🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧
မနက်မိုးလင်းတော့ ညွှန်းရဲ့ဘေးမှာ သူမ ရှိမနေတော့ချေ။
အစောကြီးပဲရှိသေးတာကို...ဒီကောင်မလေးကဘယ်ရောက်သွားပြန်တာလဲ? ညွှန်းလည်း အိပ်ယာမှထကာ အောက်ထပ်သို့ဆင်းလာခဲ့တော့ ခြံထဲက ဒန်းလေးပေါ်မှာ ခပ်ငေးငေးပုံစံနဲ့ထိုင်နေတဲ့ သူမကိုတွေ့လိုက်ရသည်။ လူကသာဒီနေရာမှာထိုင်နေတာ စိတ်ကတော့ဘယ်ရောက်နေတယ်မသိ...အဝေးတစ်နေရာသို့ ငေးစိုက်ကြည့်နေလေ၏။ ညွှန်းလည်းသူမအနားသို့ လျှောက်သွားလိုက်ပြီး...
""ရွှန်း...ဘာလို့အစောကြီးနိုးနေတာလဲ?""
""ဒီလိုပါပဲ...ကိုကို နိုးလာပြီဆိုတော့...ရွှန်း မနက်စာပြင်ပေးမယ်နော် ခဏ""
ပြောပြီး အမြန်ထထွက်ရန်ပြင်လိုက်သော်လည်း ကိုကိုက ဒန်းပေါ်မှာဝင်ထိုင်လိုက်ပြီး ဘာမပြောညာမပြောနဲ့လက်ကိုဆွဲလိုက်ပြန်တာကြောင့် ရွှန်းတစ်ကိုယ်လုံးအနောက်သို့ယိုင်သွားကာ ကိုကို့ပေါင်ပေါ်သို့ ထိုင်လျက်အနေအထားလေးအတိုင်းရောက်ရှိသွားရသည်။ ရွှန်းက အတင်းပြန်ထဖို့ပြင်ပေမယ့် သူ့ရဲ့တဇွတ်ထိုး ညဥ်က သိတဲ့အတိုင်းပဲမဟုတ်လား...ရုန်းလည်းအပိုပဲဖြစ်မှာကြောင့် ရွှန်း ဒီအတိုင်းသာထိုင်နေလိုက်ရင်း...
""တခုခုပြောစရာရှိလို့လား...ကိုကို""
""မင်းကလေ...ငါနဲ့တွေ့တိုင်းငါ့ရှေ့ကရှောင်ဖယ်ဖယ်လုပ်ချင်နေတာ ဘာသဘောလဲ...မနေ့က Suzyကိစ္စကြောင့်စိတ်ဆိုးနေသေးတာလား??""
""ဟင့်အင်း! မဆိုးပါဘူး""
""သေချာလား""
""အင်း!""
""ဒါဆိုလည်း ကိုယ်တို့ကိစ္စပဲပြောရအောင်
အောက်ထပ်ကအခန်းမှာမနေနဲ့တော့နော်...
ကိုယ်တို့ကလက်ထပ်ထားတာ အကြာကြီးခွဲနေလို့ဘယ်ဖြစ်မလဲ...ကိုကို့အခန်းကိုပြောင်းလာခဲ့ ဟုတ်ပြီလား""
""ဟုတ်..ကိုကို့သဘောပါ""
""အင်း...လိမ္မာတယ်""
ပြုံးရုံမျှပဲပြုံးမိ၏။ ကိုကိုက လာခဲ့ဆိုတော့လည်း လာရမှာပေါ့..။ပြီးရင်လည်း ထွက်သွားဖို့ နှင်ဦးမှာပဲမဟုတ်လား...။
ရွှန်း ဘယ်သူ့စကားကိုမှ လွယ်လွယ်မယုံချင်တော့ဘူး ကိုကို...။ ဒါကြောင့် မနေ့ကSuzyပြောသွားတဲ့ စကားတွေကို ရွှန်းအပြည့်အဝမယုံကြည်သလို...ကိုကိုရဲ့လျှို့ဝှက်ချက်နဲ့အတိတ်အကြောင်းမှန်သမျှကို မခြွင်းမချန်ပြောပြထားခဲ့ပြီးမှ အဲ့ဒီ့မိန်းကလေးနဲ့ဘာမှမပတ်သတ်ဘူးလို့ ပြောတဲ့စကားကိုလည်း အမှန်လို့ရွှန်းမထင်ဘူး...။
ဘယ်လိုပဲဖြစ်ဖြစ်ပါ... ကိုကိုဘယ်လိုခေါင်းစဥ်နဲ့ပဲ ရွှန်းကိုလက်ထပ်ခဲ့ပါစေ...ဘယ်လိုသဘောထားမျိုးတွေပဲ ရှိနေပါစေ...ရွှန်းသည်းခံနိုင်သမျှအတိုင်းအတာနဲ့ ...ကိုကို့ရဲ့ရက်စက်မှုတွေထဲမှာ ရွှန်းခံနိုင်ရည်ရှိသလောက်ပျော်ဝင်ပေးမယ်...။ ကိုကိုထားတဲ့နေရာမှာ နေပေးမယ်...။
ဒီလိုနဲ့ပဲ အဆုံးသတ်တနေ့ကို ရောက်သွားဖို့ မျှော်လင့်ပါတယ်...အဲ့ဒီ့တနေ့က ကိုကို့ရင်ထဲက အငြိုးတွေပြေပျောက်သွားတဲ့နေ့ဖြစ်နိုင်သလို...ရွှန်းရဲ့အသက်သေဆုံးသွားတဲ့နေ့လည်း ဖြစ်နိုင်ပါတယ်...
ဘယ်လိုအဆုံးသတ်ဖို့ ရည်ရွယ်ထားသလဲ ကိုကို...။
~~~~~💞💞💞💞~~~~~
""ဒေါက်...ဒေါက်!""
""မမလေးရေ...အောက်မှာဧည့်သည်ရောက်နေတယ်""
တံခါးခေါက်သံကြောင့် ရွှန်းမှာအခန်းထဲက အမြန်ပြေးထွက်ရသည်။ ဒီနေ့Sundayပိတ်ရက်ဆိုတော့ ကိုကိုက အိပ်ယာမထသေးတာမို့ နိုးသွားမှာစိုးရသည်လေ...။ ဒါနဲ့ အခုတလောမှာ အိမ်ကိုဧည့်သည်တွေ ခဏခဏလာနေသလိုပါပဲလား...ဒီတစ်ခေါက်ရော...မိန်းကလေးပဲလားမသိ...
""ပိတ်ရက်ကြီးကို...ဘယ်သူလာတာလဲ ကြီးမှုံ""
""သခင်လေးရဲ့အဖေတဲ့!""
"".......""
""သခင်လေးကိုရော...မမလေးကိုရောတွေ့ချင်တယ်တဲ့!""
ဒါနဲ့ပဲ ရွှန်း အခန်းထဲပြန်ဝင်ကာ ကိုကို့ကိုနှိုးပေးခဲ့ပြီး...အောက်ထပ်သို့အမြန်ဆင်းလာခဲ့လိုက်သည်။ ကြီးမှုံကတော့ ဝယ်စရာရှိတာဝယ်ဖို့ စျေးကိုထွက်သွားလေရဲ့...။
""သမီးလေးက ဒယ်ဒီ့ချွေးမလေးပေါ့""
မြင်မြင်ချင်းပဲ တရင်းတနှီးလှမ်းပြောလိုက်သံကြောင့် ရွှန်းအံ့သြသွားမိ၏။ ဒါက ကိုကို့ကိုမွေးစားပေးခဲ့ပြီး သားတစ်ယောက်လိုပြုစုပျိုးထောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့...တကယ်ပဲ နွေးထွေးပျူငှာတဲ့ နှစ်လိုဖွယ်အပြုံးနဲ့ဟန်ပန်က သဘောထားပြည့်ဝလွန်းသူဖြစ်ကြောင်း ကြည့်ရုံနဲ့သိနိုင်ပါ၏။ ပြီးတော့ ကိုကိုကလည်း သူ့daddyအကြောင်းကိုမကြာခဏပြောလေ့ရှိပြီး ပြောတဲ့စကားတွေအရဆို ကိုကိုက သူ့မွေးစားdaddyအပေါ်မှာအတော်လေးကို သံယောဇဥ်ရှိပုံရတာမို့ ရွှန်းလည်းလူကိုယ်တိုင်မမြင်ဖူးသေးပေမယ့် ရင်းနှီးမှုတော့ရှိနေမိသည်..။
""ဟုတ်ကဲ့...ကိုကို ခဏနေလာမှာပါ uncle""
""အမလေး! Daddyပါ သမီးရဲ့...သားရဲ့ဇနီးက ဒယ်ဒီ့သမီးပေါ့...သမီးလေး...သားနဲ့ရောအဆင်ပြေရဲ့လား?""
""ဟုတ်...ပြေပါတယ်...daddy""
""Daddyကတော့လုပ်ပြီ...သားကိုမပြောမဆိုနဲ့ဗြုန်းစားကြီးရောက်လာရလား...""
အသံနဲ့အတူ အနားသို့ကိုကိုရောက်လာလေ၏။ ရွှန်းလည်းအခုမှပဲ သတိရသည်...ရောက်လာတဲ့သူကဧည့်သည်မဟုတ်ဘူးဆိုပေမယ့် ကော်ဖီလောက်တော့တိုက်ရမှာလေ...အခုတော့အားနာစရာ...။ ရွှန်းလည်းသတိရကာမှ မီးဖိုခန်းဘက်သို့ထထွက်လာခဲ့၏။
""မင်းကိုကြိုပြောရင် ငါ့မလာခိုင်းမှာစိုးလို့ပေါ့ကွ""
""ကျွန်တော်က အလျင်လိုစရာမလိုဘူးပဲပြောတာပါ
မလာနဲ့လို့ပြောလို့လား""
""အေးကွာ!...daddyကတော့လာသင့်ပြီလို့ထင်တယ် သား""
""........""
""Daddyဟိုအိမ်ကိစ္စကြားပြီးပြီ...သား
မင်းရင်ထဲမှာ သူတို့နဲ့ပတ်သက်တဲ့အငြိုးတွေအခုထိရှိနေတုန်းပဲလား...daddyသားကို အရင်ကတည်းကပြောခဲ့ဖူးပါတယ်...ဦးကောင်းကင်ရဲ့သားအဖြစ်နေမယ်လို့ဆုံးဖြတ်ပြီးရင်...မင်းရဲ့အတိတ်တွေကနေ ရအောင်ရုန်းထွက်ရမယ်လို့လေ...ဒါပေမယ့် သားမလုပ်နိုင်ခဲ့ဘူး""
""Daddyရယ်...အိမ်ကိစ္စကဘာဖြစ်လို့လဲ...ကျွန်တော်ကသူတို့ကိုတောင်ကူညီလိုက်သေးတာလေ...ကျွန်တော်သာစာချုပ်ကိုလက်လွှဲမယူခဲ့ရင်...အခုလောက်ဆို အပေါင်ဆုံးနေလောက်ပြီ""
""ဒါပေမယ့်...သားအခုချိန်ထိ သားအဖေအရင်းအပေါ်နာကျည်းချက်တွေထားနေတုန်းပဲမဟုတ်လား...သား ဒီရောက်ကတည်းက သူ့ကိုတစ်ချက်မှတောင်သွားမကြည့်ခဲ့ဘူးလေ""
""လိုလို့လား...daddy
သူတောင်မှ ကျွန်တော့်ကို သားအဖြစ်တခါမှလက်မခံခဲ့ဖူးတာကို...""
""အင်း..ဒါက မင်းအထင်လေ....
သားဒီထက်ပိုပြီး မလုပ်သင့်တာတွေမလုပ်မိခင်...မင်းမသိခဲ့တဲ့အကြောင်းတစ်ခုကိုdaddyပြောပြမယ်""
""ကျွန်တော်မသိခဲ့တဲ့အကြောင်း?""
""ဟုတ်တယ်...တကယ်တော့ မင်းထင်နေသလိုမျိုးမဟုတ်ဘူး သား...။သားပျောက်သွားတဲ့အချိန်မှာ သားအဖေအရင်းက လိုက်ရှာခဲ့ပါတယ်...။သားအဖေအရင်း ဦးအောင်စေနဲ့ daddyက အလုပ်သဘောအရခင်မင်းရင်းစွဲရှိဖူးကြတယ် daddyကဒီမှာအမြဲမနေတော့ အဆက်အသွယ်သိပ်မရှိတာ...ဒါပေမယ့် သားက daddyဆီကို accidentတစ်ခုကြောင့်ရောက်လာခဲ့တယ်...daddyကလည်းသားကိုချစ်လို့ မွေးစားခဲ့တယ်...အဲ့ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ သားရဲ့အဖေအရင်းဖြစ်တဲ့ ဦးအောင်စေရှိနေခဲ့တယ်""
""ဗျာ!...ဘယ်လို daddy""
""ဟုတ်တယ် သား...
မင်းအဖေအရင်းက မင်းအပေါ်နွေးထွေးဂရုစိုက်တာမျိုးမလုပ်ပေးနိုင်ခဲ့ပေမယ့် မင်းထင်နေသလိုလည်း မင်းကိုဥပေက္ခာပြုနေခဲ့တာမဟုတ်ပါဘူး...အခြေအနေတွေအရပါသား daddyဆီရောက်နေတဲ့အချိန်မှာ သူdaddyကိုလာရှာခဲ့တယ်...ပြီးတော့ တောင်းဆိုတယ်""
""ဘာကိုလဲ...daddy""
""ဟုတ်တယ် သား...
မင်းအဖေအရင်းက မင်းအပေါ်နွေးထွေးဂရုစိုက်တာမျိုးမလုပ်ပေးနိုင်ခဲ့ပေမယ့် မင်းထင်နေသလိုလည်း မင်းကိုဥပေက္ခာပြုနေခဲ့တာမဟုတ်ပါဘူး...အခြေအနေတွေအရပါသား daddyဆီရောက်နေတဲ့အချိန်မှာ သူdaddyကိုလာရှာခဲ့တယ်...ပြီးတော့ တောင်းဆိုတယ်""
""ဘာကိုလဲ...daddy""
""သားကို သူ့အနားမှာထားချင်ပေမယ့် အဲ့ဒီ့အိမ်မှာသားဘဝရှေ့ရေးအတွက်အဆင်မပြေနိုင်လို့...သူ့ကိုယ်စား သားကိုစောင့်ရှောက်ပေးပါတဲ့...ပြီးတော့ သားရဲ့အတိတ်ဆိုးတွေနဲ့ဝေးတဲ့ဆီကိုခေါ်သွားပေးဖို့ပြောခဲ့တယ်...သား daddyဆီမှာရှိနေတဲ့တစ်လျှောက်လုံးလည်း သူကအမြဲdaddyဆီဆက်သွယ်ပြီး သားအကြောင်းတွေမေးတယ်...ပြီးတော့ ဒါတွေကိုလည်း သားကိုပြောမပြဖို့ပြောထားတာ...daddyကသာ မင်းအဖေအရင်းအပေါ် ဆက်ပြီးအထင်လွဲမနေတော့အောင်...""
""မဖြစ်နိုင်ဘူး...daddy
ဒါတွေလုံးဝမဖြစ်နိုင်ဘူး...ကျွန်တော်မယုံဘူး""
""မင်း ချက်ချင်းကြီးလက်ခံဖို့ခက်မယ်မှန်း daddyသိပါတယ်...ဘယ်လိုပဲဖြစ်ဖြစ်မင်းက daddyသားလည်းဟုတ်တယ်...ဒါပေမယ့်သားအဖေအရင်းအပေါ်မှာရှိနေတဲ့အငြိုးနဲ့အမုန်းတွေကြောင့် သားကိုမပင်ပန်းစေချင်လို့ ဒီအကြောင်းတွေကိုပြောပြတာ...""
ညွှန်း ဘာစကားမှဆက်မပြောဖြစ်တော့ဘဲ လက်ဝါးနှစ်ဖက်နဲ့သာ မျက်နှာကိုအုပ်ကာလျက်ငြိမ်သက်နေမိ၏။ ဒီစကားတွေအားလုံးက အမှန်ဆိုရင် ဒီအချိန်အထိ ဦးအောင်စေအပေါ်ထားရှိခဲ့ဖူးသော မကျေနပ်ချက်တို့က မှားယွင်းနေခဲ့တာလား...။ဟင့်အင်း! မဖြစ်နိုင်ပါဘူး...သူက ငါ့ကိုဘယ်တုန်းကမှ သားလို့တောင်တစ်ခွန်းထုတ်မခေါ်ခဲ့ဖူးဘူး...သူ့ရှေ့မှာ လက်ထိပ်တန်းလန်းနဲ့အဖမ်းခံရတုန်းကတောင် မျက်တောင်တစ်ချက်မခတ်ခဲ့ဘူး..။.မဟုတ်ဘူး...daddyပြောတဲ့စကားတွေကအမှန်မဟုတ်ပါဘူး...
စိတ်ထဲကပဲအကြိမ်ကြိမ်ငြင်းဆန်လျက် ညွှန်း မျက်လုံးအစုံကိုလည်းမှိတ်ထားမိသည်။ ဒါတွေဟာအမှန်တရားဆိုရင်တောင် ဆယ့်ငါးနှစ်နီးပါးထားရှိခဲ့သည့် အစိုင်အခဲတို့က တဒင်္ဂလေးအတွင်း ကျေပျက်မသွားနိုင်တာ ညွှန်းဘက်က တရားသည်ဟုလည်းထင်မိပါ၏။
~~~~💞~~~~
ရွှန်းလည်း မီးဖိုခန်းကနေcoffeeဖျော်ပြီးထွက်အလာ...ဧည့်ခန်းအဝင်မှာကြားလိုက်ရသောစကားများကြောင့် အံ့အားသင့်သွားရင်း ခြေလှမ်းတို့ကရပ်နေခဲ့ပြီး...coffeeခွက်လည်းသောက်မယ့်သူထံမရောက်ဖြစ်တော့...။ ဒါတွေဟာအမှန်ပဲလား...ကိုကိုနဲ့ငယ်စဥ်ကတည်းကရင်းနှီးခဲ့ပါလျက် ဒီအကြောင်းတွေကိုဖြင့် ရွှန်း တစ်စွန်းတစမှမသိခဲ့ မကြားခဲ့ဖူးရတာဘာကြောင့်ပါလိမ့်။ သူတို့ပြောနေပုံအရ ကိုကိုက uncleဦးအောင်စေရဲ့သားအရင်းဆိုရင်...ကိုကိုကြီးနဲ့လည်းညီအစ်ကိုတွေပေါ့...။ဒါဆို ကိုကိုက သူ့အဖေအရင်းရဲ့အိမ်မှာအခိုင်းအစေလိုအနှိမ်ခံရင်းနေခဲ့ရတာ...ဒါကြောင့် သူတို့တွေအပေါ် လိုအပ်တာထက်ပိုပြီးနာကျည်းချက်တွေထားနေခဲ့တာ...။
ရွှန်းအခုမှအားလုံးကိုနားလည်သွားခဲ့ရပါပြီ...ကိုကိုက သိပ်သနားစရာကောင်းတာပဲ...ဒီအကြောင်းတွေကို ဘယ်သူ့ဆီမှထုတ်မပြောခဲ့ဘဲ...သူဘယ်လိုများကျိတ်မှိတ်နေနိုင်ခဲ့တာလဲ
""သမီး....daddyပြန်တော့မယ်"""
""Daddyခုနပြောတာတွေက...""
""အမှန်တွေပဲ သမီး...
သားနဲ့သူ့အဖေအရင်းကြားမှာနားလည်မှုလွဲတာလေးတွေရှိနေတယ်...သူ့ကိုdaddyပြောသင့်တာတွေပြောပြခဲ့ပြီ...
သမီးလည်းသူ့ကိုဖျောင်းဖျပေးပါဥွီး...""
""သမီး အရင်ကအဲ့ဒီ့အကြောင်းတွေကိုလုံးဝမသိခဲ့ဘူး
ကိုကို့မှာမိဘတွေမရှိဘူးလို့ပဲသိခဲ့တာ""
""အေးကွယ်! သားကလည်းခက်တယ်...ဒီအကြောင်းတွေကိုသမီးကိုတောင်ပြောမပြဘူး...daddyက သားကိုအတိတ်ကဖြစ်ရပ်တွေကနေလွတ်မြောက်စေချင်ရုံပါ...daddyနေ, နေကျအိမ်မှာပဲရှိမယ်...နောက်ရက်ကျလာခဲ့ဦးနော်..နှစ်ယောက်လုံး""
""ဟုတ်""
ပြောသင့်တာတွေပြောပြပြီးနောက် ဦးကောင်းကင်ကပြန်သွားလေ၏။ ရွှန်းမှာသာ အခုမှသိရတဲ့အဖြစ်တွေအတွက် တအံ့တသြဖြစ်ရပေမယ့် ကိုကိုကတော့ ဟန်မပျက်ပင်သွားလာနေတာ...ဘာမှမဖြစ်တဲ့အတိုင်းပင်။ ရွှန်းဘက်ကတခုခုမေးလိုက်ချင်သော်လည်း ကိုကိုမကြိုက်မှာစိုး၍မမေးဖြစ်တော့ပေ။ တိုက်ဆိုင်စွာပင် နောက်ထပ်သိပ်မကြာခင်ရက်ပိုင်းမှာ ကိုကိုကြီးရဲ့အမေ ဒေါ်အိမ်စည်ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားရလေ၏။ကိုကို့မိသားစုထဲကတစ်ဦးတည်းသော သူစိမ်းဆုံးသွားပြီမို့ သွေးသားအရင်းဖြစ်တဲ့အဖေနဲ့အစ်ကိုကိုသွားတွေ့ရင်ရပေမယ့် ဒီလိုလည်းစိတ်ကူးရှိပုံမပေါ်...။
သူထင်နေခဲ့သလို အဖေအရင်းဖြစ်သူက သူ့ကိုပစ်မထားဘူးဆိုတဲ့အဖြစ်မှန်တွေကိုသိခဲ့တာတောင် ကိုကိုက ခွင့်လွှတ်ဖို့ခဲယဥ်းနေဆဲပါလား...သွေးသားသံယောဇဥ်ရှိတဲ့သူတွေအပေါ်မှာတောင် ကိုကိုဒီလိုသွေးအေးနေနိုင်တာ...ရွှန်းအတွက်က မျှော်လင့်ခွင့်တောင်ရနိုင်ပါဦးမလား....
သေချာစဥ်းစားကြည့်ရင်...ရွှန်း ကိုကို့အပေါ်မှာအများကြီးအပြစ်တွေလုပ်ခဲ့တာမဟုတ်ပေမယ့်...အဲ့ဒီအမှားနည်းနည်းလေးကိုပဲ သူကခွင့်မလွှတ်နိုင်ဖြစ်နေခဲ့တာ...။ သူခံစားခဲ့ရတဲ့အတိုင်းအတာထက် အဆပေါင်းများစွာ ပြန်ယူချင်တာပါ...။
အငြိုးတွေ အာဃာတတွေနဲ့ပိတ်ဖုံးထားတဲ့ ကိုကို့ရဲ့နှလုံးသားက ကြင်နာမှုတွေတောင်ပျောက်ဆုံးနေခဲ့သလို...အေးစက်စက်ဖြစ်နေလေ၏။
အဲ့ဒီနှလုံးသားကို ဘယ်အရာကများ အရင်အတိုင်း နွေးထွေးစွာရှင်သန်စေနိုင်မည်နည်း...။
~~~~~💞💞💞💞~~~~~
""မေသဲရေ...""
""ဟယ်! အမလေးလေး! ရွှန်းရယ် နင်ပေါ်လာသေးတယ်နော်...ငါ့ကိုအလုပ်တွေတစ်ပုံကြီးနဲ့ပစ်သွားရက်တယ်""
အပြစ်တင်သံကိုကြားရမယ်မှန်း ရွှန်းကြိုသိပြီးသားပါ။အကောင်းအတိုင်းအလုပ်အတူတွဲလုပ်နေရင်း ရုတ်တရက်ပဲရွှန်းသူ့ကိုပစ်ထားခဲ့သလိုဖြစ်သွားခဲ့တာမဟုတ်လား...။partyညကကိုကိုနဲ့အတူထွက်သွားပြီးတဲ့နောက်...ရွှန်းဘယ်သူ့ကိုမှအဆက်အသွယ်မလုပ်သလို...အိမ်ထဲကအိမ်ပြင်တောင် ကိုကိုမပါဘဲမထွက်ခဲ့ဘူးလေ...
""အင်း...ငါတောင်းပန်ပါတယ်
နင်အဆင်ပြေရဲ့လား""
""ဟင်း! အခုမှမေးဖော်ရ...အယ်!
ရွှန်း...နင်ငါ့ကိုစကားအများကြီးပြောနေတာပဲ
အရင်ကဆို 'အင်း''ဟုတ်ကဲ့'ပဲပြောတတ်တော့တာ...
နင်အရင်လိုစကားပြန်ပြောနိုင်ပြီလား"""
""အင်း...""
""ဒါနဲ့အဲ့ညကဘယ်လိုတွေဖြစ်တာလဲ...ငါလေအဲ့တုန်းကဆိုင်မှာအလုပ်များနေလို့မလိုက်ဖြစ်ခဲ့တာ ပွဲကြီးပွဲကောင်းလွတ်သွားတယ်...နင့်အိမ်သွားတော့လည်း နင့်မိဘတွေကစိတ်ဆိုးနေကြတဲ့ပုံပဲ...သိပ်ကြည်ပုံမပေါ်လို့ငါလည်းပြန်လစ်ခဲ့တာ...မိန်းမ နင်ကတော့ပျော်နေမှာပေါ့""
""အင်းပေါ့...ဒါပေမယ့်မေမေတို့ကငါ့ကိုစိတ်ဆိုးနေတုန်းပဲဆို ငါဘယ်လိုလုပ်ရမလဲ""
""ကြာတော့လည်းစိတ်ပြေသွားမှာပါဟယ်...ဘာမှအားမငယ်နဲ့...နင်ရောအဆင်ပြေတယ်မလား""
""အင်း...ပြေပါတယ်...""
""စကားပြောလို့ပြီးရင်ပြန်ရအောင်""
ရုတ်တရက်ပဲ အနောက်ကကိုကို့အသံကိုကြားလိုက်ရတာမို့ ရွှန်းအံ့အားစွာလှည့်လိုက်မိတော့...တကယ်ပဲကိုကိုရောက်လာတာဖြစ်နေ၏။
""ရွှန်း ဒီမှာရှိတာ...ကိုကိုဘယ်လိုသိ""
""ကိုယ်သိချင်ရင် သိတာပေါ့...""
""အော်...ခဏလေး...ရွှန်းသူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်လေ...""
""မေသဲ ဟုတ်တယ်မလား...ကျွန်တော့်နာမည် စေညွှန်း...သူနဲ့ဘယ်လိုပတ်သက်လဲတော့သိမယ်ထင်ပါတယ်...
လာ...သွားမယ်""
မိတ်ဆက်စကားကိုခပ်ပြတ်ပြတ်လေသံဖြင့် တုံးတိကြီးပြောချကာ...ရွှန်းလက်ကိုဆွဲ၍ထွက်လာသောကိုကို့ကြောင့် သူငယ်ချင်းကို အားနာမိပေမယ့် လှည့်ကြည့်ချိန်ပင်မရလိုက်...။ခက်တော့တာပါပဲနော်...အရာရာသူ့စိတ်ချည်းပဲ...။
ကားပေါ်ရောက်တော့လည်း...မျက်နှာတည်တည်ကြီးဖြင့် ဘာစကားမှမပြောပဲနေပြန်သည်။ ဘာကိုအလိုမကျပြန်ပါလိမ့်....
ရွှန်း မျက်မှောင်လေးကျုံ့ရင်းစဥ်းစားနေစဥ်...
""စဥ်းစားမနေနဲ့...မင်းဘာအပြစ်လုပ်ထားလဲမသိဘူးလား""
""အမ်! မသိပါဘူး""
""မင်းဘာလို့အပြင်မှာတစ်ယောက်တည်းလျှောက်သွားနေတာလဲ...တစ်နေရာရာသွားရင်ငါ့ကိုပြောပါလား...ပြီးတော့အိမ်မှာ မင်းအတွက်ကားတစ်စီးပေးထားတာကို...ဘာကိစ္စTaxiနဲ့သွားတာလဲ""
""ဟင်!တန်းစီပြောသွားတာ...တော်တော်ကြီးမားတဲ့အပြစ်တွေပဲ""
""ဘာကွ!""
""အဲ!! နောက်မလုပ်တော့ဘူးလို့ပြောတာပါကိုကိုရဲ့...""
နှစ်ဦးသားကြား ခေတ္တမျှတိတ်ဆိတ်သွားရ၏။ အချိန်ကလည်းမှောင်ရီပျိုးနေပြီမို့ လမ်းမီးတိုင်းလေးတွေပင် လင်းလာချေပြီ။ မေသဲကအလုပ်များသူမို့ ညနေပိုင်းသွားမှသာသူနဲ့တွေ့နိုင်မှာလေ...ဒါကြောင့်ခဏလေးဆိုပြီးထွက်လာခဲ့တာ...အခုတော့ ကိုကိုနဲ့တန်းတိုးရတဲ့အဖြစ်...။ဒါပေမယ့် ဒီအထိတောင်လာခေါ်ပေးတယ်ဆိုတော့ ကိုကိုစိတ်ကြည်နေလို့ပဲဖြစ်မှာပါ...။ဒါဆို...ဟိုကိစ္စလေးမေးကြည့်ရင်ကောင်းမလား...
""ကိုကို...ညီမလေးလေ...ဟိုကိစ္စသိပြီးပြီ""
""ဘယ်ကိစ္စလဲ""
""ကိုကိုနဲ့ မင်းပိုင်စေတို့မိသားစုဘယ်လိုပတ်သက်နေတယ်ဆိုတဲ့အကြောင်း""
""အဲ့ဒါဘာဖြစ်လဲ""
""ကိုကိုဘာလို့ ညီမလေးကိုတခါမှပြောမပြတာလဲ...ဟိုးအရင်ကရော...အခုရော""
""လိုမှမလိုတာ...မင်းသိတော့ရောဘာထူးလဲ အခု""
""ကိုကိုရယ်...ညီမလေးကတော့လေ...ကိုကိုနဲ့သူတို့ကိုအဆင်ပြေစေချင်တယ်...ဘယ်လိုပဲဖြစ်ဖြစ်...သွေးသားအရင်းတွေပဲလေ...ကိုကို့ဘက်ကအဆင်ပြေအောင်...""
""ကျွီးးး!""
ပြောနေတဲ့စကားမှမဆုံးသေး...ကိုကိုက ကားဘရိတ်ကိုအရှိန်ဖြင့်ဆောင့်နင်းလိုက်တာမို့...ရွှန်းလည်းလန့်ဖျပ်ကာ အရှေ့သို့ယိုင်သွားမိပေမယ့် ခါးပတ်ပတ်ထားတာကြောင့်ခေါင်းတော့မဆောင့်မိ...။ကိုကိုကလေ...လုပ်လိုက်ရင်အမြဲအဲ့အတိုင်းပဲ...သူများကအကောင်းပြောတာကို....။
""ဆင်း...""
""ရှင်!""
""မင်းကငါ့အနားနေပြီး...သူများဘက်ကလိုက်ပြောနေတာ..မင်းကသူတို့ဘက်ကလား...သွေးသားလို့ပြောရအောင် သူတို့ဘက်ကငါ့ကိုအဲ့လိုသဘောထားခဲ့လား...တော်တော့ကွာ...ငါဆက်မပြောချင်ဘူး...ကားပေါ်ကဆင်း...""
''"ကိုကို...""
""ဆင်းတော့လို့...ပြောနေတယ်""
ဒီတကြိမ်မှာတော့ ရွှန်းဘာမှပြန်မပြောဖြစ်ဘဲ ကားပေါ်မှဆင်းလိုက်တော့သည်။ ဆင်းပြီးတာနဲ့...ကားလေးကလည်း အရှိန်ဖြင့်မောင်းထွက်သွားလေ၏။
ထိုကားလေးမောင်းထွက်သွားတာကို ငေးကြည့်ရင်း...အလိုက်မသိစွာစီးကျလာသည့်မျက်ရည်တို့ကိုပင် မသုတ်ဖြစ်ဘဲ...ခြေစုံရပ်နေမိတာက 'ချစ်ရည်ရွှန်း'ဆိုတဲ့သက်ရှိအရုပ်ကလေးပါပဲ...။...။
~~~~~💞💞💞💞~~~~~
Part-17 Coming Soon!
ဒီficလေးကနောက်ထပ်နှစ်ပိုင်းဆိုပြီးတော့မှာပါရှင့်...
မကြာခင်မှာအသစ်လေးနဲ့ဆုံတွေ့ကြပါမယ်နော်😘
Readers/writersလေးတွေအားလုံးကVIPပါ...
အားလုံးကိုချစ်တယ်နော်😘