

ကျစွာ လူတွေကို ဓားမြတိုက်..သတ်ဖြတ်..

အခု ခင်ဗျားတို့အလှည့်ပဲ..."


"ဟား...ဒါဆို သတ်လိုက်လေ...ဘာလို့စကား

များနေတာလည်း..."


ချက်ချင်း မထိတထိ ပြန်ပြောလာတဲ့ 

ထိုလူကြောင့် ဘက်ခေါင်းငြိမ့်ပြ၍..


"အဟက်..စိတ်ချပါ.... သွားရမှာပါ.."


သူအေးစက်စက်ပြောလိုက်တော့

ထိုလူမှာ မျက်နှာပျက်နေကာ

ချွဲပင်ပြန်နေတော့သည်။


ထိုအချိန်ဘက် သေနပ်ဖြင့် ချိန်ထားသော

သူ့လူတွေကို ခေါင်းငြိမ်ပြလိုက်တော့သည်။


ဒိုင်း...ဒိုင်း....ဒိုင်း...


သေနပ်သံကြားပြီး တစ်ပြိုင်နက်

ဓားမြတွေလို့ခေါ်သော လူတစ်စု

သည်လည်း သွေးအိုင်ထဲ 

လဲကုန်ကြတော့သည်။


"ဟာ...ကျားကြီး...မင်းသေချာ

နားထောင်စမ်း..ကြားလိုက်လား...''


ထိုအချိန်တောထဲကက တစ်နေရာတွင်

စခန်းချနေသော ကျားကြီးနဲ့ ထွန်းထွန်း

တစ်ယောက်ကို တစ်ယောက်ကြည့်၍...

ခေါင်းငြိမ့်ကာ..


"ဟုတ်တယ်....ငါလည်းကြားတယ်..

ဟို လူတွေကို တွေ့လို့ သက်လိုက်ပြီ

လားမသိဘူး...."


"အေး ဖြစ်နိုင်လောက်တယ်..ကိုတာတီး

ကိုပြောမလား...''


"မပြောနဲ့ မင်းအခု သူ့ပုံကိုကြည့်

ကြောက်စရာ ကောင်းပြီး..

တစ်ခုခုကို စိတ်ကူးယဥ်နေပုံရတယ်...''


ထွန်းထွန်းပြောတော့ ကျားကြီး

သူတို့နဲ့ အနည်းငယ်လှမ်းတဲ့ သစ်ပင်

ပေါ်မှာ ထိုင်ကာ မျက်လုံး မှိတ်နေသော

တာတီးကြောင့် နှစ်ယောက်သာ ပြုံး၍


"ငါတို့ သူဆီက လက်နပ်ရအောင်

ယူရမယ်..."'


"အေး ဟုတ်တယ်..."


နှစ်ယောက်သားပြောပြီး တာတီးရဲ့

အလစ်ကို စောင့်နေကြတော့သည်။


---------------==============^^^🍓🍓🍓🍓🍓🍓🍓🍓🍓🍓


မှောင်နေပြီ ဖြစ်တာကြောင့် နှစ်ယောက်အသား မီးဖိုလေဘေးမှာ ကျောချင်းကပ်ထိိုင်ကာ နေမိကြသည်။


တစ်ယောက်ကို တစ်ယောက်စကားလည်း

မပြောကြဘဲ တိတ်ဆိတ်စွာ ရှိနေကြတော့သည်။


ညက တဖြည်းတဖြည်း ပို၍မှောင်လာကာ

သူမ တစ်ယောက်ကတော့..ပတ်ဝန်းကျင် 

ကိုကြည့်၍....သတွေးလေးမျိုချကာ ကြောက်

လာမိသည်။


ထို့ကြောင့် သူ့အနားပိုတိုးလိုက်တော့

သူက တုပ်တုပ်မလှုပ်...


သူမ နှုတ်ခမ်းလေးဖိကိုက်ကာ 

သူ့ကို မကျေမနပ် ဖြစ်နေမိသည်။


ဓိ ဘက်ရာက်လာပြီ ဖြစ်တာကြောင့် 

ရန်ခုန်သံတွေကို မနည်းထိန်းချုပ်နေရ

သည်။


ဒါကိုမသိသော သူမလေးက သူ့အနား

ပို၍..တိုးကပ်လာတာကြောင့် ဓိ ပို၍..

အခက်တွေ့နေရသည်။


သူ တစ်ခုခု လုပ်မိရင်လည်း သူမက

ငိုပြီး သူ့ကို စိတ်ဆိုးအုံးမည်။


ဓိ စိတ်တွေကို ထိန်း၍...ရင်းနှီးဖူး

သော အထိအတွေ့တွေကို ထပ်ပြီး

ကျူးလွန်ချင်စိတ်ကို ချိုးနှိမ်၍...

သူအံကို တင်းနေအာင် ကျိတ်ထားမိသည်။


သူမ မှောင်မဲနေသော ပတ်ဝန်း

ကျင်ကို မျက်လုံးလေးဝေ့ကါ

ကြည့်နေတုံး..


အူး........ဝူး..


"အမလေး...."


"ဟာ...သူမ..."


"ဟင့်အင်း...မသိဘူး သူမကြောက်တယ်..."


ဓိ သူ့ပေါင်ပေါ် လာထိုင်လိုက်တဲ့ 

သူမကြောင့် နထင်ကြောတွေထောင်ထ

လာကာ လန့်သွားတဲ အထိပင်။


ဒါကို မသိသော သူမလေးကတော့..

သူ့လည်ပင်းကို အတင်းဖက်ထား၍.

ရင်ခွင်ထဲ အတင်းတိုးဝင်နေတော့...

ဓိ သက်ပြင်းချ၍..အတင်းဖယ်ထုပ်

သော်လည်း ခေါင်းလေးခါပြီးတော့သာ

အတင်းဖက်တွယ်နေတော့သည်။


ဓိ ရင်ခွင်ထဲက သူမ ပုံစံလေးကို

ငုံ့ကာကြည့်၍...


"သူမ မင်းကိုယ့်အပေါ်က ဆင်း...''


"ဟင့်အင်း...ဟင့်အင်း..သူမကြောက်လို့ပါ...

ဟင့်..."


"အဲဒါဆို ကိုယ့်ကို ပြီးမှ အပစ်မပြော

နဲ့နော်...''


"အင်....အို...."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: