🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧
""မကျေနပ်ဘူး...အကြင်နာတရားမရှိတဲ့လူကြီး""
ရွှန်း နှုတ်ခမ်းလေးစူကာ အသံစူးစူးလေးနဲ့ ဆူဆောင့်ကာပြောမိ၏။ မနေ့ကတော့ မပြန်ပါဘူးပြောပြီး နိုးလာတော့ရှာမတွေ့တော့တဲ့ ကိုကို...။ အဲ့လိုပဲမပြောမဆိုနဲ့ပျောက်ပျောက်သွားတာ...ဟွန့်!
""📲📲📲""
မကျေမချမ်းနဲ့ပြောဆိုနေတုန်းမှာပဲ...ကိုကိုပေးထားတဲ့ဖုန်းလေးက ringtone မြည်လာတာမို့ ရွှန်း ခပ်မြန်မြန်လေးကောက်ကိုင်လိုက်ပြီး...
""Hello!""
"".....""
တစ်ဖက်က ဖုန်းကိုင်ထားသော်လည်း ဘာသံမှထွက်မလာ..။
သို့ပေမယ့် ဘယ်သူဆက်တယ်ဆိုတာ ရွှန်းမသိပဲနေပါ့မလား...ဒီနံပါတ်ကို ကိုကို့အပြင်သိတဲ့သူရယ်လို့မရှိ...ဒီဖုန်းရပြီးကတည်းက ရွှန်း ဘယ်သူနဲ့မှတောင်အဆက်အသွယ်မလုပ်ခဲ့ဖူးတာလေ...
""ကိုကို...""
"".....""
""ကိုကို...ဘာလို့စကားမပြောတာလဲ""
""ဟို...ဖုန်းနံပါတ်က အဲ့ဒါ...
နောက်ကို ကိစ္စရှိရင်ဆက်...""
""ဟုတ်! ကိုကို...ဟိုလေ...""
""တီ!""
""ဟမ်! ဖုန်းချသွားပြီလား...ဘာမှတောင်မပြောရသေးဘူး""
ရွှန်း မကျေနပ်စွာ ဖုန်းကိုပြန်ခေါ်လိုက်တော့ တစ်ဖက်ကချက်ချင်းတော့ပြန်ဖြေပါသည်။
""အင်း...ပြောလေ""
ရုတ်တရက်ပဲစိတ်ရှည်သွားရပြန်သည့် လေသံချိုချိုကြောင့် ရွှန်း ရန်တွေ့မယ့်စကားတောင် အစရှာမရတော့ချေ ။
ဘယ်လိုပါလိမ့်...အခုလက်ရှိ ကိုကိုနဲ့ရွှန်းရဲ့ပတ်သက်မှုက ဘယ်လိုခေါင်းစဥ်အောက်မှာများရှိနေတာလဲ...
ဟိုးတစ်ချိန်ကတည်းက တစ်ယောက်နဲ့တစ်ယောက်ချစ်ခဲ့ဖူးကြသော်လည်း ချစ်သူတွေဆိုတဲ့အနေအထားမျိုးထိမရောက်ခဲ့...။အခုအချိန်မှာ လက်ထပ်ပြီးခဲ့ပေမယ့်လည်း စာချုပ်ပေါ်ကလက်မှတ်ကလွဲရင် တကယ့်အစစ်အမှန်ပတ်သက်မှုက အဲ့လိုမဟုတ်ပြန်..။
တစ်ခါတစ်လေဆို မကြည်ဖြူသလို ငြူစူအပြစ်တင်တတ်တဲ့အကြည့်တွေနဲ့...ကိုကို။
တစ်ခါတလေကျတော့လည်း အရမ်းပဲနူးညံ့ပျော့ပျောင်းသွားတတ်ပြန်တဲ့ ဆက်ဆံရေးက အတက်အကျကြမ်းလွန်းနေပါရဲ့ ...။ ဒီလို အပူအအေးကြားထဲမှာ အံဝင်ခွင်ကျဖြစ်နိုင်ဖို့ ရွှန်းက ဘယ်လိုနေပေးရမှာလဲ ကိုကိုရယ်...
ညွှန်းဘက်က ဖုန်းကိုင်ထားသော်လည်း တစ်ဖက်ကဘာသံမှမကြားရတာမို့...
""ပြောစရာရှိရင် ပြောလေ""
""ရှင်! သြော်! ရွှန်းအတွေးလွန်သွားလို့ sorryနော် ကိုကို...
ပြောစရာမရှိတော့ပါဘူး...ကိုကိုအလုပ်လုပ်နေတယ်မလား
မနှောင့်ယှက်တော့ဘူးနော်""
""ခဏလေး! မင်း...နေကောင်းလား""
ဒီမေးခွန်းလေးကြားရတော့ ရွှန်းရဲ့ နှုတ်ခမ်းပါးလေးများ ပြုံးယောင်သမ်းသွားသည်မှာ သိသိသာသာပင်...။
မေးဖော်ရသေးလို့ တော်သေးရဲ့မဟုတ်လား...
""ဟုတ်...ညီမလေးသက်သာပါတယ်""
""အင်း...ဆေးကိုသေချာသောက်နော်...
ဖုန်းလေးချပြီးသည်အထိ ရွှန်း မျက်နှာမှာ အပြုံးပန်းများပွင့်လို့မဆုံးနိုင်တော့...။
'ကိုကိုက ရွှန်းကို ဂရုမစိုက်ပဲတော့ မနေပါဘူး'
~~~~~💞💞💞💞~~~~~
ညွှန်း ဖုန်းပြောပြီးတာနဲ့ နောက်callတစ်ခုကထပ်ဝင်လာပြန်လေ၏။ Contact listကိုကြည့်လိုက်တော့ daddyတဲ့!
""Hello daddy!""
""သား...သားအဲ့မှာဘာတွေလုပ်နေတာလဲ
Daddyအကုန်ကြားပြီးပြီ...ဘယ်လိုလုပ်ချက်ချင်းလက်ထပ်လိုက်တာလဲ...ပြီးတော့သူများ weddingကနေ သတို့သမီးကိုသွားခေါ်လာတာဆို...ဘယ်လိုဖြစ်တာလဲ""
သူကိုယ်တိုင် ပြောပြမည်လို့ဆုံးဖြတ်ထားပေမယ့် ပြောမှမပြောရသေးခင် daddyသိသွားပြီပဲ...အင်းပေါ့လေ...daddyမှာက နားတွေမျက်စိတွေများတာကိုးး...
ဘယ်လိုလုပ်ကြာကြာလျှို့ဝှက်နိုင်ပါ့မလဲ...
""အခြေအနေအရ အဲ့လိုပဲဖြစ်သွားတယ် daddy""
""ခက်တာပဲ! အင်းလေ! ဖြစ်တာကဖြစ်ပြီးပြီ...
Daddyကသားလက်ထပ်ပွဲအတွက်ဘာမှမပြင်ဆင်ပေးလိုက်ရတော့ ဘယ်စိတ်ကောင်းမလဲ...""
""ရပါတယ် daddyရယ်""
""Daddyကတော့မရဘူး
ဒီကအလုပ်တွေကိုလက်စသတ်ပြီးတာနဲ့ သားဆီလိုက်လာခဲ့မယ်...သားအတွက် ခမ်းနားတဲ့ မင်္ဂလာပွဲကိုdaddyကိုယ်တိုင်စီစဥ်ပေးမယ်""
""အလျင်မလိုပါဘူး daddyရယ်...အေးဆေးပေါ့
အခုလည်းလက်ထပ်ပြီးနေပြီပဲ""
အေးဆေးစွာပင်ပြောကာ ဖုန်းကိုပြန်ချလိုက်တော့၏။
~~~~~💞💞💞💞~~~~~
""ရွှန်းလေး""
ခေါ်သံကြောင့် ရွှန်းလှည့်ကြည့်လိုက်တော့ အိမ်တံခါးအနားတွင်ရပ်နေသော မင်းပိုင်စေကိုတွေ့လိုက်ရလေသည်။
""ဟင်! ကိုကိုကြီး...ဒီကိုဘာလာလုပ်တာလဲ""
""ကိုယ်...ရွှန်းကိုတောင်းပန်ချင်လို့ပါ
အရင်က ကိုယ့်ဘက်က တဇွတ်ထိုးဆန်တဲ့လုပ်ရပ်တွေအတွက်...""
