book

Index 12

Part-( 12 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧


""သခင်လေး...ကျွန်တော့်ကိုခေါ်တယ်ဆို""

""အင်း...ဒီရက်ပိုင်း...မင်း...ဟိုအိမ်""

""အာ! သခင်လေး ဘာမေးချင်တာလဲ...မေးပါ ပွင့်ပွင့်လင်းလင်း""

""သူ့ဆီ သွားကြည့်သေးလား""

""ဒါမေးချင်မှန်းသိသားပဲ""

အဲ့သခင်လေးကလေ...သူများကိုခေါ်တုန်းကခေါ်လာပြီး တစ်ရက်မှကိုယ်တိုင်သွားမတွေ့ ...သွားပြန်ရင်လည်းအိမ်ထဲမဝင်...အနီးဝန်းကျင်ကပဲလှမ်းကြည့်...ပြီးရင်လည်း အဲ့ဒီအိမ်က မမလေးဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို ငါ့ကိုပဲအမြဲစောင့်ကြည့်ခိုင်းနေတာ...တွေ့ချင်လည်း ကိုယ့်ဘာသာသွားပါလား...ဘယ့်နှယ်...အရင်က Companyကိစ္စပဲဝိုင်းကူပေးရတဲ့ ငါ...အခုဆို လမ်းပေါ်မှာပဲပြေးနေရတဲ့အဖြစ်...
အော်! ငါ့ဘဝရယ်...

""မေးနေတာမဖြေပဲ ဘာတွေစဥ်းစားနေတာလဲ""

သူစဥ်းစားနေတာကို သိသွားသည့်အလား ရုပ်တည်ကြီးနဲ့မေးလာတဲ့ သခင်လေးကြောင့် မိုးZလည်း လန့်ဖျပ်သွားရကာ

""အမ်! မစဥ်းစားပါဘူး သခင်လေး
မမလေးက ဘယ်ဆိုဘယ်မှမသွားဘူး
အိမ်ထဲက အိမ်ပြင်တောင်မထွက်ပါဘူး""

""သူ့မိဘအိမ်လည်း မသွားဘူး...သူ့အလုပ်ကိုတောင်မသွားတာလား""

""အော်! သခင်လေးရယ် ဘယ်မှမသွားပါဘူးဆိုဗျာ!""

မိုးZက စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် ခေါင်းကုတ်လျက်ပြောတော့ ညွှန်း ရယ်မိပါ၏။ တကယ်လည်း သူစိတ်ရှုပ်တာ ဖြစ်သင့်ပါသည် ။ အခုဆို သူ့ကို Companyအလုပ်တောင်သိပ်မခိုင်းပဲ ရွှန်း ကိုစောင့်ကြည့်ဖို့ခိုင်းထားတော့ သူအချိန်ပြည့် အဲ့အိမ်နားဝန်းကျင်မှာပဲရှိနေရတာ... ။ ညွှန်း မွေးစားအဖေဆီစရောက်ကတည်းက မိုးZနဲ့သိကျွမ်းရင်းနှီးခဲ့တာမို့ လက်အောက်ဝန်ထမ်းတွေထဲမှာ အယုံကြည်ရဆုံးသူတစ်ယောက်ဖြစ်ပြီး ညီအစ်ကိုလိုလည်းရင်းနှီးတာကြောင့် အလုပ်ရှင်နဲ့ဝန်ထမ်းဖြစ်နေသော်ငြား မိုးZကတော့ ညွှန်းအပေါ်အပြောအဆို ရဲ သလို...ညွှန်းကလည်း စိတ်မဆိုးတတ်ပေ...။

""မင်းကလည်းလေ...စိတ်လေးနည်းနည်းပါးပါးရှည်ဦး""

""သခင်လေးတွေ့ချင် ကိုယ့်ဘာသာသွားလိုက်ပါလား""

""📲📲📲""

""ပြောရင်းဆိုရင်း ဒါ မမလေးနေတဲ့အိမ်က ဖုန်းပဲ""

""Hello!""

""......""

""အော်! ဟုတ်ကဲ့ ဟုတ်ကဲ့
ကျွန်တော် သခင်လေးကိုပြောလိုက်မယ်နော်""

""သခင်လေး...""

""ဘာလဲ?""

သူ့ကို မကြည့်ဘဲ...ဖိုင်တွဲတစ်ခုကိုဖွင့်ကြည့်ရင်း စိတ်မပါသလိုထူးလိုက်တဲ့ သခင်လေးကြောင့် မိုးZစိတ်မရှည်ဖြစ်သွားရကာ...

""ဟာ! အခုမသိချင်ယောင်ဆောင်ရမယ့်အချိန်မဟုတ်ဘူး
ကြီးမှုံပြောတာ မမလေးကနေမကောင်းလို့တဲ့! သူ့လေသံနားထောင်ရသလောက် တော်တော်စိတ်ပူနေပုံပဲ...ဘယ်လောက်များ ဖြစ်...ဖြစ်...""

"".....""

""ဟမ်! ..သခင်လေး...
အခုကြီးသွားတော့မလို့လား...meetingက...""

""ဖျက်လိုက်!""

ပြောနေတဲ့စကားမှမဆုံးသေး တုံးတိကြီးပြောချကာ..အခန်းထဲကချက်ချင်းထွက်သွားတဲ့ ညွှန်းကိုကြည့်ပြီး မိုးZပြုံးမိရသည်။

ဒါလား...စိတ်မဝင်စားတဲ့ပုံစံ...။

~~~~~💞💞💞💞~~~~~

ကားလေးကို သူမ ရှိရာဆီသို့ ဦးတည်မောင်းနှင်လာခဲ့ပါ၏။

ဘယ်လောက်ပဲအချိန်တွေကြာခဲ့ပါစေ...
ဘယ်လောက်ပဲသူမအပေါ်မကျေနပ်ဖြစ်နေသည် ဆိုပါစေ..
ညွှန်းအတွက်တော့ သူမတစ်ယောက်တည်းကသာ သူ့ဘဝအတွက်အရေးကြီးဆုံးဆိုတဲ့ အမှန်တရားက ဘယ်တုန်းကမှ မပြောင်းလဲနိုင်ခဲ့...။ တခါတလေတော့လည်း ဒီလောက်ထိဖြစ်ခဲ့တာတောင် သူမဆီက ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုကိုယ်မကျေမနပ်ဖြစ်မိပါရဲ့...

""သခင်လေး...ရောက်လာပြီလား""

ညွှန်းကိုတွေ့တာနဲ့ ကြီးမှုံက စိုးရိမ်တကြီးမျက်နှာဖြင့်လှမ်းမေးလေ၏။ အစကတည်းက ရွှန်းကိုသေချာစောင့်ရှောက်ဖို့ မှာခဲ့တာကြောင့် အခုလို သူမ နေမကောင်းဖြစ်နေတဲ့အနေအထားက ကြီးမှုံအတွက်အပြစ်မကင်းသလိုဖြစ်နေသည်လေ...

""မမလေးက အခန်းထဲမှာပါ
ဆရာဝန်လည်းလာကြည့်ပေးပြီးပါပြီ""

သူ အခန်းထဲဝင်ကြည့်တာ့ ကြီးမှုံလည်းဘေးကလိုက်လာလေ၏။ သူမ အိပ်ပျော်နေတာမို့ ခြေသံကိုဖွနင်းကာ ကုတင်ဘေးနားလေးမှာဝင်ထိုင်လိုက်ရင်း...သူမမျက်နှာကိုကြည့်တော့ အတော့်ကိုအားနည်းပုံပေါက်နေပြီး...ဖြူဖျော့နေသည့်နှုတ်ခမ်းလေးများကလည်း သွေးရောင်ပင်မရှိတော့သည့်နှယ် ...

""ဘယ်လိုဖြစ်တာလဲ?""

""ဟို!...""

""ကျွန်တော်မေးနေတယ်...ဘယ်လိုဖြစ်တာလဲလို့""

""ဒီ...ဒီရက်ပိုင်းမှာ မမလေးက အစားအသောက်လည်းပုံမှန်မစားဘူး... သိပ်လည်းမအိပ်ဘူး...အိပ်မပျော်ဘူးလို့ပြောပါတယ်""

""သူ့ကိုသေချာဂရုစိုက်ဖို့ ကျွန်တော်မှာခဲ့လား မမှာခဲ့ဘူးလား...အခုဒီပုံစံဖြစ်နေတာကိုရော ဘာလို့အခုမှပြောတာလဲ""

အတန်တန်ထိန်းချုပ်နေသော်လည်း ဒေါသကြောင့်
သူ့အသံက အတော်ပင်ကျယ်သွားရသည်ထင်ရဲ့ ...
သူမ လက်လေးတွေလှုပ်ရှားလာကာ လက်ဖဝါးနွေးနွေးလေးက ညွှန်းရဲ့လက်တစ်ဖက်အား လာရောက်ဆုပ်ကိုင်လေ၏။

""ကိုကို...ကြီးမှုံကို ဘာမှမပြောပါနဲ့
သူက ညီမလေးကိုဂရုစိုက်ပါတယ်...""

""အခုသူများအတွက်ပြောပေးရမယ့်အချိန်လား
နေစမ်းပါဦး! မင်းမှာ အသိတရားရောရှိသေးရဲ့လား..
ဘာလို့ အခုလိုပုံစံဖြစ်အောင်နေရတာလဲ...ငါ့ကိုတမင်ဆန္ဒပြနေတာလား...""

သူမအတွက်စိုးရိမ်လို့ပြောတာဆိုပေမယ့်...ညွှန်းလေသံက နူးညံ့မှုရှိမနေတာတော့ အမှန်...။ ဒါကို ညွှန်းကိုယ်တိုင်လည်းသတိထားမိသွားတာကြောင့် သူမကိုပြန်ကြည့်မိတော့ မျက်ရည်တွေ ရစ်ဝိုင်းလျက် သူ့ကိုငေးကြည့်နေသောမျက်ဝန်းများနှင့် ရင်ဆိုင်ရလေသည်။ ညွှန်းလည်း ကိုယ့်အပြောလွန်သွားမှန်းသိတာကြောင့်...လေသံကိုလျှော့လိုက်ပြီး...

""လာ ထ...ထနိုင်လား""

""ကြီးမှုံလည်း ဒီမှာရပ်မနေနဲ့...
သူစားဖို့ တစ်ခုခုပြင်ပေးလေ ပြီးရင်ဆေးလည်းသောက်ရမှာ""

""ဟုတ်ကဲ့""

~~~~~~~

ခဏအကြာ ကြီးမှုံ ဆန်ပြုတ်လာပို့သည့်အချိန်မှာတော့
ပြသာနာကစတင်လေသည်...

""ဟင့်အင်း...မသောက်ချင်ဘူး ကိုကို""

""မသောက်လို့မရဘူး...ပြီးရင်ဆေးသောက်ရမှာလေ...အဲ့တော့ အစာရှိမှ...ကျစ်! ဒါတွေရှင်းမပြချင်ဘူးကွာ...ကလေးတွေတောင်သိတယ်""

ဘယ်နှခါပဲပြောပြော စူပုပ်ပုပ်မျက်နှာနဲ့ ကလေးလိုငြင်းဆန်နေသော သူမကိုပြောရတာ ညွှန်းမောတောင်မောလာပါပြီ..
တကယ်တော့ သူမ ငယ်ငယ်ကတည်းက နေမကောင်းဖြစ်ချိန်ဆို တခြားအချိန်ထက် ပိုဂျီကျတတ်ပြီး ဆန်ပြုတ်တိုက်ရတဲ့အချိန်ကအဆိုးဆုံးပင်...ဒါကို အရင်ကတည်းက ညွှန်းသိပေမယ့်...အခုအရွယ်အထိ ဒီအကျင့်စွဲနေမယ်လို့တော့ မထင်ခဲ့ ...။

""ကဲ! ဒါဆို ဒီလိုလုပ်မယ်...
ဒီဆန်ပြုတ်ကို ကုန်အောင်သောက်ရင် မင်းသိချင်တာတစ်ခုမေး...ပြောပြမယ်""

""နှစ်ခု..""

စကားဆုံးတာနဲ့ လက်လေးနှစ်ချောင်းထောင်ကာ စျေးဆစ်လိုက်သေးသောသူမကြောင့် ညွှန်းရယ်ချင်သွားရတဲ့ မျက်နှာကို ပြန်အဖတ်ဆယ်ရင်း...

""အင်း...ok!""

""ကိုကို အိမ်ကထွက်သွားတဲ့ လေးနှစ်လုံးဘယ်ကိုရောက်ပြီး ဘယ်မှာနေခဲ့တာလဲ?""

သိချင်တာတွေများလှတဲ့အထဲက အသိချင်ဆုံးတစ်ခုကိုအလျင်လိုစွာထုတ်မေးလိုက်ခြင်းပါ...အခုဆို အခွင့်အရေးကတစ်ဝက်ဆုံးပြီ...ဟူးး!

""ကိုယ့်ကို ကူညီပေးမယ့်သူတစ်ယောက်နဲ့ဆုံခဲ့တယ်
လက်ရှိ ကိုယ့်daddyလေ...မွေးစားခဲ့တယ်ဆိုပေမယ့်
တကယ့်သားအရင်းလိုပဲစောင့်ရှောက်ပေးခဲ့တာ...ပြီးပြီ နောက်တခုမေးတော့...""

ညွှန်း ပြောလည်းပြောလျက် သူမပါးစပ်ထဲသို့ ဆန်ပြုတ်တစ်ဇွန်းခွံ့ကျွေးလိုက်လေ၏။ တစ်ခုဘက်ကို အလိုလိုက်ပေးထားတော့မှ ဆန်ပြုတ်ကို အသာတကြည်စားတဲ့ သူမက တကယ့်ကလေးလေးအတိုင်းပါပဲလား...

""အင်း...နောက်တစ်ခုက...ဟို...ဟို...""

""ကျစ်! ကြာတယ်ကွာ""

ညွှန်း စိတ်မရှည်သလိုပုံစံနဲ့ စုတ်တစ်ချက်သပ်ကာပြောတော့ သူမက ပျာပျာသလဲမျက်နှာလေးဖြင့်

""ကိုကို...အချိန်တွေအကြာကြီးထွက်သွားပြီးမှ ညီမလေးဆီပြန်လာတာ...ရုတ်တရက်ပဲလက်ထပ်ခဲ့တာ...အဲ့ဒါ ညီမလေးကို အရင်လိုချစ်သေးလို့လား...ဒါမှမဟုတ် မကျေနပ်လို့လား""

ထိရှလှသည့်အမေးကြောင့် ညွှန်း ရုတ်တရက်အံ့သြသွားမိပြီး...ဆန်ပြုတ်ပန်းကန်ကို ဇွန်းဖြင့်မွှေနေသောလက်များပင်ရပ်တန့်သွားရ၏။

ဘယ်လိုပြန်ဖြေလိုက်ရမလဲ? အမှန်တော့ သေချာစဥ်းစားကြည့်ရင် သူကိုယ်တိုင်တောင် ဒီမေးခွန်းအတွက်အဖြေကို မရှာကြည့်ခဲ့ဖူးတာ...အံ့သြစရာ!

""ကိုကို...ဖြေလေ""

""မင်းခန့်မှန်းကြည့်ပေါ့""

""ရွှန်း အထင်တော့ ကိုကိုမကျေနပ်လို့ပဲ""



""အင်း...အဲ့လိုဆိုလည်း အဲ့လိုပေါ့""

""ကိုကို...အဲ့တုန်းက ရွှန်း ကိုကိုကြီးနဲ့စေ့စပ်ခဲ့တာကလေ...ကိုကို့ကိုကူညီချင်လို့ပါ...အဲ့ဒီ့ပွဲပြီးရင် ကိုကို့ကိုအားလုံးရှင်းပြချင်ခဲ့တာ...ဒါပေမယ့်...""

""ဒါပေမယ့်...မင်းမလုပ်ခဲ့ဘူးလေ...
ငါ အဲ့ဒီ့ပွဲကိုရောက်လာတော့ မင်းကိုယ်တိုင် ငါ့ကိုထွက်သွားလို့ပြောခဲ့တာ...မင်းမမှတ်မိတော့တာလား""

""အဲ့ဒီကိစ္စကြောင့်...ညီမလေးကို အခုထိစိတ်ဆိုးနေတုန်းပဲလားဟင်""

""တော်ပြီ! မေးခွန်းနှစ်ခုပြည့်ပြီ...ထပ်မမေးနဲ့တော့""

ပြောလိုက်တော့လည်း သူမဆီကနေ စကားတစ်ခွန်းမှထွက်မလာခဲ့တော့ဘဲ ငြိမ်ငြိမ်လေးသာရှိနေလေ၏။ ညွှန်းလည်း စိတ်ရှည်စွာပဲ ဆန်ပြုတ်ကိုကုန်အောင် ခွံ့ပေးကာ ဆေးပါတစ်ခါတည်းတိုက်လိုက်ပြီး

""ရပြီ...ပြန်အိပ်တော့""

""ဟုတ်!""

သူမက စကားနားထောင်စွာ လှဲအိပ်လိုက်ပေမယ့်...အချိန်အတန်ကြာသည့်အထိ မျက်လုံးတို့က ပွင့်လျက်သားပဲဖြစ်နေတာကြောင့်...

""မင်းကို အိပ်ပါလို့ပြောနေတယ်လေ...""

""အင်း...အိပ်နေတယ်လေကိုကိုရဲ့ ""

""အဲ့လို မျက်လုံးဖွင့်လျက်ကြီးနဲ့ ဘယ်လိုအိပ်ပျော်မှာလဲ""

""ဒါပေမယ့် ရွှန်းအိပ်နေတုန်း ကိုကိုပြန်သွားမှာစိုးလို့""

""ဘယ်ကိုပြန်ရမှာလဲ...ဒါ ငါ့အိမ်လေ""

ပြောပြီး ညွှန်းက မတ်တပ်ထကာ တစ်နေရာသွားဖို့ပြင်လိုက်တယ်ဆိုရင်ပဲ အနောက်ကနေ အင်္ကျီစကို လှမ်းဆွဲခံလိုက်ရလေ၏။

""ကိုကို ဘယ်သွားမလို့လဲ??""

""ဘယ်မှမသွားပါဘူး...ဟိုမှာ ပြတင်းပေါက်ကပွင့်နေတာအပြင်လေတွေဝင်လို့...သွားပိတ်မလို့လေ...""

ဒီတော့မှပဲ ဆွဲထားတဲ့ အင်္ကျီစကိုလွှတ်ပေးလိုက်ပြီး...

""ရွှန်းက ကိုကိုပြန်တော့မလို့ထင်နေတာ""

""မပြန်ဘူး...မင်းအိပ်မှာသာအိပ်...""

""ဟုတ်""

ခဏကြာတော့လည်း ဆေးအရှိန်ကြောင့် သူမ အိပ်ပျော်သွားပါသည်။ သူမက အခုမှကလေးပေါက်စလေး...သူ့အမေကိုအပျောက်မခံသည့်နှယ်...အိပ်ပျော်သွားတာတောင် သူ့လက်ကိုမလွှတ်တမ်းဆွဲထားသေး၏။ ညွှန်းလည်း တစ်ချိန်လုံးပင် သူမအနားမှာ ထိုင်ကာစောင့်ပေးနေရင်းမှ တစ်ချိန်ကအတိတ်ပုံရိပ်တစ်ချို့က အာရုံအတွင်း ဝင်လာပြန်သည်...

'ဒါက ဖြစ်သင့်တဲ့ကိစ္စပဲလေ...'
'ရှင်ထင်နေသလိုမဟုတ်ပါဘူး...ရှင်နဲ့ဘာမှမဆိုင်ဘူး...'
'ကျမက စိတ်ခံစားချက်နဲ့ ဘဝရှေ့ရေးကိုခွဲခြားတတ်တယ်'

အချိန်တွေဘယ်လောက်ကြာကြာ...နားထဲအမြဲကြားယောင်နေသော ဒီစကားများကို ညွှန်း မုန်းတီးနေမိပြီ...ဒီအတိတ်တွေက သူ့ကိုအရမ်းပင်ပန်းစေတဲ့ အိပ်မက်ဆိုးတွေပါပဲ...

မတွေးချင်တာတွေ တွေးမိရပြီမို့...ညွှန်းခေါင်းကိုခါယမ်းကာ သူမ အခန်းထဲမှချက်ချင်းထွက်လာခဲ့မိ၏။

""သခင်လေး...အပြင်ပြန်သွားမလို့လား
မမလေးနိုးတဲ့အထိမစောင့်တော့ဘူးလား""

""မစောင့်တော့ဘူး""

""အရေးကြီးကိစ္စမရှိရင် မမလေးနိုးတဲ့အထိစောင့်ပေးလိုက်ပါလား သခင်လေးရယ်...
မမလေးနိုးရင် သခင်လေးကိုရှာနေလိမ့်မယ်"'

""သူ့ကိုဂရုစိုက်ပါ""

ပြောပြီးတာနဲ့ ညွှန်း ကားပေါ်တက်ကာ မောင်းထွက်လာခဲ့တော့၏။

(စိတ်မမှန်သောအကိုကြီး😅)

~~~~~💞💞💞💞~~~~~

Part-13 Coming Soon!

Readers/writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: