သူ..ချန်ခဲ့လေသော
******************************
သူမဆီသို့ သူဆက်တိုက် ဖုန်းတွေခေါ်မိသော်လည်း..
တီ ဆိုသောအသံနှင့်အတူ...
busy ဟုသာ ဖြေကြားနေသည်...
သူ့ဖုန်းကို block လိုက်တယ်လား.....
မြူခိုဝေလွင်ဆိုသည့်အမျိူးသမီးဟာ....
ထူးဆန်းစွာ ခန့်မှန်းရခက်သည့် အမျိူးသမီးပင်
ပြီးတော့.....
ရင်ခုန်ဖို့ကောင်းသည်...
မထိတထိ အပြုံးတွေနှင့် ချေချသွားသည့် အပြူအမူလေးတွေကို...
သူ အခုထိ မျက်လုံးထဲက မထွက်.......
ရင်ခုန်သံတွေမြန်လာကာ....
သူမကို သူစိတ်ဝင်စားလာမိသည်......
ထို့ကြောင့် သူ့အစီစဥ်တွေကို ရပ်တန့်ပစ်လိုက်တော့မည်...
သူမ ချစ်သူနှင့် သူမ ပျော်ရွှင်ပါစေလေ...
'' ဟေ့ရောင် ရိုးထက် "
'' ဟင်..."
'' အတွေးလွန်လှချည်လား.... "
''ရောက်နေတာကြာပြီလား "
ညီမလေး မရှိတော့ထဲက သူ...အိမ်မပြန်ဖြစ်တော့..
ညီမလေးကို ခေါ်လာမည်ဟု ရည်ရွယ်ထားသည့် တိုက်ခန်း ခပ်ကျဥ်းကျဥ်း လေးကိုသာ သူပြောင်းနေတော့သည်..
ညီမလေးကို ပြန်ခေါ်သော်လည်း.....
သူမအိမ်က ပိုကြီးသည်မို့ ဒီမှာမနေချင်ဟုဆိုကာ...သူ ကြိုးစားရှာဖွေကာ ဒီတိုက်ခန်းလေးကို ဝယ်လိုက်နိုင်သော်လည်းးးးး
'' မင်းအကူညီတောင်းထားတဲ့ကိစ္စ ''
'' ထူးပြီလား "
'' မင်းညီမက အကြီးကြီးနဲ့မှ သွားငြိနေတာ သူ့အိမ်ရှေ့မှာတွေ့ခဲ့တဲ့ ကားကို စုံစမ်းကြည့်တော့...ပိုင်ရှင်
မြူခိုးဝေလွင် ရဲ့ ဘဲကြီးဖြစ်နေတယ် "
'' ဘယ်လို "
'' အာ့ဘဲကြီးက တအားကို Low profile နဲ့နေတာမို့ စုံစမ်းရခက်တယ်...မြင်ဖူးသူနည်းတယ်...
ဒါပေမဲ့ မင်းကားကို မြူခိုးဝေလွင် တိုက်ချလိုက်တဲ့နေ့က မင်းငါ့ဆီ ဖုန်းဝင်ပြီးမကြာဘူး..
အဲ့အိမ်ထဲကနေ လောလောနဲ့ ထွက်လာတဲ့ ဘဲကြီးကို မြင်လိုက်တယ်...
သေချာပါတယ်...နေသူရိန်လင်း မှ နေသူရိန်လင်း အစစ် "
'' သေချာလို့လားကွာ...."
'' သေချာတယ်ဟေ့ရောင်...ငါ့အဖေမိတ်ဆက်ပေးလို့ သူနဲ့ တခါဆုံဖူးတယ်...
တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ သေချာမှတ်မိနေတဲ့ ရုပ်မျိူး "
'' တောက် "
တက်လဲ တက်နိုင်ပါပေ့ ဒီလူ......
''ရိုးရိုးကို ငါဘယ်လိုပြောရမလဲ ဒီကောင်မလေးက ငါဘာပြောပြော နားဝင်တာမဟုတ်ဘူး "
'' ဒီဘဲအထာက... မြူခိုးဝေလွင် မသိအောင် အပျော်ရှာတာမျိူးပဲ ဖြစ်လိမ့်မယ် အချိန်တန်ရင် သူတို့ချင်းပဲ ယူသွားမှာ ရိုးရိုးကို ငါတို့အတက်နိုင်ဆုံး အာ့ဘဲဆီက ဆွဲထုတ်ရလိမ့်မယ် "
သူ တချက် တွေဝေသွားသည်...
ခပ်ဆိုးဆိုး ညီမကို သူ ဘယ်လို ဆွဲထုတ်ရမလဲ...
ပြီးတော့....သူရင်ခုန်တဲ့ အမျိူးသမီးကိုရော.
ဒီလို လူရဲ့လက်ထဲမှာ...... ရှိနေတာ
ပျော်ရွှင်ရပါ့မလား......
''ဘုန်းမာန်....ငါ့ကို နောက်ထပ်တခုလောက်ထပ်ကူညီနိုင်မလား "
'' ပြောကြည့် "
''မြူခိုးဝေလွင် ဘယ်သွားတက်တယ် ဘာလုပ်တက်တယ်ဆိုတာ ငါသိချင်တယ် "
'' ဒါကတော့ သိပ်မခက်ပါဘူး Mon to Fri မနက်၁၀ ကနေ ညနေ ၅ နာရီထိ Lwin H.O(Haed office) မှာ ရုံးထိုင်တယ်...
အတိအကျရုံးဆင်းရုံးတက်တယ်...
Sat & Sun က တခါတလေ Jewellery ဆိုင်ခွဲတွေကို လိုက်စစ်တယ် တခါတလေ Spa or bar မှာ ရှိတက်တယ် "
'' မင်းက သိလှချည်လား "
'' သူ့ဘဲကြီးကသာ Low profile နဲ့နေတာ..
သူကတော့ Online မှာ ဆယ်လီပဲ သူ့ Social media မှာ Follower သိန်းချီရှိတယ်..ဒါပေမဲ့ မမက ကပ်စေးကွ Public နဲ့ ရက်ရက်ရောရော တင်တာဆိုလို့..
Jewellery ပုံတွေပဲရှိတယ်...
Follower တွေသိသိသာသာတိုးလာမှ.... သူပုံတွေအကုန် Public ကနေ Friend only change သွားတာ "
'' ဒါဖြင့် ဘယ်လို နာမည်ကြီးသွားရတာလဲ "
'' ကောင်လေး မမအကြောင်းကို သိပ်စိတ်မဝင်စားနဲ့ သိရလေ ရူးသွပ်လေဖြစ်မယ် "
'' အခုတောင် ရူးချင်နေပြီ "
'' ဟေ ဘယ်လို "
'' ဟုတ်တယ်...ငါ သူ့ကို လိုက်မလို့ "
'' ဟုတ်မှလဲ လုပ်ပါကွာ The Shinning Sun နော် ပြီးမှ ငါသတိမပေးဘူး မလုပ်နဲ့...
မင်းရော ရိုးရိုးရော နောက်ဆုပ်လိုက်ကြရင်ကောင်းမယ် ''
သူငယ်ချင်းထက် ညီအကိုလို မိသားစုလို ဖြစ်နေသော..
ဘုန်းမာန်က တားမြစ်သည်....
မင်းတားလဲ ဒီလူက နားမဝင်တော့ဘူးဆိုတာများ မင်းသိရင် ဘယ်လိုနေမလဲ..
ဘုန်းမာန် ပြောနေတာတွေကို ပြန်မဖြေပဲ....
ph ကိုသာ အသဲအသန် လုပ်နေသည်..
'' မင်းကတော့သွားပြီ "
''ဘာကိုလဲ "
'' မြူခိုးဝေလွင် ကို ရှာနေတာမဟုတ်ဖူးလား "
'' မတွေ့ဘူး "
''ကျစ် လုပ်ချင်ရာသာလုပ်တော့
Misty လို့ ရိုက်ရှာလိုက်...သူ့ပုံလေးတင်ထားလိမ့်မယ် wall ထဲဝင်ကြည့်လို့ လက်ဝတ်ရတနာတွေ တင်ထားရင် မင်းမမပဲ..
Social media ကို business ဆန်ဆန်သုံးတဲ့ မင်းမမ "
တွေ့ပါပြီ.....
Profile ကပုံလှလှလေးကို လက်က အလိုလို Save လုပ်မိကာ...
ဘုန်းမာန်ပြောသလိုပဲ....
လက်ဝတ်ရတနာတွေ သာ တင်ထားပြီး...
Profile က ပုံကလွဲရင်...
သူမ ပုံတွေသိပ် မတွေ့ရ...တခါတရံ စိတ်ကူးပေါက်ရင်တော့ Public နဲ့ လာတင်တက်သော်လည်းတင်ခဲသည်..
ဘာပဲ ဖြစ်ဖြစ် ချစ်ဖို့ကောင်းသည်လေ...
သူမ wall မှာ တင်လိုက်သမျှ desgin တွေကို သူ ရှာဖွေကြည့်မိသည်..
မန့်တွေဝင်ဖတ်မိသည်....
သူမ တင်လိုက်တာနှင့် ထို ဒီဇိုင်းတွေ ရောင်းအားထိုးတက်သည်တဲ့...
သူမ ဖုန်းကိုခေါ်ကြည့်သေးသည်...
အခုထိ block ထားဆဲပါပဲ.....
သူမ သွားတက်သည့်နေရာတွေကို....
သူ သွားဖို့ ကြိုးစားရမည်...
လုပ်ချင်ရာလုပ်တက်သည့် Type နှင့် သူမ ကို သူ ဘယ်လိုချည်းကပ်ရမလဲ..
'' ရိုးထက် မင်းမမ ဒီနေ့ bar မှာ ရှိနေတယ် တဲ့ "
သူ့ဘက်ကို လှမ်းပြောနေသည့်...
ဘုန်းမာန် ...
'' သူသွားနေကျ bar က ငါ့ဘော်ဒါ တစ်ကောင်ဖွင့်ထားတာ ဒီမှာကြည့် "
ဘုန်းမာန်ပြသည့် ဖုန်းကို သူ ယူကြည့်လိုက်တော့...
ဒီကောင်လှမ်းမေးထားသည်ကို ဟိုဘက်တစ်ယောက်က သူမ ပုံကိုလှမ်းရိုက်ပို့ပေးလိုက်ကာ..
တိုက်တိုက်ဆိုင်ဆိုင် အခုပဲရောက်နေတယ် ဟု ပြန်ဖြေထားသည်..
'' သွားရအောင် ''
အလိုက်သိတဲ့ သူငယ်ချင်းက ကားသော့လှမ်းပေးသည်...
သူခြေလှမ်းတွေဟာ..
အလိုလို တက်ကြွနေခဲ့တာများ.....
သူတို့နှစ်ယောက် သူမရှိရာ...
Happy Paradise bar ဆီသို့ ဦးတည်လာခဲ့ကြသည်...
သူမ အကြိုက်က ပျော်ရွှင်ခြင်း ဆိုတာ..
ထိုင်တဲ့ bar ကအစ..
Happy Paradise တဲ့လား......