book

Index 5

Part-( 5 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

'မင်းပိုင်စေ'မှာတော့ မိမိကိုယ်ကို အောင်နိုင်သူတစ်ယောက်ပမာ မှတ်ယူကာ ပြုံးပျော်နေလျက်...မှန်စားပွဲထက်ရှိ ဖုန်းလေးဆီလည်းမကြာခဏအကြည့်ရောက်နေမိ၏။
မကြာခင်မှာ သူ့ကို ရန်လုပ်အပြစ်ပြောမယ့် ph callလေးတစ်ခုဝင်လာမယ်မှန်းလည်း သူကြိုသိနေသည်လေ...။

အခုလောက်ဆို စေ့စပ်ပွဲကိစ္စ သူမ သိပြီးရောပေါ့။ သူ့ကိုကြိုအသိမပေးဘဲ လုပ်ချင်ရာလုပ်တယ်ဆိုပြီး ဒေါသတွေပေါက်ကွဲနေမှာ မြင်ယောင်ပါသေးရဲ့...

""📲📲📲""

""ဟော!...""

စဥ်းစားနေတုန်းမှာပဲ ph callလေးတစ်ခုဝင်လာခဲ့လေသည်။

သေချာတာပေါ့...သူမဆီက...

""Hello...ရွှန်းလေး""

""ကိုကိုကြီး ဘာတွေလျှောက်လုပ်နေတာလဲ??""

ထင်တဲ့အတိုင်းပါပဲ သူမလေသံက ခပ်မာမာပင်...။

""ကိုယ်ဘာလုပ်လို့လဲ...ဒါဖြစ်သင့်တဲ့ကိစ္စပဲလေ""

""ရှင်နဲ့ကျမက ဘာမှမဆိုင်တာကို..
ဘာလို့ စေ့စပ်တာတွေ လက်ထပ်တာတွေလဲ...
ကျမ လုံးဝသဘောမတူဘူး ဒီကိစ္စကိုကျမငြင်းမှာ""

""မင်း သေချာလား??""

""အသေအချာပဲ...
ကျမကို အတင်းအကျပ်ခြိမ်းခြောက်တာမျိုးကို
အရမ်းမုန်းတယ် ရှင့်ကိုလည်းမုန်းတယ်""

""ငါ မင်းကို အသေအချာသတိပေးခဲ့ပြီးပြီနော်...
အဲ့ဒါကိုမှ မင်းဂရုမစိုက်ဘူးဆိုရင်လည်း ...
okလေ!...As you like""

ပြောပြီး တစ်ဖက်က ဖုန်းချသွားလေသည်။
ရွှန်း တကယ်ပဲ ဒီကိစ္စကိုလက်မခံနိုင်ပါ...
ကိုယ့်မှာချစ်တဲ့သူရှိနေရက်နဲ့ တခြားသူကိုလက်ထပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်...။

သူဘာလုပ်ချင်လဲ...လုပ်ချင်ရာလုပ်ပါစေ။
မနက်ဖြန်ကျရင် ဒီအကြောင်း ကိုကို့ကို ပြောပြပြီး...အဆုံးစွန်သောအခြေအနေမှာ ကိုကိုနဲ့အတူ ထွက်ပြေးတာမျိုးပဲဖြစ်ဖြစ်...အဲ့လောက်ထိလည်း ရွှန်း စွန့်စားလိုက်နိုင်ပါသည်။

တကယ်လိုအပ်တာက ကိုကို့ဘက်ကလည်း ရွှန်းရဲ့သဘောကို လက်ခံဖို့သာ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭

""သမီး...သမီး!
မြန်မြန်လာဦး""

မနက်ခင်း breakfastဝိုင်းကို ဆင်းလာစဥ်မှာပဲ
မေမေ့ခေါ်သံကြောင့် ရွှန်းခြေလှမ်းကို ရပ်လိုက်ပြီး အိမ်ရှေ့ဘက်ကို ထွက်လာရင်း...

""ဘာလို့လဲ မေမေ""

""ဟိုဘက်ခြံမှာ တစ်ခုခုဖြစ်တဲ့ပုံပဲ
ရဲတွေလည်းရောက်နေတယ်""

""ဟမ်!...ရဲတွေ...""

မေမေ့အပြောကြောင့် ရွှန်းအလန့်တကြားနဲ့ တစ်ဖက်ခြံကိုလှမ်းကြည့်တော့...

ဟုတ်ပါရဲ့...ရဲတစ်ချို့နဲ့ ရပ်ကွက်ထဲကလူကြီးတစ်ချို့လည်းရှိနေသည်...

ဘာဖြစ်တာပါလိမ့်!

ရွှန်းကတော့ မေမေ့လို လှမ်းကြည့်နေရုံနဲ့မပြီးနိုင်ပါ။
ချက်ချင်းကို အိမ်ထဲကပြေးထွက်ကာ တစ်ဖက်ခြံသို့ပြေးလာခဲ့သည်။ စိတ်ထဲမှာလည်း တစ်ခုခုစိုးရိမ်တကြီးဖြစ်နေသလိုခံစားရပေမယ့် ဘာမှန်းတော့မသိ...။

ရွှန်း ခြံထဲကိုဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခြေလှမ်းတို့ရပ်တန့်ကာ...အမြင်တွေလည်းဝေဝါးသွားရ၏။

ဘုရားရေ! ကိုကို...ကိုကို့ကို ရဲတွေက လက်ထိပ်ခတ်ဖမ်းချုပ်ထားပြီး...ဖမ်းဆီးခေါ်ဆောင်သွားတော့မယ့်ပုံစံနဲ့...

""ကိုကို...ဘာဖြစ်တာလဲဟင်
သူတို့ ကိုကို့ကို ဘာလို့ဖမ်းတာလဲ""

ရွှန်း ကိုကို့ဆီပြေးသွားကာ မေးပေမယ့် ဘာမှပြန်မဖြေ...။

"'ဒီကောင်က သူခိုးလေ
အိမ်က ပစ္စည်းတွေ မကြာခဏပျောက်နေတာ
ဒီကောင့်လက်ချက်ပဲ...
ဒီနေ့မှပဲ လက်ပူးလက်ကြပ်မိတော့တယ်""

"'ဟင့်အင်း...မဖြစ်နိုင်တာ...
ဒါလုံးဝမဟုတ်ဘူး""

""မင်းပဲ ယုံကြည်နေ...
သက်သေပစ္စည်းတွေအကုန် ဒီကောင့်အခန်းထဲမှာရှာတွေ့တာ...အမေ့ရဲ့ရတနာပစ္စည်းနဲ့ ပိုက်ဆံတွေရော...
အစထဲက ဒီကောင်က ဗီဇမှမကောင်းတာ....
သူ့အမေကိုက ငါ့တို့အိမ်က အိမ်ဖော်...""

""တော်တော့...ပိုင်စေ""

ဒီတစ်ခါ ဝင်ဟန့်လိုက်သူက ဦးအောင်စေကိုယ်တိုင်ပါ

ညွှန်း အဖေဖြစ်သူကို နားကျည်းစွာပဲတစ်ချက်တော့လှည့်ကြည့်လိုက်သည်။ သူဒီလိုဝင်ပြောတာ ညွှန်းဘက်ပါလို့မဟုတ်ဘဲ...ပိုင်စေဆက်ပြောမယ့်စကားကြောင့် သူသိက္ခာထိခိုက်မှာစိုးလို့ နေမှာပါ...

စိတ်ချပါ...ခင်ဗျား ဒီတစ်သက်ဖုံးကွယ်ထားချင်တဲ့အမှန်တရားကို ကျွန်တော်ဘယ်တော့မှထုတ်မပြောဘူး...

ကျွန်တော်က ခင်ဗျားရဲ့သားမဟုတ်ဘူးလို့ပဲ သတ်မှတ်ပါ...

""သွားရအောင်""

""ဟင့်အင်း...ကိုကို...
ကိုကို့ကို မဖမ်းကြပါနဲ့...သူ့မှာအပြစ်မရှိဘူး""

ကိုကိုကတော့ ရွှန်းကို တစ်ချက်ပဲလှမ်းကြည့်သွားရင်း ခေါ်ဆောင်တဲ့သူတွေနောက်ပါသွားလေ၏။

ရွှန်း ထိုနေရာမှာရပ်နေတုန်းမှာပဲ...မင်းပိုင်စေက ရွှန်းအနားသို့ ဦးတည်လျှောက်လာကာ...ဘေးချင်းကပ်အနေအထားမှာရပ်လိုက်ပြီး ...

"'ငါဘာလုပ်နိုင်လဲဆိုတာ မြင်ပြီမလား
အဲ့ဒါကြောင့်ပြောတာ...အစထဲက
မင်းလိမ္မာမှပေါ့...အခုတော့ ငါပဲအလုပ်ရှုပ်ရတယ်""

ပြောပြီးတာနဲ့ သူက ဆက်လျှောက်သွားလေ၏။
အနားနားမှာ တိုးလျလျကပ်ပြောသွားတဲ့စကားသံက ရွှန်းရဲ့နားထဲမှာတော့ အကျယ်ကြီးကို ပဲ့တင်ထပ်နေလျက်...။

သူ...သူ...ယုတ်မာလိုက်တာ...
ရွှန်းတောင် ကိုကို့ကိုဘာမှမပြောရသေးခင်မှာ သူ့အစီအစဥ်က အရင်လက်ဦးသွားလေပြီ။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

""မေမေ...ကိုကို့ကို ကူညီပေးပါ
မေမေလည်း သိပါတယ်...ကိုကိုက အဲ့လိုလုပ်တတ်တဲ့သူမဟုတ်ဘူး...သူတမင်အစွပ်စွဲခံရတာပါ""

""ဒါပေမယ့် သမီးရယ်...သက်သေတွေကရှိတယ်လေ
ပြီးတော့ ဒါသူများအိမ်တွင်းရေး...
မေမေတို့ဝင်ပါလို့ဘယ်ကောင်းပါ့မလဲ""

'"မေမေ အဲ့လိုဆို ကိုကို့ကိုဘယ်သူကကူညီမှာလဲ
သမီးသူ့ကို ဒီအတိုင်းပစ်မထားနိုင်ဘူး...
မထားနိုင်ဘူး...ဟင့်! ဟင့်!""

ရွှန်း ပြောရင်းပင် ငိုချပစ်လိုက်တော့၏။
တကယ်လည်းစိတ်တွေရှုပ်ထွေးနေပါပြီ...
မနေ့ထဲက ဒီနေ့အထိ ကိုကိုပြန်လွတ်အောင်ကူညီပေးဖို့ ရွှန်းအရေးဆိုနေခဲ့တာ...

ကိုကိုကြီးတို့ဘက်ကလည်း ရဲစခန်းမှာ အမှုဖွင့်ထားသလို သက်သေခိုင်လုံတယ်ဆိုတဲ့ ပြောစကားအရ...အခန့်မသင့်ရင်...ကိုကိုတော့...

""သမီး...သူ့အပေါ်သံယောဇဥ်ရှိတယ်ဆိုပေမယ့်...
မေမေတို့လူကြီးချင်းရဲ့ မျက်နှာကလည်းရှိသေးတယ်လေ...""

""......""

""သူတို့ပစ္စည်းကို ခိုးတယ်ဆိုတဲ့ တရားခံဘက်က
မေမေတို့ဝင်ကူရင်...နှစ်ဖက်မှာ အားနာစရာတွေဖြစ်ကုန်မှာပေါ့...ဒီကောင်လေးက ကံမကောင်းရှာဘူးလို့ပဲ သဘောထားလိုက်ပါ""

ဟင်း! မေမေကတော့ ဒီလိုပဲ လွယ်လင့်တကူပြောနိုင်မှာပေါ့...။ဒီလုပ်ကြံ စီစဥ်မှုရဲ့နောက်ကွယ်က တောင်းဆိုမှုကို ရွှန်း ကောင်းကောင်းသိနေပါတယ်...

ဒါကြောင့် ကိုကို့ကို ကူညီပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ရွှန်းဆီမှာကျန်နေသေးရဲ့ မဟုတ်လား...

မတတ်နိုင်ဘူး...အရင်ဆုံးတော့ ရွှန်းတတ်နိုင်တဲ့ ဒီနည်းလမ်းကိုပဲ သုံးလိုက်တော့မည်။
ကိုကိုပြန်လာမှပဲ...ကျန်တာကို မီးစင်ကြည့်ကရတော့မှာပဲလေ...။

ကိုကို့ကို ရှင်းပြရင်...သူနားလည်လောက်မှာပါ...။


💭💭💭💭💭💭💭💭💭💭💭💭💭💭💭

""မေမေ...ကိုကို့ကို ကူညီပေးပါ
မေမေလည်း သိပါတယ်...ကိုကိုက အဲ့လိုလုပ်တတ်တဲ့သူမဟုတ်ဘူး...သူတမင်အစွပ်စွဲခံရတာပါ""

""ဒါပေမယ့် သမီးရယ်...သက်သေတွေကရှိတယ်လေ
ပြီးတော့ ဒါသူများအိမ်တွင်းရေး...
မေမေတို့ဝင်ပါလို့ဘယ်ကောင်းပါ့မလဲ""

'"မေမေ အဲ့လိုဆို ကိုကို့ကိုဘယ်သူကကူညီမှာလဲ
သမီးသူ့ကို ဒီအတိုင်းပစ်မထားနိုင်ဘူး...
မထားနိုင်ဘူး...ဟင့်! ဟင့်!""

ရွှန်း ပြောရင်းပင် ငိုချပစ်လိုက်တော့၏။
တကယ်လည်းစိတ်တွေရှုပ်ထွေးနေပါပြီ...
မနေ့ထဲက ဒီနေ့အထိ ကိုကိုပြန်လွတ်အောင်ကူညီပေးဖို့ ရွှန်းအရေးဆိုနေခဲ့တာ...

ကိုကိုကြီးတို့ဘက်ကလည်း ရဲစခန်းမှာ အမှုဖွင့်ထားသလို သက်သေခိုင်လုံတယ်ဆိုတဲ့ ပြောစကားအရ...အခန့်မသင့်ရင်...ကိုကိုတော့...

""သမီး...သူ့အပေါ်သံယောဇဥ်ရှိတယ်ဆိုပေမယ့်...
မေမေတို့လူကြီးချင်းရဲ့ မျက်နှာကလည်းရှိသေးတယ်လေ...""

""......""

""သူတို့ပစ္စည်းကို ခိုးတယ်ဆိုတဲ့ တရားခံဘက်က
မေမေတို့ဝင်ကူရင်...နှစ်ဖက်မှာ အားနာစရာတွေဖြစ်ကုန်မှာပေါ့...ဒီကောင်လေးက ကံမကောင်းရှာဘူးလို့ပဲ သဘောထားလိုက်ပါ""

ဟင်း! မေမေကတော့ ဒီလိုပဲ လွယ်လင့်တကူပြောနိုင်မှာပေါ့...။ဒီလုပ်ကြံ စီစဥ်မှုရဲ့နောက်ကွယ်က တောင်းဆိုမှုကို ရွှန်း ကောင်းကောင်းသိနေပါတယ်...

ဒါကြောင့် ကိုကို့ကို ကူညီပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ရွှန်းဆီမှာကျန်နေသေးရဲ့ မဟုတ်လား...

မတတ်နိုင်ဘူး...အရင်ဆုံးတော့ ရွှန်းတတ်နိုင်တဲ့ ဒီနည်းလမ်းကိုပဲ သုံးလိုက်တော့မည်။
ကိုကိုပြန်လာမှပဲ...ကျန်တာကို မီးစင်ကြည့်ကရတော့မှာပဲလေ...။

ကိုကို့ကို ရှင်းပြရင်...သူနားလည်လောက်မှာပါ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

ရက်အနည်းငယ်ကြာပြီးတဲ့နောက် အမှုကိုပိတ်သိမ်းလိုက်ပြီဆိုတဲ့ အသိပေးမှုနဲ့အတူ ညွှန်း အိမ်သို့ပြန်ခွင့်ရခဲ့သည်။

ရုတ်တရက်ပဲ အမှုဆင်...မကြာခင်ပဲ အမှုပြန်ပိတ်နဲ့ အဲ့ဒီ့အိမ်သားတွေရဲ့ လုပ်ရပ်တွေကို ညွှန်းလည်းနားမလည်တော့ပါဘူး...

အိမ်ပြန်ရောက်တော့လည်း...အိမ်မှာဘယ်သူမှမရှိကြဘူးထင်ရဲ့ ...ခြံတံခါးတော့ပွင့်နေတာမို့ ဖွင့်ပြီးဝင်မည်အပြု...တဖက်ခြံသို့ အမှတ်တမဲ့ လှမ်းကြည့်မိစဥ်...

""ဟင်""

ခြံထဲမှာ ကားတွေအများကြီးရပ်ထားပြီး..လူတစ်ချို့လည်းဝင်ထွက်နေကြလေ၏။ရွှန်းတို့အိမ်မှာဝင်ထွက်နေကျကားတွေကို သူအကုန်သိပါသည်။အခုက ခါတိုင်းထက်ပိုများနေပြီး...အမည်မသိသောခံစားချက်တစ်ခုကလည်း သူ့ကို ထိုနေရာသို့သွားရန် ဆွဲငင်နေတာမို့ ညွှန်းခြေလှမ်းတို့ကို တစ်ဖက်ခြံဆီဦးတည်လိုက်မိ၏။

ခြံတံခါးကတော့ ပွင့်လျက်သားပဲမို့..တွန်းဖွင့်ဝင်လာခဲ့ရင်း...အိမ်အနားသို့နီးလာလေ ပြောဆိုရယ်မောနေတဲ့လူသံတွေက ပို၍ပီပြင်လာတာကြောင့် အထဲမှာလူတွေအတော်များနေမယ်ဆိုတာ ခန့်မှန်းလို့ရသည်။

"'ဟုတ်တာပေါ့ဗျာ...
ကျွန်တော်တို့က ဒီလိုရေစက်ပါလို့
ကလေးတွေငယ်ငယ်ကတည်းက အိမ်နီးချင်းတွေလာဖြစ်နေတာလေ""

""ကဲ...အခုတော့ နှစ်အိမ်က ရွှေလမ်း ငွေလမ်းဖောက်ပြီး ဆွေမျိုးတွေတော်ကြတော့မှာပေါ့""

တစ်ယောက်တစ်ခွန်းပြောနေကြတဲ့ စကားသံတွေကြား ညွှန်း ခြေလှမ်းတို့ ယိုင်လဲကျမတတ်...။

ဘယ်လိုဖြစ်ရတာလဲ...ဘယ်လိုဖြစ်လို့...ညီမလေးက...

သူ ဘာကိုမှစဥ်းစားမနေတော့ဘဲ မထိန်းနိုင်သော စိတ်အစဥ်ကြောင့် ထိုနေရာဆီသို့ ပြေးဝင်သွားမိကာ...

""ညီမလေး""

ခေါ်သံကြောင့် ရွှန်းအပါအဝင် အိမ်ထဲရှိသမျှလူအကုန်လုံးရဲ့အကြည့်က သူ့ဆီစုပြုံလာ၏။

""ကိုကို""

ကိုကို့ကို တွေ့လိုက်တော့ ရွှန်းအရမ်းပဲဝမ်းသာသွားရပေမယ့် ချက်ချင်းတော့ သူ့ဆီထမသွားနိုင်ခဲ့...။အိမ်ထဲမှာ လူတွေ မျက်လုံးတွေအများကြီးမို့...ရွှန်း ခြေတစ်လှမ်းထပ်မှားတာနဲ့ ဟိုလူက ကိုကို့ကို ဒုက္ခပေးဖို့ ထပ်ချောင်းနေဦးမှာလေ...အခုလိုပြန်လာနိုင်ဖို့ကိုတောင် ရွှန်းမှာ ဒီစေ့စပ်ပွဲကို ဟန်ပြလုပ်ထားရတာ...။

ဘယ်လိုပဲဖြစ်ဖြစ်...ကိုကိုပြန်လာဖို့ပဲအရေးကြီးသည်။
စေ့စပ်ပွဲဆိုတာက အချိန်မရွေးဖျက်သိမ်းလိုက်လို့ရပါသည်။ မလွယ်ကူလှပေမယ့် ဖြေရှင်းဖို့နည်းလမ်းတွေရှိဦးမှာပါ...

""ဟေ့ကောင်! မင်းဒီကိုဘာလာလုပ်တာလဲ""

""သူများတွေ မင်္ဂလာယူနေတာကို...
ဘာလာရှုပ်တာလဲ""

ဘေးကပြောသမျှ ဘာတစ်ခုမှဂရုမစိုက်ဘဲ ရွှန်းကိုသာစိုက်ကြည့်နေတာမို့...

'ကိုကို ပြန်ပါတော့...
ခဏလေးပါ ခဏနေရင် ရွှန်း ကိုကို့ကိုလာရှာမယ်
အားလုံးကို ရှင်းပြပါမယ်...
အခုတော့ ပြန်လိုက်ပါ ကိုကိုရယ်...ပြန်လိုက်ပါ""

ရွှန်းရင်ထဲက စကားတွေ တရစပ်ဆိုရင်း ထိုစကားတွေကို မျက်လုံးအကြည့်မှတစ်ဆင့် ကိုကိုမြင်သာစေဖို့ကြိုးစားပါသော်လည်း...သူ မမြင်နိုင်တော့ဘူးထင်ရဲ့...

ရွှန်း ရှိရာဆီသို့ ခြေလှမ်းကိုထပ်တိုးလာတာမို့...

""ဟေ့ကောင်! မင်းပြန်တော့
အဲ့ကောင်ကို ဆွဲထုတ်လိုက်ကြစမ်းကွာ
ကောင်းကောင်းပြောလို့ နားမလည်တဲ့ကောင်""

ကိုကိုကြီးရဲ့စကားအဆုံး သူ့သူငယ်ချင်းအုပ်စုက ချက်ချင်းနေရာမှထကာ ကိုကို့အနားသို့ဝိုင်းသွားလေတော့...ရွှန်းလည်း စိုးရိမ်သွားကာ...

""ကိုကိုကြီး...အဲ့လိုမလုပ်ပါနဲ့...""

ပြောလျက် ရွှန်း ထိုနေရာသို့အပြေးသွားလိုက်ပြီး...

""ဒီနေ့က ရွှန်းတို့အတွက်အရေးကြီးတယ်လေ...
ဆူညံအောင်မလုပ်ပါနဲ့...ဧည့်သည်တွေလည်းရှိတာကို
ရွှန်း သူ့ကိုနားလည်အောင်ပြောလိုက်မယ် နော်...""

စကားအဆုံးမှာ ကိုကိုကြီးက ရွှန်းကို သူ့ဘက်ကပ်အောင်ဆွဲခေါ်လိုက်ပြီး ပုခုံးကိုပါ တင်းကျပ်စွာဖက်လျက်...

""ဟုတ်ပြီလေ..ဒါဆို babyပဲပြောပြလိုက်..
ဟေ့ကောင်တွေ...သွားလို့ရပြီ
မင်းတို့မလိုတော့ဘူး""

ပြောလိုက်မှ ခုနလူတွေက နေရာသို့အသီးသီးပြန်သွားကြလေ၏။

""မင်း ဘာလုပ်တာလဲ
ဒါဘာသဘောလဲ""

ရွှန်းဘာမှတောင် စမပြောရသေးခင် ကိုကို့ဆီကပဲ မေးခွန်းတွေအရင်ထွက်လာတာမို့...

""အဲ့ဒါတွေကို အခုမမေးပါနဲ့တော့...
ကိုကို...ပြန်တော့နော်""

""မပြန်ဘူး...ဒါဘယ်လိုဖြစ်တာလဲ
ငါ့ကို အခုပြော""

""ရွှန်း နောက်တော့ပြောပြပါမယ်...
အခုတော့ ပြန်ပါ..ရွှန်းကို ခက်ခဲအောင်မလုပ်ပါနဲ့""

""ကိုကို့ကြောင့်လား...
ကိုကို အဖမ်းခံရတာကနေပြန်လွတ်ဖို့...
သူ ညီမလေးကို ဒီလိုလုပ်ရမယ်လို့ အကျပ်ကိုင်တာလား""

""မဟုတ်ဘူး...မဟုတ်ပါဘူး""

""မင်းအကြောင်းမရှိဘဲ ဒီလိုမလုပ်ဖူးဆိုတာကိုယ်သိတယ်...ဘာကြောင့်လဲ...""

ဇွတ်အတင်းကိုမေးနေတာကြောင့် ရွှန်းမှာလည်း လူပုံအလယ်ဖြေရခက်လာသလို ...ကိုကိုကြီးကလည်း ရွှန်းရဲ့ ပခုံးတစ်ဖက်ကို ဖက်ထားလျက်ကနေ မသိမသာဆုပ်ညှစ်လျက် သတိပေးသလိုဟန်ပြုနေတာမို့...

""ဟူးး!""

ရွှန်း သက်ပြင်းလေးမသိမသာခိုးရှိုက်ရင်း ...အခြေအနေကိုမြန်မြန်ပဲ အဆုံးသတ်ဖို့ကြိုးစားလိုက်သည်။

""ဘာကြောင့်လဲဆိုတော့ ဒါကဖြစ်သင့်တဲ့ကိစ္စမို့လို့ပဲလေ...""

""ဘာ""

""ဟုတ်တယ်...ရွှန်းနဲ့ကိုကိုကြီးကို
လူကြီးချင်းသဘောတူထားကြတာလေ...
ဒါကို ရွှန်းက အသာတကြည်လက်ခံလိုက်ရုံပဲ...
ရှင်ထင်နေသလိုမဟုတ်ပါဘူး...
ဒီကိစ္စရှင်နဲ့လည်းမဆိုင်ဘူး...
ကျွန်မက စိတ်ခံစားချက်နဲ့ ဘဝရှေ့ရေးကိုခွဲခြားတတ်ပါတယ်...""

ပြောလိုက်တဲ့စကားက ညွှန်းရဲ့ နှလုံးသားဆီသို့ မြှားတစင်းပမာ စူးနစ်လေ၏။
ဒီစကားကို ညီမလေးရဲ့ နှုတ်ဖျားမှ ထုတ်ပြောလိုက်တယ်ဆိုတာ...ကိုယ်တိုင်မကြားရရင် သူယုံမှာတောင်မဟုတ်...

မင်းမို့လို့...ပြောရက်တယ်...

နှလုံးသားဆီမှ ကွဲကြေသောခံစားချက်တွေနဲ့အတူညွှန်း တဖြေးဖြေးချင်း ခြေလှမ်းတို့ကို နောက်ဆုတ်လျက်...ထိုနေရာကိုကျောခိုင်းလိုက်တော့သည်...။

ငါ သိလိုက်ပြီ။
နောက်ဆုံးတော့ မင်းလည်း တခြားသူတွေလိုပါပဲလား ချစ်ရည်ရွှန်း...။

သူ နာကျင်စွာ မဲ့ပြုံးတစ်ချက်ပြုံးကာ ထိုအရပ်ဝန်းကျင်မှ အပြီးအပိုင်စွန့်ခွာဖို့ဆုံးဖြတ်ရင်း...။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

လမ်းမထက်မှာ ဦးတည်ရာမဲ့ လျှောက်လာခဲ့တာ နာရီပေါင်းများစွာ...။


ညကတဖြေးဖြေးနက်လာပေမယ့် ဘယ်ကိုသွားရမယ်မသိသေးသလို...အသိမိတ်ဆွေရယ်လို့လည်းတစ်ယောက်မှမရှိ။ ဒါပေမယ့် ဟိုအိမ်ကို မပြန်လိုတာတော့ သေချာသည်။

နားထဲမှာလည်း ရွှန်းရဲ့စကားတွေကိုပဲကြားယောင်နေပြီး...နှလုံးသားဆီမှလည်း တဆတ်ဆတ်နာကျည်းမှုဝေဒနာကပြင်းထန်လွန်းလေ၏။

ရွှန်း သူ့ကိုချစ်မှန်း သူသိပါသည်။
သိလို့လည်း ပိုနာကျည်းရသည်...။
ဒီနေ့ သူမ ပြောလိုက်တဲ့ 'စိတ်ခံစားချက်နဲ့ဘဝရှေ့ရေးကိုခွဲခြားတတ်တယ်'ဆိုတဲ့စကားကို သူအနာကျင်ရဆုံး။ ဒီစကားရဲ့အဓိပ္ပာယ်က သူမရင်ထဲက သူ့ကိုချစ်နေရင်တောင် ဘဝအတွက်တော့ရွေးချယ်လက်တွဲမှာမဟုတ်ဘူးဆိုတဲ့ သဘောပဲလေ...

တစ်ချိန်က မင်းပြောခဲ့တဲ့ စကားတွေ...
အနားမှာ အမြဲရှိနေမယ်...ယုံကြည်လို့ရတယ်ဆိုတာတွေ...အလိမ်အညာတွေပဲ...အားလုံးကအလိမ်အညာတွေ...

""အေးပါ...မင်းမမှားဘူး...မင်းလုံးဝမမှားဘူး
မင်းရဲ့စကားတွေကို ယုံမိလိုက်တဲ့ ငါကသာ မိုက်မဲသွားတာ...""

တွေးရင်းနဲ့ပဲ စိတ်တွေမွန်းကျပ်လာကာ...ကားလမ်းတစ်လျှောက် အားကုန်သုံးလျက် ပြေးလာခဲ့ရင်း...လမ်းတစ်ဖက်ကိုဖြတ်ကူးမည်အပြု...
မျက်နှာဆီသို့ အရှိန်ပြင်းစွာ ကျရောက်လာသော ကားမီးရောင်နဲ့အတူ မျက်လုံးအကြည့်တို့ဝေဝါးသွားကာ...

""တီ!...တီ!...တီ!""

""အားးး!""

တိုက်မိသွားပြီဆိုတဲ့ အသိကြောင့် ကားကလည်း ချက်ချင်း ဘရိတ်အုပ်ကာရပ်လိုက်ပြီး...

""မောင်နိုင်...ဘာဖြစ်တာလဲ?""

""လူ...လူကိုတိုက်မိသွားပြီထင်တယ်...သခင်ကြီး""

""ဟေ!...ဆင်းကြည့်စမ်း မြန်မြန်""

ပြောသာပြောပေမယ့် ဦးကောင်းကင်ကိုယ်တိုင်လည်း ကားပေါ်မှ အမြန်ဆင်းကာကြည့်တော့...

ကားရှေ့မှာ လဲကျနေသူ လူငယ်လေးတစ်ယောက်...
ကားကိုအချိန်မီအရှိန်လျှော့လိုက်တာကြောင့် အများကြီးဒဏ်ရာမရပေမယ့် သတိတော့မရတော့တာမို့...

""မြန်မြန် ဆေးရုံခေါ်သွားမယ် ကားပေါ်တင်လိုက်...""

""ဟုတ်ကဲ့...သခင်ကြီး""

💭💭💭💭💭💭💭💭💭💭💭💭💭💭💭

တစ်ဖက်မှာလည်း ရွှန်းတစ်ယောက် စိတ်ပူလွန်းလို့ ရူးသွားတော့မည်ထင်သည်...။ကိုကို နေ့လည်ကတည်းက ထွက်သွားတာ အခုထိပြန်မလာသေး...။
မကြာခင်မိုးလင်းတော့မှာ...တစ်ညလုံးဘယ်တွေလျှောက်သွားနေတယ်မသိ။

ရွှန်းပြောလိုက်တဲ့ စကားကို အတည်မှတ်ပြီး စိတ်ဆိုးသွားပြီလား...

""ပြန်လာပါ ကိုကိုရယ်
မြန်မြန်ပြန်လာပါ...""

တကယ်တော့ အဲ့ဒီ့စကားတွေက ကိုကို့ကိုနာကျင်စေလိုတဲ့စိတ်နဲ့ပြောလိုက်တာမဟုတ်ရပါဘူး...

ကိုကိုခဏတာစိတ်ဆိုးသွားနိုင်ပေမယ့်...အားလုံးကို ရွှန်းပြန်ရှင်းပြဖို့ ရည်ရွယ်ထားပြီးသားပါ...။
နောက်ဆုံး ကိုကိုနဲ့အတူ အားလုံးနဲ့ဝေးရာကိုထွက်ပြေးသွားလိုက်ဖို့ထိတောင် တွေးထားခဲ့တာ။

ဒါတွေကို ရှင်းပြခွင့်လေးတောင်မပေးဘဲ...
ရွှန်းကို တကယ်ပဲ...မုန်းရက်ခဲ့ရင်...။

💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-6 coming Soon!

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho💜💙




rate now: