book

Index 10

Part-( 10 )

🌧🌧️️ ကိုကို မုန်းရက်ခဲ့ရင်...🌧️🌧

ရွှန်း မျက်စိရှေ့မှာရှိနေတဲ့ အဖြစ်အပျက်တွေကို မျက်လုံးအကြောင်သားနဲ့သာ ရပ်ကြည့်နေမိသည်။ ဘယ်သူမှ ကိုယ့်ဘက်မရှိတဲ့ အခြေအနေမှာ ဘယ်လိုလုပ်ရပ်နဲ့များ ဒီအခြေအနေကို ဖြေရှင်းနိုင်မည်နည်း...။
ရွှန်း တကယ်ကို စဥ်းစားနိုင်စွမ်းမရှိတော့ပါ...
စိတ်ပျက် စိတ်ကုန်လွန်းလို့ အရာအားလုံးကို လက်လွှတ်အရှုံးပေးပြီး ဒီလောကကြီးထဲကကို ပျောက်ကွယ်သွားလိုက်ချင်ပြီ...။

"" ဒီနေ့ ကျွန်တော်တို့ပွဲလေးကို ကြွရောက်ပေးကြတဲ့ ဧည့်သည်လူကြီးမင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်...
လာလေ...ရွှန်းလေး...""

မင်းပိုင်စေက တစ်ဖက်ကိုပြောလျက်နှင့်ပင် မတုန်မလှုပ်ကျောက်ရုပ်ပမာ ရပ်နေသော ရွှန်းဘက်ကို လက်ကမ်းလျက်ပြောလေ၏။

""ကျစ်! လာပါဆိုကွာ""

ရွှန်း ဒီအတိုင်းဆက်ရပ်နေတော့ သူကစိတ်မရှည်သလိုဟန်နဲ့ လျှောက်လာပြီး လက်ကနေဆွဲခေါ်ကာ...

""အားလုံးပဲ...သိတဲ့အတိုင်း ဒီနေ့က ကျွန်တော့်ရဲ့သတို့သမီးဖြစ်တဲ့ သူမလေးရဲ့ မွေးနေ့ပါ ...ပြီးတော့ မင်္ဂလာညစာစားပွဲလေးလည်း ဖြစ်ပါတယ်...ရွှန်းလေးရဲ့မွေးနေ့မှာအမှတ်တရဖြစ်စေချင်လို့ dinnerပွဲကိုကြိုလုပ်လိုက်တာပါ...နောက်ထပ်ဧည့်ခံပွဲကိုလည်းထပ်ပြီးကျင်းပဖို့စီစဥ်ထားပြီးပါပြီ ခင်ဗျ""

""Woww! 👏👏👏""

သူ့စကားအဆုံးမှာ ဧည့်သည်တွေအားလုံးက လက်ခုပ်လက်ဝါးတီးကား အားပေးကြလေ၏။

""ရွှန်းလေး...ကိုယ်တို့လက်ထပ်ကြမယ်နော်""

ပြောပြီးတာနဲ့ သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ တစ်စုံတစ်ခုထုတ်ယူလိုက်ပြီး...လက်ထဲမှာတော့ အနီရောင်ကတ္တီပါဗူးလေးတစ်ခုပါလာလေ၏။
ပြီးတော့ သူက ရွှန်းရဲ့ဘယ်ဘက်လက်လေးကို လှမ်းယူလိုက်ကာ...လက်စွပ်ဝတ်ပေးမည်အပြု...

""Happy Birthdayပါ...ညီမလေး"""

""ဟင်!""

ရုတ်တရက်ကြားလိုက်ရသော်လည်း ရင်းနှီးလွန်းလှတဲ့အသံကြောင့် ရွှန်း ရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားကာ...အသံလာရာဆီလှမ်းကြည့်လိုက်မိတယ်ဆိုရင်ပဲ...တွေ့လိုက်ရတာက ကောဇောနီခင်းထားတဲ့လျှောက်လမ်းထက် တစ်လှမ်းချင်းလျှောက်လှမ်းလာနေသော လူတစ်ယောက်...

ရင်းနှီးခဲ့ဖူးသောပုံရိပ်မှာ ပြောင်းလဲမှုတို့ပြည့်နှက်နေခဲ့ပြီဖြစ်ပေမယ့် သူဟာ ရွှန်းရဲ့ကိုကို ဆိုတာ...နှလုံးသားကအလိုလိုခံစားလို့ရနေသည်မို့...

""ကိုကို...""

ဘေးက ကိုကိုကြီးကတော့ ထိုလူဆီတစ်လှည့် ရွှန်းဆီကိုတစ်လှည့်ပြန်ကြည့်ကာ...မယုံနိုင်သောမျက်လုံးတို့ဖြင့်...

""ဘာ...မင်း ဘာခေါ်လိုက်တာ""

ရွှန်း သူ့အမေးကိုအရေးစိုက်မနေဘဲ လက်ကိုလည်းအတင်းရုန်းလွှတ်ကာ ကိုကို့အနားသို့ ပြေးထွက်သွားမိ၏။
ကိုကိုကတော့ လျှောက်လမ်းရဲ့ အလယ်တည့်တည့်လောက်မှာရပ်နေလျက်...ရွှန်းထံသို့ အပြုံးလေးနဲ့ကြည့်နေလေသည်။

""ကိုကို...တကယ်ပဲ...ကိုကိုပြန်လာတယ်""

ညွှန်း သူ့ရှေ့မှာ ရပ်လျက် မျက်ရည်တွေကျကာ မေးနေသော သူမကို ခဏတော့စိုက်ကြည့်နေမိသည်..။.မတွေ့ရတဲ့ အချိန်တွေမှာ တမ်းတမ်းတတလွမ်းခဲ့ဖူးသလို...မပြေနိုင်သောနာကျည်းချက်ကလည်း အခုထိတိုင် ရင်ထဲနေရာယူနေဆဲ...။သို့ပေမယ့် ဒီလိုလွန်ဆွဲနေသောခံစားချက်နှစ်ခုကို ကောင်းတဲ့ဘက်သို့ဦးတည်ဖို့ သူကြိုးစားနေချိန်မှာ...သူမကတော့ဘာလုပ်နေခဲ့သလဲ...တခြားသူနဲ့လက်ထပ်ဖို့တောင်ကြိုးစားခဲ့သည်မဟုတ်လား...ဒီအတွက်ကိုတော့ သူလုံးဝမကျေနပ်နိုင်ပါ...

ဒါပေမယ့်လက်တွေ့မှာတော့...ညွှန်း စိတ်ထဲကအတွေးတွေကိုရှင်းထုတ်လိုက်ပြီး...

""အင်း...ကိုကိုပြန်လာပြီ...ညီမလေး
အကြာကြီးခွဲသွားမိတဲ့အတွက် တောင်းပန်ပါတယ်""

ပြောရင်းနဲ့ပင် သူမပါးပြင်ထက်က မျက်ရည်စက်လေးတွေကို လက်နဲ့ဖွဖွသုတ်ပေးလိုက်လေ၏။

""ကိုကိုရယ်...ရွှန်းလေ...ရွှန်း...""

စကားတွေအများကြီးပြောချင်ခဲ့ပေမယ့်...လက်တွေ့မှာတော့ ဘာမှမပြောနိုင်လောက်အောင် စကားတို့ဆွံ့အနေမိရင်း...ကိုကို့မျက်နှာကိုပဲမော့ကြည့်နေမိသည်...

ကိုကို အရမ်းကိုပြောင်းလဲသွားခဲ့ပါသည်...
ရုတ်တရက်ကြည့်ရင် ရွှန်းအရင်ကသိခဲ့တဲ့ ကိုကို့ပုံစံနဲ့လုံးဝကိုခြားနားနေခဲ့ပြီ...။ မျက်နှာပေါ်မှာ မည်သည့်ဆံစမှ ဝေ့ဝဲကျနေခြင်းမရှိတော့ဘဲ အပေါ်သို့သပ်ရပ်စွာလှန်တင်ထားတာမို့ မျက်နှာတစ်ခုလုံးကိုအရှင်းသားမြင်နေရကာ အရင်ကပါးပြင်ပေါ်မှာ ရှိခဲ့ဖူးသော အမာရွတ်မှတ်ကလေးနေရာမှာလည်း ပကတိချောမွေ့နေလျက်...။ဒါပေမယ့် အကြည့်...သူ့မျက်လုံးအကြည့်တွေကတော့ ရွှန်းအပေါ် အနည်းငယ်စိမ်းသက်နေသလိုပါပဲလား...

""ဟေ့ကောင်! မင်းဒီကို ဘာလာလုပ်ပြန်တာလဲ...
မင်း...မင်း အသက်ရှင်နေတုန်းပဲကိုးး
ငါက သေသွားပြီတောင်ထင်တာ...""

သူက ကိုကိုကြီး ပြောလိုက်သောစကားကိုလုံးဝအရေးမစိုက်သည့်ပုံစံဖြင့်...ရွှန်းလက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း...ရှေ့သို့ဆက်လျှောက်သွားလေ၏။

ပြီးတော့ ကိုကိုကြီးရဲ့ ရှေ့တည့်တည့်မှာရပ်ကာ...မျက်နှာကိုတည့်တည့်စိုက်ကြည့်လိုက်ပြီး...

""Sorry!ပဲ...မင်းရဲ့သတို့သမီးက ငါသိပ်ချစ်ရတဲ့မိန်းကလေးဖြစ်နေတော့...သူ့ကိုလက်ထပ်ဖို့ ငါခွင့်မပြုနိုင်ဘူး
မင်းဘာလုပ်မလဲ?""

""မင်း...ဘာစကားပြောတာလဲ....သေချင်လို့လား ဟမ်!""

ညွှန်းထံမှ စိန်ခေါ်သလိုပြောလိုက်သောစကားကြောင့် မင်းပိုင်စေရဲ့မျက်လုံးတွေမှာ ဒေါသတွေမီးလိုဟပ်လာပြီး...လက်တွေကလည်း ညွှန်းရဲ့အင်္ကျီကော်လံစကိုဆောင့်ဆွဲလိုက်လေ၏။ ဒါကို ညွှန်းဘက်ကလည်း ချက်ချင်းကိုတွန်းဖယ်ချလိုက်ကာ...နှစ်ယောက်သားရဲ့အခြေအနေက တင်းမာနေလျက်...။ ရုတ်ရုတ်သဲသဲဖြစ်သွားသောအခြေအနေကြောင့် အနားသို့လည်းလူတစ်ချို့ဝိုင်းအုံလာကြပြီး ထိုအထဲတွင်ရွှန်းတို့မိဘတွေလည်းပါသည်...

""စေညွှန်း...နင်ငါ့သားရဲ့ မင်္ဂလာကိစ္စကိုထပ်လာရှုပ်ပြန်ပြီလား...ထွက်သွား...နင်အခုချက်ချင်းထွက်သွားစမ်း""

ဒေါသတကြီးနဲ့ဆွေ့ဆွေ့ခုန်အော်ဟစ်နေသော ဒေါ်အိမ်စည်ကို ညွှန်းတစ်ချက်ပဲလှမ်းကြည့်လိုက်မိသည်...။ဒီမိန်းမကြီးက သူ့သွေးသားကျ တော်တော်သိတတ်တာပဲ...ဟင်း!
သူ လှောင်ပြုံးတစ်ချက်ပြုံးကာ ညီမလေးဘက်သို့ပြန်လှည့်ကြည့်လိုက်ရင်း...

""ကိုယ့်ရဲ့လက်ရှိအခြေအနေလောက်နဲ့ဆို...မင်းမငြင်းလောက်တော့ဘူးထင်ပါတယ်...ဘယ်လိုလဲ...
ကိုယ့်ဆီလာခဲ့နိုင်မလား...'"

သူ့ကို အံ့သြစွာမော့ကြည့်လျက်...ချက်ချင်းခေါင်းငြိမ့်ပြတဲ့သူမကြောင့် ညွှန်းမျက်နှာကို မသိမသာ မဲ့လိုက်မိသည်...

'အင်းပေါ့...အခုအခြေအနေကိုတော့ မင်းဘယ်ငြင်းမလဲ ချစ်ရည်ရွှန်း...အရင်က ငါသိမ်ငယ်ခဲ့ရတဲ့ဘဝမှာကျ မင်းငါ့ကိုဘယ်လိုပြောခဲ့သလဲ...'

ရင်ထဲရှိနေတဲ့စကားတွေကို ခပ်ရေးရေးအပြုံးတစ်ခုနဲ့ဖုံးကွယ်ကာ...အိတ်ကပ်ထဲပါလာပြီးသားဖြစ်တဲ့ စိန်လက်စွပ်လေးကိုထုတ်ပြီး...သူမရဲ့သွယ်လျလျလက်ချောင်းလေးထက် ဝတ်ပေးလိုက်လေ၏။

"""ကိုကိုနဲ့အခုချက်ချင်းပဲလိုက်ခဲ့တော့...""

""ရှင်!""

""မင်း လွန်နေပြီ...ညွှန်း
ရွှန်းက အန်တီတို့သမီးပါ...သူ့မှာမိဘတွေရှိတယ်
မင်းအခုလိုလုပ်ချင်တိုင်းလုပ်ရမယ်ထင်နေလား""

""ရတယ်...မရဘူးက ညီမလေးသဘောပါ...
အန်တီတို့နဲ့မဆိုင်ဘူး...""

""ဘာကွ!...မင်း""

ဒေါသမျက်နှာနဲ့ ရှေ့ကိုတိုးလာသူကတော့ ရွှန်းရဲ့ဖေဖေဖြစ်နေတာမို့...ရွှန်းက ကိုကို့ရဲ့အရှေ့ကနေပိတ်ရပ်လိုက်ပြီး...

""သူ့ကို မထိပါနဲ့""

""ရတယ် ...ညီမလေး ဘာမှမဖြစ်ဘူး
မင်းရဲ့ဆန္ဒကိုသာပြော...ဒီမှာနေခဲ့ပြီး မင်းပိုင်စေနဲ့လက်ထပ်မလား...ဒါမှမဟုတ်...ကိုကိုနဲ့လိုက်ခဲ့မလား""

""ငါက မင်းနဲ့တန်းတူယှဥ်ပြီးအရွေးခံရမယ့်အဆင့်မဟုတ်ဘူး...မင်းလိုကောင်ကများ""

မင်းပိုင်စေက ဒေါသတကြီးဖြစ်ကာ ကိုကို့ကိုတစ်ခုခုလုပ်တော့မည့်အနေအထားနဲ့လျှောက်လာချိန်မှာ...ချက်ချင်းဆိုသလိုပဲ အနောက်တိုင်းဝတ်စုံအနက်တွေဝတ်ထားသော လူတစ်ချို့ ပြေးဝင်လာပြီး ကိုကို့ဘေးမှ ကာရပ်လိုက်လေ၏။

""မင်းတို့ဘာလို့ဝင်လာတာလဲ??
အပြင်မှာပဲစောင့်လို့ ငါပြောခဲ့တယ်လေ...""

""သခင်လေးဝင်သွားတာကြာနေလို့...စိတ်မချလို့ပါ""

ခေါ်လိုက်သောနာမ်စားနဲ့ ညွှန်းရှေ့မှာရိုကျိုးနေသောထိုလူတွေကြောင့် မင်းပိုင်စေရဲ့ခြေလှမ်းတို့ရပ်တန့်သွားလေ၏။ကြည့်လိုက်ရုံနဲ့တင် တော်ရုံရင်ဆိုင်ဖို့မလွယ်တဲ့သူတွေမှန်း သူသိတယ်လေ...။ မထင်မှတ်ဘဲ ရှုပ်ထွေးကုန်သောအခြေအနေကြောင့် ပွဲကိုလာတဲ့သူတွေလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဒီဖြစ်ရပ်ကိုအထူးအဆန်းသဖွယ်ငေးကြည့်နေကြလေရဲ့...

""ငါ...ဘာမှမဖြစ်ဘူး...ဘေးဖယ်နေ""

""ဟုတ်ကဲ့""

ကိုကိုပြောလိုက်မှ ထိုလူတွေက ဘေးသို့ရွှေ့ရပ်လိုက်လေ၏။
ပြီးတော့ကိုကိုက ရွှန်းလက်လေးကိုဆွဲခေါ်ကာ ခြေလှမ်းကိုစတင်လိုက်တော့...အနောက်မှမေမေ့အသံက ထွက်ပေါ်လာလေသည်...

""ချစ်ရည်ရွှန်း...နင်အခုခြေတစ်လှမ်းထက်တိုးမယ်ဆိုရင် ငါတို့လည်း နင့်ကိုစွန့်ပစ်လိုက်တော့မယ်...ဒီနေ့ကစပြီး နင် ငါတို့သမီးမဟုတ်တော့ဘူး""

ထိုစကားကြောင့် ရွှန်းခြေလှမ်းတို့ရုတ်တရက်ရပ်တန့်သွားမိသလို...ကိုကို့ကိုမော့ကြည့်တော့ သူကလည်း ရွှန်းကိုပြန်ငုံ့ကြည့်နေတာမို့ မျက်လုံးချင်းဆုံသွားတဲ့အခိုက်... ရွေးချယ်ခွင့်ပြုတယ်ဆိုတဲ့သဘောနဲ့ ခေါင်းကိုငြိမ့်ပြပြီး...ရွှန်းလက်ကို လွှတ်ပေးခဲ့ကာ ဆန့်ကျက်ဘက်သို့ကျောခိုင်းလိုက်လေ၏။

ဟင့်အင်း! မဖြစ်ဘူး...ကိုကို ရွှန်းကိုထပ်ပြီးထားခဲ့တဲ့အိပ်မက်ဆိုးကို ဆက်မမက်ချင်တော့ဘူး...ရွှန်း ကိုကိုနဲ့ထပ်ပြီးမဝေးချင်ဘူး...ဒီတော့...

သေချာသွားတဲ့ ဆုံးဖြတ်ချက်ရဲ့နောက်မှာ...ခြေလှမ်းကိုထပ်လိုက်ရင်း...ကိုကို့လက်ဖဝါးလေးတစ်ဖက်ကိုပြန်ဆုပ်ကိုင်လိုက်တော့ သူက ရွှန်းဘက်သို့ပြန်လှည့်ကြည့်ကာ...

""မင်း...နောင်တမရမှာသေချာလား""

""ညီမလေး...ကိုကို့အနားမှာပဲနေချင်တယ်...
ဒါကြောင့် ထပ်ပြီးမထားခဲ့ပါနဲ့တော့...""

""အင်း...""

""ချစ်ရည်ရွှန်း...နင်!...နင်ကမိဘကိုသိက္ခာချတဲ့သမီးမိုက်ပဲ
ဒီနေ့ကစပြီး...ငါ့မှာနင့်လိုသမီးမျိုးမရှိတော့ဘူး...""

ဒီစကားတွေကိုကြားသော်လည်း..ရွှန်းခြေလှမ်းတို့ကိုမရပ်တန့်မိတော့...။ မေမေတို့လည်း သမီးရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ လုပ်ချင်တိုင်းလုပ်ခဲ့ကြတာပဲလေ...ဒီတစ်ခါတော့ ထပ်ပြီး နောင်တမရချင်တာမို့...သမီးကိုခွင့်လွှတ်ပါ...

တောင်းပန်စကားကို စိတ်ထဲကပဲဆိုခဲ့ရင်း...ရွှန်း ကိုကို့လက်ကိုတွဲကာ ထိုပတ်ဝန်းကျင်ကိုကျောခိုင်းလိုက်တော့၏။
ဘေးက များစွာသောမျက်လုံးအကြည့်တွေကိုလည်း လျစ်လျူရှုလျက်ပေါ့...။

ဒီအဖြစ်အပျက်အစအဆုံးကို တစ်ခွန်းမှဝင်မပြောဘဲ ဘေးကပဲတိတ်ဆိတ်စွာကြည့်နေသူတစ်ယောက်ကတော့...ညွှန်းရဲ့အဖေအရင်းဖြစ်သူ...ဦးအောင်စေ ပဲဖြစ်သည်...။
ညွှန်း ပြန်ရောက်နေတာကိုသိပေမယ့်...ဒီနေ့ညပွဲမှာပေါ်လာလိမ့်မယ်လို့တော့ မထင်မိခဲ့...။

ဘာပဲဖြစ်ဖြစ်...မင်းဘဝလေး အဆင်ပြေနေတာတွေ့ရတဲ့အတွက် အဖေဝမ်းသာပါတယ် 'သား'...။....။
💭💭💭💭💭💭💭💭💭💭💭💭💭💭💭
Part-11 Coming Soon!

ရွှန်းကတော့ ယုံကြည်ပြီးလိုက်သွားပြီ...ဟိုကသူ့ကို ကျိတ်ငြှိုးနေတာမသိသေးရှာ😥
မသိဘူး...ရအောင်ချော့တော့😝

Readers/Writersလေးတွေအားလုံးက VIPပါ

#Seniorတွေအားလုံးကိုလေးစားလျက်
#WineSattCho


rate now: