book

Index 12

အပိုင်း (10)🍎🍎🍎🍎

  • Author : Lwanchin
  • Genres : Romance, Action


ဓိ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေသော

သူမရဲ့ မျက်နှာ ဝင်းဝင်းလေးကို ကြည့်

နေလိုက်သည်။


သူအနမ်းတွေနဲ့ ချော့သိပ်လိုက်တာ

ကြောင့် သူမှ အိပ်ပျော်သွားတာ

ဖြစ်သည်။


ဘေးမှာ ဟိုကောင်လေး လာပေးသွား

တဲ့ ထမင်းဟင်း အသီးတွေကလည်း

ဒီအတိုင်းပင်။


ဓိ သူ့လက်မောင်းပေါ်က သူမလေး

ကို အသာ နိုးလိုက်၍...


"သူမ မင်း ထမင်းထစားလေ...''


သူနိုးသော်လည်း သူမ ဆိုတဲ့သူမက

နိုးမလာ..ဓိ လက်ထောက်လိုက်၍..

သူမ မျက်နှာလေးအပေါ် အုပ်မိုးကာ..

ခပ်ညစ်ညစ် ပြုံးလိုက်ကာ...


"သူမ ထလေ ညနေစောင်းသွားရင်

ထမင်းတွေက မကောင်းလောက်

တော့ဘူး.. "


ဓိ သက်ပြင်းချလိုက်၍...


"ကိုယ်နိုးတယ် မင်းမထတာနော်.."


"အို...ရှင်ဘာလုပ်တာလည်း... ''


သူမ ပါးပြင်လေးကို သူ့နှာခေါင်းကြီး

ထိစိုက်လိုက်တဲ့ အထိအတွေ့ကြောင့်

သူမ အလန့်တကြားထထိုင်လိုက်၍..

သူ့ကို မျက်ဝန်းလေးပြူးကာ မကျေမနပ်

ကြည့်၍ မေးတော့..ဓိ ပြုးသွားကာ...


"မင်းကို ထလို့ပြောသားပဲ

မင်းထအောင် နိုးပေးတါ..."


"ဘာ..."


သူမကို ညကထည်းက အခုအချိန်ထိ

အသားယူနှာဘူး ကျနေတဲ့ သူ့ကို

သူမ ပါးရိုက်ချင်တာ လက်ကို မနည်း

ထိန်းထားရတော့သည်။


သူမ နင်မဖြစ်ဘူး သည်းခံ ဟိုရောက်မှ

နင်ကြိုက်သလိုရိုက်...


သူမတွေးပြီး ခေါင်းလေးတွေငြိမ့်နေတော့

ဓိ မျက်မှောင်ကြီးကုတ်၍ ကြည့်ကာ..


"စားလေ..."


သူမ အရှေ့ကို ဆန်ကြမ်းထမင်းပန်ကန်နဲ့

ဘာအသားတွေမှန်းမသိသော အဆီတဝင်း

ဝင်း ဟင်းပန်ကန်ကြီးကို သူမကြည့်၍...

ခေါင်းလေးခါလိုက်ကာ...


"ဟင့်အင်း သူမ မစားချင်ဘူး..."


ဓိ သူစားရမဲ့ ထမင်းကို စားနေတုံး

သူမငြင်းလိုက်တာကြောင့် သူ

မျက်ခုံးတွေ ပင့်တက်သွားကာ..


"ဒီမှာ သူမ ဒါတောထဲနော် ဒါစား

ရတာတောင် ကံကောင်းတယ်

မှတ် ကြိတ်မိတ်ပြီး ဝင်အောင်

စားလျုကျစမျးပါ..."


"ဟင့်အင်း သူမ အသီးတွေပဲ

စားမှာ..."


ပြောပြီး ဘေးက ပန်းသီးငှက်ပျော

သီးနဲ့ ဖရဲသီးဗန်းလေးကို ယူ၍ 

ပန်သီးကို ကိုင်လိုက်တဲ့ သူမကြောင့်

ဓိ စားနေရင်း မျက်လုံးပြူးသွားကါာ...


"သူမ မင်းဘာလုပ်မလို့လည်း ပန်းသီးကို

မင်း မတည့်ဘူးလေ..."


သူမ အော်လိုက်တဲ့ သူ့ကို 

မျက်စောင်းလေးထိုး၍...


"သိပါတယ် ရှင့်အတွက် ဖယ်ထားမလို့..."


ဓိ ပြုံးလိုက်ကာ...


"မသိဘူး ငါက မင်းစားမလို့လားလို့...''


"ကျွန်မ အန္တရာယ် ကျွန်မသိပါတယ်..."


သူမ သူ့ကို မျက်စောင်းလေးထိုးတော့

သူ ထမင်းစားနေရင်း ခေါင်းငြိမ်ပြ၍...


"ဒီတစ်ခါမှ မသိရင်လည်း မင်းကို

တာတီဆိုတဲ့ လူဆီ ပို့ပစ်မယ်...''


"ရှင်နော်..သူမကို အဲဒီလူအကြောင်း

မပြောနဲ့..."


သူ့ကို မျက်စောင်းထိုး ၍ ပြောလာတဲ့

သူမကြောင့် သူထမင်းစားချင်းကို

လက်စသက်လိုက်ကာ...ထရပ်လိုက်ပြီး...


"မင်း ဒီမှာ ခဏနေခဲ့အုံး...''


သူ ပြောတာကြောင့် သူမ လှုပ်လှုပ်ရှား

ရှား ဖြစ်သွားကာ....


"ဘယ်ကို သွားမလို့လည်း..."


"ဒါတွေ သွားပေးရင်နဲ့ ခြုံတိုးမလို့...''


"ဟင်..ဘာခြုံလည်း.."


ဓိလိုက်မေးနေတဲ့ သူမကို သေချာ

ကြည့်၍...


"အိမ်သာကို ပြောတာ..."


"အို..."


သူပြောလိုက်လို့ ရှက်ကာ တစ်ဘက်

က်ိုလှည့်သွားတဲ့ သူမကြောင့် ဓိ

ခေါင်းရမ်းလိုက်၍...သက်ပြင်းလေး

ချကာ ထွက်လာမိသည်။


သူမ သူ့ထွက်သွားတော့မှ စောစောက

အဖြစ်အပျက်နဲ့ သူ့ပုံစံတွေကို စဥ်း

စားနေမိသည်။


သူ ဘယ်လ်ုနေနေ ကြည့်လိုက်တာနဲ့

ရှိန်သွားစေမဲ့ အရှိန်အဝါ တစ်မျိုး သူ့စီ

က ရနေသည်။


နေပုံထိုင်ပုံကလည်း လူကြီးဆန်လှသည်။

စားသောက်ပုံက အစ သူမက်ို သူက

စားသာပြောနေတာ သူ့ကြတော့လည်း

အနည်းငယ်သာ စားသည်။


သူမ သူ့ကို မကျေမနပ်ပြောပင်မဲ့လည်း

သူ သူမအပေါ် နမ်းတာက လွဲ၍ ဘာအခွင့်

အရေးမှ မယူခဲ....


သူ့နေရာမှာသာ အခြားယောကျာ်လေးဆို

သူမ ဘဝ မတွေးရဲစရာပင်။


ဇော်နဲ့ သူနဲ့ ရှင်ရင် ဇော်က သူ့လောက်

မချောပေ...ဒါပင်မဲ့ ဇော်ကရော အခုလို

အခြေအနေမှာ သူမကို ကာကွယ်ပေးမှာလား...


သူမ တွေတွေလေးထိုင်ကာ ဇော်ကို

မျက်လူံးထဲ ပြန်မြင်ယောင်ပြီး

သူနဲ့ ရှင်နေမိသည်။


"အို...ငါဘာတွေ တွေးနေတာလည်း..."


သူမ ခေါင်းလေးခါရမ်း ကာ


"ဟင့်အင်း သူမ နင်အဲဒါတွေ

မတွေးနဲ့ နင်ဇော်အပေါ် သစ္စာ

မဖောက်နဲ့..ဟုတ်တယ် နင်လက်ထပ်

ရမှာ ဇော်က်ိုပဲ....မေမေ...သူမ

မေမေနဲ့ ဖေဖေကို လွမ်းတယ်.."


သူမ နှုတ်မှ တိုးတိုးလေးပြော၍

သက်ပြင်းချကာ ငှက်ပျောသီး

တစ်လူံးနဲ့ ဖရဲသီးအနည်းငယ်ကို

ယူစားလ်ိုက်သည်။


ထမင်း မစားတာကြောင့် ဗိုက်ကတော့

ဟာတာတာနဲ့ပင်။


------------------=====--===========^^^^🍓🍓🍓🍓🍓🍓


"ရှင်ဘယ်လည်း...."


ဇော်ကားရပ်ကာ ကားပေါ်ကဆင်းတော့

ခဆိုတဲ့ မိန်းကလေး အလန့်တကြားမေး

တော့ သူ မျက်မှောင်ကုတ်သွားကာ..


"ဟိုမှာလေ သန့်စင်ခန်း သွားမလို့...

ဘာဖြစ်လို့လည်း...''


သူ့အပြောကြောင့် ခ ထိုနေရာကို

ကြည့်လိုက်တော့ အများသုံး

သန့်စင်ခန်း...ခ ခေါင်းလေး ခါလိုက်ကာ...


"ဟင့်အင်း ဘာမှ မဖြစ်ပါဘူး

ခက သိချင်လို့ မေတာပါ..."


ဇော် ဘာမှ ပြန်မပြောတော့ဘဲ

သန်စင်ခန်းရှိရာကို ထွက်လာ

ခဲ့သည်။


သူတို့သွားမဲ့ ခရီးက အနည်းငယ်လို

သေးသည်။


အရေးထဲ ခဆိုတဲ့ မိနကလေးက 

စစ်သေနပ်ဖောက်သလို စကားကို

တစ်လမ်းလုံးပြောကာ သူနားတွေ

အူလာတဲ့အထိပင်။


သူ့ကို လက်ထပ်မဲ့ ဦးကထိက အစား

ရင်မောမိသည်။


ဇော်ကိစ္စရှင်းပြီး လက်ဆေးနေတော့...


" အုံးမောင် မင်းကြားပြီးပြီလား...''


"ဘာကိုလည်းကွ...''


"မင်းကလည်း သုံလေးရက်လောက်က

ငါ့အမေတွေ ပြန်လာတဲ့လမ်းမှာ ကားကို

ဓားမြတိုက်ခံရတာလေ..."


"အော်အေးဟုတိတယ်..အဲဒီမှာ လင်မယား

နှစ်ယောက် ပါသွားတယ်ကြားတယ်..."


"အေးဟုတ်တယ် နှစ်ယောက်လုံး

ဖြူဖြူ ချောချောလေးတွေဟ...

ငါတောင် အမေပြောပြလို့ အရမ်း

သနားတာ...ကောင်လေးကို သတ်ပြီး

ကောင်မလေးကို တစ်ခုခုလုပ်မှာ စိုးရိမ်တာ..."


" ကောင်မလေးမှာ ကိုယ်ဝန်ကြီးနဲဲတဲ့ကွာ

ဒီကောင်တွေက လူစိတ်ရှိတာ မဟုတ်ဘူးကွ..."


"ဟုတ်တယ်ကွာ..ငါတောင်အခု ရန်ကုန်

တက်လာတာ တော်သေးတယ် ဒီကောင်

တွေနဲ့ မတွေ့လို့ သူတို့က လက်နက်တွေ

နဲ့ နောက်မင့်ဆို ပြန်ချတယ်ကွ..."


"ဟုတ်တယ် ငါလည်း အမေလာမယ်

ဆိုလို့ အတင်းထားခဲ့ပြီး လာရတာကွာ..."


ဇော် ထိုလူလတ်အမျိုးသားနှစ်ယောက်

အပြောကြောင့် သူတွေဝေသွါးမိသည်။


သူတို့ပြောတဲ့ သုံလေးရက်လောက်ကဆို

သူမ သွားတဲ့ရက်ပေါ့...ဒါပင်မဲ့ ထိူလူတွေ

ပြောတာ က ကိုယ်ဝန်သည်နဲ့ သူ့အမျိုးသား

ဆိုတော့ သူမတို့ မဟုတ်နိုင်....


သူ သက်ပြင်းအသာ ချ၍...သန့်စင်

ခန်းထဲကနေ ပြန်ထွက်လာပြီး ကား

ရှိရာ ပြန်လာပြီး ကားမှန်ကို ပုတ်ကာ..


"ဒီမှာ..မင်းဘာမှ မစားဘူးလား.."


ခငိုက်နေတုံး ကားမှန်ကို လာပုတ်လိုက်

တာကြောင့် လန့်သွားကာ ကြည့်တော့

သူဖြစ်နေတာကြောင့် ခ ကားမှနိလေး

ချလိုက်၍...


"စားချင်တယ်..."


"အဲဒါဆို လာ..ငါတို့အမြန်စားပြီး မမှောင်

ခင် အမြန်သွားရမှာ..."


"ဟုတ်ကဲ့..."


ခလည်း ကားတံခါး ဖွင့်စင်း၍..ပိုက်ဆံ

အိတ်လေးကို ယူကာ သူအနောက်က

နေ ခပ်သုတ်သုတ်လိုက်လာခဲ့လိုက်သည်။


ခ နဲ့သူ ဝါးဖြင့်ဆောက်ထားသော

ဆိုင်လေးမှာထိုင်လ်ိုက်တော့ 

ဆိုင်ရှင်လို့ ထင်ရတဲ့ အသားခပ်လတ်လတ်

အမျိုးသမီးက သူ့တို့အနားရောက်လာပြီး..


"သားတို့ ဘာစားကြမလည်း..."


"ဘာရလည်းဗျ..."


"မြန်မာ ထမင်းဟင်း အစုံရတယ်သား

ပြီးရင် အအေးက ဘူးတွေရတယ်..."


"မင်း ဘာစားမလည်း..."


ခ သူမကို မေးလာတော့ ခေါင်းလေး

ငြိမ့်ကာ..


"ခ ထမင်းနဲ့ ဝက်သားကြော်ရှိလား...''


"ရှိတယ် သမီး..."


"ဟုတ်အဲဒါပေးနော် ပြီးတော့ ရေဘူး

အေးအေးလေးတစ်ဗူး..."


"ဟုတ်ပြီးသမီး...''


"ကျွန်တော့်ကို အမဲသာနဲ့ ပေး

အေးတဲ့ အချိုရည်တစ်ဗူး..."


"ဟုတ်ပြီး ခဏစောင့်ပေးကြနော်..

သားနဲ့ သမီး...z''


"ဟုတ်ကဲ့ပါဗျ..."


ဆိုင်ရှင် အမျိုးသမီးကြီးက

သူတို့ကို ပြုံးပြကာ ပြန်ထွက်

သွားတော့...ခ အရှေ့က လက်ဖက်ရည်

ငဲ့သောက်နေသော ထိုလူကို ကြည့်၍...


"ရှင် ဘာသွားလုပ်မလို့လည်းဟင်..

မွန်ပြည်နယ်ကို..."


" ကိစ္စရှိလို့..."


ခ နှာခေါင်းလေး တွန့်လ်ိုက်ကာ...


"ခလည်း ကိုကို ဆီကို လိုက်သွားတာ..."


"မင်းပြောတာ ငါသိပြီးပြီး....''


ခ သူ့ရဲ့ ခပ်တည်တည် အပြောကြောင့်

မျက်နှာလေးကို တစ်ဖက်ကို လွဲ၍ မဲ့လိုက်

မိသည်။


ဇော် ထိုအရာကို မြင်သော်လည်း မမြင်

ချင်ယောင်ဆောင်ကာ လာချပေးသော

ထမင်းနဲ့ ဟင်းကိုသာ စားနေလိုကိတော့

သည်။


သူတို့ စားပြီးသောက်ပြီးတော့ ခဏထိုင်ကာ...

သူ ပိုက်ဆံရှင်းပြီး...


"သွားကြမယ်.. "


"ဟုတ်ကဲ့.."


ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတဲ့

ထိုလူကြောင့် ခ နှုတ်ခမ်းလေးမဲ့လိုက်ကာ...


"ဟွန့် ကိုကိုလောက်မချောပဲနဲ့ ချေလိုက်တာ..."


သူမလည်း ပြောပြီး ကားရှိရာကို အမြန်ပြေး

လာပြီး တက်လိုက်တာနဲ့ ကားလေးကလည်း

လိုရာခရီကို ထွက်ခွားလာတော့သည်။


-----------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓


"ဖေကြီး သမီးလေး သတင်းကြား

ရပြီလား..."


အိမ်ထဲကို အားလျော့စွာဝင်လာတဲ့ 

ခင်ပွန်းဖြစ်သူကြောင့် ဒေါ်မေကဗျာ

အနား အမြန်ပြေးသွား၍ မေးတော့

ဦးကျော်သူ ခေါင်းခါပြကာ...


"ကိုယ် သမီးကို လူလွတ်ပြီး ရှာခိုင်း

ထားတယ် ကဗျာ...မွန်ပြည်နယ်က

သူငယ်ချင်းအသိတွေရော သမီး

သူငယ်ချင်းတွေရော အကုန် ရှာနေ

ကြတယ်..."


"ဟင်..."


ဒေါ်မေ ကဗျာ မျက်ရည်တွေကျကာ

မင်သက်နေတော့ ဦးကျောင်သူ 

ခေါင်းငြိမ့်ကာ...


"အဲဒီရက်က သမီးသွားတဲ့ကားက

ဓားမြ အတိုက်ခံရတယ်တဲ့..."


"ရှင်..."


ဦးကျော်သူ ဇနီးဖြစ်သူ လဲကျမလို

ဖြစ်သွားတာ​ကြောင့် သူ အမြန်

ထိန်းလိုက်ကာ...


"စိတ်ထိန်းပါ ကဗျာ..သမီး ဘာမှ 

မဖြစ်လောက်ပါဘူး တစ်နေရာရာ

ကို ရောက်နေလို့ နေမှာပါ ပြီးတော့

အဲဒီနေ့က ဓားမြတွေနောက်ပါသွားတာ

ကိုယ်ဝန်သည်အမျိုးသမီးနဲ့ သူမ

ခင်ပွန်း တဲ့..  "


"ဟင့်...အဟင့်...အဲဒါဆို ကျွန်မ သမီးက

ဘယ်မှာလည်း ကိုကျော်သူ ကျွမ်မ သမီး

လေးကို ပြန်ရှာပေးပါ..ဟီး....ကျွန်မ

သမီးလေး ဒုက္ခတွေ့နေရင် ဘယ်လို 

လုပ်အလည်း..."


"ကဗျာရာ မင်းမဟုတ်တာမပြောနဲ့

ကိုယ်တို့သမီးလေးက လိမ်မာတာကို

သူတော်ကောင်းနဲ့ပဲ တွေ့မှာ..."


"အဟင့်...ကျွန်မ..ကျွန်မ.. သမီးလေး

ကို အရမ်းစိုးရိမ်တာပဲ..ကျွန်မကြောင့်ပါ

တားရင် ရရဲ့သားနဲ့ မတားလိုက်မိဘူး

သမီးလေး..ဟီး..."


ဦးကျော်သူ ဇနီးဖြစ်သူ ငိုတော့...

ပခုံးကို ဖတ်ထားပြီး နှစ်သိမ့်

လိုက်ကာ သူလည်း ရင်ထဲတော့

မကောင်းပေ။


"ဒါနဲ့ ဇော်ကိုရော ပြောပြီးပြီလား

ကို..."


"မပြောရသေးဘူး သူက ဘယ်မှာလည်း..."


ဒေါ်မေကဗျာ မျက်ရည်တွေသုတ်၍..


"သားက သမီးနောက်ကို လိုက်သွားတယ်.."


"ဟင်..ဘယ်ကို လိုက်သွားတာလည်း... "


"မွန်ပြည်နယ်ကိုလေ..."


"ဟာ..ဖုန်းဆက် သမီးက ဘယ်ရောက်

နေမှန မသိတာကို ကွာ..."


"အဲဒါ ပဲ ကိုကျော်သူ ရှင်တို့ကြောင့်

ကျွန်မသား အခု အရမ်းအန္တာရာယ် များတဲ့

နေရာကို လိုက်သွားတယ်တဲ့ ရှင်..."


ဇော်ရဲ့ မိခင် ဒေါ်ခိုင်မာ မျက်နှာထား

တင်းတင်းနဲ့ အိမ်ထဲ ဝင်လာပြီး ပြောတော့

ဒေါ်ကဗျာ...ကြည့်၍..


"ခိုင် ထိုင်ပါအုံး.. "


"ကျွန်မ ထိူင်ဖို့ လာတာမဟုတ်ဘူး

ကဗျာ...ရှင့်သမီးကြောင့် ကျွန်မသား

ဒုက္ခရောက်တော့မယ်..အခုလည်း

ဘယ်သူနဲ့ လိုက်သွားမှန်းမသိတဲ့ 

ရှင့်သမီးနောက်ကို လိုက်သွားပြန်ပြီ..."


"ဒီမှာ မခိုင်မာ ခင်ဗျား

စကားကို ဆင်ခြင်ပြောပါ

ကျုပ်တို့သမီး လိမ်မာတာလည်း

ခင်ဗျား အသိပဲ ဒါကို ဘာကြောင့်

အခုလို ပြောရတာလည်း..."


"အို..လိမ္မာရင် အခုလို ဒုက္ခပေး

မလား ဘယ်ယောကျာ်းနောက်

လိုက်သွားမှန်းမသိတာက်ို

ဟိုနွားလုပ်ချင်တဲ့ အကောင်က

လိုက်သွားတယ်လေ..ဒီမှာ ကျွန်မ

အပြတ်ပြောခဲ့မယ် ကျွန်မသားကို 

ရှင်တိူ့ သမီးနဲ့ သဘောမတူနိုငိတော့ဘူး

ကျွမ်မသားနဲ့ နောက်လာမပတ်သတ်ပါနဲ့.. "


ဒေါကြီးမောကြီးပြောကာ ထွက်သွား

တဲ့ ခိုင်မာကြောင့် ဦးကျော်သူ 

မျက်နှာကြီးတင်းမာနေကာ ဒေါ်ကဗျာမေ

လည်း ခိုင်မာရဲ့ စိတ်ဓာတ်ကို သိလိုက်

ရတော့ ရင်ထဲမကောင်းပေ။


"သမီးကို ပြန်ရောက်လာရင် အဲမိန်းမသား

နဲ လုံးဝ ဖြတ်ခိုင်း..."


ပြောကာ အိမ်ပေါ်တက်သွားတဲ့ ခင်ပွန်း ​

ကြောင့် ဒေါ်ကဗျာမေ...စိတ်မကောင်း

စွာ သက်ပြင်းချလျှက် သမီးကို

သနားလွန်းတာကြောင့် မျက်ရည်တွေက

စီးကျနေတော့သည်။


------------======-----------------^^^^^🍓🍓🍓🍓🍓🍓🍓


နေဝင်ချိန် ညနေဆည်းဆာ အလှက

အခြားသူတွေအတွက် လှပနေသော်လည်း

တဲလေးထဲက မှောင်ချိန်ကို စောင့်နေသော

လူနှစ်ဦးအတွက်ကတော့... ရင်ခုန်စွာဖြင့်...


ဖြောက်.....


"ဟင်..."


"ရူး..."


တဲလေးထဲမှာ သူတို့ ထွက်ပြေးဖို့

အမှောင်ချိန်ကို စောင့်နေ ချိန်၌

တဲလေး အပြင်ဘက်ကနေ

ကိုင်းခြောက်တစ်ခုက်ို နင်းမိတဲ့

အသံကြောင့် သူမ မျက်ဝန်းလေး

ဝိုင်းကာ ကြောက်ရွံ့စွာ သူ့လက်ကြီး

ကို အားကိုးတကြီးကိုင်ကာ သူ့ကို

မော့ကြည့်လာတော့ သူ တိတ်တိတ်နေရန်

အချက်ပြလိုက်တာကြောင့် သူမ ခေါင်းလေး

ငြိမ့်ကာ ငြိမ်သွားမှာ သူ တံခါးအဝကို 

ကြည့်၍..


"ဘယ်သူလည်း..."


"ကျွန်တော်ပါ ထမင်းချက်​ကောင်လေး.. z''


အဲတော့မှ ဓိ ထရပ်လိုက်ကာ တံခါး

အမြန်သွားဖွင့်ပေးတော့ ထိုကောင်

လေးက ဓာတ်မီးလေးနဲ့ အထုပ်လေး

တစ်ထုပ်ကို ကိုင်၍...အထဲဝင်လာကာ...


"အကို..ဒါကိုယူထား မှောင်တာကြောင့်

မီးလိုတယ်လေ.ဒါက မီးခြစ်..ဒီ

အထုပ်က ဆေး အဲဒီဆေးကို ဆောင်ထား

မွေးပြီးတယ်... သောက်ရတာ..."


ဓိ ထိုကောင်လေး လက်ထဲက 

ပစ္စည်း တွေယူ၍...


"ညီလည်း လိုက်ခဲ့လေ..."


"ကျွန်တော် အခြားနေရာက လိုက်ခဲ့မယ်

အကို သူတို့က ပါးတယ် ဒါကြောင့် အကိုတို့ကို သွားခိုင်းတဲ့နေရာကို သူတို့ မသွားကြဘူး

သိပ်မရောက်ကြဘူး...ကျွန်တော်ပါလိုက်

ရင် မိသွားလိုက်မယ် ကျွန်တော်တို့ လမ်းမကြီး ပေါ်မှာ ပြန်ဆုံကြတာပေါ့..."


ဓိ ပြုံးပြီး ခေါင်းငြိမ့်ပြကာ..


"ကောင်းပြီး ညီ..."


ဓိပြောပြီး ထိုကောင်လေးကို ကျေး

ဇူးတင်းသော အကြည့်တို့ ဖြင့်ကြည့်ကာ

ပြုံးလိုက်ပြီး အနောက်က သူမကို ပြန်ကြည့်.တော့လည်း ထွက်ပြေးရမယ်ဆိုတာ

ကြောင့် သူမ အရမ်းကြောင်နေပုံ

ရသည်။


သူ ထိုကောင်လေးထွက်သွားမှ

သူမအနားကို ပြန်သွားလိုက်ကာ

သူမကိုယ်လူံးလေးကို ဖက်ထား

လိုက်ပြီး...


"မကြောက်နဲ့ သူမ ကိုယ်ရှိတယ်

မင်းကို ရန်ကုန်ကို ရောက်အောင်

ကိုယ်ပြန်ခေါ်သွားပေးမယ်..."


သူမ သူ့ရဲ့ ခါးကြီးကို တင်းတင်း

ပြန်ဖက်လိုက်ကာ...


"သူမ ရှင့်ကို ယုံပါတယ်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: