book

Index 11

Part-( 11 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

""တီ! တီ!""

ကားလေးကို အတန်ကြာမောင်းလာပြီးနောက် ကြီးမားလှသည့် နှစ်ထပ်တိုက်အဖြူရောင်ရှေ့အရောက်မှာရပ်လိုက်ပြီး ကားဟွန်းသံနှစ်ချက်ပေးတာနဲ့ အထဲမှလူတစ်ယောက်ကပျာပျာသလဲ ပြေးလာကာ တံခါးဖွင့်ပေးလေ၏။ ပါတီက ထွက်လာပြီးချိန်ကနေ အခုဒီရောက်တဲ့အထိ လမ်းတစ်လျှောက်လုံးမှာ ကိုကို ဘာစကားတစ်ခွန်းမှထပ်မပြောခဲ့သလို မျက်နှာအနေအထားကလည်း စောစောကလိုမဟုတ်...အရမ်းပဲမာကျောနေကာ တင်းတင်းစေ့ပိတ်ထားတဲ့နှုတ်ခမ်းများက တစ်ခုခုကိုအလိုမကျနေသည့်နှယ်...တစ်ချက်တစ်ချက်မှာ မဲ့ပြုံးတစ်ခုက ခပ်ရေးရေးပေါ်လာတတ်သေး၏။ ဒီအခြေအနေကို ရွှန်း နားမလည်သော်လည်း သူ့မျက်နှာကြည့်ပြီး ဘာမေးခွန်းမှထုတ်မမေးရဲသေးတာမို့ ဒီအတိုင်း ငြိမ်ပြီးသာလိုက်လာခဲ့ရသည်..။

""ဆင်းတော့!""

""ဟုတ်""

ကြီးမားလှတဲ့ ကျွန်းတံခါးနှစ်ချပ်ကိုတွန်းဖွင့်ဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ကလည်း ခမ်းနားလွန်းပါရဲ့! ။ ဒီအိမ်ထဲမှာဘယ်သူမှ နေဟန်မတူပေမယ့် ဧည့်ခန်းထဲမှာတော့ လူတစ်ယောက်ထိုင်နေတာတွေ့ရသည်။ သူ့ဝတ်ပုံစားပုံအရ ရှေ့နေတစ်ယောက်ဖြစ်မယ်မှန်း ရွှန်း ခန့်မှန်းလို့ရပါ၏။ ဒါပေမယ့် သူကဘာအတွက်...?

""ဘာလို့ရပ်နေတာလဲ
ဟိုမှာ သွားထိုင်လေ သွား""

""ဟုတ်!""

ဒီစကားတစ်ခွန်းပဲတတ်တော့သည့်နှယ်...ပြောလိုက်တိုင်း 'ဟုတ်'တစ်လုံးပဲထွက်လာသည့် သူမကို ညွှန်း အလိုမကျသလိုတစ်ချက်ကြည့်လိုက်ပြီး 'သွား'ဆိုတဲ့သဘောနဲ့ မျက်ရိပ်ပြလိုက်တော့ ချက်ချင်းပဲဧည့်ခန်းဘက်ဆီ လှစ်ခနဲရောက်သွားတဲ့ သူမ...

""အားလုံးအဆင်သင့်ပြင်ပြီးပါပြီ မောင်စေညွှန်း""

""ကောင်းပါပြီ Thank you!""

ကိုကိုနဲ့အဲ့ဒီလူဘာပြောမှန်း ရွှန်း မသိပါ။ ဒါနဲ့ပဲ သူတို့နှစ်ယောက်ကို နားမလည်ဟန်လေးနဲ့လိုက်ကြည့်မိတော့...

""ဘာလို့လဲ...မင်းနဲ့ငါရဲ့လက်ထပ်စာချုပ်လေ""

""ရှင်!""

""ဘာလို့ဒီလောက်အံ့သြနေတာလဲ?
မင်းပဲ ငါ့ကိုရွေးချယ်တယ်ဆိုပြီး ငါ့နောက်လိုက်လာခဲ့တာမဟုတ်ဘူးလား? အဲ့တော့ ငါနဲ့လက်ထပ်ရမှာပေါ့...
တခုခုမှားနေလို့လား""

""ဒါ..ဒါပေမယ့် အခုချက်ချင်းက...""

""အခုပဲဖြစ်ဖြစ် နောက်ပဲဖြစ်ဖြစ် ဘာအရေးကြီးလို့လဲ
ဦးနိုင် ကျွန်တော့်ကိုစာချုပ်ပေး""

ကိုကိုပြောလိုက်တော့ ရှေ့နေဦးလေးကြီးက သူပြင်ဆင်လာတဲ့စာချုပ်ကိုလှမ်းပေးလေ၏။ ဒီလိုတွေကြိုပြင်ဆင်ထားပုံအရ ကိုကို အစကတည်းက ရွှန်းကိုခေါ်လာဖို့ရည်ရွယ်ထားပြီးသားပေါ့...ရွှန်း သူ့ကိုရွေးမယ်မှန်းလည်း သူကြိုတွက်ထားခဲ့တာပေါ့...။ ဒါနဲ့များတောင် လူတွေရှေ့မှာတော့ ရွှန်းကို ရွေးချယ်ခွင့်ပေးတဲ့ပုံစံမျိုးပြခဲ့သေးတယ်နော်...

အခုက ည(၉)နာရီပင်ထိုးလုနေပြီ။ ဒီအချိန်မှာ မင်္ဂလာလက်မှတ်ရေးထိုးမလို့တဲ့လား...ပြီးတော့ရှေ့နေကလည်း Private Lawyerဖြစ်ပုံရသည်။ ဒါကြောင့်လည်း ဒီလိုညအချိန်ထိ စောင့်ပေးနေတာ...။အခုလက်ရှိမှာ ကိုကိုဘယ်အဆင့်အတန်းနဲ့ ဘယ်လိုအနေအထားရောက်နေတယ်ဆိုတာ ရွှန်း ခန့်မှန်းကြည့်လို့တောင် မသိနိုင်တော့ပါ...

ဒါပေမယ့် မထင်မှတ်ထားစွာနဲ့ ကိုကို ရွှန်းဆီပြန်ရောက်လာခဲ့သလို ရုတ်တရက်ပဲ လက်ထပ်လက်မှတ်ထိုးခဲ့တဲ့အထိအခြေအနေတွေ ပြောင်းလဲပုံကမြန်ဆန်းလွန်းလှ၏။ အဆင့်ကျော်သလိုဖြစ်သွားရပေမယ့် အရင်ထဲက ရွှန်းနဲ့ကိုကိုက ချစ်သူတွေပဲလေ...။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်နှစ်ကြာမှပြန်ရောက်လာတာတောင် ရွှန်းအပေါ်မပြောင်းလဲခဲ့သေးလို့ အခုလိုလက်ထပ်တာပဲမဟုတ်လား...။

""ရပြီ...မင်းလည်းနားတော့
အောက်ထပ်မှာ အခန်းလွတ်တွေအများကြီးရှိတယ်
ကြိုက်တဲ့ တစ်ခန်းကိုယူလိုက်""

""ကိုကို""

""ဘာလဲ? ဘာပြောစရာကျန်သေးလဲ?""

""ဒီနှစ်တွေမှာ ကိုကိုဘယ်ကိုရောက်နေခဲ့တာလဲဟင်
ဘယ်မှာ...""

""အဲ့ဒါတွေအရေးမကြီးပါဘူး...
ဒါက မင်းလိုချင်တဲ့အနေအထားမဟုတ်လား...
ပျော်ပျော်နေ...မင်းသိချင်တာတွေ အချိန်တန်ရင်သိရမှာပေါ့အခုတော့...ငါပင်ပန်းလို့ နားချင်ပြီ""

""ကိုကို အဲ့ဒီ့နေ့က ရွှန်း စေ့စပ်...""

""မင်းကို တော်တော့လို့ငါပြောနေတယ်
အခုမှ သိပ်ရှင်းချင်နေလား...မင်းပြောပြလည်းငါ မသိချင်တော့ဘူး...""

ပြောပြီးတာနဲ့ ကိုကိုက လှေကားတစ်လျှောက်နင်းဖြတ်ကာ အပေါ်ထပ်သို့တက်သွားလေ၏။ နှစ်အကြာကြီး ရှင်းမပြဘဲ မျိုသိပ်ထားခဲ့ရတဲ့ ကိစ္စကို ဖြေရှင်းချက်လေးပေးဖို့ကြိုးစားသော်လည်း သူက စကားပင် အဆက်မခံဘဲ ခါးခါးသီးသီးဖြစ်နေလေ၏။ ရွှန်း သိလိုက်ပါပြီ..သူ ဒီအချိန်ထိ အဲ့ဒီကိစ္စအတွက် စိတ်နာနေဆဲပဲကိုးး...။

အခုချိန်ဆို မေမေတို့ရောဘယ်လိုနေမယ်မသိ။ သမီးအဖြစ်ကစွန့်ပစ်မယ်တဲ့! ထိုစကားကိုကြားရက်နဲ့ နောက်ပြန်မလှည့်နိုင်ခဲ့တာ ရွှန်းမှားသွားပြီလား...ဒီလိုဆိုပြီး ကိုကို့အနားကနေလည်း ပြန်မခွဲခွာနိုင် ။ ဒီခံစားချက်က တကယ့်ကိုခေါင်းစဥ်တပ်မရပါလား...။

~~~~~💞💞💞💞~~~~~

ရွှန်း ညကအတွေးများနေတာကြောင့် တော်တော်နဲ့အိပ်မပျော်ခဲ့တာမို့ အခုတော့ နောက်ကျမှ နိုးရပြီ...။

""အော်! မမလေး နိုးပြီလား
မနက်စာအဆင်သင့်ပြင်ထားပါတယ် မမလေး''"

အခန်းထဲကထွက်ထွက်ချင်းမှာပင် အပြုံးချိုချိုနဲ့လှမ်းပြောလိုက်တဲ့ အဒေါ်ကြီးတစ်ယောက်ကြောင့် ရွှန်း ကြောင်သွားရ၏။

ဒီအဒေါ်ကြီးကို မနေ့ကမမြင်မိပါဘူး...

""ဒါနဲ့ အဒေါ်က..?""

""အော်! အဒေါ့်နာမည်က ငွေမှုံပါ
ဒီနေ့ကစပြီး ဒီအိမ်မှာအလုပ်လုပ်ဖို့ သခင်လေးကမှာထားတာပါ...မမလေးခိုင်းချင်တာ ခိုင်းလို့ရပါတယ်""

""သခင်လေး??
သခင်လေးဆိုတာ ကိုကို့ကိုပြောတာလား""

""ဟုတ်ကဲ့
သခင်လေး စေညွှန်းပါ""

""အော်! ဒါနဲ့ ကိုကို့အခန်းက အပေါ်ထပ်ကဘယ်တခုလဲဟင်""

ရွှန်း တကယ်မသိလို့မေးလိုက်ခြင်းပါ ။မနေ့က ကိုကိုအပေါ်ထပ်တက်သွားတာတွေ့ပေမယ့် ဘယ်အခန်းကိုဝင်သွားလိုက်တယ်မသိ။ ရွှန်းကလည်း ကိုကိုပြောသလိုအောက်ထပ်ကအခန်းတခန်းမှာအိပ်ဖြစ်ခဲ့တာပါ ။ဒီအိမ်မှာ အပေါ်ထပ် ၊ အောက်ထပ်အခန်းတွေကလည်း အများသားကိုးး...

""သခင်လေးအခန်းက လှေကားရဲ့ဘယ်ဘက်ထောင့်စွန်းအခန်းပါ မမလေး...ဒါပေမယ့် သခင်လေးအခုမရှိဘူး
အလုပ်ကိစ္စနဲ့အပြင်သွားပါတယ်""

""သြော်! ဟုတ်လား...ဒါနဲ့သူဘာအလုပ်လုပ်တာလဲ
ဘယ်မှာလုပ်တာလဲ??ကြီးမှုံသိလားဟင်!""

""အဲ့ဒါတွေကို ကြီးမှုံလည်းမသိပါဘူး မမလေး
ဒီမှာအလုပ်လုပ်ဖို့ မမလေးကိုစောင့်ရှောက်ဖို့ကလွဲရင်ကျန်တာဘာမှမမှာခဲ့ပါဘူး""

""ဟုတ်ကဲ့ပါ...ဒါဆိုလည်း ကြီးမှုံလုပ်စရာရှိတာလုပ်နော်""

""ဟုတ်ကဲ့ မမလေး''"

အဲ့ဒီနေ့ကစပြီး ကိုကို အိမ်ပြန်မလာတော့တာ အခုဆိုသုံးရက်ရှိနေပြီ...။ ဆက်သွယ်စရာဖုန်းနံပါတ်တောင်မှမသိလိုက်တဲ့အဖြစ်မှာ ထိုင်စောင့်ရုံအပြင် ရွှန်းအတွက် ဘာနည်းလမ်းများကျန်မည်နည်း။ တစ်ညထဲနဲ့ ပဟေဠိဆန်ဆန်ပေါ်လာပြီး အခုကျ မတွေ့ရတော့ပြန်တာမို့ ရွှန်းစိတ်ထဲ အနည်းငယ်တော့အားငယ်လာမိ၏။ အရင်လို အကြာကြီးထပ်ပျောက်သွားမှာကိုလည်း သေမလောက်ပဲ ကြောက်ပါသည်...။

ထိုစဥွ...

""တီ! တီ!""

ခြံရှေ့က ကားဟွန်းသံနှစ်ချက်ကြားလိုက်ရပြီး...ခြံစောင့်ကတံခါးဖွင့်ပေးလိုက်တော့ ကားအဖြူရောင်လေးတစ်စီးဝင်လာကာ...ကားပေါ်ကဆင်းလာသည့်လူကလည်း ရွှန်းကို ဖော်ရွေတဲ့အပြုံးမျိုးနဲ့နှုတ်ဆက်လေ၏။

""မင်္ဂလာပါ မမလေး""

""ဟုတ်! ဒါနဲ့ဘယ်သူလဲဟင်""

""အော်! ကျွန်တော်က မိုးZပါ
ဟိုနေ့က မမလေးကိုခေါ်လာတော့ ကျွန်တော်လည်းပါတယ်လေ...မမလေးမမှတ်မိဘူးထင်တယ်""

""ဟုတ်မှာပါ...အဲ့နေ့က ရွှန်းသတိမထားမိတာဖြစ်မယ်""

""ဟုတ်ကဲ့...အခုက သခင်လေးကျွန်တော့်ကိုခိုင်းလိုက်တဲ့ကိစ္စကြောင့်လာတာပါ...ဒီကားက မမလေးအတွက်ပါ
သွားချင်တဲ့ နေရာရှိရင်သုံးပါတဲ့! ပြီးတော့ ဒါက မမလေးအတွက် ဖုန်း""

ပြောလျက် ထိုသူက ရွှန်းထံသို့ လေးထောင့်ဗူးလေးတစ်ခုကမ်းပေးလေ၏။

""သူ...သူက အခုဘယ်မှာလဲဟင်
သူ့ဖုန်းနံပါတ်ကရော ဘာလဲ""

ဘာမှကိုမသိနားမလည်စွာ အခုမှသူများတွေဆီတခုချင်းလိုက်မေးနေရတဲ့ ရွှန်းအဖြစ်က ရယ်စရာပင်ကောင်းနေရော့မည်...။ ဒါပေမယ့်လည်း မမေးကြည့်လို့မှမဖြစ်တာ...

""ဟို! မမလေး...
သခင်လေးက အဲ့ဒါတွေပြောပြဖို့မမှာလိုက်ပါဘူး ခင်ဗျ
မမလေးကို အခုပေးလိုက်တဲ့ဖုန်းရဲ့နံပါတ်...သခင်လေးသိပါတယ်...ပြောစရာရှိရင် သူ့ဘက်ကပဲဆက်ပါလိမ့်မယ်""

သူတာဝန်ရှိတာတွေရှင်းပြပြီး ထိုသူကပြန်သွားလေ၏။
ရွှန်းကတော့ ထိုနေရာမှာ ရပ်မြဲအတိုင်းရပ်နေမိလျက်...
မျက်ဝန်းထဲက မျက်ရည်များစီးကျလာသည်ကိုပင် သတိမထားမိ...

ဒါက ဘယ်လိုသဘောတွေလဲ ကိုကိုရယ်...
ကိုကို ညီမလေးကို မကျေနပ်ရင် စိတ်ဆိုးနေရင် မျက်နှာချင်းဆိုင်ပြီး ပြောလို့ရပါတယ်...ကိုကိုသာမေးခဲ့ရင် ကျေနပ်တဲ့အထိ ရှင်းပြတောင်းပန်နိုင်တယ်...အခုကျ ဖြေရှင်းဖို့ စကားတစ်ခွန်းတောင်ပြောခွင့်မပေးပဲ...ဒီလိုနည်းလမ်းတွေနဲ့ စိမ်းကားပြနေတာက ရွှန်းကို တမင်ရက်စက်ချင်လို့လား....

~~~~~💞💞💞💞~~~~~

""သခင်လေး...ခိုင်းတာတွေအကုန်လုပ်ပြီးပါပြီ""

""အင်း...သူဘာပြောသေးလဲ""

""ဘာမှတော့မပြောပါဘူး...ဒါပေမယ့် စိတ်မကောင်းတော့ဖြစ်သွားပုံပဲ...ဒါနဲ့သခင်လေး မရမကခေါ်တုန်းကခေါ်လာပြီး အခုကျဘာလို့တစ်ခေါက်တောင်ထပ်သွားမကြည့်တာလဲ?""

""မင်းသိစရာမလိုပါဘူးကွာ...
နောက်ထပ်ခိုင်းထားတဲ့ကိစ္စရော""

""ဟုတ်! ကျွန်တော်စီစဥ်ပြီးပါပြီ
ဒီမှာစာချုပ်ပါ""

မိုးZ ကမ်းပေးလာသော စာရွက်တွေတစ်ချက်ကြည့်ရင်း ညွှန်း နှစ်ခြိုက်စွာပြုံးလိုက်မိ၏။ ပြီးမှ...

""Ok! သွားရအောင်""

~~~~~~

""မာမီတို့ ဒီအတိုင်းပဲနေကြမှာလား
ဟိုကောင်က သားရဲ့ မင်္ဂလာပွဲကိုလာနှောက်ယှက်ပြီး ရွှန်းကိုခေါ်သွားတာ...အဲ့ဒါ သက်သက်လာစော်ကားတာ...""

""ဒါပေမယ့်...ရွှန်း ကိုယ်တိုင်ကလိုက်သွားတာလေ သားရဲ့
ပြီးတော့ သူ့မိဘတွေကတောင်လိုက်မရှာတာ မာမီတို့ကဘယ်လိုလုပ်!""

""ဟာ! ဒါဆို ဒီအတိုင်းပဲလွှတ်ထားရမှာလား...
ဒယ်ဒီ...တခုခုပြောဦးလေ...ဘာလဲ ဒယ်ဒီ့သားကနေ့ချင်းညချင်း သူဌေးသားဘဝနဲ့ပြန်ပေါ်လာတော့ ဒယ်ဒီကျိတ်ပျော်နေမှာပေါ့...ဒါမှမဟုတ် ဒီကောင်ထွက်သွားကတည်းက ဒယ်ဒီဖွက်ထားပေးပြီး ထောက်ပံ့ထားတာမဟုတ်လား""


""မင်းအဖေကို သိပ်အထင်ကြီးလွန်းနေပြီ မင်းပိုင်စေ""

ရုတ်တရက်ပဲ အိမ်ထဲဝင်လာကာ ပြောလိုက်သည့်အသံကြောင့် ဧည့်ခန်းမှာရှိနေတဲ့လူသုံးယောက်စလုံး အသံလာရာဆီ လှမ်းကြည့်လိုက်တော့...သူတို့ကို ခပ်တည်တည်ပဲစိုက်ကြည့်နေတဲ့ စေညွှန်း...

""မင်း...မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ""

""အင်း...ဟုတ်တယ် ဒါကမင်းအိမ်...အရင်တုန်းကလေ အခုမဟုတ်တော့ဘူး""

""မင်းဘာပြောတယ်""

""သြော်! Sorry! ဒီစကားကို မင်းနားမလည်ရင်...မင်းအမေတော့ နားလည်မယ်ထင်တယ်...
ဟုတ်တယ်မလား...ဒေါ်အိမ်စည်...""

မထီမဲ့မြင်အပြုံးတစ်ချက်နဲ့ သူ ဒေါ်အိမ်စည်ဘက်လှည့်ကာမေးတော့ ထိုမိန်းမကြီးက မလုံမလဲမျက်နှာဖြင့်..

""မင်း ...မင်းဘာတွေလာပြောနေတာလဲ?
ငါမသိဘူး..ငါဘာတစ်ခုမှမသိဘူး""

""မသိဘူးဆိုလည်းပြောပြမယ်လေ
လွန်ခဲ့တဲ့ ၆လက ခင်ဗျားသွားနေကျ ဒေါ်ကေသီတို့အိမ်ကဖဲဝိုင်းမှာ ဒီအိမ်ဂရန်စာချုပ်ကိုတင်ပြီး လောင်းကြေးထပ်ခဲ့တာလေ...ခင်ဗျားမမှတ်မိတော့တာလား အတိတ်မေ့သွားတာလား""

ပြောလျက် သူ့လက်ထဲက စာချုပ်ကိုပြလိုက်တော့ ဒေါ်အိမ်စည် သွေးပျက်သွားတဲ့မျက်နှာမှာ မြင်မကောင်း...။သူ့လုပ်ထားတဲ့ကိစ္စ သူသိတာကိုး...။တကယ်ပဲ ဒေါ်အိမ်စည်က ဒီအိမ်ကို သူ့မိတ်ဆွေထံပေါင်ထားခဲ့ပြီး အခုဆို ပြန်ရွေးဖို့နေ့ရွှေ့ညရွှေ့နဲ့ပတ်ရှောင်နေလို့ အပေါင်ဆုံးတော့မည့်အခြေအနေရောက်နေပြီ...သူဒီနိုင်ငံကိုပြန်ရောက်တော့ ဒီမိသားစုရဲ့အကြောင်းတွေ တစွန်းတစစုံစမ်းရင်း သိခဲ့ရတာမို့ အဲ့ဒီအကြွေးကိုချေကာ စာချုပ်ကိုလက်လွှဲယူခဲ့ခြင်းပင်...။

""ဒါအမှန်ပဲလား...ငါမေးနေတယ် ဒါအမှန်ပဲလားလို့""

ဦးအောင်စေလည်း ဇနီးဖြစ်သူရဲ့လုပ်ရပ်ကြောင့်
ဒေါသတွေပေါက်ကွဲလျက်မေးတော့....

""ဟို...ဟို...အကို အဲ့ဒါကလေ""

'"ထားပါ...ခင်ဗျားတို့မိသားစုကိစ္စနောက်မှရှင်း...
ကျုပ်ပြောတာအရင်နားထောင်...ဒီနေ့ကစပြီး ဒီအိမ် ဒီခြံက စေညွှန်းဆိုတဲ့ ကျုပ်ရဲ့အပိုင်ဖြစ်သွားပြီ...ဒါပေမယ့် ခင်ဗျားတို့ဒီအိမ်ကနေပြောင်းစရာမလိုဘူးနော်...ကျုပ်နေခွင့်ပေးတယ်...သိထားသင့်တာကိုပဲလာပြောပြတာ""

""ဒါ မင်းတမင်သက်သက် ငါတို့ကိုအာဏာလာပြနေတာ...
နေစမ်းပါဦး! ငါတို့အိမ်ကနေလက်ဗလာနဲ့ထွက်သွားတဲ့မင်းက ဒီသုံးလေးနှစ်အတွင်း ဘာတွေများလုပ်ခဲ့လို့ အခုလိုဖြစ်သွားရတာလဲ?""

""ဒီလိုမေးနိုင်သေးတယ်ဆိုတော့ မင်းအခုထိအသိတရားမရသေးဘူးပဲ...ထားလိုက်ပါ...နောက်မှထပ်တွေ့ကြတာပေါ့...
ငါ သွားတော့မယ်...မင်းတို့မိသားစုကိစ္စဆက်ရှင်းလိုက်ဦး...See you!""

ပြောပြီးတာနဲ့ သူထိုနေရာကိုကျောခိုင်းထွက်လာခဲ့ရင်း...တစ်နေရာအရောက်မှာခြေလှမ်းတို့ရပ်တန့်လိုက်မိသည်။ လှမ်းမြင်နေရတဲ့ ခြံထဲက ထိုင်ခုံလေးမှာ တစ်ချိန်ကရယ်မောပျော်ရွှင်စွာ စကားပြောခဲ့ဖူးသော ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ရဲ့ပုံရိပ်ကို ယနေ့ထက်တိုင်မြင်ယောင်ပါ၏။

ပြီးတော့ အရင်က ညွှန်း နေခဲ့ဖူးတဲ့အခန်းကျဥ်းလေးကိုလည်း အကြည့်ရောက်မိပြန်သည်။ အခုချိန်မှာ အဲ့ဒီတုန်းကအခြေအနေနဲ့ဘာမှမတူအောင်ကွာခြားခဲ့ပေမယ့် သူအမှန်တကယ်ပျော်ရွှင်မနေဘူးဆိုတာ သူကိုယ်တိုင်သာသိပါသည်။
အရင်က ဒီအိမ်မှာမျက်နှာငယ်စွာနေခဲ့ရသော်လည်း အမြဲတမ်းအနားမှာရှိနေပေးတဲ့ သူမကြောင့် ညွှန်း စစ်မှန်စွာပျော်ရွှင်ခဲ့ရဖူးသည်...ဒါပေမယ့် အခုချိန်မှာ အရာအားလုံးအပေါ် အငြိုးဖြင့်နှောင်ဖွဲ့နေမိတဲ့ သူ့နှလုံးသားက အဘယ်မှာငြိမ်းချမ်းနိုင်မည်နည်း...။

အားလုံးထက်ပိုချစ် ပိုအလေးထားခဲ့ရတာကြောင့် အားလုံးထဲမှာသူမ ပေးခဲ့တဲ့ဒဏ်ရာက အနက်ဆုံးဖြစ်နေခဲ့သလို...အမှားနည်းနည်းလေးကိုတောင် ခွင့်လွှတ်ပေးနိုင်ဖို့ခက်ခဲနေသည်ဆိုရင် သူလွန်နေမလား...

အခုဆို သူမဆီသွားမတွေ့ခဲ့တာကြာနေပြီ။
သူမ...အဆင်ပြေနေပါ့မလား မသိ...။

💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-12 Coming Soon!

မတင်တာကြာလို့မေ့ကုန်ကြပြီလားဟင်😥
ကြားမှာ ၅ရက်တောင်ခြားလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်ရှင့်...ဝတ္ထုတိုဘက်စိတ်ရောက်သွားလို့ ဒီဘက်ကိုနည်းနည်းလွတ်သွားမိပါတယ်...readersတွေများလှတယ်မဟုတ်ပေမယ့် ဖတ်လက်စသူလေးတွေအပါ်မှာ လေးစားသမှုရှိရမယ်ဆိုတာ Wineသိပါတယ်...တောင်းပန်ပါတယ်ရှင့်🙏
နောက်အပိုင်းတွေကို ပုံမှန်upသွားပါမယ်နော်😘

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: