book

Index 15

Part-( 15 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

""အား! ခေါင်းကိုက်လိုက်တာ...""

မနေ့ညက စိတ်ထင်တိုင်းလျှောက်လုပ်ခဲ့တာ...အခုတော့ ခေါင်းတွေတဆစ်ဆစ်ကိုက်နေရပြီ...။ မသိဘူး...ကိုယ်လုပ်ချင်တာလုပ်ရတော့လည်း ပျော်သား...။ဒါနဲ့ မနေ့ကကိစ္စ ကိုကိုစိတ်များဆိုးနေမလား...

ရွှန်း အိပ်ယာပေါ်မှမဆင်းသေးဘဲ အတွေးတွေများနေမိစဥ်..

""ဒေါက်...ဒေါက်!""

""ဝင်ခဲ့ပါ""

""မမလေး...နိုးနေပြီကိုးး
မဟုတ်ရင် ကြီးမှုံကနှိုးပေးမလို့ပဲ...၁၀နာရီတောင်ရှိနေပြီဆိုတော့လေ...""

"".....""

""ဒါက မမလေးအတွက်သံပုရာရည်""

""ဟုတ်...ကျေးဇူးပါ
ဒါနဲ့ မနေ့ကလေ...ကိုကို ရွှန်းကိုစိတ်ဆိုးနေတဲ့ပုံပေါက်နေလားဟင်""

""မဟုတ်တာ မမလေးရဲ့ ...
သခင်လေးက မမလေးအပေါ်စိတ်ရှည်ပါတယ်
စိတ်ဆိုးနေပုံလည်းမရပါဘူး""

""တကယ်ဟုတ်လို့လား""

မယုံသင်္ကာပုံစံလေးဖြင့် ရွှန်း ပြန်မေးမိတော့ ကြီးမှုံက ပြုံးပြကာ...

""အဟုတ်ပါ...မမလေးရဲ့
စိတ်မဆိုးလို့ပဲ အခုတောင် သံပုရာရည်လာပို့ခိုင်းတာပေါ့
ပြီးတော့ ခုနမနက်စာစားတုန်းကလည်း မျက်နှာကကြည်ကြည်လင်လင်ပါပဲ""

""ဟင်! ကိုကိုက အိမ်မှာရှိနေတာလား?""

""ဟုတ်...ရှိပါတယ် မမလေး""

စကားဆုံးတာနဲ့ ရွှန်း ချက်ချင်းပဲအိပ်ယာပေါ်ကဆင်းကာ ရေချိုးခန်းထဲပြေးဝင်ပြီး တကိုယ်ရည်သန့်ရှင်းရေးကိုအမြန်လုပ်ကာ အဝတ်အစားလဲပြီးမှ အောက်ထပ်သို့ပြေးဆင်းလာခဲ့၏။ တကယ်ပဲ...အောက်ထပ်ကဧည့်ခန်းထဲမှာ ကိုကိုရှိနေပါသည်။ ဘုရားရေ! ဒီနေ့ကဘာနေ့ပါလိမ့်...အရင်ရက်တွေကဆို အိမ်မှာရှိဖို့နေနေသာသာ ဖုန်းတောင်မှမဆက်ပါဘဲ...မနေ့က သူမကြိုက်လောက်သည့်အပြစ်ကိုလုပ်မိထားလို့ မျက်နှာချင်းဆိုင်ရခက်မည်ဆိုကာမှ အိမ်မှာ ငုတ်တုတ်ရောက်နေတာက ဘာသဘောပါလဲ...။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ...ကိုကို့ကို 'ရွှန်း'မျက်စိရှေ့မှာတွေ့ခွင့်ရတဲ့ ဒီမနက်ခင်းလေးက အရမ်းကိုပဲ ပြည့်စုံသွားပါပြီ...

'ချောလိုက်တာ...ကိုကိုကအရမ်းချောတာပဲ'

ရွှန်း တစ်ယောက်ထဲ နံရံအကွယ်လေးမှာရပ်ကာ ကိုကို့မျက်နှာလေးကို အားမနာစတမ်းငေးကြည့်နေမိပါသည်။
ဒီအနေအထားလေးက လွန်ခဲ့နှစ်များဆီမှာ ရှိခဲ့ဖူးသောအတိတ်ပုံရိပ်လေးကိုတောင် သတိရစေပါရဲ့ ။ ကိုကို့ကိုစတွေ့တုန်းကလည်း ရွှန်း အခုလိုမျိုးပဲ ခိုးကြည့်ခဲ့ဖူးတာမဟုတ်လား...။

""အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ""

လှည့်မကြည့်သော်လည်း စကားသံကရောက်လာတာမို့ သူခိုးလူမိသွားသလိုပုံစံဖြင့် ရွှန်း ခန္ဓာကိုယ်လေးပါ ဆတ်ခနဲတုန်သွားမိသည်။ ရွှန်း ဒီမှာ ရပ်နေတာကို သူ ဘယ်ကတည်းကများသိလိုက်ပြန်တာပါလိမ့်...။ ရွှန်းကဖြင့် သူ့မျက်လုံးတွေက အရှေ့ကLaptopဆီပဲ အာရုံစိုက်နေတာမို့ မမြင်ဘူးထင်နေတာ...

""နေပါဦး! မင်းနဲ့ငါ မနေ့ကတောင်တွေ့ပါသေးတယ်...
ဘာလို့ငါ့ကို ဆယ်နှစ်လောက်မတွေ့ရတဲ့ပုံနဲ့စိုက်ကြည့်နေတာလဲ...""

""ဟမ်!""

""လာခဲ့...ဒီကို!""

""ဟုတ်!""

ရွှန်း ကိုကို့အနားလေးကို လျှောက်သွားလိုက်ပြီး ဘေးမှာဝင်ထိုင်လိုက်ချိန်အထိ ရွှန်းမှာ ခပ်လန့်လန့်ပါ..။.အခုချိန်မှာ ရာသီဥတုသာယာနေသော်ငြား ချက်ချင်းပင် အုံ့မှိုင်းကာ မုန်တိုင်းဖြစ်ချင်လည်းဖြစ်သွားနိုင်သည်လေ...။ အစိုးမရသောစိတ်မှာ ကောင်းတဲ့ဘက်ကခပ်နည်းနည်းရယ်...။

""ခေါင်းကိုက်နေသေးလား""

""အင်း!...သြော်...ဟင့်အင်း""

အခုပဲ ခေါင်းငြိမ့်ပြီး အခုပဲခေါင်းခါပြန်သည့် သူမကြောင့် ညွှန်း အလိုမကျသလို မျက်ခုံးတို့ကိုတွန့်ချိုးလိုက်ရင်း...

""မေးတာကောင်းကောင်းဖြေလေ...
ဘယ်လိုတွေဖြေနေတာလဲ?""

""ကောင်းပါတယ်...ခေါင်းမကိုက်တော့ဘူး""

""နောက်တခါ ဒီလိုလုပ်ရပ်ကိုခွင့်လွှတ်မယ်မထင်နဲ့နော်""

""ဒါဆို အခုတော့ခွင့်လွှတ်တယ်ပေါ့နော်""

""အင်း...
ဒါနဲ့ မင်းဗိုက်မဆာဘူးလား...
တစ်ခုခုသွားစားရအောင်လေ...လာ""

ကိုကိုက ပြောလည်းပြောလျက် ရွှန်းလက်ကိုဆွဲခေါ်လိုက်တာမို့ အမြန်ထရပ်ကာ သူ့အနောက်မှပါလာရ၏။ ကိုကို့ကိုကြည့်ရတာ အရင်နေ့တွေနဲ့မတူပါလား...။ မနေ့ကတောင်ရန်ဖြစ်ထားသေးတာ...အခုကျ ဘယ်လိုဖြစ်ပြီး တစ်ညတစ်မနက်ထဲနဲ့ ဒီလောက်ထိပြောင်းလဲသွားရပြန်တာပါလိမ့်...။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာကောင်းသောပြောင်းလဲခြင်းပဲမို့ အကြောင်းပြချက်တွေကိုလည်း ရွှန်းမသိချင်တော့ပါဘူးလေ...

အဲ့ဒီနေ့ကစလို့ ကိုကိုက အိမ်ကိုနေ့တိုင်းပြန်လာခဲ့ပြီး ရွှန်းနဲ့အတူ မနက်စာ ၊ ညစာလည်းအတူတူစားပြီး စကားလည်းကောင်းကောင်းပြောသည်။ မကြည်ဖြူသလို မကျေနပ်သလိုအကြည့်မျိုးတွေလည်း မတွေ့ရတော့ချေ။
တကယ်ဆို ဒီအနေအတိုင်းလေးမှာ ရွှန်း အလွန်ပင်ပျော်နေမိပါသည် ။ ဒါပေမယ့် ဒီပျော်ရွှင်မှုဟာလည်း ယာယီထက်မပိုခဲ့တာ ရွှန်းရဲ့ကံဆိုးမှုပဲလား....။

~~~~💞💞💞💞~~~~

""မမလေး...အောက်ထပ်မှာဧည့်သည်ရောက်နေပါတယ်""

""ဘယ်သူလဲဟင်...ကြီးမှုံ""

""သခင်လေးရဲ့အသိလို့ပြောပါတယ်...သခင်လေးမရှိဘူးလို့ပြောပေမယ့် သူက မမလေးကိုလည်းတွေ့ချင်တယ်လို့ပြောနေတယ်""

""အော်! ဟုတ်...လာပြီနော်""

ရွှန်း အပေါ်ထပ်မှာ TVကြည့်နေရင်းကနေ...ဧည့်သည်ရောက်လာသည်ဆိုတာကြောင့် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။ ဧည့်ခန်းမှာစောင့်နေသူက မိန်းကလေးတစ်ဦးဖြစ်ပြီး ရွှန်းကိုတွေ့လိုက်တော့ နေရာမှထရပ်ကာ ပြုံးပြလေ၏။ သူ့ပုံစံက ခေတ်ဆန်လွန်းသလို မျက်လုံးအကြည့်တွေကလည်းစူးရဲလှသည်။ ပေါင်လယ်လောက်သာရှိသည့် အနီရောင်ကိုယ်ကျပ်အင်္ကျီလေးကိုဝတ်ထားတာမို့ ဖွေးနုသောအသားအရည်က ထင်းနေပြီး မျက်နှာလေးကလည်းချစ်စဖွယ်ရှိပါ၏။ သူက...ကိုကို့အသိတဲ့လား...

""Hi...တို့နာမည်က Suzyပါ...
Youက ချစ်ရည်ရွှန်းပေါ့""

အယ်! ဒီအိမ်လာရင် ဒီလူနဲ့တွေ့မယ်ဆိုတာသိရဲ့သားနဲ့ လာမေးနေသည့်ပုံစံက စိတ်မရှည်ချင်စရာပင်။

""ဟုတ်ပါတယ်...ဒါနဲ့...""

""ညွှန်းက ဘယ်တော့ပြန်လာမှာလဲ?""

""ခဏနေရင် လာမှာပါ""

ရွှန်း ဒေါသဖြစ်လာရပါပြီ။ သူက ရွှန်းကို စကားမပြောချင်သည့်ပုံစံဖြင့် ရွှန်းပြောမယ့်စကားကိုတောင်ဖြတ်ပြောပြီး ကိုကို့ကိုပဲ မေးနေတာလေ။ တကယ်ပဲ...သူနဲ့ကိုကိုကဘယ်လိုများပတ်သက်နေတာလဲ...

ပြောရင်းဆိုရင်းမှ ခြံထဲသို့ ကားတစ်စီးဝင်လာသံကြားရလေ၏။ ခဏနေ အိမ်ထဲသို့ ကိုကိုဝင်လာတာနဲ့ ထိုမိန်းကလေးက အပြေးအလွှားထသွားကာ...

""ညွှန်း...""

ပျစ်ချွဲလှသည့်ခေါ်သံနှင့်အတူ ထိုမိန်းကလေးက ကိုကို့ရင်ခွင်ထဲသို့တိုးဝင်ကာ ဖက်ထားလေ၏။ ပြီးတော့ ဖျတ်ခနဲဆို ကိုကို့ပါးပြင်ထက် ဖွဖွနမ်းရှိုက်လိုက်သေးသည်။ ရွှန်း ထိုမြင်ကွင်းကို လှမ်းကြည့်ရင်း မျက်လုံးတွေတောင်ပြူးကျယ်သွားမိပါရဲ့....။ ဘယ်လိုတောင်ရဲတင်းလိုက်တဲ့မိန်းကလေးပါလဲ...အိမ်ပေါ်အထိတက်လာပြီး လက်ထပ်ထားပြီးသား
ယောကျ်ားတစ်ယောက်အပေါ် သူမ ဤကဲ့သို့ပြုမူသတဲ့!!
ပြီးတော့ အဲ့ဒါကလည်း သူလက်ထပ်ထားတဲ့မိန်းကလေးရဲ့ရှေ့မှာ...

""Suzy..နင်ဘယ်တုန်းကဒီရောက်နေတာလဲ
ငါ့ကိုတောင်မပြောဘူး""

ဒါပဲလား! ခုနကအဲ့ဒီ့မိန်းကလေးပြုမူလိုက်တဲ့အပြုအမူက ကိုကို့အတွက် ဘာမှဆန်းမနေသလိုပါလေ။
မငြင်းဘူးလား ကိုကို...ဒီလိုအပြုအမူမျိုးအတွက် ရွှန်းဆီအားတုံ့အားနာဟန်အကြည့်လေးတစ်ချက်တောင်ရောက်မလာတာကရော လွန်တယ်မထင်မိဘူးလား...
ဒီနေရာမှာ ညီမလေးရှိနေတယ်ဆိုတာကိုတောင်
သတိမှရပါလေစ ကိုကိုရယ်...

မျက်ဝန်းထဲရစ်ဝိုင်းလာသည့်မျက်ရည်စတို့ကို မျက်တောင်ဖြင့်ပုတ်ခတ်သိမ်းဆည်းကာ မျက်နှာကိုလည်းဆန့်ကျင်ဘက်သို့လှည့်ထားလိုက်မိပေမယ့် စကားသံတွေကိုတော့ကြားနေရဆဲ...

""ရှင့်ကို surpriseဖြစ်စေချင်လို့ တမင်ကိုမပြောတာ""

""ဘယ်နေ့ကရောက်တာလဲ""

""ဒီနေ့ပဲ...
ဒါနဲ့နေပါဦး အလုပ်ကိစ္စဆိုပြီးခဏလေးပြန်သွားလိုက်တာ
ဘယ့်နှယ်ကြောင့် ကောက်ကာငင်ကာလက်ထပ်လိုက်တာတုန်း...""

""အင်း....အခြေအနေအရအဲ့လိုပဲဖြစ်သွားတယ်""

""Suzyနဲ့ရင်းနှီးအောင်မိတ်ဆက်ပေးဦးလေ""

""ထားလိုက်ပါ...အရေးမကြီးပါဘူး...နောက်မှပေါ့""

""ကဲ...ဒါဆိုလည်း ကျမကိုပြန်လိုက်ပို့...
ကားမပါခဲ့ဘူး""

ညွှန်း သူ့ထံအတင်းတွယ်ကပ်တောင်းဆိုနေတဲ့မိန်းကလေးကြောင့် စိတ်အိုက်လာရပြီး...ဟိုကောင်မလေးထံလှမ်းကြည့်တော့...သူမကဖြင့်ဒီဘက်ကိုစိတ်ဝင်တစားတောင်ကြည့်မနေပါချေ...။မျက်နှာလွှဲကာ ကျောခိုင်းထားတာကဘာသဘောလဲ...လျစ်လျူရှုတာပဲမဟုတ်လား...။ ညွှန်းလည်းသူမထံမှအကြည့်ကိုပြန်လွှဲကာ...

""Ok! ခဏစောင့်
အလုပ်ကိစ္စတစ်ခု ဖုန်းဆက်စရာလေးသတိရလို့""

ပြောပြီး ကိုကိုကဖုန်းပြောရန်ထွက်သွားလေ၏။ဒီတော့မှ ထိုမိန်းကလေးရဲ့ချိုမြနေသည့်မျက်နှာက မဲ့ပြုံးတစ်ခုသို့ချက်ချင်းပြောင်းလဲသွားလေ၏။ရွှန်းလည်း ကိုယ့်အခန်းကိုယ်ပြန်ရန်လှည့်အထွက်မှာ...သူက ရွှန်းအရှေ့၌ပိတ်ရပ်လျက်...

""တော်သေးတာပေါ့...အစကတော့စိုးရိမ်မိခဲ့သေးတယ်...""

""ဘာကိုပြောချင်တာလဲ Suzy""

""ညွှန်းက နင့်ကိုလက်စားချေဖို့လက်ထပ်ထားတယ်ဆိုတာသေချာသွားလို့လေ။ ငါအရင်ကတည်းက နင့်အကြောင်းတွေကိုသိပြီးသား...သူကငါ့ကိုအကုန်ပြောပြတယ်...သူ့ဘဝရဲ့နာကျည်းခဲ့ရတဲ့အတိတ်တွေကိုပေါ့...နင်အပါအဝင်...နင်တို့အသိုင်းအဝိုင်းကလူတွေ သူ့ကိုဘယ်လိုဆက်ဆံခဲ့ကြလဲဆိုတာ ငါအကုန်သိတယ်...သူကနင်တို့အားလုံးကိုအရမ်းစိတ်နာနေခဲ့တာ...ဒါပေမယ့် သူရုတ်တရက်ကြီး နင့်ကိုလက်ထပ်ခဲ့တော့ ငါအံ့သြခဲ့မိသေးတယ်...နောက်တော့သူပြောတာက နင့်ကိုမကျေနပ်လို့ တမင်နှိပ်စက်ချင်လို့လက်ထပ်တာ...!
အချိန်တန်ရင် ကွာရှင်းမှာတဲ့! အစကတော့ ငါလည်းမယုံဘူး...အခုတော့သူနင့်အပေါ်ဆက်ဆံတဲ့ပုံစံကိုကြည့်ပြီး ငါစိတ်ချသွားသလိုပဲ""

သူမပြောပြတဲ့စကားတွေကို နားထောင်နေတဲ့မိန်းကလေးရဲ့မျက်ဝန်းတွေမှာ ကြေကွဲရိပ်တို့အထင်းသားပေါ်လာတာမို့..Suzyနှုတ်ခမ်းလှလှလေးတွေမှာ ကျေနပ်ပြုံးတို့ထင်ဟပ်လာလေ၏။ ဟုတ်တယ်...Suzyနှလုံးသားကိုနာကျင်စေခဲ့တဲ့ဒီမိန်းကလေးကို အနည်းငယ်လောက်ဖြစ်ဖြစ်နာကျင်စေရမှ Suzyကျေနပ်နိုင်မည်။

Suzyရဲ့ဘဝမှာ 'စေညွှန်း'ဆိုသော ယောကျ်ားတစ်ယောက်ကိုသာချစ်ခဲ့ဖူးပေမယ့်...အဲ့ဒီယောကျ်ားရဲ့နှလုံးသားတစ်စုံဟာ သူမအတွက်မဟုတ်လေခဲ့။ အစကတည်းက ပိုင်ရှင်ရှိနေတဲ့နှလုံးသားကိုမှ တပ်မက်ခဲ့မိတဲ့ခံစားချက်က ခါးသက်လွန်းလှ၏။ အရင်ကတော့ သူတနေ့ အဲ့ဒီ့မိန်းကလေးကိုမေ့နိုင်ခဲ့ရင်ဆိုတဲ့ မရေမရာမျှော်လင့်ချက်လေးတစ်ခုထားမိပေမယ့်..အခုတော့ ဘာဖြစ်ခဲ့သလဲ...သူက ထိုမိန်းကလေးကိုလက်ထပ်လိုက်ပြီလေ...။ ဒါကြောင့်ပဲ Suzyအမြဲတမ်း ဒီမိန်းကလေးအပေါ် မကျေနပ်ဖြစ်နေမိကာ...အခွင့်ကြုံခိုက် ထိုးနှက်သောစကားတွေပြောဖြစ်ခြင်းပင်...။
ပြီးတော့ ပြောလိုက်တဲ့စကားတွေမှာ အမှန်တရားတွေပါဝင်သလို...တစ်ချို့တဝက်ကတော့...

""ရပြီ...သွားရအောင်လေ Suzy""



""အင်း...သွားမယ်လေ""

နှစ်ယောက်သားအတူထွက်သွားကြတဲ့မြင်ကွင်းကိုကြည့်ရင်း ရွှန်း မြင်ကွင်းတို့ဝေဝါးသွားရ၏။ Suzyပြောခဲ့သောစကားများက နားထဲပဲ့တင်ထပ်နေသလို...တစ်ဆက်တည်းမှာကိုကိုပြောခဲ့တဲ့စကားကိုလည်းကြားယောင်ပြန်သည်။

'အရေးမကြီးဘူးတဲ့လား'
ရွှန်းက အဲ့ဒီ့မိန်းကလေးနဲ့မိတ်ဆက်စကားပြောဖို့တောင် မတန်တာလား ကိုကို...။

~~~~💞💞💞💞~~~~

ညွှန်း အိမ်ပြန်ရောက်တော့ သူမကိုမတွေ့...အခန်းထဲမှာရှိတယ်လို့ကြီးမှုံပြောပေမယ့် ညစာစားချိန်လည်းထွက်မလာ...သွားခေါ်တော့လည်း မစားဘူးတဲ့! ညနေကကိစ္စကြောင့်စိတ်ဆိုးနေလား မေးတော့လည်းမဖြေ။ တကယ်တော့ သူမစိတ်မဆိုးဘဲ မနေဘူးဆိုတာ ညွှန်းသိပါသည်။ ပြီးတော့ အဲ့လိုစိတ်ဆိုးနေတာကိုလည်း သူ့ထံအသိပေးစေလိုပေမယ့် သူမကဖြင့် မတုန်မလှုပ်စိတ်မဝင်စားသလိုနှင့်တိတ်ဆိတ်လွန်းပြနေသည်။ ပုံမှန်မိန်းကလေးတို့ထုံးစံအရဆို အဲ့ဒီမိန်းကလေးနဲ့ဘယ်လိုပတ်သက်လဲ ဘာလဲ ညာလဲမေးသင့်တာမဟုတ်ဘူးလား...။ညွှန်း ဘက်ကတော့သူမကိုပြောပြမှာဖြစ်ပေမယ့် အနည်းဆုံး သူမဘက်ကစိတ်ဝင်တစားမေးလာတာမျိုးလေး ရှိစေချင်တာ လွန်သလား...

ကဲ!ထားပါတော့လေ...ကိုယ်ကလူကြီးဆိုတော့ ကလေးနဲ့လိုက်ပြိုင်နေလို့မကောင်းပါဘူး...

""ကြီးမှုံ...ဟိုတစ်ယောက်ကိုပြောလိုက်
ခဏနေကျရင် ကျွန်တော့်အခန်းကိုကော်ဖီတစ်ခွက်လာပို့ပါလို့""

""ဟုတ်ကဲ့ သခင်လေး""

~~~~~~~

""ဒေါက်...ဒေါက်""

တံခါးခေါက်သံနှစ်ချက်ပေးပြီးနောက်...အခန်းထဲသို့ကော်ဖီခွက်လေးကိုင်ကာ ရောက်လာသည့်သူမ...
သူ့ကိုဖြင့်တစ်ချက်တောင်မကြည့် မျက်လွှာချခေါင်းငုံ့ထားကာ ကော်ဖီခွက်ကိုစားပွဲပေါ်တင်ပြီးတာနဲ့ လှည့်ထွက်ရန်ပြင်နေတာမို့...

""ရွှန်း...ခဏနေဦး""

'နေဦး'ဆိုတော့လည်း သူမကခြေလှမ်းကိုတုံ့ခနဲရပ်လိုက်လေ၏။သို့ပေမယ့် မျက်နှာကတော့သူ့ဘက်လှည့်မလာပါချေ။

""ညနေကလာတဲ့တစ်ယောက်က ကိုယ့်သူငယ်ချင်းပါ
ကိုယ့်daddyမိတ်ဆွေရဲ့သမီးလေ...companyမှာလုပ်ငန်းရှယ်ယာလည်းပါပြီး..ကိုယ်နိုင်ငံခြားမှာနေတုန်းကအများကြီးကူညီပေးခဲ့လို့ ရင်းနှီးနေတာ""

""ဘာလို့ ဒါတွေပြောပြနေတာလဲ
ရွှန်း မမေးပါဘူး...သိဖို့လည်းမလိုဘူး""

အေးစက်စက်ဖြင့်ဆိုလာသည့်စကားသံကြောင့် ညွှန်း အလိုမကျဖြစ်သွားရသည်။ကိုယ်ကတော့ သူမအထင်မလွဲအောင်ရှင်းပြနေတာကို...သူမက သိဖို့မလိုဘူးတဲ့လား...

""ဒါပဲမလား...ရွှန်းသွားတော့မယ်""

ပြောလျက်အခန်းပြင်သို့ပြန်ထွက်ရန် ပြင်လိုက်သည့်သူမကို ညွှန်း လွှတ်မပေးချင်တော့တာကြောင့် လက်လေးတစ်ဖက်အား အရှိန်ဖြင့်လှမ်းဆွဲလိုက်တော့ သူမကိုယ်လေးက ညွှန်းရဲ့ရင်ခွင်ဆီသို့အလိုက်သင့်ပြိုဆင်းလာလေ၏။ ရုတ်တရက်အပြုအမူကြောင့် သူမလည်းမျက်လုံးလေးဝိုင်းလျက်အလန့်တကြားဖြစ်သွားသည့်ပုံပင်...

""ဘယ်သွားမှာလဲ""

""ဟို...ဟို...ရွှန်းအခန်းကိုပြန်မလို့လေ""

""ဒီမှာ...မင်းနဲ့ကိုယ်က လက်ထပ်ထားတယ်ဆိုတာသတိမှရသေးရဲ့လား...ဘယ်အချိန်ထိအဲ့အခန်းမှာနေမလို့လဲ""

""မသိဘူး...ရွှန်းကိုလွှတ်ပါ""

""မလွှတ်ချင်တော့ဘူး...မင်းကငါ့စိတ်ကိုလာဆွနေတာကိုး
စိတ်ဆိုးရင်လည်းဆိုးတယ်မပြောဘူး...စိတ်ဝင်တစားမေးတောင်မမေးဘူး အဲ့ဒါကောင်းသလား""

ဘာမှကိုပြန်မပြောဘဲ သူ့ရင်ခွင်ထဲမှ အတင်းရုန်းထွက်ဖို့ပဲကြိုးစားနေတာကြောင့် ညွှန်းစိတ်မရှည်ဖြစ်လာရကာ...

""မရုန်းနဲ့...မင်းဒီည ဒီအခန်းထဲကလုံးဝမထွက်ရဘူး""

""ကိုကို...""

သူ့ကိုလုံးဝမကြည့်ဘဲရှောင်လွှဲနေခဲ့သောမျက်ဝန်းတစ်စုံက အခုမှ အလန့်တကြားပုံစံလေးဖြင့်မော့ကြည့်လာလေ၏။
ဒီတော့မှပဲ ညွှန်း အံ့သြဖွယ်တွေ့လိုက်ရတာက...

""မင်း...မင်းငိုထားတယ်""

""......""

""ဘာလို့လဲကွာ...
ဒီနေ့ကိစ္စက မင်းဒီလောက်ထိဖြစ်ရလောက်အောင်အရေးပါလို့လား...
ဒီမှာ...ကိုကို့ကိုကြည့် ကိုယ်အဲ့ဒီကိစ္စကိုချက်ချင်းမရှင်းပြတာက...ကိုယ့်အတွက်အရေးမပါလို့ပဲ...ကိုယ်သူနဲ့နည်းနည်းရင်းနှီးတာမှန်တယ်...ဒါပေမယ့်ဘာမှမပတ်သက်ဘူး...
ကိုယ်ဒီတစ်သက်လုံးမှာ မင်းတစ်ယောက်ကိုပဲချစ်တယ်ဆိုတာ...မင်းသိပါတယ် ညီမလေး""

စိတ်ထဲမပါတဲ့ စကားမှန်းသိနေပေမယ့် နားထောင်လို့တော့ကောင်းသားပဲ ကိုကို...။ ကိုကို ဒီလိုပဲ ရွှန်းအပေါ် နူးညံ့လိုက်...ကြမ်းတမ်းလိုက်နဲ့မှန်းမရတဲ့အကွက်တွေရွှေ့ကစားနေတာ ပျော်ရဲ့လား...။ ဒါတွေကိုသိလို့...ဘယ်လောက်ပဲ စိတ်ကိုတင်းထားပါစေ...ဒီလိုစကားလေးတစ်ခွန်းအောက်မှာပျော့ညံ့သွားချင်နေတဲ့ ရွှန်းရဲ့နှလုံးသားကိုလည်း ရွှန်းကိုယ်တိုင်မုန်းနေမိပါပြီ...

""သိရဲ့လားလို့...ကိုကိုမေးနေတယ်လေ""

ရွှန်းထံသို့ ငုံကြည့်လျက်မေးလာတဲ့ မျက်ဝန်းအကြည့်တို့က.. မသောက်ထားပါဘဲနှင့် ရီဝေဝေဖြစ်နေလေ၏။ပြီးတော့ သူ့နှုတ်ခမ်းအစုံတို့က ရွှန်းရဲ့မျက်နှာဆီသို့ ဦးတည်လာချိန်တွင် ရွှန်း မျက်လုံးအစုံတို့ကိုမှိတ်ချလိုက်တော့၏။

ရင်ထဲမှာလည်းဝမ်းနည်းသွားရပါသည်။ကိုကိုက တကယ်ပဲ ရွှန်းကို အရုပ်ကလေးတစ်ရုပ်လိုသဘောထားနေသည်ပဲ...။ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို အခုချိန်မှာပြောခဲ့တာ...ဒီလိုမျိုးအသုံးချဖို့အတွက်လား...။ ရပါတယ်...ကိုကို...ကျမကရှင့်ရဲ့ အသုံးချခံအရုပ်ကလေးဖြစ်ပေးမယ်လို့ ပြောခဲ့ဖူးသားပဲ...
အရာရာမှာ...'ရှင်'နိုင်ပါတယ်...။

ရင်ထဲဝမ်းနည်းစိတ်တို့ပြည့်နှက်နေခဲ့သော်လည်း...လက်တွေ့မှာတော့ နူးညံ့မှုမရှိလှသည့်အနမ်းများအောက်မှ ရုန်းထွက်ရန် အင်အားမဲ့စွာဖြင့်...။....။

~~~~~💞💞💞💞~~~~~
Part-16 Comig Soon!

(🙈🙈မျက်နှာပူလိုက်တာ...🙈🙈)

#WineSattCho


rate now: