book

Index 8

Part-( 8 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

""ကိုကို""

စွဲမြဲနေသော နာမ်စားတစ်ခုကို နှုတ်မှတိုးတိုးရေရွတ်မိပြန်သည်။ညနက်နေပြီဖြစ်သော်လည်း ရွှန်း ခြံထဲက ဒန်းလေးပေါ်ထိုင်ရင်း ထိန်ထိန်သာနေတဲ့ လမင်းကိုအချိန်ကြာမြင့်စွာ မော့ကြည့်နေမိ၏။

ဆောင်းဝင်နေပြီမို့ ညနက်လာလေ အအေးဓာတ်ကပိုကဲလာသလိုခံစားနေရပေမယ့်...ရွှန်း ထိုနေရာလေးမှ ထသွားရန်စိတ်မကူးမိ။

'အေးလိုက်တာ'

ဒီနှစ်ဆောင်းက အရင်ထက်ပိုအေးနေသလိုပါပဲ...
အခုဆို ကိုကိုပြန်မလာတာ ၁လကျော်နေပြီ...။
ဘယ်တွေများ ရောက်နေတာလဲ ကိုကိုရယ်...
ဟိုးငယ်ငယ် စတွေ့ကတည်းက ကိုကို့ကိုနေ့တိုင်း
မြင်တွေ့ခွင့်ရပြီး တစ်ရက်လေးမှတောင်မခွဲခဲ့ဖူးတာမို့
အခုလို ရွှန်းဘေးနားကနေ ကိုကိုရုတ်တရက်ပျောက်ကွယ်
သွားတာက ဘယ်လိုမှကို ခံနိုင်ရည်မရှိတဲ့ ပြစ်ဒဏ်ပင်...။

'ညီမလေးဆီ ပြန်လာပါတော့ ကိုကိုရယ်'

တွေးရင်းနဲ့ပဲ ရင်ခွင်ထဲပိုက်ထားသည့် ကိုကို့ဒိုင်ယာရီစာအုပ်လေးရဲ့ စာမျက်နှာတစ်ခုကို ဖွင့်လိုက်မိပြန်၏။ ဒီစာမျက်နှာကိုပဲ ရွှန်း ဖတ်ခဲ့တာလည်း အကြိမ်ပေါင်းမနည်းတော့ပေ။

"""ကိုကို ညီမလေးကို သိပ်ချစ်တယ်
မင်းက ကိုယ့်ဘဝရဲ့အရာအားလုံးပဲ...
ကိုယ် မင်းနဲ့ဘယ်တော့မှမဝေးချင်ဘူး...ညီမလေး
ဘယ်တော့မှ...မဝေးပါရစေနဲ့..."""

ဒီအတိုင်းကြည့်ရင်စာလုံးရေသိပ်မများလှသော်လည်း အဲ့ဒီစာလုံးဝိုင်းလေးတွေက ရွှန်းအတွက်တော့ အသွားထက်တဲ့လက်နက်လေးတွေနှယ်...စွမ်းနိုင်လွန်း၏။တစ်ကြိမ်ဖတ်မိတိုင်း နှလုံးသားဆီမှ စူးအောင့်သည့် ဝေဒနာကမသက်သာလှ။ ကိုကိုက ရွှန်းအပေါ် သိပ်ယုံကြည်ထားခဲ့လို့ အမှန်တရားကို ရွှန်းဘက်က မရှင်းပြနိုင်သရွေ့ ကိုကိုအထင်လွဲစိတ်နာနေမှာသေချာသည်။ ကိုကို့မျက်နှာကို ရင်ဆိုင်ကြည့်ပြီး ချက်ချင်းကိုဖြေရှင်းချက်ပေးချင်ပေမယ့်...အခုတော့ သူကရွှန်းအနားက ပျောက်ကွယ်သွားခဲ့ပြီ...။

ဘယ်မှာလိုက်ရှာရမယ်မှန်းလည်းမသိ။ ပတ်ဝန်းကျင်မှာလက်လှမ်းမီသလောက် ရှာဖွေစုံစမ်းပေမယ့် အခုထိသတင်းအစအနရှာမရအောင် ကိုကိုပဲ ခြေရာဖျောက်နိုင်စွမ်းပါသည်။ ပြီးတော့ ရွှန်းတစ်ခုကိုလည်းနားလည်လာသည်။
သူ ရွှန်း ရှိတဲ့ဒီနေရာကိုပြန်မလာချင်တော့လို့ တမင်ရှောင်တိမ်းသွားတာပဲ ဖြစ်လိမ့်မည်...။

'တောင်းပန်ပါတယ် ကိုကိုရယ်...
ညီမလေးတော့ ရှင့်ကို ဒဏ်ရာပေးမိပြီထင်တယ်...'

ဝမ်းနည်းမှုတို့ကြီးစိုးလာသည့်ခံစားချက်နဲ့အတူ ပါးပြင်ထက်မျက်ရည်တို့စီးကျလာပြန်၏။ဒီအချိန်တွေအတွင်း ရွှန်းရဲ့ပါးပေါ်မှာ မျက်ရည်ကခြောက်တယ်လို့ကိုမရှိတော့ပါဘူး...။နေ့တိုင်း ညတိုင်း အမြဲလိုလို မဖိတ်ခေါ်လည်းရောက်လာတတ်လေတဲ့ အဲ့ဒီမျက်ရည်တွေကို ရွှန်းအဖော်ပြုတတ်နေပြီ...

တွေးရင်း ငေးရင်း စဥ်းစားရင်းကပဲ ဒန်းလေးထက် ကိုယ်ကိုတစောင်းလေးမှီလှဲချလိုက်မိသည်။ အပြင်မှာအေးစက်နေသလောက် ရွှန်းရင်ထဲမှာတော့ ကန္တာရလိုပဲပူပြင်းလွန်းနေပါရဲ့...။
ရွှန်း ဒီနေရာမှာ ထိုင်နေတာဘယ်လောက်တောင်ကြာသွားတယ်တော့မသိ...။ခေါင်းထဲမှာ မူးဝေလာသလို...တဖြေးဖြေးနဲ့ မြင်ကွင်းတို့ကဝေဝါးလာပြီး...အားယူဖွင့်ကြည့်နေတဲ့ မျက်လုံးအစုံကလည်း မှိတ်ကျသွားလေတော့၏။

💭💭💭💭💭💭💭💭💭💭💭💭💭💭

"""လူနာက pressureကျပြီး
အရမ်းအားနည်းနေတယ်...ကောင်းကောင်းအနားယူပေးဖို့လိုတယ်...""

""ဟုတ်ကဲ့! Dr.""

ရွှန်း မျက်လုံးတို့ဖွင့်မကြည့်သော်လည်း ဘေးနားကစကားသံတွေကိုကြားနေရ၏။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပူခြစ်နေသလိုပင်...။
ဒါနဲ့ပဲ မျက်လုံးတွေကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အနေအထားက အိမ်မှာမဟုတ်...ဆေးရုံပေါ်ရောက်နေတာပဲ...

""သမီးလေး...နိုးပြီလား
မေမေစိတ်ပူလိုက်ရတာ...
ညက ဒီလောက်အေးတာ ဘယ်လိုဖြစ်လို့
တစ်ညလုံးခြံထဲဆင်းထိုင်နေရတာလဲ
အခုသက်သာလား ဘယ်လိုနေသေးလဲ""

""........""

ရွှန်း နှုတ်ကဘာမှပြန်မဖြေပဲ ခေါင်းကိုသာ ငြိမ့်ပြလိုက်ပြီး...
မျက်လုံးတို့ကို ပြန်မှိတ်ထားလိုက်သည်။ ဘာလို့မှန်းမသိ အခုတလောမှာ ...ရွှန်းဘယ်သူနဲ့မှစကားမပြောချင်သလို... ပြောဖို့ကြိုးစားတိုင်းလည်း စကားလုံးတွေက နှုတ်ဖျားဝမှာသာ ရပ်တန့်နေကြသည်...။

တဖြေးဖြေးအချိန်ကြာလာတော့ မိဘတွေကစိတ်ပူလာသည်လေ...ဒါကြောင့် စိတ်ကျန်းမာရေးအထူးကုနဲ့ပါ တိုင်ပင်ဆွေးနွေးရပြန်တော့....

'အရာအားလုံးကပုံမှန်ပါပဲ...
ဒီလိုစကားမပြောတော့တာကလည်း အချိန်အတိုင်းအတာတစ်ခုထိတော့ကြာမှာဖြစ်ပြီး...ဒါကစိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ထိခိုက်ခံစားမှုကြောင့်...ခဏတဖြုတ်နှုတ်ဆိတ်သွားတာမျိုးပါ...ဒီလိုcaseတွေက စိတ်ကြောင့်ဖြစ်တဲ့ဝေဒနာမို့ စိတ်နဲ့ပဲကုစားနိုင်မှာဖြစ်ပြီး...resultက လူနာအပေါ်ပဲ မူတည်တယ်'ဆိုတဲ့ ပြောစကားအောက်မှာ သူမမိဘတွေကပါ အလျော့ပေးလိုက်ရသည်...။

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ...ပြီးတော့ နှစ်တို့ကူးပြောင်းလာသည်အထိ...ရွှန်းရဲ့နှုတ်ဖျားမှ စကားသံတို့ထွက်မလာခဲ့တော့...။စကားတွေမပြောနိုင်တော့မဟုတ်ပေမယ့်...ပြောလိုသောစိတ်ဆန္ဒပျောက်ဆုံးခဲ့တာပါ...။
မိဘတွေကိုလည်း ရွှန်းအားနာပါတယ်...။သူတို့လည်း ရွှန်းကြောင့်စိတ်ဆင်းရဲနေရမှာသိပေမယ့်...ရွှန်းဘက်က ပျော်ရွှင်နေတယ်ဆိုတဲ့ပုံစံမျိုးကို ဟန်ဆောင်ပြီးတောင်မပြနိုင်ခဲ့။

ကိုကိုကြီးနဲ့စေ့စပ်ခဲ့တဲ့ ကိစ္စကလည်း အရင်အတိုင်းရှိနေဆဲ..
ပြီးတော့ အရာအားလုံးက အရင်အတိုင်းလည်ပတ်နေဆဲပါပဲ...

ရွှန်းကလည်း တနေ့ကိုကိုပြန်လာဖို့မျှော်လင့်နေရင်းပဲပေါ့...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

✈️✈️✈️✈️4 years later✈️✈️✈️✈️

Airportကနေ ထွက်လာတာနဲ့ ပြောင်လက်နေတဲ့ အနက်ရောင်ကားလေးက သူ့ရှေ့မှာထိုးရပ်သွားပြီး ထိုအထဲမှလူနှစ်ယောက်ဆင်းလာကာ သူ့အား ဦးညွှတ်လိုက်လေ၏။

""ကျွန်တော်တို့နောက်ကျသွားတဲ့အတွက်
တောင်းပန်ပါတယ် သခင်လေး""

""ရပါတယ်ကိစ္စမရှိဘူး""

သူပြောပြီး phone powerကိုဖွင့်လိုက်တာနဲ့ daddyဆီက ph callတွေဝင်ထားတာတွေ့တော့ ပြုံးလိုက်မိရင်း...
ကားပေါ်တက်ကာမောင်းထွက်လာလိုက်သည်။ ခုနက ကားလာပို့တဲ့နှစ်ယောက်ကတော့ သူ့ပစ္စည်းတွေသယ်ကာ နောက်ကားတစ်စီးဖြင့်လိုက်လာကြလေသည်။

'စေညွှန်း'ဆိုသော သူ့ဘဝရဲ့တဆစ်ချိုးပြောင်းလဲမှုက အံ့မခန်းပင်။ ဒါမှမဟုတ် daddyရဲ့ သဘောထားကြီးနိုင်မှုက အံ့သြစရာကောင်းတယ်လို့ပြောရင် ပိုမှန်မလား...?
ဒီနှစ်တွေတစ်လျှောက် ညွှန်းအပေါ်တကယ့်ကိုသားအရင်းတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ပေးခဲ့သည်။ အမှန်ဆို ကိုယ့်အဖေအရင်းဆီမှာနေခဲ့တုန်းကတောင် အခိုင်းအစေလိုဘဝနဲ့နေခဲ့ရတာမဟုတ်လား...။အခုမွေးစားအဖေနဲ့ကျမှ မင်းသားလေးလို လူတကာက ဦးညွတ်လေးစားခံရတဲ့ဘဝ...
ဒါက ဘယ်လိုကံကြမ္မာများပါလိမ့်...

အိမ်ရောက်တော့လည်း အိမ်မှာအသင့်စောင့်ကြိုဦးညွှတ်နေပြန်တဲ့ အလုပ်သမားတွေ...။
အခုတော့ ဘေးမှာ လူတွေအများကြီးရှိရင်မနေတတ်ဘူးဆိုတာမျိုး...ညွှန်းမပြောဖြစ်တော့ပါ...

လေးနှစ်ဆိုတဲ့အချိန်အတွင်းမှာ သူ့ဘဝကိုအစစအရာရာကြိုးစားပြင်ဆင်ခဲ့ပြီးဖြစ်သလို ...အခုချိန်မှာ ညွှန်းက Golden Skyနာမည်အောက်က လုပ်ငန်းပေါင်းများစွာရဲ့ တစ်ဦးတည်းသော ဆက်ခံသူ 'သခင်လေး'ဖြစ်နေပြီ။ Daddyကလည်း ဟိုရောက်ကတည်းက သူ့လုပ်ငန်းနဲ့ပတ်သက်တာမှန်သမျှကို သင်ကြားပေးခဲ့သလို...ညွှန်းကိုယ်တိုင်ကလည်း ကြိုးစားတာကြောင့်...စီးပွားရေးလောကမှာ အများအသိအမှတ်ပြုခံရတဲ့သူဖြစ်လာခဲ့သည်။

အခုကတော့ daddyရဲ့ဒီမှာကျန်ခဲ့တဲ့လုပ်ငန်းတွေကို စစ်ဆေးပေးဖို့လာတာဖြစ်ပေမယ့်...ညွှန်းအတွက်လည်း ဒီမှာကျန်နေခဲ့တဲ့ တစ်ခုတည်းသောအမှတ်တရဒဏ်ရာကို ကုစားဖို့ အချိန်တန်ပြီထင်သည်။

ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဒီနိုင်ငံကအကြောင်းတွေကို မစုံစမ်းဘဲနေခဲ့သော်လည်း ပြန်မလာခင်လပိုင်းကတော့ တစ်စွန်းတစ စုံစမ်းခိုင်းခဲ့ပေမယ့်...ထူးထွေသောအကြောင်းအရာဘာမှမကြားရ...။အားလုံးက ပုံမှန်အတိုင်းပင်...။

ထိုစဥ်...ဖုန်းcallဝင်လာတာမို့...ဖုန်းကိုထုတ်ကိုင်လိုက်၏။

""Hello! Daddy""

""အင်း! သားရောက်ပြီလား...အဆင်ပြေရဲ့လား""

""ဟုတ်...သားကိုစိတ်မပူပါနဲ့
Daddyကျန်းမာရေးဂရုစိုက်""

""ဟုတ်ပါပြီ...သွားချင်တဲ့နေရာသွားရတော့ပျော်နေတယ်ပေါ့""

""မဟုတ်ပါဘူး...daddyရဲ့""

""သား ဂရုစိုက်နော်...""

""ဟုတ်...Daddy...bye!""

ဖုန်းကိုပြန်ချလိုက်ပြီး...ညွှန်းသဘောကျစွာပြုံးနေမိ၏။
အခုတော့ ဦးကောင်းကင်အပေါ် Daddyဆိုတဲ့အသုံးကို လွယ်လင့်တကူပင်ခေါ်နေနိုင်ပြီဖြစ်သလို...တကယ်လည်း အဖေတစ်ယောက်ပမာ သတ်မှတ်ချစ်ခင်နေမိပါပြီ။ဒီအဖေကြောင့်ပဲ သူ့ဘဝလေးကံကောင်း ပြောင်းလဲခဲ့ရသည်မဟုတ်လား....။

""မိုးZ ..."

""ဗျာ...သခင်လေး""

""ဒီကိုခဏလာဦး""

""ဟုတ်ကဲ့!""

""မင်းကို တာဝန်တစ်ခုပေးမယ်
ဒီလိပ်စာ...ပြီးတော့ အဲ့မိန်းကလေး...
သူ့အကြောင်းကို ထပ်ပြီးစုံစမ်းလာခဲ့ပါ
ဘယ်သူမှမသိစေနဲ့ ...ပြောတာနားလည်လား""

""ဟုတ်ကဲ့ပါ""

မိုးZ ပြန်ထွက်သွားတော့မှ ညွှန်းလည်းအနားယူရန်အပေါ်ထပ်သို့တက်လာခဲ့သည်။ အရာအားလုံးပြောင်းလဲခဲ့သောဘဝမှာ မပြောင်းလဲနိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာက အဲ့ဒီမိန်းကလေးအပေါ် ထားခဲ့ဖူးတဲ့ ချစ်ခြင်းပါပဲ...

ပြောင်းလဲဖို့လည်း မကြိုးစားခဲ့မိသလို...နာကျည်းခဲ့သောခံစားချက်ကိုလည်း ထွေးပိုက်ထားဆဲ...ဒီခံစားချက်ကို သူကိုယ်တိုင်လည်း ဘယ်လိုနားလည်ရမယ်မသိတော့....။

""ဟူးး!"""

ရှုပ်ထွေးနေတဲ့ခံစားချက်ကို လျစ်လျူရှုလိုက်ပြီး...ကုတင်ပေါ်သို့ ကန့်လန့်ဖြတ်အနေအထားနဲ့ ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။

တစ်နေ့တော့...မင်းနဲ့ဆုံရမှာပေါ့....'ချစ်ရည်ရွှန်း'....။
💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-9 Coming Soon!

ပြန်လာပါပြီ...အကြံဆိုးနဲ့😎

Readers/writersလေးတွေအားလုံးက VIPပါ

#seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: