book

Index 9

Part-( 9 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧


""မင်္ဂလာပါ မမ""

မှန်လုံတံခါးချပ်ကိုဆွဲဖွင့်ဝင်လိုက်တာနဲ့ အထဲမှaircornရဲ့အေးစိမ့်စိမ့်အငွေ့အသက်ကိုခံစားလိုက်ရပြီး receptionမှဝန်ထမ်းကောင်မလေးနှစ်ယောက်ကလည်း ပြိုင်တူထရပ်ကာနှုတ်ဆက်ကြလေ၏။

ရွှန်းကတော့ အသိအမှတ်ပြုတယ်ဆိုတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြုံးပြရင်း အတွင်းခန်းဘက်သို့ဆက်ဝင်လာလိုက်တယ်ဆိုရင်ပဲ...အထဲမှာ ငြူစူသောမျက်နှာထားနဲ့ ဆီးကြိုနေလေတဲ့ သူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရပြန်သည်။

""ဟဲ့! ရွှန်း...နင်ဒီနေ့ဘာလို့နောက်ကျ...??
ဒီမှာကြည့်ဦး! ငါ့မှာအလုပ်တွေပုံနေရောပဲ""

""ပေး...""

တစ်လုံးထဲပဲပြောကာ သူ့လက်ထဲက စာရွက်တထပ်ကိုယူရန်လက်ကမ်းလိုက်တော့...
အမတော်က သူ့ဆွဲလက်စဒီဇိုင်းစာရွက်တွေကို ချက်ချင်းပဲရွှန်းလက်ထဲထိုးထည့်ပေးလိုက်ရင်း...

""ငါ့သူငယ်ချင်းလေး ချစ်ဖို့ကောင်းတာ""

""အင်း""

ရွှန်း ခေါင်းကိုပဲငြိမ့်ပြလိုက်ပြီး ဒီဇိုင်းပုံတွေကိုကြည့်ရင်းလိုအပ်တာတွေပြင်ဆင်နေလိုက်၏။ ကိုကိုမရှိခဲ့တဲ့ ဒီနှစ်ပိုင်းတွေမှာ ရွှန်းလုပ်ဖြစ်ခဲ့တဲ့တစ်ခုတည်းသောအရာက ပုံဆွဲခြင်းပင်...။ပန်းချီဆွဲနေရင် စိတ်ကတည်ငြိမ်နေပြီး တခြားသူတွေနဲ့လည်း အတင်းကြိုးစား စကားပြောဖို့မလိုပဲ စိတ်တိုင်းကျ နှုတ်ဆိတ်နေခွင့်ရှိသည်လေ...။
ဒါကြောင့် ရွှန်း ပန်းချီပုံလေးတွေဆွဲရင်း နောက်ပိုင်းကျ fashion designလေးတွေလည်းဆွဲဖြစ်ပြီး တဖြေးဖြေးနဲ့အသေးစိတ်ကျကျ သင်ယူကာ အခု designerအလုပ်ကိုလုပ်ဖြစ်ခဲ့သည်။

ခုနက သူငယ်ချင်းမလေးနဲ့အတူပေါ့...။သူက ရွှန်းအကြောင်းကို နားလည်သူမို့...ဧည့်သည်နဲ့စကားပြောတာတွေဘာတွေ...တခြားသော ကိစ္စအတော်များများကို သူကပဲကူညီလုပ်ပေးပြီး...ရွှန်းကတော့ designဆွဲတဲ့အပိုင်းကိုသာတာဝန်ယူထားတာမို့...အချိန်ပြည့်ပုံသာဆွဲနေဖြစ်သည်။
ဟိုးးအရင်နှစ်တွေကထက်တော့ အခုနောက်ပိုင်းမှာ ရွှန်း စကားပြောဖြစ်ပါပြီ...အများကြီးတော့မဟုတ်ပေမယ့်...
ခုနကလို 'အင်း' 'ဟုတ်ကဲ့'စတဲ့ အခြေခံစကားလေးတွေကိုတော့ လိုအပ်သလိုအလိုက်သင့်ပြန်ပြောဖြစ်ပြီး...ဒီထက်ပိုတဲ့စကားလုံးတွေကတော့...

💭💭💭💭💭💭💭💭💭💭💭💭💭💭

""အဲ့ဒီမှာပါ...သခင်လေး""

မိုးZ ညွှန်ပြတဲ့နေရာဆီ ညွှန်းတစ်ချက်လှမ်းကြည့်ရင်း...ရင်ထဲမှာလည်း အနည်းငယ်စိတ်လှုပ်ရှားနေမိ၏။
သူမနဲ့ဝေးရာကို အချိန်အတော်ကြာထွက်သွားခဲ့ပြီး...အခုတော့ သူမနဲ့အနီးဆုံးရပ်ဝန်းတစ်ခုဆီ ပြန်ရောက်လာရတဲ့ခံစားချက်က သူ့အတွက်တော့အိပ်မက်တစ်ခုလို...

အခုပဲ ကားလမ်းရဲ့တဖက်ကိုကူးသွားပြီး အဲ့ဒီ့မှန်တံခါးလေးကိုဖြတ်ကျော်လိုက်တာနဲ့ သူမကို တွေ့နိုင်မည်တဲ့!

""အဲ့ဒီမမလေးက အဲ့fashionဆိုင်ရဲ့ပိုင်ရှင်ပါ သခင်လေး
သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူတွဲလုပ်ပြီးတော့...
အခုဆိုမမလေးက designerလောကမှာ နာမည်ရတဲ့...""

""ပြန်မယ်...မောင်းတော့""

""ဗျာ!...""

""သခင်လေး...ကျွန်တော့်ကိုစုံစမ်းခိုင်းတာ...သူ့ကိုတွေ့ချင်လို့မဟုတ်ဘူးလား?? အခုဘာလို့...""

""ပြန်မမေးနဲ့ ...ကားမောင်းတော့လို့""

နားမလည်ဟန်နဲ့ မျက်လုံးပြူးပြီးမေးနေတဲ့ မိုးZကို သူတစ်ချက်ငေါက်လိုက်မှ စိတ်ရှုပ်ထွေးစွာခေါင်းကိုကုတ်လျက်တစ်ဖက်သို့ပြန်လှည့်သွားကာ...

""ဟုတ်...ဟုတ်...မောင်းပါပြီ သခင်လေး""

~~~~~~~~~~

ရွှန်း အခန်းထဲမှာရှိနေတုန်း တစ်စုံတစ်ခုသောခံစားချက်ကို ထူးဆန်းစွာခံစားလိုက်ရ၏။ အရင်တစ်ချိန် ကိုကိုအနားမှာရှိနေခဲ့စဥ်က ခံစားချက်မျိုးမို့ ရွှန်း စိတ်ထဲလှုပ်ရှားသွားကာ...
အနီးဝန်းကျင်မှာ ကိုကိုများရောက်နေမလားဆိုတဲ့ အတွေးကြောင့် ချက်ချင်းကို အပြင်သို့ပြေးထွက်ပြီး...ဟိုဒီလျှောက်ကြည့်ရှာဖွေနေမိပေမယ့်...မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့...။ဒါပေမယ့် ဒီခံစားချက်က ထူးဆန်းလွန်းပါလား...

လွဲချော်သွားတဲ့မျှော်လင့်ချက်ကြောင့် ရွှန်း စိတ်ကိုလျှော့ကာ ဆိုင်ထဲသို့ပြန်ဝင်လိုက်တော့သည်...

ကားလမ်းတစ်ဖက်က မောင်းထွက်သွားတဲ့ အနက်ရောင်ကားလေးပေါ်က အရိပ်တစ်ခုကို သူမ မမြင်ခဲ့သလို...ကားပေါ်က ညွှန်းတစ်ယောက်မှာလည်း သူမ ထွက်လာတာကို မြင်မသွားခဲ့လေတော့...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

""ရွှန်း...ခဏနေပါဦး""

အိမ်ပြန်ရောက်တာနဲ့ မမြင်ချင်သောမျက်နှာပိုင်ရှင်က ဆီးကြိုနေလေရဲ့....။ ဒီနှစ်တွေမှာ ရွှန်း မိဘတွေနဲ့တခြားသူတွေကို ကြိုးစားစကားပြောခဲ့ပေမယ့် အဲ့ထဲမှာ'မင်းပိုင်စေ'တော့မပါခဲ့။ သူ့ကိုမတွေ့ရဖို့အမြဲလိုရှောင်နေခဲ့သလို...သူ့ဘက်ကတော့ အရင်အတိုင်း ရွှန်းဆီတိုးဝင်နေဆဲ...။

သူပြောမယ့်စကားကိုနားထောင်မနေဘဲ အိမ်ထဲဝင်မည်အပြု...ရုတ်တရက်ပဲ ရွှန်းလက်ကိုနောက်ပြန်ဆွဲထားခံလိုက်ရပြီး အတင်းပြန်ရုန်းလွှတ်သော်လည်း မရ...။

""မင်းစိတ်ထင်တိုင်းလျှောက်လုပ်နေတာတွေ
တော်သင့်ပြီ ချစ်ရည်ရွှန်း...""

ရွှန်း သူ့မျက်လုံးတွေတည့်တည့်ပြန်စိုက်ကြည့်ကာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိရင်း...လက်ကိုလည်းဆောင့်ရုန်းကာလွှတ်လိုက်၏။

ဒါ ကိုကိုကြီးအမြဲပြောနေကျစကားပါပဲ...သူတို့အတွက်က မဖြစ်စလောက်ခံစားချက်လေးပါလို့ ထင်စရာရှိပေမယ့်...ရွှန်းအတွက်ကတော့ တစ်သက်စာလုံလောက်တဲ့ ဒဏ်ရာပဲလေ...ဒါကို သူတို့အားလုံးနားမလည်ကြဘူးပဲ...

""မင်းကို ငါအချိန်တွေအများကြီးပေးခဲ့ပြီးပြီ...
အကြာကြီးစောင့်ခဲ့ပြီးပြီ...ဒါတောင်မင်းအတွက်မလုံလောက်သေးဘူးလား""

""......""

""ငါမေးတာ ဖြေလေ""

မူမမှန်သောမျက်လုံးအကြည့်တွေနဲ့ ရွှန်းရဲ့ပုခုံးလေးနှစ်ဖက်ကိုလှုပ်ရမ်းကာ ဆိုလာတာမို့...သူ့လက်တွေကိုပြန်ဖယ်ချလိုက်ရင်း...အိမ်ထဲသို့ဝင်လာလိုက်သည်။ ကိုကိုကြီးကတော့ ခြံထဲမှာ ငူငူငိုင်ငိုင် ရပ်လျက်ကျန်ခဲ့လေရဲ့...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

""သမီး...ဒီကိုခဏလာဦး""

"".......""

ဖေဖေရော မေမေပါ ဧည့်ခန်းထဲမှာရှိနေတာမို့...ရွှန်း ထိုအနားကိုလျှောက်သွားလိုက်ရင်း ထိုင်ခုံမှာဝင်ထိုင်လိုက်၏။

""သမီး အလုပ်မှာအဆင်ပြေရဲ့လား??""

""ဟုတ်""

""သမီးဘဝအတွက် ဘယ်လိုရှေ့ဆက်ဖို့ရည်ရွယ်ထားလဲ""

ဒီတစ်ခါမေးလိုက်တာက ဖေဖေဖြစ်ပြီး...မျက်နှာကလည်းတည်ငြိမ်ကာ တစ်ခုခုကိုရည်ရွယ်ပြောချင်သည့်ပုံပင်...

""ကျစ်!""

ရွှန်း ဘာမှပြန်မဖြေဘဲနေတော့ ဖေဖေကစိတ်မရှည်သလို စုတ်တစ်ချက်သပ်ရင်း...

""သမီး...ဘယ်အချိန်အထိ ဖေဖေတို့ကိုဆန္ဒပြနေမှာလဲ
ဘယ်အချိန်ထိ စိတ်ထင်သလိုနေနေမှာလဲ??""

ဖေဖေကတော်ရုံဆိုစကားနည်းလှပေမယ့်...ဒီနေ့ကျဘယ်လိုကြောင့် ဒီစကားတွေပြောနေပါလိမ့်...
ရွှန်းတွေးနေရင်းကပင်...မေမေကပါထောက်ခံသည့်ပုံစံမျိုးနဲ့ခေါင်းငြိမ့်လိုက်ပြီး...

""ဟုတ်တယ်...သမီး
အဲ့ဒီ့ကောင်လေးပျောက်သွားကတည်းက မေမေတို့လည်း ကိုယ့်သမီးကို ဆုံးရှုံးလိုက်ရသလိုပဲ...
အခုဆိုသမီးဒီလိုနေလာတာ နှစ်ချီနေပြီ...
မေမေတို့မိဘတွေဘက်ကိုလည်း စဥ်းစားပါဦး
ကိုယ့်သမီး ဒီလိုပုံစံဖြစ်နေတာကို ဘယ်မိဘကကြည့်နေချင်ပါ့မလဲ...သမီးလေးကို အရင်လိုပဲသွက်လက်ပျော်ရွှင်နေတာမြင်ချင်တယ်.. အချိန်တွေလည်းကြာခဲ့ပြီသမီးရယ်...
သူပြန်လာမှာမဟုတ်တော့ဘူး...စိတ်ကိုလျှော့လိုက်ပါတော့''"

ရွှန်းမှာတုံ့ပြန်စကားတို့မရှိခဲ့ပါ။ ပြန်လာမှာမဟုတ်ဘူးဆိုတဲ့စကားအတွက် ရင်တနုံနုံ့နာကျင်ရသော်လည်း နှုတ်ခမ်းပါးလေးထက်မှာတော့ ခပ်ရေးရေးအပြုံးလေးတစ်ခုသာဖန်တီးလျက် ထိုနေရာက ထထွက်လာခဲ့သည်။

နောက်ပါးဆီးမှ ဖေဖေပြောလိုက်သောစကားတစ်ခွန်းကို သဲ့သဲ့မျှ ကြားလိုက်ရပါသေးရဲ့...

'တွေ့လား...ငါမကြိုက်တာ အဲ့လိုမထုံတတေးပုံစံတွေ'တဲ့!

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

တစ်ပတ်ခန့်ကြာသော်...

""ဒေါက်...ဒေါက်!""

""သမီး...နိုးပြီလား""

""ဟုတ်...""

မေမေက အပြုံးမျက်နှာလေးဖြင့် အခန်းထဲသို့ဝင်လာကာ လက်ထဲမှာလည်း အနက်ရောင်ဗူးလေးတစ်ခုကိုင်ထားလျက်...

""သမီး နောက်၃ရက်နေရင် သမီးမွေးနေ့နော်...""

""ဟုတ်""

'ဟုတ်'လို့သာပြောလိုက်တယ်...အမှန်တော့ ...ရွှန်းမေ့နေခဲ့တာပါ

""အဲ့ဒါ မေမေတို့သမီးအတွက် birthday partyလေးတစ်ခုစီစဥ်ထားပေးတယ်...""

""ရှင်!""

""အင်း...မေမေ့သမီးလေး ပြုံးရယ်တာ မတွေရ့တာတောင်ကြာနေပြီလေ...အခုလိုစီစဥ်ပေးတာက သမီးလေးကိုပျော်စေချင်လို့ပါ ...ပြီးတော့ ခြံထဲမှာပဲလုပ်မှာပါ...
သမီးဘဝအတွက် အရေးကြီးတဲ့လက်ဆောင်တစ်ခုလည်း မေမေတို့စီစဥ်ထားတယ်...သမီးလက်ခံရဲ့လား""

ရွှန်း ခေါင်းငြိမ့်ပြတော့...မေမေကကျေနပ်စွာပြုံးရင်း...အနက်ရောင်ဗူးလေးအား ရွှန်းဆီကမ်းပေးလေ၏။

""ရော့...အဲ့နေ့ကျ ဒါလေးဝတ်နော်
အမေ့သမီး designerလေးက သူများအတွက်ပဲအဝတ်အစားတွေရွေးပေးနေရတော့ ဒီတစ်ခါ မေမေပဲရွေးပေးထားတယ်""

ရွှန်း ထိုဗူးလေးကိုလှမ်းယူကာ ကြည့်လိုက်တော့...အထဲမှာ စွတ်စွတ်ဖြူနေတဲ့ဇာဂါဝန်လှလှလေးက ကျနစွာနေရာယူနေလျက်...

အမှန်တော့ မွေးနေ့ပွဲဆိုတာကို ဒီလိုကျင်းပဖို့ ရွှန်းစိတ်ကူးမရှိသလို...စိတ်လည်းမဝင်စား...။ဒါပေမယ့်...မိဘတွေက ရွှန်းကို ပျော်စေချင်လို့စီစဥ်ပေးတာ မဟုတ်လား...
ကိုယ့်အတွက်စဥ်းစားပေးတဲ့သူတွေကို အမြဲတမ်းလျစ်လျူရှုထားလို့တော့မဖြစ်ဘူးလေ....
အဲ့လိုဆို ရွှန်း အရမ်းကို တကိုယ်ကောင်းဆန်ရာကျနေမှာပေါ့...။

မျှတသော အတွေးကြောင့် လွယ်လင့်တကူခေါင်းငြိမ့်လက်ခံလိုက်မိတဲ့ ဒီမွေးနေ့ပွဲဟာ...သူမ ထင်သလိုလွယ်ကူရိုးရှင်းမနေခဲ့ဘူးဆိုတာကို... ကြိုတင်ရိပ်မိနိုင်ခဲ့ပါလျှင်....။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

""ဘာ!""

သခင်လေးရဲ့ 'ဘာ'ဆိုသောအသံကြီးက အတော်ပင်ကျယ်လောင်တာမို့...မိုးZလည်းထိတ်လန့်သွားမိကာ...

""ဟုတ်ပါတယ်...သခင်လေး
ပွဲက ဒီနေ့ညပါ""

""တောက်!""

ခံပြင်းစွာ တက်ခေါက်သံက အတော်ပင်ကျယ်လောင်နေရ၏။ မင်းကိုငါ ထပ်ပြီးအထင်ကြီးမိပြန်တာပဲ...မင်းသိပ်ပျော်နေတယ်ပေါ့...

'ဒီတစ်ခါတော့ မင်းတို့စိတ်တိုင်းကျ မဖြစ်စေရတော့ဘူး...
ငါ လုံးဝ ဒီအတိုင်းလွှတ်မထားဘူး'

ညွှန်းမျက်နှာထက် မဲ့ပြုံးတစ်ခုကိုဖန်တီးလိုက်လေ၏။
ထိုအပြုံးရဲ့နောက်ကွယ်မှာတော့...ပြင်းထန်သောမုန်တိုင်းတစ်ခုကို စိန်ခေါ်ဖန်တီးမယ့် ရည်ရွယ်ချက်တို့ ပုန်းခိုနေလျက်...။
~~~~~~~~~~~
ညနေပိုင်းရောက်တော့ ရွှန်းအိမ်ကိုအမီပြန်လာခဲ့ရသည်။
ဒီနေ့မှပဲ designကိစ္စတွေတိုင်ပင်စရာရှိတာကြောင့် တစ်နေကုန်အလုပ်ရှုပ်နေရကာ...မွေးနေ့ပွဲအချိန်ကိုရောက်အောင်မနည်းပြန်လာရသည်လေ...ဒီရောက်တော့ ခြံထဲမှာ ပွဲအတွက်ပြင်ဆင်နေသူတစ်ချို့ကို တစ်ချက်ပဲလှမ်းကြည့်လိုက်ရင်း အပေါ်ထပ်သို့ အမြန်ပြေးတက်လာလိုက်၏။

ရေချိုးပြင်ဆင်ပြီး မျက်နှာကိုလည်းအနည်းငယ်ကြည့်ကောင်းအောင်ပြင်မလို့လုပ်နေတုန်း...တံခါးခေါက်သံကြားရတာမို့ သွားဖွင့်လိုက်တော့...

'Make up Artist'တဲ့!

မေမေတို့ကလေ...မွေးနေ့ပွဲလေးခဏလုပ်ဖို့ကို မိတ်ကပ်ဆရာအထိခေါ်တာလား...ဟင်း! စိတ်ရှုပ်စရာ...

ရွှန်း စိတ်ထဲက ထိုသို့တွေးလိုက်ပေမယ့်...အပြင်မှာတော့ သူပြင်ဆင်ပေးတာကို ဒီအတိုင်းသာငြိမ်နေလိုက်ရင်း...


ခဏအကြာအားလုံးပြင်ဆင်လို့ပြီးတော့...မေမေပေးထားတဲ့ဂါဝန်အဖြူလေးကိုထုတ်ဝတ်လိုက်၏။အဖြူရောင် ဂါဝန်လေးက ဒူးအထက်ပိုင်းလောက်ထိပဲရှိတဲ့ ဂါဝန်အတိုလေးဖြစ်ပြီး ငွေရောင် high-heelလေးနဲ့လိုက်ဖက်စွာလှပနေလေရဲ့ ...။

ရွှန်းကတော့ ဝဋ်ကျေတန်းကျေသဘောမျိုးနဲ့ပဲ မှန်ကိုတစ်ချက်ကြည့်လိုက်ပြီး...အောက်ထပ်ပြန်ဆင်းလာခဲ့သည်။

ခြံထဲမှာ ရောင်စုံမီးသီးလေးတွေနဲ့စီတန်းလှပနေပြီး...ရောက်နေတဲ့ဧည့်သည်တွေလည်းအများအပြားပင်...

""ရွှန်းလေး...သဘောကျရဲ့လား??""

ရွှန်းရဲ့အနားနားကိုကပ်ကာ...မေးလာသူက ကိုကိုကြီး...

လူတွေအများကြီးကြားမှာမို့...ရွှန်း အချင်းမများချင်တာကြောင့် အသာတကြည် ခေါင်းကိုပဲငြိမ့်ပြလိုက်မိသည်။

ထိုစဥြ...

ရွှန်းတို့နှစ်ယောက်အနားသို့...ဧည့်သည်ထဲကတစ်ယောက်ကထလာကာ....

""Congraulations!""

ထိုလူ့အပြောကို ကိုကိုကြီးရယ်မောလျက်ပြန်ဖြေလိုက်တာက 'Thank you'တဲ့

ဘာလဲ? မွေးနေ့ပွဲကိုလာတာ...Happy birthdayလို့ပြောသင့်တာမဟုတ်ဘူးလား...

ရွှန်း ဇဝေဇဝါနဲ့ဘေးပတ်ဝန်းကျင်တွေကိုလိုက်ကြည့်တော့...
အားလုံးကလည်း ရွှန်းတို့နှစ်ယောက်ကို သဘောကျသလိုပြုံးကြည့်နေကြသည်...။

နေဦး! ဒီအခြေအနေက တစ်ခုခုတော့မှားနေပြီ...

""ဘာတွေစဥ်းစားနေတာလဲ...
သိချင်တာကို အခုသိရမယ်...လာခဲ့""

ရွှန်းလက်ကို ဆွဲခေါ်ပြီး...သူဦးတည်လျှောက်လှမ်းသွားတာက ခပ်မြင့်မြင့်လေးဖြစ်အောင်စီစဥ်ထားသည့် အသေးစားmini-stageလေးတစ်ခုပေါ်သို့....

အဲ့ဒီရဲ့အနောက်ဘက်မှာ အနီရောင်ကန့်လန့်ကာတစ်ခုက...တစ်စုံတစ်ခုကိုပိတ်ဖုံးထားသလိုအခြေအနေနဲ့ရှိနေပြီး
အနားရောက်တော့ ကိုကိုကြီးက အဲ့ဒီအနီရောင်ကန့်လန့်ကာကို တဖြေးဖြေးလှပ်လိုက်လေ၏။
ရွှန်းလည်းဘာမှနားမလည်စွာ သူလုပ်သမျှကိုလိုက်ကြည့်နေမိရင်း ...အနီရောင်အစရဲ့နောက် တွေ့လိုက်ရတဲ့စာလုံးတွေကြောင့် အသက်ရှူရပ်မတတ် မှင်သက်အံ့သြသွားမိသည်...

ထိုအပေါ်မှာ ရေးထားတာက...

""Minn Paing Say & Chit Yi Shoon""

Happy Wedding dinner

&

Shoon 's Birthday party(Happy birthay to you)""

ဘုရားရေ! ဒါ...ဒါဘယ်လိုဖြစ်ရတာလဲ...

မြင်နေရတာတွေက တကယ့်အဖြစ်အပျက်တွေမှဟုတ်ရဲ့လားလို့တောင် ရွှန်း သွေးပျက်စွာတွေးမိရင်း..
မေမေတို့ရှိရာဆီလှမ်းကြည့်တော့ သူတို့ကလည်းကျေနပ်စွာပြုံးနေလေရဲ့...

သွားပါပြီ...ရွှန်းမျှော်လင့်ချက်တို့အမှောင်ကျသွားရလေပြီ...။
ဒီလိုဆို သူတို့လည်းအလိုတူအလိုပါ စီစဥ်ထားကြတာပေါ့...
မွေးနေ့ပွဲကိုအကြောင်းပြပြီး ...သူတို့အားလုံး ရွှန်းကိုဝိုင်းလိမ်ညာကြတာပဲ...

ယူကျုံးမရသောအတွေးတွေလည်း အခုအချိန်မှာအသုံးဝင်တော့မည်မထင်ပါ...။ဒီအခြေအနေကြီးကို ရွှန်းဘယ်လိုများရင်ဆိုင်ရပါ့မလဲ...။.....။

(မပူနဲ့ကလေး...ကိုကို့ကိုလွှတ်လိုက်မယ်နော်...
ဒါပေမယ့် နောက်တစ်ပိုင်းမှ😜)
💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-10 Coming Soon!

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: