သူ...ချန်ခဲ့လေသော
*******************************
ကျေးဇူးပြု၍ ကားပြင်ဆင်တဲ့ကုန်ကျငွေပို့ပေးပါခင်ဗျာ
မြူခိုးဝေလွင် ၏ ဖုန်းနံပတ်ကို message ပို့ပြီးနောက်...
သူ စိတ်ဝင်တစား...
သူမ ပြန်ပို့လာမည့် စာ ကို စောင့်နေမိသေးသည်...
တကယ်ဆို သူမ ပုံစံနှင့် အငြင်းခံလိုက်ရသည် ကို ဆက်ဆက်ခါနာမည်...
သူ့အား ဆက်သွယ် လာမည်ဟု တွက်ထားခဲ့သော်လည်း...
သူမ ဘက်မှ ငြိမ်နေလေတော့...
သူသာနေမထိ ထိုင်မသာ ဖြစ်လာရတော့သည်..
ဆက်သွယ်စရာ Reason က...
သူ တမင်တိုက်ချလိုက်သည့် ကား ကိစ္စသာရှိသည်မို့...
စာ ပို့လိုက်သော်လည်း...
သူမ ဘက်မှ ပြန်လည်ဖြေကြားခြင်းမရှိချေ.
ခန့်မှန်းရခက်တဲ့ အမျိူးသမီး...
ကျွီ...
ဒုန်း....
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည့် အသံနှင့်အတူ...
သူ့ကား
သိမ့်ခနဲ တုန်ခါသွားသည့်မို့...
အနောက်မှ ဝင်ကျုံးခံရသည်ကို အလိုလို သိလိုက်ကာ..
Back မှန်မှ လှန်းကြည့်လိုက်တော့ ထင်သည့်အတိုင်းပင်.......သူ ကားပေါ်မှအမြန်ဆင်းလိုက်ကာ တိုက်မိသည့်နေရာသို့ ဆင်းကြည့်သော်လည်း
နောက်ကားမှ မောင်းလဲမပြေးသလို ထွက်လည်းမလာခဲ့...
'' ဒေါက် ဒေါက် ''
ကားမှန်ကို ခေါက်လိုက်တော့...
တဖြေးဖြေးပွင့်လာသည့်မှန်နှင့်အတူ...
နှုတ်ခမ်းနီရဲရဲ ကိုဆိုးထားလျှက် ခန်းမှန်းရခက်သောအပြုံးနှင့် ဆီးကြိုနေသော..
သူမ..
ခပ်ခွေခွေကောက်နေသော ဆံပင်ရွှေအိုရောင်ရယ်..ကိုယ်ကြပ် အကျီလေးဟာ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်မှာ ချပ်ချပ်ကပ်ကပ်နှင့်..
ဆွဲဆောင်မှု့ရှိလှသည်...
နက်မှောင်သည့် မျက်ဝန်းတွေမှာ အကြောက်အလန့် ကင်းမဲ့နေပုံက... ရည်ရွယ်ချက်ရှိရှိ တိုက်ချလိုက်ပုံရသည်..
'' မြူခိုးဝေလွင် ''
'' baby မင်းနဲ့ တို့ ကျေပြီနော် "
သူမ ဆိုလိုရင်းကို သူ သဘောပေါက်သလိုရှိတာမို့...
တိုက်မိထားသည့်နေရာကို တချက်ပြန်ကြည့်တော့.....သူ တိုက်ချခဲ့သည့်ပုံအတိုင်း အပိုလို မရှိ
'' a hak ''
သူ ပြုံးပြလိုက်မိကာ....
ခပ်ရေးရေး ပေါ်လာတက်သည့် ပါးချိူင့်ကလေး ထင်းကနဲ ပေါ်လာသည့်အခါ...
သူမ အသေအချာ ကြည့်နေမိကာ
'' ပြုံးလိုက်တော့ ပါးချိူင့်လေးနဲ့ လှသားပဲ ''
'' Thank အမ... အမလဲ အရမ်းကို Brave ဖြစ်လွန်းတာ အရမ်းကြည့်ကောင်းတယ် ''
'' ဒါဖြင့် ကိုယ်တို့ကြေပြီနော် ''
ကြေပြီနော်ဆိုတာ.....သူမကို နောက်ထပ်မဆက်သွယ်ဖို့ပြောဟန်တူသည်...
ခပ်ကြမ်းကြမ်းမောင်ထွက်သွားခဲ့သော...
သူမရဲ့ကားနီနီကလေး အဝေးရောက်သည်အထိ...
သူမရဲ့အပြုံးတွေ......
သူမျက်ဝန်းထဲ စွဲကျန်နေခဲ့သည်....
ခုန်ပေါက်သွားတဲ့ ရင် အစုံကို ဖိရင်း.....
သူ......သူမကိုမြားးးးးးးးးးး
....................................................................
ဒှီးးးးးးးးး
Ph vibrate သံကြားတော့....
bathtub ထဲ ရေစိမ်ရင်း...
နံဘေးရှိ ဖုန်းကို လှမ်းယူကြည့်လိုက်တော့...
Unknown No. ပေမဲ့ ဒီနံပတ်ဟာ...
ဟိုကောင်လေး နံပတ်မှန်း သူမ သိလိုက်တာမို့...
မကိုင်ပဲ ပြန်ချထားလိုက်သည်....
ဆက်တိုက်ဝင်လာသည့် ဖုန်းသံကြောင့်....
ထိုနံပတ်ကို... block ပစ်လိုက်ပြီး
ခပ်ထေ့ထေ့ အပြုံးတို့နှင့် ပြုံးလိုက်ပြီး...
မျက်ဝန်းတို့ကို မှိတ်ပစ်လိုက်သည်...
မင်း... ငယ် သေးတယ် ချာတိတ်
'' ဝေ... ဖျားမယ် မြန်မြန်လုပ်နော် အိပ်ပျော်နေတာလား "
အပြင်ကနေ တံခါးခေါက်ရင်း...
အော်ခေါ်နေတဲ့ နေသူရိန်လင်း အသံကြားမှ ရေချိူးခြင်းကို အဆုံးသတ်ကာ..
အမြန်ထွက်ခဲ့လိုက်သည်...
'' ကို "
'' ဒီနေ့ ကား Accident ဖြစ်တယ်ဆို ဝေ "
'' ဟင်... ကို ကျမကိုများ စောင့်ကြည့် နေသလား အသေးစားလေးပါ ကို ရယ် ကျမ ရှင်းပြီးပြီ "
''ဝေ! !!! ''
'' ကို ဘာလို့ ဒီလောက်ဒေါသကြီးနေတာလဲ "
'' မင်း ပြသာနာ တခုခု ဖြစ်တိုင်း...ကိုယ့်ကို သတိရဖို့ စိတ်ကူးမရှိဘူးလား ဝေ
ကိုယ်က ဘာကောင်လဲ...
ကိုယ်ကအမြဲ သူများပြောမှသိရတယ် ဝေ
မင်းအတွက် ကိုယ်က ဘာကောင်လဲဆိုတာ ကိုယ်တကယ်မသိတော့ဘူး ဝေ ''
'' စိတ်ညစ်စရာတွေ သယ်ပို့မထားပါနဲ့လား ကိုရယ်... ကျမ အကြောင်းလဲသိသားနဲ့ ကိုယ်ရယ် တယောက်ထဲ ကြီးပြင်းလာရတဲ့အခါ ကျမ ကို့အားကိုယ်ကိုး ရှင်သန်တက်တာအပြစ်လား....
ကျမ လိုအပ်တဲ့ ကိစ္စ ကြီးကြီးမားမားဆို ကို ကိုခေါ်မှာပေါ့ အားကိုးမှာပေါ့ ကို ကလဲ ကွာ "
'' မင်း ဘယ်တုန်းကမှ မလိုခဲ့ဘူးလေ...
မင်းဘဝမှာ ဘယ်လိုပြသာနာ မျိူးမှ ကြီးမားမှာလဲ ဝေ...
ကိုယ်ကမင်းအတွက် လို သုံးအဆင့်တောင်မဟုတ်ဘူး လို ကို မလိုအပ်တဲ့သူလား "
'' ကို "
သူမ လက်ချောင်းသွယ်သွယ်ကလေးဖြင့် သူ့နှုတ်ခမ်းတွေကို ထိကပ်လိုက်ကာ..
'' ကျမ ဘဝမှာ ကို့ ကို အလိုအပ်ဆုံး ဆိုတာ ကို...သိပါတယ်ကွာ နာကျင်စေမဲ့ စကားတွေ မပြောပါနဲ့လား ''
'' မင်း..ကိုယ့်ကို ချစ်ရဲ့လား "
'' ကို ကရော "
'' ကိုယ်မေးတာ အရင်ဖြေမှပေါ့...... ချစ်သေးရဲ့လား ဝေ...
မင်းသိရဲ့လား...ကိုယ်ကလေ မင်းကို လုံးဝ အဆုံးရှုံးမခံနိုင်အောင် ချစ်တယ် ဝေ "
'' ချစ်တယ်... ''
သူမ ဆီက တခြား အပိုစကားတွေမကြားရ...
ထိုစကားတခွန်းသာ ပြောပြီး... သူ့ပခုံးတွေကို သိုင်းဖတ်လာသည်...
တကယ်ကို သူက အရပ်မြင့်သည့်ယောက်ျားဖြစ်သော်လည်း..
သူမ အရပ်အမောင်းက သူနဲ့ အရမ်းကွာမနေတာမို့...
သူ့ရင်ခွင်ထဲ သူမ မှီနွဲ့နေသည်က ရှားသည်..
မိတ်ကပ်မပါ ပကတိအတိုင်း လှပနေသည့် ပင်ကိုအလှဟာ..
နှုတ်ခမ်းရဲရဲတွေဆိုးထားသလို ပူလောင်မနေပဲ ကြည်လင်ရှင်းသန့်ပြီး ရိုးရိုးရှင်းရှင်းလေးနှင့်..
ချစ်စဖွယ်ကောင်မလေး အသွင်ကို ဆောင်နေတက်သေးသည်...
ချွဲနွဲ့ မပြောတက်တာကလွဲလို့ပေါ့....
ပန်းရောင်သန်းနေသည့်..... သူမ နှုတ်ခမ်းကလေးတွေကို မက်မက်မောမော နမ်းရှိုက်နေမိကာ...
ရန်ဖြစ်လိုက် ပြန်အဆင်ပြေဖို့ ကြိုးစားလိုက်နှင့် သူတို့အချစ်ရေးဟာ... .
မောပန်းနေသော်လည်း..
သူမ အပြုံးတွေကြောင့်.....အမောပြေရတာမျိူး...
ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းတွေကြား မိန်မောနေမိတာမျိူး....
တကယ်ပဲ...
သူမ ဆီက ရုန်းထွက်ဖို့ခက်သည်.....
သူမ ကိုယ်ပေါ်က Bathrobe လေးလဲ ဘယ်ဆီသို့ ရောက်ရှိသွားသည် မသိ...
မောပန်းစရာတွေမေ့လို့...
ရုန်းရခက်တဲ့ ဒီနွံတွေကြား... နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်ရင်း...
အတူ ဖြတ်သန်းသွားချင်တယ်..
အတူ အိုမင်းသွားချင်တယ်..
အတူ မောပန်းချင်သေးတယ်...
ချစ်ရပါသော....မိန်းမဆိုးလေး နှင့်အတူပေါ့.......