သူ..ချန်ခဲ့လေသော
********************************
ယောက်ျားတစ်ယောက်ပေးတဲ့ အိမ်မှာ သွားမနေဖို့ အကြိမ်ကြိမ် သူပြောခဲ့တယ်..
အကြိမ်ကြိမ် သူ တားမြစ်ပြီးနောက်မှာ...
ဘဝမှာ ပထမဆုံး အကြိမ် သူနဲ့ ညီမလေး အကြီးအကျယ်ရန်ဖြစ်ကြကာ...
ကိုထက်ကို ရိုးခေါ်ပြီးပြီနော်... ရိုးအိမ် ရိုးသွားနေတာ ဘယ်သူမှ ဂရုစိုက်ဖို့မလိုဘူး
ခေါင်းမာတဲ့ အမျိူးသမီးလေးဟာ
သူ့ရင်အစုံ ခြေစုန် ကန်လို့ရအောင်ထွက်သွားသတဲ့....
ကလေးသေးသေးမှ မဟုတ်တော့ပဲ...
အရွယ်ရောက်ပြီးသား..
အသက်မကွာတဲ့ ညီမကို သူ ဘယ်လိုတားမလဲ...
သူလုပ်နိုင်တာ....သူ လုပ်ပေးဖို့သာ ရှိတော့တယ်..
ညီမလေး နေတဲ့ အိမ်ကို စုံစမ်းရသည်...
ညီမလေး ရည်းစားအကြောင်း စုံစမ်းရသည်..သူမှ ဒီညီမလေးကို ပစ်မထားနိုင်ပဲ
သူ နောက်ကွယ်က အမြဲဂရုစိုက်ခဲ့တာ ဒီကောင်မလေး သိမည်မဟုတ်...
သတင်းတွေ စုံစမ်းပြီးတော့...
သူပဲ ရင်မောရပြန်တယ်.....
ဒီအဆိုးလေးကို သူဘယ်ဆွဲထုတ်ရပါ့မလဲနော်....
...................................................................
''ကိုကို "
ရိုးကြည်ဖြူ....ဆိုတဲ့ နာမည်လေးနဲ့လိုက်အောင် ရိုးသားလှသလို ဖြူဖြူစင်စင်နဲ့ အလွန်ကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေး...
နီထွေးနေသော နှုတ်ခမ်းဖူးဖူးလေးတွေက ချစ်စဖွယ်စကားတွေလဲ ဆိုတက်သေးသည်..
သူ့ခါးတွေကို ဖက်ထားရင်း ရင်ခွင်ထဲ မျက်နှာအပ်ကာ...
သူမ ပျော်နေပုံရသည်...
'' ကိုကိုက ရိုး ကိုဆို အေးစက်စက်နဲ့ လို့ထင်ထားတာ ခုလို ရိုးလိုအပ်တာတွေ ဝယ်ပြီး ရောက်ချလာမယ်ထင်မထားဘူး "
ခပ်ချောချော မျက်နှာနဲ့ သူ့ ကို မော့ကြည့်ရင်း..
သူမ ပျော်နေမိကာ...
ဒီအမျိူးသားဟာ သူမ ချစ်သူတဲ့လား တကယ်ပင်မယုံနိုင်..
အခြေနေအဆင့်အတန်း အများကြီး ကွာသော်လည်း...
သူမ ကို ရုတ်တရက် ချစ်ရေးဆိုလာကာ...
မထင်မှတ်ထားတဲ့ အခြေအနေမှာ..
သူမတို့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်...
လုပ်ငန်းရှင်ဖြစ်သလို အသက်တွေ ကွာသည်မို့..
ကိုကို က အေးတိအေးစက်နိုင်သလိုရှိသော်လည်း..
သူမ လိုအပ်ချိန်တိုင်း ရောက်လာပေးတက်သည်..အခက်အခဲ ကြုံလို့ လှမ်းခေါ် သူရှိသမျှအလုပ်ထားခဲ့ ပြီး ရောက်လာတက်မြဲ...
အားကိုး တကြီး ပြေးဖတ်လိုက်သည့် သူမ ကိုကြည့်ပြီး. .... ခပ်တည်တည် မျက်နှာဟာ ပြုံးစစ ဖြစ်လာတက်သေးတာ..
'' ကိုကို က ပြုံးလိုက်ရင် သိပ်ချောတာပဲ "
သူ့ထံမှာ သိသိသာသာ ပြုံးလာတဲ့ အပြုံးတပွင့်အပြင်..
နူးညံတဲ့အနမ်း တစုံပါ ကျရောက်လာကာ..
သူမ နှုတ်ခမ်းတွေကို ထိကပ်နမ်းရှိုက်ရင်း.
အေးစက်စက် သူ့နှုတ်ခမ်းတွေကို...
သူမ လိုလို လားလား ပြန်နမ်းနေမိကာ...
ဒီယောက်ျားကို...ရိုးအပိုင်လိုချင်တယ် တက်မက်တယ်
အရိုင်းဆန်ဆန် အနမ်းတွေဟာ...
ခပ်ကြမ်းကြမ်း ဖြစ်လာပြီးမှ...
'' Sorry ကောင်မလေး.... ကိုကို တို့ ဒီနားတင်ရပ်မှရမယ်.. ကိုကို မင်းကို တန်ဖိုးထားမှာပါ "
သူ လှည့်ထွက်သွားကာ.....
အကျီလက်တွေကို ခေါက်တင်လိုက်ပြီး..
'' ကောင်မလေး ကိုကို့ ကို မိန်းချထားလား တချက်စစ်ပေးနော် "
သူတစ်ယောက်ထဲ မှတ်ချက်မျိူးစုံဖြင့်....သူမတစ်အိမ်ထဲပျက်နေသည့်မီးကို ပြင်လို့နေသည်....
နာရီဝတ်လောက် အကြာမှာ အားလုံး ပြင်ဆင်ပြီးကာ...
ဆိုဖာပေါ်မှာ ထိုင်နေသည်. ကိုကို့ ပေါင်ပေါ် သူမ မရဲတရဲ တက်ထိုင်လိုက်ပြီး..
'' ကိုကို ဒီနေ့ ရိုးကို အချိန်ပေးမှာလားဟင်..
ရိုးက ကိုကို့ ကို လွမ်းနေတာ "
သူ့လည်ပင်းတွေကို သိုင်းဖတ်ရင်း......
သူပခုံးပေါ် မေးလေးတင်ရင်း...
ချွဲနွဲနေမိသည်...
သူမ ဆံပင်လေးတွေကို ပွတ်သတ်လိုက်ပြီး..
'' ဒီကောင်မလေးက သိပ်ချွဲတက်တာပဲကွာ လူကြီးက အမောကိုပြေလို့ "
သူမ မျက်နှာလေးကို ဆွဲယူရင်း...
သူမ ပါးလေးကို ခပ်ဖွဖွနမ်းလိုက်လာသည်..
'' ကိုကိုက အလုပ်တွေထားခဲ့ရသေးတယ်လေ... ''
သူဟာ တကယ်ကို အလုပ်သရဲမို့.....
သူမ ကပင် နားလည်ပေးရပြန်သည်....
တကယ်တော့ သူမတို့တွဲနေတာ တလ ကျော်ကျော်ပင် ရှိသေးသည်.....
တလပြည့်သည့်အထိမ်းအမှတ်...
ဒီအိမ်လေးကို သူမထံ လက်ဆောင်ပေးလာသည်...
ပူဆာသမျှ ဖြည့်စည်းပေးသည်...
ဘယ်တော့မှ ညိုငြင်သည်မရှိခဲ့.....
သူကပြောဖူးသည်...
သူပေးသမျှလက်ဆောင်တိုင်း...ဝမ်းပန်တသာ လက်ခံပေသည့် သူမ ကို ကျေးဇူးတင်သည် တဲ့လေ...
သူဟာ တခါတလေ အေးစက်တယ်...
တခါတလေ နွေးထွေးတယ်....
သူမ ကို တန်ဖိုးထားသည့် သူ့စိတ်ကို...
သူမ သဘောအကျဆုံးပင်....
သူရလင်း ဆိုသည့်... ထိုအမျိူးသားကို သူမ ချစ်သည်...
'' ဒါဆိုလဲ ကိုကို ရိုးနဲ့ ညစာ စားပြီးမှ ပြန်သွားကွာ ခနလောက်တော့ရတယ် မှတ်လား "
သူ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တော့...
သူမ အတိုင်းထက်အလွန် ပျော်နေမိသည်မှာ.
ပူဆာသည့် အရုပ်ရတဲ့ ကလေးလေးလိုပင်..
သူက အမြဲ အလုပ်ရှုပ်နေသူမို့ သူမကို သိပ်အချိန်မပေးနိုင်...
ထို့ကြောင့် တွေ့ရသည့်အချိန်တိုင်း...
သူမ မှာ ကလေးလေးလို သူ့အနား ကပ်သည်..
သူကလဲ သူမ ကပ်နေတက်တာကို.. ယသဘောကျတက်ပြန်သည်...
ရိုးဟာ သူထင်သလို...
ရိုးသားလွန်သူ မဟုတ်တာမို့....
ဒီည သူ့ကို ရှိစေချင်သည်...
ဖြူစင်ချင်ယောင်ဆောင်ရသည်မှာ တခါတရံမလွယိကူလှ...
တဖြေးဖြေး ချင်း အချိန်ဆွဲမယ်ဟု စဥ်းစာသထားသော်လည်း...
သူ့ဆီ ဝင်လာသည့် message ကို ဖတ်ပြီး...
'' ကိုကို တောင်းပန်တယ် ညစာ နောက်မှ စားကြတာပေါ့ အရေးကြီးကိစ္စပေါ်လာလို့ ''
အလောတကြီး...
ပြန်ပြေးထွက်သွားတဲ့ သူ့ကို.....
သူမ ဆွဲထားချင်သေးသော်လည်း.....
သွားပါစေလေ...
ဘယ်အရာက အလျှင်စလို ဖြစ်စေသလဲမသိ...
စာလေးတစောင်ဖတ်ပြီး အပြေးထ ထွက်သွားသည်မှာ သူမကို လှည့်ပင်မကြည့်...
အလုပ်ပဲနေမှာပါ.....
သူငယ်ချင်းတွေပြောသလို အိမ်ထောင်သည် ဖြစ်နေမှာ စိုးတာကြောင့်...
သူမ စုံစမ်းဖူးသည်....
ရည်းစားပင် မရှိပါ.....
စပွန်ဆာ ဟု ဆိုရအောင်လဲ သူမအပေါ် စည်းစောင့်ထိန်းသူမို့...
သူမ ယုံကြည်မိသည်....
သူ..... ချစ်တာ သူမ တစ်ယောက်ထဲသာ.......