မန္တာလေး အဝေးပြေး ကားဝန်းကြီး
ထဲတွင် ဆံပင် ခါးလောက် အရှည်လေး
ကို ကောက်ထားသော လှပသော မိန်းကလေး
တစ်ယောက် ....ဘယ်သူ့ကိုမှ မကြည့်ဘဲ
အဝတ်အစားအိတ်ကိုင်ကာ ဖုန်းပြောလာပြီး
သူမစီးမဲ့ကားကို ရှာနေတာ ဖြစ်ပုံရသည်။
"အေးပါ...စိတ်ချ ငါ့ကို..နင်သာ
ဂရုစိုက်....."
...........,.....................
တစ်ဖက်က အပြောကြောင့် သူမ
သွားဖွေးဖွေးလေးတွေပေါ်အောင်
ပြုံးလိုက်ပြီး...
"အင်းအင်း စိတ်ချသိလား ငါ့ရင်ထဲမှာ
နင်တစ်ယောက်ထည်းရှိတာ...''
တစ်ဖက်ကလူ ပြောလိုက်တာကြောင့်
သူမထပ်ပြုံးမိကာ..
"စိတ်ချပါ..ငါက နင့်ကိုပဲ
လက်တွဲဖော်အဖြစ် ရွေးထားတာပါ..
ဒါနင်သိရဲ့သားနဲ့..ဟွန့်..."
နှုတ်ခမ်းလေးတွန့်ကာ စိတ်ဆိုး
သလိုလေး လုပ်ဖြစ်သွားတော့
တစ်ဖက်လူ အပြောကြောင့်
ပြန်ပြီး ပြုံးမိသွားကာ...သူမ
သူမစီးရမဲ့ ကားလေးကို တွေ့
သွားတာကြောင့် ဝမ်းသာ
သွားကာ...
"ဇော်..ငါဖုန်းချလိုက်တော့မယ်နော်..
ကားပေါ်တက်တော့မှာဟုတ်လို့...
ဟိုရောက်မှ ပြန်ခေါ်လိုက်မယ်..''
သူမပြောပြီး ကားဘေးမှာ အထုပ်တွေ
ထည့်ပေးနေတဲ့ကောင်လေးကို အထုပ်
လေးပေးလိုက်ပြီး သူမ ကားပေါ်
တက်လ်ိုက်တော့ လူတွေအကုန်လုံးက
သူမကိူ ပြူးပြီးကြည့်နေကြတာကြောင့်
သူမ ကိုယ်လေးတွန့်သွားပြီး ဝေ့
ကြည့်လိုက်တော့ အိပ်နေတဲ့ လူ
ရဲ့ဘေးမှာ ထိုင်ခုံလွတ်နေတာ
ကြောင့် သူမ ဝမ်းသာသွားကာ..
အနောက်ကို တိုးလာလိုက်သည်။
"ကားထွက်တော့မှာ ဖြစ်တာကြောင့်
ထိုင်ခုံလေးမှာနေရာယူပေးထါး
ကြပါ...."
ကားစပယ်ယာအပြောကြောင့်
သူမ အမြန်သွားလိုက်ပြီး ထိုလူကို
ကျော်ပြီး ဝင်ရမှာကြောင့် ခေါင်းလေး
ကုတ်လိုက်ကာ...အသာလေး ဝင်လိုက်...
"ကျီ..."
"အမလေး..အို..."
အရှေ့က ကားစပယ်ယာ ဘရိတ်အုပ်
လိုက်တာကြောင့် သူမ ထိုလူရဲ့ ပေါင်ပေါ်
ထိုင်ချလိုက်တော့...ထိုလူက မျက်လုံး
ဖွင့်ကြည့်လာတော့..
"ဟင်..ချောလိုက်တာ...''
သူမ စိတ်ထဲကနေ ပြောပြီး သူ့ရဲ့
ယောကျာ်းပိသတဲ့ ရုပ်ရည်ကြောင့်
သူမ ငေးနေမိရာ...
ဓိ သူ့ကိုငေးနေသော မိန်းကလေး
ကြောင့် မကြည့်သလို မျက်မှောင်
ကို ကုတ်ထားပြီး...
"ကျစ်..ဒီမှာ မင်းဘယ်အချိန်ထိ
ငါ့ပေါ်မှာ ထိုင်နေမှာလည်း..."
ထ်ိတော့မှ သတိရသွားကာ...
"အို..sorry ပါရှင် သူမ တောင်းပန်
ပါတယ်နော်..."
အာ့တော့မှ ပြာပြာသလဲ တောင်းပန်ကာ
သူပေါင်ပေါ်က အမြန်ဆင်းပြီး ဘေး
ထိုင်ခုံမှာ ထိုင်လိုက်ပြီး သူမ ဘေးက
သူ့ကို မကြည့်ရဲတော့ပေ။
ဓိ တစ်ယောက်ထား အေးဆေး ခရီး
ထွက်လာပါတယ်ဆိုမှ အခုတော့ သူဘေးက
မိန်းကလေးကြောင့် စိတ်ရူပ်နေမိတော့သည်။
ဓိ ဘာမှမတွေးချင်တာကြောင့် ပြန်
အိပ်နေလိုက်တော့....
"ဒီမှာ ရှင်ဘယ်သွားမလို့လည်းဟင်..."
ဓိ သူ့ကို ပုတ်နိုးကာပြောလိုက်တဲ့
သူမကြောင့် သူ မျက်မှောက်ကုတ်
ပြီး ဒေါသထွက်ကာဘေးကို ကြည့်
လိုက်တော့ သူမက သူ့ကို မျက်ဝန်း
ဝိုင်းကာ ပြန်ကြည့်နေတာကြောင့်
"ဘယ်သွားသွား.... "
"ဟင်..ရှင်ကလည်း တစ်ခုံထည်းသား
ချင်းကို သူမက ရှင်မပြင်းရအောင်
စကားပြောပေးမလို့ာပါ..."
သူမ ကိုယ်သူမ သူမဆိုပြီး
သုံးကာ နှုတ်ခမ်းလေးဆူပြီး
ပြောနေပုံက အခြားသူများ မျက်လုံး
ထဲတွင်တော့ လှသလောက်..
သူကတော့ အမြင်အကြည်စွာပင်...
"မလိုဘူး ရတယ်..."
"အမလေး ကြီးကျယ်တာ..နေပေါ့..."
သူ့ကို မျက်စောင်းထိုးကာ ပြောလိုက် တဲ့
သူမကြောင့် သူ အလိုမကျစွာ စိတ်ထဲကနေ..
ဘာလည်းဟ ဒီမိန်းမ ငါ့ကို..လာပြီး
သိလည်းဘမသိဘဲနဲ့...
သူ အရေးမစိုက်ဘဲ ခေါင်းကို တစ်ဖက်
ကိုလှည့်ကာ နေလိုက်ပြီး မျက်ဝန်းတွေကို
ပြန်မှိတ်ထားလိုက်တော့သည်z။
သူမ ခရီးက သွားရမှာ ဝေးတါကြောင့်
စကားပြောဖော်လေးများရမလား
ဆိုပြီး အရဲစွန့်ကာ ပြောကာမှ အခုတော့
အရှက်ရတဲ့ အဖြစ်...
ရုပ်ကလေးက ချောသလောက် မာနကြီး
တက်တဲ့ ထိုယောကျာ်းကို သးမ အမြင်ကပ်
သွားမိသည်။
သူမ မန္တာလေးကနေ မွန်ပြည်နက်
ဘက်ကို သူငယ်ချင်း မင်္ဂလာကိစ္စလေးကြောင့်ထွက်လာတာဖြစ်သည်။
အရမ်းဝေးပင်မဲ့လည်း သူမရဲ့ အချစ်ဆုံး
သူငယ်ချင်းဖြစ်တာကြောင့် သူမ အရဲစွန့်
ပြီး လာခဲ့ရသည်z။
"ဝေ့...အမရေ နင်သိပြီးပြီလား
ငါတို့သွားတဲ့ လမ်းကြောင်းမှာ
တစ်ခါတစ်ခါ ဓားပြတိုက်တာတို့
အကြမ်းဖက်တာတို့ ရှိတယ်တဲ့..."
"အေးငါလည်း ကြားပါတယ်..
ဒါပင်မဲ့ အခုတော့ မဖြစ်ပါစေနဲ့
ဘဲ ဆုတောင်းရတော့မယ်..."
"ဟုတ်တယ်..အိမ်က ကလေးတွေက
ကျွန်မကို မသွားနဲဆိူပြီးတားနေကြတာ
အမျိုးသားက အာ့ဒိမှာ တစ်ယောကိ
ထည်းဆိုတော့ မဖြစ်မနေထွက်လာရတယ်လေ..."
"ဟုတ်တယ် ဘာအန္တာရာယ် မဖြစ်ဖို့ပဲ
ဘုရာအာရုံပြုပြီး ဆုတောင်းရမှာပေါ့..."
အနောက်က မိန်းမကြီးတွေအပြောကို
သူမ နားထောင်နေရင်း လန့်နေမိကာ..
ဘုရား ဘုရား...ငါ..ငါလာခဲ့တာ
မှားပြီလား....လမ်းမှာ အနောက်က
အဒေါ်တွေပြောသလို မ ဖြစ်ပါစေနဲ့...
သူမ ပူပန်စွာတွေးနေပင်မဲ့ ဘေးက
မာနမင်းသားကတော့ မျက်ဝန်း
တွေကို မှေးစက်ထားတုံး..
သူမ အမြင်ကပ်စွာ မျက်စောင်းတွေ
ကြီး ထိုးနေမိသည်။
"အားလုံးပဲ..အပေါ့အပါး သွားဖို့
ခဏရပ်ပေးမယ်နော်..အချိန်ငါးမိနစ်
ရပါတယ်.."
ကားစပယ်ရာ စကားအဆုံး ဘေးကလူပါ
အောက်ကို ဆင်းသွားတော့..သူမ
ပိုက်ဆံအိတ်လေးယူကာ အောက်ကို
ဆင်းပြီး စျေးဆိုင်လေးတွေ့တာကြောင့်
ချိုချဥ်လေးတွေဝယ်ယူကာ...သန့်စင်
ခန်းဝင်ကာ...ခဏနေတော့ ကားပေါ်
တက်လာလိုက်ပြီး သူမနေရာကို
ဝင်ထိုင်လိုက်ပြီး ပြန်မရောက်သေး
သော ဟိူလူ့ဂွစာနေရာကို မျက်စောင်း
လေးထိုးကာကြည့်ပြီး..
"ဟွန်း..မာနက မိုးထိနေတာ..."
သူမ သကြားလုံးလေး ဖောက်ကာ
ပါးစောင်းလေးထဲ ငုံ့ထားပြီး နည်းနည်း
မှောင်နေပြီ ဖြစ်သော အပြင်ဘက်ကို
ငေးနေချိန် ထိုင်ခုံမှာ သိမ့်ခနဲ ဖြစ်သွားတော့
ဟိုလူပြန်ရောက်နေပြီဆိုတာ မကြည့်ဘဲ
သိပင်မဲ့လည်း သူမလှည့်မကြည့်မိ...
ဓိ ပြန်တက်လာတော့ သူမက
ဟိုဘက်ကို လှည့်နေပြီး ငေး
နေတာကြောင့် သူတစ်ချက် ကြည့်ပြီး
ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်ယူကာ
ကြည့်နေချိန်...
Ring Ring Ring
Ring Ring Ring
Ring Ring Ring
သူဖုန်းလာတာကြောင့် သူမကပါ
လှည့်ကြည့်လာတော့ ဓိ တစ်ချက်သာ
ကြည့်ပြီး..ဖုန်းကို ကိုင်လိုက်ကာ..
"အင်းပြော..."
............
"ငါကိုယ်တိုင်လာတာ.အာ့ဘက်မှာ
အကုန်အဆင့်ပြင်ထား...တစ်ခုမှ
အလျော့မလိုချင်ဘူး..."
ပြောကာ...ဖုန်းချလိုက်တဲ့သူ့ကြောင့်
သူမ နှုတ်ခမ်းလေးမဲ့လိုက်ကာ...
အမလေးဟဲ့ စကားပြောတာကလည်း
သူ့လုပ်စာ ထိုင်စားနေတာကြနေတာပဲ..
"ခင်ဗျားဘာတွေ မဲ့နေတာလည်း..."
"ဟင်..ဘာ..ဘာမဲ့လို့လည်း..."
သူမ သူပွင့်ပွင့်လင်းလင်းမေးလိုက်
တာကြောင့် မျက်နှာလေးရဲသွားကာ..
မျက်နှာလေး တစ်ဖက်ကို လှည့်ထား
လိုက်သည်။
ဓိ မိန်းမတွေနဲ့ မပတ်သတ်ချင်တာ
အခုလ်ို ပုံတွေကြောင့်ပင်။
သူတို့နဲ့ မဆိုင်လည်း ဘေးကနေ
တစ်ခုမဟုတ် တစ်ခု လုပ်လိုက်ကမှ..."
ဓိဘာမှ စဥ်းစားမနေတော့ဘဲ ထိုင်
ခုံကို ခေါင်းမှီလိုက်ကာ...သက်ပြင်း
ချလိုက်မိသည်။
-----------------------------------------===^^^^^🍓🍓🍓🍓🍓🍓🍓
"မေမေ..ကိုကိုက ဘယ်သွားတာလည်း
ဟင်...ခ ကိုကိုအိမ်သွားတော့ ဘယ်သူမှ
မရှိဘူး ခြံစောင့် ကြီက ကိုကိုမရှိဘူး
လို့ပဲပြောတယ်..."
ဒေါ်တင်မမ မနကိစာ ကော်ဖီဖျော်.နေရင်း
သမီးအမေးကြောင့် ပြုံးလိုက်ကာ...
"မေမေလည်း သေချာမသိဘူးလေ..
သမီးကိုကိုက သိတဲ့အတိုင်းပဲ...
အလုပ်တွေများပြီး ခရီးတွေပဲသွားနေ
ရတာကို.."
"ဟွန်း ဟုတ်ပ..ခနဲ့ လက်ထပ်ပြီးရင်
လုံးဝသွားဖို့ ခွင့်မပြူတော့ဘူး.."
သမီးရဲ အပြူအမှူလေးကြောင့်
ဒေါ်တင်မမ ပြုံးလိုက်ကာ..
"ဟုတ်ပါပြီ အာ့တော့မှ သမီး
သဘော အခုကတော့ သား
ကို လွတ်ထားလိုက်အုံး "
"ဟုတ်ကဲ့ ပါမေမေရဲ့ ခကိုမပြော
သွားလို့ ခပြောနေတာပါ.."
"အရမ်း အရေးကြီးနေလို့နေမှာပေါ့
သမီးရဲ့...''
ခ ချစ်စဖွယ်လေး ပြုံးလိုက်ပြီး..
"အင်းပါ မေမေရဲ့..ခက
ကိုကိုမရှိရင် မနေတက်ဘူး
အာ့ကိုကိုက ခအရမ်းချစ်မှန်းသိလို့
အရမ်းကိူ ခကို အနိုင်ယူတာ..."
"သမီးကလည်း အာ့လိုမတွေးနဲ့လေ..
သားက လုပ်ငန်းရှင်ဆိုတော့ အလုပ်များ
တာ သမီးအသိပဲကို..ပြီးတော့ တစ်ချိန်
သားနဲ့က သမီးပဲ လက်ထပ်ရမှာလေ..''
ခပြုံးလိုက်မိကာ...နှုတ်ခမ်းလေးကတော့
ဆူထားဆဲပင်။
"ကဲပါ..စိတ်ကောက်မနေနဲ့.. ဒါလေး
အရင်စားလိုက်နော်.."
"ဟုတ်ကဲ့မေမေ.."
ဒေါ်တင်မမ သမီးဖြစ်သူကို ချစ်
စနိုးပြုံးကြည့်လိုက်ပြီး...သမီး
လေးအတွက် သားဓိကို ရွေး
ချယ်ပေးထါးတာ သူမတိူ့အတွက်
ကံကောင်းလှသည်။
သားနဲ့ သမီး ငယ်ငယ်လေးထဲက
လူကြီးတွေက သဘောတူထားကြ
တာ ဖြစ်ပြီး အိမ်နီးချင်းတွေလည်း
ဖြစ်တာကြောင့် သမီးလေးက သား
အပေါ်အရမ်းကိူ ခင်တွယ်ရှာတာပါ။
သာဓိက ငယ်ငယ်ထည်းက အေးစက်စက်.နေတက်ပြီး
အရွယ်ရောက်လာတော့လည်း
တည်ငြိမ်ပြီး အောင်မြင်နေတဲ့
စီးပွားရေးသမားတစ်ယောက်
ဖြစ်အောင် ကြိုစားရှာတဲ့ လူငယ်
လူတော်လေး...
သူစီးပွားရေးတွေက မြို့နယ် တိုင်ဒေသ
တိုင်းမှာ ရှိနေကာ ကမ္ဘာစျေးကွက်ကို
ထိုးဖောက်နိုင်အောင် လုပ်နိုင်ကာ
အရည်အချင်းရှိတဲ့ ကလေးပင်။
အခုသမီးလေးက ကျောင်းမပြီးသေး
တာကြောင့် လက်ထပ်ဖို့ကိစ္စကို သူမတို့
သားကို မပြောသေးချင်းဖြစ်သည်။
သားက သူ့မိဘတွေရဲ့ စကားဆိုရင်
ငြင်းမှာမဟုတ်....
---------================^^^^^🍓🍓🍓🍓🍓🍓
"ကျီ....ဒိုင်း..."
"ဟင်..ဓားမြတွေဟေ..."
"ဟုတ်ပတော်..ငါတို့ပြောတာမှန်
နေပါလားဟီး...အဟင့်..."
အနောက်က အန်တီကြီးတွေပြောကာ
ငိုနေတော့ သူမတစ်ယောက် လန့်နေကာ
ဘေးက သူ့လက်ကြီးကို ခပ်တင်းတင်
ဖတ်ထားတာကိုလည်း သတိမပြုမိတော့...
သူလည်း သူမ လက်ကို တွန်းမချတာ
ကြောင့် သူမ အားကိုတကြီးသူ့မောင်း
ကြီးကို ဖက်ထားကာ ကြောက်လွန်းလို့
အသားတွေပင်တုန်နေတော့သည်။
ဓိအကြောက်လွန်နေသော သူမကို
ကြည့်ကာ မဖယ်ချရပ်တာကြောင့်
ဓားပြတွေဆိုတဲလူတွေကို ခေါင်းမော့
ပြီး လှမ်းကြည့်တော့ ထိုလူတွေက
ကားပေါ်ကို တက်လာကာ...အကုန်လုံး
ကိုဝေ့ကြည့်ကာ...
"အကုန်လုံး ကားပေါ်ကဆင်း..
ပစ္စည်းတွေ ပိုက်ဆံတွေပါယူခဲ့..
အာခံတဲ့ကောင်း အကုန်သေမယ်မှတ်..
အခုဆင်းခဲ့ကြ..."
ထိုလူကြီးရဲ့ မျကိနှာပေါက်ဆ်ုးကြီး
နဲ့ အသံဆိုးကြီးပြီးတော့ လက်ထဲက
သေနပ်တွေကြောင့် အကုန်လုံးကား
ပေါ်ကနေဆင်းတော့ ဓိလည်းသူ
မဟန်သေးတာကြောင့် သူမလက်
ကလေးကို ပြန်ဆုပ်ကိုင်ကာ..ဆင်းလာ
တော့..ထိုလူတွေ မျက်လုံးတွေက သူဘေး
က သူမကိူ မြင်တော့ ဝင်းလက်ပြီး မျက်လုံး
တွေ မခွာတာကြောင့် သူအကင်းပါးသူပီပီ
သူ သူမကို ရင်ခွင်
ထဲ ဖက်ထားကာ...
"အကိုတို့ ဒါကျွန်တော့်မိန်းမပါ..ကိုယ်ဝန်
လည်း ၃လရှိနေပါပြီ..."
"ဘာ..."
ဆက်ရန်..
စာရေးသူ - လွမ်းခြင်း