book

Index 14

Part-( 14 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧


ကားလေးကို အချိန်ကြာမြင့်စွာ ဦးတည်ရာမဲ့မောင်းနှင်လာခဲ့ပါ၏။ ဘယ်ကိုသွားမယ်လို့ ရည်ရွယ်ချက်မရှိဘဲ ဒီအတိုင်းလျှောက်မောင်းနေခြင်းဖြစ်ပြီး ဘေးကိုကြည့်တော့လည်း သူမက စကားတစ်ခွန်းပြောဖို့နေနေသာသာ နှုတ်ဆိတ်ငြိမ်သက်နေတာများ အရုပ်တရုပ်နှယ်...။ လမ်းပေါ်မှာ အချိန်လည်းကြာလာပြီး ညလည်းနက်လာပြီမို့ ညွှန်း စိတ်ရှုပ်စွာ ဆံပင်တွေကိုလက်ဖြင့် ထိုးဖွလိုက်ပြီး ကားကို တစ်နေရာသို့ ဦးတည်လိုက်မိ၏။ သေချာတာတော့ ထိုနေရာကို သူမသဘောကျလောက်မှာမဟုတ်...။

""ဆင်းတော့""

'ဆင်း'ဆိုတော့လည်း ရွှန်း ခပ်မြန်မြန်ပဲ ကားပေါ်ကဆင်းလိုက်ပြီး ဘယ်နေရာမှန်းပင်သေချာမကြည့်မိ။ ကိုကို့အနောက်က လိုက်လျှောက်လာရင်း တဖြေးဖြေးနဲ့လူတွေအများကြီး စည်ကားနေတဲ့နေရာတစ်ခုသို့ရောက်သွားကာမှ ရွှန်း ပတ်ဝန်းကျင်ကို သေချာကြည့်မိတော့ ဒီနေရာက Clubပဲ...။ ကိုကိုက ဒီလိုနေရာတွေလည်း သွားတတ်တာလား...

""ထိုင်!""

'ကိုကို'က ထိုင်လို့ပြောသည့်နေရာမှာပဲ ရွှန်း ဝင်ထိုင်လိုက်ရင်း...အနီးကလူတွေကိုလည်းသေချာလိုက်ကြည့်နေမိသည်။အမှန်ဆို ဒီclubလိုနေရာမျိုးကို ရွှန်း dramaတွေထဲမှာပဲမြင်ဖူးပေမယ့် တစ်ခါမှတော့ကိုယ်တိုင်မရောက်ဖူး...။ ဒါကြောင့် ရွှန်းအတွက်တော့ ဆန်းသစ်တဲ့ပတ်ဝန်းကျင်တစ်ခုလိုဖြစ်နေလေ၏။ မီးရောင်တွေ တဖျတ်ဖျတ်လက်နေပြီး ထိုမီးရောင်တွေကြား musicသံတွေလွင့်ပျံနေခြင်းနဲ့အတူ လူတွေလည်း စုဝေးကခုန်နေကြတာကလည်း အတော်လေးမျက်စိနောက်စရာ...တစ်ချို့က Barဘက်မှာ အရက်သောက်နေကြပြီး ပုံမှန်စားပွဲဝိုင်းတွေမှာလည်းလူတွေကအပြည့်...။

'တော်တော့်ကိုမှ လူများတဲ့နေရာ...
စိတ်ညစ်စရာပဲ'

ရှုပ်ထွေးသောအတွေးတို့နဲ့အတူ ရွှန်း ခေါင်းလေးကိုသာ မကြာခဏယမ်းနေမိတော့သည်။

~~~~~~

ညွှန်း ခုနကတည်းက သူမကိုကြည့်နေတာ...အထဲမှာရှိသမျှနေရာတိုင်းကို ထောင့်စေ့အောင်လိုက်ကြည့်ပြီး တစ်နေရာကြည့် တစ်ခါ ခေါင်းယမ်းနေတဲ့ သူမ...ဒီနေရာကိုအတော်လေးအလိုမကျသည့်ပုံစံနဲ့...။ ညွှန်း သူမကိုကြည့်ကာ အကြံတစ်ခုရသွားပြီး...

""သွား!""

""ရှင်! ဘယ်ကို?""

""ဟိုမှာ သူများတွေ 'က'နေတာတွေ့လား?
မင်းလည်း အဲ့ဒီ့ကို ခဏခဏကြည့်နေတာ သွားချင်လို့မလား""

""မဟုတ်ပါဘူး...""

""မဟုတ်လို့မရဘူး...သွားဆိုသွား
အဲ့လူတွေကြားမှာ တစ်နာရီတိတိသွားရပ်နေ
၁နာရီမပြည့်မချင်းပြန်မလာနဲ့... သွား""

""ကိုကို!""

""ငါ့ကို ဘာမှပြန်မပြောနဲ့
ခုန မင်းပြောတဲ့စကားက ငါဘာခိုင်းခိုင်းလုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား...""

ကိုယ့်စကားနဲ့ကိုယ်မို့ ရွှန်းဘာမှထပ်မငြင်းတော့ပဲ သူသွားခိုင်းတဲ့နေရာကိုသာ ဦးတည်ထွက်လာခဲ့ရသည်။

စိတ်ညစ်လိုက်တာနော်!
လူတွေကလည်း အများကြီး ငါက ဒီအတိုင်းရပ်နေရမတဲ့...
ဟင့်! ဒါ လူကိုသက်သက်အနိုင်ကျင့်တာ...လူဆိုးကြီး...

အပြစ်တင်တွေးတွေစိတ်ထဲပလုံစီနေသော်လည်း လက်တွေ့မှာတော့ ရွှန်း ထိုလူအုပ်ကြားထဲရောက်နေခဲ့ရပြီ...။ကိုကိုရှိတဲ့နေရာဆီလှမ်းကြည့်တော့...အမလေး! သူကလှည့်ကြည့်ဖော်တောင်မရ...။ ရွှန်းလည်း အူကြောင်ကြောင်လေးနဲ့ပဲ ရပ်နေရင်း...ခဏကြာတော့ ကခုန်နေတဲ့ လူတွေကြားမှ ယောကျ်ားလေးတစ်ချို့က အနားသို့ကပ်ကပ်လာပြီး မထိတထိနဲ့ စနောက်သလိုလို ဘာလိုလို...ယိသဲ့သဲ့ဇာတ်လမ်းတွေ စလာတော့၏။

""ညီမလေး...ဘော်ဒါတွေမပါဘူးလား?
တစ်ယောက်ထဲဆို အကိုတို့ ဝိုင်းကိုလိုက်မလား?""

သီချင်းသံတွေကဆူညံနေသော်လည်း အနားနားသို့အတင်းကပ်ကာပြောနေတာကြောင့် ထိုလူ့အသံကို ရွှန်းအသေအချာကြားနေရပါသည်။ ပြီးတော့ အဲ့ဒီလူက အတော်လေးမူးနေသည့်ပုံစံပင်...။
ပြောရင်းနဲ့ ထိုလူက ရွှန်း လက်ကိုပါ အတင်းဆွဲလာတာမို့...ကြောက်အားလန့်အားနဲ့ရုန်းကန်နေမိကာ...

""ဟင့်အင်း! ကျမ လက်ကိုလွှတ်ပါ""

""ညီမလေးကလည်းကွာ!""

""လွှတ်နော်!...ကျမ...""

ရွှန်း စကားမှမဆုံးသေးခင် အနားသို့ ကိုကိုရောက်လာကာ...ရွှန်းလက်တစ်ဖက်ကိုလှမ်းဆွဲလိုက်ပြီး အရှေ့မှကာရပ်လိုက်လေ၏။ တစ်ဆက်တည်းမှာပဲ ထိုလူရဲ့ ရင်ဘတ်ကိုဆောင့်တွန်းလိုက်တာမို့ ထိုလူလည်း ဟန်ချက်ပျက်ကာ လဲကျသွားလေသည်။ ဒါကို မကျေနပ်သည့်ပုံစံဖြင့် ကုန်းရုန်းပြန်ထလာတာက ကိုကို့ကိုရန်ပြုမည့်နှယ်..။ရန်ပွဲဖြစ်တော့မလို... တင်းမာနေတဲ့အခြေအနေကြောင့် အနားကလူတွေကလည်း အလန့်တကြားနဲ့ရှောင်သူကရှောင်...လာဆွဲသူကဆွဲကြရင်း...

""အကို...အကို...sorryပါနော်
ကျွန်တော်တို့သူငယ်ချင်း မူးနေလို့ပါ""

""ဟေ့ကောင်! မင်း...""

""အာ! တော်စမ်းကွာ...
မူးမူးရူးရူးနဲ့သူများကိုအားနာစရာ""

ထိုသူ၏သူငယ်ချင်းဖြစ်ဟန်တူသော လူနှစ်ယောက်က သူတို့ကောင် သူတို့ပြန်ဆွဲခေါ်ရင်း...

""အနှောင့်အယှက်ဖြစ်သွားတဲ့ sorryပါအကို..
အေးဆေးနော်! ရတယ်မလား""

တစ်ဖက်က တောင်းပန်နေသော်လည်း ညွှန်းကတော့ စိတ်ကိုအလွယ်တကူမလျှော့နိုင်တာကြောင့် ရှေ့တစ်လှမ်းထပ်တိုးလိုက်တယ်ဆိုရင်ပဲ...သူ့နောက်ကျောမှာကပ်ကာ အသံတိတ်နေတဲ့သူမထံမှ စကားသံသဲ့သဲ့လေးထွက်လာလေ၏။

""ကိုကို...ရန်မဖြစ်ပါနဲ့နော်""

ထိုအသံလေးကြားမှ ညွှန်းစိတ်ကိုလျှော့ချလိုက်ကာ...သူမလက်ကိုဆွဲခေါ်လျက် နေရာမှာပြန်သွားထိုင်လိုက်ရသည်။တကယ်ဆို ဒီကိစ္စမှာ သူမှားမှန်း ညွှန်း ကိုယ်တိုင်လည်းသိပါသည်။ ဒါမျိုးတွေဖြစ်လာနိုင်တာသိလျက်နဲ့ သူမကို ဒီလိုမလုပ်ခိုင်းသင့်တာကို...။ ပြီးတော့ သူပြောတိုင်း သူမတကယ်သွားရပ်မယ်လို့လည်း မထင်ခဲ့...။ ဘာခိုင်းခိုင်းလုပ်မယ့်ပုံစံနဲ့ပြောခဲ့တဲ့စကားကို တည် မတည်စမ်းကြည့်ခဲ့ရုံပါ...
အခုတော့ကြည့်! ပြသာနာကဖြစ်ရပြန်ပြီ...ဟူးး!

စိတ်နောက်နောက်နဲ့ ညွှန်း အရက်ခွက်ကိုယူကာ သောက်ရန်ပြင်လိုက်တော့...သူမ မျက်နှာမှာအလန့်တကြား...

""ကိုကို...ကိုကို အရက်တွေသောက်မလို့လား
မသောက်နဲ့လေ...""

""မင်းအထင် ငါ ဒီလိုနေရာကိုလာပြီး
ဘာလုပ်သင့်တယ်တဲ့လဲ?""

""ရှင်!""

""ကိုကိုက အရက်သောက်တတ်တယ်လား""

""ဆိုပါတော့!""

""ရွှန်းတို့အိမ်ကို ကားမောင်းပြီးပြန်ရမှာလေ...
ကိုကို မူးသွားရင်...""

""ငါ မူးသွားရင် ကားကို မင်းမောင်းလေ...ရတာပဲ""

ပြောရင်းဆိုရင်း ကိုကိုက ခွက်ကိုကိုင်ကာမော့ချလိုက်လေ၏။ ရွှန်းလည်း နှုတ်ခမ်းလေးကို မဲ့တွန့်ကာ အနားမှာပဲဆက်ထိုင်နေရပေမယ့် ...စိတ်ကတော့တော်တော်ညစ်နေပြီ
ပြန်လည်းပြန်ချင်ပြီ...။

""📲📲📲""

ထိုစဥ် ကိုကို့ဆီသို့ ဖုန်းcallတစ်ခုဝင်လာတာကြောင့်...ဖုန်းပြောရန်အပြင်သို့ခဏထွက်သွားလေသည်။ မသွားခင်လည်းမှာခဲ့သေး...'ဒီနေရာကနေ လုံးဝမထနဲ့တဲ့!'

""အာ! ဖုန်းပြောတာကလည်းကြာလိုက်တာ!""

တကယ်ပဲ အတော်ကြာသည်အထိ ကိုကိုပြန်မလာသေးတာကြောင့် ရွှန်းလည်းတစ်ယောက်တည်း ညစ်လာရကာ...ဟိုကြည့် ဒီကြည့်ဖြင့် နောက်ဆုံး ကိုကိုသောက်လက်စ အရက်ခွက်ဆီ အကြည့်ရောက်သွားမိပြီး စမ်းသပ်လိုတဲ့စိတ်ကြောင့် လျှာလေးဖြင့်အနည်းငယ်တို့ကြည့်လိုက်မိ၏။

""အိုက်ယိုး! ခါးလိုက်တာ...""

ဒီလိုခါးသက်နေတဲ့အရည်တွေကိုများ ဘာလို့သောက်ကြတယ်မသိ။ နည်းနည်းပဲဝင်လို့ ခါးတာလား...ဒါဆို များများဝင်ရင်ရော...??

စူးစမ်းချင်စိတ်လေးနဲ့ပဲ ရွှန်း ခုနက ခွက်လေးကိုပြန်ယူကာ အကုန်လုံးကုန်တဲ့အထိမော့ချလိုက်တော့သည်။
ဘာမှလည်းမခံစားရဘူး...အရက်သောက်ရင်မူးရမှာလေ...
နည်းသေးလို့လား...ok!
ဘာမှမခံရစားရတာနဲ့ပဲ ပုလင်းထဲကနေပါ ထပ်ငှဲ့ပြီးသောက်လိုက်ပါ၏။ပြီးတော့ တစ်ခါထည့်ရင် အလှ နည်းနည်းလေးထည့်တာမဟုတ်ဘဲ...အပြည့်ထည့်ပြီးကို ကိုင်ပစ်ရင်း...တစ်ခွက် နှစ်ခွက်...သုံးခွက်မြောက်အရောက်မှာ လူကနည်းနည်း ထူအမ်းအမ်းဖြစ်လာသလိုခံစားလာရပေမယ့်လည်း ...မရပ်တန့်မိတော့...။ ဟုတ်တယ်...မူးသွားရင်လည်းကောင်းတာပဲ..
ဟိုရက်စက်တဲ့မျက်နှာကြီးကို ခဏဖြစ်ဖြစ်မေ့သွားရရအောင်...။

ညွှန်း ဖုန်းပြောပြီးပြန်ဝင်လာတော့ သူမက နေရာမှာသာ ငြိမ်ငြိမ်သက်သက်လေးထိုင်နေတာတွေ့ရ၏။ အနားနားရောက်မှသေချာကြည့်မိတော့ စားပွဲပေါ်မှာလက်ကိုထောက်ထားကာ ပါးစပ်ကလည်း တစ်ခုခုကိုပြောနေသလိုလိုနှင့်...

""ရွှန်း! မင်းဘာဖြစ်နေတာလဲ""

""ဟယ်! ကိုကိုပြန်လာပြီ""

ပြောရင်း ထရပ်လိုက်တာက ဒယိမ်းဒယိုင်ဖြစ်နေတာမို့ ညွှန်းတစ်ချက်အံ့သြသွားမိရင်း သံသယစိတ်နဲ့စားပွဲပေါ်ကိုပြန်ကြည့်တော့ ထင်သည့်အတိုင်းပင်...

""ကိုကို...ကိုကို...ကိုကို....ကိုကို""

""အင်း....ဘာလဲပြော""

""စိတ်မဆိုးနဲ့နော်! အရသာဘယ်လိုနေလဲသိချင်လို့..
နည်းနည်းလောက်သောက်ကြည့်ထားတာ""

""မင်းကတော့....
ဘယ်သူကခွင့်ပြုလို့လဲ""

""ကြည့်! ကြည့်! အော်ပြန်ပြီ
ဘာလုပ်လုပ် အမြဲတမ်းစိတ်ဆိုးနေတာပဲ ...
စိတ်ကောင်းမရှိတဲ့လူကြီး...ဒါပေမယ့်လည်း ဒီလူကြီးကိုပဲ ရွှန်းကချစ်နေရတာ""

သူမစကားလေးကြောင့် ညွှန်းသဘောတကျပြုံးလိုက်မိရင်း အနားမှာပဲဝင်ထိုင်လိုက်တော့...သူမက တောက်တဲ့လေးလိုဘေးကတွယ်ကပ်နေကာ စကားတွေတတွတ်ပြောနေလေ၏။

""ကိုကိုက လူဆိုးကြီး""

""အင်း...ကိုယ်ကလူဆိုး...ပြီးတော့ရော"""

""စိတ်ကောင်းလုံးဝမရှိဘူး""

""အင်းလေ..လူဆိုးပါဆိုမှ""

""အကျင့်မကောင်းဘူး""

""ပြောလို့ပြီးပြီလား?"

""မပြီးသေးဘူး...""

""Ok! ဆက်ပြော...""

"


""ပြီးတော့...ကိုကို အရင်လို ရွှန်းကိုမချစ်တော့ဘူး...
ဟုတ်တယ်မလား""

""မင်းက ဆိုးတာကိုးး""

""ဟမ်! ဘယ်မှာဆိုး""

""သခင်လေး...ကျွန်တော်ရောက်ပါပြီ""

""သြော်! အင်း...ပြန်မယ်...လာ ထ""

ညွှန်း အရက်နည်းနည်းသောက်ထားတာကြောင့် အပြန်မှာကားမောင်းပေးရန် မိုးZကိုလှမ်းခေါ်လိုက်ခြင်းပါ...အခုတော့ သူဖြင့်မမူးရပါဘဲ...သူမအခြေအနေကပိုဆိုးနေလေပြီ။

""မမလေးကဘယ်လိုဖြစ်တာလဲ""

""မြင်တဲ့အတိုင်းပဲ...
ခဏလေးအလစ်ပေးလိုက်တာနဲ့ သူ့သဘောသူဆောင်ပြီး
လုပ်ချင်ရာလျှောက်လုပ်နေတယ်""

""မပြန်သေးဘူးလေ...ကိုကို
ဒီမှာပျော်စရာကောင်းတယ်...ခဏလောက်နေပါဦး""

""မရဘူး...ပြန်မယ်လာ...
မင်းအရမ်းမူးနေပြီ""

""မပြန်ပါဘူးဆို""

""ကျစ်!""

ဇွတ်အတင်းငြင်းနေတာကြောင့် ညွှန်းစိတ်မရှည်စွာပင် သူမ ကိုယ်လေးအား ပွေ့ချီကာခေါ်ထုတ်လာခဲ့ရ၏။ ဒါတောင် အချိုးမပြေလေးက ကိုယ်ပေါ်မှာ ယက်ကန်ယက်ကန်နဲ့ ရုန်းနေသေး...။ခေါ်လာမိတာကိုက မှားတယ်...။

အပြန်လမ်းတစ်လျှောက်မှာတော့ စောစောကလူက သူမ မဟုတ်သည့်နှယ်...ညွှန်းရဲ့ပုခုံးလေးထက် မေးတင်ကာ အိပ်လာလေရဲ့ ...။ အရှေ့မှာကားမောင်းနေတဲ့ မိုးZတစ်ယောက်ကတော့ နောက်ကိုမကြာခဏလှည့်ကြည့်ကာ ပြုံးစိစိဖြစ်နေလေ၏။ ဒီကောင်ဘာတွေများသဘောကျနေပါလိမ့်..

""ရွှန်း...ထတော့..အိမ်ရောက်ပြီ""

""ဟမ်!""

""အိမ်ရောက်ပြီလို့...ကားပေါ်ကဆင်းလေ""

""အိမ်ကဘာလို့ ဒီလောက်မြန်မြန်ရောက်ရတာလဲ...
ရောက်လည်းရောက်ပါစေ...မဆင်းဘူး...ကားပေါ်မှာပဲနေမယ်""

'"ဘာပြောတယ်...ရမလားကွ!
ဆင်းစမ်း...အခု""

""ဟင့်အင်း! ဆင်းဘူး..."""

ပြောလျက် သူမက တကယ်ကိုကားထဲကထွက်မလာဘဲ အတင်းတွယ်ကပ်နေတာကြောင့် ညွှန်းလည်းစိတ်မရှည်ဖြစ်လာရကာ...

""ငါ့ကို စိတ်တိုအောင်လာမလုပ်နဲ့နော်...ချစ်ရည်ရွှန်း""

""အသံကျယ်ကြီးနဲ့ လူကိုလာမအော်ပါနဲ့...
ဘယ်တော့မှ မျက်နှာက ကြည်သာတယ်ကိုမရှိဘူး
အမြဲ မာန်မဲ ဟိန်းဟောက်...""

""ဟာ! ဒုက္ခပါပဲကွာ...
မင်းကိုဆင်းလာလို့ပြောနေတယ်""

""ဟင့်အင်း!...အိမ်ထဲဝင်ရင် ကိုကိုကအရင်လိုပဲပစ်ထားလိုက်မှာမလား...ရွှန်း ဒီအိမ်ကြီးမှာတစ်ယောက်ထဲမနေချင်ဘူး...ကားပေါ်မှာပဲနေမယ်...ဒါမှ ကိုကိုဘယ်သွားသွားလိုက်လို့ရမှာ""

ဘယ်လိုမှပြောမနိုင်ဖြစ်နေရသောအခြေအနေကြောင့် ရှေ့ခန်းမှလှည့်ကြည့်နေသောမိုးZက ပါးစပ်ပိတ်ရယ်နေတော့၏။ ညွှန်းလည်း ဒီလေသံနဲ့ဆက်ပြောရင် မိုးလင်းတောင် အိမ်ထဲရောက်မှာမဟုတ်တာမို့ ...လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး...

""ကဲ! လာ...လိမ္မာတယ်
အိမ်ထဲဝင်ရအောင်နော်""

""အင်း! ကိုကိုကအရမ်းချစ်ဖို့ကောင်းတာပဲ...အရမ်းလည်းချောတယ်...ချောလိုက်တာ
အဲ့ဒါ ရွှန်းလမ်းမလျှောက်ချင်တော့လို့...အရမ်းချောတဲ့ကိုကိုရယ်...ညီမလေးကိုခေါ်ပါဦး""

ပြောရင်း လက်လေးနှစ်ဖက်ကိုပါ သူ့ဆီဆန့်တန်းပေးလိုက်ပုံမှာ ကလေးပေါက်စက သူ့ကိုချီပေးဖို့တောင်းဆိုသည့်နှယ်ပင်...။
ဟူးး! မင်းကတော့လေ...
ကဲ! ရှိစေတော့...ဒီတစ်ခါ ငါပဲအလျှော့ပေးလိုက်မယ်...

~~~~~💞💞💞💞~~~~~

သူမကတော့ တော်တော်ပဲ အိပ်ရေးမြန်ပါသည်။ ခုနကပဲစကားပြောနေသေး...အခုကျ ပွေ့ချီလာတဲ့ သူ့လက်ပေါ်တင်အိပ်ပျော်သွားလေပြီ...။ ညွှန်း သူမကိုအခန်းထဲထိ ပွေ့ချီခေါ်လာခဲ့ပြီး...ကုတင်ထက်အသေချာတင်ပေးကာ စောင်လေးပါဆွဲခြုံပေးလိုက်၏။ ပြီးတော့ သူမမျက်နှာလေးကိုအသေအချာစိုက်ကြည့်နေမိပြီး...ဒီအနားလေးကနေမခွာချင်သေးတာမို့ ဆက်ပဲထိုင်နေဖြစ်၏။ ဒီလိုနဲ့ နာရီတွေတဖြေးဖြေးရွေ့လာတာ...မနက်၃နာရီပင်ရှိသွားခဲ့သည်...။ မိုးလည်းလင်းခါနီးပြီးမို့...ညွှန်း အခန်းထဲမှထွက်သွားရန်ဆုံးဖြတ်လိုက်စဥ်...

""ဟင့်! ...ကိုကို...""

ရုတ်တရက်ပဲ သူမထံမှရှိုက်သံသဲ့သဲ့လေးနဲ့ သူ့အားခေါ်လိုက်သံကြောင့် သူမအနားလေးတိုးကပ်ကြည့်မိတော့ နိုးလာတာမဟုတ်ဘဲ...အိပ်မက်ယောင်သလိုလေး ခေါ်နေခြင်းပင်...။
အိပ်မက်ထဲဘာတွေမြင်နေသည်မသိ...တိုးလျတဲ့ခေါ်သံလေးနဲ့အတူ ပိတ်ယှက်ထားသောမျက်ဝန်းမှ...မျက်ရည်လေးများပင်စီးကျလေ၏။ ဒီမြင်ကွင်းကြောင့် ညွှန်းရင်ထဲ စိတ်မကောင်းဖြစ်သွားမိကာ သူမရဲ့မျက်ရည်စလေးအား လက်နဲ့ဖွဖွသုတ်ပေးလိုက်တော့...သူမက မျက်နှာလေးကိုတစ်ဖက်သို့စောင်းလှည့်သွားလေသည်...။

အခုတော့လည်း သူမဟုတ်တဲ့အတိုင်းအိပ်ပျော်သွားပြန်လေပြီ။ တစ်ဖက်စောင်းလှည့်ထားတဲ့ မျက်နှာလေးကိုကြည့်ကာ ညွှန်း အသည်းယားနေမိ၏။ နဂိုထဲက ပါးဖောင်းဖောင်းလေးတွေရှိတဲ့ သူမရဲ့မျက်နှာလေးကချစ်စဖွယ်အတိပါ...။ ငယ်ငယ်ကဆို အဲ့ဒီ့ပါးလေးတွေကို သူဖွဖွလိမ်ဆွဲတိုင်း...မနာသော်လည်း သူမ ငိုခဲ့တာပင်...။ အခုလည်း မသောက်စဖူး သောက်ခဲ့သော alcoholအရှိန်ကြောင့် ပါးလေးတွေမှာ ပန်းသီးလေးလို နီရဲကာနေလေ၏။

ညွှန်း အသည်းယားစွာပင် သူမ ပါးလေးကိုဖွဖွနမ်းရန် အနားလေးသို့ တဖြေးဖြေးတိုးကပ်လိုက်သော်လည်း...ရုတ်တရက်မမျှော်မှန်းထားစွာ...သူမကမျက်နှာကို လှည့်လိုက်တာမို့...မရည်ရွယ်ပါဘဲ ထိကပ်သွားရတာက နှုတ်ခမ်းပါးလေးများ....။ သူမကအိပ်ပျော်နေရင်းရုတ်တရက်ပြုမူလိုက်တာဖြစ်ပေမယ့်...သူ့နှုတ်ခမ်းပေါ်မှတဖြေးဖြေးချင်း ပွတ်တိုက်ရွေ့လျားသွားတဲ့နှုတ်ခမ်းလွှာလေးများကြောင့် ညွှန်း အသက်ရှူနှုန်းတွေတောင် ခေတ္တမျှရပ်တန့်သွားရသလိုပင်...။ ခဏရပ်သွားပြီးပြန်တော့လည်း နှလုံးသားဆီမှ တဒုတ်ဒုတ်နဲ့ အဆမတန်အခုန်မြန်လာနေတာ ထိန်းမနိုင်သိမ်းမရ...။ ဒါနဲ့ပဲ...ညွှန်းကိုယ့်ရင်ဘတ်လေးကိုယ်ဖိကာ အခန်းထဲမှအမြန်ထွက်လာရ၏။

အခန်းထဲမှာဒီလောက်တိတ်ဆိတ်နေတာ...မြန်မြန်မှထွက်မလာရင် ဒီနှလုံးခုန်သံကြောင့် သူမပင်လန့်နိုးသွားလောက်ပါရဲ့...။

အပြင်ရောက်မှပဲ ညွှန်းသက်ပြင်းကိုချကာ ခဏရပ်နေလိုက်ရင်း ကိုယ့်နှုတ်ခမ်းကိုလည်း လက်မလေးဖြင့် ဖိပွတ်ကာ...ပြုံးလိုက်မိသည်။

'ကိုယ်တကယ် မရည်ရွယ်ခဲ့ဘူးနော်...'

နောက်တစ်ကြိမ်ထပ်ပြုံးမိပြန်ပြီ...

နေပါဦး! ဒါက ငါ့သူ့ကိုစိတ်ဆိုးနေတဲ့ပုံစံလား...အဟက်!

ညွှန်း ကိုယ့်ကိုကိုယ်သုံးသပ်ချက်တွေထုတ်ရင်း ကိုယ့်အခန်းကိုယ်ပြန်ခဲ့လိုက်၏။ ပြီးတော့ သူမပြောခဲ့တဲ့စကားလေးတွေကိုလည်းပြန်ကြားယောင်ပါသည်...။

'သူ့ကိုဒီအိမ်မှာပစ်ထားတယ်တဲ့လား...'

အိပ်မက်တွေထဲအထိပါ ငိုနေရအောင်...ကိုယ်မင်းကိုရက်စက်မိပြီလား...

နောက်ဆို...ကိုယ်မင်းကိုပစ်မထားတော့ပါဘူး...
မနက်ခင်းမိုးလင်းတိုင်းမှာ ...မင်းကိုယ့်ကိုတွေ့စေရမယ်...
ဟုတ်ပြီလား...။....။

~~~~💞💞💞💞~~~~
Part-15 Coming Soon!

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: