သူ...ချန်ခဲ့လေသော
*******************************
သူမ နဲ့ ရိုးထက်ဖြူဆိုတဲ့ကောင်လေး ပြန်ဆုံကြပုံက ရိုးရှင်းတယ်....
သူမ အကြံပေးတဲ့အတိုင်း.....
သူ အလုပ်လျှောက်ခဲ့ပုံရတာမို့....
သူမ အင်တာဗျူး ဝင်တဲ့နေမှာ... သူနဲ့ ပြန်ဆုံတယ်..
သူမ ကောင်းကောင်း မှတ်မိနေလောက်တဲ့ ရုပ်ရည်နဲ့မို့ တန်းကနဲ မှတ်မိသော်လည်း..
သူ့ဘက်က မှတ်မိပုံမရ.....
သူမ အပါအဝင် အင်တာဗျူးသူ နှစ်ဦးကပါ...
သူ့ ဒီဇိုင်းတွေကို သဘောကျသည်.....
လူငယ်...လူသစ်တန်း ဒီဇိုင်းနာ ဖြစ်သော်လည်း..
တကယ့်ကို အလားအလာရှိသလိုရည်အချင်းလဲ ရှိသည်....
လက်လွှတ်ရမှာ နှမြောဖို့ကောင်းသည့် ဒီဇိုင်းတွေ...သူ ဖန်တီးနိုင်သည်...
ပင်ကိုယ် ပါရမီပါသူ...ဒါမျိူးရှားတယ်
ဖေဖေက မှတ်ချက်ပေးသည်...
သူမတို့ဘက်က သူ့ကို...အလုပ်ခန့်ဖို့ ဆုံးဖြတ်လိုက်ကာ..
သူမ ကိုယ်တိုင် သူ့ဆီ ဆက်သွယ်ပေးမည့်တာဝန်ယူလိုက်သည်...
ချစ်ဖို့ကောင်းတယ်.. မဟုတ်လား..
ဖုန်းဝင်တဲ့အခါ....
ချက်ချင်း ဖြေဆိုသူ ရောက်မလာခင်...
ရင်ခုန်လာမိသေးကာ....
'' hello အမိန့်ရှိပါခင်ဗျာ ''
'' Lwin Jewellery ကပါ "
''အမ မြူခိုးဝေလွင် ''
သူ့ဘက်က စခေါ်လာတဲ့ ရင်းနှီးတဲ့ ခေါ်သံကြောင့်...သူမ အံ့သြမိကာ
'' တို့မှန်းသိတယ်လား ''
'' ကားပြင်ဆင် စားရိတ် ရပြီလား ခင်ဗျ "
''မဟုတ်ဘူး တို့က မင်းအလုပ်လျှောက်ထားတဲ့ Lwin Jewellery co.ltd အနေနဲ့ဆက်တာပါ.. ''
''Sorry အမ company အနေနဲ့ဆိုရင်တော့ ကျွန်တော် အလုပ်လျှောက်ခဲ့တာကို Cancel လိုက်ပါ "
''တီ...တီ "
သူ့ဘက်က ဖုန်းချသွားခဲ့ကာ....
ပြန်ခေါ်သော်လည်း....မကိုင်
မင်းကတကယ့်ကို ထူးထူးဆန်းဆန်း လေးပဲ
ဟိုရက်ကတော့...သူပဲ အပြေးအလွှား အလုပ်လျှောက်နေခဲ့ပြီး...
ဒီနေ့တော့.... သူပဲ အလုပ်ရမှာကို ငြင်းပြန်သတဲ့...
မြူခိုးဝေလွင် ကိုမှ ငြင်းသတဲ့လား...
သူမ အငြင်းခံရတာပေါ့...
ခပ်မဲ့မဲ့ အပြုံးရိပ်တို့ ဖြတ်ပြေးသွားပြီးမှ.....
လုပ်စရာရှိသည့် အလုပ်တွေကြား..ခေါင်းနှစ်နေလိုက်သည်..
.....................................................................
ခံပြင်းသွားသလား မ...
သူ့ဘက်က ဖုန်းကိုချရင်း ပြုံးလိုက်မိသည်...
သိပ်ကို ထက်မြက် ရဲရင့်မဲ့ သူမ အပြုအမူတွေ....
သူမ ပုံရိပ်တွေ ခေါင်းထဲ အစီအရီရောက်လာတာ..အကြိမ်ကြိမ်
'' ရိုးထက် "
ခေါ်သံကြောင့် လှည့်ကြည့်လိုက်ကာ...
သူ့ သူငယ်ချင်း...ဘုန်းမာန်
'' မင်းတကယ်ပဲ Lwin Jewellery ကို ငြင်းလိုက်တာလား "
'' ငါ့ညီမ ကို ငြင်းထားတာမို့ ငါပြန်ငြင်းယုံလေးပါ ''
'' အေး ငြင်းယုံလေးဆိုလဲ ပြီးတာပဲ သွားမထိနဲ့နော် သူ့ဘဲကြီးက The Shinning Sun Group ရဲ့ CEO သူ့အရှိန်ရယ် သူ့ဘီးကျဲ အရှိန်ရယ်...''
'' သူ့ဘဲကြီးက သူ့ဘက်ကနေ ရပ်တည်မယ့်သူဆိုတာ သေချာလို့လား "
''ဟေ့ရောင်....မစမ်းသင့်တာ မစမ်းနဲ့နော်
The Shinning Sun ဆိုငါလဲ ဝင်မပါနိုင်ဘူး "
'' နေပါကွာ....မင်း တာဝန်က ဒီအထိပဲ မာန် "
သူ.. ဘုန်းမာန် ဘေးက လှည့်ထွက်လာကာ...
ကုတင်ပေါ် ပစ်လှဲချလိုက်သည်...
နောက်ကျိနေသည့်....စိတ်တွေမှာ...
ညီမလေး ရိုးရိုးရဲ့ အံကြိပ်ရင်း ကျခဲ့ရတဲ့ မျက်ရည်တွေ ကို ပြန်မြင်လာတာ အတိုင်းအဆမဲ့....
မိဘတွေ ဆုံးသွားပြီးထဲက.......
သူ့ ညီမလေးကို သူသာ စောင့်ရှောက်လာခဲ့ရကာ.....
ရိုးကြည်ဖြူနဲ့ ရိုးထက်ဖြူ ဆိုတဲ့ သူနဲ့ ညီမလေး ဟာ အမွှာတွေ ဖြစ်တာမို့...
ညီမလေး မျက်ရည်ကျတိုင်း...
သူရင်နာခဲ့ရတာ ကြီးသာ.....
မိနစ်ပိုင်းပဲ ကွာသည်ဆိုသော်လည်း....
သူအရမ်းအလို လိုက်သည်မို့....
ညီမလေးက ဆိုးသည်... အကြောတင်းသည်...
မိဘတွေရှိစဥ်က ပြည့်စုံသည်ထက်ပိုစွာနေခဲ့ရသူမို့ အောက်ကျိူ့မခံနိုင်တာမျိူး ရှိသော်လည်း...
ဆက်တိုက် ကျဆင်းလာတဲ့ စီးပွားရေးတွေကို နားလည်နေကာ
Lwin မှာ အရောင်းဝန်ထမ်း ဝင်လုပ်သတဲ့...
သူ ရင်တွေနာရတာမှ....
ဒီရက်တွေမှာ...သူ ဒီကိစ္စ တွေ လုံးပန်းရင်း
ညီမလေးနှင့်ပင်မဆုံဖြစ်....
သူ အိမ်မပြန်ဖြစ်တာ ကြာပြီမို့ ..
သူ ပြန်ရောက်တော့ ညီမလေး မရှိ
''ငါပြန်အုန်းမယ် ရိုးထက် အလုပ်ကိစ္စ ပေါ်လာလို့ "
ဘုန်းမာန် ပြန်သွားတော့ ကုတင်ပေါ်မှေးစက်ရင်း...
မျက်လုံးတွေ မှိတ်ချထားလိုက်သည်......
သူ ညီမလေးကို ချစ်သလို.... ညီမလေးလဲ သူ့ကို ချစ်တာ သူသိသည်...
တခါတရံ တလ နေလို့ တခါပင် သူ အိမ်ပြန်မလာဖြစ်...အရင်ကတော့ သူ အိမ်ပြန်လာကို မျှောနေတက်သော်လည်း..
တဖြေးဖြေး ညီမလေးဟာ သူ့အပေါ် စိမ်းလာသည်.....
အရင်က လို ချွဲနွဲ့နေတာမျိူး မလုပ်တော့.....
သူက ပစ်ထားတယ်လို့ သူမ ထင်နေသော်လည်း..
ညီမလေးနောက်တွင်.. သူ အမြဲရှိနေတာ
ဒီကောင်မလေး မသိ
အခုလဲ....
သူမလေးကြောင့်......
သူမ အလုပ်လုပ်နေတာသိသိချင်း...
သူ အလုပ်ကို လိုက်လာခဲ့တာဖြစ်ကာ အလုပ်ထုတ်ခံရတာတွေ သူ သိမြင်လိုက်သည်......
မြူခိုးဝေလွင်.....
လက်စားချေတာမျိူး မဟုတ်သော်လည်း...
အငြင်းခံရတဲ့ ခံစားချက်မျိူး ပေးချင်သည်မို့...သူ တုန့်ပြန်လိုက်တာဖြစ်ကာ...
ဆက်ဆက်ခါ သွားမည်ကို တွေးရင်း ပြုံးမိသည်...
သိပ်လှတဲ့ အမျိူးသမီး.......
မျက်နှာလှလှကလေး က ခံပြင်း နေမည့်ပုံစံကို မြင်ဖူးချင်သာ..
'' ကိုထက် ''
အသံစူးစူးကလေး ကြားတော့ သူ အိပ်ပျော်နေရာမှ လန့်နိုးလာကာ....
'' ရိုးရိုး ပြန်ရောက်ပြီလား... ဘယ်သွားနေတာလဲ ''
''ရိုး ဒီအိမ်မှာ မနေတော့ဘူး "
''ဘယ်လို ''
'' ဟုတ်တယ် ရိုးတို့က ဒေါ်လေးရဲ့ အိမ်မှာ ကပ်နေရတာမလား "
သူ ပြန်ရောက်တာနဲ့ ဒီလို တိုင်တောသံလေးတွေ ကြားရနေကျမို့ သူ ပြုံးလိုက်မိသည်...
မိဘတွေထားခဲ့တဲ့ အိမ်ကို ရောင်းချလိုက်ရသည်မို့....
အဒေါ်အပျိူကြီးဆီ သူတို့ ကပ်နေရသည်မှာ သူတို့ အသက် ၂၁ လောက်ကထဲက...
အခု ၃ နှစ်ကျော်ခဲ့ချေပြီ...
လိုလိုလားလား ခေါ်ထားတာဖြစ်သော်လည်း..
သူက အိမ်စားရိတ် ရအောင်ပြန်ပေးသည်.
အိမ်ပြန်မလာနိုင်သည့်အခါ.....ညီမလေးကို
အဒေါ်နှင့်မို့ စိတ်ချရသည်မဟုတ်လား
သို့သော် ညီမလေးက အဒေါ်နှင့်မတည့်...
ဒီအိမ်မှာ မနေချင်ကြောင်း. ။
အမြဲပြောလေ့ရှိသည်မို့..
သူ..... အလုပ်ကြိုးစားရသည်.
တိုက်ခန်း တခန်း ဝယ်နိုင်အောင် ကြိုးစားမည်...
'' ခနပဲ သည်းခံပါ ရိုးရိုးရယ် ကိုထက်...."
'' ရိုးမှာ အိမ်ရှိတယ် ကိုထက် "
'' ဟင် ''
'' ရိုးချစ်သူက ရိုးတို့ လက်ထပ်ရင် နေဖို့ အိမ်တစ်လုံးပေးတယ် ကိုထက်...
လောလောဆယ်လက်မထပ်ခင် ရိုးတို့ကို ပြောင်းနေလို့ရတယ်တဲ့ "
ရိုးရိုးတောင် ချစ်သူ ရှိနေပါရော...
အင်းလေ... ဒီကောင်မလေးလဲ ငယ်မှ မငယ်တော့ပဲ.....
အိမ်ထောင်ပြုမယ်ဆိုရင်တောင် ပြုသင့်နေတဲ့ အရွယ်မဟုတ်လား...
ဒါပေမဲ့...သူ့မျက်လုံးထဲတော့ ခုထိ ကလေးပါပဲ ညီမလေးရယ်