သူ..ချန်ခဲ့လေသော
*******************************
'' Interview လာဖြေတာကိုယ်ပိုင်ကားနဲ့လား "
'' သူငယ်ချင်းကားပါ ကျွန်တော်နောက်ကျနေလို့ သူပေးလိုက်တာ "
'' နောက်ဆို သတိထား ပေါ့ကွာ လျှော်ပေးဖ်ို့မလိုပါဘူး တို့ကို ခွင့်ပြုအုန်း "
''ဗျာ...မဟုတ်တာ ကျတော်... "
'' မင်းအလုပ်ရခဲ့လား "
မစီမဆိုင်...သူ မ မေးခွန်းကြောင့် သူ မျက်လုံးလေးပြူးကာ ကြောင်သွားပုံက ချစ်စရာလေးမို့.....သူမ ပြုံးလိုက်မိသည်
'' မရခဲ့ဘူး အမ ''
"Lwin မှာ ရာထူးအတော်များများခေါ်နေတယ် မင်းသင့်တော်မဲ့နေရာရှိရင် လျှောက်ကြည့်ပေါ့ အမ ကို ခွင့်ပြုအုန်း "
သူမ ကားမောင်း လာရင်း..
ဖုန်းမြည်လာသည့်မို့ကောက်ကိုင်လိုက်ကာ....
'' Hello အမိန့်ရှိပါ ''
'' အမ... ''
'' ဟင်..ခုနကောင်လေးလား "
'' ရိုးထက်ဖြူပါ... ကျနော် အမကားပေါ်မှာထောင်ထားတဲ့ Ph.no ကိုမှတ်ထားလိုက်တာ Sorry ပါ ခင်ဗျ "
'' ဘာကိစ်စလဲ "
'' အမ ကားပြင်ပြီးတဲ့အခါ ကျတော့်ကို ဆက်သွယ်ပေးပါ ကျသင့်ငွေ ကျတော်ပေးပါရစေ...
ကျေးဇူးပါ ခင်ဗျ "
တီ...
သူပြောချင်ရာပြောပြီး ဖုန်းချသွားတယ်ပေါ့...
back မှန်ကမြင်နေရသည့် ထိုကောင်ချောလေးကို တချက်လှမ်းကြည့်လိုက်မိသည်..
မင်းက.. စိတ်ဝင်စားဖို့ကောင်းသားပဲ
....................................................................
'' Happy birthday ဝေ "
သူမ နောက်ကနေ ခါးတွေကို ဖက်ထားကာ..
သူမ နားနား ကပ်ရင်း...
ခပ်တိုးတိုးလေသံနှင့် ကပ်ပြောလာသည့် သြရှရှ ဒီအသံ...
'' ကို "
သူမ ပါးတွေကို ခပ်ဖွဖွနမ်းနေရင်း...နေသူရိန်လင်းက ပြန်ဖြေလာသည်..
'' လွမ်းနေတာ ဝေရယ်... ဝေက ကို့ဖုန်းတွေလဲ မကိုင်ဘူး "
'' Sorry ဝေ ဒီရက်ပိုင်း အလုပ်တွေရှုပ်နေလို့ ကို... ကို ဘယ်တုန်းကရောက်လဲ "
'' နေ့လည်လောက်ထဲက ဝေ birthday အတွက် Suprise လုပ်ပေးမလို့..
လေဆိပ်က ဆင်းဆင်းခြင်းတန်းလာခဲ့တာ.."
'' လေဆိပ်... ကို ဘယ်သွားတာလဲ "
'' စ လုံးကို အလုပ်ကိစ္စ ဝေ ''
သူမ ဘာစကားမှ မပြောဖြစ်....
သူနဲ့ သူမရဲ့ ဆက်ဆံရေးဟာ ဒီလိုပါပဲ....
တစ်ယောက်နဲ့တစ်ယောက် Personal space ပေးထားသည်မို့...
သူ ဘာလုပ်တယ် ဘယ်သွားတယ်...
သူမ မစပ်စုတက်သလို...
သူကလဲ ပြောချင်မှ ပြောသည်...
အရင်ကဆို သူမ ဘာလုပ်လုပ် ပြောပြတက်သော်လည်း...
ဥပေက္ခာတွေနဲ့ နေသားကျလာတဲ့အခါ...
သူမ ကိုယ်တိုင် ဘာမှ မပြောတက်တော့...
အရင်က အချိန်ပြည့် ဖုန်းတွေဆက်နေတက်သော်လည်း...
သူ ဖုန်းဆက်ရင်တောင်...
သူမ ကိုင်ချင်မှ ကိုင်သည် အထိ နေသားကျလာသည်..
'' ကို့ ဆီ ဖုန်းတောင်မဆက်ဘူး ဝေရယ်နေနိုင်လိုက်တာ "
ph တွေ မကြာမကြာ ခေါ်ခဲ့တုန်းကတော့ ဂရုမှမစိုက်ခဲ့ဘဲ ကိုရယ်
စိတ်ထဲက စကားတွေဟာ ပါးစပ်ဖျားက ထွက်မလာခဲ့ပါ...
ကျမ နေတက်နေပါပြီ
သူ့ရဲ့ ဥပေက္ခာတွေကနေ...
အထီးကျန်ခြင်းတွေသာ ရရှိခဲ့ပြီး...
ဒဏ်ရာတွေနဲ့ လှိမ့်ပိတ်နေရင်းက..
Cigarette တွေက သူမရဲ့ အဖော်ဖြစ်လာခဲ့တယ်...
Cigarette တွေကို သူမ စွဲလန်းလာခဲ့တယ်..
သူ့ကြောင့် စွဲလန်းခဲ့တဲ့ Cigarette တွေကိုပဲ သူကမုန်းသတဲ့...
ဒါဖြင့်အစထဲက စွဲလန်းအောင် မလုပ်ပါနဲ့လား...
'' ဝေ ကို နဲ့ ခဏလောက်အပြင်လိုက်ခဲ့ပေးမလား "
'' ကျမ နားချင်နေပြီ "
'' ခဏပါပဲကွာ "
'' ကို...ကျမ တန်ဖိုးကြီး လက်ဆောင်တွေ မလိုချင်ဘူးနော် ''
သူ့ စိတ်ကို ခန့်မှန်းမိနေသလို.....
သူမဟာ...သိပ်ကို ထက်မြက်လွန်းနေတာမို့ တခါတရံ သူစိတ်ရှုပ်ရသည်...
'' ရတနာတွေရောင်းတဲ့အိမ်ရဲ့ သမီးမို့ ရတနာတွေလဲ ပေးလို့မဖြစ်....
မင်းအတွက် လက်ဆောင်ကို ကိုယ် မနည်း စဥ်းစားထားရတာ ဝေ "
'' ကို မှ ကျမကို နားမလည်ပဲ "
အရင်ကလဲ ဖြစ်သလို ပြစ်ထားခဲ့တာပဲကို အခုက ဂရုစိုက်လာတော့...
သူမ အသားကျနေပြီးသာ အခြေနေကနေ...
အနေကျဥ်းလှသည်...
'' မင်း Birthday မှာ...ကိုယ်တို့ မဖြစ်မနေ ရန်ဖြစ်မှ ရမှာလား "
'' ကျမ စိတ်ညစ်စရာတွေ သယ်ပိုးမနေတက်ကာ သိရဲ့သားနဲ့ ကို ရယ် ရန်ဖြစ်စရာလား...
မွေးနေ့မှာ ကို ရှိနေတာနဲ့တင် လုံလောက်နေပါပြီ "
သူမ...... တကယ်ကို လွမ်းနေခဲ့ရတဲ့
သူ့ရင်ခွင်ထဲ တိုးဝင်လိုက်ကာ...
သူ့ခါးတွေကို ခပ်တင်းတင်း ဖတ်ထားလိုက်သည်....
သူမ ဆံပင်လေးတွေကို ပွတ်သတ်ရင်း...
သူမ နဖူးဆီ အနမ်းနွေးနွေးတွေ ချွေချသည်...
ရခဲလှတဲ့...နွေးထွေးမှု့တွေမှာ ကြွေရပါတယ် ကို
''ကဲ ဒါဖြင့်လဲ အဝတ်စားလဲ အလှပြင် Dinner တော့လိုက်စားပေးမယ် မှတ်လား "
'' ဟုတ် "
တကယ်ဆို.....
သူ မျက်စိကျပြီး ဝယ်ထားတဲ့ အိမ်လှလှလေးကို....
သူမကို လိုက်ပြရင်း.....
ပျော်သွားမဲ့ မျက်နှာလေးကို ကြည့်ပြီး
ဒါ ဝေအတွက် ကို့ရဲ့ လက်ဆောင်
လို့ပြောဖို့ စိတ်ကူးတွေ ယဥ်ခဲ့တာ....
သူမဟာ ကြွယ်ဝပြီးသား....သဋ္ဌေးသမီးဆိုတာမေ့သွားတယ်..
ဒီနေရာမှာ...
သာမာန် မိန်းကလေး တစ်ယောက်သာဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ...
အနည်းဆုံးတော့...
သူ့ လက်ဆောင်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေမှာသေချာတယ်...
အခုကတော့......
ရေခဲတုံးလို အေးစက်ပြီး..
ကျောက်ခဲလိုမာကြောတဲ့...
မိန်းကလေးမျိူးပဲ ဆိုတာကိုသူ့မေ့သွားခဲ့တယ်...
လက်ရှိ အခြေအနေကို ပြန်ရောက်တဲ့အခါ...
စိတ်မပျော်ရွှင်ခြင်းတွေနဲ့.....
စတင်လာပြန်ကာ...
သူကပဲ လျှော့ပေးလိုက်ရပြန်သည်......
တခါတရံ မစီမဆိုင် တွေးမိသေးရဲ့
သံယောဇဥ်ကင်းတဲ့ ဒီမိန်းကလေး သူ့ကို ချစ်တာမှ ဟုတ်ရဲ့လား.....