""မလိုပါဘူး...ကျမရှင့်ကိုခွင့်လွှတ်ဖို့လည်းအစီအစဥ်မရှိဘူး
အခုဖြစ်နေတဲ့ပြသာနာတွေအားလုံးက ရှင်ကနေစခဲ့တာပဲ
ရှင်သာ ကိုကို့ကိုဒုက္ခမပေးခဲ့ရင်...အို!တော်ပြီ...ကျမဒါတွေထပ်မပြောချင်ဘူး...ရှင် ပြန်ပါတော့""
""ဖြစ်ခဲ့သမျှအတွက် ကိုယ့်ကိုခွင့်လွှတ်ဖို့ခက်မယ်ဆိုတာ ကိုယ်သိပါတယ်...ဒါပေမယ့် ကိုယ့်ဘက်ကတောင်းပန်ချင်တယ်...ဒါကြောင့်...""
""ကျွီးးး!""
မင်းပိုင်စေ စကားမဆုံးသေးခင်မှာပင် ခြံထဲသို့ကားတစ်စီးကအရှိန်ပြင်းစွာမောင်းဝင်လာလေ၏။
ပြီးတော့ ကားပေါ်ကဆင်းလာသူကလည်း ဒေါသတကြီးမျက်နှာဖြင့် ကိုကိုကြီးထံလျှောက်လှမ်းလာနေတာမို့...ရွှန်းလည်း အထိတ်တလန့်ဖြစ်သွားမိကာ
""ကိုကို""
ခေါ်လိုက်သော်လည်း ကိုကိုက ရွှန်းကိုတစ်ချက်ပင်မကြည့်ဘဲ မင်းပိုင်စေရဲ့မျက်နှာကိုသာ ခပ်စူးစူးစိုက်ကြည့်နေလျက်...
""မင်း ဒီကိုဘာလာလုပ်တာလဲ""
""......""
""ငါမေးနေတယ်...ဘာလာလုပ်တာလဲလို့""
""ဟို...ဟို...ငါတောင်းပန်မလို့ပါ
မင်းအပေါ်မှာ မှားခဲ့တာတွေအတွက်လည်းတောင်းပန်ပါတယ်...အခုဆို မာမီလည်းသူ့အပြစ်တွေအတွက်နောင်တရနေပါပြီ... ကျန်းမာရေးလည်းမကောင်းတော့ဘူး...အိပ်ယာထဲလဲနေပြီ""
""ရုတ်တရက်ပါလား...
ဒါပေမယ့် မင်းအခုဒီမှာရှိနေတာ ငါ့အတွက်အဆင်မပြေဘူး...အဲ့တော့ မင်းပြန်ရင်ကောင်းမယ်""
""ငါ...""
""ပြန်ရင်ကောင်းမယ်လို့...ငါပြောနေတယ်
မင်းလူစကားနားမလည်ဘူးလား""
ဒီတစ်ခါတော့ ကိုကိုဒေါသတကြီးအော်လိုက်သံက အတော့်ကိုကျယ်နေပြီး...မျက်လုံးအကြည့်တို့ကလည်း မီးတောက်မတတ် စူးရဲနေတာက...ဒေါသကို အတော်ထိန်းချုပ်ထားရသည့်ပုံစံပင်...။
""လာခဲ့စမ်း! ...မင်းလည်း""
'မင်းပိုင်စေ'ပြန်ထွက်သွားတာနဲ့ ကိုကိုက ရွှန်းလက်ကိုအတင်းဆောင့်ဆွဲကာ အိမ်ဧည့်ခန်းသို့ခေါ်လာခဲ့ပြီး...ဆိုဖာတစ်ခုပေါ်သို့အရှိန်ဖြင့်တွန်းချလိုက်ရာ...
""အ!""
ကူကယ်ရာမဲ့စွာ တွန်းထုတ်ခံလိုက်ရခြင်းကြောင့် ရွှန်း ကိုယ်ရှိန်ကိုထိန်းဖို့ရန် အချိန်တောင်မရလိုက်ဘဲ ထိုင်ခုံပေါ်သို့ လဲပြိုကျသွားရပြီး စောစောက ဖိဆွဲခံထားရသည့်လက်ကောက်ဝတ်လေးမှာလည်း နီရဲနာကျင်နေလျက်...။ကိုကိုကတော့ ရွှန်းကို နည်းနည်းလေးမှတောင်သနားငဲ့ညှာပုံမရှိဘဲ ဒေါသမျက်ဝန်းတွေနဲ့သာစိုက်ကြည့်နေဆဲ...။
""မင်း ဘာလုပ်တာလဲ?
ငါ့ဆီမှာနေပြီး တခြားယောကျ်ားတစ်ယောက်နဲ့အိမ်မှာခေါ်တွေ့နေတာ ဘာသဘောလဲ?
ဘာလဲ...မင်းနဲ့သူက စေ့စပ်တာရော..လက်ထပ်ဖို့အထိပါလုပ်ခဲ့ဖူးတော့ သံယောဇဥ်မပြတ်နိုင်ဖြစ်နေတာလား...
ငါ သူတို့ကိုဘယ်လောက်မုန်းတယ်ဆိုတာသိရဲ့သားနဲ့""
""မဟုတ်ပါဘူး ကိုကိုရယ်
သူ့ဘာသူ အိမ်ကိုရောက်လာတာ...
လက်ထပ်တဲ့ကိစ္စကိုလည်းလေ ရွှန်းဘာမှမသိခဲ့ပါဘူး
သူတို့က ညီမလေးကိုလိမ်ခဲ့ကြတာ..အဲ့ဒီ့ပွဲကိုလည်း မွေးနေ့ပွဲလို့ပဲသိပြီးလက်ခံခဲ့တာပါ...အဲ့ဒါတကယ်ပါ ကိုကိုရယ်
ညီမလေးပြောတာယုံပေးပါ""
""မင်းပြောတာတွေက အဓိပ္ပာယ်ရှိရဲ့လား ချစ်ရည်ရွှန်း
အဲ့ဒီ့ပွဲမှာ မင်းနဲ့သူလက်ထပ်မယ်မှန်း လာသမျှလူအားလုံးသိတယ်...ပြီးတော့ ငါလည်းသိတယ်...ကာယကံရှင် မင်းကမသိဘူးလို့ငြင်းတာက ယုံချင်စရာကောင်းလို့လား""
ကိုကိုက ရွှန်းရဲ့ ပခုံးလေးနှစ်ဖက်အား ဆွဲကိုင်လှုပ်ရမ်းလျက်ပြောလိုက်တာမို့ ရွှန်း ခေါင်းတွေတောင်မူးဝေလာရ၏။
""သ...သခင်လေး
ဒေါသကိုလျှော့ပါနော်...မမလေးက အခုမှနေကောင်းခါစပဲရှိသေးတာလေ""
""ဘယ်သူမှ ဘာမှဝင်မပြောနဲ့""
ရွှန်း ဘက်ကပြောကူပေးလာသော ကြီးမှုံကိုလည်း ကိုကိုဒေါသသံကြီးဖြင့် လှမ်းအော်လိုက်တော့ ကြီးမှုံလည်း လန့်သွားရသလို ရွှန်းရဲ့ ကိုယ်လေးပါ ဆတ်ခနဲတုန်သွားမိရင်း...ကိုကို့မျက်နှာကိုလည်း ကြောက်လန့်တကြားမော့ကြည့်လိုက်မိသည်...
ကိုကိုက အပြင်ပန်းအသွင်အပြင်တင်မဟုတ်ဘဲ...စရိုက်တွေပါပြောင်းလဲသွားခဲ့တာပါလား...။အရင်က ရွှန်းသိခဲ့ဖူးတဲ့ ကိုကိုနဲ့ ဘာမှကိုမသက်ဆိုင်တော့တဲ့ သူစိမ်းတစ်ယောက်နှယ်...အခုချိန်မှာ အမုန်းတရားနဲ့အငြိုးတွေသာ သူ့ရင်ထဲရှိနေတာ...တကယ့်ကြောက်မက်ဖွယ်ပင်...
ညွှန်း သူ့ကို ဘာဆိုဘာမှခွန်းတုံ့မပြန်တော့ဘဲ ဒီအတိုင်းသာငေးကြည့်နေတဲ့သူမကြောင့် စိတ်ကိုပြန်လျှော့လိုက်မိသည်။
မျက်ရည်တွေပြည့်နှက်နေသည့် မျက်ဝန်းမှာ...ထိတ်လန့်ကြောက်ရွံ့မှုတို့က အထင်းသား...။
အမှန်တော့ မင်းပိုင်စေ ဒီအိမ်ထိရောက်လာပြီး ရွှန်းကိုလာတွေ့တဲ့ကိစ္စကို သူအတော်ပဲဒေါသထွက်ရတာပါ...။ပြီးတော့ လက်ခံစကားပြောပေးနေတဲ့ သူမကို ပိုဒေါသထွက်ရတာလည်းအမှန်...။မပတ်သက်စေချင်တော့လို့ အပြီးအပိုင်ခေါ်ထုတ်လာပါတယ်ဆိုမှ မရ ရအောင်လာပတ်သက်နေသေးသည့် ဟိုကောင်ကို ဖြစ်နိုင်ရင် ညွှန်း အမှုန့်ပါကြိတ်ပစ်လိုက်ချင်တာ...။
""ကိုကိုကျေနပ်အောင် ရွှန်းဘာလုပ်ပေးရမလဲ""
အတန်ကြာငြိမ်သက်နေရာမှ ရုတ်တရက်ပြတ်သားစွာမေးလာလေ၏။
""အဲ့ဒီကိစ္စတွေအတွက် ကိုကိုမကျေနပ်ရင်...ရတယ်
ရွှန်းထပ်ပြီးဖြေရှင်းချက်တွေမပေးတော့ဘူး
ကိုကို ဖြစ်စေချင်တာ ဘာလဲ ပြော...!
ကိုကို့ စိတ်တိုင်းကျ အရုပ်ကလေးတစ်ရုပ်လို ရွှန်းနေပေးနိုင်တယ်...""
""ဟင်း! မင်းကအမြဲစကားကိုလွယ်လွယ်ပြောတတ်တယ်နော် ချစ်ရည်ရွှန်း...
ငါက အရင်လိုမင်းရဲ့ ကလေးကလားစကားတွေကို ယုံနေမယ့် ကောင်မဟုတ်တော့ဘူး...
မင်းရဲ့ဒီစကားကို မင်းတာဝန်ယူနိုင်တာ သေချာလား?""
""......""
""လာ...ငါနဲ့လိုက်ခဲ့""
ရွှန်း နှုတ်မှပြန်မဖြေဘဲ ခေါင်းကိုသာငြိမ့်ပြလိုက်တော့ ကိုကိုက ချက်ချင်းပင် ရွှန်းလက်ကိုဆွဲခေါ်ကာ ထိုနေရာမှထွက်လာခဲ့တော့၏။
~~~~~💞💞💞💞~~~~~
Part-14... Coming Soon!
အသဲလေးတွေ...အရမ်းချစ်တယ်နော်...wineတင်ပေးတယ်နော်😍😍
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-♡ WineSatt Cho♡