book

Index 9

(အပိုင်း...၉)

သူ..ချန်ခဲ့လေသော 

*****************************


'' ဝေ လာလေ "


Spaghetti ဆိုင်ဘက်ကို ဦးတည်နေသည့်...နေသူရိန်လင်း ကိ​ုလှမ်းကြည့်ရင်း..

ဟိုဘက်ထိပ်က အသစ်ဖွင့်သည့် Steak ဆိုင်ဘက်သာ စိတ်ကရောက်နေသည်..


"Spaghetti စားမလို့လားကို "


'' အင်းလေ ဝေရဲ့... ''


'' ဟိုဘက်ထိပ်မှာ Steak ဆိုင်အသစ်ထင်တယ် "


'' inn ''


'' ကို က Spaghetti မှ Spaghetti ပဲလား Steak စားမကြည့်ချင်ဘူးလား "


'' Steakကအမြဲစားနေရတာပဲဝေရယ်...''


သူမ ဒီလောက် စကားဟနေသည်ပဲ...

တခါတလေ အလျှော့ပေးလိုက်လို့မရဘူးလား...


တကယ်ဆို သူမ ဘာမှပူဆာတက်တာမဟုတ်..

တောင်းဆိုတက်တာမဟုတ်....


''အင်းလေ ကိုက Spaghetti မှဆိုလဲ ဒီလိုလုပ် ဝေ ဘာဝေ Steak သွားစားလိုက်မယ်"


သူမ စိတ်အချည်ပေါက်ပေါက်နှင့်...


Steak ဆိုင်ဘက် ထွက်ခဲ့သည်....


သူမ အမြဲသူ ဦးဆောင်ခေါ်သည့်နောက်လိုက်

သူကျွေးတာစား...

လုပ်ခဲ့တာ....


တကယ်ဆို ဒီနေ့ သူမ နားချင်သည်....


ညစာကို အိမ်မှာပဲ တခုခုစားမည် စဥ်းစားထားတာ

နားရက်ဆိုသော်လည်း...

ဆိုင်ခွဲတွေ ဘက်သွားရသည်မို့ လူက ပြိုင်းချင်နေပြီ....စိတ်ကလဲ သိပ်မကြည်ချင်တာမို့ နားလိုက်ချင်ပေမဲ့..


သူရောက်လာပြီး......ညစာ သွားစားမည်ဟုခေါ်သည်မို့...

ထလိုက်လာတာဖြစ်ပေမဲ့.....


သူစားတာပဲ လိုက်စားရမည်...


သူမ မှာရွေးချယ်ခွင့်မရှိ.....


ကျမ အလိုကို တခါတလေလေး နဲနဲလေးတောင်လိုက်ပေးဖို့ အစီစဉ် မရှိဘူးတဲ့လား ကို 


စိတ်အချည်ပေါက်ပေါက်နှင့်ထွက်လာသည်မို့... စိတ်ကမကြည်ချင်တော့ သူမနောက်က လိုက်လာမည်မဟုတ်မှန်း သိသည်...

ထင်သည့်အတိုင်း Spaghetti ဆိုင်ထဲ.

ဝင်သွားသည်...


စားချင်စိတ်လဲ ရှိမနေတော့ပဲ....


ထိုနေရာမှ လှည့်ထွက်လာလိုက်တောသည်..


သူ့ကားနှင့် လိုက်လာသည်မို့.....


Taxi နှင့်သာ အိမ်ပြန်လာခဲ့သည်...


စိတ်ညီးညူပြီး မနေတက်တဲ့အကျင့်ကြောင့်


စ်ိတ်ပြေအောင် တခုခု လုပ်ဖိုစဥ်းစားရင်း...

ရေချိူး အလှပြင်ကာ...

Reformation ရဲ့ Fiona Two Piece ကို ရွှေးချယ်ဝတ်ဆင်လိုက်သည်..


လက်စကလက်ဖောင်းကလေးနှင့်...

Crop top အကျီ ကြပ်ကြပ်ကလေးက အဆီပိုမရှိ ကျစ်လစ်သော သူမ ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီနေကာ...

အောက်က စကဒ် ရှည်ရှည်လေးနှင့်မို့....

အမြင်လဲ ရိုင်းမနေ...

နှုတ်ခမ်းနီရဲရဲနှင့်...အကျီအနီရဲရဲတို့က


ဖြူဝင်းနေသည် သူမအသားအရည်နှင့်လိုက်ဖက်ညီနေကာ..

အကျီနှင့်စကဒ်ကြားမှာ လှစ်ဟပေါ်နေသော ဗိုက်သား ချပ်ချပ်ကလေးမှာ ရင်ခုန်စရာ...


သူမထိုင်နေကျ Happy Paradise bar ဆီ ဦးတည်လာခဲ့ကာ..

သူမ ဝင်လာသည်နှင့် ပုရိသတို့၏ မျက်ဝန်းတွေ ကပ်ပါလာခဲ့သည်...


ခပ်မှောင်မှောင်ထောင့်စွန်းဝိုင်းတွင်ထိုင်ကာ...


သောက်နေကျ Happy Paradise Cocktail မှာသည်..

အသီးတစ်ပွဲမှာကာ....

အေးအေးဆေးဆေးရှိလှကာ အနည်းငယ်စိတ်ကြည်လင်သွားရသည်..


" မ "


အသံလာရာမော့ကြည့်တော့ ချစ်စရာကောင်းတဲ့ကောင်လေး....

နှစ်လိုဖွယ်အပြုံးတွေနှင့်..


'' ရိုးထက်ဖြူ "


'' မ က ကျွန်တော့ကို မှတ်မိသားပဲ "


သူမ ပြန်ပြုံးပြလိုက်ကာ...


ပုံမှန်ဆို...စကားပြောမိမှာမဟုတ်သော်လည်း...


၃ ခွက်မြောက် Cocktail ကုန်ခါနီးမို့ လူက ရီဝေဝေရှိလှပြီ...ဒီအချိန်ဟာ

သိပ်စကားပြောလို့ကောင်းတဲ့ အချိန်မဟုတ်လား..


တိုက်တိုင်ဆိုင်ဆိုင် စကားပြောဖော်ရတာ ဘယ်လောက်ကံကောင်းလိုက်လဲ..


''တို့နဲ့အတူ ထိုင်မလား "


'' တကယ်လား "


''အင်း "


သူ သူမ နံဘေးတွင်

အတူလာဝင်ထိုင်ကာ....


စကားတွေ ပြောဖြစ်ကြသည်....


သူအကြောင်း.... အစုံအလင်နားထောင်ရသလို သူမ ကိုယ်တိုင်လဲ စိတ်လိုလက်ရ ​ပြောနေမိကာ..

ရင်ထဲပေါ့သွားသလို ခံစားရသည်..

သူနှင့်စကားပြောရတာ အဆင်ပြေသည်...

သူမရဲ့ ခက်ထန်ထန် စကားတွေကို နှစ်လိုဖွယ် အပြုံးလေးနှင့်နားထောင်သည်..

ကို... ကိုလိုမျိူး..


မိန်းကလေးက ဒါမျိူး မပြောရဘူးဆိုတာမျိူး..မတားမြစ်..

သူမကို နားလည်သည်...

စကားပြောနေရင်း..


အာသီသ ရှိသည်မို့...

အိပ်ထဲမှ ဆေးလိပ် ကိုထုတ်ပြီး...လက်ချောင်းတွေကြား ဟန်ပါပါညှပ်ကာ မီးညှိလိုက်သည်..


'' သောက်အုန်းမလား "


သူမ ကမ်းပေးသော ဆေးလိပ်ဘူးလို...ခေါင်းခါပြသည်မို့


'' မသောက်တက်ဘူးလား "


'' သောက်ပါတယ် အရမ်းသောက်လွန်းလို့ ဖြတ်ထားတာ ကျန်းမာရေးကြောင့်....

ပြီးတော့ မ က ကျွန်တော် ဆေးလိပ်သောက်တဲ့ အငွေ့ဆို ခံနိုင်ပါ့မလား "


'' ဟမ်း..ဟားး တို့က ဆေးလိပ်သောက်နေတာလေ "


'' သူများဆီက ဆေးလိပ်ငွေ့တွေတော့ မ ကို မရှူရှိက်စေချင်ဘူး "


'' ဘာထူးလဲ တို့သောက်တာလဲ...."


'' မသိဘူး...မ သောက်တာကို ခပ်ဝေးဝေးကိုမှုတ်ထုတ်မှာ. ကျွန်တော်သောက်လို့မှုတ်ထုတ်လိုက်တဲ့အငွေ့တွေက မ ဆီသွားမှာ Second smoker က ရောဂါ ပိုရတယ်မလား "


သူမ အားရပါးရ ရယ်လိုက်မိသည်..


'' မင်းကတို့ကို သွယ်ဝိုက်ပြီး ေရာဂါရမဲ့အကြောင်းပြောပြီး တားချင်နေတာလား "


'' နိုးပါ... မ.. ပျော်မယ်ဆို ဘာမဆို ဒီလူ တားဖို့စိတ်ကူးမရှိ "


ထို့နောက် သူမ အနားကပ်ကာ..


''မ ဆေးလိပ်သောက်တဲ့ပုံက သိပ်ဆွဲဆောင်မှု့ရှိတာ ကျွန်တော်က တားစရာလာ.း"


သူမ အငွေ့တွေကို မှုတ်ထုတ်လိုက်သည်မို့..


'' မ ဟာ တကယ့်ကို မူးယစ်စေတာပဲ "


အရမ်း စကားတက်နေပြီး...


ကလေးဆန်တဲ့ အပြောတွေကို သူမ ကြိုက်သည်မဟုတ်..

သို့သော် ရီဝေဝေ ဖြစ်နေသည့်အချိန်မို့ထင်ရဲ့


နားထောင်ကောင်းနေကာ...


ဒီကောင်လေးနဲ့...ခန ဖြစ်ဖြစ် ဆော့ကစားချင်သေးတယ် 

သူမကို ပြုံးပြနေတော့ သူ့ပါးပြင်က ပါးချိူင့်လေးကို သူမ လက်ညိုးနှင့် ထောက်လိုက်ကာ..


'' ဒီပါးချိူင့်တွေက... တို့အပိုင်ပဲ "


သူမ ပြောပြီး သဘောကျစွာ..ရယ်မောလိုက်ကာ


သူမနှုတ်ခမ်းနွေးနွေးတွေနှင့် သူ့ပါးပေါ်ကို ထိတွေ့လိုက်သည်..


'' မ ''

သူ့ပါးတွေရဲတက်သွားတာ...ဖြူလွန်းလှသည့်အသားရည်မို့ သိသာနေသည်..


'' မင်းက တကယ့်ကို ကလေးသာသာ ကောင်လေးပဲ "


ချာတိတ်ရေ...မင်းက တို့နဲ့ ကစားချင်တယ် မဟုတ်လား 

စိတ်မကောင်းစရာ... မင်းလို ကောင်လေးက တို့ကစားတဲ့ ဒဏ်ခံနိုင်ပါစေကွာ


rate now: