အူး.......ဝူး.......
"ဟေ့ကောင်....ကျားကြီး ငိုက်မနေနဲ့...
ဒီညငါတို့ အလှည့်ကြတာနော်...
ဆရာသိရင် အထုခံနေရမယ်..."
"အေးပါကွာ..ငါသတိလွတ်သွားလို့ပါ..
ပြီးတော့ ဒီည ငါအရမ်းအိပ်ချင်နေတယ်..."
"အဲဒါဆ်ို ထိုင်မနေနဲ့ လမ်းထလျှောက်လိုက်
ကွာ..."
"အေးပါကွာ..."
ကျားကြီးဆိုတဲ့လူ အိပ်ချင်နေတာကြောင့်
သူ လမ်းထ လျှောက်နေလိုက်သညိ။
"ဟာ..ကိုကျားကြီးတို့ ဒီမှာ မယ်ဇလီ
ဗူးသုတ် စားကြအုံးမလား...''
ထမင်းချက် ကောင်လေး လာကျွေး
တဲ အသုတ်ကြောင့် နှစ်ယောက်သား
မျာက်နှာတွေ ဝင်းလက်သွားကာ...
"စားချင်တာပေါ့ကွာ..ဘယ့်နဲ့ ပြောပါလိမ့်
ငါတို့ ဒီလိုဟာတွေ မင်းကျွေးမှ စားရမှာကွ.."
"ဟုတ်ပါပြီ...ဒါဆိုလည်း စားဗျာ..."
အောင်ကောင်း အကြံနဲ့ နှစ်ယောက်ကို
အသုတ်တွေကြွေးလိုက်တော့ နှစ်ယောက်
သား အငတ်တွေလို အငမ်းမရစားပြီး..
"စားကောင်းလိုက်တာ အောင်ကောင်းရာ
နောက်လည်း ကျွေးပါအူံးဟ..."
"စိတ်ချ ခင်ဗျားတို့ကို ငါ ဆရာမသိ
အောင် ကျွေးရတာ သူက ကျွေးခိုငိး
တာ မဟုတ်ဘူး..."
"တောက် အဲဒီလို အရမ်းလွန်နေပြီ...
ငါတို့က ဒီလောက်..လုပ်ပေး
ထားတာကို ငါတို့ကို မသာထာဘူး...
တောက်..."
"ဟုတ်တယ်...ကျားကြီး သူ့လက်
ထှောက် နှာဘူး တာတီဆိုတဲ့ ကောင်ရော
ပဲ..ငါလုံးဝမကျေနပ်ဘူး...."
နှစ်ယောက်သား ပြောဆိုနေစဥ်
အောင်ကောင်း ပန်ကန်လေးယူ
ကာ ပြန်လှည့်လိုက်ပြီး ခဏနေ
တော့ အနောက်ကို ပြန်ကြည့်တော့
နှစ်ယောက်သာ ခေါင်းကျိုးနေပြီ
ဖြစ်တာကြောင့် သူပြုံးလိုက်၍..
ထည့်စရာ ရှိတာထည့်ကာ အမြန်
ထွက်လာကာ ဟိုအကို တို့ တဲတံခါး
လေးကို ခေါက်လိုက်တော့..ထွက်လာ
တဲ့ အကိုကြောင့်...
"အကိုတို့ ထွက်ခဲ့တော့ လူရှင်းတယ်..
လာ..."
ထိုကောင်လေး ခေါ်တာကြောင့် ဓိ
သူမ လက်ကလေးကို ဆွဲ၍...
သုံးယောက်သား အမြန် ထိုတဲလေး
တွေနဲ့ ဝေးရာကို ထွက်ပြေးလာကြသည်။
သူတို့သုံးယောက် မှောင်မှောင်မဲမဲနဲ့ ထွက်
ပြေးလာရာ လမ်းဆုံတစ်နေရာ အရောက်
ထိုကောင်လေး ရပ်လိုက်တော့ ဓိနဲ့သူမ
သူ့ကို အထူးအဆန်းကြည့်ကာ..
"ညီ သွားမယ်လေ..."
"ကျွန်တော်တို့ အတူ သွားလို့ မရဘူး
အကို သူတို့ ကျွန်တော်တို့ကို မိသွား
လိမ့်မယ် ဟိုမှာတွေ့လား..."
ထိုကောင်လေး မီးအလင်းရောင်
ထိုးပြတဲ့ လမ်းလေးကို ဓိနဲ့ သူမ
ကြည့်လိုက်ပြီး သူ့ကို ပြန်ကြည့်တော့
အောင်ကောင်း ခေါငိးငြိမ့်ပြကာ..
"အဲဒါ အကိုတို့ ပြေးရမဲ့ လမ်းပဲ...
သူတို့က တောအရမ်းကျွမ်းတာ
ဒါ့ကြောင့် ကျွန်တော်က မျှားခေါ်
ပြီး ဒီလမ်းက သွားမယ်..အကိုတို့
ဒီအတိုင်းသွားရင် နှစ်ရက်လောက်
ကြာရင် မွန်ပြည်နယ် လမ်းမကြီးကို
ရောက်မယ်..အဲအခါ အကိုတို့ လွတ်ပြီ..."
"ညီကရော..."
"ကျွန်တော့်ကို စိတ်မပူပါနဲ့ ကျွန်တော်
ရှောင်တက်ပါတယ် အကိုသာ အမကို
အန္တရယ် ကင်းအောင်ခေါ်သွားပေးလိုက်ပါ..."
ထိုကောင်လေးအပြောကြောင့် သူမ
အရမ်းအားနားသွားမိသည်။
သူ သူမကို စကားအကောင်းပြောသော်လည်း
လူဆိုးလို့ထင်ပြီး စကာယအကောင်းပြန်မပြောခဲ့..သူမ ခေါင်းလေးငုံ့ကာ..
"အမ မင်းကို ကျေးဇူးတင်ပါတယ်.."
"ရတယ်ဗျ..အကိုတို့ လင်မယားသာ
ဂရုစိုက်သွားဗျ..ပြီးတော့ ညဘက်
မီးမွှေးအိပ်နော် တောရိုင်းတွေ
ရှိတက်လို့...ရော့အကို..."
ထိုကောင်လေးက ပြောပြီး သူ့အိတ်ထဲက
ဓားတစ်လက် ထပ်ထုတ်ပေးတော့..သူ
ခေါငိးခါပြပြီး...
"အကိုမှာ ရှိတယ်ညီ..."
"ယူပါဗျ..ဟိုဓားလေးက အသေးလေ..
ဒါက အကြီး.. "
ဓိ လည်း အားနာတာကြောင့် ယူ၍...
အောင်ကောင်း ဆိုတဲ့ ကောင်လေး
ကို ကြည့်ကာ..
"အကို မင်းကျေးဇူးကို မမေ့ပါဘူး..
ရန်ကုန်ရောက်ရင် KTK company
ကို လာရှာပါ အဲဒီမှာ အကိုရှိတယ်..."
"ဟုတ်ကဲ့ အကို စိတ်ချ..ကျွန်တော်
လာခဲ့ပါမယ်..သွားတော့အကို...
သူတို့အခုလောက်ဆို ကျွန်တော်တို့
ထွက်လာတာ သိနေလောက်ပြီ...."
ဓိခေါင်းငြိမ့်လိုက်၍...သူမလက်ကို
ဆွဲကာ ဓာတ်မီးထိုးလိုက်ပြီး လမ်းလေး
အတိုင်း ပြေးလာခဲ့ကြတော့သည်။
အောင်ကောင်းလည်း အကိုတို့ ပြေးသွား
မှ သူလည်း တစ်ဖက်လမ်းကို ပြေးလွှား
လိုက်တော့သည်။
တာတီတစ်ယောက် အိပ်ယာက နိုးလာ
၍..အပေါ့ထသွားကာ...ကင်းစောင့်
နေတဲ့ ကောငိတွေစီကြည့်တော့ နှစ်ယောက်
သား မှောက်နေတာကြောင့် သူဒေါကန်
သွားကာ..အနားသွားလ်ိုက်၍...ကန်လိုက်ကာ..
"ဟေ့ကောင်တွေ....မင်းတို့ ဘာလို့
အိပ်နေကြတာလည်း...ထစမ်း..."
သူနိုးသော်လည်း မနိုးတာကြောင့်
တာတီး ဘေက ရေပုန်းထဲက ရေတွေ
နဲ့ နှစ်ယောက်အပေါ် မဲ့ပစ်လိုက်သည်။
"အမလေ..အေးတာ..."
အဲတော့မှ နှစ်ယောက်သား အပြူးမပြဲ
ထလာ၍..သူ့ကိုမြင်တော့ လန့်သွား
ကာ...
"ကိုတာတီ..."
"ကိုတာတီး..လုပ်မနေနဲ့ မင်းတို့ကို အိပ်
ခိူင်းလား..."
"ဟိူ..ကျုပ်တို့ မအိပ်ပါဘူး
ဒါပင်မဲ့ အောင်ကောင်း..."
"ဟေ့ကောင် ကျားကြီး.. "
ကျော်ကျော်ဆိုတဲ့လူက အောင်ကောင်းက
မပြောရဘူး ပြောထားတာကြောင့် ဟန့်ထား
လိုက်တော့ ကျားကြီးရပ်သွားတာကြောင့်
တာတီး..ဒေါသထွက်သွားကာ..
"ပြောစမ်း...အောင်ကောင်း..ဘာဖြစ်လညိး..."
"ဟို...ဟို.."
"ပြောစမ်းကွာ..သေချင်နေပြီလား..."
တာတီး သေနပ်နဲ့ ချိန်လိုက်တော့ ကျားကြီး
လန့်သွား၍...
"အသုတ်လာကျွေးပြီး အိပ်ချင်သွားတာပါ..."
"ဘာ..အသုတ် ဟုတ်လား.. "
"ဟုတ်ပါတယ်..."
တာတီး တစ်ခုခုကို စဥ်းစားမိသွား၍...
ဟိုနှစ်ယောက်ထားထားသော တဲလေး
ဆီကို ပြေးသွားကာ တံခါးဖွင့်ကြည့်
လိုကိတော့တဲထဲမှာ ဘယ်သူမှ မရှိတော့..
"ဟာ...ခွေးမသား အောင်ကောင်း
မင်းစေဖို့သာပြင်ထား..."
သူအပြင်ထွက်လာပြီး အချက်ပေး
သံချောင်းကို ခေါက်ချလိုကိသည်။
အဲတော့မှ အကုန်ပြေးထွက်လာပြီး
သူ့အနား လာရပ်၍...
"တာတီ..ဘာဖြစ်လို့လည်း..."
"ဘာဖြစ်ရမှာလည်း ခင်ဗျားပြောတဲ့
ငွေထုတ် ပြေးပြီလေ...ဟိုကောင်
ခွေးမသား အောင်ကောင်း ခေါ်သွားတာ
ကျုပ်ပြောသားပဲ စလာတည်းက
အဲဒီ ခွေးမသားကို သတ်ပစ်ပါလို့...
ခင်ဗျား လုပ်လို့ အခုလို ဖြစ်တာ...''
တာတီ လက်ညိုးတစ်ထိုးထိုးနဲ့ပြောတော့
တာတီးဆိုတဲ့လူ မျက်နှာတင်းသွားကာ..
"မင်းငါ့ကို ဘာမှ ပြောဖို့ မလိုဘူး
တာတီး..သူချက်ကျွေးတာ မင်းလည်း
မြိုခဲ့တာပဲ အခုမှ အပိုတွေ လုပ်မနေနဲ့
အချိန်ကုန်တယ်...ကဲ အားလုံးပဲ
သူတို့ ငါတို့စခန်းကို သိသွားတဲ့ အတွက်
တွေ့တဲနေရာမှာ အကုန်သတ်ပစ်ကြားလား.."
"ဟုတ်ကဲဆရာ..."
"ကဲ..သွားကြမယ်..."
ပြောပြီး အကုန်လုံး သေနပ်ကိုယ်စီ
နဲ့ လျှင်မြန်စွာ ထွက်လာခဲ့ကြသည်။
----------------------=-====-------^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
"မွန်ပြည်နယ်ကလည်း ဝေး
သလိုပဲ မရောက်နိုင်တော့ဘူး...''
"မနက် လင်းတာနဲ ရောက်မှာပါ..."
ဇော် ဘေးက ညည်းငြူနေသော်
မိန်းကလေးကို ပြောလိုက်ပြီး
ကားကို ဂရုစိုက်၍ ဆက်မောင်း
နေလိုက်သည်။
Ring Ring Ring Ring
Ring Ring Rimg Ring
Ring Ring Ring Ring......
ဇော်ဖုန်းဝင်လာတာကြည့်တော့
မေမေဖြစ်နေတာကြောင့် ကိုင်၍...
"ဟယ်လိူ မေမေ...''
တစ်ဖက်က ဒေါ်ခိုင်မှာ ဝမ်းသာ
သွား၍...
"အမလေး သား ဘယ်တွေသွားနေတာလည်း
ကွယ် မေမေ တစ်နေ့လုံး ဖုန်းဆက်နေတာ
ဧရိယာ ပြင်ပကြီးပဲ ပြောနေတယ်ကွယ်..."
ဇော်တို့ လာတဲ့လမ်းတစ်လျှောက် လိုင်းမမိတာ ဖြစ်နိုင်သည်။
"လိုင်းမမိလို့ ဖြစ်မယ်မေမေ.."
"သားအခု ဘယ်မှာလည်း... "
"သားမွန်းပြည်နက်ဘက်ဆင်းနေတာ
မေမေ..."
"အမလေး အမလေး မဖြစ်ဘူး
သားလေး ပြန်လာခဲ့ အဲဒီဘက်မှာ
ဒီလောက်ဆိုးနေတာကို သားရယ်.."
"မေမေ..သူမ ပျောက်နေတာ သားရှာ
ရမယ်..."
သားအပြောကြောင့် ဒေါ်ခိုင်မာ မျက်နှာ
တင်းမာသွားပြီး...
"ဟင့်အင်းသား သူပါသူ ဘယ်ယောကျာိး
နောက်လိုက်သွားမှန်းမသိတဲ့ မိန်းကလေး
ကို သားက နွားကျခံပြီး လိုက်ရှာနေတာလား
အမလေး..."
"မေမေ ဘယ်လို ပြောလ်ိုက်တာလည်း
သူမက တခြားသူ မဟုတ်ဘူးလေ
သားချစ်သူလေ..."
"အဲဒါ အရင်တောက အခုမဟုတ်
တော့ဘူး မေမေလုံးဝသဘောမတူ
တော့ဘူးသား အခုပြန်ခဲ့နော်..."
"မရဘူး မေမေ သား သူအကို
ရအောင် ပြန်ရှာအူံးမှာ.."
"ဘာ ဇော်ဇော်မိုးမြင့် မင်းငါ့စကား
ကို နားမထောင်တာလားပြော..."
"ဟာဗျာ..မေမေကလည်း မေမေဘာ
ဖြစ်နေတာလည်း အရင်ကပဲ မေမေ
သူမကို သဘောကျတယ်ဆို... "
"အဲဒါ ငါပြောပြီးသားပဲ အရင်ကလို
အခုမဟုတ်ဘူး မင်းပြန်လာခဲ့..."
"မရဘူး မေမေ သားသူမကို ရအောင်
ရှာပြီးမှ ပြန်ခဲ့မယ်..သားကို စိတ်ဆိုး
ချင်လည်းဆိုးမေမေ..သားကတော့
သူမကလွဲပြီး ဘယ်မိန်းကလေးကိုမှ
မချစ်ဘူး..."
ဇော်ပြောပြီး ဖုန်းချလိုက်၍..ဆံပင်ကို
စိတ်ရူပ်စွာဖွလိုက်ပြီး ဘေးက သူ့ကို
ပြူးကြည့်နေသော ထိုမိန်းကလေးကို
အားနာစွာ...
"Sorry... "
"ရပါတယ်..."
ဇော် သက်ပြင်းချ၍...လေပူမှုတ်ထုပ်ကာ
ရင်ထဲ ခံရခက်စွာ ကားကိုသာ ဂရုစိုက်
မောင်းနေလိုက်သည်။
ခလည်း ထိုလူကို ကြည့်၍...
အသံလေးတိတ်နေမိသည်။
သူပြောတဲ့ သူမဆိုတာ သူ့ရဲ့
ချစ်သူလား သူမဆိုတာ
ထိုမိန်းကလေးကို ခေါ်တာလား
ထိုမိန်းကလေးရဲ့ နာမည်က သူမတဲ့
လား..
Ring Ring Ring Ring
Ring Ring Ring Ring
Ring Ring Ring Ring
Ring Ring Ring Ring .....
ခတွေးနေတုံး သူမအိတ်ထဲက
ဖုန်းသံမြည်လာတာကြောင့်
သူမ လန့်သွား၍..ဘေးက
ကမောင်းနေရင်း ငဲ့ကြည့်လာ
တဲ့ ဇော်ဆိုတဲ့လူကို ခ
ပြုံးပြ၍...ဖုန်းလေးကိုင်လိုက်တော့...
"ခေးခေးခ..အခု ညည်းဘယ်မှာလည်း..."
ခ တစ်ဖက်က မေမေရဲ ဒေါသ
ဖြစ်ပြီး အော်သံကြောင့် နာအူသွား
၍...မျက်နှာလေးမဲ့သွားကာ ဖုန်း
လေးကို အနည်းငယ်ခွာပြီးမှ
ပြန်ကပ်ကာ...
"မေမေရယ် ဖြေးဖြေးအော်ပါ..ခလန့်
သွားတာပဲ..."
တစ်ဖက်တွင် ဒေါ်တင်မ သမီး
ဖြစ်သူ အပြောကြောင့် ဒေါသက
ပိုထွက်သွားကာ..
"ညည်းအခု ဘယ်မှာလည်း ပြောစမ်း..."
"ကိုကိုအနောက် လိုက်သွားတယ်မေမေ.."
"အမလေး ဘုရားရေ...."
ဒေါ်တင်မ ရင်ဘက်လေးဖိကာ
ဖုန်းထဲက သမီးအပြောကြောင့်
သွေးတက်ချင်သလိုတောင် ဖြစ်သွား
၍...
"ညည်းငါ့ကို သတ်နေတာလား
ခ..ဟမ်း..ညည်းသွားတဲ့လမ်း
ဘယ်လောက်အန္တာရယ်များတယ်
ဆိုတာ ညည်းသိလာ..ခရဲ့..."
"မေမေကလည်း ခဏ ကိုကိုနောက်
လိုက်သွားတာလေ...ဟိုရောက်ရင်
ကိုကိုနဲ့ တွေ့ရမှာကို ဘာတွေ စိတ်ပူနေတာလည်း..."
"ဘာ ညည်း အပြောက လွယ်လိုက်လား
သားက ကို ညည်းမွန်ပြည်နယ်တစ်ခုလူံး
ဘယ်မှာရှာမလည်းခ ပြီးတော့ အဲဒီကို
သွားတဲလမ်းက ဓားမြတိုက်တာ နာမည်
ကြီးနေတာ ညည်းမသိဘူးလား...
အခု ချက်ချင်းပြန်လည့်လာခဲ့...''
"မရဘူး မေမေ..ခ ကားကြုံနဲ့
လိုက်လာတာ..."
"ဘုရား...ခ..သမီး ဘာပြောလိုက်တယိ.. "
ဖုန်းထဲမှာ မေမေ နောက်တစ်ခါထပ်
မေးတာကြောင့် သူမ ပြုံး၍...
"ကားကြုံနဲ့လေ..."
"ဘယ်သူ့ကားလည်း..."
"ရန်ကုန်က အသိကားပဲ မေမေ..."
"အမလေး ယောကျာ်းလေးလား..."
"ဟုတ် တယ်မေမေ..."
"အမလေး မိခ...ညည်း အကြောက်
တရားမရှိဘူးလား..အခု ပြန်လာခဲ့.. "
ခ မိခင်ဖြစ်သူ တစ်ဖက်မှာ စိုးရိမ်း
၍ ဒေါသဖြစ်နေသော်လည်း သူမ
ကတော့ နားမထောင်စွာ...
"မရတော့ဘူး မေမေ ခ ရောက်တော့မှာ
ဘာမှ စိတ်မပူနဲ့ ခ ကိုကိုနဲ့ အတူ
ပြန်လာမှာပါ..."
ခ ပြောပြီးတာနဲ့ ဖုန်းချလိုက်ပြီး
သင်ပြင်း လေးချကာ...ကူရှင်လေး
ကို မှီလိုက်တော့..
"မင်းလာတာ အိမ်က မသိဘူးလား.. "
"ဟင့်အင်း.. "
သူမ ခေါင်းလေးခါပြတော့ ဇော်
သက်ပြင်းချကာ..
တကယ့်မလွယ်တဲ့ ကောင်မလေးဘဲ...
----------------=============^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
"သမီးလေး...."
"ဂျောက်...."
"ကဗျာ...ဘာဖြစ်တာလည်း..."
ဦးကျော်သူ ဇနီး ဖြစ်သူ ထအော်လိုက်တာ
ကြောင့် သူ အလန့်တကြား ထထိုင်လိုက်၍
ဘေးမီးကို ဖွင့်ကာ ချွေးတွေစိုနစ်နေသော
ဇနီး ဖြစ်သူကို စိုးရိမ်စွာကြည့်၍ မေးလိုက်
သည်။
ဒေါ်မေကဗျာ.....မျက်ရည်တွေကျလာ
ပြီး ခင်ပွန်းဖြစ်သူ ရင်ခွင်ထဲ တ်ိုးဝငိပြီး
ဖက်ထားကာ ဝမ်းနည်းသဖြင့် ငိုချလိုက်တော့
သည်။
"အဟင့်...ဟီး...အဟင့်....ဟင့်..."
ဦးကျော်သူ ဇနီးဖြစ်သူ ဝမ်းပန်းတကြီး
ငိုနေတာကြောင့် ကျောလေးပွတ်ပေးပြီး...
"ဘာဖြစ်လို့ ငိုတာလည်း ကဗျာရယ်
ကိုယ့်ကို ပြော..."
ထိုတော့မှ ကဗျာ ခင်ပွန်း ဖြစ်သူ
ကို ကြည့်၍...
"ကို..ကဗျာ..ကဗျာလေ....သမီးလေး
ကို အိမ်မက်မက်တယ်..အဟင့်...သမီး
...သမီးလေးကလေ..ကဗျားကို မျက်ရည်
တွေကျပြီး ကြည့်နေတာ...ကဗျာ.အရမ်း
ဝမ်းနည်းတာပဲ ကိုရယ်..အဟင့်...ဟင့်..."
"ကဗျာရယ် ဒါမင်းစိတ်စွဲနေလို့ပါ...
ကိုယ်တို့သမီးလေးက ဘာမှ မဖြစ်ဘူး
ကိုယ်ယုံတယ် ကဗျာ...''
ဒေါ်ကဗျာ ခေါင်းငြိမ့်လိုက်၍...
"ကဗျာ သမီးလေးကို ပြန်ရှာပေးပါ
ကိုရယ် ကဗျာ သမီးလေးကိုပဲ လိုချင်တယ်..
ဟီး...အဟင့်....ဟင့်..."
ဦးကျော်သူ ဇနီးဖြစ်သူရဲ့ ခံစားချက်
ကို သူနားလည်ပါသည်။
သူ ဖအေတောင် ရူးမတက်ခံစားနေရ
တာ ဖြစ်သည်။
မွေးခဲ့တဲ့ သူမ ဘယ်လောက်တောင်
ခံစားရမလည်း....
ဦးကျော်သူ ခေါင်းငြိမ်၍...
"ကိုယ်တို့ မနက်ဖြန် ရှမ်းပြည်ဘက်
တက်ကြမယ်..ရဲတွေခေါ်ပြီ..."
"ဟင်..တကယ်လား..ကို..."
ဒေါ်ကဗျာ သမီးကို ရှာရမယ်ဆိုတာ
ကြောင့် ဝမ်းသာသွားကာ...မေးတော့..
ဦးကျော်သူ ခေါင်းငြိမ့်၍...
"တကယ့်ကဗျာ..အဲဒါကြောင့်
မင်း အိပ်ရေးဝအောင် အိပ်မှာရမယ်လေ..."
သူပြောတော့ ခေါင်းလေးငြိမ််ကာ
မျင်ဝန်းတွေ မှိတ်သွားသော ဇနီး
ဖြစ်သူကို စ်ိတ်မကောင်းစွာကြည့်၍..
သူလည်း မျက်ရည်တွေ ကျလာကာ..
"သမီးလေးရယ်..ဘယ်တွေ ရောက်နေလည်းကွယ်.."
သူပြောပြီး လှဲလိုက်သော်လည်း
မျက်ဝန်းတွေကတော့ အိပ်စက်လို့
မရတော့ပေ။
ထိုအတူ သူ့ဘေးက သမီး
အမေသည်လည်း မျက်ဝန်းတွေ
သာမှိတ်နေတာ အိပ်ပျော်နိုင်မှာ
မဟုတ်ဘူး ဆိုတာ သူသိနေပါသည်။
--------------------=-===--------------^^^^^🍓🍓🍓🍓🍓🍓🍓
"ကိုဘက်...အဖွဲ့တွေ လွတ်တာ
နောက်ဆုံးတစ်ဖွဲ့ပဲ ကျန်တော့တယ်..
ဒီတစ်ခါ ကျွန်တော်တို့ လက်သွားကြမလား..."
"အင်း ဒါပင်မဲ့ မင်းနေခဲ့ရမယ်..ငါပဲ
သွားမယ်..."
"ဟာ..မဟုတ်တာ..ကိုဘက်ကလည်း..."
"ဟုတ်တယ် လူရောက်လာရင် ဘယ်သူမှ
မရှိဘဲ နေလိမ့်မယ် အစောငွတစ်ယောက်နဲ့ မင်း နေခဲ့ပြီး ဒီက အခြေအနေကို ကြည်နေ
မကြာခင် ရန်ကုန် ကနဲ့ မွန်ပြည်နယ် က
ရဲတွေ လာလိမ့်မယ်..အဲဒါကြောင့် မင်း
ရှိဖို့ လိုတယ်...."
ထိုအခါ သဘောပေါက်သွားတဲ့ ထိုကောင်
လေး ခေါင်းငြိမ့်၍...
"ဟုတ်ကဲ့ အကိုဘက်..."
သူခေါင်းငြိမ့်၍..
"မင်းသွားအိပ်တော့လေ..."
""ဟုတ်ကဲ့ အကိူဘက်..."
ထ်ိုကောင်လေး တဲလေးထဲ ဝင်သွား
တော့မှ ဘက် မိုးတွေကြောင့် မဲမှောင်နေသော
ကောင်းကင်ကြီးကို ကြည့်၍...
"အကိုလေး ဘယ်တွေရောက်နေပြီ
လည်း.... ကျွန် တော်ပြောတာ ကြားတယ်
မဟုတ်လား..."
သူပြောပြီး သက်ပြင်းချ၍ တဲလေးထဲဝင်လာ
ကာ အိပ်ယာမှာလှဲလိုက်၍..တစ်ရက်ထက်
တစ်ရက် ကြာလာတာကြောင့် သူ အကိုလေး
ကို ပို၍ စိတ်ပူမိလာတော့သည်။
ကျွန်တော့်ရဲ့ အကိုလေး ဘာမှ
မဖြစ်ပါစေနဲ့....
-------===================^^^^🍓🍓🍓🍓🍓🍓🍓🍓
"အမလေး....."
"ဟာ...သူမ ရရဲလား..."
ဓိ လှဲကျသွားတဲ သူမကြောင့် စိုးရိမ်
သွားပြီး သူမအနားထိုင်လိုက်၍..
မေးတော့ သူမ မျက်နှာတော့
ဘယ်လို ဖြစ်နေမလည်း မသိ
မှောင်နေတော့ သူ သိပ်မမြင်ရ
ဓာတ်မီးကလည်း အားကုန်ခါနီး
ဖြစ်တာကြောင့် သိပ်အဆင်မပြေ..
သူ သူမလက်ကလေးကိုပဲ ကိုင်
ထားပြီး သူမ အသက်ရူသံ ပြင်းပြင်း
လေးက သူ့ကို ပိုပြီး စိုးရိမ်စိတ်တွေ
ဖြစ်ပေါ်စေသည်။
"သူမ ကိုယ်မေးနေတယ်လေ..."
သူမ သူမေးသံကြားသော်လည်း
အမောဆို့ပြီး အသံထွက်မလာ
တာကြောင့် သူမ သူ့ကို စကား
ပြန်ပြောလို့မရပေ။
သူမ သူ့လက်ကိုသာ ခပ်တင်းတင်းဆုပ်
ကိုင်းပြီး...အမောဖြေပြီး အသက်ကို ဝအောင်
ခဏလောက်ရူလိုက်ပြီးမှ အတော်သက်သာ
သွားကာ..
"ကျွန်မ..ကျန်မ..အရမ်းမောနေပြီ...
ပြေးလို့ မရတော့ဘူး..."
သူမရဲ့ အသံသဲ့သဲ့လေးကြောင့်
ဓိ သူမကို သနားသွားမိသည်။
သူလို လူတောင် အခုပြေးရတာအရမ်းပင်
ပန်းပြီး မောဟိုက်လာသည်။
သူမလို မိန်းမသာတာဆို ဘယ်လောက်
ပင်ပန်းနေမလည်း...
ဓိ အမှောင်ထဲမှာ သူမ မမြင်နိုင်မှန်း
သိသော်လည်း ခေါင်းငြိမ်ပြ၍...
လက်ထဲက အနည်းငယ်သာ
လင်းသော ဓာတ်မီးကို ဖွင့်၍..ပတ်ဝန်း
ကျင်ကို ထိုးကြည့်လိုက်တော့...
အပင်ကြီး ကိုင်းကျကာ အရိပ်လို
နေရာတွေ့တာကြောင့် သူဝမ်းသာ
သွားမိသည်။
သူတို့ပြေးလာတာလည်း နာရီအတော်
များပြီ ဖြစ်တာကြောင့် သူ သူမ
ကိုယ်လေးကို ရှိသမျှအနဲ့ ပွေ့ချီ၍..
ထိုအပင်ကြီးအောက်ကို ခေါ်ပြီး
သွားလိုက်သည်။
သူ အပင်အောက်ရောက်တော့..သူ့အပေါ်.အင်္ကျီကို ချွတ်ပြီး
သူမကို လှဲစေကာ သူကတော့
ဘေးမှာ ထိုင်၍...
"မင်း အားရှိသွားအောင် ခဏအိပ်
လိုက်သူမ..."
သူမ သူပြောတာ ကြားပင်မဲ့လည်း
မျက်လုံးတွေ မှေးစင်းလာကာ..
ပြန်မဖြေနိုင်တော့ဘဲ အိပ်ပျော်
ချင်း အဖြစ်ကို ရောက်သွားတော့သည်။
ဓိ ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို
မီးလည််ထိုးကြည့်တော့ ထင်းခြောက်
လေးတွေ တွေ့တာကြောင့် သူ ထ၍
ကောက်ကာ စုပုံပြီး အောင်ကောင်းဆိုတဲ့.ကောင်လေးပေးလ်ိုက်တဲ့ မီးခြစ်လေး
နဲ မွှေးလိုက်ကာ..အလင်းဓာတ်လေး
ပြန်ရလာတော့မှ သူ သက်ပြင်းလေးချကာ
အိပ်ပျော်နေသော သူမရဲ့ ချွေးတွေစီးကျ
နေသော မျက်နှာလေးကို သေချာကြည့်၍...
သနားနေမိသည်။
"ဝေါ...ဖြောက်..ဖြောက်..."
"ဟင်...မိုးရွာတာပဲ..."
တော်သေးသည် သူမီးမွှေးတာ သစ်ပင်ကြီးရဲ့.
အမိုးအောက်မှာဟုတ်လို့ မဟုတ်ရင် သေ
သွားနိုင်းသည်။ထင်းလည်း အပိုကောက်
ထားလို့ သူတို့အတွက် တစ်ညစာတော့
အဆင်ပြေလှသည်။
"ဟင့်.. အင်း..မေမေ..သူမ
ချမ်းတယ်..."
"ဟင်..."
ဓိ ထင်းထည့်နေတုံး သူမရဲ ညည်းသံ
ကြောင့် သူ သူမနားသွားပြီး နှဖူးလေးကို
စမ်းလိုက်တော့..တစ်ကိုယ်လုံးအေးစက်နေပြီး
တုန်နေတာကြောင့် သူစိုးရိမ်သွားကာ..
"သူမ.. သူမ မင်းဘာဖြစ်နေတာလည်း..."
"ဟင့်အင်း ချမ်းတယ်..သူမ
ချမ်းတယ်မေမေ..."
"ဟာ..."
ပြောပြီး သူ့ခါးကြီးကို အတင်းဖက်
ထားတဲ့ သူမကြောင့် သူ လန့်သွား
မိသည်။
သူမ ဖျားနေတာလား ပြီးတော့
သူမ အင်္ကျီတွေကလည်း စိုနေတာ
တာကို သူ အခုမှ သတိထားမိသွားကာ
တစ်ကိုယ်လူံးထူပူသွားမိတော့သည်။
"ဟင့် မေမေ..ချမ်းတယ်..."
သူမ နှုတ်ခမ်းဖူးဖူးလေးကနေ
တုန်ယင်စွာ ထွက်လာတဲ့ အသံ
တိုးတိုးလေးကြောင့် သူဆုံးဖြတ်ချက်
ချလိုက်၍...သူမ အင်္ကျီတွေကို အမြန်
ချွတ်လိုက်တော့ သူမရဲ့ အသက်ရူ
မှားလောက်ဖွယ်သော အရှိုက် အဖို
အသွယ်သွယ်က ရုန်းကြွ ထွက်လာ
တော့ ဓိ မျက်နှာ အမြန်လွဲလိုက်၍..
သူပါ အင်္ကျီ ချွတ်လိုက်ကာ သူမနဲ့
အတူ သူခင်းထားတဲ့ အင်္ကျီပေါ်လှဲ
ချလိုက်၍...သူ ဘာမှ မပါသော
သူမကိုယိလုံးလေးကို ရင်ခွင်ထဲမှာ
ကပ်၍ ဖက်ထားပြီး စိတ်တွေကို
ထိန်းချုပ်ကာ တည်ငြိမ်အောင်နေ၍
မျက်ဝန်းတွေကို မှိတ်ထားလိုက်သည်။
"အဟင့်..ချမ်းတယ်မေမေ... "
"ဟာ..သူမ..."
ပြောပြီး ဓိ သူ့ကို ပြန်ဖက်ထားတာကာ
သူ့ရင်ဘက်ကြီးကို ကတုန်ကယင်လိုက်နမ်း
နေတဲ့ သူမကြောင့် သူ မျက်ဝန်းတွေ
မီးပွင့်သွားသလို ခံစားရပြီး သူမက
သူ့ရင်ခွင်ထဲကနေ သူ့ကိုယ်ပေါ်ရောက်လာပြီး
မျက်ဝန်းတွေမှိတ်ထားပြီး ချမ်းလွန်းလို့
ပြာတက်နေသော နှုတ်ခမ်း ထူထူ
ဖူးဖူးလေးများက သူ့မျက်နှာအနံ့ကို လာ
နမ်းနေတာကြောင့် ဓိ မရုန်းနိုင်စွာငြိမ်သက်.နေမိသည်။
တဖြည်းဖြည်း သူမ လိုက်နမ်း နေရာ
အနွေးထွေးဆုံး သူ့နှုတ်ခမ်းနေရာ
ရောက်တော့ သူမ တည်နေရာကို
ရှာတွေ့သွားသလို မျိူးလေး မနမ်းတက်
နမ်းတက်နဲ့ နမ်းနေတာကြောင့် ဓိ စိတ်တွေ
ကြွပြီး ထိန်းမရ ဖြစ်လာကာ..သူမကို ဖယ်
ထုပ်သော်လည်း မရ....နောက်ဆုံးတော့
ဓိလည်း မိုးအေးအေးကြောင့် ချမ်းနေပြီ
ဖြစ်ကာ သူမရဲ့ နူးညံ့တဲ့ အထိအတွေ့ အနွေး
ဓာတ်လေးကြောင့် သူလည်း မလွတ်ချင်တော့..
သူ့ကိုယ်ပေါ်ရောက်နေသော သူမခါးလေး
ကို သူ လွတ်ထွက်သွားမည့်အလား တင်း
ကြပ်စွာဖက်ထားလိုက်ပြီး နှုတ်ခမ်းလေး
ကို စုပ်ယူနမ်းရှိုက်နေကာ အချိန်အတော်
ကြာတော့ သူမလေးကို သူ့ကိုယ်အောက်
လိမ့်လ်ုက်တော့ သူက သူမ ကိုယ်လေး
ပေါ်ရောက်သွားကာ..ပြာနေသော
နှုတ်ခမ်းလေးက သူ့အနမ်းတွေကြောင့်
နီထွေထွေ ဖြစ်နေတာလေးကို သူ
ကြည့်လိုက်၍...
"ကိုယ့်ကို ဆိုးခွင့်ပြု ပါသူမ..."
သူပြောပြီး သူမ မျက်နှာအထပ်
သူမျက်နှာ အပ်လိုက်တော့ သူမ
လက်ကလေးတွေကလည်း
သူကျောပြင်ကြီးကို မလွတ်တမ်းဖက်
တွယ်လာကာ နှစ်ဦးသား လွတ်ထွက်
သွားမည်အလား တစ်ဦးကို တစ်ဦး
ဖက်ထား၍..အနွေးဓာတ်တွေ ဖလှယ်နေကာ..
ရုတ်တရပ် သူမ လက်ကလေးတစ်ဖက်ထွက်လာပြီး သူမဘေး မြေမြင်ပေါ်က သူချွတ်ထာ အင်္ကျီစလေးကို တင်းကြပ်စွာ ဆ်ိုင်ကိုင်ထား
လိုက်တော့သည်။
ထိုအတူ မီးပုံလေးကလည်း အရောင်လေး
တဖြည်းဖြည်းမှိန်လာကာ သူတို့နှစ်ဦးကို
တော့ အနွေးဓာတ်က ပေးနေဆဲပင်။
မိုးကလည်း အခုမှသူမဟုတ်တော့သလို
တဖြောက်ဖြောက်သာ ရွာသွန်းနေပြီး
လေပြင်းလေးများကလည်း သူတို့
မဟုတ်တော့သလို ငြိမ်သက်စွာ ရှိနေ
ကြတော့သည်။
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း